← Chapters

အခန်း ၃၂၉

Vol. 22 Ch. 329

အခန်း ၃၂၉

Vol. 22 Ch. 329

အပိုင်း ( 329 )

စွမ်းရည်

ထိုစကားတစ်ခွန်းက လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေခဲ့၏။

ဘာကိုဆိုလိုတာလဲ။ လူတွေ ပျောက်သွားတာလား။ ဘယ်လိုလုပ် ပျောက်သွားရတာလဲ။

“ ဘာတွေဖြစ်သွားတာလဲ “

အသစ်ရောက်ရှိလာသူက ပြန်ဖြေလိုက်၏ “ အထက်လောကက လူတစ်စု ရောက်လာပါတယ်။ သူတို့ရဲ့ စကားလုံးတွေက မောက်မာနေတာကြောင့် ဖိနှိပ်ခံလိုက်ရတာပါ “

“ သူတို့ကို သွားကြိုတဲ့ လူကရော “

“ သူက သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပင်မဲ့ သူတို့တွေက ဒေသလေးခုစလုံးကို ဒေါသထွက်အောင် လုပ်ထားတော့ အစွမ်းထက် ပညာရှင်တစ်ယောက် ရောက်လာခဲ့ပြီး သူ့ကို သတ်လိုက်ပါတယ် “

“ ဘာဖြစ်တယ် “

ဒုတိယ အကြီးအကဲ၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။ အခြေအနေ ပြောင်းလဲမှုက အလွန်တရာ မြန်ဆန်နေခဲ့ပြီး ကောင်းကင်ဘုံ အကယ်ဒမီကပင် မျက်နှာသာ မရခဲ့ပေ။

တစ်နည်းဆိုရသော် ကောင်းကင်ဘုံ အကယ်ဒမီ၏ သံတမန် အသတ်ခံလိုက်ရပြီး သူတို့၏ မျက်နှာဖြတ်ရိုက်ခံလိုက်ရပေသည်။

“ အဲ့တာက ဘယ်သူလဲ “

“ မသိရပါဘူး “

“ မင်းက ဘာမှ မသိဘူးလား “

“ ဟုတ်ပါတယ် “

“ … “

လူတစ်စုသည် နေရာမှာတင် အံ့ဩမှင်သက်သွားခဲ့သည်။

တစ်ခြားတစ်နေရာ၌ ကူချန်ကျွင်း၏ လမ်းညွှန်မှုအောက်တွင် လုချန်ရှန်းက လူတစ်ဦး၏ ဝိညာဥ်ပင်လယ်ကို စစ်ဆေးနိုင်သည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို ကျွမ်းကျင်သွားခဲ့သည်။ ဖြစ်စဥ်က တစ်ဖက်လူကို နာကျင်စေကာ အနည်းငယ် ထိခိုက်သွားသော်လည်း ပြန်လည်နိုးထလာသောအခါတွင် သူတို့က ၎င်းတို့ကို မှတ်မိလိမ့်မည် မဟုတ်ပေ။

အချိန်အတိုင်းအတာတစ်ခုအထိ စစ်ဆေးကြည့်ရှုခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

ထိုလူများက သူ့အတွက် အမှန်တကယ် ရောက်ရှိလာခြင်းဖြစ်သည်။

ထို့အပြင် သူတို့က အဆိုပါ ရှေးခေတ်သူတော်စင် ကလေးငယ်နှင့် ပတ်သက်သည့် ကိစ္စတော်တော်များများကို သိနေပုံရ၏။ သူတို့၏ မှတ်တမ်းများနှင့် ခန့်မှန်းချက်များအရ အဆိုပါ သူတော်စင်၏ အသက်ရှင်နိုင်ခြေမှာ ဆယ်ပုံတစ်ပုံပင် မရှိချေ။

“ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ လိပ်အိုကြီးတွေ ငါ့ကို ထပ်ခါတလဲလဲ စမ်းသပ်နေခဲ့ကြတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

ချက်ချင်းဆိုသလိုပင် သူသည် ကိစ္စတော်တော်များများကို နားလည်သွားခဲ့သည်။

သို့ရာတွင် အတည်ပြုချက် မရှိသောကြောင့် မည်သူကမှ ပေါ့ပေါ့ဆဆ မလှုပ်ရှားဝံ့ခဲ့ပေ။ ၁၀၀% တိကျသေချာမှု မရှိဘဲ လောင်ကြေးမထပ်ဝံ့ကြပေ။ ဤတစ်ကြိမ် သူတို့၏ ရည်ရွယ်ချက်များအနက်မှ တစ်ခုက ထိုကိစ္စကို အတည်ပြုရန်ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူသည် ကိစ္စတစ်ချို့ကို သိရှိသွားခဲ့သည်။

