← Chapters

အခန်း ၃၁၉

Vol. 22 Ch. 319

အခန်း ၃၁၉

Vol. 22 Ch. 319

အပိုင်း ( 319 )

မီးလောင်ရာလေပင့်ခြင်း

လုချန်ရှန်းက ၎င်းတို့အားလုံးကို ငေးကြည့်နေခဲ့ပြီး လူတစ်စုက အံ့အားသင့်မှုများ ဒေါသများဖြင့် အော်ဆဲနေသည်ကို စောင့်ကြည့်နေခဲ့သည်။ သို့သော် သူသည် အေးအေးလူလူသာ ဖြစ်နေခဲ့သည်။

သူ့အား ပြင်ပကိစ္စများက ထိခိုက်အောင် လုပ်နိုင်ပုံမရချေ။

လူတော်တော်များများသည် သူ့ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူထွက်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းက သူတို့၏ ဆွေးနွေးပြောဆိုမှုများကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး မည်ကဲ့သို့သော သတ္တဝါမျိုးက ထိုကဲ့သို့သော ကိစ္စမျိုးအား ပြုလုပ်ခဲ့လဲဆိုသည်ကို တွေးတောစဥ်းစားနေကြတော့သည်။ ဝိညာဥ်ဝါးမျိုအင်းစက်များအပြင် သူတို့သည် ထိုကဲ့သို့သော သွားမျိုး ပိုင်ဆိုင်ထားသည့် မည်သည့်သတ္တဝါကိုမှ မစဥ်းစားမိခဲ့ပေ။

သို့ရာတွင် မည်သူကမှ လုချန်ရှန်းကို သံသယမဝင်ခဲ့ကြပေ။

မည်သို့ပင်ဆိုစေကာမူ သူပထမဦး ပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်တွင် လူတိုင်းအား အထီးကျန်ဆန်ကာ မွန်မြတ်သန့်စင်သည့် သူတော်စင်တစ်ပါးကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းခဲ့၏။ အင်မော်တယ်ကဲ့သို့သော လူတစ်ဦးက ထိုကဲ့သို့သော ကိစ္စမျိုးကို မည်ကဲ့သို့ ပြုလုပ်နိုင်မည်နည်း။

လုချန်ရှန်းကမူ သူ့ပါးစပ်ကို သုံးစရာမလိုသည့် တစ်ခြားသော အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိရန် မျှော်လင့်နေရင်းဖြင့် အရှေ့သို့ ဆက်လက်သွားလာနေခဲ့သည်။

သို့ရာ၌ သူထွက်သွားခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် နတ်ဘုရားမ ဝမ်ရန်ပါ ထွက်ခွာလာခဲ့ပြီး သူ့အနောက်သို့ အဝေးမှ တိတ်တဆိတ် လိုက်လာခဲ့သည်။ သူမ၏ ရည်ရွယ်ချက်များမှာ ရှင်းရှင်းလင်းလင်း မရှိပေ။

သို့သော် သူမကသာ မလှုပ်ရှားလာသရွေ့ သူက သူမကို အာရုံစိုက်နေမည် မဟုတ်ဘဲ သူ့လမ်းသူသာ ဆက်လျှောက်မည် ဖြစ်သည်။

မြေပြန့်လွင်ပြင်တစ်ခုကို ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်တွင် သူသည် ရင်းနှီးသော အရှိန်အဝါတစ်ခုကို အာရုံခံမိသွားခဲ့သည်။

အောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး သက်လတ်ပိုင်း လူတစ်စုက ကာကွယ်သူများအဖြစ် သူ့ကို ဝိုင်းရံထားခဲ့သည်။

“ သူတော်စင် ရှင်းယွင် “

လောင်လျူက အံ့အားသင့်သွားကာ အော်ပြောလိုက်သည်။ အဆိုပါ သူတော်စင် ပေါ်လာသည်မှာ ရှားပါးလွန်းလှသည်။

လုချန်ရှန်းက ရှင်းယွင်ကို မြင်တွေ့သွားခဲ့သည်။ မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင် ချီများပန်းထွက်နေသည့် ရေကန်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ရှင်းယွင်က တင်ပျဥ်ခွေထိုင်နေကာ သူ့ဘေးနားတွင် ရှိနေသည့် လူတော်တော်များများက ပန်းထွက်နေသည့် ချီများကို လွှဲပြောင်းပေးရန် ကူညီ‌ပေးနေခဲ့ကြသည်။

