← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) အချိန်မီ ရောက်ရှိလာပြီး အံ့မခန်း ဝင်ရောက်လာခြင်း

ဘန်း...

တပ်မှူး ယွင်ကျဲ့ သည် ဟန်ချက်မထိန်းနိုင်မီ နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားခဲ့ရသည်။

သူ၏ လက်မောင်းမှာ ထုံကျင်သွားပြီး သူ၏ သွေးများမှာ ထိန်းချုပ်မရအောင် ဆူပွက်နေခဲ့ပေ၏။

ပြိုင်ဘက်၏ ခွန်အားမှာ အလွန် အစွမ်းထက်လှသည်။

"ဟင်…"

စစ်သေနာပတိ ယင်းရှား မှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ထိုလက်သီးချက်တွင် သူ အစွမ်းကုန် အသုံးပြုခဲ့တာတောင် ပြိုင်ဘက်က မသေဘူးပဲ တစ်ဖက်လူက ကောင်းကင်ဘုရင်အဆင့် ရဲ့ ထိပ်တန်း တိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက် ဖြစ်ပုံရတယ်။

သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။

သူသည် တပ်မှူး ယွင်ကျဲ့ ၏ ရင်ဘတ်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်၏။

အွတ်…

ဤတစ်ကြိမ်တွင် တပ်မှူး ယွင်ကျဲ့ တွင် ရှောင်လွှဲရန် နည်းလမ်း မရှိတော့ချေ။

သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

"တပ်မှူးယွင်…"

အခြားသူများ၏ မျက်နှာအမူအရာများ အလွန်အမင်း ပြောင်းလဲသွားကြပေ၏။

၎င်းတို့အနက် တပ်မှူး ယွင်ကျဲ့ သာလျှင် အစွမ်းအထက်ဆုံး ဖြစ်သည်။ တပ်မှူး ယွင်ကျဲ့ ပင်လျှင် စစ်သေနာပတိ ယင်းရှား ၏ တိုက်ခိုက်မှုကို မခံနိုင်ပါက စစ်ဘက်ဆိုင်ရာဌာန တွင် အခြားမည်သူက ၎င်းတို့ကို တားဆီးနိုင်မည်နည်း။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အများအပြားက လာရောက်ကူညီလိုကြသော်လည်း စစ်သေနာပတိ ယင်းရှား ၏ လူများက ပိတ်ဆို့ထားကြလေ၏။ ဤတစ်ကြိမ်တွင် စစ်သေနာပတိ ယင်းရှား သည် အလွန် ကျွမ်းကျင်သူ လူတစ်စုကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။

ငါးမိနစ်ပင် မပြည့်မီအချိန်အတွင်း ၎င်းတို့သည် တားဆီးထားသော လက်နက်ကြီး ပစ်ခတ်မှုများကို ဖောက်ထွက်သွားခဲ့ကြသည်။

ထို့နောက် နှစ်ဖက်စလုံး တရားဝင် အနီးကပ် တိုက်ပွဲများ စတင်ခဲ့ကြတော့၏။

ဗုံး...

နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။

တပ်မှူး ယွင်ကျဲ့ ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်သွားပြီး နောက်ကွယ်ရှိ သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်ကာ သစ်ပင်ကို နှစ်ပိုင်းကျိုးသွားစေခဲ့သည်။ သူ၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေခဲ့ပေ၏။

သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း

တပ်မှူး ယင်းရှား ၏ တိုက်ခိုက်မှုကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။

"ဟင်း… ကိုယ့်အင်အားကို ကိုယ်မသိတဲ့ကောင်တွေ…"

တပ်မှူး ယင်းရှား ၏ မျက်နှာတွင် ရွံရှာဖွယ် အမူအရာတစ်ခု ပေါ်လာခဲ့၏။

‘ကြည့်ရတာ တစ်နိုင်ငံလုံးမှာ စစ်သေနာပတိ တစ်ယောက်တည်းပဲ ငါ့ကို ယှဉ်နိုင်ပုံရတယ် ကျန်တဲ့လူတွေကတော့ အသုံးမကျတဲ့ အမှိုက်ကောင်တွေချည်းပဲ’

