← Chapters

အချပ်ပို(၁)

Vol. 8 Ch. 84 - extra 1

အချပ်ပို(၁)

Vol. 8 Ch. 84 - extra 1

အချပ်ပို(၁)-မင်္ဂလာပွဲ

မုန့်ကုနဲ့ ချန်းရော့ယွီတို့ တကယ်ပဲ လက်ထပ်ကြတော့မယ်။

ရှည်လျားလှတဲ့ ညှိနှိုင်းမှုတွေ၊ တိုင်ပင်မှုတွေနဲ့ ဆွေးနွေးပွဲတွေ အပြီးမှာတော့ မုန့်ကုသည် မိသားစုနှစ်ဖက်စလုံးက မိဘတွေကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီး အသေးစိတ်အချက်အလက်အားလုံးကို အပြီးသတ် အတည်ပြုနိုင်ခဲ့သည်။ တင်တောင်းပစ္စည်း၊ မင်္ဂလာလက်ဆောင်၊ ခန်းဝင်ပစ္စည်း၊ မင်္ဂလာဧည့်ခံပွဲ၊ ဟန်းနီးမွန်းခရီးစဉ်ကအစ ဖိတ်ကြားမယ့် ဧည့်သည်စာရင်းအဆုံး အားလုံးကို ဘယ်သူမှ ကန့်ကွက်စရာမရှိအောင် ညှိနှိုင်းနိုင်ခဲ့တာဖြစ်၏။

ကလေးယူမယ့်ကိစ္စ၊ ကလေးပြုစုပျိုးထောင်ရေး၊ ကျောင်းရွေးချယ်မှုနဲ့ လူကြီးတွေက ပြုစုစောင့်ရှောက်မယ့်ကိစ္စတွေကိုတော့ မုန့်ကုက ဘေးဖယ်ထားလိုက်သည်။ ဒီကိစ္စတွေက မဖြစ်သေးတဲ့အတွက် ဆွေးနွေးပွဲမှာ ထည့်မပြောသင့်ဘူးလို့ သူက ပြောတာကြောင့် ဘယ်သူကမှ ဒီအကြောင်းကို ထပ်မပြောကြတော့ပေ။

အလုပ်ဆက်လုပ်မလား၊ အိမ်ရှင်မပဲ လုပ်မလားဆိုတဲ့ကိစ္စ၊ အိမ်မှုကိစ္စ ခွဲဝေတာနဲ့ ငွေကြေးစီမံခန့်ခွဲမှု အာဏာတွေကတော့ လင်မယားနှစ်ယောက်ကြားက သီးသန့်ကိစ္စတွေသာ ဖြစ်သည်။ ဒီကိစ္စတွေဟာ လူကြီးတွေနဲ့ ဆွေးနွေးရမယ့် ဘောင်ထဲမှာ မပါဝင်ဘူးလို့ မုန့်ကုက ပြတ်ပြတ်သားသား ပြောလိုက်တဲ့အတွက် ဘယ်သူကမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ချေ။

အတိုချုပ်ပြောရရင်တော့ ဒေါက်တာမုန့်ဟာ သူ့ရဲ့ ဆွဲဆောင်မှုနဲ့ ပြတ်သားမှုကို အသုံးချပြီး ဆွေးနွေးပွဲတွေကို ဦးဆောင်သွားခဲ့တာကြောင့် ရလဒ်ကတော့ အားလုံးကျေနပ်စရာ အောင်မြင်မှု ရရှိခဲ့သည်။

ဥပမာအားဖြင့် မင်္ဂလာရက်သတ်မှတ်တဲ့ ကိစ္စမှာ နှစ်ဖက်မိသားစုက လူကြီးတွေက အပြန်အလှန် ဆွေးနွေးကြပြီးတဲ့နောက်မှာတော့ မင်္ဂလာပွဲအတွက် အရမ်းကောင်းမွန်တဲ့ ရက်ကောင်းရက်မြတ်တစ်ခုကို သဘောတူညီကြသည်။ ချန်းရော့ယွီဘက်က ဘာကန့်ကွက်မှုမှ မရှိပေမဲ့ မုန့်ကုကတော့ ကန့်ကွက်၏။ အားလုံးက ဘာကြောင့်လဲလို့ သိချင်နေကြတုန်းမှာပဲ ဒီလူကြီးမင်းကတော့ မျက်နှာတစ်ချက်မပျက်ဘဲ ပြောလိုက်သည်။

"အဲဒီရက်က ရော့ယွီရဲ့ ဓမ္မတာလာမယ့် ရက်နဲ့ တိုက်နေတယ်"

ရုတ်တရက် မိသားစုနှစ်ဖက်စလုံးက လူကြီးတွေ ဆွံ့အပြီး ငြိမ်ကျသွားပါတော့သည်။ ခဏကြာမှ သတိဝင်လာကြပြီး အားလုံးရဲ့ မျက်နှာတွေဟာ ရှက်သွေးဖြန်းကာ နီမြန်းကုန်ကြသည်။ နောက်ဆုံးမှာတော့ နေရခက်စွာဖြင့် ပြောလိုက်ရသည်။

"အဲဒါဆိုရင်လည်း... တို့တွေ ရက်ထပ်ရွေးကြတာပေါ့"

ဘေးမှာထိုင်နေတဲ့ ချန်းရော့ယွီကတော့ ဘာတွေဖြစ်နေမှန်း ချက်ချင်း သဘောမပေါက်သေးတာကြောင့် သူမ အလျင်စလို ပြောလိုက်သည်။

"ရပါတယ်၊ နည်းနည်းတော့ အဆင်မပြေဖြစ်မှာပေမဲ့ ကျွန်မ သည်းခံနိုင်ပါတယ်"