သို့ရာ၌ တစ်ခြားတစ်နေရာတွင် တစ်ခြားသော လူများကပါ လှုပ်ရှားနေခဲ့ကြသည်။ ချီ၏ တစ်ဝက်ကျော်က အဝေးတစ်နေရာဆီသို့ ယူဆောင်ခံနေခဲ့ရသည်။

ထိုနေရာတွင် ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများ ရှိနေခဲ့သည်။ သူသည် မွေးရာပါ ဝိညာဥ်အဆင့်၉ ကျင့်ကြံသူများ ဝိုင်းရံနေသည့် ရှောင်ထျန်ချန်းကိုပါ မြင်တွေ့သွားခဲ့သည်။ အဆိုပါ အကြီးအကဲများက သူ၏ ကာကွယ်သူများအဖြစ် လုပ်ဆောင်ကာ ချီကို လွှဲပြောင်းပေးနေကြသည်။

သူသည် ခေါင်းပြောင်ကတုံး ယွင်ခုန်းက ရှောင်ထျန်ချန်းနှင့်အတူ ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ သူတို့က အတူတူ အလုပ်လုပ်နေကြတာလား “

လုချန်ရှန်းမှာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။

သို့ရာ၌ ထျန်းရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာများထံတွင် ဘဝင်ခိုက်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။

သူ၏လက်ကို မြှောက်လိုက်သည့် အချိန်တွင် မှော်စွမ်းအား အများအပြား ပေါက်ထွက်လာခဲ့ပြီး တိုက်ခတ်နေသည့် လေပြင်းကဲ့သို့ သတိပေးချက် မရှိဘဲ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းက ရေကန်ပေါ်သို့ ဆင်းသက်သွားကာ ပန်းထွက်နေသည့် ချီများကို အပြည့်အဝ ဖြတ်တောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် နှစ်ဖက်အင်အားစု၏ မျက်နှာများပေါ်တွင် ဒေါသများ ပေါ်ထွက်လာခဲ့သည်။ သို့သော် ၎င်းက လုချန်ရှန်းဆိုသည်ကို မြင်လိုက်ရသောအခါတွင် မဟာတောရိုင်း နန်းတော်၏ ကျင့်ကြံသူများမှာ ချက်ချင်းပျော်ရွှင်သွားကြသည်။

“ သူတော်စင် “

သူတို့အားလုံး အရိုအသေပေးလိုက်ကြသည်။

ရှင်းယွင်မှာလည်း မျက်လုံးများ ဖွင့်ဟလာခဲ့ကာ လုချန်ရှန်းကို ငေးကြည့်နေတော့သည်။

“ သူတော်စင် “

သူသည် မတ်တပ်ထရပ်ကာ အရိုအသေပေးရန် ပြင်လိုက်သည်။ သို့သော် လုချန်ရှန်းက သူ၏လက်ကို မြှောက်၍ နှိမ့်ချလိုက်ရာ သူ၏ ပတ်ပတ်လည်တွင် ချီများ လှည့်ပတ်သွားခဲ့သည်။

လုချန်ရှန်းသည် အဆိုပါ ချီများက ထူးခြားသည်ဆိုသည်ကို ယခုလေးတင် သိရှိသွားခဲ့သည်။ အထူးသဖြင့် ရှင်းယွင်ဖြစ်ပြီး ၎င်းက အချိန်အတော်ကြာ မိုးခေါင်ရေရှားနေခဲ့ပြီးသည့်နောက်တွင် အချိန်ကိုက် မိုးရွာသွန်းခြင်းသဖွယ် ဖြစ်နေခဲ့ပြီး သူ၏ မွေးရာပါ ချို့ယွင်းချက်များကို ဖာထေးနိုင်စွမ်း ရှိနေခဲ့သည်။

သို့သော် ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများကမူ ဒေါသတကြီးဖြစ်သွားကြသည်။

