← Chapters

အခန်း ၃၂၀

Vol. 22 Ch. 320

အခန်း ၃၂၀

Vol. 22 Ch. 320

အပိုင်း ( 320 )

လူယုံတော်

ရှောင်ထျန်ချန်းက လုချန်ရှန်းကို ကြည့်ကာ စကားပြောလိုက်သည်။

စကားတစ်ခွန်းက ပတ်ပတ်လည်ရှိ လူတိုင်း၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။

ကောင်းကင်ဘုံ အကယ်ဒမီကပင် ရန်စရန် ဆန္ဒမရှိသော လူတစ်ဦးကို ရှောင်ထျန်ချန်းက နှိုးဆွနေခဲ့ပြီ ဖြစ်သည်။ မကြာသေးခင် အချိန်ကမှ ဦးညွတ်၍ အရှုံးပေးခဲ့ရသည်က ထိုလူများပင် မဟုတ်လော။

“ သူတော်စင် “

မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်တစ်စုက သူ့ကို တားဆီးရန်အတွက် အလောတကြီး ရှေ့တက်လာခဲ့ကြသည်။

သူ့ဘေးနားတွင် ရှိနေသည့် ယွင်ခုန်းမှာလည်း ဖျောင်းဖျပြောဆိုလာခဲ့သည် “ အစ်ကိုရှောင် ထားလိုက်ပါတော့ဗျာ။ အချိန်တွေ ပြောင်းလဲသွားပြီလေ။ ကျုပ်တို့က အဲ့တာကို သည်းခံလိုက်သင့်တယ် “

“ အမှန်ပဲ။ အစ်ကိုရှောင် အဲ့တာကို မေ့လိုက်ပါတော့။ ရှင်က ဘယ်သူ့ထပ်မှ အားမနည်းပါဘူး။ အချိန်က အရာအားလုံးကို သက်သေပြသွားလိမ့်မယ်။ လောနေဖို့ မလိုပါဘူး “

နတ်ဘုရားမ ဝမ်ရန်ကပါ ဖျောင်းဖျပြောဆိုလာခဲ့၏။

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ရှောင်ထျန်ချန်းမှာ ပို၍ပင် ဒေါသတကြီးဖြစ်သွားခဲ့သည်။

ထျန်းရီမြင့်မြတ်နယ်မြေမှ လူများ၏ အမူအရာများပါ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ထိုလူနှစ်ဦးက မီးလောင်ရာလေပင့်နေသည်ဆိုသည်ကို သိနေကြသည်။ သို့သော် ထိုနှစ်ဦးက မြင့်မြတ်နယ်မြေနှစ်ခုကို ကိုယ်စားပြုနေသောကြောင့် သူတို့က မည်သည့်အရာကိုမှ မပြုလုပ်နိုင်ကြပေ။

သူတို့က ကောင်းကောင်းမွန်မွန် စကားပြောကာ လူကောင်းများအဖြစ် ဟန်ဆောင်ကာ ရှောင်ထျန်ချန်းကို ဖျောင်းဖျပြောဆိုနေခဲ့ကြသည်။ သို့သော် ထိုစကားများကို ပိုကြားရလေလေ သူက ၎င်းတို့ကို ပိုမိုလျစ်လျူရှုလေလေ ဖြစ်နေခဲ့၏။ အထူးသဖြင့် နတ်ဆိုး နတ်ဘုရား အရင်းအမြစ်နှင့် ပေါင်းစည်းထားသည့် အခြေအနေမျိုးတွင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်လာခဲ့သည့် အဆိုပါ အရင်းအမြစ်က သူ၏ စိတ်သဘောထားကို ထိခိုက်သွားစေခဲ့ပြီး သူ့ကို စိတ်လိုက်မာန်ပါဖြင့် ရန်လိုသွားစေခဲ့၏။ အကယ်၍ သူက ၎င်းအား မလုပ်သင့်ဘူးဆိုသည်ကို သိနေမည်ဆိုလျှင်တောင်မှ သူသည် မချုပ်တည်းနိုင်ဘဲ ကျိန်ဆိုရန်အတွက် လုချန်ရှန်းကို တောင်းဆိုလိုက်သည်။

