← Chapters

အခန်း ၇၃၉

Vol. 50 Ch. 739

အခန်း ၇၃၉

Vol. 50 Ch. 739

အပိုင်း ၇၃၉ : ယဲ့ချန်း၏နောက်ခံ

အနှစ်နှစ်ဆယ်သက်တမ်းရှိသော ရိုမန့်တစ်ဝိုင်က ယခု ထုတ်လုပ်မှုရပ်ဆိုင်းသွားပြီဖြစ်၏။

ပုလင်းတိုင်းက အလွန်တန်ဖိုးကြီးလှသည်။

မမျှော်လင့်ထားပါဘဲ ယဲ့ချန်း၏ စိတ်ကို ကျေနပ်စေရန်အတွက် ဤကလပ်ပိုင်ရှင်က ရိုမန့်တစ်ဝိုင်တစ်ပုလင်းကို ထုတ်လာခဲ့သည်။

ယခုမူ ချန်းမင်မှာ ယဲ့ချန်းကို ယှဉ်ပြိုင်ဖို့ စိတ်ကူး လုံးဝမရှိတော့ချေ။

ယဲ့ချန်းနှင့် သူက အဆင့်အတန်းချင်း လုံးဝမတူညီပေ။

ချန်းမင်က ရုတ်တရက် မတ်တတ်ရပ်ပြီး ယဲ့ချန်းကို လေးစားစွာ စကားဆိုလိုက်၏။

"အစ်ကိုယဲ့... ကျွန်တော် မှားသွားပါတယ်။ စောစောက ကျွန်တော် မျက်စိမှောက်ပြီး အစ်ကို့ကို စော်ကားမိတာ ကျွန်တော့်အပြစ်ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ချန်းမင်၏လုပ်ရပ်ကို မြင်လိုက်ရသောအခါ လူတိုင်း မှင်တက်သွားကြသည်။

ချန်းမင်က ပုံမှန်ဆိုလျှင် အလွန်မောက်မာတတ်သူပင်။ သို့သော် ယခုမူ ယဲ့ချန်းကို တကယ် တောင်းပန်နေပေသည်။

ဘာတွေဖြစ်ကုန်တာလဲ။

ထိုအချိန်တွင် ယဲ့ချန်း၏နောက်ခံကို လူတိုင်း နားလည်သွားကြပြီဖြစ်၏။

ယဲ့ချန်း၏နောက်ခံအခြေအနေက သူတို့ထင်ထားသည်ထက် ပိုသာနေလောက်သည်။

ယဲ့ချန်းက ခပ်အေးအေးပင် ပြောလိုက်၏။

"မင်း အတွေးလွန်နေပြီ။ ငါ မင်းအပေါ် ဘာအငြိုးမှမထားပါဘူး"

ယဲ့ချန်း၏စကားကို ကြားပြီးနောက် ချန်းမင် နေရခက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

အမှန်ပင်။ ထိပ်သီးသူဌေးတစ်ယောက်က သူ့လို ဘာမဟုတ်သည့်ကောင်ကို ဘယ်ဂရုစိုက်မလဲ။

ဤကမ္ဘာပေါ်တွင် သူ စော်ကား၍မရသည့် လူအများကြီး ရှိသေးကြောင်း ယခုတော့ သူ နားလည်သွားချေပြီ။

ချန်းမင် ခေါင်းညိတ်ပြလိုက်၏။

"အစ်ကိုယဲ့... နောက်ဆို ကျွန်တော် မလုပ်ရဲတော့ပါဘူး။ အပြစ်ပေးတဲ့အနေနဲ့ ခွက်သုံးခွက် ဆက်တိုက်သောက်လိုက်ပါ့မယ်"

ချန်းမင်ခမျာ ယခု ယဲ့ချန်းကို တကယ်ကြောက်သွားလေပြီ။

ဤသို့သော သူဌေးကြီးကို သူ့အနေနှင့် မည်သို့သွားရှုပ်ရဲတော့မည်နည်း။

ယဲ့ချန်း၏ နောက်ခံကို သိလိုက်ရပြီးနောက် အခြားလူများလည်း အနည်းငယ် သတိထားလာကြသည်။

"ကဲ... အားလုံးပဲ ပုံမှန်သူငယ်ချင်းတွေလို သဘောထားပြီး နေကြတာပေါ့"

