← Chapters

အခန်း ၃၂၅

Vol. 22 Ch. 325

အခန်း ၃၂၅

Vol. 22 Ch. 325

အပိုင်း ( 325 )

နှစ်နှစ်ခွဲကြာ အံ့ဩတုန်လှုပ်ရသည်

လုချန်ရှန်းသည် ဆန္ဒမရှိသော်လည်း တောင်ပိုင်းဒေသသို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။

အစတွင် သူသည် ထိုကိစ္စကို အမြစ်ပြတ်ဖယ်ရှားနိုင်ကာ ထိုပြဿနာကို တစ်ခါတည်း ဖြေရှင်းနိုင်ပြီဟုသာ ထင်နေခဲ့သည်။ သို့သော် ထိုလူများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူသည် ယနေ့ခေတ် လူငယ်များက ဇွဲလုံ့လဝီရိယ မရှိတော့ဘူးဆိုသည်နှင့် သေးငယ်သော အခက်အခဲတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင် အလွယ်တကူ လက်လျှော့သွားခဲ့သည်ဟု ညီးတွားပြောဆိုနေခဲ့ပြိး ၎င်းက ရှောင်ဟေးကို မူးနောက်နောက်ဖြစ်သွားစေခဲ့၏။

အဲ့တာကို အခက်အခဲ သေးသေးလေးဆိုပြီး သတ်မှတ်နေတယ်ပေါ့။ စိတ်အားငယ်တတ်တဲ့ လူဆိုရင် လုံးဝပြိုလဲသွားလောက်ပြီ။ သူသည် ၎င်းထပ် ကြီးမားသော အခက်အခဲ/အတားအဆီး မရှိတော့ဘူးဟု ခံစားနေခဲ့ရသည်။

“ ငါလည်း ကောင်းကင်ဘုံ အကယ်ဒမီကို ပြန်သင့်နေပြီ “

ရှောင်ဟေးသည် အပြင်သို့ သူရောက်နေခဲ့သည့် အချိန်များကို တွက်ချက်ကာ ပြန်သွားသင့်ပြီဆို ယူဆနေတော့သည်။

ထို့နောက်တွင် လူနှစ်ဦး လမ်းခွဲသွားကြသည်။ ကောင်းကင်ဝါးမျိုငှက်များကမူ သူတို့၏ မျိုးနွယ်စုဆီသို့ ပြန်သွားခဲ့ကြသည်။ ထိုလူအားလုံးက ရှောင်ဟေး၏ လူယုံတော်များဖြစ်သောကြောင့် မည်သည့်သတင်းမှ ပေါက်ကြားသွားလိမ့်မည် မဟုတ်ပေ။

ထို့အပြင် လုချန်ရှန်းက သူ၏သရုပ်မှန်ကို ချမပြထားခဲ့ပေ။ သူမည်သူလဲဆိုသည်ကို ရှောင်ဟေးမှတစ်ပါး မည်သူမှ မသိကြပေ။

သို့ရာ၌ မဟာတောရိုင်း နန်းတော်သို့ သူရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် မူချွမ်ရောက်ရှိလာခဲ့သည်။

“ သူတော်စင် မင်းမရှိတဲ့အချိန်တွေတုန်းက သတင်းတွေကို ကြားမိလားဗျ “

“ မသိဘူးလေ “

လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

မူချွမ်က စကားထပ်ပြောနေတော့၏ “ သိပ်မကြာခင် အချိန်ကမှ မြောက်ပိုင်းဒေသမှာ မိစ္ဆာတစ်ကောင် ပေါ်လာခဲ့တယ်လေ။ လူသူမရှိတဲ့ ဒေသမှာ။ ရက်ပိုင်းအတွင်းမှာပင် အဲ့ကောင်ကြီးက သန်းနဲ့ချီတဲ့ တောင်တန်းတွေဆီက ဝိညာဥ်ချီအားလုံး ဝါးမြိုသွားတယ်တဲ့ “

“ သန်းနဲ့ချီတာလား “

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းမှာ ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။

မူချွမ်မှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။ သူသည် သူတော်စင်၏ စိတ်ခံစားချက် ပြောင်းလဲမှုကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသည်။

