← Chapters

အခန်း ၃၂၁

Vol. 22 Ch. 321

အခန်း ၃၂၁

Vol. 22 Ch. 321

အပိုင်း ( 321 )

တကယ်လို့ အခုမဟုတ်ဘူးဆိုရင် ဘယ်အချိန်မှလဲ

ဤအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များနှင့် တိုက်ပွဲဆန္ဒတို့ ရောစပ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

လူတိုင်း၏ မျက်ဝန်းများအတွင်းရှိ မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

ရှောင်ထျန်ချန်းက ထန်းရီမြင့်မြတ်နယ်မြေ၏ သူတော်စင်ဖြစ်ပြီး သူက ဤကမ္ဘာပေါ်ရှိ ထိပ်ဆုံးအဆင့် ပါရမီရှင်များအနက်မှ တစ်ဦးဖြစ်သည်ဟု ညွှန်းဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာရောက်လိမ့်မည် မဟုတ်ပေ။

သက်တူရွယ်တူနှင့် မျိုးဆက်တူတွင် သူ့ကို ကျော်လွန်နိုင်သူမှာ အလွန်တရာ နည်းပါးလွန်းနေခဲ့သည်။ အနည်းဆုံးအနေဖြင့် ယခုလက်ရှိအချိန်အထိ မည်သူမှ မပေါ်ထွက်လာခဲ့ပေ။

လူတော်တော်များများ၏ အမြင်တွင် အကယ်၍ ယခင်က လုချန်ရှန်းကို ကြီးထွားခွင့်ဆက်ပေးထားမည်ဆိုပါက သူက ရှောင်ထျန်ချန်းကို ယှဥ်နိုင်လိမ့်မည်ဟု ထင်နေခဲ့ကြသည်။ သို့သော် ယခုလက်ရှိ အချိန်တွင် လုချန်ရှန်းက သေဆုံးသွားပြီဟုသာ လူအများစုက သိထားကြသည်။

သို့သော် ရှောင်ထျန်ချန်း၏ တောက်ပမှုက ငြင်းပယ်၍ မရဘဲ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုအဖြစ် ကြီးပျင်းလာရန် ကံပါလာခဲ့သူဖြစ်သည်။

အထူးသဖြင့် နတ်ဆိုး နတ်ဘုရား အရင်းအမြစ်နှင့် ပေါင်းစည်းထားသည့် အချိန်တွင်ဖြစ်ပြီး သူ၏ အနာဂတ်က အတိုင်းအဆမဲ့သွားခဲ့ပြီ ဖြစ်သည်။

လုချန်ရှန်းကမူ ရှောင်ထျန်ချန်းနှင့် ရင်ဆိုင်နေရသောအခါတွင် အေးအေးလူလူသာ ဖြစ်နေသေးသည်။ သူသည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မည်သည့်အရာကမှ သူ့ကို လှုပ်ခတ်နိုင်စွမ်းမရှိသကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့သည်။

သူ၏ တည်ငြိမ်မှုက သူ့အား စိန်ခေါ်တိုက်ခိုက်ချင်နေသည့် လူများကို ပို၍စိတ်အားထက်သန်သွားစေခဲ့၏။ သူတို့က သူ၏ အတိမ်အနက်ကို စမ်းသပ်ကြည့်ရန် သွေးတကြွကြွ ဖြစ်သွားကြသည်။

သို့ရာတွင် လုချန်ရှန်းကိုယ်တိုင်မှာလည်း စိတ်ထဲတွင် အံ့အားသင့်နေလျက်ရှိသည်။ သူသည် နတ်ဆိုး နတ်ဘုရားချီကို အာရုံခံမိနေခဲ့ပြီး ၎င်းက မည်ကဲ့သို့သော စွမ်းအားမျိုးဖြစ်လဲဆိုသည်ကို သိချင်သွားခဲ့သည်။

ဇွီ …….