အဲဒီမှာတင် မုန့်ကုက ပြန်ပြောလာသည်။

"ကိုယ်က သည်းခံလို့ မရဘူးလေ"

ချန်းရော့ယွီ မျက်မှောင်ကြုတ်သွားတယ်။ သူမရဲ့ ဓမ္မတာက သူနဲ့ဘာဆိုင်လို့လဲ? သူက ဘာကို သည်းခံရမှာလဲ? တော်တော်ကြာအောင် စဉ်းစားပြီး လူကြီးတွေက ရက်အသစ်တစ်ခုကို သဘောတူညီလိုက်ကြတဲ့အချိန်ကျမှပဲ သူမ ဦးနှောက်ထဲ ဝင်းခနဲ ဖြစ်သွားတော့တယ်။ @#$%^&*! ရှက်စရာကြီး! ဒီ မစ္စတာတိုင်ရန်နိုဆောရပ်စ်ကို ဆွဲခေါ်ပြီး ဖင်ကိုပဲ အားရပါးရ ရိုက်ပစ်လိုက်ချင်တော့တယ်။ သူ ဘယ်လိုများ ဒီလိုစကားမျိုး ပြောထွက်ရတာလဲ?

နောက်ဆုံးတော့ ကိစ္စအဝဝ အဆင်ပြေသွားတဲ့အခါမှာ ချန်းရော့ယွီ ကောက်ချက်ချလိုက်မိတာက... ဆွေးနွေးပွဲတွေမှာ အနိုင်ရဖို့ဆိုရင်တော့ လူက မျက်နှာပြောင်ဖို့ လိုသလို၊ ထုတ်ပြောရဲတဲ့ သတ္တိလည်း ရှိဖို့လိုတယ်ဆိုတာပဲ။ ဒါကြောင့်လည်း သူမ သတ္တိမွေးပြီး သူမရဲ့ ခင်ပွန်းလောင်း ဒေါက်တာမုန့်ကို ပြောလိုက်သည်။

"မင်္ဂလာဓာတ်ပုံတွေကို မင်္ဂလာဆောင်ပြီးမှ ရိုက်ကြရအောင်"

ဒါက ဘာသဘောလဲ? မင်္ဂလာဆောင်ပြီးမှ ဓာတ်ပုံရိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်္ဂလာဆောင်မှာ ပြရမယ့် ဓာတ်ပုံတွေနဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေကရော ဘယ်လိုလုပ်မလဲ? ဘယ်သူကများ မင်္ဂလာဓာတ်ပုံမရှိဘဲ မင်္ဂလာဆောင်မှာလဲ? မုန့်ကု တကယ်ပဲ မကျေမနပ် ဖြစ်သွားတယ်။

ဒါ့အပြင် သူတို့ရဲ့ မင်္ဂလာကိစ္စတွေအတွက် နှစ်ဖက်လူကြီးတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာလည်း ချန်းရော့ယွီက ဘာမှ ကူညီခဲ့တာ မဟုတ်ဘူး။ သူမကတော့ လက်ဖက်ရည်သောက်၊ ကွာစေ့စားပြီး ဘေးကနေ ထိုင်ကြည့်နေခဲ့တာ။ ပြီးတော့မှ သူမမှာ လူကြီးတွေကိုကြောက်တဲ့ရောဂါ ရှိလို့ပါဆိုပြီး မျက်နှာပြောင်တိုက် ပြောသေးတာလေ။ လူကြီးမိဘတွေကို စည်းရုံးပြီး သဟဇာတဖြစ်အောင် လုပ်ရမယ့် ခက်ခဲတဲ့အလုပ်တွေကို သူမ မလုပ်နိုင်ဘူးတဲ့။

မကူညီတာက ထားပါဦး၊ အခု ဘာတွေများ လာပြီး ရှုပ်အောင် ထပ်လုပ်နေတာလဲ?

"မင်္ဂလာဆောင်မှာ သုံးလို့ရတဲ့ အလှပြပုံတွေ အများကြီးရှိတာပဲ။ ဘာလို့ ကျွန်မတို့ရဲ့ မင်္ဂလာဓာတ်ပုံတွေကိုပဲ သုံးရမှာလဲ?"

ချန်းရော့ယွီ ပြောလိုက်တဲ့အခါ မုန့်ကုကတော့ သူမ ဆင်ခြေပေးနေတာလို့ပဲ ထင်သည်။

"ဒါဆို မင်္ဂလာဆောင်ပြီးမှ ဓာတ်ပုံရိုက်ရမယ့် ခိုင်လုံတဲ့ အကြောင်းပြချက်က ဘာလဲ?"

"ဘာလို့လဲဆိုတော့ ရှင့်ကို အံ့သြသွားအောင် လုပ်ချင်လို့လေ၊စပရိုက်စ်!"

"မင်း မေ့နေပြီလား? မင်း ကိုယ့်ကို ပေးဖူးသမျှက အံ့သြစရာတွေ မဟုတ်ဘဲ လန့်စရာတွေချည်းပဲလေ"

"အဲဒါကြောင့်မို့လို့ပဲ အခု တစ်ကြိမ်လောက်တော့... ရှင့်ကို အံ့သြပြီးတော့ ပျော်ရွှင်သွားအောင် လုပ်ပေးချင်လို့ပေါ့!"