လုချန်ရှန်းသည် မြောက်ပိုင်းဒေသရှိရာဘက်သို့ ငေးကြည့်ကာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ တစ်သိန်းလို့ သဘောတူထားခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် တစ်သန်းဖြစ်သွားရတာလဲ။ ကျန်နေတဲ့ ကိုးသိန်းက ဘယ်ရောက်သွားတာလဲဟ။

ရှောင်ဟေးက အဲ့တာတွေကို အလွဲသုံးစား လုပ်သွားတာလား။

သူ၏ အတွေးများ လှုပ်ခတ်နေကာ စိတ်ခံစားချက်များ လှိုက်တက်လာခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးသား ကြည်လင်သွားကာ ကောလဟာလများ မည်ကဲ့သို့ ဖြစ်ပေါ်လာရလဲဆိုသည်ကို နားလည်သွားခဲ့သည်။

ပါးစပ်တစ်ပေါက်ကနေ နောက်တစ်ပေါက်ဆီ ရောက်သွားတော့ သန်းဂဏန်းအထိတောင် ဖြစ်သွားခဲ့တာကိုး။

သို့ရာတွင် မူချွမ်က စကားထပ်ပြောလာခဲ့သည် “ ကြောက်စရာကောင်းတဲ့ သက်ရှိတစ်ကောင်ကောင် ပေါ်လာပြီနဲ့တူတယ်။ အဲ့ကောင်က တောင်တန်းတွေကို ထပ်ပြီးတော့ ဝါးမျိုနေတာနဲ့ မြောက်ပိုင်းဒေသတစ်ခုလုံး ဘေးတွေ့သွားရလိမ့်မယ် “

လုချန်ရှန်း : “ … “

သူက ထိုကဲ့သို့ ကြားရခြင်းကို မကြိုက်သော်လည်း ဘာမှပြန်မပြောလိုက်ပေ။

မူချွမ်က စကားဆက်ပြောလာခဲ့၏ “ သူတော်စင် ကိစ္စတစ်ခု ရှိပါသေးတယ် “

“ ဘာကိစ္စလဲ “

“ အထက်နယ်မြေက လူတွေ ရောက်လာပါပြီ။ သိပ်မကြာခင် အချိန်ကမှ သူတို့က တောင်ပိုင်းဒေသမှာ လမ်းကြောင်းတစ်ခု ဖွင့်ခဲ့ကြပါတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ဒေါသတကြီးဖြစ်သွားခဲ့သည်။ သူသည် ထိုလူများက ညစ်ကစားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လက်လျှော့သွားတာ မဟုတ်ဘဲ နေရာကို တောင်ပိုင်းဒေသအထိ ပြောင်းလိုက်တာကိုး။ သုံးရက်တိတိ လိုက်ရှာနေခဲ့တာတောင် ဘာမှမတွေ့ခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

“ သူတို့က မျှမျှတတ မကစားကြဘူးပဲ “

လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။ သူက ထိုကဲ့သို့သော စိတ်ဓာတ်မျိုးကို ရွံရှာစက်ဆုပ်ပေသည်။ တိုက်ရင်းခိုက်ရင်း ကြီးပျင်းလာမယ်မရှိဘူး။ အခက်အခဲ နည်းနည်းလောက် တွေ့တာနဲ့ နေရာတန်းပြောင်းသွားတယ်ပေါ့။

အဆုံးတွင် သူသည် အေးအေးလူလူ တုံ့ပြန်လိုက်သည်။

ထို့နောက်တွင် သူသ် မူဟွမ်၏ ပိုင်နက်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းကို ကြီးမားသော အစီအရင်များက ဝိုင်းရံထားပြီး ထောက်လှမ်းခြင်းကို တားဆီးထားခဲ့သည်။ လုချန်ရှန်းက သူ၏ မှော်စွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်ရာ တာအိုကားချပ် ပေါ်ထွက်လာခဲ့၏။

အလင်းတန်းနှင့် အရိပ်များ လိမ်ယှက်သွားခဲ့သည်။ အထက်နယ်မြေ၏ ဝိညာဥ်ချီများကို လုယက်ခဲ့ပြီးသည့်နောက်တွင် သုံးပုံနှစ်ပုံ ပြည့်ဝသွားခဲ့ပြီ ဖြစ်ကာ ၎င်း၏ စွမ်းအားကို စတင်၍ ရရှိလာခဲ့ပြီဖြစ်ပြီး ဟွာရှုနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်း ပိုနီးသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင် သူသည် တာအိုကားချပ်ကို စတင်၍ လေ့လာနေတော့သည်။