“ ဟက် “

လုချန်ရှန်းက အသာအယာ ရယ်မောနေတော့သည်။ သူကလည်း အပြည့်အဝ နားလည်သွားခဲ့ပြီဖြစ်သည်။

ထိုလူနှစ်ဦးက ရှောင်ထျန်ချန်းကို ယခင်က တစ်ကြိမ်မျှ လှည့်စားခဲ့ဖူးပြီး ယခုတွင်လည်း သူ၏အသိစိတ် မတည်မငြိမ် ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ထိုအတိုင်းသာ ထပ်လုပ်နေခဲ့ခြင်း ဖြစ်သည်။

သူတို့မှာ လုချန်ရှန်းက ဘာလဲဆိုသည်ကို စမ်းသပ်ချင်နေကြခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်လာရန်အတွက် တစ်ခြားလူများကိုသာ လှုံ့ဆော်နေခဲ့ကြသည်။ ရလဒ်က မည်ကဲ့သို့ပင် ဖြစ်နေပါစေ။ သူတို့က မည်သို့မျှ ထိခိုက်သွားလိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် လုချန်ရှန်းမှာလည်း သူ၏ဦးနှောက်ကို အလုပ်ပေးနေရတော့သည်။ သူက ကိုယ့်ကိုကိုယ် တံခါးဝအထိ တွန်းပို့လိုက်သည့် သူတော်စင်ဖြစ်ပြီး ယခင်ကကဲ့သို့ ကိုယ်ပွားတစ်ခု မဟုတ်တော့ပေ။ တိုက်ပွဲဖိတ်ခေါ်စာဆိုသည်မှာ မည်ကဲ့သို့သော အရာဖြစ်သနည်း။ လမ်းလျှောက်နေသော ဝိညာဥ်ကျောက်တုံးများပင် ဖြစ်သည်။

သူသည် တစ်ခဏခန့် စိတ်နှစ်ခွဖြစ်သွားခဲ့သည်။

ရှောင်ထျန်ချန်းက စကားဆက်ပြောလာခဲ့၏ “ မင်းလုပ်ရဲလား “

သူခေါင်းမကြည်သေးပေ။

သို့ရာတွင် လုချန်ရှန်းက မတုံ့ပြန်နိုင်ခင် အချိန်မှာပင် လောင်လျူက ရှေ့ထွက်သွားကာ အေးစက်စက် လေးသံမျိုးဖြင့် အထင်တသေး ပြောဆိုနေတော့၏ “ အဲ့တာက ဘာကြီးလဲ။ ငါတို့ သူတော်စင်နဲ့ တိုက်ခိုက်ချင်နေတာလား။ မင်းက သူတော်စင်ဖြစ်နေတာနဲ့ပဲ မင်းကိုယ်မင်း အကောင်ဖြစ်နေပြီလို့ တကယ်ကြီး ထင်နေတာလား။ သူတော်စင်နဲ့ မင်းနဲ့က တူညီတဲ့ အဆင့်မှာ မရှိဘူးဆိုတာကို မင်းနားလည်ထားဖို့ လိုအပ်တယ် “

ယွင်ခုန်းနှင့် နတ်ဘုရားမ ဝမ်ရန်တို့မှာ အံ့ဩမှင်သက်သွားခဲ့သည်။ ၎င်းက အမှန်တကယ် အထောက်အကူ ဖြစ်ပေသည်။