ချန်းရော့ယွီက အရမ်းကို ဇွတ်တရွတ်တောင်းဆိုနေတာကြောင့် နောက်ဆုံးမှာတော့ မုန့်ကု အလျှော့ပေးလိုက်ရသည်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့ အလျှော့ပေးမှုဟာ အမှားကြီးတစ်ခုမှန်း သူ သိလိုက်ရတော့၏။ သူက သူ့ရဲ့ သတို့သမီးကို မင်္ဂလာဝတ်စုံနဲ့ လုံးဝကို ကြိုတင်မြင်တွေ့ခွင့် မရခဲ့ချေ။

ချန်းရော့ယွီ မင်္ဂလာဓာတ်ပုံမရိုက်ချင်ဘူးဆိုတာက ဒါကြောင့်ပဲ။ ဓာတ်ပုံမရိုက်ရုံတင်မကဘူး၊ သူမရဲ့ မင်္ဂလာဝတ်စုံနဲ့ အပြင်အဆင်တွေကိုတောင် သူ့ကို အကြည့်မခံဘူး။ သူ ဘယ်လောက်ပဲ ကြည့်ချင်ကြည့်ချင် လုံးဝကို အကြည့်မခံဘဲ ငြင်းဆန်နေခဲ့တာပင်။

မင်္ဂလာရက်က တဖြည်းဖြည်း နီးကပ်လာလေလေ၊ မုန့်ကု ပိုပြီး စိုးရိမ်လာလေလေ ဖြစ်၏။ သူ့အိမ်က ချန်းရော့ယွီတစ်ယောက် မင်္ဂလာပွဲနေ့ကျမှ သူ့ကို တစ်ခုခုနဲ့ စပရိုက်စ်လုပ်ဖို့ ကြံစည်နေတာလား? အဲဒီအခါကျရင် မမျှော်လင့်ထားတဲ့ အမှားအယွင်းတစ်ခုခု ဖြစ်သွားမလား? သူမရဲ့ ပုံမှန်အလုပ်လုပ်ပုံအရဆိုရင်တော့ ဒါက ဖြစ်နိုင်ခြေ အရမ်းများနေတယ်။ တခြားအချိန်တွေမှာဆိုရင်တော့ သူမကို သူ လွှတ်ထားပေးနိုင်ပေမဲ့၊ တကယ်လို့ သူတို့ရဲ့ မင်္ဂလာပွဲကြီးကိုသာ သူမ ဖျက်ဆီးလိုက်ရင်တော့ သူမရဲ့ဖင်ကို တကယ်ပဲ အားရပါးရ ရိုက်ပစ်မိမှာ။

ဒါကြောင့် သူ ချန်းရော့ယွီကို အလေးအနက် သတိပေးလိုက်သည်။ တစ်ခုခုဆိုရင် သူ့ကို ကြိုတင်တိုင်ပင်တာ အကောင်းဆုံးဖြစ်ကြောင်း၊ မဟုတ်လို့ကတော့ သူ့ရဲ့ မင်္ဂလာပွဲကိုသာ သူမ ဖျက်ဆီးခဲ့ရင် သူ တကယ်ပဲ စိတ်ဆိုးမိမှာဖြစ်ကြောင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့"

ချန်းရော့ယွီက သူ့ကို ပြန်ပြီး နှစ်သိမ့်ပါ၏။

"ကျွန်မရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးရင်တောင်၊ ရှင့်ရဲ့ မင်္ဂလာပွဲကိုတော့ ကျွန်မ အပျက်စီးမခံပါဘူး"

"မင်းရဲ့ မင်္ဂလာပွဲဆိုတာ ငါ့ပွဲပဲလေ..."

မုန့်ကုက သူမကို ပြန်သတိပေးလိုက်သည်။

"ဒါဆိုရင်တော့ ရှင် စိုးရိမ်မနေနဲ့တော့ပေါ့။ ဒါက ကျွန်မကိုယ်တိုင်ရဲ့ မင်္ဂလာပွဲပဲ၊ ကျွန်မ တကယ် အလေးအနက်ထားပါတယ်"

"မင်း ခုနကပဲ ပြောတယ်လေ၊ မင်းရဲ့ပွဲ ပျက်ချင်ပျက်ပါစေ၊ ငါ့ပွဲတော့ အပျက်မခံဘူးဆိုပြီးတော့"

မုန့်ကု ထပ်ပြီး သတိပေးလိုက်ပြန်တယ်။ ဒီမိန်းမရဲ့ စကားတွေမှာ ယုတ္တိဆိုတာရော ရှိရဲ့လား?

"ကျွန်မပိုင်တာ အားလုံးက ရှင့်အပိုင်ပဲလေ"

သူမက သူ့စကားကိုပဲ ပြန်ပြီး ပဲ့တင်ထပ်လိုက်သည်။ မုန့်ကု အသက်ရှူတောင် ကြပ်သွားသလို ခံစားလိုက်ရ၏။

"ကျွန်မ ကတိပေးပါတယ်။ 'ခေါင်းပြတ်ချင်ပြတ်၊ သွေးထွက်ချင်ထွက်'... မင်္ဂလာပွဲကတော့ ဘာမှ အမှားအယွင်း ရှိမှာမဟုတ်ဘူး"

ချန်းရော့ယွီက သူမရဲ့ ရင်ဘတ်ကို လက်နဲ့ပုတ်ပြီး အခိုင်အမာ ကတိပေးလိုက်သည်။

မုန့်ကုရဲ့ နားထင်တွေကတော့ တဒိတ်ဒိတ်နဲ့ တုန်နေပြီ။ သူ ဘာဆက်ပြောရမှန်းကို မသိတော့ပေ။ သူမက 'ခေါင်းပြတ်ချင်ပြတ်၊ သွေးထွက်ချင်ထွက်' တဲ့... မင်္ဂလာပွဲကို စစ်တလင်းလို့ ထင်နေတာလား? သူ ဒီမိန်းမကို လွှတ်ထားပေးလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ပြဿနာတစ်ခုခုတက်ရင်တော့ သူမဖင်ကို သူ တကယ်ရိုက်မှာမလို့ သူမဘက်က အကောင်းဆုံး ကြိုးစားရမှာပေါ့။

