← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) ရန်သူ့တိုက်ခိုက်မှု

ထိုလူများကို ရှင်းလင်းပြီးနောက် ချန်ဖုန်းသည် ကျန်းထျန်ရှန်းထံ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့သည်။

သူက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"ဟွာရှနိုင်ငံထဲမှာ ပုန်းအောင်းနေတဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အကုန်လုံးကို ကျွန်တော် ရှင်းလင်းလိုက်ပြီ… ကျန်တာတွေကတော့ ခင်ဗျားအလုပ်ပဲ… ပြဿနာ မရှိဘူးမလား…"

"ရှင်းလင်းပြီးပြီ ဟုတ်လား…"

ကျန်းထျန်ရှန်းမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ရပေသည်။

နှစ်များတစ်လျှောက်လုံး သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသူအားလုံးကို ရှင်းလင်းရန် ကြိုးစားနေခဲ့ခြင်း ဖြစ်၏။

သို့သော် သူတို့တွင် လူအင်အား လုံလောက်မှု မရှိခဲ့ချေ။

တိတ်ဆိတ်စွာ ရှင်းလင်းပစ်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများသည်လည်း ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်နေသောကြောင့်ပင်။

အကယ်၍ မှားယွင်းစွာ ကိုင်တွယ်မိပါက အပြစ်ကင်းစင်သော ပြည်သူများကို ထိခိုက်စေရန် အလားအလာ အလွန်များပြားလှသည်။

ယခုအခါတွင်မူ...ချန်ဖုန်းက သူ၏ ပြဿနာကို တစ်ရက်အတွင်း အမှန်တကယ်ပင် ဖြေရှင်းပေးခဲ့လေပြီ။

ချန်ဖုန်းက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။

"စိတ်မပူပါနဲ့… ကျန်တာတွေကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်… ဒီတစ်ကြိမ်တော့ တစ်နိုင်ငံလုံးကို ရန်သူ့အင်အားစုတွေ လုံးဝ ဝင်မရတဲ့ နေရာတစ်ခု ဖြစ်လာအောင် လုပ်ပစ်မယ်…"

ကျန်ရှိနေသူများမှာ အများအားဖြင့် ထောက်လှမ်းရေး ဝန်ထမ်းများသာဖြစ်ပြီး ၎င်းတို့၏ အင်အားမှာ ကြီးမားလှသည် မဟုတ်ချေ။ စစ်ဘက်ဆိုင်ရာဌာနက ဤကိစ္စကို ဖြေရှင်းနိုင်စွမ်း ရှိပေသည်။

ချန်ဖုန်းက ဆက်ပြောလိုက်၏။

"သွားကြစို့… ကျွန်တော့်ကို နယ်စပ်ဆီ ခေါ်သွားပေး…"

ချန်ဖုန်းက ပြောဆိုပြီးနောက် ရဟတ်ယာဉ်ပေါ်သို့ တက်သွားလေသည်။

…

နယ်စပ်…

ရန်သူ့စစ်စခန်းအတွင်း၌။

အမြင့်ဆုံးနေရာတွင် ထိုင်နေသော စစ်သေနာပတိ ယင်းရှား သည် အနည်းငယ် ဂနာမငြိမ် ဖြစ်နေပုံရပေ၏။ သူသည် အတွေးများထဲ နစ်မျောကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။

ထိုအချိန်၌ လက်အောက်ငယ်သားတစ်ဦးက ပြာယာခတ်လျက် ပြေးဝင်လာပြီး ပြောဆိုလိုက်၏။

"စစ်သေနာပတိ ယင်းရှား… ပြဿနာကြီး တက်နေပြီ…"

"ဘာတွေ ဒီလောက် ပြာယာခတ်နေရတာလဲ… ကောင်းကင်ကြီး ပြိုမကျသေးဘူး… ပြိုကျလာရင်တောင် ငါ ထမ်းထားပေးမယ်…"

စစ်သေနာပတိ ယင်းရှား က အေးစက်စွာ ဟောက်လိုက်သည်။

လက်အောက်ငယ်သားဖြစ်သူမှာ တွန့်ဆုတ်သွားပြီး တိုးတိတ်စွာ ပြောဆိုလိုက်၏။

"ဟွာရှနိုင်ငံထဲကို စိမ့်ဝင်သွားတဲ့ ကျွန်တော်တို့လူတွေ အကုန်လုံး သေကုန်ပြီ… ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တွေ အကုန်လုံး သေကုန်ပြီ…"

