အခန်း ၇၄၀
Vol. 50 Ch. 740
အပိုင်း ၇၄၀ - ကြင်ဖက်တွေ့ဆုံပွဲတွင် အချိုးမပြေသည့် မိန်းမတစ်ယောက်နှင့် ဆုံတွေ့ခြင်း
ယဲ့ချန်း လက်ညှိုးထိုးပြလိုက်သည့် နေရာတွင် Volkswagenကားတစ်စီးရှိနေသည်ကို စုန့်မင် မြင်သောအခါ လှောင်ပြုံးပြုံးလိုက်သည်။ ယဲ့ချန်း အခြေအနေ သိပ်ဟန်ပုံမရဘူးဟုလည်း တွေးလိုက်၏။
သူတို့နှစ်ယောက်သား Volkswagen ကားနားသို့ လျှောက်သွားကြစဉ် စုန့်မင်က ရယ်လိုက်၏။
"ယဲ့ချန်း... မင်းလည်း အခြေအနေမဆိုးပါဘူးကွ။ Volkswagenကြီး စီးလို့ပါလား။ တစ်နေ့ကျရင် ငါ့ရဲ့ဘီအမ်ဒဗလျူကားနဲ့ မင်းကို လိုက်ပို့ပေးပါ့မယ်ကွာ"
ယဲ့ချန်းက ခပ်ဟဟသာပြုံးပြီး ကားသော့တစ်ချောင်းထုတ်ကာ ခပ်ဖွဖွ နှိပ်လိုက်သည်။
အနီးအနားရှိ အလွန်ခမ်းနားလှသော လိုင်ကန်ကားတစ်စီး၏ ရှေ့မီးသီးများ ရုတ်တရက် လင်းထိန်လာသည်။
ဝိုး
စုန့်မင် အံ့အားသင့်သွားလေတော့သည်။
လက်စသတ်တော့ သူစီးသည့်ကားက လိုင်ကန်ဖြစ်နေချေသည်။
လမ်းတစ်လျှောက်လုံးတွင်မူ စုန့်မင်တစ်ယောက် အလွန်နေရခက်နေချေသည်။
ဘန့်စ်ကားလေးစီးပြီး ယဲ့ချန်းကို ကြွားလုံးထုတ်ချင်နေခဲ့သမျှ ယခုတော့ အရှက်ကွဲရုံသာ အဖတ်တင်သွားသည်။
ယဲ့ချန်း အိမ်ပြန်ရောက်သောအခါ လင်းဝမ်ယိုအတွက် ကြီးကျယ်ခမ်းနားသော မနက်စာကို ပြင်ဆင်ပေးလိုက်သည်။
လင်းဝမ်ယိုက မနက်စာစားရင်း ယဲ့ချန်း၏ရင်ခွင်ထဲသို့ ချစ်ခင်မြတ်နိုးစွာ တိုးဝှေ့လာလေသည်။
"သခင်လေး... အရေးကြီးတဲ့ အစည်းအဝေးသာ မရှိဘူးဆိုရင် ကျွန်မ တကယ်မသွားချင်ဘူး"
ယဲ့ချန်းက ပြုံးလိုက်၏။
"ဒါဆိုလည်း မသွားနဲ့လေ။ ကိုယ်တို့ဆီမှာ ပိုက်ဆံပြတ်လပ်နေတာမှမဟုတ်တာ"
လင်းဝမ်ယိုက ခေါင်းခါပြလိုက်လေသည်။
"ဘယ်ဖြစ်မလဲ။ ကျွန်မက ရှင့်ရဲ့ဇနီးမယားကောင်းတစ်ယောက် ဖြစ်ရမှာပေါ့"
မနက်စာစားပြီးနောက် ယဲ့ချန်းက လင်းဝမ်ယိုကို လိုက်ပို့ပေးခဲ့သည်။
လေဆိပ်က ထွက်ထွက်ချင်းမှာပင် ယဲ့ချန်း၏အမေက ဖုန်းခေါ်လာသည်။
"ယဲ့ချန်း… အမေ မင်းအတွက် ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်"
"အမေ.. ကျွန်တော့်မှာ ရည်းစားရှိတယ်လို့ အမေ့ကို ပြောထားပြီးသားလေ"
"အမေ့ကို လာမလိမ်နဲ့။ မင်း အလုပ်ရှုပ်နေတာတော့ မှန်ပေမဲ့ ဘဝအတွက် အရေးကြီးတဲ့ ဒီကိစ္စကိုတော့ အချိန်ဆွဲနေလို့မဖြစ်ဘူး။ ဒီနေ့ သူ့ကို သွားတွေ့ရမယ်။ ကောင်မလေးက အရမ်းလှတာ။ မင်းချမ်းသာတယ်ဆိုတာကိုလည်း အမေ ထည့်မပြောထားဘူး။ စိတ်မပူပါနဲ့။ မင်း သဘောကျမှာပါ"
ထိုစကားကိုကြားသော် ယဲ့ချန်း ကူကယ်ရာမဲ့သွားလေသည်။
သူ့အမေကိုယ်တိုင် စီစဉ်ပေးထားသည်ဖြစ်ရာ သွားတွေ့လိုက်သည်ကသာ ပိုကောင်းပေမည်။
ချိန်းဆိုထားသောအချိန်တွင် ယဲ့ချန်း ကော်ဖီဆိုင်သို့ အရောက်သွားလိုက်၏။
သူနှင့် မျက်နှာချင်းဆိုင်တွင်မူ အလွန်လှပသော အမျိုးသမီးတစ်ယောက် ထိုင်နေချေသည်။