ဒါပေမဲ့ ဒီလောက်အထိ လေကြီးလေကျယ် ပြောထားတဲ့ ချန်းရော့ယွီဟာ ရက်အနည်းငယ်အကြာမှာတော့ သူ့ဆီကို ပြန်ရောက်လာပြီး ပြောလာသည်။

"ဒေါက်တာမုန့်... ကျွန်မမှာ မင်္ဂလာပွဲကြောက်ရောဂါ ရှိနေတာကို ရှာဖွေတွေ့ရှိလိုက်ပြီ"

"စိတ်မပူပါနဲ့။ မင်းက တစ်သက်မှာ တစ်ခါပဲ လက်ထပ်ရမှာပဲဥစ္စာ"

"အဲဒါလည်း ဟုတ်တာပဲနော်"

ချန်းရော့ယွီရဲ့ ပြန်ဖြေပုံက မုန့်ကုကို အံ့သြသွားစေသည်။

"အဲဒါလည်း ဟုတ်တာပဲ" ဆိုတာက ဘာသဘောလဲ? မင်း နောက်ထပ် အကြိမ်ပေါင်းများစွာ လက်ထပ်ဖို့များ စိတ်ကူးနေတာလား?"

"ဒါပေမဲ့ ကျွန်မရဲ့ ကြောက်စိတ်က လက်ထပ်ရမယ့် အကြိမ်အရေအတွက်ကြောင့် ဖြစ်တာမဟုတ်ဘူးလေ။ ဒါကြောင့် ရှင့်ရဲ့ နှစ်သိမ့်မှုက လိုရင်းကို မရောက်ဘူးဖြစ်နေတယ်"

"ငါက မင်းကို နှစ်သိမ့်ဖို့ စိတ်ကူးတောင်မရှိတာ၊ ဟုတ်ပြီလား?"

"ကိုယ့်ဇနီးသည်ကို နှစ်သိမ့်ပေးနိုင်တဲ့ အရည်အချင်းက ခင်ပွန်းတစ်ယောက်မှာ ရှိရမယ့် အခြေခံကျွမ်းကျင်မှုပဲလေ"

"အဲဒီကျွမ်းကျင်မှုကို အသုံးမချချင်တဲ့ အချိန်မျိုးလည်း ရှိတာပဲ"

ချန်းရော့ယွီ သူ့ကို စိုက်ကြည့်လိုက်သည်။

"ကိုယ့်ခင်ပွန်းရဲ့ စိတ်ကို စိတ်ချမ်းသာအောင် ထားပေးဖို့ကလည်း ဇနီးတစ်ယောက် လုပ်ဆောင်ရမယ့် အခြေခံတာဝန်ပဲ"

မုန့်ကုက ပြန်ပက်လိုက်သည်။

"ကျွန်မ လုပ်တာပေါ့။ စည်းကမ်းတွေ အကုန်လိုက်နာတယ်၊ အလေးအနက်လည်း ထားတယ်။ ဒီကိစ္စအတွက် ကျွန်မက စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတာ။ တစ်သက်လုံး အစွမ်းကုန် ကြိုးစားသွားမှာ"

"အရမ်းကောင်းတာပေါ့! မင်းမှာ ဒီလောက်အထိ ပြတ်သားတဲ့စိတ်နဲ့ သတ္တိရှိနေမှတော့ ဒီလောက် ကြောက်စိတ်လေးကိုတော့ ကျော်လွှားနိုင်မှာပါ"

အတိုချုပ်ပြောရရင်တော့... သူမက မင်္ဂလာဆောင်မှာ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာကို သူ့ကိုမပြောပြသရွေ့ သူကလည်း သူမအလိုကို လိုက်လျောပေးမှာ မဟုတ်ဘူး။

တကယ့်ကို သဘောထားကျဉ်းမြောင်းတဲ့ လူကြီးပဲ! ချန်းရော့ယွီ မကျေမနပ် ဖြစ်သွားပေမဲ့ မင်္ဂလာဆောင်နေ့မှာ သူ့ကို အံ့အားသင့်စေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ မယိမ်းယိုင်သွားပေ။ သူမ နောက်ထပ် ကလေးကလား မချွဲတော့ဘဲ ဒီလျှို့ဝှက်ချက်ကို ဆက်ထိန်းထားဖို့နဲ့ အဆုံးထိ တောင့်ခံနိုင်ဖို့ စိတ်ပိုင်းဖြတ်လိုက်၏။

မင်္ဂလာရက် မရောက်ခင်မှာ ချန်းရော့ယွီ စမ်းသပ်မှုများစွာကို ဖြတ်ကျော်ရသည်။ လေ့ကျင့်ခန်းတွေလုပ်၊ အစားအသောက်တွေ ထိန်းချုပ်ပြီး ဖက်ရှင်ဗဟုသုတ အမျိုးမျိုးကို ရှာဖွေရသည်။ ဖိနပ်ရွေး၊ ဝတ်စုံရွေး၊ အဆင်တန်ဆာတွေရွေးပြီး မိတ်ကပ်တွေပါ စမ်းပြင်ကြည့်ရသေးတယ်။ ဒါတွေတင် မဟုတ်ဘူး... မုန့်ကု မသိအောင် ဖုံးကွယ်ထားရတာကလည်း အလုပ်တစ်ခုလို ဖြစ်နေသည်။

