အခန်း ၃၂၈
Vol. 22 Ch. 328
အပိုင်း ( 328 )
လူပျောက်သွားပါတယ်
သူတို့ အရှေ့တွင် ရှိနေသည့် မြင်ကွင်းမှာ ဟွာရှုနယ်ပယ် ပညာရှင်သုံးဦးက ကောင်းကင်ဘုံ အကယ်ဒမီ၏ လူကို ဝိုင်းရံထားခြင်းပင် ဖြစ်သည်။
“ မင်းတို့အားလုံးက ငါ့ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ရန်သူဖြစ်ချင်နေကြတာလား “
သူ၏ လေသံထဲတွင် ခြိမ်းခြောက်မှုတို့ဖြင့် ပြည့်နှက်နေကာ ထိုလူများကို ကောင်းကင်ဘုံ အကယ်ဒမီနှင့် ခြောက်လှန့်ရန် ကြိုးပမ်းလိုက်သည်။
သူထင်ထားခဲ့သည့်အတိုင်းပင် ကောင်းကင်ဘုံ အကယ်ဒမီ၏ ဟန့်တားနိုင်စွမ်းက အမှန်ပင် ကြီးမားလွန်းနေခဲ့သည်။ ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။ ၎င်းက ရန်စစော်ကား၍ မရသော တည်ရှိမှုတစ်ခုဖြစ်သည်။
သို့ရာတွင် အရင်ဦးဆုံး ရောက်ရှိလာသူက စကားထပ်ပြောလာခဲ့၏ “ ဒီက မိတ်ဆွေလေး ပြောလိုက်တာကို မကြားဘူးလား “
“ ဘာပြောလိုက်တာလဲ “
“ ငါဘယ်သူလဲဆိုတာကို မင်းသိလို့လား “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း မှင်သက်သွားကာ အနက်ဝတ်လူများကို ငေးကြည့်နေကြတော့သည်။ သူတို့က ပြင်ဆင်လာကြတဲ့ပုံပဲ။
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူကပါ ၎င်းက အဓိပ္ပါယ်ရှိသည်ဟု ထင်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း သူ၏ စံတိုင်က လူကြိုက်များလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုလူက တုံ့ပြန်လာမည်ကို စောင့်ဆိုင်းနေခြင်း မရှိဘဲ မှော်စွမ်းအားများ ဆင်းသက်လာခဲ့ကာ သတ်ဖြတ်လိုစိတ်ပင် ချက်ချင်းပေါက်ထွက်လာခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီ၏ လူမှာ အံတကြိတ်ကြိတ်ဖြင့် ခုခံနေရုံသာ ပြုလုပ်နိုင်တော့သည်။
သို့သော် တိုက်ခိုက်လာသူက ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပြီး ထိုလူ့ကို အစကတည်းက ဖိနှိပ်ထားခဲ့သည်။
တစ်ခြားလူနှစ်ဦးကပါ ဝင်ရောက်တိုက်ခိုက်လာကြ၏။ မှော်စွမ်းအားက လက်သီးတစ်လုံးအဖြစ် အသွင်ပြောင်းသွားကာ ကောင်းကင်ဘုံ အကယ်ဒမီမှ လူ၏ ဝမ်းဗိုက်ကို ထိုးချလိုက်ပြီး နောက်သို့ လွင့်ထွက်သွားစေလုမတတ်ဖြစ်သွားခဲ့ကာ နောက်လက်တစ်ဖက်က သူ၏နောက်ကျောကို ရိုက်ချလိုက်၏။
ဖူးးးးးးး
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရပြီး မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် လူသုံးဦးက သူ့ကို အုပ်စုဖွဲ့၍ ဝိုင်းတိုက်နေခဲ့သည်။ လုချန်ရှန်းကမူ စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် သူသည် အရှေ့သို့ပြေးတက်သွားကာ ထိုလူ၏ ခေါင်းကို ရိုက်ချလိုက်သည်။
ကြည်လင်ပြတ်သားသော မည်သည့်အသံကိုမှ မကြားရဘဲ ဗလုံးဗထွေးဖြစ်နေသည့် အသံများသာ ပေါ်ထွက်လာခဲ့သည်။