"ဘာ…"

စစ်သေနာပတိ ယင်းရှား သည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပေသည်။

သူသည် လက်အောက်ငယ်သားဖြစ်သူ၏ အင်္ကျီကော်လာကို ဖမ်းဆွဲလိုက်ပြီး စိတ်ခံစားမှုများ ထိန်းချုပ်မရဖြစ်ကာ အော်ဟစ်လိုက်၏။

"မင်း အခုလေးတင် ဘာပြောလိုက်တယ်… ခွေးကောင်… နောက်တစ်ခေါက် ထပ်ပြောစမ်း…"

"သူတို့အကုန်လုံး… အကုန်လုံး သေကုန်ပြီ… ဟွာရှနိုင်ငံထဲကို စိမ့်ဝင်သွားတဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တွေ အကုန်လုံး သေကုန်ပြီ…"

ဗုံး…

စစ်သေနာပတိ ယင်းရှား သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

အနည်းဆုံး ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်လောက် ရှိတယ်။ မရေမတွက်နိုင်သော သယံဇာတများနှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် သူ ပြုစုပျိုးထောင်ပေးခဲ့သူများသည် တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ကြလေပြီ။

ပြီးတော့ လူနှစ်ဆယ်က တစ်ပြိုင်နက်တည်း သေဆုံးသွားတာတဲ့လား။ သူသည် မုန်တိုင်းများစွာကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း ဤကဲ့သို့သော ထိုးနှက်ချက်မျိုးကိုမူ မခံနိုင်တော့ချေ။ ဘာပဲဖြစ်ဖြစ်လေ

ယခင်က ကြီးမားသော

တိုက်ပွဲကြီးများတွင်ပင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ များ ဤမျှလောက် အများအပြား မသေဆုံးခဲ့ဖူးချေ။

"ကြည့်ရတာ ဟွာရှနိုင်ငံကို ငါတို့ အထင်သေးလွန်းမိပြီတူတယ်…"

စစ်သေနာပတိ ယင်းရှား ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး လှောင်ပြောင်လိုက်၏။

"အမိန့်ပေးလိုက်… လူအကုန်လုံးကို စုဝေးစေ… ကြယ်ငါးပွင့်အဆင့်နဲ့ အထက် ကျွမ်းကျင်သူ အကုန်လုံး စုဝေးစေ… တိုက်ပွဲအတွက် ပြင်ဆင်ထားကြ…"

"စစ်သေနာပတိ…"

လက်အောက်ငယ်သားမှာ လန့်ဖြတ်သွားခဲ့သည်။

စစ်သေနာပတိ ယင်းရှား က အေးစက်စွာ ဟောက်လိုက်၏။

"သူတို့ကို ဟွာရှနိုင်ငံက စူပါကျွမ်းကျင်သူ တစ်ယောက်က သတ်လိုက်တာ ဖြစ်ရမယ်… ပြိုင်ဘက်က အရမ်း အစွမ်းထက်တယ်… သူ နယ်စပ်ကို မရောက်ခင် ငါတို့ ဟွာရှနိုင်ငံရဲ့ စစ်သေနာပတိကို အမြန်ဆုံး ရှင်းပစ်ရမယ်…"

“အဲဒီမိန်းမ ဘာဉာဏ်နီဉာဏ်နက်တွေ သုံးနေလဲဆိုတာ ငါတို့ အခု ဂရုစိုက်နေလို့ မရဘူး အန္တရာယ်ရှိရင်တောင် ငါတို့ လှုပ်ရှားရမယ်…အကယ်၍များ သူမ ပြန်လည်ကောင်းမွန်လာတာနဲ့ ငါတို့ အရေးနိမ့်သွားလိမ့်မယ်…"

"နားလည်ပါပြီ…"

လက်အောက်ငယ်သားက အလျင်အမြန် စီစဉ်မှုများ ပြုလုပ်လိုက်သည်။

မကြာမီမှာပင် လူရာပေါင်းများစွာ လျင်မြန်စွာ စုဝေးရောက်ရှိလာကြ၏။

စစ်သေနာပတိ ယင်းရှား သည် စစ်မြေပြင်မှ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ များအားလုံးကို ခေါ်ဆောင်လာခဲ့ပြီး ထိပ်တန်း ကြယ်ငါးပွင့်အဆင့် ကျွမ်းကျင်သူများကိုသာ ရွေးချယ်ခဲ့သည်။

