← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း (၁၇၂) ဝင်ပြီး အရိုက်ခံချင်နေတာပဲ

ရုပ်ရှင်ကုမ္ပဏီတစ်ခုတဲ့လား…

ယွမ် ၁ ဘီလီယံတဲ့လား…

ဒုတိယအဒေါ်နှင့် ဒုတိယမန်နေဂျာတို့သည် ရွှီချင်းချန် ၏ ဘေးတွင် ထိုင်နေသော ချန်ဖုန်းအား ရုတ်တရက် လှမ်းကြည့်လိုက်ကြ၏။

၎င်းတို့ လုံးဝ တွေးတောင် မတွေးရဲကြချေ။

ကျောင်းသားတစ်ယောက်က ဘယ်လိုလုပ် ယွမ် ၁ ဘီလီယံကို ထုတ်ပေးနိုင်မှာလဲ။

ရှောင်ဝမ် သည် တုန်းယောင် လေကြောင်းလိုင်း၏ ဒုတိယမန်နေဂျာ ဖြစ်သည့်တိုင်အောင် သူသည် ထိုမျှ များပြားသော ငွေကြေးကို တစ်ကြိမ်တည်းဖြင့် မထုတ်ပေးနိုင်ချေ။

ရှောင်ယွီဟယ် တစ်ယောက်တည်းသာ လုံးဝ သက်တောင့်သက်သာ ရှိနေပုံရပေသည်။ သူမက ဂုဏ်ယူဝင့်ကြွားစွာ တွေးလိုက်၏။

‘ငါ့ရဲ့ အနာဂတ်သမက်လေးက ဘယ်လောက်ချမ်းသာလဲဆိုတာ အခုတော့ နင်တို့ သိပြီမလား…’

သို့သော် သူမ၏ ရင်ထဲတွင်လည်း အလွန် တုန်လှုပ်နေခဲ့သည်။

ယခင်က ချန်ဖုန်းသည် အလွန်ချမ်းသာပြီး တန်ဖိုး ယွမ်ဘီလီယံ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းရှိသော ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားကြောင်းကိုသာ သမီးဖြစ်သူက ပြောပြခဲ့ဖူးပေ၏။

သို့သော် ရုပ်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်ရန်အတွက် ယွမ် ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု သူ ဘယ်တုန်းကမှ မပြောခဲ့ချေ။

ထို့အပြင် သမီးဖြစ်သူကိုလည်း တာဝန်ခံအဖြစ် ခန့်အပ်ထားသေးသည်။

ဒါက နောက်ဆုံးမိနစ်ကျမှ ရုတ်တရက် ဆုံးဖြတ်လိုက်တာလား…

ရှောင်ယွီဟယ်သည် ရင်ထဲ၌ အလွန် ဝမ်းသာနေခဲ့၏။

မနေ့ညက သမီးဖြစ်သူကို ကုတင်ပေါ် လွှတ်လိုက်ခြင်းက အကျိုးသက်ရောက်မှု ရှိသွားပုံရပေသည်။

သူမက ဆက်လက် တွေးတောလိုက်သည်။

‘နောက်တစ်ခါဆိုရင် ဆေးပြင်းပြင်းလေး တိုက်ကြည့်သင့်သလား…’

ဒုတိယအဒေါ်၏ အကြည့်များသည် ချန်ဖုန်းထံမှ ပြန်လည်ရုပ်သိမ်းသွားပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ပေါ်လွင်နေခဲ့၏။

"ချင်းချန်... သမီး အဒေါ့်ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်... ရှောင်ချန်က ကျောင်းသားတစ်ယောက် မဟုတ်ဘူးလား... သူက အဲဒီလောက် ပိုက်ဆံတွေ ဘယ်ကရမှာလဲ..."

ဒုတိယမန်နေဂျာကလည်း ဝင်ပြောလိုက်သည် "မစ်ရွှီ... ခင်ဗျားက ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းလိုက်ရလို့ ကုမ္ပဏီအသစ်တစ်ခုကို အပူတပြင်း ရှာချင်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ရုပ်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ဆိုတာ ခင်ဗျားထင်သလောက် မရိုးရှင်းဘူးနော်..."

"မစ္စတာချန်က ခင်ဗျားကို နောက်နေတာလည်း ဖြစ်နိုင်ပါတယ်... ဘာပဲဖြစ်ဖြစ် ယွမ် ၁ ဘီလီယံ ဆိုတာက..."