‘အို နေပါဦး နောက်ထပ် လူတစ်ယောက် ရှိသေးတယ် နယ်စပ်ပြင်ပ စစ်မြေပြင်က အဇူရာနန်းတော်သခင် က အတော်လေး အစွမ်းထက်တာပဲ’

စစ်သေနာပတိ ယင်းရှား သည် ဤလူကို လေးစားဆဲပင်။ သူသည် အတိတ်က ဤလူ၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ တစ်ဖက်လူကလည်း ဟွာရှလူမျိုး ဖြစ်တယ်လို့ ကြားရတယ်…

‘နှမြောစရာပဲ’

သူ၏ အတွေးများကို ခါထုတ်လိုက်၏။

သူ၏ အငွေ့အသက်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာကာ သူ၏ အသံမှာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားပြီး ပြောဆိုလိုက်သည်။

"ဒီနေ့ ငါ စစ်ဘက်ဆိုင်ရာဌာန ရဲ့ ခေါင်းဆောင်ကို သတ်မယ်… ငါ့နောက်လိုက်ပြီး စစ်သေနာပတိကို ဝင်သတ်ကြ…"

"သတ်…"

"သတ်…"

ထိုလူများသည်လည်း တိုက်ပွဲတွင် အချိန်မဆွဲကြတော့ချေ။

၎င်းတို့သည် စစ်စခန်းဆီသို့ ပြေးဝင်သွားကြလေ၏။

"သူတို့ကို တားထား… ငါတို့ရဲ့ စစ်သေနာပတိကို အသေခံ ကာကွယ်ကြ…"

တပ်မှူး ယွင်ကျဲ့ ၏ မျက်နှာအမူအရာမှာလည်း အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။

သူသည် နာကျင်မှုကို အံကြိတ်ခံကာ မတ်တတ်ရပ်လိုက်ပြီး စစ်သေနာပတိ ယင်းရှား ထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်၏။

အခြား လားရာသုံးခုမှ

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးဦးကလည်း စစ်သေနာပတိ ယင်းရှား ထံသို့ ပြေးဝင်သွားကြသည်။

သူတို့သည် အကြိမ်ကြိမ် လွင့်စင်သွားခဲ့သော်လည်း အကြိမ်ကြိမ် ပြန်ထလာခဲ့ကြပြီး အချို့မှာ လက်မောင်းများ ကျိုးနေသည့်တိုင် နောက်ဆုတ်ရန် မည်သည့်အခါမျှ မတွေးခဲ့ကြချေ။

စစ်သေနာပတိကို ကာကွယ်ရမယ်။

ဤသည်မှာ သူတို့၏ တာဝန်ဖြစ်ပြီး သူတို့၏ မစ်ရှင်လည်း ဖြစ်ပေသည်။

အချိန်တစ်လျှောက်လုံး စစ်မြေပြင်တွင် စစ်သေနာပတိကသာ သူတို့၏ လုံခြုံရေးကို အမြဲတမ်း ကာကွယ်ပေးခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့သည် စစ်သေနာပတိအတွက် တစ်ခုခု လုပ်ပေးနိုင်ပြီ ဖြစ်လေ၏။

တစ်ချိန်တည်းမှာပင်။

နယ်စပ်သို့ ပျံသန်းလာသော ရဟတ်ယာဉ်ပေါ်တွင်။

ယေဘုယျအားဖြင့် ရဟတ်ယာဉ်သည် စစ်စခန်းသို့ရောက်ရန် ခရီးတစ်ဝက်တွင် အကြမ်းခံကားတစ်စီးဖြင့် ပြောင်းလဲစီးနင်းရလေ့ ရှိပေသည်။

ဘာပဲဖြစ်ဖြစ်လေ ရဟတ်ယာဉ်တွေက ကြီးမားလွန်းပြီး လုံခြုံမှုမရှိတဲ့ ပစ်မှတ်တွေပဲ။

သို့သော် ဤတစ်ကြိမ်တွင် အချိန်က အရေးကြီးနေပေ၏။

ရဟတ်ယာဉ်သည် နယ်စပ်သို့ တိုက်ရိုက် ပျံသန်းသွားလေသည်။

ထိုအချိန်၌ ချန်ဖုန်းအပြင် ရဟတ်ယာဉ်ပေါ်တွင် စစ်ဘက်ဆိုင်ရာဌာန မှ အဖွဲ့ဝင်တစ်ဦးလည်း ပါဝင်နေ၏။

