← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇) ချန်ဖုန်း၏ ဒေါသအမှတ်

ချန်ဖုန်းသည် ပြည်နယ်မြို့တော်တွင် တစ်ပတ်ခန့် နေထိုင်ခဲ့ပြီး ရုပ်ရှင်ကုမ္ပဏီ၏ ကနဦး စီစဉ်မှုများ အားလုံးနီးပါး ပြီးစီးသွားခဲ့ပေပြီ။

ရုံးခန်းမှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၏ ဆယ့်ရှစ်ထပ်တွင် တည်ရှိသည်။

နောက်တစ်ဆင့်က ဝန်ထမ်းခေါ်ယူဖို့ပဲ...

ပြီးရင်တော့ အနုပညာရှင်တွေကို စာချုပ်ချုပ်ဖို့ပဲ...တကယ်တော့ ချန်ဖုန်းကိုယ်တိုင် နားမလည်သော အရာများစွာ ရှိသဖြင့် ၎င်းတို့ကို ရွှီချင်းချန်ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်၏။

အကယ်၍ အဆင်မပြေပါက ရွှီချင်းချန်အား ကုမ္ပဏီကို မည်သို့ စီမံခန့်ခွဲရမည်ကို သင်ကြားပေးရန် ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦးကို ငှားရမ်းနိုင်ပေသည်။

သူ ပေ့ဟူသို့ ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် ကျန်းထျန်ရှန်း ဖုန်းခေါ်လာခဲ့သည်။

"ရှောင်ချန်... စစ်သေနာပတိ ဒုက္ခရောက်နေပြီ..."

ကျန်းထျန်ရှန်း၏ လေသံမှာ အရေးကြီးနေခဲ့၏။

ရှန်ကွမ်ယွဲ့ တစ်ယောက် ကြီးမားသော ပြဿနာတစ်ခုခု ဖြစ်သွားကြောင်း ရှင်းလင်းနေပေသည်။

"သူမ သေသွားပြီလား..."

ချန်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

ယခင် ကြိုတင်ခန့်မှန်းဗီဒီယိုထဲတွင် စစ်မြေပြင်၌ နာတာရှည်ရောဂါ ပြန်လည်ဖြစ်ပွားမှုကြောင့် ရှန်ကွမ်ယွဲ့သည် ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေ၏။

တကယ်လို့ ကျန်းထျန်ရှန်းနဲ့ တခြားသူတွေက ဒီကိစ္စကို အလေးအနက်ထားခဲ့မယ်ဆိုရင်

ဒီအရာကို ပြောင်းလဲဖို့ ဖြစ်နိုင်သင့်တယ်လေ။

"မ... မသေသေးပါဘူး..."

ကျန်းထျန်ရှန်း၏ ပါးစပ် တွန့်ကွေးသွားပြီး သူက အလျင်အမြန် ပြောလိုက်သည်။ "ပြီးခဲ့တဲ့အကြိမ်က မင်းပြောခဲ့တာကို ငါ အလေးအနက်ထားပြီး သူ့လုံခြုံရေးကို ကာကွယ်ဖို့ လူတွေကို သီးသန့် လွှတ်ထားခဲ့တယ်..."

"ဒီတစ်ကြိမ်တော့ မင်းရဲ့ သတိပေးချက်ကြောင့် သူမ စစ်မြေပြင်ကနေ အသက်ရှင်ရက် လွတ်မြောက်လာခဲ့တယ်..."

"ဒါပေမဲ့...အခု သူမရဲ့ အခြေအနေက ပိုဆိုးလာပြီး သတိလစ်နေပြီ..."

"အခု နယ်စပ်က အုပ်ချုပ်မယ့်သူ မရှိတော့ဘူး...ရန်သူတွေသာ သိသွားရင် စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံး ပြီးဆုံးသွားလိမ့်မယ်..."