“ ခွေးသူတောင်းစားလေး။ ဘယ်လိုတောင် အတင့်ရဲနေတာလဲ “
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။
သို့ရာတွင် နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ သူက မင်းကို ရိုက်တောင်ရိုက်ပြီးပြီ။ အဲ့တာကို မင်းက ဘာပေါက်တတ်တရတွေ လျှောက်မေးနေတာလဲ “
“ အမှန်ပဲ “
“ လူငယ်လေး အေးအေးဆေးဆေးသာ ရိုက်နေလိုက်။ ဘာမှစိတ်မပူနဲ့ “
ထိုလူသုံးဦးစလုံးက စကားဝင်ပြောကြသည်။
လုချန်ရှန်းက အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်၏ “ ကောင်းပြီလေ “
တစ်ခဏခန့် စကားပြောနေခဲ့ပြီးသည့်နောက်တွင် သူသည် အရှေ့သို့ ထပ်မံ၍ ပြေးတက်သွားကာ ထိုလူ၏ မျက်နှာကို ကန်ကျောက်နေတော့သည်။
သူ၏ မျက်ဝန်းများက ဒေါသများဖြင့် ရဲရဲတောက်နေပြီဖြစ်သော်လည်း မည်သည့်အရာကိုမှ မပြုလုပ်နိုင်သည့်အတွက် ကူရာကယ်ရာမဲ့နေလျက်ရှိသည်။ သူက ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တော့သောကြောင့် ထိုလူများက သူ့အပေါ်သို့ ခုန်တက်လာသည်ကိုသာ ခွင့်ပြုထားလိုက်ရသည်။
ထိုမြင်ကွင်းက အလွန်တရာ ရက်စက်ကြမ်းကြုတ်လွန်းနေခဲ့သည်။ စောင့်ကြည့်နေသူများကပင် ၎င်းက အတော်လေး ရက်စက်သည်ဟု ထင်သွားကြသည်။ ကောင်းကင်ဘုံက စာရင်းပြန်ရှင်းလာမည်ကို မကြောက်လန့်ဘူးသာဆိုပါက သူတို့ကလည်း ရှေ့သို့ပြေးတက်သွားကာ အနည်းငယ်မျှ ကန်ကျောက်လိုက်မည် ဖြစ်သည်။
သို့ရာတွင် ထိုလူက အပြည့်အဝ ကျိုးပဲ့သွားကာ အရိုးတော်တော်များများ ပျက်စီးသွားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေကာ လူပုံနှင့်ပင်မတူတော့ချေ။
ကပ်ဘေးကြီးတစ်ခု ဖြစ်တည်လာသည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း လူစုခွဲသွားကြပြီး ဟွာရှုနယ်ပယ် ပညာရှင်သုံးဦးကပင် ထွက်သွားချင်နေခဲ့သည်။
“ လူငယ်လေး မင်းလည်း မြန်မြန်ထွက်သွားသင့်နေပြီ။ အဲ့လူတွေ ရောက်လာတဲ့ အချိန်ကျရင် ပြဿနာတက်သွားလိမ့်မယ် “
“ အဆင်ပြေပါတယ်။ ခင်ဗျားတို့ အရင်သွားကြ။ ခင်ဗျားတို့ကို ကျုပ်ကာပေးထားမယ် “
လုချန်ရှန်းက ထိုကဲ့သို့ ပြောလိုက်ကာ ထိုလူ့ကို တရွတ်တိုက်ဆွဲထုတ်သွားတော့သည်။
တစ်ခြားလူများသည် များများစားစား ပြောမနေတော့ဘဲ လှည့်ထွက်သွားကြသည်။ သူတို့သည် စစ်ပွဲ၏ အကျိုးအမြတ်များကို ရိတ်သိမ်းရန်အတွက်ပင် စိတ်မဝင်စားကြဘဲ မလိုအပ်သော အရှိန်အဝါများ ခြေရာခံမိသွားမည်ကို ကြောက်ရွံ့နေကြ၏။ ထို့ကြောင့်ပင် သူတို့က အဝေးမှသာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
အထက်နယ်မြေ၏ လူများက အတော်ပင် မောက်မာတတ်ကြပြီး လူတိုင်းကို အထင်သေးနေခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီသည် ထိုလူများအတွက် လုချန်ရှန်းကို ဖိနှိပ်ချင်နေခဲ့သည်။ သို့သော် ၎င်းက လူထု၏ ဒေါသကို နှိုးဆွပေးခဲ့လေသည်။