“ သူတော်စင် အဲ့တာက နည်းနည်းလေးတော့ လွန်သွားပြီ မဟုတ်ဘူးလား။ ရောက်လာတာနဲ့ ဘယ်သူ အရင်ရောက်နေလဲဆိုတာကို အရေးမစိုက်ဘဲ လိုချင်တာကို တန်းသိမ်းနေတယ်ပေါ့ “

ဘိုးဘေးအိုကြီးက ဒေါသတကြီး ဖြစ်နေခဲ့သော်လည်း ကျိုးကြောင်းပြရန် စတင်၍ ပြုလုပ်နေခဲ့သည်။

လုချန်ရှန်းကမူ မဟာတောရိုင်း နန်းတော်၏ လူများကို ကြည့်ကာ မေးမြန်းလိုက်သည် “ ဘယ်သူအရင်ရောက်တာလဲ “

“ သူတော်စင် ရှင်းယွင်က ဒီနေရာကို ဝင်လာခဲ့ပြီးတဲ့နောက်မှာ တစ်စုံတစ်ခုကို အာရုံခံခဲ့မိပြီးတော့ အရင်ဦးဆုံး ရောက်လာခဲ့တာပါ “

၎င်းကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ထျန်းရီမြင့်မြင့်မြတ်နယ်မြေ၏ လူများကို ငေးကြည့်ကာ တုံ့ပြန်လိုက်သည် “ ဆိုတော့ ဘယ်သူအရင်ရောက်လဲဆိုတာကို ငါနဲ့ ပြောချင်နေတာပေါ့။ ငါ့ကို အပြစ်တင်ချင်နေတာပေါ့လေ “

“ အဲ့တာက ……. “

၎င်းကို မြင်လိုက်ရသောအခါတွင် နောက်လူတစ်ဦးက စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ပိုင်ရှင်မဲ့ အခွင့်အလမ်းတစ်ခုပဲလေ။ ဘယ်သူပဲ ရရ ….. “

စကားသံမှာ တစ်ဝက်တစ်ပျက်ဖြင့် ပြီးဆုံးသွားခဲ့သည်။

ထိုလူ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူသည် စွမ်းရည်ရှိသည့်လူက ထိုပစ္စည်းကို ရလိမ့်မည်ဟု ပြောချင်နေခဲ့သည်။ သို့သော် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းက မှားယွင်းသည်ဟု နားလည်သွားခဲ့သည်။

လုချန်ရှန်းကမူ ထိုလူများကို အေးအေးလူလူ ငေးကြည့်နေခဲ့သည်။ ယခုလက်ရှိ သူ့အဆင့်အတန်းနှင့်ဆိုပါက သူသည် မည်သည့်အရာကိုမှ ပြုလုပ်နေရန် မလိုအပ်ဘဲ ထိုနေရာတွင် မတ်တပ်ရပ်ကာ အမိန့်ပေးနေရုံနှင့်တင် လုံလောက်နေခဲ့ပြီဖြစ်သည်။

လောင်လျူကပင် စကားဝင်ပြောနေတော့၏ “ ကျွတ်ကျွတ် မင်းတို့က ကမ္ဘာကြီးအကြောင်းကို မသိဘူးပဲ။ အခုက ဘယ်လိုအခြေအနေမျိုးလဲဆိုတာကို မသိကြဘူးလားဟ။ မင်းတို့ ထျန်းရီမြင့်မြတ်နယ်မြေက အုပ်စိုးသူတစ်ယောက်လို လုပ်လို့ရတယ်လို့ ထင်နေတာလားဟ။ အဲ့တာက မဟုတ်သေးပါဘူး။ ခွေးတွေက သူတို့၏သခင်ရဲ့ စွမ်းအားကို အားကိုးပြီးတော့ လျှောက်လုပ်နေလို့ရလား။ ဘယ်ရပါ့မလဲ။ မင်းတို့တွေက လူကောင်းသူကောင်းမှမဟုတ်တာ။ ဘေးဖယ်လိုက်ကြ “

ထျန်းရီမြင့်မြတ်နယ်မြေမှာ ထိုအချိန်က သူ့ကို အမဲလိုက်ရာတွင် ပါဝင်ခဲ့ဖူးသည်။ သူက ထိုကိစ္စကို မည်သို့မျှမေ့လျော့သွားလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ရှောင်ထျန်ချန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

