← Chapters

အခန်း ၃၂၆

Vol. 22 Ch. 326

အခန်း ၃၂၆

Vol. 22 Ch. 326

အပိုင်း ( 326 )

ငါလက်မခံဘူး

ဦးဆောင်လာသူ ရွှေရောင်ဆံသားပိုင်ရှင် လူငယ်သည် လှောင်ပြောင်နေသည့် အရိပ်အငွေ့များဖြင့် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။

အဆိုပါ လှောင်ပြောင်မှုက သူ၏ အရိုးများ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသည့်အလား မွေးဖွားစဥ် အချိန်ကတည်းက သူနှင့်အတူ ပါရှိလာသည့်အလား သူက တစ်ခြားလူများထပ် သာလွန်နေသည့်အလား သူ၏ စိတ်ထဲတွင် အမြစ်တွယ်နေသည့် အရာ ဖြစ်သည်။

တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် တစ်စုံတစ်ဦးက မည်သို့မျှ သည်းမခံနိုင်တော့ပေ။

“ အဲ့တာကို ငါလက်မခံနိုင်ဘူး “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်ကပင် တအံ့တဩဖြစ်သွားကာ စကားထပ်ပြောလာခဲ့သည် “ မင်းတို့ဆီမှာ သတ္တိနည်းနည်းရှိသေးတာပဲ ”

လုချန်ရှန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ အဲ့စကားကို အခုအချိန်မှာ ပြောတာက ဘာသဘောလဲဟ။

အပြာရောင်ဆံသားပိုင်ရှင် အမျိုးသမီး၏ အကြည့်များ ရောက်ရှိလာခဲ့ပြီး သူမသည် သနားသွားသည့်ပမာ သူမ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။

ဝှစ်

ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ စကားပြောခဲ့သည့် လူထံသို့ တဟုန်ထိုးပြေးတက်လာခဲ့သည်။

ဖူးးး

ထိုလူသည် ခုခံရန် ကြိုးပမ်းလိုက်သော်လည်း တစ်ပြိုင်နက်ဆိုသလိုပင် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရပြီး သူ၏ လက်မောင်း ကျိုးပဲ့ပျက်စီးကာ လွင့်ထွက်သွားခဲ့သည်။

“ အခုရော လက်ခံပြီလား “

ထိုလူငယ်သည် ဆော့ကစားလိုသည့် အပြုံးတစ်ခုကို ဆင်မြန်းကာ ငုံ့ကြည့်လာခဲ့သည်။

အရိုက်ခံလိုက်ရသူမှာ မွေးရာပါ ဝိညာဥ်ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်း လူတစ်ဦးဖြစ်သည်။ သို့သော် သူသည် တိုက်ကွက်တစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ချေ။

လုချန်ရှန်းက အာရုံစိုက်၍ စိုက်ကြည့်နေတော့သည်။ ထိုလူငယ်က အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့ကာ မွေးရာပါ ဝိညာဥ်အဆင့်၈ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။ သူက ထိုလူက တိုက်ကွက်တစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်ပေသည်။ သို့သော် သူသည် သူ၏စွမ်းအားကို ပြသသည့်အနေဖြင့် ထိုလူ၏ အသက်ကို သက်ညှာပေးလိုက်သည်။

“ လက်မခံချင်တဲ့လူ ရှိသေးလား။ မင်းတို့ရဲ့ စိန်ခေါ်မှုတွေကို ငါလက်ခံပေးနိုင်တယ် “

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။ သူ၏ ယုံကြည်မှုကို စကားလုံးတို့ဖြင့် ဖော်ပြနိုင်မည် မဟုတ်ဘဲ အသွေးအသားများထဲမှ မောက်မာနေခဲ့သည်။

သူပြောထားခဲ့သည့်အတိုင်းပင် သူက အတွေ့အကြုံများအတွက် ရောက်လာခဲ့ခြင်းမဟုတ်ဘဲ အရာအားလုံးကို အနိုင်ယူရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကာ လေးလေးနက်နက်ဖြစ်သွားကြသည်။ သူတို့သည် သူတို့က ထိုလူများကို ရန်စစော်ကားရန် မတတ်နိုင်ဘူးဆိုသည်ကို သိရှိသွားကြသည်။