လုချန်ရှန်းမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။

လောင်လျူမှာ မည်ကဲ့သို့ မီးလောင်ရာလေပင့်ရမလဲဆိုသည်ကို အမှန်တကယ် သိနေခဲ့သည်။ အကယ်၍ သူက ကျားတန်ခိုးကို ချေးယူထားသည့် မြေခွေးတစ်ကောင်ကဲ့သို့ ဖြစ်ချင်နေသည်ဆိုလျှင်တောင်မှ သူသည် ရှောင်ထျန်ချန်းကို မသိစိတ်အရ လှုံ့ဆော်မိနေခဲ့၏။

“ ဟက် မင်းတို့ ကြောက်နေတာမလား “

ရှောင်ထျန်ချန်းက လှောင်ပြောင်နေတော့၏။

လောင်လျူက စကားထပ်ပြောနေတော့သည် “ ငါတို့ရှေ့မှာ မင်းက ဘယ်လိုကလေးကွက်လေးတွေကို ကစားချင်နေတာလဲ “

“ ဘာပြောချင်တာလဲ “

“ မင်းက မင်းရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာကို မြှင့်တင်ချင်နေလို့ ငါတို့ သူတော်စင်နဲ့ တိုက်ခိုက်ချင်နေတာမလား။ မင်းရဲ့ ပုတီးစေ့တွေက ငါ့မျက်နှာကိုတောင် လာမှန်တော့မယ်။ တကယ်လို့ မင်းနိုင်သွားမယ်ဆိုရင် မင်းက ကံကြွေးရဲ့ ချည်နှောင်မှုကို မခံရဘဲ ကမ္ဘာတစ်ဝှမ်းကျော်ကြားသွားမယ်။ တကယ်လို့ မင်းရှုံးသွားမယ်ဆိုရင် ဒီတိုင်းလေးပဲ ရှုံးသွားမှာ။ ဘာပဲဖြစ်ဖြစ် ငါတို့ သူတော်စင်ရဲ့ ဂုဏ်သိက္ခာနဲ့ ဩဇာအာဏာက ကြီးမားတယ်လေ။ ဆိုတော့ သူ့ကို ရှုံးတာက မင်းကို အရှက်မကွဲသွားစေနိုင်ဘူး။ ဘယ်လိုပဲ တွက်တွက် မင်းပဲ အသာရနေတယ် “

လောင်လျူက တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

လူအနည်းငယ်မှာ တအံ့တဩဖြစ်သွားခဲ့သည်။ ထိုလူက အတော်ပင် စိတ်ရှုပ်ဖွယ်ကောင်းနေသေးသည်။

လုချန်ရှန်းကမူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး ထိုအကောင်က ထိုမျှထိုးထွင်းသိမြင်နေကာ သူ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှောင်ထျန်ချန်းက အေးစက်စွာ ပြန်ပြောလာခဲ့၏ “ ဆိုတော့ မင်းတို့က စိန်ခေါ်တာကို လက်မခံရဲသေးဘူးပေါ့။ ဒါမှမဟုတ် ရှုံးမှာကို ကြောက်နေကြတာလား။ မင်းက မင်းတို့ရဲ့ ရှေးလူကြီးတွေအားကိုးနဲ့ ဒီခေတ်မှာ မိုက်ရဲနေတာလား “

သူသည် အဆက်မပြတ် စကားပြောဆိုနေခဲ့သည်။ နတ်ဆိုး နတ်ဘုရား အရင်းအမြစ်က သူ၏ စိတ်သဘောထားကို ထိခိုက်သွားစေခဲ့ပြီး သူ့အား ပိုမိုရန်လိုသွားစေခဲ့သည်။ ယခုလက်ရှိအချိန်တွင် သူသည် ကိုယ့်ကိုကိုယ် မထိန်းချုပ်ထားနိုင်တော့ဘဲ တိုက်ခိုက်ချင်နေခဲ့သည်။

ရှောင်ထျန်ချန်း၏ စကားလုံးများက အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီး ၎င်းကို ကြားလိုက်ရသည့် မည်သူမဆို ဒေါသတကြီး ဖြစ်သွားကြပေလိမ့်မည်။