ထိုလူများ ထွက်သွားသောကြောင့် သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဘက်ပေါင်းစုံကို တုန်လှုပ်သွားစေခဲ့၏။
သို့ရာတွင် လုချန်ရှန်းကမူ ထိုလူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ပစ္စည်းများနှင့် ခွဲခွာရန် တွေဝေတုံ့ဆိုင်းနေခဲ့သည်။ စေ့စေ့စပ်စပ် ရှာဖွေခဲ့ပြီးသည့်နောက်တွင် သူသည် အရာအားလုံးကို မီးရှို့ပြာချလိုက်ပြီး ခြေရာခံရမည်ကို မည်သို့မျှ တွေးပူမနေတော့ချေ။
အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းပါ ထွက်ခွာသွားခဲ့သည်။ လုံခြုံဘေးကင်းစေရန် တစ်စုံတစ်ဦး နောက်မှလိုက်လာခြင်းကို ကာကွယ်ရန်အတွက် သူသည် လမ်းကြောင်းအကြိမ်ကြိမ် ပြောင်းကာ နတ်ကောင်းကင်ဂိုဏ်းသို့ ခိုးဝင်သွားခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်းအတွင်းရှိ စစ်ပွဲဘုရင်၏ ပိုင်နက်အတွင်းတွင် လုချန်ရှန်းက ကူချန်ကျွင်း၏ အင်မော်တယ်ဂူ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
“ ဆရာ အထဲမှာရှိလား “
သူ၏ အသံက အလွန်တရာ တိုးညှင်းနေခဲ့ပြီး သူ၏ စီနီယာအစ်ကို နှစ်ဦးအား ခြောက်လှန့်မိသွားမည်ကို စိုးရိမ်နေခဲ့သည်။
“ ဘာဖြစ်လို့ ရောက်တာလဲ။ သူတော်စင် လုပ်ရတာ ပင်ပန်းသွားပြီလား “
ကူချန်ကျွင်းက ထိုကဲ့သို့ ပြန်ပြောလိုက်ကာ အထဲသို့ ဝင်ခိုင်းလိုက်သည်။
လုချန်ရှန်းကမူ ချုံပုတ်ကို ပတ်ရိုက်မနေဘဲ တိုက်ရိုက်ပြန်ပြောလိုက်သည် “ ဆရာ ကျွန်တော့်ဆီမှာ ဆရာ့ရဲ့ အကူအညီကို လိုအပ်နေတဲ့ ကိစ္စတစ်ခုရှိတယ် “
“ ဘာကြီးလဲ “
“ ကျွန်တော်က အထက်လောကက လူတစ်ချို့ကို ဖမ်းထားခဲ့တယ်။ သူတို့က ကျွန်တော့်ကို ချုံခိုတိုက်မလို့ကြံနေကြတာ။ ဆရာ့ဆီမှာ စိတ်ဝိညာဥ်ရှာဖွေရေး နည်းစနစ်လေးဘာလေး မရှိဘူးလား။ သူတို့က အမှန်တိုင်းမပြောမှာကို ကျွန်တော်ကြောက်တယ် “ လုချန်ရှန်းက သူ၏ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။
ကူချန်ကျွင်းက ပြန်ပြောလာခဲ့၏ “ သူတို့ရဲ့ စိတ်ဝိညာဥ်တွေကို တိုက်ရိုက်ရှာလိုက်လို့ရတယ်လေ။ ဘာဖြစ်လို့ နည်းစနစ်တစ်ခုကို လိုအပ်နေမှာလဲ “
“ မဟုတ်ဘူး။ တကယ်လို့ အဲ့လိုလုပ်လိုက်မယ်ဆိုရင် သူတို့က တောင့်မခံနိုင်မှာကို ကျွန်တော်ကြောက်တယ်။ သူတို့သေသွားရင် ဘယ်လိုလုပ်မလဲ “
“ ??? “ ကူချန်ကျွင်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ သူက ဘယ်အချိန်ကစပြီးတော့ ဒီလောက်တောင် ကြင်နာတတ်သွားရတာလဲ။ လူသေမှာကိုတောင် ကြောက်နေတယ်ပေါ့။
