အခန်း ၃၂၇
Vol. 22 Ch. 327
အပိုင်း ( 327 )
မင်းကံဆိုးသွားပြီ
အားလုံးသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။
လုချန်ရှန်းက အဆိုပါ လူငယ်ကို ဆံပင်မှတစ်ဆင့် ကိုင်ဆောင်ကာ ဆွဲထုတ်လာခဲ့လေသည်။ သူ၏ ခြေလှမ်းများမှာ အတော်ပင် နှေးကွေးတည်ငြိမ်နေခဲ့သည်။ သို့သော် ရွှေရောင်ဆံသားပိုင်ရှင် လူငယ်ထံမှ မည်သည့်တုံ့ပြန်မှုမှ မပေါ်ထွက်လာခဲ့ပေ။
သူ၏ ပါးစပ်အတွင်းတွင် ကျောက်တုံးတစ်လုံး တစ်ဆို့နေလျက်ရှိပြီး အသံထွက်လာမည်ကို တားဆီးနေခဲ့၏။
အပြာရောင် ဆံသားပိုင်ရှင် အမျိုးသမီး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အစတွင် သူမက အဆင့်နိမ့်နယ်မြေသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် စိတ်ကြိုက်ချယ်လှယ်နိုင်လိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်ပြီး အစွမ်းထက် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ရှင်က အထက်နယ်မြေကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား “ ဟု အပြာရောင်ဆံသားပိုင်ရှင် အမျိုးသမီးက မေးမြန်းလာခဲ့သည်။
“ ဘာကိုဆိုလိုတာလဲ “
“ အဲ့လိုလုပ်ရပ်တွေ လုပ်နေလို့ ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်မိသွားမှာကို မကြောက်ဘူးလား “ ထိုအမျိုးသမီးသည် လုချန်ရှန်းကို နောက်ဆုတ်သွားစေရန်နှင့် ရွှေရောင်ဆံသားပိုင်ရှင် လူငယ်ကို လွှတ်ပေးရန်အလို့ငှာ ခြိမ်းခြောက်လာခဲ့သည်။
တစ်ခြားလူများမှာလည်း သတိတကြီးဖြစ်သွားကာ လေးလေးနက်နက် ဖြစ်သွားကြသည်။
သူက အထက်နယ်မြေမှ တည်ရှိမှုတစ်ခုဖြစ်ပြီး သာမန်လူများ ရန်စစော်ကားနိုင်သောအရာ မဟုတ်ပေ။
“ နင်ပြောတာတွေက အဓိပ္ပါယ်ရှိသားပဲ “ ဟု လုချန်ရှန်းက ပြန်ပြောလိုက်သည်။
၎င်းက ကြောင်းကျိုးသင့်ပေသည်။
အပြာရောင် ဆံသားပိုင်ရှင် အမျိုးသမီး၏ မာနတရားများ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး တစ်စုံတစ်ခုကို ထပ်ပြောရန် ပြင်လိုက်သည်။
သို့သော် လုချန်ရှန်းက စကားထပ်ပြောနေခဲ့သည် “ ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ “
“ ဘာကိုလဲ “
“ နင်က ငါဘယ်သူလဲဆိုတာကိုတောင် မသိပဲနဲ့။ ငါက ဖုန်ခါပြီး ထွက်သွားလိုက်ရုံပဲ။ နင်တို့က ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ “
“ အဲ့တာက …… “
အထက်နယ်မြေမှ လူများသာလျှင် မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ လူများကပါ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။
“ အမှန်ပဲဟေ့ “
တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏။ အဲ့တာက အဓိပ္ပါယ်ရှိသားပဲ။ ဘယ်သူမှန်းမသိဘဲနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ။
လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ဟုတ်တယ်မလား။ အဲ့ခြိမ်းခြောက်မှုက အသုံးမဝင်ဘူး “