သို့ရာ၌ ဤတစ်ကြိမ်တွင် သူမည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။ အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် ဝိညာဥ်ကျောက်တုံးများ ချေးယူနိုင်မလားဆိုသည်ကို သိချင်သွားခဲ့သည်။

ထို့နောက်တွင် သူသည် မူချွမ်ပြောပြထားခဲ့ဖူးသည့် နေရာသို့ ထွက်ခွာသွားခဲ့သည်။

ထိုနေရာမှာ နတ်ကောင်းကင်ဂိုဏ်းနှင့် လီနှစ်ထောင်သုံးထောင်မျှသာ ကွာဝေးပေသည်။ မြေပြန့်ပေါ်တွင် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံးကို ထောက်ပံ့နေသည့်အလား ဖြစ်နေသော အလင်းတိုင်လုံးတစ်ခခု ရှိနေခဲ့၏။

ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခု ပျံ့လွင့်ကာ တာအိုစွမ်းအင်နှင့်အတူ လည်ပတ်နေပြီး အဆက်မပြတ် ဖွဲ့တည်ရစ်နေခွေနေလျက်ရှိ၏။ မျက်နှာပြင်တစ်လျှောက်တွင် နက်နဲရှုပ်ထွေးသည့် ရုန်းများ လင်းလက်နေကာ မဟာတာအို၏ အဆီအနှစ်ကို သယ်ဆောင်ထားပြီး ထူးခြားသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့၏။

“ ငါနောက်ကျသွားပြီ ဟူးးးး “

လုချန်ရှန်းမှာ အသာအယာ သက်ပြင်းချနေတော့သည်။ လမ်းကြောင်းက အပြည့်အဝ ဖြစ်တည်ကာ ခိုင်မာသွားခဲ့ပြီဖြစ်ပြီး ရုန်းများက အရာအားလုံးကို ဖိနှိပ်ထားခဲ့သည်။ သူက အဆိုပါ ဝိညာဥ်ချီများကို ယူဆောင်သွားနိုင်မည် မဟုတ်ပေ။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် နောင်တတကြီးဖြစ်သွားခဲ့သည်။ သူက ကြီးမားသော အခွင့်အလမ်းတစ်ခုကို လွဲချော်သွားခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ထိုလူများက အလွန်တရာ ကောက်ကျစ်လွန်းကာ သူ့ကိုရှောင်ရှားရန် အဝေးသို့ ထွက်ပြေးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သူက ပြဿနာတစ်ခုကို ရှာတွေ့ခဲ့လေသည်။ လမ်းကြောင်းအနားတွင် ဝိညာဥ်ချီများ အဆက်မပြတ် စုစည်းနေပြီး လမ်းကြောင်းကို တည်ငြိမ်သွားစေရန် အားဖြည့်ပေးနေပုံရ၏။

၎င်းက ရုပ်ဖျက်ထားသော ကောင်းချီးတစ်ခုဖြစ်သည်။ သူက တစ်ခြားလူများ၏ ဝိညာဥ်ချီများကို အသုံးမပြုနိုင်သော်လည်း သူ၏ကိုယ်ပိုင် ဝိညာဥ်ချီကို အသုံးပြုနိုင်ပေသည်။

ထို့အပြင် အဆိုပါ လမ်းကြောင်းထံတွင် အစီအရင်ကြီးတစ်ခု ပါဝင်နေပုံရပြီး ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ ဝိညာဥ်ချီ ဆွဲဆောင်မှုထပ် အကျိုးသက်ရောက်မှု ပိုကောင်းနေပုံရ၏။

ချက်ချင်းဆိုသလိုပင် သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ အနီးအနားရှိ တောင်ထိပ်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေတော့သည်။ သူ၏ မှော်စွမ်းအားများ ပျံ့လွင့်လာခဲ့ပြီး ဘက်ပေါင်းစုံကို ဖုံးလွှမ်းသွားခဲ့သည်။ သူသည် စုစည်းနေသည့် ဝိညာဥ်ချီများကို ချေးယူကာ ကျင့်ကြံနေတော့သည်။