လုချန်ရှန်းမှာလည်း မေးခွန်းထုတ်နေသည့် အကြည့်ကို ခံစားမိသွားကာ ရှင်းပြလိုက်သည် “ တကယ်လို့ သူတို့သေသွားမယ်ဆိုရင် ဘာတန်ဖိုးမှ မရှိတော့ဘူး။ လူသေတွေကိုရောင်းတာက ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ ယုံကြည်စိတ်ချရမှုတွေကို ထိခိုက်သွားစေလိမ့်မယ်။ အဲ့လိုဖြစ်လာမယ်ဆိုရင် နောင်မှာ ဘယ်သူက ကျွန်တော်နဲ့ အလုပ်လုပ်ရဲတော့မှာလဲ “
ကူချန်ကျွင်း : “ ??? “
ထိုစကားကို ကြားလိုက်ရသောအခါတွင် သူလုံးဝဆွံ့အသွားခဲ့သည်။ ဒီကလေးကတော့ ……
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ အကယ်ဒမီအတွင်းတွင် ယွမ်ထင်နှင့် တစ်ခြားလူများက အဝေးသို့ ငေးကြည့်ကာ အတွေးနက်နေလျက်ရှိ၏။
“ အထက်လောကက လူတွေက လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ရောက်လာသင့်တယ်။ သူတို့က ဘာဖြစ်လို့ မရောက်လာရသေးတာလဲ “
နတ်ဘုရား တောင်ထွတ်သခင်က စကားဝင်ပြောလာခဲ့၏ “ သူတို့တွေက တောင်ပိုင်းဒေသမှာ လမ်းကြောင်းတစ်ခု တည်ဆောက်ထားပြီး ဒီလောကထဲကိ ဆင်းလာပြီဆိုတဲ့ သတင်းတွေ ရောက်လာပြီ။ သူတို့က သိပ်မကြာခင် အချိန်မှာပဲ ရောက်လာလောက်တယ် “
“ တောင်ပိုင်းဒေသမှာလား “ ယွမ်ထင်က ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည် “ ဘာလို့ တောင်ပိုင်းဒေသမှာ ဆောက်လိုက်ရတာလဲ။ မြောက်ပိုင်းဒေသက ပိုနီးတယ် မဟုတ်ဘူးလား “
“တကယ်တော့ အဲ့တာက မြောက်ပိုင်းဒေသမှာ ပေါ်လာတဲ့ မိစ္ဆာကြီးနဲ့ ဆိုင်နေတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထိုသတင်းကို ကြားခဲ့ရပြီးသည့်နောက်တွင် သူတို့က လူလွှတ်၍ စုံစမ်းစစ်ဆေးခဲ့ကြသော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ဘဲ ကြီးမားသော တောင်တန်းကြီးများတွင် ဝိညာဥ်ချီ ခမ်းခြောက်သွားသည်ကိုသာ မြင်တွေ့ခဲ့ရ၏။
မကြာခင် အချိန်မှာပင် ကောင်းကင်ဘုံ အကယ်ဒမီအတွင်းတွင် သက်လတ်ပိုင်းလူတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူက အထက်နယ်မြေမှ လူတစ်ဦးဖြစ်သည်။
လူငယ်တစ်ဦးက သူ့ကို ကြိုဆိုကာ ကောင်းကင်ဘုံ အကယ်ဒမီ၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့က လမ်းကြောင်းကိစ္စကို ဆွေးနွေးပြောဆိုနေခဲ့ပြီး အသစ်ရောက်ရှိလာသူမှာ မျက်မှောင်ကြုတ်၍ ပြန်ပြောလာခဲ့သည် “ မြောက်ပိုင်းမှာ ဘာရှိလဲဆိုတာကို ငါမသိဘူး။ ဒါပင်မဲ့ လမ်းကြောင်းကို တည်ဆောက်ခဲ့တဲ့ အချိန်တိုင်းမှာ ဆင်းသက်လာတဲ့ ဝိညာဥ်ချီ အကုန်လုံး လုံးဝပျောက်သွားခဲ့တယ် “
“ ပျောက်သွားတာလား “
“ ဟုတ်တယ် “ အသစ်ရောက်ရှိလာသူက စကားထပ်ပြောနေတော့သည် “ နောက်တစ်နေ့ရောက်တော့ အဝေးကနေ လှမ်းကြည့်လိုက်တာ အရိပ်မည်းတစ်ခုကိုပဲ တွေ့လိုက်ရတယ်။ အဲ့တာက ကျဆင်းသွားတဲ့ ဝိညာဥ်ချီ အကုန်လုံးကို ဝါးမျိုသွားတယ် “
“ အနက်ရောင် အရိပ်တစ်ခုလား။ ဘာပုံစံနဲ့တူလဲ “
