အခန်း ၃၂၃
Vol. 22 Ch. 323
အပိုင်း ( 323 )
ကောင်းကင်က ပေါက်နေတာလား
ရှန်ထျန်းတောင်တန်းဒေသက လှုပ်လှုပ်ရွရွ ဖြစ်နေသေး၏။
သက်ရှိသတ္တဝါတိုင်းက အခွင့်အလမ်းများကို ရှာဖွေနေခဲ့ကြသည်။ သို့သော် လုချန်ရှန်းက ထွက်သွားခဲ့သည်။
သူသည် မည်သည့် အခွင့်အလမ်းကြီးကိုမှ မမြင်ခဲ့ရပေ။ အစတွင် သူက ဝိညာဥ်ချီတစ်ချို့ကို စုပ်ယူချင်နေခဲ့သည်။ သို့သော် စွမ်းအားတစ်ချို့က သူ့ရှောင်ရှားနေပုံရသည်ဆိုသည်ကို သိရှိသွားခဲ့သည်။ သူ့လမ်းကြောင်းရှိ ဝိညာဥ်ချီများ လျော့ပါးကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူသည် သူက မည်သည့်အတွက်ကြောင့် ပစ်မှတ်ထားခံနေလဲဆိုသည်ကို မသိဘဲ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့ရသည်။
လောင်လျူမှာလည်း သူ့အနောက်သို့ လိုက်သွားခဲ့သည်။ သူက မည်သည့်အရာကိုမှ မရရှိခဲ့သော်လည်း သူ၏ ထွက်ခွာမှုက နောက်ကျလွန်းနေခဲ့ကာ တစ်စုံတစ်ဦးက သူတို့၏ ဒေါသများကို သူ့အပေါ်တွင် ပုံချလာမည်ကို ကြောက်ရွံ့နေခဲ့သည်။ သူ၏ ယခင်က အပြုအမူများက အနည်းငယ် လွန်ကဲသွားခဲ့သည်။
တောင်တန်းဒေသ၏ အပြင်ဘက်တွင် လုချန်ရှန်း ပေါ်ထွက်လာသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
သူနှင့် ရှောင်ထျန်ချန်းတို့၏ တိုက်ပွဲကို လူတိုင်းက သိနေခဲ့ပြီး ထိုလူများ၏ အမူအရာများက အလွန်ပင် မူမမှန်ဖြစ်နေခဲ့ကာ ပိုမိုကြောက်လန့်နေသည့် အကြည့်များဖြင့် လုချန်ရှန်းကို ငေးကြည့်နေခဲ့ကြသည်။
ကောင်းကင်ဘုံ အကယ်ဒမီမှာလည်း စူးစူးရဲရဲ စိုက်ကြည့်နေလျက်ရှိ၏။
မူချွမ်၏ မျက်လုံးများက ပိုမိုတောက်ပနေခဲ့ပြီး နောက်မှလိုက်လာသည့် လောင်လျူမှာလည်း ခါးမတ်မတ်ထားကာ ခေါင်းမြင့်မြင့် မော့ထားခဲ့၏။
“ သူတော်စင်ကို ကျေဇူးအများကြီး တင်ပါတယ် “ ထျန်းရီမြင့်မြတ်နယ်မြေ၏ ရှောင်ယွင်က ရှေ့ထွက်ကာ စကားပြောလာခဲ့သည်။ အကယ်၍ သူဒေါသထွက်နေသည်ဆိုလျှင်တောင်မှ တုံ့ပြန်ရုံသာ ပြုလုပ်နိုင်ခဲ့သည် “ အဲ့ဒီ ဝိညာဥ်ကျောက် သန်းတစ်ရာကို ရက်ပိုင်းအတွင်းမှာပဲ မဟာတောရိုင်း နန်းတော်ဆီကို ပို့လိုက်ပါ့မယ် “
“ အင်း “ လုချန်ရှန်းက အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် အရာအားလုံးကို လျစ်လျူရှုထားခဲ့သည်။ အကယ်၍ ရှင်းယွင်က အထဲတွင် ရှိနေသေးသည်ဆိုလျှင်တောင်မှ သူက စောင့်ဆိုင်းနေမည် မဟုတ်ပေ။ ထို့အစား သူသည် စစ်ရထားလုံးပေါ်သို့ တက်ကာ ထွက်ခွာသွားခဲ့သည်။