ထိုအချိန်မှသာ ချန်ဖုန်း သက်ပြင်းတစ်ချက် ချနိုင်ခဲ့တော့သည်။ လွန်ခဲ့သော အကြိမ်က ရှန်ကွမ်ယွဲ့ကို သူ အဝေးမှသာ တစ်ချက်ကြည့်ခဲ့ရပြီး သူမ မည်သည့်ရောဂါ ခံစားနေရကြောင်း မသိခဲ့ချေ။ အခု ကြည့်ရတာ

တကယ်ကို တော်တော်လေး စိုးရိမ်ရပုံပဲ။

"ဝန်ကြီးကျန်း... တကယ်လို့ တောင်းဆိုစရာ ရှိရင်သာ ပြောပါ... ကျွန်တော် ကူညီနိုင်ရင် အစွမ်းကုန် ကူညီပေးပါ့မယ်..." ဘာပဲဖြစ်ဖြစ် သူက ဟွာနိုင်ငံမှာ နေထိုင်တာလေ အကယ်၍ နယ်စပ်တွင် ပြဿနာဖြစ်ပွားပါက ဟွာနိုင်ငံတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားပေလိမ့်မည်။

ကျန်းထျန်ရှန်း ဝမ်းသာသွားခဲ့၏။

ဖုန်းမခေါ်မီက ချန်ဖုန်းသည် သူ၏ တောင်းဆိုချက်ကို ငြင်းပယ်မည်ဟု သူ စိုးရိမ်နေခဲ့သော်လည်း ယခုမူ သူ တွေးလွန်နေခဲ့ခြင်းဖြစ်ပုံရပေသည်။ယ

လေးနက်သော မျက်နှာအမူအရာဖြင့် ကျန်းထျန်ရှန်း က ပြောလိုက်သည်။ "ချန်ဖုန်း... မင်းရဲ့ စွမ်းရည်တွေက ပြိုင်ဘက်ကင်းပြီး ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အများစုထက် အများကြီး ပိုသန်မာတယ်ဆိုတာ ငါ သိပါတယ်... မင်းက စစ်သေနာပတိကို ကျော်ဖြတ်နိုင်မနိုင် ဆိုတာကိုတော့ ငါလည်း မသိဘူး..."

"မင်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာကို ငါ မသိချင်သလို သိဖို့လည်း ဆန္ဒမရှိပါဘူး..."

"အဲဒါတွေကို လျှို့ဝှက်ထားပေးဖို့တောင် ငါ ကူညီနိုင်ပါတယ်..."

ချန်ဖုန်း လန့်ဖြတ်သွားခဲ့၏။

တစ်ဖက်လူက သူ့ကို သံသယဝင်နေဆဲဖြစ်ပုံရသည်။

"ဝန်ကြီးကျန်း... ခင်ဗျားက ဘာကို..."

"ချန်ဖုန်း... ငါပြောတာကို အရင် နားထောင်ပါ..."

ကျန်းထျန်ရှန်းက ရိုးသားစွာ ပြောဆိုလိုက်သည် "လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိပါတယ်... မင်းရဲ့ လျှို့ဝှက်ချက်တွေကို ငါ မမေးဘဲ နေနိုင်ပါတယ်... ဒါပေမဲ့ ငါ့မှာ မင်းအတွက် တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်..."

"မင်း နယ်စပ်ကို သွားပြီး အခြေအနေကို တည်ငြိမ်အောင် ကူညီပေးဖို့ ငါ မျှော်လင့်ပါတယ်..."

"သုံးရက်ပါပဲ... သုံးရက်ကြာရင် မင်းက ဟွာနိုင်ငံရဲ့ သူရဲကောင်းကြီး ဖြစ်လာလိမ့်မယ်..."

"နယ်စပ် ဟုတ်လား..."

တစ်နေ့နေ့မှာ သူ နယ်စပ်ကို သွားရလိမ့်မယ်လို့ ချန်ဖုန်း တစ်ခါမှ မတွေးခဲ့ဖူးချေ။ မဟုတ်ဘူး...ဒါ မှားနေတယ်...လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီအကြောင်း သူ

အိမ်မက်မက်ခဲ့သေးတယ် ထင်တယ်...

ကျစ်...အိမ်မက်က တကယ် ဖြစ်လာတာလား…

"ဘယ်တော့ ထွက်ခွာမှာလဲ..."

"ရဟတ်ယာဉ်က မင်းဆီကို လာနေပါပြီ... မိနစ်နှစ်ဆယ်အတွင်း ရောက်ပါလိမ့်မယ်... ဒါ့အပြင် ဒီမှာ ခိုးဝင်နေတဲ့ ရန်သူနိုင်ငံရဲ့ ကျွမ်းကျင်သူတွေကို သတိထားပါ... သူတို့က လှုပ်ရှားလာနိုင်တယ်..."

"နားလည်ပြီ..."