လုချန်ရှန်းကမူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သို့ရာတွင် တိုက်ခိုက်ခံရသည့် လူမှာ မတ်တပ်ထရပ်ရန် ရုန်းကန်နေခဲ့ပြီး သူ၏ ခြေလှမ်းများ ယိုင်နဲ့ကာ မတည်မငြိမ်ဖြစ်နေခဲ့သော်လည်း သူ၏ လက်ကို တုန်တုန်ရင်ရင်ဖြင့် မြှောက်ကာ နှုတ်ခမ်းထောင့်တွင် ရှိနေသည့် သွေးများကို ဖယ်ရှားလိုက်သည်။ သူက လက်မလျှော့သေးသည့်ပုံပင်။

“ အထက်နယ်မြေကနေ လာခဲ့ပြီးတော့ မောက်မာနေစရာ လိုလို့လား “

“ ငါဖြစ်ချင်လို့ မဟုတ်ဘူး။ မင်းတို့က နိမ့်ကျလွန်းနေတာကြောင့် ငါက မောက်မာနေသလို ဖြစ်သွားခဲ့တာ။ ငါတို့က အောက်လောကမှာ ရှိနေတာလေ။ ဒါပင်မဲ့ မင်းတို့က ငါတို့အစီအရင် ရှိတဲ့နားကို စုပြုံလာကြတယ်။ အဲ့တာက တော်တော်လေးကို သနားဖို့ကောင်းနေပြီမဟုတ်ဘူးလား “ ရွှေရောင်ဆံသားပိုင်ရှင် လူငယ်သည် အပြုံးဖြင့် ခေါင်းခါနေတော့သည်။

သက်လတ်ပိုင်းလူက ပြန်ပြောလိုက်သည် “ အဲ့တာက ငါတို့ရဲ့ ချီလေ။ မင်းတို့က ငါတို့ရဲ့ ချီတွေကို အတင်းအဓမ္မသိမ်းယူပြီးတော့ ဒီနေရာမှာ မြင့်မြတ်ချင်ယောင်လာဆောင်နေတာ “

“ အရာရာတိုင်းက သန်မာတဲ့လူတွေနဲ့ သက်ဆိုင်တယ်။ အားနည်းတဲ့လူတွေက စကားပြောခွင့် မရှိဘူး “

“ မင်းက မွေးရာပါ ဝိညာဥ်အဆင့်၈မှာပဲ ရှိနေသေးတာ။ ဒီနေရာမှာ မင်းကို ယှဥ်နိုင်မဲ့ ပါရမီရှင်မျိုး မရှိဘူးလို့ တကယ်ကြီး ထင်နေတာလား “ ထိုလူမှာ မကျေမခြမ်းဖြစ်သွားခဲ့သည်။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်က ပြန်ပြောလိုက်သည် “ အို့။ ရှိတာလား “

“ ဒီတောင်ပိုင်းဒေသမှာ ရှေးခေတ်သူတော်စင် ကလေးငယ်က မင်းကို အကြိမ်တစ်ရာကျော်အထိ သတ်ပေးနိုင်တယ် “

“ ရှေးခေတ်သူတော်စင် ကလေးငယ်လား “ ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း အံ့အားသင့်သွားခဲ့သည်။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်လေးကပင် အံ့ဩတကြီး ဖြစ်သွားကာ စကားထပ်ပြောလာခဲ့သည် “ မဟာတောရိုင်း နန်းတော်က တစ်ယောက်လား “

“ အမှန်ပဲ။ ဒီဟာက သူ့ပိုင်နက်ပဲ။ တကယ်လို့ မင်းက ဒီနေရာမှာ ပြဿနာရှာပြီးတော့ သူ့ကို မကျေမနပ်ဖြစ်သွားစေမယ်ဆိုရင် မင်းရဲ့အဆုံးသတ်က တော်တော်လေးကို ဆိုးရွားသွားလိမ့်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အတော်ပင် အံ့ဩမှင်သက်သွားခဲ့သည်။ သူ၏ အောင်မြင်မှုက ထိုမျှလောက်အထိ ပျံ့နှံ့နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူဝင်မပါသေးပေ။

ထိုအတွေးကို တွေးမိသည်နှင့်တစ်ပြိုင်နက် သူသည် ၎င်းကို ချက်ချင်းပယ်ဖျက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ရွှေရောင်ဆံသားပိုင်ရှင် လူငယ်က တဟားဟား အော်ရယ်နေတော့သည် “ မင်းတို့က သူ့ကို အဲ့လောက်ကြီးအထိ လေးစားနေဖို့ မလိုပါဘူးကွာ။ ငါတို့က သူ့အတွက် ရောက်လာတာ။ မင်းက အဲ့လိုပြောလာပြီဆိုမှတော့ မင်းရဲ့ အသက်ကို ချမ်းသာပေးပြီးတော့ သူ့ရဲ့ ကံကြမ္မာကို မြင်တွေ့ခွင့်ပေးလိုက်မယ် “