သူသည် ဤနေရာကို အတော်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။ ရှန်ထျန်းတောင်တန်းဟု ခေါ်ဆိုသော်လည်း အရင်းအမြစ်များ အလွန်တရာ နည်းပါးလွန်းနေခဲ့သည်။ ၎င်းက သူ့အား ဝိညာဥ်ချီများကိုပင် စုပ်ယူခွင့်မပြုခဲ့ချေ။
ဝိညာဥ်ချီ ပြတ်လပ်နေတာလားဟ(ဒါမှမဟုတ်) မတတ်နိုင်မှာကို ကြောက်နေတာလား။
အဆုံးတွင် သူသည် တောင်ပိုင်းဒေသသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ မဟာတောရိုင်း နန်းတော်ဆီသို့ တန်းပြန်သွားခဲ့သည်။
သူရောက်ရှိလာချိန်တွင် အင်အားစု အသီးသီးက သူတို့၏ လေးစားမှုကို ပြသရန် ရောက်ရှိလာခဲ့သည်။
ယခုတွင် သူတော်စင်၏ စွမ်းအားကို လူတိုင်းက မြင်တွေ့ခဲ့ပြီးပြီ ဖြစ်ပြီး သူ၏ ပါရမီကသာ ပြိုင်ဘက်ကင်းနေခြင်း မဟုတ်ဘဲ သူ၏ တိုက်ခိုက်ရေး စွမ်းအားကပါ ပြိုင်ဘက်ကင်းနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက ကံကြွေးနှင့် နတ်ဘုရားနယ်ပယ် ကာကွယ်သူတစ်ဦးကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
ထိုကဲ့သို့သော လူတစ်ဦးကို မည်သို့မျှ ရန်စစော်ကား၍ မဖြစ်နိုင်ပေ။
ထျန်းရီမှာလည်း သဘောတူထားခဲ့သည့်အတိုင်း ဝိညာဥ်ကျောက်တုံး သန်းတစ်ရာ ပေးပို့လာခဲ့သည်။ မူချွမ်က သန်းငါးဆယ် ထပ်ပေးလာခဲ့၏။
သန်းနှစ်ဆယ်က ယခင်က မောက်မောက်မာမာ ပြောဆိုခဲ့သည့် ဂိုဏ်းသခင်ဆီမှ ရောက်ရှိလာခြင်းဖြစ်ပြီး ကျန်ရှိနေသည့် သန်းသုံးဆယ်ကိုမူ မဟာတောရိုင်း နန်းတော်က ဖြည့်တင်းပေးခြင်း ဖြစ်သည်။
မူချွမ်သည် သူတော်စင်က မည်သည့်အတွက်ကြောင့် ဝိညာဥ်ကျောက်တုံး အများအပြား လိုအပ်နေရလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေခဲ့သည်။
သို့ရာတွင် သူသည် တစ်ခြားသော အင်အားစုများက ငွေမပို့ပေးလာသည့် တစ်ခြားသော အင်အားစုများကို လျစ်လျူရှုထားပြီး ရွှေတောင်ပံပန်နှင့် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုတို့ကိုသာလျှင် လက်ခံတွေ့ဆုံခဲ့၏။
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ လူငယ်မျိုးဆက် ခေါင်းဆောင်ဖြစ်သူ ရှောင်ဟေးကိုယ်တိုင် ရောက်ရှိလာခဲ့ပြီး ဤတစ်ကြိမ်လည်ပတ်မှုအတွက် ကောင်းကင်ဘုံ အကယ်ဒမီမှ ထွက်ခွာလာခဲ့သောကြောင့် သူတအံ့တဩ ဖြစ်သွားခဲ့ရသည်။
မဟာတောရိုင်း နန်းတော်အတွင်းပိုင်းတွင် လုချန်ရှန်းက ရှောင်ဟေးကို ကိုယ်တိုင်ဆင့်ခေါ်လိုက်၏။
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေခဲ့ပြီး ရှောင်ဟေးက ဦးညွတ်၍ အရိုအသေပေးလာခဲ့သည် “ သူတော်စင် “
“ မင်းက တော်တော်လေး တည်ငြိမ်နေတာပဲ “
လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။