ချန်ဖုန်း ဖုန်းချလိုက်၏။

နယ်စပ်ကို ရောက်တာနဲ့ ရှန်ကွမ်ယွဲ့ရဲ့ အခြေအနေကို သွားစစ်ဆေးကြည့်နိုင်လောက်တယ်လို့ သူ တွေးလိုက်သည်။ သူကိုယ်တိုင် တတ်ကျွမ်းထားသော ယင်ယန် အပ်ကိုးချောင်း က သူမ၏ ရောဂါအတွက် အထောက်အကူ ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေ၏။

လာမည့် ရက်များတွင်…

ကျန်းထျန်ရှန်းထံမှ မက်ဆေ့ခ်ျတစ်ခုကိုလည်း သူ လက်ခံရရှိခဲ့ပြီး ယင်းက နယ်စပ်ရှိ အထွေထွေ အခြေအနေကို မှတ်တမ်းတင်ထားပေသည်။

သူ၏တာဝန်မှာ အခြေအနေကို တည်ငြိမ်အောင် လုပ်ရန်နှင့် ရန်သူများ၏ အလစ်အငိုက် တိုက်ခိုက်မှုများကို ကာကွယ်ရန်သာ ဖြစ်၏။

"ဟင်..."

ထိုအချိန်၌ သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခုက ချန်ဖုန်း၏ မျက်နှာပေါ်တွင် ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

ထို့နောက် သူက တိတ်တဆိတ် ရွတ်ဆိုလိုက်၏။

"အားဖြည့်စွမ်းရည်..."

[ ပိုင်ရှင်၏ ခွန်အား အားဖြည့်မှု ၁၂၀၀ ရာခိုင်နှုန်း၊ သာမန်လူ ၁၀၀ ရာခိုင်နှုန်း ]

[ ပိုင်ရှင်၏ အမြန်နှုန်း အားဖြည့်မှု ၁၀၀၀ ရာခိုင်နှုန်း၊ သာမန်လူ ၁၀၀ ရာခိုင်နှုန်း ]

[ ပိုင်ရှင်၏ တိုက်ခိုက်မှုခံနိုင်ရည် အားဖြည့်မှု ၁၂၀၀ ရာခိုင်နှုန်း၊ သာမန်လူ ၁၀၀ ရာခိုင်နှုန်း ]

သူ၏ ခန္ဓာကိုယ်ကို အားဖြည့်မှု မလုပ်ခဲ့သည်မှာ ရက်အတော်ကြာပြီ ဖြစ်ပေ၏။ ယခုအခါ အကျပ်အတည်း ခံစားချက်တစ်ခုကို သူ ခံစားနေရသည်။

ခန္ဓာကိုယ်ကို တိုက်ရိုက် အားဖြည့်လိုက်ပြီးနောက်

ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်သည် မှုန်ဝါးသွားပြီး အဝေးသို့ တည့်မတ်စွာ ပြေးထွက်သွားတော့၏။

လက်ရှိ သူ့အရှိန်က အရမ်းမြန်ဆန်လွန်းတယ်။ မိနစ်နှစ်ဆယ်နီးပါး ပြေးပြီးနောက် ချန်ဖုန်းသည် ဆင်ခြေဖုံးရပ်ကွက်တစ်ခုသို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့သည်။

ထိုအခိုက်အတန့်၌ လူတစ်ဒါဇင်ခန့်က သူ၏ ပတ်ဝန်းကျင်တွင် ပေါ်လာပြီး သူ့ကို ဝိုင်းရံထားကြ၏။

သူတို့သည် ကောင်းကင်ဘုရင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြပေသည်။

"ဟက်... မင်းက တကယ်ပဲ ထွက်သွားနိုင်မယ်လို့ ထင်နေတာလား..."

၎င်းတို့အထဲမှ တစ်ယောက်က လှောင်ပြောင်လိုက်သည် "ချန်ဖုန်း မဟုတ်လား... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတို့ရဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးယောက်ကို မင်း သတ်ခဲ့တယ်... ဒီနေ့တော့ ငါတို့ ဆယ်ယောက် ရှိတယ်... မင်း ဘယ်လို ဆက်သတ်မလဲဆိုတာ ကြည့်ကြတာပေါ့..."

"ရန်သူ့တပ်ဖွဲ့တွေလား..."