တစ်ဖက်မှာလည်း မုန့်ကုက အလုပ်များနေပြီး ခွင့်ယူလို့မရသေးတာကြောင့် မင်္ဂလာပွဲအတွက် ပြင်ဆင်မှု အတော်များများကို သူမတစ်ယောက်တည်း ကိုင်တွယ်သည်။ သူမမှာလည်း ကိုယ်ပိုင်အလုပ်ရှိသလို နေ့တိုင်း ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်နဲ့ အချိန်ကုန်နေရတာကြောင့် ကိုယ်အလေးချိန်တွေ အတော်လေး ကျသွား၏။

ဒါပေမဲ့ သူမကတော့ ဗျာများနေရတာကိုပဲ ဝမ်းသာနေမိတယ်။ ဘာလို့လဲဆိုတော့ အလုပ်များပြနေမှ သူမရဲ့ ဝိတ်ကျသွားတာကို မုန့်ကု သတိမထားမိမှာ ဖြစ်သလို သူမ ဘာတွေလုပ်နေလဲဆိုတာကိုလည်း ဖုံးကွယ်ထားနိုင်မှာဖြစ်တယ်။

ဒါပေမဲ့လည်း မုန့်ကုကတော့ တစ်ခုခု မှားနေတာကို သတိထားမိသွားသည်။

"ချန်းရော့ယွီ မင်း အစားလျှော့တာအပြင် ဝိတ်ကျအောင် တခြားဘာတွေများ ထပ်လုပ်နေသေးလဲ?"

"မဟုတ်ပါဘူး၊ ဘာမှမလုပ်ပါဘူး။ အခုတလော အလုပ်တွေအရမ်းများနေလို့၊ အလုပ်များရင်တော့ ခန္ဓာကိုယ်က နည်းနည်း ပိန်သွားတတ်တာပဲလေ"

"မင်းက ငြင်းချင်သေးတာလား?"

မုန့်ကုသည် လုံးဝကို မကျေမနပ်ဖြစ်နေ၏

"ပိန်တာက ပိန်တာပဲ၊ ဝန်ခံစမ်းပါ။ ဒါပေမဲ့ မပိန်သင့်တဲ့နေရာတွေမှာ ဘာလို့ သွားပိန်နေရတာလဲ?"

သူက သူ့ရဲ့လက်ဖဝါးကို မြှောက်ပြပြီး ဆုပ်နယ်ပြတဲ့ အမူအရာကို တမင်တကာ လုပ်ပြလိုက်သည်။ အဲဒီတော့မှ ချန်းရော့ယွီ သူ့ရဲ့ဆိုလိုရင်းကို သဘောပေါက်သွားပြီး သူမရဲ့မျက်နှာ ရဲခနဲ ဖြစ်သွားသည်။

"တကယ်တော့ မင်းက ဝတာလည်း မဟုတ်ဘူး၊ ဘာလို့ အစားတွေ လျှော့နေရတာလဲ? ဆက်ပြီး ဝိတ်ကျနေမယ်ဆိုရင်တော့ သတိသာထားပေတော့။ ကိုယ့်ရဲ့ 'ခံစားခွင့်' တွေကိုသာ မင်းက လျှော့ချပစ်မယ်ဆိုရင်တော့ ကိုယ် မင်းကို ကောင်းကောင်းကြီး ကိုင်တွယ်ရလိမ့်မယ်"

အဲဒီညမှာတော့ ချန်းရော့ယွီ မျက်ရည်မထွက်ဘဲ ငိုရမယ့်ကိန်း ဆိုက်တော့တယ်။ ဘာလို့လဲဆိုတော့ သူမကို သတိပေးခဲ့တဲ့သူက လက်တွေ့ကိုင်တွယ်ပြလိုက်လို့ပဲ။ ဆရာဝန်ကြီးက နောက်တစ်နေ့က သူ့ရဲ့ နားရက်ဖြစ်လို့ စောစောထစရာမလိုတာကို အခွင့်ကောင်းယူပြီး သူမကို ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့ အားရပါးရ နှိပ်စက်တော့တယ်။ ကိုယ်လက်လှုပ်ရှားမှုက အရမ်းများသွားတာကြောင့် နောက်တစ်နေ့မှာ သူမ စီစဉ်ထားတဲ့ စက်ဘီးလေ့ကျင့်ခန်းကိုတောင် မစီးနိုင်တော့ဘူး။ သူမ ခိုးပြီး ဝတ်စုံကို ပြန်စမ်းဝတ်ကြည့်တဲ့အခါမှာတော့ အတော်လေး အဆင်ပြေနေတာကို တွေ့ရတယ်။ တကယ်ပဲ ထပ်ပြီး ပိန်လို့မဖြစ်တော့ဘူး။ ရင်သားကလည်း အထောက်အပံ့မရှိရင် ဝတ်စုံနဲ့ ကြည့်ကောင်းမှာ မဟုတ်တော့ဘူးလေ။

ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း၊ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းရင်းနဲ့ နောက်ဆုံးမှာတော့ မင်္ဂလာဆောင်ရက် ရောက်ရှိလာသည်။

ညှိနှိုင်းထားတဲ့ အစီအစဉ်အရ မိသားစုနှစ်ဖက်စလုံးဟာ ပထမဆုံး မင်္ဂလာဧည့်ခံပွဲကို A-မြို့မှာ ကျင်းပမှာဖြစ်ပြီး၊ နောက်ထပ် နှစ်ပတ်အကြာမှာတော့ C-မြို့မှာ ဒုတိယအကြိမ် ထပ်မံကျင်းပမှာ ဖြစ်သည်။