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် လေထုက အများကြီး ပိုမိုသက်ဝင်လှုပ်ရှားလာသည်။

လင်းဝမ်ယိုကတော့ ကူကယ်ရာမဲ့လေဟန်ဖြင့် ခေါင်းခါလိုက်မိသည်။

ချန်းမင် ယဲ့ချန်းရှေ့တွင် ကြွားလုံးထုတ်ဖို့ ကြိုးစားခဲ့ခြင်းမှာ ပစ်မှတ်မှားရွေးမိခြင်းပင်။

ထိုစဉ် ယဲ့ချန်း၏ဖုန်းက အသံမြည်လာခဲ့သည်။

"ဥက္ကဋ္ဌယဲ့... အမြတ်ငွေသန်းရှစ်ရာကို ဥက္ကဋ္ဌရဲ့ ဘဏ်အကောင့်ထဲ လွှဲပေးလိုက်ပါပြီ။ ကျေးဇူးပြုပြီး စစ်ပေးပါဦး"

ဘေးနားရှိ ချန်းမင်မှာ ဖုန်းတစ်ဖက်က အသံကို ကြားလိုက်ရချိန်ဝယ် သေးပင်ထွက်ကျလုမတတ် ဖြစ်သွားသည်။

အမြတ်ငွေသန်းရှစ်ရာတဲ့လား။ ယဲ့ချန်းက ဘယ်လို သူဌေးမျိုးလဲ။

ချန်းမင်ခမျာ ယဲ့ချန်းကို လုံးဝကြောက်ရွံ့သွားလေပြီ။

လင်းဝမ်ယိုနှင့်အတူ လိုက်လာသော မိန်းကလေးက သူ(မ)၏ခွက်ကိုမြှောက်ကာ ပြုံးလျက် ပြောလိုက်၏။

"မစ္စတာယဲ့... ဒီခွက်နဲ့ ရှင့်ကို ဂုဏ်ပြုပါတယ်"

ထိုသို့ပြောပြီးနောက် မိန်းကလေးက ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

သောက်ပြီးနောက် ထိုမိန်းကလေးက ရုတ်တရက် မူးချင်ယောင်ဆောင်လိုက်၏။

"အမလေး.. ခေါင်းတွေကိုက်လိုက်တာ။ ကျွန်မ မူးနေပြီထင်တယ်"

လူတိုင်း : "..."

ယဲ့ချန်းလည်း ဆွံ့အသွားသည်။

မင်းရဲ့ သရုပ်ဆောင်ချက်က အရမ်း အတုအယောင်ဆန်လွန်းနေပြီ။

ချန်းမင်ခမျာ ဆွံ့အနေချေသည်။

"ထျန်းမြောင်... ဟန်ဆောင်မနေစမ်းနဲ့။ မင်းက တစ်ပုလင်းသောက်ရင်တောင် မူးမယ့်လူမဟုတ်တာကို ဒီတစ်ခွက်လေးနဲ့ မူးသွားတယ်ပေါ့လေ"

ထျန်းမြောင်ကတော့ ချန်းမင်ကို လျစ်လျူရှုထားလိုက်ပြီး သူ(မ)၏ပခုံးကို ယဲ့ချန်းပေါ်သို့ မှီချင်နေဟန်တူသည်။

ယဲ့ချန်းကလည်း ဘေးကို တစ်လှမ်းဆုတ်၍ ထျန်းမြောင်ကို ရှောင်လိုက်သည်။

"ကောင်းပြီလေ။ မင်း မူးနေပြီဆိုတော့ မင်းအခန်းထဲကို ပို့ပေးဖို့ စားပွဲထိုးကို အကူအညီတောင်းလိုက်မယ်။ ခင်ဗျားတို့အတွက် ကျွန်တော် အခန်းတွေ ကြိုငှားပေးထားတယ်"

ထျန်းမြောင်မှာ အစက ယဲ့ချန်းနှင့် အနည်းငယ် နီးစပ်ဖို့အတွက် မူးချင်ယောင်ဆောင်ချင်ခဲ့ခြင်းပင်။ သို့သော် မမျှော်လင့်ထားပါဘဲ ယဲ့ချန်းက သူ(မ)ကို ဟိုတယ်ပြန်ပို့ချင်နေသဖြင့် သူ(မ) မှင်တက်သွားသည်။