ဟမ်

လုချန်ရှန်းမှာ မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။ ဒီကောင်တွေက တကယ်ကြီးကို ငါ့အတွက် ရောက်လာကြတာပဲ။

ဒါပင်မဲ့ ဘာဖြစ်လို့ ငါ့အတွက် ရောက်လာရတာတုန်းဟ။ ငါတို့က မတူတဲ့နေရာတွေမှာ နေနေကြတာလေ။ သူတို့က အပေါ်မှာ ပျင်းနေလို့ ပြဿနာလာရှာကြတာများလား။ သူတို့ဆီမှာ လုပ်စရာ မရှိဘူးလားဟ။

ရှေးလူကြီး၏ စကားများအတိုင်းပင် ကိုယ့်ကိုကိုယ် သိအောင်လုပ်ပါ ကိုယ်၏ရန်သူကို သိအောင်လုပ်ပါ။ အချိန်ကျလျှင် လှုပ်ရှားပါ။ သူသည် ဆက်လက်၍ နားထောင်နေခဲ့သည်။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်သည် စကားပြောခဲ့ပြီးသည့်နောက်တွင် သူ၏လက်ကို မြှောက်လိုက်သည်။ သူ၏ မှော်စွမ်းအားများ မြင့်တက်လာကာ ဧရာမ လက်တစ်ဖက် ပေါ်ထွက်လာခဲ့ပြီး သက်လတ်ပိုင်းလူကို ဖမ်းဆုပ်ရန် လက်ဆန့်တန်းကာ သူ၏ ကတိကို ဖြည့်ဆည်း၍ ရှေးခေတ်သူတော်စင် ကလေးငယ်၏ ကံကြမ္မာကို မြင်တွေ့ခွင့်ပေးရန် ပြင်လိုက်သည်။

သို့ရာ၌ ထိုလက်ကြီးက နိမ့်ဆင်းလာသည့် အချိန်တွင် ထိုလူ၏ အမူအရာ ဖြူဖျော့သွားကာ နောက်ဆုတ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် ထိုလက်က မကျဆင်းလာခဲ့ဘဲ ချက်ချင်းပြိုကွဲသွားက မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော အလင်းမှုန်လေးများအဖြစ် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

လူတိုင်း အံ့အားသင့်သွားကြပြီး အရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခုက မားမားမတ်မတ် ရပ်တည်နေကာ တိုက်ခိုက်မှုအား တားဆီးပိတ်ဆို့ထားသည်ကို မြင်တွေ့သွားကြသည်။

လူငယ်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ မင်းက သေချင်နေတာလား “

“ သဘောမတူတဲ့လူ ရှိသေးလားဆိုပြီးတော့ မင်းပဲ အခုလေးတင် ပြောလိုက်တာ မဟုတ်ဘူးလား။ ငါသဘောမတူဘူး။ ငါမင်းကို စိန်ခေါ်တယ် “

“ ဟားဟားဟား “

ထိုစကားတစ်ခွန်းက လူတစ်စုကို ရယ်မောသွားစေခဲ့၏။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်မှာလည်း ထိုမျှအကြောက်အရွံ့ ကင်းမဲ့သည့် လူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ “ မင်းရဲ့ သတ္တိကို ငါလေးစားပါတယ်။ အဲ့လိုဆိုမှတော့ ငါမင်းကို သုံးကွက်အကြောပေးလိုက်မယ်။ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ပြောဖို့ခက်တယ် “

“ မင်းက ကတိကော တည်ရဲ့လား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်သည်။

“ ဘာဖြစ်တယ် “

လူတစ်စုမှာ အံ့ဩမှင်သက်သွားခဲ့သည်။

“ ငါ့ကို သုံးကွက်အကြောပေးတယ်ဆိုတာလေ “

“ ဟမ့် “ ရွှေရောင်ဆံသားပိုင်ရှင် လူငယ်က လှောင်ပြောင်သရော်လာခဲ့၏ “ အမှန်ပဲ “

အဆိုပါ အတည်ပြုချက်ကို ရရှိခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက ရုတ်တရက် လှုပ်ရှားကာ သူ၏လက်ကို ဝေ့ရမ်း၍ မှော်စွမ်းအားများ ဖွဲ့တည်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဧရာမ လက်တစ်ဖက် ပေါ်ထွက်လာခဲ့သည်။ ၎င်းက အံ့မခမ်းမြန်ဆန်နေခဲ့သည်။