တိတိကျကျ လူတစ်ရာပင် ဖြစ်လေ၏။

သူ၏ ရည်ရွယ်ချက်မှာ အဖွဲ့ငယ်ငါးဖွဲ့ ခွဲကာ ဟွာရှစစ်စခန်းကို တိုက်ရိုက် ဝင်ရောက်စီးနင်းရန် ဖြစ်သည်။

အကယ်၍ လူများလွန်းပါက ၎င်းတို့၏ လှုပ်ရှားမှုများတွင် ပျော့ပြောင်းမှု နည်းပါးသွားမည် ဖြစ်ပေ၏။

စစ်သေနာပတိ ယင်းရှား သည် ရှေ့ရှိ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်လာကာ ပြောဆိုလိုက်သည်။

"သွားကြစို့… ဒီနေ့တိုက်ပွဲမှာ ဟွာရှရဲ့ စစ်သေနာပတိကို သေချာပေါက် သတ်ရမယ်…"

"စစ်သေနာပတိကို သတ်…"

"စစ်သေနာပတိကို သတ်…"

…

ဟွာရှစစ်စခန်း။

တပ်မှူး ယွင်ကျဲ့ သည် ဆေးရုံကုတင်ပေါ်ရှိ ရှန်ကွမ်ယွဲ့အား တစ်ချက်ကြည့်လိုက်ပြီး သူ၏ စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာခဲ့ပေ၏။

တစ်ခုခု ဖြစ်တော့မည်ဟု သူကြိုတင် ခံစားနေရသည်။

နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ သူက မေးမြန်းလိုက်၏။

"ဟွမ်ဇီ… ဝန်ကြီးကျန်း ဆီက အခြေအနေ ဘယ်လိုလဲ… ဆရာဝန် ဘယ်တော့ ရောက်မှာလဲ…"

"လမ်းမှာ ရောက်နေပါပြီ…"

ဟွမ်ဇီ က ကျန်းထျန်ရှန်းထံ အခုလေးတင် ဖုန်းဆက်ထားခြင်း ဖြစ်ပေသည်။

ထူးဆန်းသော မျက်နှာအမူအရာဖြင့် သူက ဆက်ပြောဆိုလိုက်၏။

"ဝန်ကြီးကျန်း က တရုတ်တိုင်းရင်းဆေးနဲ့ အနောက်တိုင်းဆေးပညာ နှစ်ခုစလုံးက ထိပ်တန်းကျွမ်းကျင်သူတွေကို ခေါ်လာခဲ့တယ်… ဒါပေမဲ့ လမ်းမှာ မထင်မှတ်ထားတဲ့ ကိစ္စတချို့ ဖြစ်သွားတယ်… ရန်သူတစ်ယောက်က ဒီဆရာဝန်တွေကို သတ်ချင်နေတာ…"

နောက်ပိုင်းတွင် ၎င်းတို့အားလုံး ရှင်းလင်းခံလိုက်ရပြီး ရန်သူ့နိုင်ငံ၏ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ များ အားလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရပေသည်။

အနည်းဆုံး လူနှစ်ဆယ်ခန့် သေဆုံးသွားခဲ့လေပြီ။

"ဟင်…"

တပ်မှူး ယွင်ကျဲ့ အံ့အားသင့်သွားခဲ့၏။

ဟွာရှနိုင်ငံတွင် ကျွမ်းကျင်သူ အများအပြား ကျန်ရှိနေတော့မည် မဟုတ်ရာ ၎င်းတို့က ရန်သူကို ဤမျှ လျင်မြန်စွာ မည်သို့ အနိုင်ယူနိုင်ခဲ့သနည်း။

ဟွမ်ဇီ က ဆက်လက်ပြောဆိုလိုက်သည်။

"ချန်ဖုန်း လေ… သူ တစ်ယောက်တည်း အကုန်လုံးကို သတ်လိုက်တာ… တစ်ချက်တည်းနဲ့ သေစေလောက်တဲ့ တိုက်ခိုက်မှုတွေချည်းပဲ…"

ရှူး...