ချန်ဖုန်းက မျက်လုံးမှေးကာ လှောင်ပြောင်လိုက်၏။

သူ့ကို ရှင်းပစ်ရန်အတွက် ဒီရန်သူနိုင်ငံက လူတွေက အများကြီး ကြိုးစားအားထုတ်ခဲ့ကြလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူတို့က ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ကို တစ်ပြိုင်နက်တည်း လွှတ်လိုက်တာပဲ…

ချန်ဖုန်းက ပတ်ပတ်လည် တစ်ပတ်လုံးကို အကဲခတ်ကြည့်ရှုလိုက်သည်။

ဒီလူတွေ အကုန်လုံးက မျက်နှာဖုံးအမည်းတွေ တပ်ထားကြပြီး သူတို့ကိုယ်သူတို့ မဖော်ပြချင်ကြတာ ရှင်းနေပါတယ်။

ချန်ဖုန်းက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ "ငါ ထွက်ပြေးနေတယ်လို့ ဘယ်သူပြောလဲ... တကယ်လို့ ငါက မင်းတို့အားလုံးကို ဒီကို မမျှားခေါ်လာခဲ့ရင် မင်းတို့ကို တိတ်တဆိတ် ဘယ်လိုလုပ် သတ်နိုင်မှာလဲ... ငါက တော်တော်လေး အေးအေးဆေးဆေး နေတတ်တဲ့သူပါ..."

"ငါ့ရဲ့ ခွန်အားကို မြင်ဖူးတဲ့သူ အားလုံးနီးပါးက သေကုန်ကြပြီ..."

"စကားကြီးစကားကျယ်တွေ ပြောနေတာပဲ..."

ခေါင်းဆောင်ဖြစ်သူက ရယ်မောလိုက်ပြီး သူ၏အနောက်သို့ လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။ "လူကို ခေါ်လာခဲ့..."

သူ၏ အနောက်တွင် လူတစ်ယောက်က မြေပြင်ပေါ်ရှိ ဂုန်နီအိတ်ကို မတ်မတ် ထောင်လိုက်ပြီးနောက် ဖြေချလိုက်ရာ ပုံရိပ်တစ်ခုက လူတိုင်း၏ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့ပေ၏။

မိန်းမတစ်ယောက်…

ရှန်ယန်းယန်း…

ခေါင်းဆောင်ဖြစ်သူက ရယ်မောလျက် ပြောဆိုလိုက်သည် "မင်းက မိန်းမလှလေးတွေကို သဘောကျတယ်လို့ ကြားတယ်... ပေ့ဟူ ကို ငါတို့ အထူး ခရီးစဉ်တစ်ခု လုပ်ခဲ့ရတာ... ချန်ဖုန်း... မင်းကိုယ်တိုင် သေချင်သလား... ဒါမှမဟုတ် သူ့ကို သေစေချင်သလား..."

ဤအချိန်၌ ရှန်ယန်းယန်းမှာ သတိလစ်နေခဲ့၏။ ထိုသူက သူမကို ကြိုတင် ရိုက်နှိပ်ထားခဲ့ခြင်း ဖြစ်လောက်ပေသည်။

ချန်ဖုန်းသည် ရှန်ယန်းယန်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင်

ချက်ချင်း ဒေါသထွက်သွားခဲ့သည်ကို ၎င်းတို့ သိရှိပုံမရချေ။

တစ်ဖက်ရန်သူတွေ အနေနဲ့ သူ့ကို တိုက်ရိုက် လုပ်ကြံသတ်ဖြတ်မယ်ဆိုရင်တောင် သူ ဘာမှမပြောလိုပါဘူး။

‘ဒါပေမဲ့ မင်းတို့က ငါနဲ့ပက်သက်တဲ့ သူကို ဖမ်းပြီး ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ

အဲဒါက ငါ့ရဲ့ ဒေါသအမှတ်ကို လာစွဆွတာပဲ’

တစ်ဖက်လူက ဤမျှမြန်ဆန်လိမ့်မည်ဟု ချန်ဖုန်း တကယ်ကို မထင်မှတ်ထားခဲ့ပေ။

သူတို့က ရှန်ယန်းယန်းကို အမှန်တကယ် ဖမ်းဆီးသွားခဲ့ကြတာပဲ။

အေးစက်သော အလင်းတန်းတစ်ခုက သူ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့၏။ "သူ့ကို ထိရဲရင် ထိကြည့်လိုက်လေ... ဒီနေ့ မင်းတို့ သင်္ချိုင်းမရှိဘဲ သေရအောင် ငါ သေချာပေါက် လုပ်ပေးမယ်..."

"မင်းကိုယ်မင်း ဘာထင်နေလဲ..."