ရှောင်ဟေးက မေးမြန်းလာခဲ့၏ “ ကျွန်တော်က သူတော်စင်ကို ဆန့်ကျင်ခဲ့မိလို့လား “
လုချန်ရှန်းက တဟားဟား ရယ်မောကာ တစ်ဖက်သို့ ဖြည်းဖြည်းချင်း လှည့်သွားခဲ့သည်။ ထို့နောက်တွင် သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ပြန်ပြောလိုက်သည် “ မင်းရဲ့ အကူအညီကို လိုအပ်နေတဲ့ ကိစ္စတစ်ခု ရှိတယ် “
“ ဘာများလဲဗျ “
“ ငါ့အတွက် ဝိညာဥ်ချီ စုပေး “
လုချန်ရှန်းသည် ယခင်က ချပြထားသည့် မာနခေါင်ခိုက်နေသော အမူအရာကို ဖျောက်ဖျက်ထားကာ ရှောင်ဟေးကို အေးအေးလူလူ ငေးကြည့်နေခဲ့သည်။
ရှောင်ဟေးမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ကြာစေ့တစ်စေ့ကို ထုတ်ယူလိုက်ကာ သူ့ကို ကမ်းပေးလိုက်သည်။
“ ဒီကြာစေ့က ကျင့်ကြံရေးအတွက် အသုံးဝင်တဲ့ မူလချီတွေနဲ့ ပြည့်နေတယ်။ ဒါကို မင်းရဲ့ ဆုလဒ်လို့ သတ်မှတ်လိုက် “
သူသည် စကားပြောနေရင်းဖြင့် သူက အလွန်တရာ ရက်ရောလွန်းသည်ဟု ခံစားသွားခဲ့ရသည်။ မူချီများ ပြည့်ဝနေသည့် ဝိညာဥ် ပစ္စည်းတစ်ခုကို ကမ်းလှမ်းခြင်း။ မည်သူက ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို ခုခံနိုင်မည်နည်း။
သို့ရာတွင် ရှောင်ဟေးသည် ကြာစေ့ကို စိုက်ကြည့်ကာ တစ်ခဏခန့် မှင်သက်သွားပြီး မအောင့်ထားနိုင်တော့ဘဲ အော်ပြောလာတော့၏ “ လုချန်ရှန်းလား “
ဟမ်
ထိုအခိုက်အတန့်မှာ လုချန်ရှန်း၏ အမူအရာ အေးခဲတောင့်တင်းသွားပြီး သူ၏မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ မင်းက အဲ့တာကိုတောင် ပြောနိုင်တယ်လား “
ထိုအချိန်တွင် လုချန်ရှန်းမှာ ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်သည်။
ရှောင်ဟေးမှာလည်း အလွန်တရာ အံ့အားသင့်ကာ တုန်လှုပ်သွားခဲ့သည်။ သူသည် မကြာခင် အချိန်များအတွင်းက ကြောက်မက်ဖွယ်ရာ ဂုဏ်သတင်းဖြင့် ကျော်ကြားလာခဲ့သည့် သူတော်စင်က ထိုအကောင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းက သူမျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။ သို့သော် ၎င်းက ကျိုးကြောင်းဆီလျောက်နေပုံရ၏။
“ မင်းက ဘယ်လိုလုပ် သိသွားရတာတုန်း “
လုချန်ရှန်းက မေးမြန်းလိုက်သည်။
ရှောင်ဟေးက သူ့အရှေ့တွင် ရှိနေသည့် ကြာစေ့ကို လက်ညှိုးထိုးနေတော့သည်။
“ အဲ့တာပေါ်မှာ ငါ့နာမည်ရေးထားလို့လား “ ဟု လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်၏။
ရှောင်ဟေးက ပြန်ပြောလာခဲ့သည် “ မဟုတ်ဘူး။ ရှန်ထျန်းတောင်တန်းဒေသအကြောင်း ကြားခဲ့ရတယ်လေ။ အမျိုးအမည် မသိရတဲ့ သတ္တဝါတစ်ကောင် ပေါ်လာခဲ့ပြီးတော့ မူလချီ အပြည့်ပါတဲ့ ကြာပန်းတွေနဲ့ အဲ့ဒီဝိညာဥ် ပစ္စည်းတွေကို ဖျက်စီးသွားတယ်တဲ့ “