သူ(မ)သာ ဟိုတယ်ကို အပို့ခံရပါက ယဲ့ချန်းလို ချမ်းသာပြီး ချောမောသည့် လူတစ်ယောက်ကို မည်သို့ဆွဲဆောင်နိုင်တော့မည်နည်း။

ထျန်းမြောင်က ချက်ချင်း မတ်တတ်ထပြီး နေရခက်စွာ ပြုံးလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်။ ရေနည်းနည်းသောက်လိုက်ရင် သက်သာသွားမှာပါ"

ယဲ့ချန်းက ပြုံးလိုက်လေသည်။

"မင်းက အရက်မသောက်နိုင်ဘူးဆိုတော့ မသောက်နဲ့တော့လေ။ ရေပဲ သောက်လိုက်ပါ"

ထျန်းမြောင်ခမျာ နေရခက်ဟန်ဖြင့် အတင်းလုပ်ပြုံးထားရသည်။ ယဲ့ချန်းနှင့် အခြားသူများ ခွက်ချင်းတိုက်၍ အရက်သောက်နေကြသည်ကို ကြည့်ရင်း ငိုချင်စိတ်ပင် ပေါက်လာသည်။

ထိုအရာမှာ တစ်ပုလင်းကို ယွမ်သုံးသိန်းတန်သည့် ရိုမန့်တစ်ဝိုင်ပင်။ သူ(မ)မှာမူ ဤမျှဈေးကြီးသော ဝိုင်မျိုးကို မြည်းစမ်းနိုင်မည့် အခွင့်အရေး ဘယ်တော့မှရနိုင်မည်မဟုတ်ကြောင်း သိနေပါလျက်နှင့် ကြည့်ရုံသာ ကြည့်နေရသည်။

သူတို့သောက်နေကြသည်ကို ကြည့်ရင်း ထျန်းမြောင်၏ ရင်ထဲတွင် သွေးထွက်မတတ် နာကျင်နေရှာသည်။

တစ်နာရီကျော်ကြာ စားသောက်ပြီးနောက် လူတိုင်း ကျေနပ်သွားကြသည်။

ဤတစ်နပ်စာအတွက် ယွမ်၁၈၀၀၀၀ ကုန်ကျခဲ့ပြီး လူတိုင်းလည်း အလွန်ကျေနပ်သွားကြသည်။

ထျန်းမြောင်တစ်ယောက်သာ စိတ်ဓာတ်ကျနေခဲ့သည်။ အခြားသူများက ယွမ်သုံးသိန်းတန်ဝိုင်ကို သောက်နေချိန်တွင် သူ(မ)ကတော့ တစ်လျှောက်လုံး ရိုးရိုးရေကိုသာ သောက်ခဲ့ရသည်။

ယဲ့ချန်းက အရက်အနည်းငယ် သောက်ထားသောကြောင့် လင်းဝမ်ယိုက ကားမောင်းသည့် တာဝန်ကို ယူလိုက်လေသည်။

ယဲ့ချန်း ဘိုကင်လုပ်ထားသည့် ဟိုတယ်ကို မြင်လိုက်ရသောအခါ လူတိုင်း မှင်တက်သွားကြသည်။

မယ်ရီယော့ဟိုတယ်ဆိုသည်မှာ ကမ္ဘာကျော် ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးပင်။

ချန်းမင်နှင့် အခြားသူများ တကယ်အံ့သြသွားကြသည်။

သူတို့ ဟိုတယ်ထဲသို့ ဝင်ဝင်ချင်းမှာပင် စားပွဲထိုးများက တလေးတစား အရိုအသေပေးနေသည်ကို မြင်လိုက်ရ၏။

"သူဌေး"

ဘာ... သူဌေးတဲ့လား။

စားပွဲထိုးက ယဲ့ချန်းကို ထိုသို့ခေါ်ဝေါ်လိုက်ကြောင်း ကြားသောအခါ လူတိုင်း ကြက်သေသေသွားကြသည်။

သူဌေး... ယဲ့ချန်းက တကယ်တော့ ဒီကြယ်ငါးပွင့်ဟိုတယ်ရဲ့ သူဌေးဖြစ်နေတာကိုး။

ယဲ့ချန်းက လူတိုင်းကို နေရာချထားပေးပြီးနောက် လင်းဝမ်ယိုနှင့်အတူ ထွက်လာခဲ့လေသည်။

သူတို့၏အခန်းထဲကို ဝင်သွားကြချိန်ဝယ် လူတိုင်း ဆွံ့အသွားကြသည်။

ဤအရာအားလုံးက ထိပ်တန်းအဆင့် သီးသန့်ခန်းများပင်။ သို့ဆိုလျှင်ဘကုန်ကျစရိတ်က ဘယ်လောက်ရှိလေမလဲ။