ဟင်းလင်းပြင်အတွင်းတွင် အသံတစ်သံ ပဲ့တင်ထပ်လာခဲ့ပြီး ထူးခြားသော အဆုံးမဲ့ စွမ်းအင်များ ဖွဲ့တည်လာခဲ့ပြီး အရှေ့သို့ ပြေးဝင်သွားသည့် တိုက်ခိုက်မှုအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

သူက ကံကြွေး၏ ချည်နှောင်မှုကို စိုးရိမ်နေစရာ မလိုသောကြောင့် မည်သည့်ချုပ်တည်းမှုမှ မရှိဘဲ တိုက်ခိုက်နေနိုင်ပြီ ဖြစ်သည်။

သို့ရာ၌ တိုက်ခိုက်မှုများ နီးကပ်လာသည့် အချိန်တွင် လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ ရိုးရှင်းသော လက်ဝါးရိုက်ချက်တစ်ခုဖြင့် ရိုက်ချလိုက်သည်။ တိုက်ကွက်တစ်ခုတည်းဖြင့် တိုက်ခိုက်မှုများ ပြိုကွဲသွားခဲ့သည်။

လေထုအတွင်းတွင် အလင်းတန်းများ လှည့်လည်သွားလာနေပြီး ရှောင်ထျန်ချန်းက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။ သူသည် သူ၏ပြိုင်ဘက်ကို မလျှော့တွက်ထားဘဲ နည်းစနစ်တစ်ခုကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

ဟင်းလင်းပြင်အတွင်းတွင် ချိန်းကြိုးများ ပေါ်ထွက်လာခဲ့ပြီး လုချန်ရှန်းကို ဗဟိုပြု၍ ဝိုင်းရံလိုက်ကြသည်။

၎င်းတို့က နည်းစနစ်တစ်ခုမှ ဖွဲ့တည်ထားခြင်းဖြစ်သော်လည်း စစ်မှန်နေပုံရကာ တိုက်မိသွားသည့် အချိန်တွင် တချွင်ချွင် အော်မြည်သံများ ပေါ်လာခဲ့ပြီး အဆက်မပြတ် လိမ်ယှက်လည်ပတ်ကာ အရာရာတိုင်းကို ချုပ်နှောင်နိုင်ရန် ကြိုးပမ်းနေကြတော့သည်။

၎င်းတို့သာလျှင်မဟုတ်ဘဲ ကောင်းကင်ကပင် ပွင့်ထွက်သွားပုံရကာ ကောင်းကင်ဘုံ အလင်းတန်း ဆင်းသက်လာခဲ့ပြီး ရန်သူတိုင်းကို ခုတ်ပိုင်းရန် ကြံရွယ်လာခဲ့သည်။

သို့ရာ၌ ၎င်းတို့မှာ လုချန်ရှန်း၏ ခန္ဓာကိုယ် အပြင်ဘက်တွင် ရပ်တန့်သွားကာ သူ့ကို မထိနိုင်ခဲ့ချေ။ ငြင်သာသော လက်ဝေ့ရမ်းမှုနှင့်အတူ ချိန်းကြိုးများ ပြိုကွဲသွားကာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ဘုံ အလင်းတန်းပါ ပျောက်ကွယ်သွားကာ သူ့ဘက်သို့ မရောက်ရှိနိုင် ဖြစ်သွားခဲ့သည်။

အလင်းတန်းမိုး စတင်၍ ရွာသွန်းလာခဲ့ပြီ ဖြစ်သည်။

လုချန်ရှန်းမှာ အလင်းတန်းမိုးဖြင့် ရေချိုးနေခဲ့ပြီး ဖုန်မတင်သကဲ့သို့ ပိုမိုထူးခြား မြင့်မြတ်လာပုံရကာ အရှေ့သို့ စူးစူးစိုက်စိုက် ငေးကြည့်နေခဲ့သည်။