စကားပြောနေရင်း သူက အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေ၏။

ရွှီချင်းချန်က ငြင်းခုံမနေတော့ချေ။

အချက်အလက်များနှင့်သာ တိုက်ရိုက် သက်သေပြလိုက်ပေသည်။

သူမက ဖုန်းကိုထုတ်ကာ ဘဏ်ကတ်ထဲရှိ လက်ကျန်ငွေကို ပြသလိုက်ပြီး ရယ်မောလျက် ပြောဆိုလိုက်သည်။ "ရုပ်ရှင်ကုမ္ပဏီတစ်ခု လည်ပတ်ဖို့ဆိုတာ သေချာပေါက် မလွယ်ကူပါဘူး... ဒါပေမဲ့ ချန်ဖုန်းက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စတိုင်းက ကိစ္စကြီးမဟုတ်ဘူးလို့ ပြောတယ်..."

"ဒါကြောင့် သူက ကျွန်မ ဆီကို ယွမ် ၁ ဘီလီယံ တိုက်ရိုက် လွှဲပေးလိုက်တာ..."

ထိုနှစ်ဦးသည် ဖုန်းစခရင်ကို အလျင်အမြန် ကြည့်ရှုလိုက်ကြ၏။ ထို့နောက် မှင်တက်သွားကြတော့သည်။

သုညတွေ အများကြီးပဲ...

သူတို့ အထပ်ထပ်အခါခါ ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ယွမ် ၁.၅ ဘီလီယံ ဖြစ်နေပေ၏။

ထိုအကြွေလေးများမှာ ရွှီချင်းချန်၏ ကိုယ်ပိုင်ငွေများ ဖြစ်လောက်ပေသည်။

ဤအချိန်၌ ဒုတိယမန်နေဂျာ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့လေသည်။

ချန်ဖုန်းကို သာမန် ကျောင်းသားတစ်ယောက်ဟု သူ မူလက ထင်မှတ်ထားခဲ့သော်လည်း အဆုံးတွင်မူ သူသာ အရူးလုပ်ခံလိုက်ရခြင်း ဖြစ်ပေ၏။

ယွမ် ၁ ဘီလီယံကို တစ်ကြိမ်တည်းဖြင့် ထုတ်ပေးနိုင်သော ကျောင်းသားမျိုးကို မြင်ဖူးပါသလော။ ဖုန်းထဲတွင် ငွေလွှဲမှတ်တမ်း ရှိနေပေသည်။

ရွှီချင်းချန်၏ စကားများမှာ သေချာပေါက် အလိမ်အညာ မဟုတ်နိုင်ချေ။

ဒုတိယအဒေါ်၏ မျက်လုံးများ ပို၍ပင် ပြူးကျယ်သွားခဲ့၏။ သူမသည် ရှောင်ဝမ်ကို အမြဲတစေ အသိအမှတ်ပြုထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက တုန်းယောင် လေကြောင်းလိုင်း ပြည်နယ်မြို့တော်ရုံးခွဲ၏ ဒုတိယမန်နေဂျာ ဖြစ်ပြီး မြင့်မားသော အဆင့်အတန်း ရှိရုံသာမက သင့်တင့်လျောက်ပတ်သော အမူအကျင့်များလည်း ရှိပေ၏။

အရေးကြီးဆုံးက သူ့မှာ ပိုက်ဆံရှိသည်လေ။

သို့သော် အခုတော့...

ဒုတိယအဒေါ်၏ ခိုင်မာသော နှလုံးသားသည် စတင်လှုပ်ခတ်လာခဲ့လေပြီ။

ဒုတိယမန်နေဂျာက ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အဆင့်အတန်းကို စတင်ကြွားဝါပြနေခဲ့သည်... ရွှေသီးသန့် လိပ်စာကတ်၊ ကိုယ်ပိုင်လေယာဉ် အစရှိသဖြင့်ပေါ့။

ထို့နောက် ချန်ဖုန်းကို ကြည့်လိုက်ရင်

သူတို့ ဝင်လာကတည်းက ယခုအချိန်အထိ သူက စကားတစ်ခွန်းမျှ မဟဘဲ ထိုနေရာတွင် ထိုင်နေခဲ့သော်လည်း ရွှီချင်းချန်ထံသို့ ယွမ် ၁ ဘီလီယံကို တိတ်တဆိတ် လွှဲပေးခဲ့ပေ၏။

သူဌေးဆိုတာ ဘာလဲ...

ဒါကမှ တကယ့် သူဌေးအစစ်ရဲ့ ပုံစံပဲ... ဘယ်သူကမှ ဟန်ရေးပြဖို့တောင် ဂရုမစိုက်ကြဘူး...