လင်းဝမ်ယို၏ ချစ်သူက ဘယ်လောက်အင်အားကြီးမားကြောင်း ယခုမူ သူတို့ နားလည်လိုက်ကြပြီဖြစ်၏။

ထျန်းမြောင်ခမျာ ခုတင်ပေါ်တွင် လဲလျောင်းရင်း စိတ်လှုပ်ရှားနေမိသည်။

သူ(မ) ဆုံးဖြတ်ချက်ချထားပြီးပြီ။ ချမ်းသာလှသော ယဲ့ချန်းနှင့် နီးစပ်အောင် လုပ်ရမည်။

ယခုလိုဒိတ်ဒိတ်ကြဲသူဌေးမျိုးနှင့် ရင်းနှီးဖို့ဆိုသည်မှာ မလွယ်ကူလှပေ။

ယခုတစ်ခါ ကံကောင်းထောက်မစွာဖြင့် တွေ့နေပြီဖြစ်ရာ သူ(မ)အနေနှင့် မည်သို့လက်လွှတ်ခံနိုင်မည်နည်း။

ယဲ့ချန်း၏ စီစဉ်မှုအောက်တွင် လူတိုင်း ဗီအိုင်ပီအဆင့် ဆက်ဆံမှုကို ခံစားလိုက်ရသည်။

ယဲ့ချန်းက လင်းဝမ်ယိုနှင့်အတူ အိမ်ပြန်ဖို့ ကားမောင်းလာခဲ့သည်။

လင်းဝမ်ယိုက ပြုံးလိုက်၏။

"ယဲ့ချန်း... ကျွန်မကို လွမ်းနေပြီလား"

ယဲ့ချန်း ခပ်ဟဟပြုံးလိုက်၏။

"ဒါပေါ့။ မင်းက ဒီရက်ပိုင်း အရမ်းအလုပ်များနေတော့ ဒီည ကိုယ့်အတွက် အချိန်ကောင်းကောင်းပေးသင့်တယ်"

သူတို့နှစ်ယောက်သား တစ်ညလုံးအလုပ်များနေခဲ့ကြပြီး နောက်နေ့မနက်တွင် ယဲ့ချန်းက လင်းဝမ်ယို မထသေးသဖြင့် ကုန်တိုက်သို့ ကားမောင်းသွားခဲ့သည်။

လင်းဝမ်ယိုကို ကောင်းကောင်း အားဖြည့်ပေးဖို့အတွက် သူ ဟင်းချက်စရာတချို့ ဝယ်ချင်သည်။

မကြာခင်မှာပင် ယဲ့ချန်း စူပါမားကတ်ကို ရောက်သွားသည်။

သောက်စရာတချို့ကို ဝယ်ပြီးနောက် ဟင်းသီးဟင်းရွက်များနှင့် အသားများကို ဝယ်လိုက်သည်။

ယဲ့ချန်းက အကောင်းဆုံးနှင့် ဈေးအကြီးဆုံးဟင်းချက်စရာများကိုသာ ရွေးဝယ်ခဲ့သောကြောင့် ယွမ် တစ်ထောင်ကျော် ကုန်သွားခဲ့သည်။

သူ ထွက်သွားတော့မည့်အချိန်တွင် သူ့နောက်ကျောဘက်က အံ့သြနေလေဟန် အသံတစ်သံကို ကြားလိုက်ရသည်။

"ယဲ့ချန်း... တကယ်ကြီး မင်းဖြစ်နေတာကိုး"

ယဲ့ချန်း လှည့်ကြည့်လိုက်သောအခါ ထိုလူကို ချက်ချင်း မှတ်မိသွားသည်။ သူသည် တက္ကသိုလ်တုန်းကအတန်းဖော် စုန့်မင်ဖြစ်၏။