“ အဲ့လိုလား “
“ အဲ့တာတွေ အကုန်လုံးက သွားနဲ့ အကိုက်ခံထားရတယ်လို့လည်း ငါကြားခဲ့ရတယ်။ မင်းကလွဲပြီးတော့ အဲ့လိုကိစ္စမျိုး လုပ်နိုင်တဲ့လူကို ငါစဥ်းစားလို့ မရဘူး။ အဲ့လိုသွားမျိုး ပိုင်ဆိုင်ထားတဲ့ သက်ရှိတွေက တော်တော်လေးကို နည်းနည်းတယ် “
ရှောင်ဟေးက တစ်ခွန်းချင်းပြောဆိုလာခဲ့သည်။
သူသည် အဆိုပါ ပစ္စည်းများက အလွန်တရာ မာကြောလွန်းလှကာ ကြီးကြီးမားမား အားစိုက်မထုတ်ဘဲ မယူဆောင်သွားနိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။ ပုံမှန်အားဖြင့် လူများက ၎င်းတို့ကို ထုတ်ယူရန်အတွက် နည်းလမ်းများစွာ ရှာဖွေကြလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းတို့က ထိုကဲ့သို့ ကိုက်ဖြတ်ခံထားရ၏။
၎င်းတို့ကို တွေးမိသွားသောအခါတွင် လုချန်ရှန်းတစ်ဦးတည်းသာလျှင် အမှန်တကယ် တည်ရှိနေခဲ့သည်။
ထို့အပြင် ဤကိစ္စမတိုင်ခင် အချိန်က မူဟွမ်က လုချန်ရှန်းကို လာရောက်တွေ့ဆုံခဲ့ဖူး၏။ သူသည် မဟာတောရိုင်း နန်းတော်၏ သူတော်စင်အကြောင်းကို ကြားသိခဲ့ရသည်။ ဤကြာစေ့ကို မတွေ့ရခင်အချိန်အထိသာ မရေမရာဖြစ်နေခဲ့ခြင်း ဖြစ်သည်။
“ အဲ့တာဆိုရင်လည်း ကောင်းပြီလေ “
လုချန်ရှန်းက ထပ်မံ၍ ရုန်းကန်မနေတော့ပေ။ ၎င်းက ကိစ္စကြီးတစ်ခု မဟုတ်ပေ။
ရှောင်ဟေးကမူ အတွေးနက်နေသေးစဲဖြစ်၏။
အဆုံးတွင် သူသည် ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်သွားစေလိုက်ကာ စကားထပ်ပြောနေတော့သည် “ မင်းက မွေးရာပါ ဝိညာဥ်အဆင့်၉ကို ရောက်နေပြီ မဟုတ်ဘူးလား။ ဘာကိစ္စ ဝိညာဥ်ချီတွေကို လိုအပ်နေရသေးတာလဲ။ မဟာတောရိုင်း နန်းတော်ကတောင် မင်းကို မထောက်ပံ့ပေးနိုင်ဘူးလား “
“ အမှန်ပဲ “
ရှောင်ဟေးမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားပြီး လုချန်ရှန်းက သူတော်စင်အဖြစ် ဟန်ဆောင်နေသည်ဟု သိခဲ့ရစဥ်အချိန်ကထပ်ပင် ပိုမိုအံ့ဩတုန်လှုပ်သွားခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးထွက်သွားခဲ့သည်။
လုချန်ရှန်းသည် အဝေးသို့ ငေးကြည့်ကာ အသာအယာ သက်ပြင်းချနေတော့သည် “ ဆင်းရဲမွဲတေမှုက အပြစ်တစ်ခုပဲ။ ဘယ်လောက်တောင် မမျှတလိုက်သလဲ “
နောက်ရက်များတွင် သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး မူချွမ်ကို အနည်းငယ်မျှ ညွှန်ကြားခဲ့ပြီးသည့်နောက်တွင် ယာယီထွက်ခွာသွားခဲ့သည်။
