← Chapters

အခန်း ၃၁၈

Vol. 22 Ch. 318

အခန်း ၃၁၈

Vol. 22 Ch. 318

အပိုင်း ( 318 )

အဲ့တာက ဘာပစ္စည်းကောင်းလေးလဲ

အချိန်အတိုင်းအတာ တစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက မတ်တပ်ထရပ်လိုက်ပြီး ကြာစေ့ကို သိမ်းဆည်းကာ ဆက်လက်၍ လျှောက်လှမ်းသွားတော့သည်။

၎င်းက ပိုမိုခါးသက်နေသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ မူလအဆီအနှစ်ချီများ ပမာဏ ကြီးကြီးမားမား တိုးဝင်လာခဲ့ပြီး မူလတာအိုကားချပ်မှာလည်း အနည်းငယ် အော်မြည်ကာ ဖြည်းဖြည်းချင်းစီ ပြည့်တင်းသွားခဲ့သောကြောင့် သူ၏ ကြိုးစားအားထုတ်မှုများ အလဟာသမဖြစ်ခဲ့ပေ။

သူသည် ဟိုဟိုဒီဒီ လျှောက်သွားနေရင်းဖြင့် တောင်များဝိုင်းရံနေသည့် တောင်ကြားချိုင့်ဝှမ်းတစ်ခုကို မြင်တွေ့သွားခဲ့သည်။ ချိုင့်ဝှမ်းအတွင်းတွင် သားရဲတစ်ကောင်၏ အလောင်းတစ်ခု ရှိနေခဲ့သည်။

သိပ်မကြာခင် အချိန်ကမှ သတ်ဖြတ်ခံထားရသည့်ပုံပင်။ မြေပြင်ပေါ်တွင် စွန်းထင်းနေသည့် သွေးများပင် မခြောက်သေးချေ။ အလောင်းက ပူပူနွေးနွေး ရှိနေသေး၏။

အဆိုပါ အခွင့်အလမ်းများကို တစ်ခြားလူများက ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ပြီး အနီးအနားတွင် တိုက်ပွဲအရိပ်အငွေ့များ မြင်တွေ့နေခဲ့ရသည်။ သို့သော် သူတို့က အဆိုပါ အခွင့်အလမ်းများကို မယူဆောင်သွားနိုင်ခဲ့ပေ။

ချိုင့်ဝှမ်း၏ အလယ်ဗဟိုတွင် အပင်ငယ်တစ်ပင် ရှိနေခဲ့ပြီး ၎င်း၏ သစ်ရွက်လေးများက လေပြေလေညင်းတို့နှင့်အတူ အဆက်မပြတ် ယိမ်းနွဲ့နေခဲ့ပြီး သစ်သီးလေးလုံးကို သယ်ဆောင်ထားခဲ့သည်။ တစ်လုံးက ရင့်မှည့်နေပြီဖြစ်ကာ ကြည်လင်သော အနီရောင်တို့ဖြင့် တလက်လက် တောက်ပနေလျက်ရှိ၏။

တစ်ခြားသုံးလုံးက မရင့်မှည့်သော်လည်း ၎င်းတို့အားလုံးမှာ မူလအဆီအနှစ် ချီတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။

၎င်းတို့မှာ မူလချီမှ မွေးဖွားလာခဲ့သော စိတ်ဝိညာဥ်ပစ္စည်းများဖြစ်သည်။

လုချန်ရှန်းမှာလည်း သူက နောက်ကျကျန်နေခဲ့သော်လည်း အခွင့်အလမ်းများစွာ ကျန်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ၎င်းတို့ကို ယူရန် ကြိုးပမ်းလိုက်သော်လည်း မည်သို့မျှ မယူနိုင်ခဲ့ပေ။ ထို့ကြောင့် သူ၏ ပါးစပ်ကို ဖွင့်ဟကာ သစ်သီးတစ်လုံးကို ကိုက်ဝါးနေတော့သည်။