“ ငါမသိဘူး။ တော်တော်လေး ဝေးလွန်းတယ်။ တကယ်လို့ အဲ့တာက လူတစ်ယောက်(ဒါမှမဟုတ်) ခွေးတစ်ကောင်ဖြစ်နေမယ်ဆိုရင်တောင်မှ ငါပြောနိုင်မှာ မဟုတ်ဘူး။ အရိပ်မည်းကြီးကိုပဲ တွေ့လိုက်ရတယ်။ ဝိညာဥ်ချီတွေကို ဆယ့်ရှစ်ခေါက်တိတိ ဝါးမျိုသွားတယ်။ အဲ့တာကြောင့်ပဲ တောင်ပိုင်းမှာ ပြောင်းဆောက်လိုက်ရတာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများ အတွေးနက်သွားကြကာ ဒုတိယ အကြီးအကဲက စကားဝင်ပြောလာခဲ့၏ “ အဲ့ဒီမိစ္ဆာများ ဖြစ်နေမလား “
“ အဲ့လိုပဲဖြစ်ဖို့များတယ် “
နတ်ဘုရားတောင်ထွတ်သခင်မှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကာ လုံးဝဝါးမျိုခံလိုက်ရသည့် တောင်တန်းများကို အမှတ်ရသွားခဲ့သည်။ လမ်းကြောင်းတည်ဆောက်မှုက လူသူကင်းမဲ့သော နေရာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး သူသည် ၎င်းက ထိုလူလုပ်ခဲ့ခြင်းဖြစ်သည်ဟုသာ ထင်နေခဲ့သည်။
၎င်းတို့အားလုံးကို နားထောင်နေခဲ့ပြီးသည့်နောက်တွင် ယွမ်ထင်က စကားထပ်ပြောလာခဲ့သည် “ တစ်ယောက်တည်း လာခဲ့တာလား “
“ အတွေ့အကြုံ ယူဖို့အတွက် လူငယ်မျိုးဆက်တွေကို အရင်ပို့လိုက်တယ်လေ။ နောက်ရက်ပိုင်းအတွင်းမှာပဲ နောက်တစ်သုတ် ထပ်ရောက်လာကြလိမ့်မယ် “ ဟု သက်လတ်ပိုင်းလူက ပြန်ပြောလိုက်သည်။
ယွမ်ထင်က တုံ့ပြန်လိုက်သည် “ လမ်းကြောင်းကို တောင်ပိုင်းဒေမှာ မဆောက်လိုက်သင့်ဘူး “
“ ဘာဖြစ်လို့လဲ “
“ တောင်ပိုင်းမှာ မဟာတောရိုင်း နန်းတော် ရှိတယ်။ အဲ့တာက သူတော်စင်ကို မကျေမနပ် ဖြစ်သွားစေလောက်တယ် “
ယွမ်ထင်က စိုးရိမ်ပူပန်နေသည့် မျက်နှာထားမျိုးဖြင့် ပြောဆိုနေခဲ့သည်။
အသစ်ရောက်ရှိလာသူက အေးစက်စွာ လှောင်ပြောင်လာခဲ့၏ “ ဟုတ်မဟုတ်ဆိုတာ မသေချာသေးပါဘူး။ ဒီနေ့ခေတ် မဟာတောရိုင်း နန်းတော်က အတိတ်က မဟာတောရိုင်း နန်းတော် မဟုတ်တော့ဘူး။ တကယ်လို့ လမ်းညွှန်ပေးဖို့အတွက် တစ်ယောက်ယောက် လွှတ်ပေးမယ်ဆိုရင် ကျေးဇူးတင်ပါတယ် “
“ မင်းရောက်တာတဲ့ အချိန်မှာပဲ တစ်ယောက်ယောက်က ထွက်သွားပြီ “
နတ်ဘုရား တောင်ထွတ်သခင်က စကားဝင်ပြောနေတော့သည်။ ၎င်းက ကြိုတင်သဘောတူထားသော ကိစ္စတစ်ခုဖြစ်သည်။
သို့ရာ၌ ထိုလူတစ်စု အတွေးနက်နေသည့် အချိန်မှာပင် ကောင်းကင်ဘုံ အကယ်ဒမီ၏ အပြင်ဘက်မှ တစ်စုံတစ်ဦး ပြေးဝင်လာခဲ့သည်။
“ မင်းက ဘာကိစ္စ အဲ့လောက်တောင် ထိတ်ထိတ်ပျာပျာ ဖြစ်နေရတာလဲ “ ဟု ဒုတိယ အကြီးအကဲက မေးမြန်းလိုက်၏။
“ ဒုတိယ အကြီးအကဲ ပြဿနာတက်ပါပြီ “
“ ဘာပြဿနာလဲ “
“ အခုလေးတင်ပဲ တောင်ပိုင်းဒေသကနေ သတင်းတွေ ရောက်လာပါတယ်။ အထက်နယ်မြေက လာတဲ့ လူတွေ ပျောက်သွားပါပြီ “
“ ပျောက်တာလား “
လူပျောက်သွားတာလား။
သူတို့သည် အနည်းငယ် အံ့အားသင့်သွားကြသည်။
ယွင်ထင်က စကားဝင်ပြောနေတော့၏ “ သူတို့ကို သွားကြိုတဲ့ လူကရော “
“ သူလည်း ပျောက်သွားပါတယ် “
--
……………………………………………………………………………………………………………………………………………