“ ရှေးခေတ် သူတော်စင် ကလေးငယ်က တကယ်ကို ဩဇာကြီးတာပဲ။ ရောက်လာတာနဲ့ တစ်ခြားလူတွေရဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်လိုက်တယ် “

“ တကယ်လို့ မင်းတို့က အဲ့လိုသတ်မှတ်ချင်တယ်ဆိုရင်လည်း အဲ့လိုပဲပေါ့ “ လုချန်ရှန်းက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပြန်ပြောလိုက်သည်။

ရှောင်ထျန်ချန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

သူ့ဘေးနားတွင် ရှိနေသည့် ယွင်ခုန်းကပါ စကားဝင်ပြောလာခဲ့သည် “ သူတော်စင် မင်းက ဘာဖြစ်လို့ အဲ့လိုမျိုး ဖြစ်နေရမှာလဲ။ အရင်တုန်းက ငါတို့ကြားမှာ နားလည်မှုလွဲခဲ့တာလေး ရှိခဲ့တယ်ဆိုပင်မဲ့ အဲ့တာက ဖြေရှင်းခဲ့ပြီးပြီလေ။ ဘာလို့ အဲ့လိုမျိုး ဖြစ်ရမှာလဲ “

ယွင်ခုန်း၏ စကားသံကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ အကြည့်များ အနည်းငယ် ပြောင်းလဲသွားကာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားသွားခဲ့ရသည်။

“ အဲ့တာဆိုရင် ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ “

“ အမိတက္ဘ “ ယွင်ခုန်းက လက်အုပ်ချီကာ စကားထပ်ပြောလာခဲ့သည် “ မျှခြေကို ထိန်းသိမ်းထားတာက အကောင်းဆုံးပဲ။ သူတော်စင် ရှင်းယွင်က သူ့ရဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို ဖာထေးဖို့အတွက် အဲ့ဒီချီကို လိုအပ်နေတယ်။ သူတော်စင် ထျန်းရီကကျတော့ သူ့ရဲ့ နတ်ဆိုး နတ်ဘုရားအရင်းအမြစ်နှင့် ပေါင်းစည်းဖို့အတွက် အဲ့ဒီချီကို လိုအပ်နေတယ် ”

“ နတ်ဆိုး နတ်ဘုရား အရင်းအမြစ်လား “ လုချန်ရှန်းမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ အံ့အားသင့်သွားခဲ့သည်။ ကိစ္စများစွာ ဖြစ်ပွားခဲ့သော်လည်း ထျန်းရီမြင့်မြတ်နယ်မြေက အဆိုပါ နတ်ဆိုး နတ်ဘုရား အရင်းအမြစ်ကို အရယူနိုင်သေး၏။ ၎င်းက ထူးချွန်လွန်းလှသော စွမ်းဆောင်မှုတစ်ခုဖြစ်သည်။

ထိုစဥ် လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ အဲ့လိုဆိုရင်လည်း စောင့်နေလိုက်ကြ။ ရှင်းယွင်က သူ့ရဲ့ ချို့ယွင်းချက်တွေကို ဖာထေးပြီးသွားရင် ငါတို့က မင်းတို့ကို ပြန်ပေးမယ် “

“ ချီက အကန့်အသတ်ရှိတယ်လေ။ တကယ်လို့ ခင်ဗျားတို့ ပြီးသွားတဲ့ အချိန်အထိ စောင့်နေလိုက်မယ်ဆိုရင် ဘာကျန်တော့မှာလဲ။ ထျန်းရီမြင့်မြတ်နယ်မြေရဲ့ အမွေအနှစ်က တော်တော်ကြီးကို ရှည်လျားပြီးတော့ မဟာတောရိုင်း နန်းတော်နဲ့ နှစ်သောင်းနဲ့ချီပြီးတော့ အိမ်နီးနားချင်း ဖြစ်နေခဲ့တာလေ။ အရင်တုန်းက ဖြစ်ရပ်တွေကြောင့် ထျန်းရီက တကယ်ပဲ ရှက်မိပြီးတော့ မဟာတောရိုင်း နန်းတော်ကို အလျှော့ပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပင်မဲ့ သူတော်စင် မင်းက အဲ့လိုမျိုး မဖြစ်သင့်ဘူးလေ “