သူက ခါးသီးသော ကြာပန်းများကိုပင် ရင်ဆိုင်ခဲ့သည့် လူတစ်ဦးဖြစ်သည်။ အကယ်၍ ၎င်းတို့က မရင့်မှည့်သေးဘူးဆိုလျှင်တောင်မှ အမြင့်ဆုံးအနေဖြင့် ၎င်းတို့က ချဥ်စူးစူးဖြင့် ဖန်နေရုံသာလျှင် ဖြစ်နေပေလိမ့်မည်။ ၎င်းတို့၏ အရသာက မည်မျှဆိုးရွားနေလိမ့်မည်နည်း။

သို့ရာ၌ တစ်ကိုက်ကိုက်ခဲ့ပြီးသည့်နောက်တွင် သူတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူ၏ စိတ်ထဲတွင် ချဥ်စူးစူး အရသာတစ်ခု လှိုက်တက်လာခဲ့ပြီး သူ့ကိုပင် တုန်ရင်သွားစေခဲ့၏။ သူ၏ သွားများသာလျှင် မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းခဲ့သည်။ ထို့အပြင် ၎င်းက ဖန်ပါဖန်နေသေးသည်။ ဖန်လွန်းသဖြင့် ဦးခေါင်းပင် ထုံကျင်သွားခဲ့ရ၏။

၎င်းက လူသားတို့၏ နောက်ထပ်ဆင်းရဲဒုက္ခတစ်ခုပင် ဖြစ်သည်။ ၎င်းက အဝါရောင် ကြာပန်းတို့နှင့်ပင် ယှဥ်နိုင်ပေသည်။

အဆုံးတွင် သူသည် ရင့်မှည့်နေသည့် သစ်သီးကို နောက်ဆုံးမှ စားသောက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ခါးသီးမှုကို အရင်ဦးဆုံး တောင့်ခံနေခဲ့ပြီးမှ ချိုသော အရသာဖြင့် သူ၏ခံတွင်းကို သန့်စင်နေတော့သည်။

သို့သော် နောက်ဆုံးတစ်ခုကို စားလိုက်သည့် အချိန်တွင် သူစကားမပြောနိုင်တော့ဘဲ မျက်ရည်များ ဒလဟောစီးဆင်းလာခဲ့သည်။ ဘာလို့ ငါ့ဆီမှာ အဲ့လိုနုံအတဲ့ အတွေးမျိုးတွေ ရှိနေရတာလဲကွာ။

အဆိုပါ သစ်သီးများက သစ်ရွက်များလောက်ပင် မကောင်းချေ။ သစ်ရွက်များက ဖန်ရုံသာဖန်နေခဲ့ပြီး မူလအဆီအနှစ်ချီ အနည်းငယ် ပါဝင်နေခဲ့သည်။

မထွက်သွားခင် အချိန်တွင် သူသည် သစ်ခေါက်တစ်ခေါက်ကို ကိုက်ဖြတ်လိုက်သည်။ သို့သော် မည်သည့်ချီမှ မပါဝင်သောကြောင့် ၎င်းကို ထွေးထုတ်ကာ လှည့်ထွက်သွားတော့သည်။

ထို့နောက်တွင် သူသည် တစ်ခြားလူများ မလိုချင်သည့် အခွင့်အလမ်းများကို အောင်အောင်မြင်မြင် ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ၎င်းတို့ကို မျက်ရည်အဝိုင်းသားဖြင့် လက်ခံရုံသာ တတ်နိုင်ခဲ့သည်။ သူသည် ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေမိခဲ့သည်။

ထို့နောက်တွင် သူသည် ယခင်က ပစ္စည်းတစ်ချို့ပင် အရသာပိုကောင်းသည့် ကျောက်တုံးများကို ရှာ‌ဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ခရီးစဥ်က အလွန်တရာ ခက်ခဲကြမ်းတမ်းနေခဲ့ပြီး လုချန်ရှန်းသည် အရှေ့ဘက်ရှိ သက်ရှိသတ္တဝါများကို မမြင်ရမချင်း မနားမနေ ကြိုးစားရှာဖွေခဲ့ရလေ၏။