ဖုန်းလက်ခံရရှိပြီးနောက် သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။

"မစ္စတာချန်… စစ်စခန်း တိုက်ခိုက်ခံနေရပြီ ငါတို့ အဲဒီကို မြန်မြန်သွားရမယ် စစ်သေနာပတိ အန္တရာယ်ရှိနေပြီ ဒီတစ်ခါ ရန်သူ့နိုင်ငံရဲ့ ခေါင်းဆောင် စစ်သေနာပတိ ယင်းရှား ကိုယ်တိုင် ဦးဆောင်ပြီး လာတိုက်တာတဲ့ အခုချိန်မှာ စစ်စခန်းတစ်ခုလုံးမှာ စစ်သေနာပတိ ယင်းရှား ကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိဘူး…"

"စစ်သေနာပတိ ယင်းရှား တဲ့လား…"

ချန်ဖုန်း၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားပေ၏။

ဟွာရှနိုင်ငံထဲမှာ သူ့ကို လုပ်ကြံဖို့ စီစဉ်ခဲ့တဲ့လူက စစ်သေနာပတိ ယင်းရှား ပဲဖြစ်ရမယ် ‘ဒီလူကို လွှတ်ပေးထားလို့ မရဘူး သတ်ရမယ်…’

"ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ…"

ချန်ဖုန်းက မေးမြန်းလိုက်သည်။

"ငါတို့ အမြန်ဆုံး အရှိန်နဲ့ သွားနေတာတောင် ရောက်ဖို့ နောက်ထပ်ဆယ်မိနစ်လောက် ကြာဦးမယ်…"

စစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင်မှာလည်း အလွန် စိုးရိမ်နေခဲ့၏။

စစ်သေနာပတိကို တစ်ခုခုဖြစ်ခွင့် လုံးဝ ပေးလို့မရဘူး။ ချန်ဖုန်းက တပ်မှူး ယင်းရှား ကို တားဆီးနိုင်မည်၊ မတားဆီးနိုင်မည်ကို သူ မသိသော်လည်း အကူအညီ နောက်တစ်ယောက် ရှိနေခြင်းက အမြဲတမ်း ကောင်းမွန်သောအရာ ဖြစ်ပေသည်။

…

ထိုအချိန်၌ စစ်သေနာပတိ ယင်းရှား သည် သူ၏လူများကို စစ်စခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်၏။

တပ်မှူး ယွင်ကျဲ့ နှင့် အခြားသူများမှာ အင်အား မလုံလောက်ခဲ့ချေ။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ လေးငါးဦးက စစ်သေနာပတိ ယင်းရှား ကို မတားဆီးနိုင်ဘဲ အများဆုံး အချိန်ဆွဲထားရုံသာ တတ်နိုင်ကြပေသည်။

အကယ်၍ ကျွမ်းကျင်သူများအားလုံး သူ့ကို လာရောက်တားဆီးမည်ဆိုပါက စစ်သေနာပတိ ယင်းရှား ကို တားဆီးနိုင်ကောင်း တားဆီးနိုင်မည် ဖြစ်သည်။

သို့သော် စစ်သေနာပတိ ယင်းရှား သည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ပြီး မည်သူမျှ မတားဆီးနိုင်ခဲ့ချေ။

ဒါကြောင့် ဒါက လမ်းဆုံးပဲ။

တပ်မှူး ယွင်ကျဲ့ နှင့် အခြားသူများက ၎င်းတို့၏ စစ်သေနာပတိကို ကာကွယ်ရန် သေသည်အထိ တိုက်ခိုက်ခဲ့လျှင်ပင် ၎င်းတို့သည် နှစ်ဖက်ကြား ကွာဟချက်ကို အနည်းငယ်သာ လျှော့ချနိုင်ပေသည်။