ထိုအမျိုးသမီးက ယဲ့ချန်းကို မာနထောင်လွှားနေသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
"မစ္စတာယဲ့မလား။ ရှင့်မှာ အိမ်ရှိလား။ ကားရှိလား"
ယဲ့ချန်း အနည်းငယ်ကြောင်အသွားသည်။ သူ(မ)၏မေးခွန်းက အလွန်တဲ့တိုးဆန်လှချေသည်။
"ကျွန်တော့်မှာ အိမ်ရော ကားရော ရှိပါတယ်"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် ထိုကောင်မလေး၏မျက်ဝန်းကား လင်းလက်သွားသည်။
"ဘယ်လိုအိမ်မျိုးနဲ့ ဘယ်လိုကားမျိုးလဲ"
ယဲ့ချန်းက ဆို၏။
"အိမ်က ဖူယန်ခရိုင်မှာရှိပြီး ကားကတော့ ကျီလိကားပါ"
"အာ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ချန်းလင်၏ အမူအရာကား ရုတ်ခြည်း အနည်းငယ်ပြောင်းလဲသွားသည်။
သူ(မ)က မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။
"ဪ သဘောပေါက်ပါပြီ"
ထိုစဉ် ချန်းလင်၏ဖုန်းက ရုတ်တရက်မြည်လာပြီး ဖုန်းထဲရှိ အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"ရှောင်လင်.. ကိုယ်မှားသွားပါတယ်။ ကိုယ်တို့ ပြန်တွဲရအောင်။ ကိုယ် အခု ကော်ဖီဆိုင်အပြင်ဘက်မှာ ရောက်နေတယ်"
ဖုန်းထဲရှိ အသံကို ကြားလိုက်ရချိန်တွင် ချန်းလင်၏မျက်ဝန်းများက တောက်ပသွားသည်။
"မစ္စတာယဲ့.. ကျွန်မတို့နှစ်ယောက်က မလိုက်ဖက်ဘူးထင်ပါတယ်။ ကျွန်မရဲ့ချစ်သူက အနည်းဆုံးတော့ ထျန်းချန်ယိပင်အိမ်ရာမှာ အိမ်တစ်လုံးရှိရမယ်။ ဪ.. ပြီးတော့ မာစီးတီး ဒါမှမဟုတ် ဘီအမ်ဒဗလျူလောက်တော့ စီးနိုင်ရမယ်"
ထိုသို့ပြောရင်း ချန်းလင်က အဝေးမှလျှောက်လာသော အမျိုးသားတစ်ယောက်ကို လှောင်ပြောင်သရော်လေဟန်ဖြင့် လက်ညှိုးထိုးပြလိုက်သည်။
"အပေါက်ဝမှာ မာစီးတီးကားနဲ့ရပ်နေတဲ့လူက ကျွန်မရဲ့ အိပ်မက်ထဲက မင်းသားလေးပဲ"
ယဲ့ချန်းခမျာ ဆွံ့အသွားသည်။
သေစမ်း.. မင်းမှာ ရည်းစားရှိရက်နဲ့ ငါ့ကို လာတွေ့သေးတယ်ပေါ့လေ။ လာကစားနေတာလား…
ငါ့အချိန်တွေက တန်ဖိုးရှိတယ်။ ဒီလိုအချိန်မျိုးမှာ ပါဆယ်သွားပို့နေတာကမှ သာဦးမယ်…
ယဲ့ချန်းက ရယ်မောလိုက်၏။
"မင်း တကယ် ငါ့ကောင်မလေးမဖြစ်ချင်တာ သေချာလား"
ချန်းလင်က နှာမှုတ်လိုက်၏။
"ရှင့်ကိုယ်ရှင်လည်း မှန်ထဲ ပြန်ကြည့်ဦး။ ကျွန်မအမေက ရှင် ရုပ်ချောတယ်ဆိုလို့သာ အချိန်ဖြုန်းတဲ့အနေနဲ့ လာတွေ့ပေးတာ။ ပါဆယ်ပို့သမားတစ်ယောက်က ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ချစ်သူ ဖြစ်နိုင်မှာလဲ"
ယဲ့ချန်း သက်ပြင်းချလိုက်လေသည်။
"ဒါပေမဲ့ မင်း နောင်တရလိမ့်မယ်နော်"
"နောင်တလား။ မဖြစ်နိုင်တာ"
ထိုအချိန်တွင် နှင်းဆီပန်းများ ကိုင်ဆောင်ထားသော အမျိုးသားတစ်ယောက်က အထဲသို့ ဝင်လာလေသည်။
"အားလင်.. အရင်က တခြားမိန်းမတွေနဲ့ ပွေရှုပ်ခဲ့မိတာ ကိုယ့်အမှားပါ။ မင်းနဲ့ဝေးသွားမှ မင်းက ကိုယ် တကယ်လိုချင်တဲ့လူဆိုတာကို ကိုယ်နားလည်ခဲ့ရတယ်။ ကိုယ်တောင်းပန်တာကို လက်ခံပေးပါနော်"