တောင်ထိပ်ပေါ်တွင် လူတစ်စု မတ်တပ်ရပ်နေလျက်ရှိပြီး သူတို့၏ ကြီးမားသော မှော်စွမ်းအားများက ကမ္ဘာမြေကိုပင် လှုပ်ခါသွားစေခဲ့သည်။ ပန်းကလေးများက လေယူရာ ယိမ်းနေခဲ့ပြီး ကြွယ်ဝသော မူလအဆီအနှစ်ချီကို ထုတ်လွှတ်နေခဲ့သည်။

သူတို့က လျှပ်စီးကျီ ချီယန် နှင့် ပန်ဘုရင်လေးတို့ပါဝင်သည့် ကောင်းကင်ဘုံ အကယ်ဒမီ၏ တပည့်များပင် ဖြစ်သည်။ သူတို့က မူလအရှိန်အဝါဖြင့် ပြည့်ဝနေသည့် အဆိုပါ ဝိညာဥ်ဆေးပင်ကို ဆွဲထုတ်ရန်အတွက် အတူတကွ အလုပ်လုပ်နေခဲ့ကြသည်။

သူတို့ စုပေါင်းကြိုးပမ်းမှုအောက်တွင် လျော့ရဲသွားသည့် လက္ခဏာရပ်များ အမှန်တကယ် ဖြစ်တည်လာခဲ့သည်။

“ အားလုံးပဲ မထိန်းထားကြနဲ့တော့။ ငါတို့ အတူတူလုပ်ပြီးတော့ အဲ့ဆေးပင်တွေကို တစ်ပင်ပြီးတစ်ပင် ယူကြမယ် “ လျှပ်စီးကျီက စကားစပြောလာခဲ့၏။

“ ဟိုမှာ အဲ့ဒီအခွင့်အလမ်းတွေ ရှိနေသေးတယ်။ ငါတို့က တစ်ယောက်ချင်းစီ ပြန်သွားပြီးတော့ ကိုယ်နဲ့ကိုက်ညီတဲ့ အခွင့်အလမ်းတွေကို ယူလို့ရတယ် “

“ အမှန်ပဲ “

လူအုပ်ကြီးက အချင်းချင်းပြောဆိုနေခဲ့ကြသည်။

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ သူတို့ချန်ထားခဲ့သည့် အခွင့်အလမ်းများကို ပြန်သွားယူချင်နေသည့် စိတ်အားထက်သန်နေသော လူတစ်စုကို မြင်လိုက်ရသောအခါတွင် သူသည် ထိုလူများကို ငေးကြည့်နေရင်းဖြင့် အသာအယာ သက်ပြင်းချမိနေတော့သည်။ သူသည် အဓိပ္ပါယ် မရှိဘူးဟု ခံစားသွားရကာ လှည့်ထွက်သွားတော့သည်။

ထို့နောက်တွင် သူသည် နှစ်မီတာ ရှည်လျားသည့် မူလဝိညာဥ်ပင်တစ်ပင်ကို ကိုက်စားကာ နောက်ဘယ်တော့မှ ထပ်မစားတော့ဘူးဟု ကျိန်ဆိုကာ လှည့်ထွက်သွားတော့သည်။

လမ်းတွင် သူသည် လောင်လျူနှင့် ဆုံတွေ့သွားခဲ့သည်။

သူသည် လောင်လျူက ကျိန်ဆဲနေသည်ကို အဝေးမှ ကြားလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူသည် သူက မည်မျှများပြားသော အခွင့်အလမ်းများကို မြင်တွေ့ခဲ့ရလဲဆိုသည်ကို မသိပေ။ အနီးအနားတွင် မည်သူမှ မရှိသော်လည်း သူက ၎င်းတို့ကို မယူဆောင်နိုင်ခဲ့ပေ။