တပ်မှူး ယွင်ကျဲ့ သက်ပြင်းချလိုက်၏။

ယခင်က သူသည် ချန်ဖုန်းအား အသိအမှတ် မပြုခဲ့ချေ။

ယခင် ကောလာဟလများသည် အနည်းငယ် ချဲ့ကားထားသည်ဟု သူ ယုံကြည်ခဲ့သည်။ ဒါပေမဲ့ အခုတော့…

သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အနည်းငယ် ပြိုလဲသွားပြီ။

‘နယ်စပ်ကို တစ်ဖက်လူ ရောက်လာတာက စစ်သေနာပတိ တာဝန်ယူဖို့ တကယ်ပဲ ကူညီပေးနိုင်လိမ့်မယ်’

တပ်မှူး ယွင်ကျဲ့က တွေးတောလိုက်၏။

"သိပြီ…"

တပ်မှူး ယွင်ကျဲ့က ခေါင်းညိတ်လိုက်ပြီး ထပ်မံပြောဆိုလိုက်သည်။

"စစ်တေနာပတိ ယင်းရှား ကို သေချာ စောင့်ကြည့်ထား… စစ်သေနာပတိ သတိမေ့နေတဲ့ သတင်းကို အကြာကြီး ဖုံးကွယ်ထားလို့ မရဘူး… သူတို့ လှုပ်ရှားတာနဲ့ ငါတို့ကို ချက်ချင်း အကြောင်းကြား…"

"စစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင်တွေက ဟိုဘက်မှာ ဘာလှုပ်ရှားမှုမှ မရှိဘူးလို့ အခုလေးတင် သတင်းပို့ထားတယ်…"

ဟွမ်ဇီက ဖြေကြားလိုက်၏။

မည်သည့်လှုပ်ရှားမှုမျှ မရှိသော်လည်း တပ်မှူး ယွင်ကျဲ့ သည် အနည်းငယ် ဂနာမငြိမ် ဖြစ်နေဆဲပင်။

သူက အံကြိတ်ကာ ပြောဆိုလိုက်သည်။

"ဟွမ်ဇီ… မင်း ဒီမှာနေပြီး စစ်သေနာပတိကို စောင့်ရှောက်ထား… ငါ ရှေ့တန်းကို သွားပြီး တပ်မှူး ယင်းရှား ဒီတစ်ခါရော အသာတကြည် နေမလားဆိုတာ သွားကြည့်လိုက်ဦးမယ် သူက အခွင့်အရေးရတာနဲ့ အဆိပ်ပြင်းမြွေတစ်ကောင်လို ငါတို့ကို တွယ်ကပ်လာလိမ့်မယ်…

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ…"

ဟွမ်ဇီ မှာလည်း စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ပြောဆိုလိုက်၏။

"ချန်ဖုန်း ဒီကိုရောက်ဖို့ အနည်းဆုံး မိနစ်နှစ်ဆယ်လောက် ကြာဦးမယ်…"

၎င်းတို့ စကားပြောနေစဉ်မှာပင်။

သူသည် ကုတင်ပေါ်ရှိ ရှန်ကွမ်ယွဲ့အား နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"စစ်သေနာပတိကို အခုပဲ နေရာရွှေ့ပြောင်းပြီး ဟွာရှနိုင်ငံကို ပြန်ပို့လိုက်ရမလား…"

"မလုပ်နဲ့…"

တပ်မှူး ယွင်ကျဲ့ က ခေါင်းခါလိုက်၏။

"မင်းရဲ့ အင်အားက အရမ်း အားနည်းလွန်းတယ်… လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရရင် စစ်သေနာပတိရဲ့ အသက်အန္တရာယ် တကယ်ကို ကျရောက်သွားလိမ့်မယ်…"

"စိတ်မပူပါနဲ့… နယ်စပ်ပြင်ပ စစ်မြေပြင် ကို ဆက်သွယ်ဖို့ လူတစ်ယောက် လွှတ်ထားပြီးပြီ… အစ်ကိုချင်းလုံ အမြန်ပြန်ရောက်လာဖို့ မျှော်လင့်ရတာပဲ…"

"ချင်းလုံ တဲ့လား…"