အပြာရောင် ဆံသားပိုင်ရှင် အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားကာ စိတ်ခံစားချက်များ လှုပ်ခတ်သွားခဲ့သည် “ နင်က မွေးရာပါ ဝိညာဥ်အဆင့်၉မှာ ရှိနေတာလေ။ အားနည်းသူကို နင့်ရဲ့ခွန်အားနဲ့ အနိုင်ကျင့်နေတာက ဘယ်လိုစွမ်းရည်မျိုးလဲ “
ထိုအခိုက်အတန့်တွင် လူတိုင်း ဆွံ့အသွားကြသည်။
လုချန်ရှန်းမှာလည်း ထိုလူများက ထိုမျှလောက် အရှက်မဲ့နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ သူ သူများတွေကို အနိုင်ကျင့်နေခဲ့တဲ့ အချိန်တုန်းကတော့ နင်အဲ့စကားမပြောခဲ့ပါဘူး “
“ နင် ……… “
“ ပြီးတော့ ငါက အားနည်းသူကို အနိုင်ကျင့်တယ်ဆိုတော့ရော ဘာဖြစ်လဲ “
လုချန်ရှန်းက ထိုကဲ့သို့သော ကိစ္စများကို အပြည့်အဝ လျစ်လျူရှုထားလိုက်ကာ ပြန်ပြောလိုက်သည်။ အဆုံးတွင် သူသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ အားနည်းသူကို အနိုင်ကျင့်နေတော့သည်။ အကယ်၍ သူသာ လွှတ်ပေးလိုက်မည်ဆိုပါက သူ၏ ကျင့်ကြံရေးက အလဟာသဖြစ်သွားရလိမ့်မည် မဟုတ်လော။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ဒီကမ္ဘာပေါ်မှာ ရှိတဲ့အရာအားလုံးက သန်မာတဲ့လူတွေနဲ့ပဲ ဆိုင်ပြီးတော့ အားနည်းသူတွေမှာ စကားပြောခွင့် မရှိဘူးလို့ နင်တို့ပဲ ပြောခဲ့ကြတာ မဟုတ်ဘူးလား။ ငါက သူ့ထပ်ပိုစွမ်းတယ်လေ။ ဆိုတော့ သူက ငါ့ဟာပဲပေါ့။ အဲ့တာတွေတင်ပဲ မဟုတ်ဘူး။ နင်တို့ရဲ့ အကြီးအကဲတွေက အတွေ့အကြုံရဖို့အတွက် နင်တို့တွေကို အောက်လောကဆီ ပို့လိုက်ကြတာလေ။ နင်တို့ကသာ အရာအားလုံးကို အနိုင်ယူနေနိုင်ရင် ဘာအတွေ့အကြုံမှ မရမှာကို ငါကြောက်မိတယ်။ ငါက နင်တို့ကို အတွေ့အကြုံရအောင် ကူညီပေးနေတာပဲ မဟုတ်ဘူးလား ”
အဆိုပါ မှတ်ချက်များက လူတိုင်းက အံ့ဩမှင်သက်သွားစေခဲ့သည်။ သူ၏ စကားလုံးများက မငြင်းပယ်နိုင်လောက်သည်အထိ ဆွဲဆောင်မှုအားကောင်းနေခဲ့သည်။
“ အဲ့တာက တော်တော်ကြီးကို အဓိပ္ပါယ်ရှိတယ် “
တစ်စုံတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ လေးစားမှုတို့ဖြင့် အော်ပြောလာခဲ့၏။
အပြာရောင် ဆံသားပိုင်ရှင် အမျိုးသမီးသည် အံတကြိတ်ကြိတ် ဖြစ်သွားကာ ထိုကဲ့သို့သော လူတစ်ဦးနှင့် ဆုံတွေ့နေရသည့်အတွက် တအံ့တဩ ဖြစ်သွားခဲ့သည်။ သူမပြောခဲ့သည့် စကားများ ပြန်လည်ချေပခံလိုက်ရသောကြောင့် သူမသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
သူမအနောက်တွင် ရှိနေသည့် လူများမှာလည်း တစ်ဦးကိုတစ်ဦးကို လှည့်ကြည့်နေကြကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။
အဆုံးတွင် အပြာရောင်ဆံသားပိုင်ရှင် အမျိုးသမီးက အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ စကားထပ်ပြောလာခဲ့သည် “ အဲ့လိုဆိုမှတော့ နင်က နောက်ဆက်တွဲ အကျိုးဆက်တွေကို တောင့်ခံနိုင်ပါစေလို့ ငါမျှော်လင့်ပါတယ် “
ထို့နောက်တွင် သူသည် လူအနည်းငယ်ကို ဦးဆောင်ကာ နောက်လှည့်သွားခဲ့သည်။
သူမ မလှုပ်ရှားရသေးခင် အချိန်မှာပင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ နေဦး “
“ ဘာလိုချင်သေးလို့လဲ “
လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ အပြာရောင်ဆံသားပိုင်ရှင် အမျိုးသမီးကို လက်ညှိုးထိုး၍ ပြန်ပြောလိုက်သည် “ နင်က ခုနကလေးတင် ငါ့ကို ခြိမ်းခြောက်ခဲ့တယ် “
“ ဘာဖြစ်တယ် “
“ နင်က ငါ့ကို ခြိမ်းခြောက်ခဲ့ပြီးတော့ ဒီအတိုင်း ထွက်သွားချင်နေတာလား။ နင်တို့ အထက်လောကက လူတွေက ဘယ်နေရာမှာမဆို မောက်မာကြီးစိုးနိုင်မယ်လို့ တကယ်ကြီး ထင်နေတာကြတာလား “
ထိုအခိုက်အတန့်တွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
ထို့နောက်တွင် လုချန်ရှန်းက ခြေတစ်လှမ်းလှမ်းလိုက်ရာ အားကောင်းသော မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ ဤနေရာကို ချုပ်နှောင်သွားခဲ့သည်။ ရွှေရောင်ဆံသားပိုင်ရှင် လူငယ်က မြေပြင်ပေါ်သို့ လွှင့်ပစ်ခံလိုက်ရပြီး လုချန်ရှန်းမှာ ရှေ့သို့ ချက်ချင်းပြေးထွက်သွားခဲ့သည်။
အပြာရောင် ဆံသားပိုင်ရှင်အမျိုးသမီး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူမ၏ တိုက်ခိုက်ရေးစွမ်းအား ရွှေရောင်ဆံသားပိုင်ရှင် လူငယ်နှင့် မတိမ်းမယိမ်းဖြစ်နေခဲ့သောကြောင့် သူမက ထိုလူ့ကို မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“ နင်တို့အားလုံး အရင်သွားကြ “
ထို့နောက်၌ သူမသည် အရှေ့ဆုံးတွင် ဝင်ရပ်ကာ ကျန်လူများကို ထွက်သွားစေချင်နေခဲ့သည်။
လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ မသွားနဲ့။ အားလုံး အတူတူလာခဲ့ကြ။ အကုန်လုံးကို အတွေ့အကြုံကောင်းလေးတွေ ရသွားစေရမယ် “
သူသည် စကားပြောနေရင်းဖြင့် အပြာရောင် ဆံသားပိုင်ရှင် အမျိုးသမီးကို ကျော်ဖြတ်ကာ သူမအနောက်တွင် ရှိနေသည့် လူအုပ်ထံသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။
ထိုလူအများစုက မွေးရာပါ ဝိညာဥ်အဆင့်၅(သို့) အဆင့်၆ ကျင့်ကြံရေးကိုသာ ပိုင်ဆိုင်ထားကြသည်။ တစ်ကြိမ်မျှ လှုပ်ရှားရုံဖြင့် သူတို့အားလုံး ဖိနှိပ်ခံလိုက်ရသည်။
“ အတင့်ရဲချက် “
အပြာရောင် ဆံသားပိုင်ရှင် အမျိုးသမီးက ဒေါကြီးမောကြီး အော်ဟစ်လာခဲ့သည်။ သူမ၏ မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး အဖျက်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။ အမျိုးမျိုးသော မန္တာန်များ ဆက်တိုက်ပေါ်ထွက်လာခဲ့ကာ အားလုံးက လုချန်ရှန်းကို တိုက်ခိုက်လာကြသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးက ရှောင်ထျန်ချန်းထပ်ပင် ပိုမိုဆိုးရွားနေခဲ့သည်။ သူတို့သည် သူတို့၏ ယုံကြည်မှုက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို သိချင်သွားခဲ့သည်။
သို့ရာတွင် သူက အထက်နယ်မြေမှ လူများကို မျက်နှာသာပေးထားသေးသည်။ သူသည် သူမကို တိုက်ရိုက်မချေမှုန်းလိုက်ဘဲ ဆယ်ကွက်မျှ တိုက်ခိုက်ပေးခဲ့ကာ အနိုင်ယူလိုက်သည့် အချိန်တွင် သူမကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။
အနည်းငယ်မျှ ထိန်ချန်ထားခြင်းက ဉာဏ်ရှိရာရောက်ပေသည်။