သို့သော် သူက လုချန်ရှန်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ လုချန်ရှန်းဆိုသည်မှာ အကျိုးအမြတ်မရှိလျှင် စကားပြောရမည်ကိုပင် ပျင်းရိသော လူတစ်ဦးဖြစ်သည်။

အတိတ်တစ်ချိန်က သူ၏ အခန်းကဏ္ဍမှာ လုချန်ရှန်းနှင့်အတူတူသာ ဖြစ်နေခဲ့သည်။ ထိုစကားလုံးများကို ပြောထွက်လာရန်အတွက် သူသည် အတော်ပင် ခံစားခဲ့ရပေမည်။

ထို့အပြင် လောင်လျူ ပြောခဲ့သည့်အတိုင်းပင် အကယ်၍ သူကသာ တိုက်ခိုက်မည်ဆိုပါက နိုင်နိုင်ရှုံးရှုံး မည်သည့်အရာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

သူ၏ ယခုလက်ရှိ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအရ ထိုကဲ့သို့သော အရာမျိုးကို လိုအပ်နေမည်လော။

အကယ်၍ သူသာ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက ကြီးကြီးမားမား ပေးဆပ်လိုက်ရပေလိမ့်မည်။

သူသည် များများစားစား တွေးတောစဥ်းစားမနေခဲ့ပေ။ လောင်လျူကသာ အရင်ဦးဆုံး စကားပြောနေခဲ့သည် “ မင်းက တော်တော်ကြီးကို သေချင်နေတာလား။ ငါတို့ သူတော်စင်က မကျိန်ဆိုနိုင်တာ မဟုတ်ဘူး။ ဒါပင်မဲ့ မင်းတို့က ရိုးသားမှုကို ချပြဖို့ လိုအပ်တယ် “

“ ရိုးသားမှုလား “

“ အမှန်ပဲ။ သူတော်စင်က ကျိန်ပေးနိုင်တယ်။ ဒါပင်မဲ့ မင်းလည်း ကျိန်ရမယ်။ တကယ်လို့ မင်းရှုံးသွားမယ်ဆိုရင် ထျန်းရီမြင့်မြတ်နယ်မြေက မဟာတောရိုင်း နန်းတော်ကို အညံ့ခံရမယ်။ ငါတို့ သူတော်စင်ရဲ့ အမိန့်နဲ့ဆိုရင် မင်းက မင်းတို့ရဲ့ ဘိုးဘေးတွေ ဂုဏ်ယူရအောင် လုပ်နိုင်လိမ့်မယ် “

လောင်လျူက အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာပင် တရစပ် စကားပြောဆိုနေခဲ့၏။

ယွင်ခုန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ အဲ့လောက် အကြီးကြီး လုပ်ကြမှာလားဟ။

လုချန်ရှန်းမှာလည်း အနည်းငယ် ရယ်ချင်သွားခဲ့သည်။ ၎င်းက မယုံကြည်နိုင်စရာကောင်းသော်လည်း ထိုအကောင်မှာ ထိုကဲ့သို့သော စကားမျိုးကို အမှန်ပင် ပြောရဲနေခဲ့သည်။

ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများပါ စကားဝင်ပြောလာခဲ့သည် “ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “

“ မင်းတို့ရဲ့ သူတော်စင်က ယုံကြည်ချက် အပြည့်အဝ မရှိပဲနဲ့ ငါတို့ သူတော်စင်ကို လာစိန်ခေါ်နေတာလေ။ ဘာလဲ။ မင်းတို့ကပါ ဂုန်းဆင်းချင်နေတာလား “ လောင်လျူက လှောင်ပြောင်နေတော့သည်။ သူက ထိုကဲ့သို့သော လူမျိုးများကို ရွံ့ရှာစက်ဆုပ်ပေသည်။