ချန်းရော့ယွီရဲ့ မိဘတွေက A-မြို့ကို စောစောစီးစီး ရောက်ရှိနေကြပြီး မုန့်ကုရဲ့ အိမ်မှာပဲ တည်းခိုနေကြသည်။ မင်္ဂလာဆောင်ရက် မတိုင်ခင် တစ်ရက်မှာတော့ မုန့်ကုက သူ့မိဘတွေအိမ်ကို ပြန်အိပ်သည်။ နောက်တစ်နေ့မှာတော့ သူက ကားတန်းကြီးနဲ့အတူ သတို့သမီးကို လာကြိုဖို့ သူ့တိုက်ခန်းကို ပြန်လာရမှာဖြစ်၏။

အဲဒီညမှာတော့ လူငယ်နှစ်ယောက်စလုံး အိပ်လို့မပျော်ကြပေ။

ဘေးနားမှာ ချန်းရော့ယွီက သူ့ကို တိုးဝှေ့ပြီး ကပ်အိပ်နေတာမျိုး၊ သူ့ကိုယ်ပေါ်ကို ခြေထောက်တစ်ဖက် တင်ထားတာမျိုးနဲ့ သူ့လက်မောင်းကို ဖက်ထားတာမျိုးတွေ မရှိတော့တဲ့အခါ မုန့်ကု တကယ်ပဲ နေရခက်နေမိသည်။ သူမ ဘေးမှာရှိနေတာကို သူက အကျင့်ဖြစ်နေပြီ။ တစ်ခုခု လိုအပ်နေသလို ခံစားနေရပြီး အိပ်ရာထဲမှာ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ဘယ်လိုအိပ်အိပ် အနေအထားက မှားနေသလို ခံစားနေရသည်။

ချန်းရော့ယွီကတော့ အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ မင်္ဂလာဂါဝန်ကြီးကို ကြည့်ရင်း ရင်တုန်လွန်းလို့ အိပ်လို့တောင်မရပေ။ သူမ ဒီလောက်ထိ အချိန်အတော်ကြာအောင် ကြိုးစားအားထုတ်ခဲ့တာမို့လို့ မနက်ဖြန်မှာ ဘာမှအမှားအယွင်းမရှိဖို့ ဆုတောင်းနေမိတယ်။ ပြီးတော့ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ကလည်း သူမ မျှော်လင့်ထားသလိုမျိုး တုံ့ပြန်မှုပေးဖို့ မျှော်လင့်နေတယ်။ မဟုတ်ရင်တော့ သူမ တကယ်ပဲ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမိမှာ။ ဒါပေမဲ့ အဓိကကတော့ ဒါမဟုတ်ဘူး။ အဓိကက မုန့်ကု ဖြစ်ပြီး သူ တကယ်ပဲ သဘောကျနှစ်သက်ဖို့ကိုပဲ သူမ အလေးအနက် ဆုတောင်းနေမိတယ်။

နောက်တစ်နေ့ မနက်မှာတော့ သတို့သမီးကို ကြိုဖို့ မင်္ဂလာကားတန်း ရောက်ရှိလာသည်။ ချန်းရော့ယွီကို လာကြိုတဲ့ မုန့်ကုသည် ဝတ်စုံအပြည့်နဲ့ တကယ့်ကို ခန့်ညားချောမောနေ၏။

သတို့သမီးအရံတွေရဲ့ ခက်ခဲလှတဲ့ "တံခါးပိတ်" စမ်းသပ်ချက်တွေ၊ ပဟေဠိတွေနဲ့ အတားအဆီးတွေကို သူ့ရဲ့ အပေါင်းအသင်းတွေနဲ့အတူ အောင်မြင်အောင် ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့... နောက်ဆုံးမှာ သူ့ရဲ့ သတို့သမီးလေးကို တွေ့ခွင့်ရဖို့ အိပ်ခန်းထဲကို ဝင်ခွင့်ရသွားသည်။

တံခါးပွင့်သွားပြီး အထဲကို ကြည့်လိုက်တဲ့အခါမှာတော့... မုန့်ကု တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်လို တုန့်ခနဲ ဖြစ်သွားသည်။

သူ့ရှေ့မှာ မြင်တွေ့နေရတဲ့ ချန်းရော့ယွီက သူ အရင်က မြင်ဖူးနေကျ ပုံစံမျိုး မဟုတ်ဘူး။ သူမ ဝတ်ဆင်ထားတာက ခေတ်ပေါ် မင်္ဂလာဝတ်စုံအဖြူကြီး မဟုတ်ဘဲ... ထူးခြားလှပတဲ့ ရှေးဟောင်းရိုးရာ ဒီဇိုင်းကို အခြေခံထားတဲ့ ဝတ်စုံတစ်ခု ဖြစ်နေသည်။

ဝတ်စုံရဲ့ အနားသတ်တွေမှာတော့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရဖြစ်တဲ့ မက်မွန်ပန်းတွေကို လက်ရာမြောက်စွာ ထိုးထား၏။ သူမရဲ့ မိတ်ကပ် အပြင်အဆင်ဟာလည်း အရမ်းကို နုပျိုကြည်လင်နေပြီး၊ သူမရဲ့ ဆံနွယ်တွေကြားမှာတော့ ပန်းချီကားထဲကအတိုင်း မက်မွန်ပန်းခက်လေးတစ်ခုကို ဆင်မြန်းထားသည်။

မုန့်ကုရဲ့ မျက်လုံးတွေဟာ အံ့သြမှင်သက်မှုတွေနဲ့ ပြည့်နှက်သွားသည်။ ဒါက သူမ အမြဲလျှို့ဝှက်ထားခဲ့တဲ့ စပရိုက်စ်ပေါ့။ သူ မြင်ချင်လှပါချည်ရဲ့ဆိုတဲ့ မင်္ဂလာဝတ်စုံနဲ့ သတို့သမီးလေးဟာ အခုတော့ သူ့ရှေ့မှာ တကယ်ကို နတ်မိမယ်လေးတစ်ပါးလို ပေါ်ထွက်လာခဲ့ပြီ။