သူက ၎င်းတို့ကို မည်သို့မျှ မရွှေ့ပြောင်းနိုင်ခဲ့ပေ။

“ အို့ သူတော်စင် မင်းက ဒီကိုရောက်နေတာပဲ “

၎င်းကို မြင်လိုက်ရသောအခါတွင် လောင်လျူက ရှေ့တက်ကာ စကားလှမ်းပြောလာခဲ့သည်။

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

သူတို့နှစ်ဦးက စကားပြောကြတော့မည့် အချိန်မှာပင် သူတို့သည် အဝေးမှ တစ်သံပြီးတစ်သံ ပေါ်ထွက်လာသည့် အော်ဟစ်ဆဲဆိုသံများကို ကြားလိုက်ရ၏။

အဆုံးတွင် ထိုလူများက ဝိညာဥ်ဆေးပင်ကို ဆွဲထုတ်နိုင်ခဲ့ကြသည်။ သို့သော် သူတို့က ဝိညာဥ်ပင်အတွက် ပြန်သွားသည့် အချိန်တွင် သူတို့သည် ၎င်းက မရှိတော့ဘူးဆိုသည်နှင့် သွားရာကိုက်ရာများနှင့် အပေါက်များ ရှိနေသည်ကိုသာ မြင်တွေ့လိုက်ရသည်။

အကိုက်မခံထားရသည့် သစ်ရွက်ကြောများနှင့် အမြစ်တို့မှအပ မည်သည့်အရာမှ မကျန်ခဲ့ပေ။

ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားလိုက်ရသောအခါတွင် လောင်လျူမှာ တစ်ခဏခန့် အံ့ဩမှင်သက်သွားခဲ့သည်။

သို့ရာတွင် သူတို့သည် နောက်သို့ ဆက်လက်၍ ဆုတ်ခွာသွားခဲ့ကြသည်။ အဆီအနှစ်အားလုံး ပျောက်ကွယ်သွားပြီဖြစ်ကာ မကိုက်ဖြတ်ရသေးသော(သို့) မဆွဲထုတ်ရသေးသော အကြွင်းအကျန်များသာ ကျန်နေခဲ့သည်။ သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့ဆက်သွားရုံသာ ပြုလုပ်နိုင်တော့သည်။

သို့သော် ဆက်သွားလေလေ သူတို့၏ ကျိန်ဆဲမှုများက ပိုမိုရိုင်းစိုင်းလာလေလေ ဖြစ်နေခဲ့၏။

အရာအားလုံး အကိုက်ခံထားရသည်။ အထူးသဖြင့် မူလဝိညာဥ်ကျောက်တုံးများဖြစ်ပြီး ၎င်းက အလွန်တရာ မာကြောလွန်းလှသော်လည်း ကိုက်စားခံထားရပြီး ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသော အပိုင်းအစများသာလျှင် မြေပြင်ပေါ်တွင် ကျန်နေခဲ့သည်။

နှစ်မီတာမြင့်မားပြီး သစ်သီးလေးလုံး သယ်ဆောင်ထားသည့် သစ်ပင်မှာလည်း ချွင်းချက်မရှိ ပျောက်ကွယ်သွားခဲ့သည်။

၎င်းတို့သာလျှင် မဟုတ်ဘဲ သစ်ရွက်လေးများပင် ကျန်မနေခဲ့ပေ။ ပင်စည်တွင် သွားရာနှစ်တန်း ရှိနေခဲ့ပြီး သစ်ခေါက်တစ်ပိုင်း ပျောက်ဆုံးနေခဲ့သည်။

မူလကြာပန်းများမှာလည်း အတော်ပင် ကြည့်ရဆိုးနေခဲ့သည်။

“ ချီးပဲကွာ “

“ ခွေးသူတောင်းစား “

“ ဘယ်ကောင်လဲ “

“ အဲ့ကောင်က အပိုင်းတစ်ထောင်လောက် ခုတ်ထစ်ခံရပါစေ။ ကျောက်တုံးတွေကိုတောင် ဝါးစားနေတယ်ပေါ့။ မင်းက လူတောင်ဟုတ်သေးရဲ့လား “