လူတစ်ဦးက ဝင်ပြောလာခဲ့သည် “ အဲ့တာက ဘယ်လိုဟာသကြီးလဲ “

“ အဲ့တာဆိုရင် မင်းတို့က ဘယ်လိုလုပ်ချင်လို့လဲ။ ငါတို့ သူတော်စင်က ကျိန်ဆိုဖို့ မျှော်လင့်နေတာမလား။ ဝိညာဥ်ကျောက်တုံး သန်းတစ်ရာသာ ထုတ်လိုက် “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လုချန်ရှန်း၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ လောင်လျူကို ကြည့်နေသည့် အချိန်တွင် သူ၏ စိတ်ခံစားချက်များ မြင့်တက်လာခဲ့သည်။

ရှောင်ထျန်ချန်းက လှောင်ပြောင်လာခဲ့၏ “ စကားပြောနေတဲ့ လူက မင်းပဲလေ။ မင်းက သူ့ကို ကိုယ်စားပြုနိုင်လို့လား။ သူ တစ်ခါမှ သဘောမတူခဲ့ဘူး “

“ အမ် …. “

လောင်လျူ ဆွံ့အသွားခဲ့သည်။ ငါက စတိုင်ထုတ်နေတာလေ။ မင်းက အတည်ကြီး လုပ်နေတာလားဟ။

သူမည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေသည့် အချိန်မှာပင် လုချန်ရှန်းက ဖြည်းဖြည်းချင်း စကားဝင်ပြောလိုက်သည်။

“ တကယ်လို့ တိုက်ချင်တယ်ဆိုရင် သူပြောတဲ့အတိုင်းသာ လိုက်လုပ်လိုက် “

ထိုအသံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ထျန်ချန်းတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ ဤနေရာတွင် ရှိနေသည့် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းကမူ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။ လောင်လျူကမူ တအံ့တဩဖြင့် ပြန်လှည့်ကြည့်လာခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုအကောင်က သူ၏အတွေးများနှင့် ထပ်တူညီနေသည့် စကားများကို များများစားစား ပြောခဲ့ပြီးပြီ ဖြစ်ပြီး လူယုံတော်တစ်ဦးပမာ ပြုမူဆောင်ရွက်နေခဲ့သည်။ ထို့ကြောင့် သူ၏ လူယုံတော်ကို မျက်နှာသာ ပေးရမည် ဖြစ်သည်။

ဝိညာဥ်ကျောက်တုံးများကို ရရှိရန် လွယ်ကူပြီး လူယုံတော်တစ်ဦးမှာ ရှာဖွေရခက်လှပေသည်။ ဒီတစ်ကြိမ်တွင် သူက သူ၏ လူယုံတော်အတွက် တိုက်ခိုက်မည် ဖြစ်သည်။

လောင်လျူသည် တစ်ခြားလူများ၏ တုံ့ပြန်မှုများကို စောင့်ဆိုင်းမနေဘဲ ပြန်ပြောလိုက်သည် “ ကြားလား။ မြန်မြန်ပေးလိုက်တော့ “

“ သူတော်စင် “

ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများက သူတို့၏ သူတော်စင်ကို တားဆီးချင်နေခဲ့ကြသည်။

သို့ရာတွင် ရှောင်ထျန်ချန်းက အသိစိတ်လွတ်နေခဲ့ပြီဖြစ်သောကြောင့် ရှေ့တက်ကာ တုံ့ပြန်လိုက်သည် “ ငါ့ရဲ့ ထျန်းရီမြင့်မြတ်နယ်မြေက ဘယ်တော့မှ ကတိဖျက်မှာ မဟုတ်ဘူး “

လောင်လျူမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ ထိုလူက ထိုကဲ့သို့ ပြောခဲ့လာပြီဖြစ်ပြီး ဤနေရာတွင် လူတော်တော်များများရှိနေသောကြောင့် သူသည် ထျန်းရီက ကတိဖျက်မည်ကို မစိုးရိမ်တော့ပေ။