ရန်သူက စစ်သေနာပတိ၏ အခန်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ တပ်မှူး ယွင်ကျဲ့ ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ပေါ်လာခဲ့၏။

သူကိုယ်တိုင်လည်း လက်တစ်ဖက် ဆုံးရှုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး တားဆီး၍ မရနိုင်တော့ချေ။

"ဟက်ဟက်… အမှိုက်ကောင်တစ်သိုက်က ငါ့ကို တားနိုင်မယ် ထင်နေတာလား… ဒီနေ့ ငါ မင်းတို့ရဲ့ စစ်သေနာပတိကို သတ်ပြီး မင်းတို့ရဲ့ အသုံးမကျတဲ့ စစ်ဘက်ဆိုင်ရာဌာန ကို အမြစ်ပြတ် ချေမှုန်းပစ်မယ်…"

တပ်မှူး ယင်းရှား သည် ယနေ့လောက် မည်သည့်အခါကမျှ မပျော်ရွှင်ခဲ့ဖူးချေ။

သူသည် ဟွာရှ စစ်ဘက်ဆိုင်ရာဌာန နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ပြီး အမြဲတမ်း အရေးနိမ့်နေခဲ့သည်။

အခုတော့ သူတို့ နောက်ဆုံး ခေါင်းမော့နိုင်ပြီ။ သူသည် စစ်စခန်းအတွင်းသို့ တစ်လှမ်းချင်း လျှောက်သွားကာ မကြာမီ အဆောက်အအုံတစ်ခုသို့ ရောက်ရှိလာခဲ့၏။

‘ငါ မမှားဘူးဆိုရင် စစ်သေနာပတိ ရှန်ကွမ်းယွဲ့က အထဲမှာ ရှိနေရမယ်’ဟု ယင်ရှားက​ တွေးလိုက်သည်။

ချီးပဲ...

တပ်မှူး ယွင်ကျဲ့ သည် သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲကာ ရှေ့သို့ တွားသွားနေခဲ့သည်။

စစ်သေနာပတိ ယင်းရှား သည် အခန်းထဲသို့ ပြေးဝင်သွားပြီး သတိလစ်နေဆဲဖြစ်သော သူတို့ စစ်သေနာပတိအား သတ်ဖြတ်လိုက်မည်ကို သူ ကြောက်ရွံ့နေမိသည်။

သူ အလွန်အမင်း စိုးရိမ်နေခဲ့သည်။

ဒါပေမဲ့ သူ ဘာမှမတတ်နိုင်ဘူး။

အကယ်၍ စစ်သေနာပတိ ယင်းရှား နှင့် အခြားသူများက သူတို့ စစ်သေနာပတိကို သတ်ရန် အလွန်အမင်း အလျင်မလိုခဲ့ပါက သူ ယခုထ် အသက်ရှင်နေမည် မဟုတ်လောက်ချေ။

သို့သော် ထိုအချိန်လေးမှာပင် ပုံရိပ်တစ်ခုက တံခါးဝတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

တစ်ဖက်လူက ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားရင်း အေးစက်စက် ပြောလိုက်၏။

"ဒီလမ်းကို ပိတ်ထားတယ်…"

ပထမဆုံး ပြေးဝင်လာသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အနည်းငယ်မှာ သူ၏ ပုဆိန်ကြီးဖြင့် ခုတ်ပိုင်းခံလိုက်ရပေသည်။

ချက်ချင်းပဲ နှစ်ပိုင်း ပြတ်သွားတာပဲ...

တကယ်တော့ ပြတ်တောက်သွားခြင်း မဟုတ်ဘဲ ထိုကြီးမားလှသော ခွန်အားကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ ကြေမွသွားခြင်း ဖြစ်ပေ၏။

"ချင်းလုံ…"

တပ်မှူး ယွင်ကျဲ့ အလွန် ဝမ်းသာသွားခဲ့သည်။ ချင်းလုံ သည် နယ်စပ်ပြင်ပ စစ်မြေပြင် မှ ပြန်လည်ရောက်ရှိနေပြီဟု သူ မထင်မှတ်ထားခဲ့ချေ။ ပြီးတော့ သူကိုယ်တိုင်တောင် မသိခဲ့ဘူး။