သို့သော် သူသည် သူ သူတော်စင် ဟုတ်မဟုတ်ဆိုသည်က အထက်နယ်မြေနှင့် မည်ကဲ့သို့ သက်ဆိုင်နေသောကြောင့် သူတို့က ဤအထိ ဆင်းလာရလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။

သို့ရာတွင် သူသည် မမျှော်လင့်ဘဲ ကိစ္စတစ်ချို့ကို သိရှိလိုက်ရသည်။ ကောင်းကင်ဘုံ အကယ်ဒမီက အထက်နယ်မြေ၏ အင်အားစုတစ်ချို့နှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးတစ်ချို့ ရှိနေခဲ့သည်။

သူသည် ကူချန်ကျွင်းက သူ့အား မည်သည့်အတွက်ကြောင့် ကောင်းကင်ဘုံ အကယ်ဒမီသို့ ဝင်ခွင့်မပေးရလဲဆိုသည်ကိုပါ နားလည်သွားခဲ့သည်။

ထိုလူများက ဤလောကမှ ပါရမီရှင်များကို ရွေးချယ်ကာ အထက်နယ်မြေသို့ ပို့ဆောင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုလောကသို့ ရောက်ရှိသူတိုင်းက အဆိုပါ အင်အားစုများ၏ တပည့်များ မဖြစ်လာခဲ့ပေ။ ကောင်းမှုကံနှင့် ပါရမီကောင်းသူများကသာလျှင် တပည့်များ ဖြစ်သွားခဲ့ကြပြီး လူတော်တော်များများက စီးတော်ယာဥ် တိုက်ပွဲအစေခံ(သို့) အသေခံတပ်သားအဖြစ်ဖြင့်သာ အဆုံးသတ်သွားကြရသည်။

“ အဲ့လိပ်အိုကြီးတွေက အဲ့လိုညစ်ပတ်တဲ့ အလုပ်မျိုးတွေကိုတောင် လုပ်နေကြတာပဲ “

လုချန်ရှန်းသည် အံ့ဩတကြီး ရေရွတ်ပြောဆိုကာ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

၎င်းမှာ မြောက်ပိုင်းဒေသကို သူတို့၏ နောက်ဘက်ခြံဝန်းအဖြစ် သတ်မှတ်နေခြင်းဖြစ်သည်။

“ မင်းလည်း သိသွားတဲ့ပုံပဲ “ ကူချန်ကျွင်းက အရာအားလုံးကို သိနေသကဲ့သို့ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်၏ “ အဲ့တာက လူကုန်ကူးနေတာ မဟုတ်ဘူးလား “

“ အနည်းနဲ့ အများဆိုသလိုပေါ့ “

“ အတော်လေး မြင့်မြတ်တယ်လို့ ကြွေးကြော်နေတဲ့ ကောင်းကင်ဘုံ အကယ်ဒမီက အဲ့လောက်ကြီးအထိ ရွံဖို့ကောင်းနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

ကူချန်ကျွင်းက ထပ်ပြောလာခဲ့၏ “ အဲ့တာက အခုလက်ရှိ ကောင်းကင်ဘုံ အကယ်ဒမီလေ။ အတိတ်တုန်းကတော့ လေးစားဖို့ထိုက်တဲ့အထိ မြင့်မြတ်လွန်းခဲ့တယ် “

လုချန်ရှန်းမှာ ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ သူသည် အလွန်တရာ ထိတ်လန့်ကာ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ မဟာတောရိုင်း နန်းတော်က အဆိုပါ ကိစ္စကို သိရှိထားပုံရ၏။

ထို့ကြောင့်ပင် မဟာတောရိုင်း နန်းတော်က သူတို့၏ တပည့်များကို ကောင်းကင်ဘုံ အကယ်ဒမီသို့ ဝင်ရောက်ခွင့် မပေးဘဲ ကောင်းကင်ဘုံ အကယ်ဒမီက မဟာတောရိုင်း နန်းတော်ကို ဖယ်ရှားချင်နေရခြင်း ဖြစ်နိုင်ပေသည်။