ဖိနှိပ်ခံလိုက်ရသော်လည်း အပြာရောင် ဆံသားပိုင်ရှင်အမျိုးသမီးမှာ ဆက်လက်၍ ရုန်းကန်ချင်နေသေးသည်။ သို့သော် လုချန်ရှန်းက သူမကို မည်သည့်အခွင့်အရေးမှ မပေးခဲ့ချေ။ သူက သူတို့ကို ခေါ်ဆောင်သွားကာ သေသေချာချာ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။
လုချန်ရှန်းသည် ထိုအဖွဲ့ကို နှိမ်နင်းခဲ့ပြီးသည့်နောက်တွင် စိတ်ကျေနပ်စွာဖြင့် ပြန်သွားရန် ပြင်ဆင်လိုက်သည်။
သို့ရာ၌ အဝေးရှိ ကောင်းကင်ယံတွင် သက်တံရှည်တစ်စင်း ပေါ်ထွက်လာခဲ့ပြီး လုချန်ရှန်း၏ မှော်စွမ်းအားကို ထိုးဖောက်ကာ မြေပြင်ကို တိုက်ရိုက်တိုက်ခိုက်လာခဲ့သည်။
ဟမ်
လူတိုင်း မျက်မှောင်ကြုတ်သွားကာ လှည့်ကြည့်လိုက်ကြသည်။ အဝေးရှိ ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ဖြတ်သန်းလာနေသည်ကိုသာ မြင်တွေ့သွားကြသည်။
“ လူတွေကို လွှတ်လိုက် “
အသစ်ရောက်ရှိလာသူမှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏လေသံမှာ အလွန်တရာ အေးစက်နေခဲ့သည်။
“ ဟွာရှုနယ်ပယ် “
လုချန်ရှန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
သူသည် ၎င်းသာလျှင် မဟုတ်ဘဲ ကောင်းကင်ဘုံ အကယ်ဒမီ၏ အမှတ်တံဆိပ်ကိုပါ မြင်လိုက်ရသည်။ ထိုလူက ကောင်းကင်ဘုံ အကယ်ဒမီ၏ လူဖြစ်ပြီး ဤနေရာတွင် လူလာကြိုခြင်းဖြစ်ပုံရ၏။
လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဆိုတော့ ကောင်းကင်ဘုံ အကယ်ဒမီက မင်းတို့ကို ထောက်ပံ့ပေးနေတာကိုး။ သူတို့တွေ မောက်မာနေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ မင်းတို့ ကောင်းကင်ဘုံ အကယ်ဒမီက အထက်လောကနဲ့ ပေါင်းကြံနေကြတာပေါ့ “
လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။
အသစ်ရောက်ရှိလာသူမှာ မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လာခဲ့သည် “ လူတွေကို လွှတ်လိုက် “
သူသည် ဘာမှထပ်ပြောချင်ပုံမရပေ။
လုချန်ရှန်းက အေးအေးလူလူပြန်ပြောလိုက်သည် “ မင်းလွှတ်လို့ ပြောတာနဲ့ ငါက လွှတ်ပေးလိုက်ရမှာလား။ အဲ့တာဆိုရင် ငါမျက်နှာပျက်သွားရမှာ မဟုတ်ဘူးလား “
“ သေချင်နေတာပဲ “
အသစ်ရောက်ရှိလာသူက သူ၏လက်ကို မြှောက်လိုက်ရာ မှော်စွမ်းအားများ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။
လုချန်ရှန်းက အေးစက်စွာ လှောင်ပြောင်လိုက်သည် “ ဟွာရှုနယ်ပယ် ပထမအဆင့်နဲ့ တော်တော်လေးကို မောက်မာနေတာပဲ “
တစ်ဖက်လူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးဖြစ်သော်လည်း သူက မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ။ ထို့အပြင် သူက ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ဟွာရှုနယ်ပယ် ပထမအဆင့်ကို မဆိုထားနှင့် တစ်ဖက်လူက နတ်ဘုရားတစ်ပါးဖြစ်နေမည်ဆိုလျှင်တောင်မှ နှစ်ချက်တိတိ ပါးဖြတ်ရိုက်လိုက်မည် ဖြစ်သည်။
ကောင်းကင်ဘုံ အကယ်ဒမီမှ လူ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
သူခြေတစ်လှမ်းလှမ်းလိုက်ရာ လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားပြီး ဟွာရှုနယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ပေါက်ထွက်လာခဲ့သည်။