“ အဲ့လောက်ကြီးအထိ လိုအပ်လို့လား “

“ ဘာကိုတုန်း “

“ သွားရာတွေကို ကြည့်လေ။ အဲ့တာက လူမဟုတ်လောက်ဘူး “

“ … “

လူတစ်စု၏ အမူအရာများက မိနစ်နှင့်အမျှ ပိုမိုဆိုးရွားသွားခဲ့သည်။ သူတို့သည် အခွင့်အလမ်းအများအပြား ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ခုချင်းစီတိုင်းက မူလဝိညာဥ်ပစ္စည်းများ ဖြစ်နေခဲ့သည်။ သို့သော် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သနည်း။

၎င်းတို့က ပျောက်ကွယ်သွားခြင်းသာလျှင် မဟုတ်ပေ။ ကောင်းမွန်‌သော အစိတ်အပိုင်းအားလုံး ကိုက်စားခံထားရပြီး အပိုင်းအစများ(သို့) မရွှေ့ပြောင်းနိုင်သော အကြွင်းအကျန်များသာ ကျန်နေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ထိုမျှဒေါသထွက်ဖွယ်ကောင်းသည့် အရာတစ်ခုကို မမြင်ခဲ့ရဖူးချေ။ သူတို့သည် ဒေါသထွက်လွန်းသဖြင့် မျက်ရည်ဝဲသွားကြသည်။

ပစ္စည်းတစ်ခုချင်းစီတိုင်းကို သားရဲတစ်ချို့က စောင့်ကြပ်နေခဲ့သည်။ အဆိုပါ သားရဲများက မူလချီတို့ဖြင့် ပြည့်လျှံနေလျက်ရှိပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ သူတို့က အတော်အားစိုက်ထုတ်ခဲ့ရပြီးသည့်နောက်မှသာ ၎င်းတို့ကို သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် လူတော်တော်များများ ဒဏ်ရာရသွားခဲ့သည်။

ယခုတွင်မူ တစ်စုံတစ်ဦးက သူတို့၏ အသီးအပွင့်များကို ချွေးပင်မထွက်ရဘဲ ခူးဆွတ်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုလူများက ၎င်းတို့ကို ရိုးရိုးရှင်းရှင်း ယူဆောင်သွားခြင်းက တစ်ကိစ္စဖြစ်သော်လည်း ၎င်းတို့ကို ထိုကဲ့သို့ ကိုက်ဖြတ်ထားခြင်းမှာ ဖျက်စီးခြင်းပင် ဖြစ်သည်။

သူတို့၏ ပြင်းထန်လွန်းလှသော ကျိန်ဆဲသံများကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

“ လိုအပ်လို့လားဟ “

လောင်လျူက ပြန်ပြောလိုက်သည် “ သူတော်စင် မင်းတော့ သိမှာမဟုတ်လောက်ဘူး။ အဲ့ဒီပစ္စည်းတွေက မူလဝိညာဥ် ပစ္စည်းတွေချည်းပဲ။ တော်တော်လေးကို ရှားတယ်။ အဲ့တာတွေက လူတစ်ယောက်ကို အသွင်ပြောင်းသွားစေနိုင်ပြီးတော့ အဆင့်ပိုမြင့်သွားစေနိုင်တယ် “

လုချန်ရှန်းမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ သူသည် အတော်တော်များများ စားပြီးသွားခဲ့ပြီဖြစ်ပြီး သူ၏တာအိုကားချပ်ကို ဝိညာဥ်ချီ ပမာဏ အမြောက်အများ ဖြည့်တင်းခဲ့ပြီးပြီဖြစ်သော်လည်း သူသည် မည်သည့်ထူးခြားမှုကိုမှ မခံစားခဲ့ရပေ။ အဲ့တာတွေက အသွင်ပြောင်းစေနိုင်တယ်ဆိုတာက တကယ်ရော ဟုတ်ရဲ့လားဟ။