သို့ရာတွင် သူသည် ၎င်းက အတိအကျ မှန်ကန်လား မမှန်ကန်ဘူးလားဆိုသည်ကို အကဲမဖြတ်နိုင်ပေ။ ၎င်းကို အနည်းငယ်မျှသော လူနည်းစုကသာလျှင် သိရှိနေခဲ့သည်။

လုချန်ရှန်းမှာ သူ၏နားထင်ကို ပွတ်ဆွဲနေတော့၏။ ရှောင်ဟေးကို ဆွဲထုတ်ဖို့အတွက် နည်းလမ်းရှာရမယ်။ ကူချန်ကျွင်း၏ ပြောစကားများအရ လူသားမျိုးနွယ်စုဝင် မဟုတ်သူများက စီးတော်ယာဥ်အဖြစ်သာ အဆုံးသတ်သွားရပြီး အဆိုပါ အင်အားစုများမှ ပါရမီရှင်များ၏ စီးနင်းခြင်းကိုသာ ခံယူကြရပေသည်။

လုံလုံလောက်လောက် ပါရမီကောင်းကာ တစ်ခြားလူများ၏ ထိန်းချုပ်ခြင်းကို ခံရခြင်းမှ လွတ်မြောက်၍ အဆိုပါ အင်အားစုများ၏ တပည့်များဖြစ်သွားကြသည့် လူများရှိသော်လည်း ၎င်းတို့မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

သတိပြန်ဝင်လာချိန်တွင် လုချန်ရှန်းက ကူချန်ကျွင်းကို ငေးကြည့်လိုက်ပြီး သူ၏ဆရာဖြစ်သူက အေးဆေးတည်ငြိမ်နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။ သူ၏ အမြင်တွင် ၎င်းက ကိစ္စကြီးတစ်ခု ဟုတ်ပုံမရချေ။

“ ဆရာ အဲ့လူတွေရဲ့ မှတ်ဉာဏ်တွေအရဆိုရင် သူတို့က ကျွန်တော့်ဆီမှာ ကံကြွေး ရှိမရှိဆိုတာကို စစ်ဆေးနိုင်တဲ့ ရှေးဟောင်းမီးအိမ်တစ်လုံး ပိုင်ဆိုင်ထားတဲ့ပုံပဲ “

လုချန်ရှန်းမှာ အချိန်အတော်ကြာ အတွေးနက်သွားခဲ့သည်။ သူက သူတော်စင်အစစ်မဟုတ်ဘူးဆိုသည်ကို သက်သေပြနိုင်သည့် တစ်ခုတည်းသော အရာမှာ ကံကြွေးပင် ဖြစ်သည်။

တစ်နည်းဆိုရသော် အကယ်၍ သူ့ထံတွင် ကံကြွေးမရှိဘူးဟု သတ်မှတ်နိုင်ခဲ့မည်ဆိုပါက ၎င်းမှာ သူက အတုဖြစ်သည်ဟု ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ အဲ့တာဆိုရင် မင်းက ဘာကိုကြောက်နေတာလဲ “

“ ဆရာ ဒါက နောက်ရမဲ့ အချိန် မဟုတ်ဘူးလေ “

ကူချန်ကျွင်းမှာ ပြုံးစိစိ ဖြစ်သွားပြီး မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ သူ၏တပည့်ဖြစ်သူကို အဆက်မပြတ် စစ်ဆေးကြည့်ရှုနေတော့၏။ ထိုအပြုံးက နက်ရှိုင်းသော ဆိုလိုရင်းများ ပါဝင်နေပုံရပြီး သူက ထိုကိစ္စကို မည်သို့မျှ စိုးရိမ်ပူပန်နေပုံမရချေ။

“ မင်းက သူတော်စင်လုပ်ရတာကို စွဲလမ်းနေပြီလား “

“ မဟုတ်ပါဘူး။ အဲ့တာက ကတိတစ်ခုလေ။ နောက်ဆုံးအခိုက်အတန့်ကို မရောက်မချင်း လက်လျှော့လိုက်လို့ မဖြစ်ဘူး။ အခွင့်အရေး ရှိနေတုန်းပဲဆိုရင် ရုန်းကန်ရဦးမှာပဲ။ ကျွန်တော်ရဲ့ စိတ်ကြည်လင်နေသရွေ့ပေါ့ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်သည်။ သူ့ထံတွင် စည်းမျဥ်းစည်းကမ်းများ ရှိနေသေးသည်။