သူသည် မည်သူ့ကိုမှ မလိုက်ခိုင်းခဲ့ပေ။ ဤတစ်ကြိမ်တွင် သူသည် ထူးထူးခြားခြား သတိကြီးနေခဲ့ပြီး မူဟွမ်ကဲ့သို့ သူ့အား ခြေရာခံလိုက်သည့် နောက်ထပ်လူတစ်ဦးနှင့် ကြုံတွေ့ရမည်ကို စိုးရွံ့နေခဲ့သည်။
ထို့ကြောင့် သူသည် တစ်ကိုယ်တော် သွားလာနေခဲ့ပြီး ရက်ပေါင်းများစွာ သွားလာနေခဲ့ပြီးသည့်နောက်၌ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ အပြင်ဘက်တွင် အနက်ရောင်ဝတ်စုံဖြင့် ပေါ်ထွက်လာခဲ့၏။
“ မျိုးနွယ်စုဆီ အရင်ပြန်ကြတာပေါ့ “ ဟု ရှောင်ဟေးက ပြောလာခဲ့သည်။
“ မင်းက ဘယ်ကိုသွားမလို့လဲ “ လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ မြောက်ပိုင်းမှာ သက်ရှိတွေ မရှိတဲ့ နေရာတွေ အများကြီးရှိတယ်။ အဲ့မှာ လူသားတွေရဲ့ ပိုင်နက်မရှိဘူး။ အဲ့တော့ ထောက်လှမ်းဖို့ မလွယ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ငြင်းခုန်နေခြင်းကို ရပ်တန့်လိုက်သည်။ သို့သော် သူတို့နှင့်အတူ တစ်ခြားကောင်းကင်ဝါးမျိုငှက် အယောက်သုံးဆယ်ကျော် ပါဝင်နေသောကြောင့် သူတအံ့တဩဖြစ်သွားခဲ့သည်။
“ တကယ်တော့ ဒီလောက်ကြီးအထိ ခမ်းနားနေစရာ မလိုပါဘူးလေ။ ငါက သိုသိုသိပ်သိပ်လေးပဲ နေချင်တာ “
ရှောင်ဟေးက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “ မင်းကို ငါတစ်ယောက်တည်း မထောက်ပံ့ပေးနိုင်ဘူးလေ “
“ အဲ့လိုလား “
လုချန်ရှန်းက ကူရာကယ်ရာမဲ့စွာဖြင့် လက်ဝေ့ရမ်းပြလိုက်သည်။
ထို့နောက်တွင် သူတို့အားလုံး မြောက်ပိုင်းဒေသသို့ ထွက်ခွာသွားကြသည်။ လမ်းတစ်လျှောက်တွင် ရှောင်ဟေးက လက်စွပ်တစ်ကွင်းကို ကမ်းပေးလာခဲ့သည်။
“ ငါတို့ဆီမှာ ဝိညာဥ်ကျောက်တုံးတွေ အများကြီး မကျန်တော့ဘူး။ ဒီမှာ သန်းခြောက်ဆယ် “
လုချန်ရှန်းသည် ဟန်ဆောင်ပန်ဆောင်လုပ်မနေဘဲ ၎င်းကို တိုက်ရိုက်လက်ခံလိုက်သည်။
အဆုံးတွင် သူတို့က မြောက်ပိုင်းဒေသရှိ လူသူကင်းမဲ့သော ဒေသသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ထက်သို့ စိမ်းနက်ရောင် ပုံရိပ်များ ခုန်တက်သွားမှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် ဝါးမျိုခြင်း စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
လီတစ်ထောင်အတွင်းရှိ ဝိညာဥ်ချီအားလုံးက ရှောင်ဟေးဆီသို့ ပြေးဝင်လာခဲ့သည်။ သို့သော် အဆုံးတွင် ၎င်းတို့အားလုံးက လုချန်ရှန်းဆီသို့သာ ရောက်ရှိသွားခဲ့သည်။
သို့ရာတွင် အဆိုပါ ဝိညာဥ်ချီများသည် ချက်ချင်းပျောက်ကွယ်သွားပြီး တာအိုကားချပ်၏ စုပ်ယူခြင်းကို ခံလိုက်ကြရသည်။