အကယ်၍ ယခုလေးတင် ရွှီချင်းချန်သာ ဖုန်းကို ထုတ်မပြခဲ့ပါက ဤကိစ္စကို ၎င်းတို့ သိရှိနိုင်မည် မဟုတ်ချေ။

"ချန်... ကျောင်းသားချန်..."

ဒုတိယမန်နေဂျာမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့၏။

သူသည် အသက်သုံးဆယ် မတိုင်မီမှာပင် ဒုတိယမန်နေဂျာ ဖြစ်လာခဲ့ပြီး သူ၏ ရွယ်တူများကြားတွင် အလွန် ထူးချွန်သူအဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်ပေသည်။

ချန်ဖုန်း၏ ငွေများမှာ သူကိုယ်တိုင် ရှာဖွေထားခြင်းဖြစ်သည်ကို သူ မယုံကြည်ခဲ့ချေ။

သူက လေးနက်စွာ ပြောဆိုလိုက်သည်။ "မင်းရဲ့ မိသားစုက ချမ်းသာရင်တောင်မှ ပိုက်ဆံကို အရမ်းကာရော မသုံးသင့်ဘူးလေ... ရုပ်ရှင်ကုမ္ပဏီတွေက ပိုက်ဆံရနိုင်တယ်ဆိုပေမဲ့ အတွေ့အကြုံမရှိရင် အန္တရာယ် အရမ်းများတယ်..."

"..."

ချန်ဖုန်းမှာ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရ၏။ ‘ငါက မင်းကိုတောင် အဖက်မလုပ်ချင်တာကို မင်းက အတင်း ဝင်အရိုက်ခံချင်နေတာပဲ’

သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "စိတ်မပူပါနဲ့... ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးက ဘယ်တော့မှ အရှုံးမပေါ်ဖူးဘူး... ဒီပိုက်ဆံနဲ့ ပတ်သက်ပြီးတော့ ဒါက ကျွန်တော်ကိုယ်တိုင် ရှာထားတာပါ... ကျွန်တော့် မိသားစုနဲ့ ဘာမှမဆိုင်ဘူး..."

ကိုယ်တိုင် ရှာထားတာလား…

ဒုတိယမန်နေဂျာမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပေ၏။ ဒီခေတ်ကြီးမှာ ပိုက်ဆံရှာရတာ အဲဒီလောက်တောင် လွယ်နေလို့လား... အမြဲတမ်း ဘီလီယံနဲ့ချည်းပဲလား...

လုယူမယ်ဆိုရင်တောင် အဲဒီလောက် အများကြီး ရနိုင်မှာ မဟုတ်ဘူး…

ထိုအချိန်၌ ချန်ဖုန်းက ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု လင်းလက်သွားလေ၏။

"ခုနက ခင်ဗျားဆီမှာ ကိုယ်ပိုင်လေယာဉ် ရှိတယ်လို့ ကြားလိုက်တယ်... ကျွန်တော်လည်း တကယ်ကို မျက်စိဖွင့် နားဖွင့် လုပ်ချင်နေတာ..."

"အစ်ကိုဝမ် သဘောမကျတာ မရှိဘူးဆိုရင် ဒီနေ့မွန်းလွဲပိုင်းလောက် ကျွန်တော်တို့ကို လိုက်ပို့ပေးလို့ ရမလား..."

"အန်တီနဲ့ ချင်းချန်တို့လည်း ကိုယ်ပိုင်လေယာဉ် မစီးဖူးဘူး မဟုတ်လား... အထဲမှာ အရမ်း သက်တောင့်သက်သာ ရှိတယ်လို့ ကြားတယ်..."

"သီးသန့် လေယာဉ်မယ်ရဲ့ နှိပ်နယ်မှုတောင် လိုအပ်ပြီး နေရာကလည်း ကျယ်ဝန်းတယ်တဲ့..."

"အတူတူ သွားပြီး အတွေ့အကြုံ ယူကြည့်ကြတာပေါ့..."

"အဲဒါဆို... ကောင်းပြီလေ..."

ရှောင်ယွီဟယ်က ရွှီချင်းချန်၏ လက်မောင်းကို ဆွဲကာ ပြုံးလျက် ပြောလိုက်သည် "သမီး... သွားပြီး အတွေ့အကြုံ ယူကြည့်ကြမလား..."

"အမ်..."