ထိုလူငယ်သည် ပြင်ဆင်ချိန်ပင် မရခဲ့ဘဲ သူ၏ လက်က ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်ဟုသာ ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်တွင်လည်း စူးရှသော နာကျင်မှုတစ်ခု ဖြစ်တည်လာခဲ့သည်။ သူ၏မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီး အလျားလိုက် လွင့်ထွက်သွားကာ အောက်ရှိ မြေပြင်ပေါ်တွင် ဖြောင့်တန်းသော စွပ်ကြောင်းတစ်ခု ချန်ရစ်ထားခဲ့သည်။

“ ဘာဖြစ်တယ် “

လူတိုင်း အံ့ဩတုန်လှုပ်သွားခဲ့သည်။

ထိုလူငယ်က အပြည့်အဝ မတုံ့ပြန်နိုင်ခင် အချိန်မှာပင် လုချန်ရှန်းက ထပ်မံ၍ လှုပ်ရှားနေခဲ့သည်။ မှော်စွမ်းအားများ ထပ်မံ၍ ပေါက်ထွက်လာခဲ့ကာ သူ၏ မျက်နှာနောက်တစ်ဖက်ပေါ်သို့ ရိုက်ချက်တစ်ခု ထပ်မံ၍ ကျဆင်းလာခဲ့ပြန်သည်။

အစတွင် သူက တစ်ဖက်သို့ ရွှေ့လိုက်ရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဒုတိယမြောက်စွပ်ကြောင်းတစ်ခုကို ဖန်တီးလိုက်ရသည်။

“ မင်းရဲ့ စွမ်းရည်က တကယ်ကို အားကောင်းတာပဲ။ အထက်နယ်မြေရဲ့ ပါရမီလို့ ခေါ်ထိုက်ပါပေတယ်။ တတိယအကွက်လာပြီ “

လုချန်ရှန်းက ထိုကဲ့သို့ ပြောလိုက်ကာ မှော်စွမ်းအားတို့ဖြင့် ထပ်မံ၍ တိုက်ခိုက်လိုက်သည်။

သို့သော် ဤတစ်ကြိမ်၏ ထိုလူငယ်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ မှော်စွမ်းအားများ ချက်ချင်းပေါက်ထွက်လာခဲ့ပြီး ဖျက်စီးခြင်း တိုက်ကွက်များအဖြစ် အသွင်ပြောင်းသွားကာ အရှေ့သို့ ချက်ချင်းကျဆင်းသွားခဲ့သည်။

ဘုမ်းးး

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားသို့ ကြောက်မက်ဖွယ်ရာ အသံတစ်သံ ပျံ့လွင့်လာခဲ့ပြီး အဆုံးမဲ့ ဖုန်မှုန့်များကို ကန်ထုတ်လိုက်သည်။ ၎င်းကို မြင်တွေ့လိုက်ရသူတိုင်း ကျောချမ်းသွားကြသည်။

“ မင်းက အရှုံးသမားတစ်ယောက်လား “

“ ဘာကြီး “

သူက အရင်ဦးဆုံး လှုပ်ရှားလိုက်သောကြောင့် လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ အခုလိုအခြေအနေမျိုးမှာ တစ်ဖက်လူက အရင်ဦးဆုံး မေးခွန်းထုတ်လာသင့်တာ မဟုတ်ဘူးလား။

မင်းက ဘာကိစ္စ အရင်ဦးဆုံး ဒေါသထွက်သွားရတာလဲ။

လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ငါ့ကို သုံးကွက်အကြောပေးမယ်လို့ ပြောခဲ့ပြီးတော့ နှစ်ကွက်တည်းတိုက်ရသေးတဲ့နောက်မှာ မင်းက ပြန်တိုက်ခဲ့တယ်။ အဲ့တာက မင်းတို့ အထက်နယ်မြေက လူတွေရဲ့ ကတိထိန်းသိမ်းတဲ့ နည်းစနစ်လား။ မင်းတို့က အရှုံးကို လက်မခံနိုင်တဲ့ လူညစ်တွေလား(ဒါမှမဟုတ်) ဘယ်လိုမျိုး မျှမျှတတဖြစ်အောင် ပြိုင်ရမလဲဆိုတာကို မသိတာလား “

“ မင်း ….. “

“ ဘာကိုမင်းလဲ။ မင်းပဲ အဲ့စကားတွေကို ပြောခဲ့တာ မဟုတ်ဘူးလား “

လုချန်ရှန်း၏ အဆက်မပြတ် မေးခွန်းထုတ်ခြင်းက လူတိုင်းကို မှင်သက်သွားစေခဲ့၏။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ်လေးသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ ဒေါသတကြီး အော်ပြောလာခဲ့သည် “ ငါမင်းကို သတ်မယ် “