ယွင်ခုန်းသည် ထျန်းရီမြင့်မြတ်နယ်မြေဘက်မှ အခိုက်အမာ ပြောဆိုလာခဲ့သည်။

လုချန်ရှန်းသည် ကြာကြာနားထောင်ရလေလေ တစ်ခုခု မှားယွင်းနေသည်ဟု ပိုမိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။

“ ငါတို့ သူတော်စင်က ရန်လိုတတ်တယ်လို့ မင်းတို့က ပြောနေကြတာလား “ လောင်လျူက တိုက်ရိုက်မေးမြန်းလာခဲ့၏။

ယွင်ခုန်းက ပြန်ပြောလိုက်သည် “ ငါက အချက်လေးတွေကို ထုတ်ပြောလိုက်ရုံပဲ။ သူတော်စင်ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး။ အပြင်လူတစ်ယောက်ကို ဆုံးဖြတ်ခိုင်းလိုက်လို့ရတယ် “

ထို့နောက်တွင် သူတို့က အဝေးသို့ ငေးကြည့်နေကြတော့သည်။

အမျိုးသမီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ ၎င်းက နတ်ဘုရားမ ဝမ်ရန်ပင် ဖြစ်သည်။

နတ်ဘုရားမ ဝမ်ရန် ရောက်ရှိလာခဲ့ပြီး ဘာစကားမှမပြောဘဲ ထျန်းရီမြင့်မြတ်နယ်မြေဘက်သို့ တိုက်ရိုက်ဦးတည်သွားကာ စကားလှမ်းပြောလာခဲ့သည် “ ရှေးခေတ် သူတော်စင် ကလေးငယ်က ရှေးခေတ်ကလာတာဆိုတော့ ထူးခြားတဲ့ အရည်အသွေးတွေ သေချာပေါက် ရှိနေမှာပဲ။ ဒါပင်မဲ့ ကျွန်မတို့ ဒီခေတ်ကလူတွေကလည်း ကြက်ကလေး မြက်ကလေးတွေ မဟုတ်ဘူး။ ကျွန်မတို့က သူတော်စင်ရဲ့ ကံကြွေးကို အလေးထားနေရုံပဲ “

လုချန်ရှန်းသည် ထိုလူနှစ်ဦးကို အာရုံစိုက်၍ ငေးကြည့်ကာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။

သို့ရာတွင် လောင်လျူက စကားထပ်ပြောနေတော့သည် “ မင်းတို့က ဘာပြောချင်နေတာလဲ။ ငါတို့ သူတော်စင် အေးအေးလူလူ လှုပ်ရှားနေနိုင်တာက ကံကြွေးကြောင့်လို့ ပြောချင်နေတာလား “

“ ကံကြွေးကို ပိုင်ဆိုင်ထားတာက တကယ်ကို အားကျဖို့ကောင်းပါတယ်။ သူတော်စင်ရဲ့ စွမ်းရည်က သေချာပေါက် ထူးခြားနေမှာပဲ။ ငါတို့ရဲ့ နိမ့်ကျမှုအတွက် ရှက်မိပင်မဲ့ အစ်ကိုရှောင်က သူတော်စင်ထပ် ဘယ်လိုမှအားမနည်းဘူးလို့ ငါထင်တယ် “ ယွင်ခုန်းက စကားထပ်ပြောလာခဲ့၏၊ သူသည် နတ်ဘုရားမ ဝမ်ရန်ကို လှည့်ကြည့်ရန် မမေ့လျော့ခဲ့ပေ “ နတ်ဘုရားမကရော ဘယ်လိုထင်လဲ “

“ ကျွန်မလည်း အဲ့လိုပဲထင်တယ် “ နတ်ဘုရားမ ဝမ်ရန်သည် ရှောင်ထျန်ချန်းကို ငေးကြည့်ကာ စကားထပ်ပြောနေတော့သည် “ အစ်ကိုရှောင် ဒီနေရာမှာ ရှိတဲ့ အခွင့်အလမ်းတွေက တစ်ခုထပ်ပိုပါတယ်။ နောက်တစ်ခုကိုပဲ သွားရှာလိုက်ကြတာပေါ့။ ရှင်က ဘယ်သူ့ထပ်မှ အားမနည်းဘူးဆိုတာကို ကျွန်မသိနေရင် လုံလောက်နေပါပြီ။ ဒါပင်မဲ့ အချိန်တွေက မတူတော့ဘူးလေ။ ဒီဟာကို လွှတ်ထားလိုက်ပါတော့ “