မူလတာအိုကားချပ် ပေါ်ထွက်လာမှုနှင့်အတူ ၎င်းက ပြီးပြည့်စုံသည့် အခြေအနေမျိုးတွင် ရှိမနေသော်လည်း လျှို့ဝှက်ဆန်းကြယ်သော တာအိုစွမ်းအင်တစ်ခု စီးဆင်းနေခဲ့ပြီး အဆိုပါ နည်းစနစ်များကို အာနိသင် လုံးဝမရှိတော့အောင် ဖြစ်သွားစေကာ ၎င်းတို့က သူ့အား မည်သို့မျှ မချုပ်နှောင်နိုင်ခဲ့ပေ။

“ အဲ့တာက အသုံးမဝင်ဘူး။ တစ်ခြားနည်းလမ်းတွေကို စမ်းကြည့်သင့်တယ် “

လုချန်ရှန်း၏ အေးဆေးတည်ငြိမ်သော အသံ ဟိန်းထွက်လာခဲ့သည်။

သူသည် ရှောင်ထျန်ချန်းကို ငေးကြည့်နေခဲ့ပြီး သူ့အနားတွင် ရှိနေသည့် လူများ၏ စိတ်ခံစားချက်များကို အာရုံခံမိနေကာ အဆိုပါ ရှောင်ထျန်ချန်းက ထိုမျှလောက် ရိုးရှင်းနေမည်မဟုတ်သကဲ့သို့ ယခင်က သူရင်ဆိုင်ခဲ့ရသည့် အလကားကောင်များကဲ့သို့ မဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ ယနေ့တွင် သူသေချာပေါက် စတိုင်ထုတ်ရမည်ဖြစ်သည်။ ကောင်းကင်ဘုံ ဘုရင်ကပင် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ရှောင်ထျန်ချန်း၏ မျက်ဝန်းများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ သူ၏ ပတ်ပတ်လည်တွင် မိုးကြိုးများ ရုတ်တရက် ပေါက်ထွက်လာခဲ့၏။ ကျယ်လောင်သော တွန်မြည်သံနှင့်အတူ ငွေရောင် မိုးကြိုးငှက်တစ်ကောင်က အဆုံးမဲ့ မိုးကြိုးလျှပ်စီးများအတွင်းမှ တောင်ပံများကို ဖြန့်၍ တိုးထွက်လာခဲ့ကာ အမျိုးမျိုးသော မိုးကြိုးလျှပ်စီးများကို ယူဆောင်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် သူကပါ လှုပ်ရှားလာခဲ့ကာ အရှေ့သို့ ပြေးတက်သွားတော့သည်။

ဤတစ်ကြိမ်တွင် သူ၏ အရှိန်အဝါက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၉၏ စွမ်းအားများ ဖုံးလွှမ်းလာခဲ့ကာ အဆင့်တူမှ လူများကို တုန်တုန်ရင်ရင် ဖြစ်သွားစေခဲ့သည်။

လောင်လျူပြောထားခဲ့သည့်အတိုင်းပင် သူတော်စင်အားလုံးက မတူညီကြသကဲ့သို့ မွေးရာပါ ဝိညာဥ်အဆင့်၉တွင် ရှိနေကြသူများကလည်း မတူညီကြပေ။

သူသည် စောင့်ကြည့်နေရင်းဖြင့် မအောင့်ထားနိုင်တော့ဘဲ လွှတ်ခနဲ ပြောမိသွားခဲ့သည် “ ထျန်းရီက အဲ့ကလေးကို တန်ဖိုးထားနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ သူက မရိုးရှင်းဘူး “

လောင်လျူက လူတိုင်းကို ဆန့်ကျင်ခဲ့သော်လည်း ရှောင်ထျန်ချန်းနှင့် ရင်ဆိုင်နေရချိန်တွင် သူသည် သူက ထူးခြားသည်ကို ခံစားနေရသေးသည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာ ထိုလူနှစ်ဦး နီးကပ်သွားချိန်၌ လူတိုင်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်မှုတို့နှင့် ပြည့်နှက်သွားခဲ့သည်။