"ဟင်… ချင်းလုံ လား…"

စစ်သေနာပတိ ယင်းရှား သည်လည်း တစ်ဖက်လူကို ရှင်းလင်းစွာ သိရှိပုံရပေ၏။

ဤသူသည် နယ်စပ်ပြင်ပ စစ်မြေပြင် မှ ပြန်လာခဲ့ခြင်းဖြစ်ပြီး သာမန် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ထက် များစွာ အစွမ်းထက်လေသည်။

အရေးကြီးဆုံးအချက်မှာ ပြိုင်ဘက်က အလွန် ခွန်အားကြီးမားပြီး သူ၏ လက်နက်မှာလည်း အလွန် လေးလံလှပေသည်။ ချင်းလုံ သည်လည်း စစ်ဘက်ဆိုင်ရာဌာန ၏ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဆိုကြ၏။

ယခင်က ရှန်ကွမ်ယွဲ့ စစ်ဘက်ဆိုင်ရာဌာန ကို တာဝန်ယူစဉ်က ချင်းလုံ သည် အမျိုးသမီးတစ်ဦး၏ စီမံအုပ်ချုပ်မှုကို ခံရခြင်းအပေါ် အလွန် မကျေမနပ် ဖြစ်ခဲ့ပေသည်။ ပြီးတော့ သူမက ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်လေ

ထို့ကြောင့် သူ အလွန် နာကြည်းခဲ့သည်။

သို့သော် သူသည် စစ်မိန့်ကို မဖီဆန်နိုင်သောကြောင့် နယ်စပ်ပြင်ပ စစ်မြေပြင် သို့ သွားရန် စေတနာ့ဝန်ထမ်းအဖြစ် လျှောက်ထားရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။ မထင်မှတ်ဘဲ ယခုအခါ စစ်သေနာပတိ ရှန်ကွမ်းယွဲ့ အကျပ်အတည်း ကြုံနေချိန်တွင် သူက တကယ် ပြန်ရောက်လာခဲ့လေပြီ။

"သေစမ်း…"

ချင်းလုံ က အေးစက်စွာ နှာမှုတ်လိုက်၏။

သူသည် ပုဆိန်ကြီးဖြင့် စစ်သေနာပတိ ယင်းရှား ထံသို့ တိုက်ရိုက် ခုတ်ချလိုက်ရာ ဝန်းကျင်လေထုအတွင်း ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

"ဟင်း…"

စစ်သေနာပတိ ယင်းရှား ၏ မျက်နှာတွင် နောက်ဆုံးတော့ လေးနက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပေ၏။

အနည်းငယ် လေးနက်သွားသည့် အရိပ်အယောင်မျှသာ ဖြစ်သည်။

"သူက ခွန်အားကြီးရုံနဲ့ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ…"

စစ်သေနာပတိ ယင်းရှား သည် ပုဆိန်ကြီး၏ ဘေးဘက်ကို တိုက်ရိုက် လက်သီးဖြင့်ထိုးကာ လျင်မြန်စွာ ရှောင်တိမ်းရန် ထိုပြန်ကန်အားကို အသုံးပြုလိုက်၏။

သူက အေးစက်စွာ ရယ်မောလိုက်သည်။

"ချင်းလုံ ချင်းလုံ… မင်း ငါ့ကို ဘယ်လောက်ကြာကြာ အနှောင့်အယှက် ပေးနိုင်မှာလဲ မမေ့နဲ့နော်… မင်း ငါ့ကို နှောင့်နှေးအောင် လုပ်နိုင်ရင်တောင် ငါ ခေါ်လာတဲ့ လူတွေက ကိုင်တွယ်ရ လွယ်တဲ့သူတွေ မဟုတ်ဘူး…”

ချင်းလုံ သည် သူ့ကို ပုဆိန်ဖြင့် လွှဲခုတ်လိုက်၏။

တကယ်ပင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အနည်းငယ်က အဆောက်အအုံရှိ အခန်းများဆီသို့ ပြေးဝင်သွားကြသည်။ သူ၏ မျက်နှာအမူအရာမှာလည်း အလွန်အမင်း ပြောင်းလဲသွားခဲ့ပေ၏။ ၎င်းတို့ကို တားဆီးရန် သူ လှည့်လိုက်ချိန်မှာပင် ကောင်းကင်ယံမှ ရဟတ်ယာဉ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