ထို့နောက်တွင် သူက ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့သည်။ သူ၏ ပါးနှစ်ဖက်ပေါ်တွင် နီရဲနေသော လက်ငါးချောင်းရာ အမှတ်အသားနှစ်ခု ရှိနေခဲ့ပြီး သူသည် သူ၏ဦးခေါင်းတစ်ခုလုံးက ပေါက်ထွက်သွားတော့မည့်အလား ခံစားနေခဲ့ရသည်။

လုချန်ရှန်းက သူ့ကို မည်သို့မျှ မျက်နှာသာ မပေးဘဲ အော်ဟစ်ဟိန်းဟောက်နေတော့သည် “ ငါမင်းနဲ့ သေတဲ့အထိ တိုက်မယ် “

ထိုအခိုက်အတန့်တွင် လူအုပ်ကြီး၏ အကြည့်များက သူ၏နောက်ကျောပြင်တွင် ရှိနေခဲ့ပြီး မျှော်လင့်ချက်အားလုံးကို သူ့အပေါ်တွင် ပုံလောင်းထားသည့်ပမာ ဖြစ်နေခဲ့ကာ အနက်ဝတ်လူက အသက်ကို ရင်း၍ တိုက်ခိုက်တော့မည်ဆိုသည်ကို သိရှိသွားခဲ့သည်။

သို့သော် ရလဒ်မှာ မထင်မှတ်ထားသော အရာဖြစ်နေခဲ့သည်။

ရွှေရောင်ဆံသားပိုင်ရှင် လူငယ် တိုက်ခိုက်လာသည့် အချိန်တွင် အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ဆင်းသက်လာခဲ့၏။ လှံရှည်တစ်လက်က အလျားလိုက် ကခုန်နေခဲ့ပြီး ၎င်း၏ တောက်ပမှုက ကောင်းကင်ပြင်ကို လင်းထိန်သွားစေခဲ့ကာ ၎င်းကို စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စွမ်းအားတစ်ခုက အဖော်ပြုပေးနေလျက်ရှိ၏။

လုချန်ရှန်းမှာ အရှေ့သို့ ပြေးတက်သွားတော့သည်။ လူနှစ်ဦး တွေ့ဆုံသည့် အချိန်တွင် ၏ အမြန်နှုန်းက တစ္ဆေတစ်ကောင်အလား ဖြစ်သွားကာ လှံရှည်ဆီသို့ လက်ဆန့်တန်းကာ တိုက်ရိုက်ဆွဲလုလိုက်သည်။

၎င်းကို ဝေ့ရမ်းလိုက်ချိန်တွင် လှံရှည်က အလျားလိုက် ရွေ့လျားသွားကာ ရွှေရောင်ဆံသားများကို ချက်ချင်းလွင့်ထွက်သွားစေခဲ့ပြီး အောက်သို့ ကျဆင်းစေခဲ့သည်။

သူသည် ထိုလူငယ်၏ ရွှေရောင်ဆံသားတစ်ဝက်တိတိကို ရိတ်ချပစ်လိုက်သည်။

“ အားးးးး “

လူငယ်သည် အော်ဟစ်ဟိန်းဟောက်ကာ အရှေ့သို့ ပြေးတက်လာခဲ့ပြန်သည်။ သို့သော် လှံရှည်က ထပ်မံ၍ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ထံတွင် ရွေးချယ်စရာ မရှိသောကြောင့် သူသည် သူ၏ လက်ကို မြှောက်ကို ၎င်းကို တားဆီးပိတ်ဆို့လိုက်သည်။ သို့သော် ချက်ချင်းရိုက်ချခံလိုက်ရကာ မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ဖုန်မှုန့်များ နေရာအနှံ့ လှိုက်တက်လာခဲ့၏။

လုချန်ရှန်းက ထပ်မံ၍ ပြေးဝင်သွားရာ လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို မသိကြပေ။

တစ်ခဏအကြာတွင် ဖုန်မှုန့်များ ဖြည်းဖြည်းချင်း လွင့်ပျယ်သွားပြီး လုချန်ရှန်းက လှံရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်၍ တစ်ခြားလက်တစ်ဖက်တွင် ရွှေရောင်ဆံသားများကို ဆုပ်ကိုင်ထားကာ လူတစ်ဦးကို ဆွဲထုတ်၍ အေးအေးလူလူ လျှောက်လှမ်းလာသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရ၏။

--

…………………………………………………………………………………………………………………………………………

All Chapters