ခေါင်းဆောင်ဖြစ်သူက ရှန်ယန်းယန်း၏ လည်ပင်းကို ဓားမြှောင်ဖြင့် တိုက်ရိုက် ထောက်ထားကာ လှောင်ပြောင်လိုက်သည်။

"မင်းက ငါတို့နဲ့ မယှဉ်နိုင်ပေမဲ့ လုံခြုံအောင်လို့ မင်းရဲ့ လက်တစ်ဖက်ကို အရင် ဖြတ်လိုက်သင့်တယ်..."

"ဒါမှမဟုတ်ရင် ဒီမိန်းမလှလေး သွေးထွက်အောင် ငါ လုပ်လိုက်မယ်..."

စကားပြောနေစဉ်မှာပင်

ဓားမြှောင်က ရှန်ယန်းယန်း၏ အသားအရေကို တိုက်ရိုက် ဖြတ်တောက်သွားခဲ့၏။

လတ်ဆတ်သော သွေးအနည်းငယ် စီးကျလာခဲ့သည်။ ရှန်ယန်းယန်း၏ မျက်ခုံးများ ပြင်းထန်စွာ တွန့်ချိုးသွားပြီး နိုးလာချင်နေသည့်အလား ဖြစ်နေသော်လည်း သူမ မည်မျှပင် ကြိုးစားစေကာမူ နိုးမလာနိုင်ခဲ့ချေ။

"သေချင်နေတာပဲ..."

ချန်ဖုန်း ရုတ်တရက် ရှေ့သို့ ခြေလှမ်းလိုက်သည်။

အားကောင်းသော ဖိအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများသည် အမြင့်ဆုံးသို့ ဆူပွက်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာသည်။

"သတ်..."

'သတ်' ဟူသော ရိုးရှင်းသည့် စကားတစ်ခွန်းဖြင့်ပင် သူသည် ကောင်းကင်ကြီးကိုပင် နှစ်ခြမ်းခွဲတော့မည့်ပုံပေါ်နေ၏။

ထိုအသံက လူတိုင်း၏ နားထဲတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့သည်။

နောက်အခိုက်အတန့်၌ ချန်ဖုန်း၏ ပုံရိပ်သည် သူ ရပ်နေသော နေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ။

ဟင်...

ခေါင်းဆောင်ဖြစ်သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ရီသွားခဲ့၏။

သူ၏ ရင်ထဲတွင် ပြင်းထန်သော အကျပ်အတည်း ခံစားချက်တစ်ခု မြင့်တက်လာပြီး သူ၏ မျက်နှာမှာ သေလူလို ဖြူလျော်သွားတော့သည်။

"ဒုက္ခပဲ..."

သူ စကားပြော၍ မပြီးဆုံးမီမှာပင် အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုက သူ့အပေါ် ကျရောက်လာသည်ကို သူ ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ အေးခဲသွားတော့၏။

အရမ်း အားကောင်းတာပဲ...

အရှိန်အဝါ တစ်ခုတည်းကပင် သူ့ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ရန် လုံလောက်နေပေသည်။

သူက သွားများကို တင်းတင်းကြိတ်ကာ သူ၏ ခွန်အားအားလုံးကို စုစည်းပြီး ရှန်ယန်းယန်း၏ လည်ပင်းကို လှီးဖြတ်ရန် ပြင်လိုက်သည်။

ရုတ်တရက် သူ၏ လက်ကောက်ဝတ် နာကျင်သွားသည့်အခိုက် ချက်ချင်းဆိုသလိုပင်သူ၏ အနောက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ငရဲကို သွားလိုက်တော့..."

"ဘုန်း..."

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဝင်တိုက်သွားခဲ့သည်။ သူ၏ ထိတ်လန့်နေသော မျက်နှာအမူအရာဖြင့်ပင် ချန်ဖုန်းက သူ၏ လည်ပင်းကို ဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။

သူ့ကို သတ်ဖို့ တစ်ချက်တည်းပဲ…

ဒီအရာအားလုံးက အရမ်းကို မြန်ဆန်လွန်းပါတယ်။

ချန်ဖုန်း၏ လှုပ်ရှားမှုမှစ၍ တစ်ဖက်လူကို သတ်ဖြတ်သည်အထိ ငါးစက္ကန့်ပင် မကြာခဲ့ချေ။

အခြားသူများ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ရုတ်တရတ် သူတို့၏ နှလုံးသားထဲတွင် အကြောက်တရားများ ပြည့်နှက်သွားတော့၏။

All Chapters