သူတို့တွေ လိမ်နေတာပဲဖြစ်ရမယ်။

သို့ရာတွင် လောင်လျူမှာ ထိုလူများ၏ ကျိန်ဆဲသံများကို နားထောင်ရင်းဖြင့် ကျေနပ်အားရသွားခဲ့သည် “ ဒါပင်မဲ့ ကိုက်စားတာတော့က တကယ်ကိုရှယ်ဘဲ။ သူတို့တွေက အတော်လေး မောက်မာနေခဲ့ပြီးတော့ ငါ့ကို ဝင်မပါခိုင်းဘူးလေ။ ငါ့ကိုတောင် လှောင်ခဲ့ကြသေးတယ်လေ။ ငါက အဲ့တာတွေကို မယူနိုင်တာကို သိတော့ ငါလိုချင်တာ ယူလို့ ပြောခဲ့တယ်လေ။ အခုကြည့်လိုက် သူတို့နဲ့ တန်တာကို ရသွားပြီ “

အမ်

လုချန်ရှန်းမှာ ဆွံ့အသွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

သို့ရာတွင် ထိုလူစုက သူတို့၏ စိတ်များကို တည်ငြိမ်သွားစေလိုက်ကာ အပြင်သို့ လမ်းလျှောက်ထွက်လာသည့် အချိန်၌ သူတို့သည် ရေကန်အရှေ့တွင် နောက်ထပ်လူတစ်စု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

လုချန်ရှန်း ဝင်သွားခဲ့သည့်နောက်တွင် သူတို့သည် ထပ်မံ၍ မယှဥ်ပြိုင်တော့ဘဲ အတူတူဝင်ရန် ဆုံးဖြတ်လိုက်သည်။ ရလဒ်အနေဖြင့် သူတို့က မူလဝိညာဥ်သစ်သားတုံးက အပိုင်းပိုင်း အစစဖြစ်သည်အထိ ကိုက်ဖြတ်ခံထားရသည်ကို ချက်ချင်းတွေ့ရှိသွားကြသည်။

သူတို့သည် အတွင်းသို့ ဆက်လာခဲ့ကြပြီး ရေကန်ဘေးရှိ ဝိညာဥ်သစ်သားတုံး ကျန်နေသေးပြီး သူတို့က ပူးပေါင်းလုပ်ဆောင်ပါက ၎င်းကို ထုတ်ယူနိုင်လိမ့်မည်ဟုသာ ထင်နေခဲ့ကြသည်။ ၎င်းက အလွန်တရာ ထူးခြားလွန်းလှကာ ကြီးကြီးမားမား အသုံးဝင်ပေသည်။

သို့သော် မည်ကဲ့သို့ ဖြစ်သွားခဲ့သနည်း။

ဝိညာဥ်သစ်သားတုံး ပျက်စီးသွားကာ သွားရာများ/ကိုက်ရာများနှင့် ဆွေးမြေ့ကာ မည်သို့မျှ အသုံးမဝင်သည့် သစ်နှလုံးသားတို့သာ ကျန်နေခဲ့၏။

“ ဘယ်လို လူယုတ်မာမျိုးက အဲ့လိုလုပ်သွားတာလဲ “

အဆုံးတွင် တစ်စုံတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ အော်ဟစ်နေတော့သည်။ သူ၏ တာအိုနှလုံးသား ပြိုကွဲလုနီးနီး ဖြစ်သွားခဲ့သည်။ သူတို့ သေမတတ် ကြိုးစားအားထုတ်၍ ရှာဖွေခဲ့ရသည့် အခွင့်အလမ်းများကို တစ်ခြားလူတစ်ဦးက ပါးစပ်လေးတစ်ခုတည်းဖြင့် ကိုက်ဖြတ်သွားခဲ့သည်။

--

…………………………………………………………………………………………………………………………………..

All Chapters