လုချန်ရှန်းမှာလည်း စကားဝင်ပြောကာ ကျိန်ဆိုလိုက်သည်။ ဤတိုက်ပွဲတွင် မည်သည့်ကံကြွေးမှ ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ။

“ ဟူး “

ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများမှာ အထိတ်တလန့်ဖြစ်သွားကြသည်။ သူတို့က တားဆီးချင်နေခဲ့သော်လည်း မည်သည့်အရာကိုမှ မပြုလုပ်နိုင်ခဲ့ပေ။

အရာအားလုံး ဖြစ်ပျက်တော့မည်ကို မြင်လိုက်ရသောအခါတွင် တစ်စုံတစ်ဦးက သတင်းပို့ရန် လှည့်ပြန်သွားတော့သည်။

ယွင်ခုန်းကပါ စကားဝင်ပြောလာခဲ့၏ “ အစ်ကိုရှောင် တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားမဲ့ အောင်ပွဲအတွက် ကျွန်တော် စောင့်နေတယ်နော် “

“ အစ်ကိုရှောင်က ဘယ်သူ့ထပ်မှ အားမနည်းဘူးဆိုတာကို ကျွန်မသိနေတယ် “

နတ်ဘုရားမ ဝူရန်ကပါ စကားထပ်ပြောလာခဲ့သည်။

ထို့နောက်တွင် သူတို့နှစ်ဦးမှာ အဝေးတစ်နေရာသို့ ဆုတ်ခွာသွားခဲ့ကြသည်။

လုချန်ရှန်းမှာလည်း ခပ်သွက်သွက် လှုပ်ရှားကာ ကွင်းပြင်ကျယ်ဆီသို့ ရွှေ့ပြောင်းသွားခဲ့သည်။ သူသည် ရှင်းယွင်၏ စုပ်ယူမှုကို မနှောင့်ယှက်လိုခဲ့ပေ။

မဟာတောရိုင်း နန်းတော်၏ လူများက ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ ယခုလက်ရှိ အချိန်အထိ သူတော်စင်က ကောင်းကင်ဘုံ အကယ်ဒမီတွင် မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦးကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်ဟု ကြားသိခဲ့ကြရသည်။ သူတို့က သူတော်စင်၏ လှုပ်ရှားမှုကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦးကို တစ်ကွက်တည်းဖြင့် အသေသတ်နိုင်ခဲ့သည့် လူက မည်မျှအစွမ်းထက်နေမည်နည်း။

ယွင်ခုန်းနှင့် နတ်ဘုရားမ ဝမ်ရန်တို့မှာ တိတ်တဆိတ် စောင့်ကြည့်‌နေခဲ့ကြသည်။ သူတို့သည် အဆိုပါ ရှေးခေတ် သူတော်စင်၏ အတိမ်အနက်က မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို သိချင်နေခဲ့ကြသည်။

ဝှစ်

ချက်ချင်းဆိုသလိုပင် ရှောင်ထျန်ချန်းက ခြေတစ်လှမ်းလှမ်းလာခဲ့၏။ မှော်စွမ်းအားများ ပေါက်ထွက်လာကာ အားကောင်းသော တိုက်ပွဲဆန္ဒတစ်ခုပါ အဖော်ပြု လိုက်ပါလာခဲ့ပြီး ၎င်းက ဤနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

လောင်လျူမှာ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် သူ့နဖူးပေါ်တွင် ရှိနေသည့် ချွေးစက်များကို သုတ်နေတော့သည်။

“ ဘုရားရေ ငါက ဒီအတိုင်းပြောလိုက်တာလေ။ သူတို့က အတည်ကြီးချနေကြပြီပေါ့ “

--

…………………………………………………………………………………………………………………………………….

All Chapters