ရွှီချင်းချန်မှာ မူလက ကိုယ်ပိုင်လေယာဉ်ကို စိတ်မဝင်စားခဲ့ချေ။

မိခင်ဖြစ်သူနှင့် ချန်ဖုန်းတို့ နှစ်ဦးစလုံး စီးချင်နေသည်ကို မြင်သောအခါ သူမ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

အနီးတွင် ရပ်နေသော ဒုတိယမန်နေဂျာ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပေ၏။

ဘယ်လို နောက်ပြောင်မှုကြီးလဲ...

သူ့တွင် မည်သည့် ကိုယ်ပိုင်လေယာဉ်မျှ မရှိခဲ့ချေ။ အစောပိုင်းက အထင်ကြီးခံရစေရန်အတွက် ဟန်ရေးပြခဲ့ခြင်းသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရွှီချင်းချန်ကို သူ တကယ် ဖိတ်ခေါ်လျှင်ပင် ကိုယ်ပိုင်လေယာဉ်ကို ဤမျှမြန်မြန် စီးရန် သူမ သဘောတူမည်မဟုတ်ကြောင်း ဒုတိယမန်နေဂျာ သိထားသောကြောင့် ဖြစ်၏။

နောက်ပိုင်း ကိစ္စတွေအတွက်ကော...

အဆိုးဆုံးအခြေအနေဆိုရင် ကြိုပြီး တစ်စီး ငှားလိုက်ရုံပေါ့…

ဤအချိန်၌ ဒုတိယမန်နေဂျာမှာ အကျပ်ရိုက်သွားပြီး စိုးရိမ်ပူပန်မှုကြောင့် သူ၏ နဖူးမှ ချွေးများ စီးကျလာခဲ့လေပြီ။

"ဘာလဲ အစ်ကိုဝမ်... ခင်ဗျားက ဆန္ဒမရှိလို့လား..."

ချန်ဖုန်းက မျက်လုံးကို မှေးကြည့်လိုက်၏။

‘ငါ့ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ ဟန်ရေးပြဖို့ ကြိုးစားနေတုန်းပဲ... အဲဒါတောင် ငါ့ရှေ့တည့်တည့်မှာနော်...

မင်း လူ့အဖွဲ့အစည်းရဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို မတွေ့ကြုံဖူးသေးလို့ ဖြစ်မယ်…’

"မဟုတ်ပါဘူး..."

ဒုတိယမန်နေဂျာသည် ချန်ဖုန်း၏ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက်တိုင်အောင် စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်ပေသည်။

‘ငါက ယဉ်ကျေးရုံသက်သက် ပြောနေတာလေ...

ကိုယ်ပိုင်လေယာဉ် စီးဖို့ မင်းတို့ကို တကယ် ဖိတ်ခေါ်နေတာ မဟုတ်ဘူး…’

အထူးသဖြင့် ရှောင်ယွီဟယ်နှင့် ရွှီချင်းချန်တို့၏ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာများကို မြင်ချိန်တွင် သူ လုံးလုံးလျားလျား စိတ်မသက်မသာ ဖြစ်သွားရ၏။

တကယ်လို့ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင်...

ရွှီချင်းချန်အပေါ် အမြင်ဆိုးတစ်ခု ချန်ထားရစ်ခဲ့မိမှာပဲ…

သူ ခဏတာ တွေးတောလိုက်ပြီးနောက် အလျင်အမြန် ပြောဆိုလိုက်သည် "အင်း... လေယာဉ်က လောလောဆယ် ပြုပြင်ထိန်းသိမ်းမှု လုပ်နေတယ်... ဒါကြောင့် ပြီးမပြီး သိရအောင် ဖုန်းခေါ်ပြီး စစ်ဆေးကြည့်လိုက်ဦးမယ်..."

စကားပြောနေရင်း သူသည် ဖုန်းခေါ်ဆိုရန် လျှောက်သွားလေ၏။

ထိုကိုယ်ပိုင်လေယာဉ်အကြောင်းကို ဒုတိယမန်နေဂျာ သိထားပေသည်။

ရုံးချုပ်၏ ဥက္ကဋ္ဌက ယွမ် သန်း ၃၀၀ အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က ဥက္ကဋ္ဌက အရေးကြီး ပုဂ္ဂိုလ်အတွက် ထိုလေယာဉ်ကို လက်ဆောင်ပေးလိုက်သည်ဟု သူ ကြားထားခဲ့၏။ ကြားရသလောက် ထိုသူက ကုမ္ပဏီရဲ့ ရှယ်ယာရှင်အသစ်တောင် ဖြစ်နေပုံပဲ။

ရှယ်ယာ ၁၅ ရာခိုင်နှုန်းတောင်လေ…

ဘာပဲဖြစ်ဖြစ် ဒုတိယမန်နေဂျာသည် ပြည်နယ်မြို့တော်ရုံးခွဲတွင် အဆင့်မြင့် အမှုဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