သို့ရာ၌ သူ၏ စိတ်ထဲတွင် အပြောင်းအလဲတစ်ခုဖြစ်တည်လာခဲ့သည်။ ဤတစ်ကြိမ် ပေါ်ထွက်လာခြင်းမှာ ကူချန်ကျွင်း ပြောထားခဲ့သည့်အတိုင်းပင် သူ့အတွက် ရောက်လာခဲ့ခြင်းဖြစ်ဖို့ များသည်။

သို့သော် လုချန်ရှန်းသည် သူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ တစ်ခြားလူ တော်တော်များများကပါ ဤနေရာသို့ ရောက်လာခဲ့ပြီး တင်ပျဥ်ခွေထိုင်နေသည့်အတွက် အံ့ဩတကြီးဖြစ်သွားခဲ့သည်။

သာမန်နေ့ရက်များတွင် ထိုမျှသိပ်သည်းသော ဝိညာဥ်ချီများ ရှိနေသည့် နေရာများ ရှာတွေ့ရန်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် သူ၏ စိတ်ခံစားချက်များ လှိုက်တက်လာခဲ့သည်။

အချိန်များ ကုန်ဆုံးသွားကာ လုချန်ရှန်းက အေးအေးချမ်းချမ်း ကျင့်ကြံနေနိုင်ခဲ့သည်။ တာအိုကားချပ်ကို စွမ်းအင်ဖြည့်တင်းခြင်းမှာ ရှည်လျားထွေပြားသော ကိစ္စတစ်ခုဖြစ်သည်။ သုံးရက်တိတိ ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် သူ၏ ရရှိမှုက သိသိသာသာ ကြီးမားနေခဲ့သည်။ ၎င်းက သန်းတစ်ရာနှင့် မညီမျှသော်လည်း အနည်းဆုံးအနေဖြင့် ဆယ်သန်းရှိနေခဲ့သည်။

၎င်းက သူလိုအပ်နေသည့် ပမာဏနှင့် ယှဥ်လိုက်ပါက အလွန်တရာ နည်းပါးလွန်းနေသော်လည်း ခြင်တစ်ကောင်ထံတွင်လည်း အသားများ ရှိနေခဲ့လေသည်။ သူက ချေးများနေသည့် လူစားမျိုးမဟုတ်ပေ။ ဝိညာဥ်ချီသာ ဖြစ်နေသရွေ့ အရာအားလုံးကို စုပ်ယူမည်ဖြစ်သည်။

သို့ရာတွင် ကောင်းမွန်သော အခိုက်အတန့်များက အမြဲလိုလို တိုတောင်းတတ်ပေသည်။ သူတို့က ကျင့်ကြံရေးတွင် နစ်မြုပ်နေစဥ် အချိန်တွင် လမ်းကြောင်းအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာကာ ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။

ရွှေရောင်ဆံသားတို့ဖြင့် တလက်လက်တောက်ပနေသည့် လူငယ်တစ်ဦးက အရင်ဦးဆုံး ဆင်းသက်လာခဲ့၏။ သူက မောက်မောနေခြင်း မဟုတ်သော်လည်း သူ၏မျက်ဝန်းများအတွင်းတွင် မထီမဲ့မြင်ပြုနေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။

သူ့အနောက်တွင် အပြာရောင်ဆံသားပိုင်ရှင် အမျိုးသမီးတစ်ဦး အနီးကပ် လိုက်ပါလာခဲ့၏။ သူမက အံ့ဖွယ်ကောင်းလောက်သည်အထိ လှပနေကာ ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ သူမ၏ မိုးပြာရောင် မျက်ဝန်းများက အရာအားလုံးကို တောက်ပသော အလင်းတန်းဖြင့် စစ်ဆေးကြည့်ရှုနေခဲ့သည်။

လူကိုးဦး ရောက်ရှိလာခဲ့ပြီး အလင်းတိုင်လုံးအတွင်းမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့၏။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည့် အချိန်တွင် ရွှေရောင်ဆံသားနှင့် လူငယ်က အရင်ဦးဆုံး စကားပြောလာခဲ့သည်။

“ ထင်ထားတဲ့အတိုင်း အဆင့်နိမ့်နယ်မြေက တောသာသာပါပဲ။ အဲ့ဒီသတ္တဝါတွေအတွက်ပဲ သင့်တော်တယ် “