ဟွမ်ဇီ ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားလေ၏။

ချင်းလုံ ကဲ့သို့သော လူများသည် နယ်စပ်ပြင်ပ စစ်မြေပြင် တွင် တစ်နှစ်ပတ်လုံး တပ်စွဲထားကြပြီး ၎င်းတို့၏ စွမ်းအားမှာ ကောင်းကင်ဘုရင်အဆင့် ထက်ပင် သာလွန်နေပေသည်။ စစ်သေနာပတိမှလွဲ၍ စစ်ဘက်ဆိုင်ရာဌာန တွင် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်သူ မည်သူမျှ မရှိလောက်ချေ။

တပ်မှူး ယင်းရှား ကို ခုခံနိုင်ကောင်း ခုခံနိုင်လိမ့်မည်။

တပ်မှူး ယွင်ကျဲ့ က ထပ်မံ စကားမပြောတော့ချေ။

ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် သူသည် အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားကာ လူတစ်စုကို ဦးဆောင်၍ နယ်စပ်တစ်ဝိုက်တွင် ကင်းလှည့်လေသည်။

သူသည် စစ်စခန်းမှ အလွန်ဝေးကွာသော နေရာသို့ မသွားရဲချေ။

စစ်စခန်းတွင် တစ်ခုခုဖြစ်မည်ကို စိုးရိမ်သဖြင့် သူ အချိန်မီ ပြန်မရောက်နိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွား၏။

ထိုအချိန်၌။

တပ်မှူး ယွင်ကျဲ့ ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားလေသည်။

အဝေးမှနေ၍ ၎င်းတို့ဆီသို့ ပြေးဝင်လာသော အဖွဲ့ငါးဖွဲ့ကို မြင်တွေ့လိုက်ရပေ၏။

၎င်းတို့သည် အလွန် လျင်မြန်ကြပြီး ၎င်းတို့တစ်ဦးစီမှာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

"ရန်သူ့တိုက်ခိုက်မှု… ရန်သူ့တိုက်ခိုက်မှု…"

တပ်မှူး ယွင်ကျဲ့ က ဟောက်လိုက်၏။

"သူတို့ကို လက်နက်ကြီးတွေနဲ့ ချက်ချင်း နှိမ်နင်းလိုက်… အနားကပ်မခံနဲ့…"

သူ အလွန်အမင်း အံ့အားသင့်သွားခဲ့ရပေသည်။

တကယ်ကြီးပဲ…စစ်သေနာပတိ ယင်ရှား က သူတို့ကို သတ်ဖို့ တကယ်ကြီး ရောက်လာတာပဲ။

လူတိုင်း ချက်ချင်း လှုပ်ရှားလိုက်ကြ၏။

စစ်သေနာပတိကို ကာကွယ်နေသော တစ်စိတ်တစ်ပိုင်းမှလွဲ၍ စစ်ဘက်ဆိုင်ရာဌာန ၏ အဖွဲ့ဝင်အားလုံး တိုက်ပွဲဝင်ကြလေသည်။

စစ်ပွဲတွင် ပါဝင်နေသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော် ရှိနေပေ၏။

"ဟက်ဟက်… မင်းတို့ တားနိုင်မယ် ထင်နေတာလား…"

တပ်မှူး ယင်းရှား ၏ မျက်နှာတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူသည် ရန်သူ့နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ၏ ခွန်အားမှာ ကြီးမားလှသည့်အပြင် သူ့တွင် ကျည်ကာအင်္ကျီလည်း ရှိနေပြီးသား ဖြစ်ပေ၏။ ကျည်ဆန်များက သူ့ကို လုံးဝ မထိခိုက်စေနိုင်ချေ။

၎င်းတို့သည် ပိတ်ဆို့မှုများကို လျင်မြန်စွာ ဖောက်ထွက်သွားကြသည်။

သူသည် တပ်မှူး ယွင်ကျဲ့ ထံသို့ တိုက်ရိုက် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ပြောဆိုလိုက်၏။

"မင်းတို့ စစ်သေနာပတိကို ဘယ်နေရာမှာမှ မတွေ့ရပါလား… သူမ ကျန်းမာရေး တကယ် ဆိုးရွားနေပုံရတယ်… ဒီနေ့ ငါ ကောင်းမှုတစ်ခု လုပ်ပြီး သူမကို အလွယ်တကူ သွားခွင့်ပြုလိုက်မယ်…"

All Chapters