သို့ရာ၌ လုချန်ရှန်း မတုံ့ပြန်ရသေးခင်အချိန်မှာပင် အဝေးရှိ ဟင်းလင်းပြင်အတွင်းတွင် ဧရာမ လက်တစ်ဖက် ပေါ်ထွက်လာခဲ့ကာ ကောင်းကင်ဘုံ အကယ်ဒမီ၏လူကို ရိုက်ချလိုက်သည်။
“ ကောင်းကင်ဘုံ အကယ်ဒမီ ဘယ်လောက်တောင် ဂုဏ်သိက္ခာကြီးမားလိုက်လဲ။ အဲ့လူတွေက ငါတို့ကို စော်ကားနေတဲ့ အချိန်တုန်းကကျတော့ လိပ်လိုပဲ ပုန်းနေကြတယ်။ အခုဒီလူငယ်လေးက ရပ်တည်ပေးလာတော့ မပျော်မရွှင်ဖြစ်သွားတယ်ပေါ့ “
ဘုမ်းးးးးး
အသံပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဧရာမလက်တစ်ဖက် ဆင်းသက်လာခဲ့ပြီး ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်သွားစေခဲ့သည်။
လူတိုင်း အံ့ဩမှင်သက်သွားကြသည်။
လုချန်ရှန်းမှာလည်း ထိုနေရာသို့ ငေးကြည့်နေမိတော့သည်။
ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး ထိုလူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ၏ အေးစက်စက် အကြည့်တစ်ခုကို မည်သူမဆို ခံစားနေနိုင်ခဲ့သည်။
“ ဘယ်သူပါလိမ့် “
လုချန်ရှန်းက တစ်ကိုယ်တည်းရေရွတ်ပြောဆိုနေတော့သည်။
ကောင်းကင်ဘုံ အကယ်ဒမီမှ လူသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည် “ မင်းက ငါ့ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီကို မေးခွန်းထုတ်နေတာလား “
ထိုလူက မည်သို့မျှ မတုံ့ပြန်လိုက်ပေ။
ထို့အစား တစ်ခြားတစ်ဖက်တွင် နောက်လူတစ်ဦး ထပ်မံ၍ ပေါ်ထွက်လာကာ အလင်းတန်းတစ်ခု ပစ်ခွင်းလာခဲ့ပြီး ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ ထိုလူ့ကို တိုက်ခိုက်လာခဲ့သည်။
အုမ်းးးး
အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
“ ကောင်းကင်ဘုံ အကယ်ဒမီက ပိုပိုပြီးတော့ မောက်မာလာတာပဲ။ လူတစ်ယောက်တည်းကတောင် တောင်ပိုင်းဒေသမှာ လာဟောင်နေရဲတယ်။ သေချင်နေတာလား “
ထိုအခိုက်အတန့်တွင် နောက်ထပ် အနက်ဝတ်လူတစ်ဦး ပေါ်ထွက်လာခဲ့သည်။
“ ဘာကိစ္စ လေကုန်ခံနေတာလဲ။ သူ့ကို သတ်ပြီးတော့ ခွေးစာကျွေးလိုက် “
အသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ဘက်ပေါင်းစုံရှိ အခြေအနေအားလုံး သက်ဝင်လှုပ်ရှားလာခဲ့သည်။ အစတွင် လုချန်ရှန်းနှင့်ပတ်သက်၍ လူတော်တော်များများက စိုးရိမ်ပူပန်နေခဲ့ကြသည်။ သူက ဤနယ်မြေအတွက် ရပ်တည်ပေးခဲ့သောကြောင့် ကောင်းကင်ဘုံ အကယ်ဒမီက သူ့အား ညှင်းပန်းနှိပ်စက်လာမည်ကို စိုးရွံ့နေကြသည်။
သို့သော် အစွမ်းထက် ပညာရှင်သုံးဦး တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။
၎င်းတို့သာလျှင်မဟုတ်ဘဲ ကိုယ့်ကိုကိုယ် မထုတ်ဖော်သေးဘဲ အဝေးတွင် ပုန်းကွယ်နေသည့် တစ်ခြားလူများပါ ရှိနေသေး၏။
ထို့နောက်တွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဒီလိုကိစ္စကောင်းမျိုး ရှိသေးတာလား။ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ကောင်လေး ဒီနေ့တော့ မင်းကံဆိုးသွားပြီ “
--
……………………………………………………………………………………………………………………………………….