“ စိတ်အေးအေးနဲ့သာ သွားလိုက်။ မင်းဆီမှာ မီးအိမ်ကို အလင်းပေးနိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိတယ် “

ကူချန်ကျွင်းကမူ အရာအားလုံးက သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသကဲ့သို့ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။

လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ထိုစကားအရ သူ့ထံတွင် ကံကြွေးရှိသည်ဆိုသည်ကို သူသိသွားခဲ့သည်။ သို့သော် ၎င်းက မည်သည့်အရာလဲဆိုသည်ကို သူမသိပေ။

မည်သို့ပင် ဆိုစေကာမူ သူက ဆင်းရဲသားတစ်ဦးဖြစ်ပြီး သူ့ထံတွင် ကန်းယွင်ကားချပ်အပြင် ဘိုးဘေးနဂါး ကောင်းမှုကံနှင့် ရောင်းချဖို့ အချိန်မရှိသည့် အထွေထွေ ပစ္စည်းတစ်ချို့သာ ရှိပေသည်။

သူထွင်းဖောက်မမြင်နိုင်သည့် ပစ္စည်းဟူ၍ ထိုစဥ်က ဝူဝမ်နယ်မြေမှ ပြန်လည်ယူဆောင်လာခဲ့သည့် စက္ကူလှေများသာ ရှိပေသည်။ အဲ့တာဆီမှာ ကံကြွေးရှိနေတာများလား။

သို့ရာတွင် သူ၏ဆရာဖြစ်သူက ထိုကဲ့သို့ ပြောလာခဲ့ပြီဖြစ်သောကြောင့် ထိုကဲ့သို့သာ ဖြစ်နေလိမ့်မည် ဖြစ်သည်။ ၎င်းက သူ၏ ကျေးဇူးရှင်ဖြစ်သောကြောင့် ယုံကြည်လိုက်ရမည် ဖြစ်သည်။

အကယ်၍ သူကသာ သူ၏ တပည့်ဖြစ်သူကို လှည့်စားနေမည်ဆိုပါက သူ၏ အသိစိတ် ထိခိုက်သွားရလိမ့်မည် မဟုတ်လော။

သူသည် ၎င်းကို ပိုတွေးလေလေ ၎င်းက အဓိပ္ပါယ်ရှိလေလေဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့သည်။ သူသည် သူ၏ စီနီယာအစ်ကိုနှစ်ဦးနှင့် ဂျူနီယာညီမငယ်တို့အတွက် ပစ္စည်းတစ်ပုံ ချန်ထားပေးလိုက်သည်။ ၎င်းတို့က မကြာခင်အချိန်ကမှ သူလုယက်သိမ်းဆည်းထားခဲ့သည့် ပစ္စည်းများဖြစ်သည်။

“ ဒီကလေးက မိသားစုကို တော်တော်သိတတ်တာပဲ “

ကူချန်ကျွင်းသည် တဟားဟားရယ်မောကာ ဘာမှထပ်ပြောမနေတော့ပေ။

လုချန်ရှန်းမှာလည်း နတ်ကောင်းကင်ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး မဟာတောရိုင်း နန်းတော်သို့ မပြန်ခင် အချိန်မှာပင် တစ်စုံတစ်ဦးကို ရှာဖွေကာ ကောင်းကင်ဘုံ အကယ်ဒမီဆီသို့ သတင်းတစ်ခု ပို့ခိုင်းလိုက်သည်။

ကောင်းကင်ဘုံ အကယ်ဒမီအတွင်း၌ ရက်ပေါင်းများစွာ စုံစမ်းခဲ့ပြီးသည့်နောက်တွင် သူတို့က ဇာတ်လမ်းအပြည့်အစုံနှင့် ထိုအချိန်က မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို သိရှိသွားခဲ့သည်။

တစ်စုံတစ်ဦးက မေးခွန်းထုတ်နေတော့၏ “ တိုက်ခိုက်ခဲ့တဲ့လူက မွေးရာပါ ဝိညာဥ်အဆင့်၉ကို ရောက်နေပြီး တော်တော်လေးကို အားကောင်းတယ်ဆိုတော့ အဲ့တာက မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်များ ဖြစ်နေမလား “

“ မဟုတ်ဖို့ များတယ် “ ဒုတယ အကြီးအကဲက ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။