ဝှစ်

အသံတစ်သံ ပဲ့တင်ထပ်လာခဲ့ပြီး ရှောင်ထျန်ချန်းက ငွေရောင်မိုးကြိုးငှက်ကို သယ်ဆောင်၍ ချဥ်းကပ်လာခဲ့ပြီး အမျိုးမျိုးသော မိုးကြိုးလျှပ်စီးများ နိမ့်ဆင်းလာကာ ဟင်းလင်းပြင်အတွင်းတွင် ပေါက်ကွဲသွားပြီး မိုးကြိုးပင်လယ်ပြင်တစ်ခု ဖွဲ့တည်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

ငွေရောင်ငှက်သည် ချက်ချင်းပြိုကွဲသွားပြီး မိုးကြိုးလျှပ်စီးများ အလျားလိုက် ကခုန်နေကာ ရှောင်ထျန်ချန်းဆီသို့ ပြေးတက်သွားခဲ့သည်။

ထူးဆန်းသော စွမ်းအင်နှင့် မိုးကြိုးလျှပ်စီးတို့ တိုက်မိသွားကာ ကမ္ဘာမြေကို လှုပ်ရမ်းသွားစေခဲ့၏။

အစတွင် ပြင်းပြင်းထန်ထန် တိုက်ခတ်နေခဲ့သည့် လေပြင်းများ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ ရှောင်ထျန်ချန်း၏ နည်းစနစ်အားလုံး ပြိုကွဲသွားကာ လုံးဝရှင်းထုတ်ခံလိုက်ရပြီး သူ၏ ပုံရိပ်က နောက်ဆုတ်သွားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးများ ကျန်ရှိနေသေးသည်။

ထိုအချိန်တွင် ၎င်းမှာ မိုးကြိုးကပ်ဘေးကြီးတစ်ခု ရောက်ရှိလာသည့်အလား ဖြစ်နေခဲ့သည်။

သို့သော် လုချန်ရှန်းက မိုးကြိုးများ၏ အလယ်ဗဟိုတွင် မတ်တပ်ရပ်နေခဲ့ပြီး သူ၏ ဝတ်စုံများ တဖျပ်ဖျပ် လှုပ်ရမ်းနေကာ တိုက်ပွဲခေါ်သံကို ထုတ်လွှတ်နေခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းက မိုးကြိုးပင်လယ်နှင့် ပဲ့တင်ထပ်နေခဲ့၏။

သူသည် ရှောင်ထျန်ချန်းကို အေးအေးလူလူဖြင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

“ မိုးကြိုးတာအို ပထမကောင်းကင်ဘုံ “

၎င်းကို မြင်လိုက်ရသောအခါတွင် နတ်ဘုရားမ ဝမ်ရန်၏ စိတ်ခံစားချက်များ ဂဏာမငြိမ် ဖြစ်သွားခဲ့သည်။

မိုးကြိုးငှက်များက မိုးကြိုးနိယာမနှင့်အတူ မွေးဖွားလာသည်ဟု ဆိုကြပြီး မိုးကြိုးထံမှ အစစ်အမှန် ဝိညာဥ်တစ်ခု မွေးဖွားလာခဲ့၏။ သို့သော် အဆိုပါ မျိုးနွယ်စု၏ အနည်းငယ်မျှသော လူနည်းစုကသာလျှင် ထိုအဆင့်သို့ ရောက်ရှိနိုင်ကြသည်။ လူငယ်မျိုးဆက်၏ မည်သူကမှ ထိုအဆင့်သို့ မရောက်ရှိခဲ့ပေ။