ဟမ်

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်လေး၏ အသံ ဟိန်းထွက်လာခဲ့ပြီး သူပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူသည် အလွန်တရာ မောက်မာနေခဲ့ကာ အနီးအနားတွင် ရှိနေသည့် လူတိုင်းကို ခေါင်းတမော့မော့ ဖြစ်သွားစေခဲ့၏။

အပြာရောင် ဆံသားပိုင်ရှင် အမျိုးသမီးမှာလည်း တခစ်ခစ် ရယ်မောနေတော့သည်။

“ ဒါက အဆင့်နိမ့်နယ်မြေလေ။ ငါ့ရဲ့ တိုက်ကြီးကိုးခုနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ “

ထိုစကားနှစ်ခွန်းသည် အဆင့်မြင့်နယ်မြေမှ ရောက်ရှိလာသည့် မြင့်မြတ်သော သတ္တဝါများက အဆင့်နိမ့်နယ်မြေမှ သတ္တဝါများကို အကဲဖြတ်နေသည့်အလား ဖြစ်နေခဲ့သည်။

နောက်မှလိုက်လာသူများမှာလည်း ခေါင်းတခါခါ ဖြစ်သွားကြသည်။ သူတို့က ဘာမှဝင်မပြောလာကြသော်လည်း သူတို့၏ မထီမဲ့မြင်ပြုနေသော အမူအရာများကပင် အရာအားလုံးကို ရှင်းပြနေခဲ့ပြီးပြီ ဖြစ်သည်။

ထိုမြင်ကွင်းက အနီးအနားရှိ လူများကို မကျေမနပ်ဖြစ်သွားစေခဲ့သည်။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်လေးက စကားထပ်ပြောလာခဲ့၏ “ ကြည့်ဦး သူတို့က လမ်းကြောင်းအနားမှာ စုဝေးနေကြတယ်။ အစီအရင်က စုစည်းထားတဲ့ ဝိညာဥ်ချီတွေကို ချေးငှားပြီးတော့ ကျင့်ကြံနေကြတယ်လေ။ ဒီနေရာက ဘယ်လောက်တောင် နိမ့်ကျနေပြီးတော့ ငါတို့ရဲ့ သနားကြင်နာမှုကို ဘယ်လောက်တောင် လိုအပ်နေလဲဆိုတာ ပေါ်လွင်နေပြီ “

“ အံ့ဖွယ်ကောင်းတဲ့ သတ္တဝါတွေအကြောင်း မကြားခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

“ ဒီလိုနေရာမျိုးမှာ ဘယ်ပါရမီရှင်က မွေးဖွားလာနိုင်လို့လဲ။ လူရိုင်းတစ်စုပါပဲကွာ “

“မျိုးနွယ်စုက ဘာဖြစ်လို့ ငါတို့ကို ဒီနေရာမှာ ကျင့်ကြံခိုင်းလိုက်ရတာလဲဟ။ ငါတကယ်နားမလည်ဘူး။ ဒါက ဘယ်လိုလေ့ကျင့်ရေးမျိုး ဖြစ်နိုင်လို့လဲ “

သူတို့အားလုံး ခေါင်းတခါခါ ဖြစ်သွားခဲ့ကြသည်။ သူတို့သည် စကားအနည်းငယ်ဖြင့် တောင်ပိုင်းဒေသတစ်ခုလုံးကို ထိုမျှအထိ နှိမ့်ချပြောဆိုနေခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် အနီးအနားတွင် ရှိနေသည့် သက်ရှိသတ္တဝါတိုင်း မတ်တပ်ထရပ်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများအတွင်းတွင် ဒေါသများ တလိပ်လိပ် လှိုက်တက်နေခဲ့၏။

၎င်းကို မြင်လိုက်ရသော်လည်း ရွှေရောင်ဆံသားပိုင်ရှင် လူငယ်လေးမှာ အေးအေးလူလူ ဖြစ်နေခဲ့ကာ ပေါ့ပေါ့ပါးပါး ရယ်မော၍ မေးမြန်းလာခဲ့သည် “ မင်းတို့က မယုံကြဘူးလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ ကောင်းကင်ဘုံ ဒီကောင့်ရဲ့ သရုပ်ဆောင်ပုံက ငါ့ကို နှစ်နှစ်ခွဲတိတိ အံ့အားသင့်သွားစေလောက်တယ်။

( ရွဲ့ပြောတာပါ )

--

……………………………………………………………………………………………………………………………………….

All Chapters