သူတို့နှစ်ယောက်က တက္ကသိုလ်တက်တုန်းက သာမန်ဆက်ဆံရေးလောက်သာ ရှိခဲ့သည်။ ကျောင်းပြီးသွားတော့လည်း အဆက်အသွယ် မရှိခဲ့ကြချေ။ ဤနေရာတွင် ယခုလိုလာဆုံမည်ဟု မမျှော်လင့်ထားပေ။

"စုန့်မင်လား"

စုန့်မင်က ယဲ့ချန်းကို ပြုံးပြလိုက်သည်။

"ဒီမှာလာတွေ့တာ တကယ်တိုက်ဆိုင်တာပဲ"

သူက ယဲ့ချန်းသယ်လာသည့် ပစ္စည်းများကိုကြည့်ပြီး ပြောလိုက်၏။

"အိမ်မှာ ဧည့်သည်တွေရောက်နေလို့ ပစ္စည်းတွေအများကြီး ဝယ်လာတာလား"

ယဲ့ချန်းကလည်း ပြန်ပြုံးပြလိုက်၏။

"မဟုတ်ပါဘူး။ ဟင်းချက်စရာလေးတွေ ဝယ်လာတာပါ"

စုန့်မင် ပြုံးလိုက်လေသည်။

"သြော်... မင်း ဒီနားမှာ နေတာလား။ ငါလည်း တလောတုန်းကမှ အိမ်တစ်လုံးဝယ်ထားတာ"

"ငါက ကောင်းကင်အိမ်ရာမှာနေတာ။ မင်းရော ဘယ်ရပ်ကွက်မှာ နေတာလဲ"

စုန့်မင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် သူက တမင်သက်သက် ထပ်ဖြည့်ပြောလိုက်သေးသည်။

"အခုအချိန်က တကယ်ခက်ခဲတဲ့အချိန်ပဲကွာ။ ငါ့ရဲ့ တစ်နှစ်စာဝင်ငွေက သောင်းဂဏန်းလောက်ပဲ ရှိတာကို အိမ်အတွက် စရန်ငွေချေဖို့ ယွမ်တစ်သောင်း ထုတ်သုံးလိုက်ရတယ်"

သူက ယဲ့ချန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

သူ့အောင်မြင်မှုများက ဘယ်နေရာတွင်မဆို အောင်မြင်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

ယဲ့ချန်းကမူ ပြုံးလိုက်လေသည်။

"မင်း အခြေအနေကောင်းနေတာပဲ။ တစ်နှစ်ဝင်ငွေက သန်းချီနေတာကိုး"

"အင်း... မဆိုးပါဘူး။ ဒါနဲ့ မင်းက ဘယ်ရပ်ကွက်မှာ နေတာလဲ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"ငါလား... သာမန်ရပ်ကွက်လေးတစ်ခုမှာပါ"

သူသည် ဟွားအိမ်ရာတွင် နေထိုင်ကြောင်း မပြောခဲ့ပေ။ မဟုတ်ပါက တစ်ဖက်လူ သေချာပေါက် ကြက်သေသေသွားလိမ့်မည်။

သူတို့နှစ်ယောက်သား လမ်းလျှောက်ရင်း စကားပြောနေကြစဉ် ယဲ့ချန်းက ပြုံးလိုက်သည်။

"ဒီဘက်က သွားရအောင်... ငါ့ကားနဲ့ပဲ လိုက်ခဲ့လေ။ အိမ်အထိ လိုက်ပို့ပေးမယ်"

"ကောင်းပြီလေ..."

သူတို့ စကားပြောရင်း မြေအောက်ခန်းကို ဆင်းသွားကြသည်။

"ယဲ့ချန်း... မင်း ဘာကားဝယ်ထားတာလဲ။ ငါကတော့ ဘန့်စ်ကား ဝယ်ထားတယ်။ ဟူး... ငါ့မိန်းမက ကားကောင်းကောင်းဝယ်ရမယ်ဆိုပြီး အတင်းပူဆာနေလို့ ပိုက်ဆံတွေအများကြီး ကုန်သွားတယ်။ ယဲ့ချန်း... မင်းမှာရော ဘယ်လိုကားမျိုးရှိလဲ"

စုန့်မင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ယဲ့ချန်းကလည်း တဟားဟားရယ်မောပြီး မလှမ်းမကမ်းရှိ ကားတစ်စီးကို လက်ညိုးထိုးပြလိုက်သည်။

"ဟိုတစ်စီးလေ"

••••••••••••••••••••••

All Chapters