ယွင်ခုန်းကပါ စကားဝင်ပြောလာခဲ့သည် “ အဲ့ဒီသူတော်စင်က အသက်နှစ်ဆယ်ပဲ ရှိသေးတယ်လို့ ပြောကြတယ်။ ဒါပင်မဲ့ သူ့ရဲ့ မိုးကြိုးတာအို နိယာမက ကြီးမားသော အောင်မြင်မှုနယ်ပယ်ကိုတောင် ရောက်နေပြီ။ တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ် “

မဟာတောရိုင်း နန်းတော်၏ လူများကပါ တအံ့တဩဖြင့် အော်ပြောလာကြသည်။ သူတို့၏ မျက်ဝန်းများအတွင်းတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

သို့ရာတွင် ထျန်းရီမြင့်မြတ်နယ်မြေမှ လူများ၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။

သို့သော် ရှောင်ထျန်ချန်းက ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို အမျိုးမျိုးသော နည်းစနစ်များနှင့် မန္တာန်တို့ဖြင့် အားဖြည့်လိုက်ပြီး မိုးကြိုးများကို ဖောက်ခွဲကာ အရှေ့သို့ ထပ်မံ၍ ပြေးတက်သွားတော့သည်။

သူ၏ လက်ဝါးရိုက်ချက် ဆင်းသက်လာသည့်အချိန်တွင် ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်လာခဲ့ကာ ပတ်ပတ်လည်ရှိ မိုးကြိုးများကို လှုပ်ခါသွားစေခဲ့၏။

လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ အဆိုပါ လက်ဝါးချက်နှင့် တွေ့ဆုံလိုက်သည်။ လက်ဝါးနှစ်ခု တိုက်မိသွားသည့် အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ကာ ၎င်း၏ နောက်ဆက်တွဲ လှုပ်ခါမှုများက လှိုင်းလုံးများကဲ့သို့ ပျံ့လွင့်သွားခဲ့သည်။

သူတို့၏လက်သီးများနှင့် လက်ဝါးများ အပြန်အလှန် တွေ့ဆုံနေခဲ့ပြီး သူတို့၏ စွမ်းအားများ တဖြည်းဖြည်း အားကောင်းထက်မြက်လာခဲ့သည်။

ရှောင်ထျန်ချန်းက ကြောက်မက်ဖွယ်ကောင်းသည့် အသံများကို ဆက်တိုက်ထုတ်လွှင့်လာခဲ့ပြီး လုချန်ရှန်းကမူ အေးအေးလူလူ ဖြစ်နေခဲ့ကာ ရန်သူကို တွေ့ဆုံရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။ တိုက်ကွက်တစ်ခုချင်းစီတိုင်းတွင် မိုးကြိုးနိယာမ ကပ်ညိနေခဲ့သည်။

သို့သော် သူကိုယ်တိုင်မှာလည်း တအံ့တဩဖြစ်နေလျက်ရှိသည်။ ရှောင်ထျန်ချန်းက အမှန်တကယ် မရိုးရှင်းပေ။ သူ၏မန္တာန်များက အဆုံးမဲ့နေပုံရကာ အားလုံးက သူ၏လက်သီးနှင့် ပေါင်းစည်းသွားပြီး သူ့ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

သို့ရာ၌ ဤကဲ့သို့ တိုက်ခိုက်လာခဲ့ပြီးပြီဖြစ်သောကြောင့် မိုးကြိုးပင်လယ်က ကောင်းကင်ထက်သို့ မြင့်တက်သွားကာ လုချန်ရှန်းက ရုတ်တရက် ထိုးနှက်လာခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် စွမ်းအားများ ပေါက်ထွက်လာကာ အရှေ့သို့ ဖိနှိပ်နေတော့သည်။

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့ကာ မိုးကြိုးလျှပ်စီးများ ထကြွသောင်းကျန်းလာခဲ့ပြီး အချိန်အတော်ကြာ လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။