မုန့်ကုရဲ့ ရင်ခုန်သံတွေ အနည်းငယ် မြန်ဆန်နေသည်။ သူ တံခါးကို အသာလေးတွန်းဖွင့်လိုက်တဲ့အခါ အခန်းထဲမှာ အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ လှပကျော့ရှင်းတဲ့ ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရ၏။ သူ့နောက်မှာတော့ လာကြိုတဲ့လူအုပ်ကြီးက အထဲကို အတင်းတိုးဝှေ့ပြီး ချောင်းကြည့်ဖို့ ကြိုးစားနေကြသည်။ ဒါပေမဲ့ မုန့်ကုသည် သူ့သတို့သမီးရဲ့အလှကို အခြားသူနဲ့ မမျှဝေချင်တာကြောင့် တံခါးကို ဝုန်းခနဲ ပြန်ပိတ်လိုက်၏။

သူ အခန်းထဲကို လှည့်ကြည့်လိုက်တဲ့အခါ ချန်းရော့ယွီက သူ့ကို ကြည့်ပြီး ပြုံးပြနေသည်။

သူမရဲ့ သွယ်လျတဲ့ ကိုယ်လုံးလေးပေါ်မှာ ကျော့ရှင်းလှပတဲ့ မင်္ဂလာဝတ်စုံက အံကိုက်ဖြစ်နေသလို၊ သူမရဲ့ မျက်နှာပေါ်က မိတ်ကပ်အပြင်အဆင်တွေကလည်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှ၏။ ဒါက သူ အမြဲမြင်တွေ့နေကျ ပုံစံမျိုးမဟုတ်တဲ့ လုံးဝကို ကွဲပြားခြားနားသွားတဲ့ ချန်းရော့ယွီ ဖြစ်သည်။

မုန့်ကုရဲ့ ရင်ထဲမှာ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေသည်။ သူမ ဒီလောက်ထိ လှပနေလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိသလို၊ အခုမှပဲ သူမ ဘာလို့ ဒီကိစ္စကို လျှို့ဝှက်ထားခဲ့ချင်ရတာလဲဆိုတဲ့ ရည်ရွယ်ချက်ကို သူ သဘောပေါက်သွားတော့သည်။

သူ့ရဲ့ ချန်းရော့ယွီက တကယ့်ကို အူကြောင်ကြောင်နိုင်ပြီး ချစ်ဖို့ကောင်းလွန်းတယ်!

သူ သူမကို ငေးကြည့်ရင်း အဲဒီနေရာမှာတင် ရပ်နေမိသည်။ သူ့ရဲ့မျက်ဝန်းအိမ်တွေတောင် ပူနွေးလာသလို ခံစားလိုက်ရ၏။ သူမ ဒီလောက်အထိ အစွမ်းကုန် ကြိုးစားထားခဲ့တာပဲ။ သူမက ကမ္ဘာပေါ်မှာ အလှဆုံး သတို့သမီးပဲ။

"ချန်းရော့ယွီ.... မင်း တကယ့်ကို လှလွန်းတယ်"

မုန့်ကု တော်တော်နဲ့ စကားမပြောနိုင်ဘဲ ငေးကြည့်နေမိသည်။ သူ့ရင်ထဲမှာ အရမ်းကို ကြည်နူးသွားပြီး သူ့ရဲ့ မျက်ဝန်းတွေထဲမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်လျှံနေတာကို မြင်လိုက်ရတဲ့အခါ ချန်းရော့ယွီ တကယ့်ကို ဂုဏ်ယူမိသွားသည်။

"ဟုတ်တယ်!"

သူမက သူ့ဆီကို ပြေးလာပြီး သူမရဲ့ သတို့သမီးပုံရိပ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

"ကျွန်မ ပြောသားပဲ... ရှင့်ကို စပရိုက်စ်ပေးမယ်လို့။ ဒီတစ်သက်မှာ တစ်ခါပဲ လက်ထပ်မှာဆိုတော့ ဘာပဲဖြစ်ဖြစ် ရှင့်ကို အံ့သြပျော်ရွှင်အောင် ကျွန်မ လုပ်ပေးရမှာပေါ့၊ ဟုတ်တယ်မလား?"

"ဟုတ်တယ်"

"တကယ်လို့ ရှင့်ကို ဒါကို စောစောစီးစီး ပြလိုက်ရင် ရှင် အခုလို ထူးထူးခြားခြား ခံစားရမှာ မဟုတ်ဘူး။ ဘာခံစားချက်မှ ရှိမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား? ဒေါက်တာမုန့်..... ကျွန်မ တော်တယ်မဟုတ်လား? ရှင့်ရဲ့ အရေးကြီးဆုံးနေ့မှာ ကျွန်မရဲ့ အလှဆုံး ပုံရိပ်ကို ရှင့်ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲထင်ကျန်ရစ်အောင် လုပ်ပေးလိုက်တာ"

"မစ္စစ်မုန့်.. ကိုယ် တစ်ခုလောက် သတိပေးပါရစေဦး၊ ဒီနေ့က မင်းအတွက်လည်း အရေးကြီးဆုံးနေ့လေ"

"ကျွန်မပိုင်တာ အားလုံးက ရှင့်အပိုင်ပဲလေ၊ ဒါကို ပြောနေဖို့ လိုသေးလို့လား?"