စစ်စခန်းအထက် မီတာလေးဆယ်အကွာတွင် စစ်ဘက်ဆိုင်ရာဌာန ရဟတ်ယာဉ်တစ်စင်း ဝဲပျံနေပေ၏။ ဤအခိုက်အတန့်တွင်

စစ်ဘက်ဆိုင်ရာဌာန မှ လူတိုင်း အလွန် ဝမ်းသာသွားကြသည်။

စစ်ကူတွေ ရောက်လာပြီ…

ထိုအချိန်၌ ရဟတ်ယာဉ်ပေါ်ရှိ စစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင်က အောက်သို့ ငုံ့ကြည့်လိုက်ကြ၏။

တိုက်ပွဲ စတင်နေလေပြီ။

အောက်ဘက်တွင် သေဆုံးဒဏ်ရာရသူများ မရေမတွက်နိုင်အောင် ရှိနေပေသည်။

သူလည်း အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့၏။

ထို့နောက် သူက အလျင်အမြန် ပြောဆိုလိုက်သည်။

"မစ္စတာချန်… ခဏစောင့်ပါဦး… ကြိုးတစ်ချောင်း သွားယူလိုက်မယ်… မင်း ကြိုးနဲ့ ဆင်းသွားလို့ရတယ်…"

"မလိုဘူး…"

ချန်ဖုန်းသည် ရဟတ်ယာဉ်၏ အစွန်းသို့ လျှောက်သွားကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"အချိန်မရှိတော့ဘူး… ဒီအမြင့်မှာပဲ ငြိမ်ငြိမ်နေပြီး မလှုပ်နဲ့… ငါ ခုန်ချတော့မယ်…"

"ဘာ…"

စစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင်မှာ အံ့အားသင့်သွားခဲ့သည်။

“အဲဒါ မီတာလေးဆယ် အမြင့်ကြီးနော်…

သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အဲဒါကို ဘယ်လို ခံနိုင်ရည်ရှိမှာလဲ…မင်း ခြေထောက်တွေ ကျိုးကုန်လိမ့်မယ်…”

"ကိစ္စမရှိဘူး…"

ချန်ဖုန်းက လက်ဝှေ့ယမ်းပြလိုက်၏။

သူ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အားဖြည့်မှုများကို ခံယူထားပြီး ဤကဲ့သို့သော ထိခိုက်မှုကို ခံနိုင်ရည်ရှိပေသည်။

သူသည် ခြေထောက်များကို ကွေးကာ သူ၏ ခန္ဓာကိုယ်ဖြင့် အားပြုလိုက်ပြီး ရဟတ်ယာဉ်ပေါ်မှ တိုက်ရိုက် ခုန်ချလိုက်သည်။

ထိုအခိုက်အတန့်တွင် လူတိုင်း အံ့အားသင့် မှင်တက်သွားကြလေ၏။

"ဒါဘယ်သူလဲ… သူ ရူးနေတာလား…"

"အဲဒါ မီတာလေးဆယ် အမြင့်ကြီးနော်… အဲဒါက အထပ်ဆယ်ဂဏန်းလောက် အမြင့်ရှိတာပဲ…"

ချင်းလုံနှင့် တိုက်ခိုက်နေသော စစ်သေနာပတိ ယင်းရှား ပင်လျှင် မနေနိုင်ဘဲ ကြည့်လိုက်မိပေသည်။

နောက်တစ်စက္ကန့်တွင် ကျယ်လောင်သော အသံကြီးတစ်သံထွက်ပေါ်လာသည်။

ဗုံး…

ကြီးမားသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့၏။

မီးခိုးနှင့် ဖုန်မှုန့်များ နေရာအနှံ့ လွင့်စင်သွားသည်။

စစ်စခန်းအတွင်းရှိ မှန်များသည် ကြီးမားလှသော တုန်ခါမှုကြောင့် ကွဲကြေသွားခဲ့လေသည်။

All Chapters