သိပ်မကြာခင် အချိန်မှာပင် သူတို့သည် နောက်တစ်နေရာဆီသို့ ထပ်မံ၍ ထွက်ခွာသွားပြီး ကောင်းကင်ဝါးမျိုငှက်များက ထပ်မံ၍ အလုပ်လုပ်နေကြပြန်၏။
လုချန်ရှာန်းမှာ အံ့ဩတကြီးဖြစ်သွားခဲ့သည်။ ထိုနယ်ပယ်တွင် ကောင်းကင်ဝါးမျိုငှက်များက အမှန်ပင် ကောင်းချီးပေးခံထားရပေသည်။
ဝိညာဥ်ချီစီးကြောင်းများ ဆက်တိုက်ထုတ်ယူခံနေရပြီး ၎င်းကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည့် ရှောင်ဟေးကပင် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ တစ်ခြားလူများမှာလည်း အံ့ဩမှင်သက်သွားကြသည်။ သူက ဘယ်သူလဲဟ။ ကောင်းကင်ဝါးမျိုငှက်က ငါတို့လား။ သူလား။
ထိုနည်းလမ်းဖြင့် သူတို့သည် မြောက်ပိုင်းဒေသတွင် အဆက်မပြတ် လှည့်လည်သွားလာနေခဲ့ကြသည်။ သူတို့ရောက်ရှိသွားသည့် နေရာတိုင်းရှိ ဝိညာဥ်ချီအားလုံး ခမ်းခြောက်သွားကာ ပြန်လည်ကောင်းမွန်သွားရန် အနည်းဆုံးအနေဖြင့် တစ်လနှစ်လမျှ အချိန်ယူရပေမည်။
သူတို့က လူသူကင်းမဲ့သည့် ထိုနေရာများကို အထူးတလည် ရွေးချယ်ထားခဲ့ခြင်းဖြစ်ပြီး ထိုနေရာများတွင် အမှန်တကယ် လူမရှိသော်လည်း ဝိညာဥ်ချီများက ကျဲတောက်တောက်သာ ဖြစ်နေခဲ့သည်။
သူတို့သည် လဝက်တိတိ လျှောက်သွားနေခဲ့ပြီး သိန်းနှင့်ချီသော တောင်တန်းများ၏ ဝိညာဥ်ချီများကို စုပ်ယူခဲ့ကြသည်။ စုစုပေါင်း ဝိညာဥ်ချီမှာ ဆယ်သန်းမှ သန်းနှစ်ဆယ်မျှသာ ရှိနေခဲ့ပြီး တာအိုကားချပ်ကို ဖြည့်တင်းရန်မှာ ကြာရှည်ကာ ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။
၎င်းက နောက်နှစ်ရက်အထိ ဆက်လက်၍ ဖြစ်ပွားနေခဲ့ပြီး တူညီသော လုပ်ဆောင်မှုကိုသာ ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့ကြသည်။ အဆုံးတွင် သူတို့က ဒေသအသစ်သို့ ရောက်ရှိသွားပြီး ဝိညာဥ်ချီကို ဆွဲထုတ်ရန် ပြင်လိုက်သည်။ ထိုစဥ် အဝေးရှိ ကောင်းကင်ယံမှ ဟိန်းဟောက်သံတစ်သံ ပျံ့လွင့်လာခဲ့သည်။
အဆုံးမဲ့ လေပြင်းနှင့် တိမ်တိုက်များ လှုပ်ခတ်လာခဲ့ပြီး ကောင်းကင်ထက်တွင် ဧရာမ ဝဲဂယက်တစ်ခု ပေါ်ထွက်လာခဲ့၏။ နတ်အလင်းတန်းများနှင့် ရောယှက်နေသည့် တိမ်တိုက်နှင့် မိုးကြိုးများ လိမ်ယှက်လာခဲ့ကာ အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့၏။
လူတိုင်းက ထိုဘက်သို့ လှည့်ကြည့်လိုက်ပြီး လုချန်ရှန်းကပင် အံ့ဩမှင်သက်သွားခဲ့သည်။
ထိုကဲ့သို့သော ခမ်းနားသော မြင်ကွင်းက မထင်မှတ်ထားသော ကိစ္စတစ်ခုဖြစ်သည်။ သူသည် မအောင့်ထားနိုင်တော့ဘဲ လွှတ်ခနဲ ပြောမိသွားခဲ့သည် “ ကောင်းကင်က ပေါက်သွားတာလားဟ “
--
……………………………………………………………………………………………………………………………….