သို့သော် ပုံရိပ်တစ်ခုက ၎င်းထံမှ နောက်ဆုတ်သွားခဲ့သည်။ ၎င်းက ရှောင်ထျန်ချန်းပင် ဖြစ်သည်။ သူသည် မိုးကြိုးပင်လယ်၏ သောင်းကျန်းမှုကို တောင့်မခံနိုင်ဘဲ တက်တက်ကြွကြွ ဆုတ်ခွာသွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေခဲ့ပြီး မိုးကြိုးများ၏ ဝါးမြိုခြင်းကို အေးအေးလူလူ ငြိမ်ခံနေခဲ့သည်။ သူသည် မည်သို့မျှ မကြောက်လန့်သွားခဲ့ပေ။

သူ၏အမြင်တွင် ရှောင်ထျန်ချန်းက အမှန်တကယ် ထူးခြားလှပေသည်။ သို့သော် ကံဆိုးစွာဖြင့် သူ၏ရုပ်ခန္ဓာက အနည်းငယ် ချို့ယွင်းနေကာ ရိုက်နှက်ခြင်းကို မခံယူနိုင်ခဲ့ပေ။

ထိုနယ်ပယ်တွင် စုမူယွဲ့က ပထမဖြစ်နေသေးသည်။ သူမက လုချန်ရှန်း၏ ရိုက်နှက်မှုများကို ခံနိုင်ရည်အရှိဆုံး လူတစ်ဦးဖြစ်ပြီး ရိုက်သတ်၍ပင် မသေသော လူတစ်ဦးဖြစ်သည်။

ထိုအခိုက်အတန့်တွင် လူတိုင်းက ထိတ်လန့်တကြား စောင့်ကြည့်နေခဲ့ကြသည်။

သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ စကားလှမ်းပြောလိုက်သည် “ မင်းက မန္တာန်တွေကို မှီခိုလွန်းတယ် “

“ အဲ့လိုလား “

ရှောင်ထျန်ချန်းက လှောင်ပြောင်နေတော့သည်။ သူ၏ စွမ်းရည်က ထူးချွန်ပြောင်မြောက်လွန်းလှပြီး အဆိုပါ မန္တာန်များကို ကျင့်ကြံခြင်းက သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ရေစီးကြောင်းများအလား ဖြစ်နေခဲ့ခြင်းဖြစ်သည်။ တစ်ခြားလူများက ၎င်းတို့ကို နက်နက်နဲနဲ လေ့လာနေရစဥ်အချိန်တွင် သူက ၎င်းတို့ကို နားလည်တတ်ကျွမ်းနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် သူက မန္တာန်အမြောက်အများကို တတ်မြောက်နေခဲ့ခြင်းဖြစ်သည်။

ယခင်က တိုက်ကွက်ဖလှယ်မှုအတွင်းတွင် သူသည် အစွမ်းထက် မန္တာန် နည်းစနစ်များ အခုနှစ်ဆယ်နီးပါး ထုတ်သုံးခဲ့လေသည်။

၎င်းက သူ၏ စွမ်းရည်ပင် ဖြစ်သည်။

သို့သော် ၎င်းက လုချန်ရှန်း၏ အတွေးအခေါ်နှင့် ကိုက်ညီမနေခဲ့ပေ။ သူက တစ်ခြားလူများ၏ နည်းလမ်းများ သင်ယူခြင်းကို မငြင်းပယ်သော်လည်း ၎င်းတို့က ဖြည့်စွက်စာ/အရန်မျှသာ ဖြစ်သည်ဟု ခံစားနေခဲ့ရသည်။ သို့သော် ၎င်းတို့က အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည့် အစွမ်းထက် နတ်စွမ်းရည်များ ဖြစ်နေမည်ဆိုပါက ကွဲပြားသော ကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။

၎င်းကို မြင်လိုက်ရသောအခါတွင် သူသည် ဆက်လက်၍ ငြင်းခုန်မနေတော့ပေ။ သူက ဤနေရာသို့ တရားဟောရန် ရောက်နေခြင်း မဟုတ်ဘဲ စတိုင်ထုတ်ကာ ဝိညာဥ်ကျောက်တုံးများ ရရှိရန်အတွက် ရောက်နေခဲ့ခြင်း ဖြစ်သည်။