သူတို့သည် စကားပြောနေရင်းဖြင့် ရှောင်ထျန်ချန်းကို နှစ်သိမ့်ပေးရန် ကြိုးပမ်းနေခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဒီကောင်တွေက မီးလောင်ရာလေပင့်နေကြတာပဲ။

သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဟ။ ရှောင်ထျန်ချန်းက ငါ့ဆီ ပြေးတက်လာအောင် လုပ်မလို့လား “

၎င်းက ရှေ့တစ်လှမ်းတိုးရန် နောက်တစ်လှမ်းဆုတ်သွားသည့် ဗျူဟာမျိုး ဖြစ်သည်။

လောင်လျူမှာလည်း ထူးထူးခြားခြား မောက်မာနေကာ အားမာန်အပြည့်ဖြင့် ပြန်ပြောလိုက်သည် “ ဟမ့် မင်းတို့ဆီမှာ အဲ့လိုမျိုး အတွေးတွေရှိနေတာ ကောင်းတယ်။ သူတော်စင်ရဲ့ ပစ္စည်းတွေကို လာထိဖို့ မစဥ်းစားသင့်ဘူး။ လိမ်လိမ်မာမာနဲ့ အသိတရားရှိရှိ နောက်ဆုတ်သွားလိုက် “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ထျန်ချန်း၏ မျက်ဝန်းများ လှုပ်ခတ်ကာ အေးစက်သွားခဲ့သည်။ သူသည် ရုတ်တရက် ရှေ့တက်လာတော့သည်။ သူ၏ အရှိန်အဝါပါ လိုက်ပါမြင့်တက်လာခဲ့သည်။

သူ့အနားတွင် ရှိနေကြသည့် လူများက သူ့ကို အလောတကြီး တားဆီးနေကြတော့သည်။

“ သူတော်စင် ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပေးပါ။ သူ့နဲ့ ရန်သူမလုပ်ဖို့အတွက် ဘိုးဘေးကြီးက မှာထားပါတယ်။ နတ်ဆိုး နတ်ဘုရားနဲ့ပေါင်းစည်းထားလို့ စိတ်ရှုပ်နေတာပါ။ စိတ်ငြိမ်ငြိမ်ထားရပါမယ် “

အဆိုပါ သူတော်စင်က ကံကြွေးကို ပိုင်ဆိုင်ထားပြီး သူ့အား မည်သူကမှ မစော်ကားသင့်ဘူးဆိုသည်ဆိုသည်ကို လူတိုင်းက သိနေခဲ့ကြသည်။ ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းဖြင့် သူတို့နောက်တွင် ရှိနေသည့် အင်အားစုများကပါ ကြီးမားသော ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်သွားရလိမ့်မည် ဖြစ်သည်။

လုချန်ရှန်းမှာလည်း စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ သူသာလျှင် မဟုတ်ဘဲ ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများကပါ ထိုလူနှစ်ဦးက သူတို့ဘက်တွင် မရှိဘဲ မီးလောင်ရာလေပင့်နေသည်ကိုသာ မြင်တွေ့နေခဲ့ရသည်။

သူတို့က နတ်ဆိုးနတ်ဘုရား အရင်းအမြစ်နှင့် ပေါင်းစည်းထားသည့် ရှောင်ထျန်ချန်းက စိတ်မတည်မငြိမ် ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ လုချန်ရှန်းကို စမ်းသပ်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှောင်ထျန်ချန်းကပါ စကားဝင်ပြောလာခဲ့၏ “ ကံကြွေးမပါဘဲ တိုက်မယ်လို့ မင်းကျိန်ရဲလား “

သူသည် အဆိုပါ သူတော်စင်ကို စိန်ခေါ်လိုက်ပြီဖြစ်ပြီး စိတ်နှလုံးသား အဆက်မပြတ် ခုန်ပေါက်သွားကာ မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။

--

………………………………………………………………………………………………………………………………………

All Chapters