နတ်ဘုရား တောင်ထွတ်သခင်ကပါ စကားဝင်ပြောလာခဲ့၏ “ ရှန်ထျန်းတောင်တန်းဒေသက တိုက်ပွဲအကြောင်းကို ငါကြားဖူးတယ်။ အဲ့ဒီသူတော်စင်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက တော်တော်လေးကို အားကောင်းတယ်။ တကယ်လို့ သူလှုပ်ရှားမယ်ဆိုရင် အုပ်စုဖွဲ့တိုက်တာတောင်မှာ သူ့ရဲ့ တိုက်ကွက်တစ်ခုကို ခုခံနိုင်မှာ မဟုတ်ဘူး “

“ အဲ့တာဆိုရင် ဘယ်သူလဲ “

ဒုတိယ အကြီးအကဲက စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ရှေးခေတ်စစ်မြေပြင်မှာ ပေါ်လာခဲ့တဲ့ အနက်ဝတ်လူရဲ့ လုပ်ရပ်နဲ့ တော်တော်လေးကို တူနေတယ်။ သူပဲဖြစ်ရမယ် “

ထိုနှစ်ခုကို ယှဥ်လိုက်မည်ဆိုပါက ထိုအတိုင်းသာ ဖြစ်နေသည်ကို မြင်တွေ့ရလိမ့်မည်ဖြစ်သည်။ သို့သော် သူတို့သည် ထိုလူက မည်သူလဲဆိုသည်ကို မသိကြသကဲ့သို့ မည်သည့်အရာကိုမှ မတွက်ချက်နိုင်ခဲ့ကြပေ။

ထိုစဥ် သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်း၏ အဓိကအကြောင်းအရာများမှာ အထက်လောက၏ လူများက သူ့လက်တွင် ရှိနေပြီး ကောင်းကင်ဘုံ အကယ်ဒမီက သူတို့ကို ဝိညာဥ်ကျောက်တုံး သန်းခုနစ်ဆယ်ဖြင့် ပြန်ရွေးမလား ရိုက်နှက်၍ ပြန်လွှတ်ပေးလိုက်ရမလားဆိုသည်ပင် ဖြစ်သည်။

ထိုဈေးနှုန်းက လုချန်ရှန်းက ဂရုတစိုက် တွက်ချက်ခဲ့ခြင်းဖြစ်သည်။ လူတစ်ဦးလျှင် တစ်သန်းတောင်းခြင်းက ဈေးသင့်သည် မဟုတ်လော။ စုစုပေါင်းအနေဖြင့် ရှစ်သန်းဖြစ်သင့်ပေသည်။ သို့သော် လူနှစ်ဦးက အတော်ပင် အားနည်းနေသောကြောင့် တစ်ဝက်ဈေးသာ သတ်မှတ်ပေးလိုက်ရခြင်း ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံ အကယ်ဒမီမှ လူများ၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။

ထို့နောက်တွင် ထိုသတင်းက လျင်မြန်စွာ ပျံ့နှံ့သွားကာ ဘက်ပေါင်းစုံကို တုန်လှုပ်သွားစေခဲ့၏။

ဤကမ္ဘာပေါ်တွင် ရှေးခေတ် သူတော်စင်ကလေးငယ် ပေါ်ထွက်လာခြင်းက ကိစ္စတစ်ခုဖြစ်ပြီး ယခုတွင် ထိုကဲ့သို့သော လူတစ်ဦး ပေါ်လာခဲ့ကာ ကောင်းကင်ဘုံ အကယ်ဒမီကိုပင် ငွေညှစ်နေခဲ့လေသည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးမှာ ရှေးခေတ်အချိန်မှာပင် တစ်ကြိမ်တစ်ခါ မဖြစ်ပွားခဲ့ဖူးသည့် ကိစ္စတစ်ခုဖြစ်သည်။ ကမ္ဘာ့စံချိန်ပင်တင်လောက်ပေသည်။

လူမည်မျှက သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်ကြမလဲဆိုသည်မှာ မှန်းရခက်လှပေသည်။

လူအမြောက်အများကို အံ့အားသင့်သွားစေခဲ့ပြီး မြင့်မြတ်နယ်မြေများကိုပင် ဂဏာမငြိမ်ဖြစ်သွားစေခဲ့၏။ လူအများစုက တိတ်တဆိတ် သက်ပြင်းချရုံသာ ပြုလုပ်နိုင်ကြသည်။

“ ကောင်းလိုက်တဲ့ စွမ်းရည်ကွာ “

--

………………………………………………………………………………………………………………………………………

All Chapters