ရှောင်ထျန်ချန်းမှာလည်း ၎င်းတို့ကို လျစ်လျူရှုထားကာ ရှေ့တက်တိုးလာခဲ့သည်။ သူ့လက်အတွင်းတွင် လှံရှည်တစ်လက် ပေါ်လာခဲ့ပြီး ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။

သူ၏ စွမ်းအင်များ မြင့်တက်လာခဲ့ပြီး သူ၏ တိုက်ခိုက်လိုစိတ်ပါ ထောင်တက်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူ၏အနောက်ဘက်တွင် ဧရာမ နတ်ဆိုး နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။

၎င်းက နတ်ဆိုး နတ်ဘုရား အရင်းအမြစ်နှင့် ပေါင်းစပ်ခြင်းက ယူဆောင်ပေးလာခဲ့သည့် စွမ်းရည်တစ်ခုဖြစ်သည်။

“ တိုက် “

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နတ်ဆိုး နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ အမျိုးမျိုးသော မန္တာန်များနှင့် ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့သည်။ သူသည် လှံရှည်ကို ကိုင်ဆောင်၍ တိုက်ရိုက်ထိုးသွင်းကာ ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေနိုင်သည့် တိုက်ကွက်မျိုးကို ထုတ်လွှတ်လာခဲ့သည်။

အဆိုပါ အရှိန်အဟုန်ကို ခံစားမိသွား‌သောအခါတွင် ယွင်ခုန်းနှင့် နတ်ဘုရားမ ဝမ်ရန်တို့ နှစ်ဦးစလုံး တအံ့တဩဖြစ်သွားကြသည်။ အဆိုပါ တိုက်ကွက်က အလွန်တရာ စွမ်းလွန်းနေခဲ့ပြီး စွမ်းအားအမြောက်အများ ပါဝင်နေကာ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တစ်ဦးအတွက် ခုခံရ ခက်သွားစေခဲ့၏။

လောင်လျူမှာလည်း အံ့ဩတကြီးဖြစ်သွားခဲ့သည်။

လုချန်ရှန်းကမူ ခြေတစ်လှမ်းလှမ်းကာ လှုပ်ရှားနေတော့သည်။ သူ့ကို ဝိုင်းရံနေသည့် မိုးကြိုးပင်လယ်က ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး ငွေရောင်အလင်းတန်းများက ကောင်းကင်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

လုချန်ရှန်းက ထိုနေရာတွင် အေးအေးလူလူ မတ်တပ်ရပ်နေခဲ့ပြီး သူ၏ အဝတ်အစားများက လေနှင့်အတူ လိုက်ပါ လှုပ်ရှားနေကာ အရှေ့သို့ စိုက်ကြည့်နေခဲ့သည်။

ရှောင်ထျန်ချန်းက ထပ်မံ၍ ချဥ်းကပ်လာသည့်အချိန်တွင် မိုးကြိုးများ လိမ်ယှက်ကာ ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဆင်းသက်လာခဲ့ပြီး အစစ်အမှန် နဂါးတစ်ကောင်က မိုးကြိုးပင်လယ်အတွင်းမှ ခုန်ထွက်လာသည့်ပမာ တိုက်ခိုက်ခံလိုက်ရသည်။

အရာအားလုံး ဖြစ်ပျက်လာမှုနှင့်အတူ လူတိုင်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး ကောင်းကင်ထံမှ ဆင်းသက်လာသည့် မိုးကြိုးတိုက်ကွက်ကို ငေးကြည့်နေခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံနေသည့် နိယာမတစ်ခု၏ အရှိန်အဝါကို ခံစားနေခဲ့ရသည်။

--

……………………………………………………………………………………………………………………………………….

All Chapters