အဆက်အသွယ်အချို့မှတစ်ဆင့် ဆယ်မိနစ်အကြာတွင် ထိုရှယ်ယာရှင်၏ အမည်မှာ မစ္စတာချန် ဖြစ်ကြောင်း သူ နောက်ဆုံးတွင် သိရှိသွားခဲ့၏။

ထိုလူ၏ ဖုန်းနံပါတ်ကိုပင် သူ ရယူနိုင်ခဲ့သေးသည်။

‘ငါတို့အားလုံးက ကုမ္ပဏီတစ်ခုတည်းကပဲ... ဥက္ကဋ္ဌချန်က အသုံးပြုဖို့အတွက် ငါ့ကို ငှားပေးသင့်ပါတယ်…’

ဒုတိယမန်နေဂျာမှာလည်း ဘာအကြံအစည်မှ မရှိခဲ့ချေ။

သူသည် ထိုမစ္စတာချန်နှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသလို သူက မည်သို့သော စရိုက်လက္ခဏာရှိကြောင်းကိုလည်း တကယ် မသိခဲ့ပေ။

ရွှီချင်းချန်ကို ဆွဲဆောင်ဖို့အတွက် စမ်းကြည့်ရမှာပဲ...

သူသည် ဤဖုန်းနံပါတ်ကို ရရှိရန် အလွန် ကြိုးစားအားထုတ်ခဲ့ရပြီး ယင်းကို လျှို့ဝှက်ထားရန် လိုအပ်ကာ အရမ်းကာရော ပေါက်ကြားခွင့်မပြုနိုင်ချေ။

သူ စကားလုံးများကို စုစည်းကာ လသာဆောင်ပေါ်သို့ ထွက်သွားလိုက်၏။

ဖုန်းခေါ်ဆိုလိုက်သည့် အခိုက်အတန့်မှာပင် ဆိုဖာပေါ်တွင် ထိုင်နေသော ချန်ဖုန်း၏ ဖုန်းမြည်လာခဲ့ပေသည်။

ချန်ဖုန်းက စပီကာခလုတ်ကို တိုက်ရိုက် နှိပ်လိုက်၏။ ရင်းနှီးနေသော အသံတစ်ခု ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

"ဟလို... မစ္စတာချန်... ကျွန်တော်က ပြည်နယ်မြို့တော်ရုံးခွဲရဲ့ ဒုတိယမန်နေဂျာ ပါ... အခြေအနေကတော့ ဒီလိုပါ... ကျွန်တော့်အမေက ကင်ဆာရောဂါနဲ့ ဆုံးပါးတော့မှာမို့လို့ပါ..."

"သူက တစ်သက်လုံး ကိုယ်ပိုင်လေယာဉ် မစီးဖူးသေးဘူးလေ... ဒါကြောင့် သူ မသေခင် အဲဒီဆန္ဒလေးကို ဖြည့်ဆည်းပေးချင်လို့ပါ..."

"မစ္စတာချန်... ကျွန်တော့်ကို ကိုယ်ပိုင်လေယာဉ် တစ်ရက်လောက် ငှားပေးလို့ ရမလား..."

"စိတ်မပူပါနဲ့... ဘယ်လောက်လိုလဲဆိုတာသာ ပြောပါ... ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး..."

"..."

ဧည့်ခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။

ဒုတိယအဒေါ်သည် ချန်ဖုန်း၏ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လသာဆောင်ပေါ်တွင် ခါးကိုင်းကာ ဖုန်းပြောနေသော ဒုတိယမန်နေဂျာကို ကြည့်လိုက်သည်။ သူမ တစ်ခုခုကို ရုတ်တရက် နားလည်သွားပုံရပေ၏။

ရွှီချင်းချန်နှင့် ရှောင်ယွီဟယ်တို့၏ မျက်နှာအမူအရာမှာလည်း ထူးဆန်းနေပြီး ၎င်းတို့ ရုတ်တရက် နားလည်သွားသည့်အလား ဖြစ်နေပေသည်။

‘မင်းမှာ ကိုယ်ပိုင်လေယာဉ် ရှိတယ် ဟုတ်လား...ဟက်...အဲဒါက နောက်ပြောင်မှုတစ်ခုသက်သက်ပဲ...

မင်းအမေက ကင်ဆာဖြစ်နေတာလား...

သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဟုတ်လား...

ဟက်... အဲဒါလည်း လိမ်နေတာပဲ…’

All Chapters