သူမက အားရပါးရ ပြုံးလိုက်သည်။

"ဒေါက်တာမုန့်... မြန်မြန်၊ ကျွန်မကို နောက်တစ်ခါလောက် ထပ်ပြီး ချီးမွမ်းပေးပါဦး"

သူမက အရမ်းပျော်ရွှင်တာကြောင့် ကလေးလေးတစ်ယောက်လို ခုန်ပေါက်နေသည်။

မုန့်ကုက သူမကို ဖက်ထားရင်း ပြုံးကာ ပြောလိုက်သည်။

"ချန်းရော့ယွီ... မင်း တကယ် လှတယ်။ တစ်ခုပဲ... မင်းရဲ့ အမူအရာက နည်းနည်းလေး ပျက်နေတယ်"

ဘယ်သတို့သမီးကများ သူမလိုမျိုး မျောက်တစ်ကောင်လို ဟိုခုန်ဒီခုန် လုပ်နေလို့လဲ?

"ဟေး!"

သူမ ခုန်နေတာကို ချက်ချင်းရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ အားနဲ့ တစ်ချက် ထုလိုက်၏။ ဒါက လူကို ချီးမွမ်းနေတဲ့ ပုံစံလား?

"ပြီးတော့ နည်းနည်းလည်း ကြမ်းသေးတယ်"

သူကတော့ ဆက်ပြီး ပြုံးနေဆဲပင်။

သူမ သူ့ကို စိုက်မကြည့်တော့ဘဲ မျက်နှာက ဒေါသကြောင့် စူပုပ်သွားသည်။

"မင်းရဲ့ အမူအရာတွေကလည်း အရမ်းကို တက်ကြွလွန်းနေတယ်"

သူကတော့ မျက်လုံးတွေ မှိတ်သွားတဲ့အထိ အားရပါးရ ပြုံးနေသည်။

ချန်းရော့ယွီ နှုတ်ခမ်းစူလိုက်ပြီး မင်္ဂလာဆောင်နေ့ကြီးမှာ သတို့သမီးရဲ့ အပြစ်တွေကို လိုက်ရှာနေတဲ့ သူ့ကို ပြန်ပြီး ဝေဖန်ဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မုန့်ကုက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

"ချန်းရော့ယွီ... မင်း အရမ်းချစ်ဖို့ကောင်းတယ်လို့ ကိုယ် အရင်တုန်းက ပြောဖူးလား?"

"ပြောဖူးတာပေါ့"

သူက သူမကို လှတယ်လို့ ချီးမွမ်းပြီးပြီပဲ၊ အခုတော့ ချစ်ဖို့ကောင်းတယ်လို့ပဲ ထပ်ပြောနိုင်တော့မှာပေါ့။ ဒါက ဂုဏ်ယူစရာရှိလို့လား?

"မင်းက တကယ် ချစ်ဖို့ကောင်းတယ်"

မုန့်ကုက သူမကို ဖက်ထားရင်း နားနားလေးမှာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မင်း မိတ်ကပ်လိမ်းထားတာဖြစ်ဖြစ်၊ မလိမ်းထားတာဖြစ်ဖြစ်၊ မင်းကိုယ်မင်း လှအောင် ပြင်ပြင်၊ မပြင်ပြင်... မင်းက ကိုယ့်အတွက်တော့ အမြဲတမ်း ချစ်ဖို့အကောင်းဆုံးပဲ"

ချန်းရော့ယွီ တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ရင်ထဲမှာလည်း ချိုမြိန်မှုတွေနဲ့ ပြည့်နှက်သွားသည်။

"ကိုယ် မင်းကို အရမ်းချစ်တယ်"

သူက ပြောလိုက်သည်။

ချန်းရော့ယွီ မျက်လုံးတွေကို မှိတ်ထားလိုက်မိပြီး မျက်ဝန်းအိမ်တွေလည်း ပူနွေးလာသည်။

တကယ့်ကို အမြင်ကတ်စရာပဲ! ဘယ်လိုဖြစ်ပြီး ဒီလောက် အမြင်ကတ်စရာကောင်းတဲ့ ယောကျ်ားမျိုး ရှိနေရတာလဲ! တကယ်လို့ သူက သူမကို ငိုအောင်လုပ်လို့ မိတ်ကပ်တွေ ပျက်သွားရင် ဘယ်လိုလုပ်မလဲ? ဒီလောက် ပြည့်စုံတဲ့ မိတ်ကပ်မျိုးရဖို့ သူမမှာ အချိန်တွေ အများကြီးပေးပြီး အစွမ်းကုန် ကြိုးစားခဲ့ရတာလေ!

သူက တကယ်ကို စိတ်အနှောင့်အယှက် ပေးလွန်းတယ်! သူမ ငိုချင်လာပြီ။ မုန့်ကု... ရှင်ကတော့ လူဆိုးကြီးပဲ!

သူမ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ငိုချင်စိတ်ကို အတင်းထိန်းကာ သူ့ကို နောက်ထပ် စကားမပြောဖို့ သတိပေးလိုက်သည်။ သူမကို ငိုအောင် ထပ်မလုပ်ဖို့၊ မဟုတ်ရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်လို့ ပြောလိုက်၏

နောက်ဆုံးမှာတော့ ချန်းရော့ယွီ ငိုတော့မငိုခဲ့ဘူး။ဒါပေမဲ့ သူမရဲ့ မိတ်ကပ်ကို ပြန်ပြင်ဖို့အတွက် အချိန်အတော်လေး ထပ်ပေးလိုက်ရသေးတယ်။

ဘာလို့လဲဆိုတော့... သူမရဲ့ မိတ်ကပ်တွေကို သတို့သားက ဖျက်ဆီးပစ်လိုက်လို့ပဲ!!!

Translator -JJ

All Chapters