ချန်းလင်က ခါးလေးစောင်းနွဲ့ကာ လှမ်းယူလိုက်သည်။
"အချစ်.. ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်"
ထိုသို့ပြောပြီးနောက် နှစ်ယောက်သား ချစ်ခင်ကြင်နာစွာ ထွက်သွားကြသည်။
ယဲ့ချန်းက ခေါင်းခါယမ်းလိုက်လေသည်။
"ဒီလိုမိန်းမမျိုး အလကားရရင်တောင် ယူမှာမဟုတ်ဘူး"
အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ နောက်ထပ်ပါဆယ်အနည်းငယ်ခန့် ပို့နိုင်သေးကြောင်း သိလိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုပို့ရမည့် ပါဆယ်မှာ ဘဏ္ဍာရေးအဆောက်အအုံ ဖြစ်နေချေသည်။
သူပိုင်သော အဆောက်အအုံသို့ ပါဆယ်သွားပို့ရမည်တဲ့လား။
ယဲ့ချန်း ဘဏ္ဍာရေးအဆောက်အအုံသို့ ရောက်လာခဲ့သည်။
ဝင်ပေါက်တွင် ဖောက်သည်ထံသို့ ဖုန်းဆက်ရန် ယဲ့ချန်း ဖုန်းထုတ်လိုက်စဉ် ပျင်းရိလေးတွဲနေသော လူရိပ်တစ်ခုက သူ့လမ်းကို ပိတ်ဆို့လိုက်၏။
ယဲ့ချန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
သူ့လမ်းကို ပိတ်ရပ်ထားသူများမှာ ချန်းလင်နှင့် သူ(မ)၏ချစ်သူပင်။
ယခုအချိန်တွင် ချန်းလင်က သူ(မ)၏ချစ်သူကို တရင်းတနှီးပွေ့ဖက်ထားသည်။
ချန်းလင်က ယဲ့ချန်းကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။
သူ(မ)က ယဲ့ချန်းထံသို့ တန်းတန်းမတ်မတ်လျှောက်လာပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ယဲ့ချန်း.. ရှင်နဲ့ ကျွန်မက မလိုက်ဖက်ဘူးလို့ ပြောထားတယ်လေ။ ဘာလို့ ကျွန်မကို လိုက်နှောင့်ယှက်နေတာလဲ။ ကျွန်မ ဒီမှာ အလုပ်လုပ်မှန်း ရှင် ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းမှာမူ ဆွံ့အသွားလေသည်။
ဤအမျိုးသမီးက ဘယ်လောက်အရှက်မဲ့လိုက်လေသလဲ။
မင်းကို နှောင့်ယှက်ဖို့ ငါက ဒီကိုလာတယ်ထင်နေတာလား။ မင်းကိုယ်မင်း ဘယ်သူလို့များ ထင်နေတာလဲ။
ချန်းလင်က အော်ဟစ်ဆူပူနေသဖြင့် လူတော်တော်များများက ပြဿနာကို စပ်စုရန် ဝိုင်းအုံလာကြသည်။
ပါဆယ်ပို့သမားယူနီဖောင်းကို ဝတ်ဆင်ထားသည့် ယဲ့ချန်းနှင့် ချန်းလင်တို့၏ စကားများကြောင့် လူအများက ယဲ့ချန်းအား ထူးဆန်းလေဟန် အကြည့်များဖြင့် ကြည့်လာကြသည်။
ထို့နောက် ဘေးနားတွင် ရပ်နေသော လူငယ်တစ်ယောက်က ဆို၏။
"မင်းနာမည်က ယဲ့ချန်းလား။ မင်းရဲ့အလုပ်အကိုင်က ပါဆယ်ပို့သမားဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်ဖြစ်နေမယ်လို့ ထင်မထားဘူး။ စကားမစပ်.. ငါကဒီဘဏ္ဍာရေးအဆောက်အအုံထဲမှာရှိတဲ့ ဟွားရုန်နည်းပညာရဲ့ လက်ထောက်အထွေထွေမန်နေဂျာပဲ။ ကောင်မလေးတစ်ယောက်အတွက် ငါနဲ့လာယှဉ်ဖို့ မင်းမှာ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
ကျန်းလုံက ခပ်ညစ်ညစ်ပြုံးလိုက်ပြီးနောက် ယဲ့ချန်းကို နှိမ့်ချရသည့် အရသာကို ခံစားနေလေသည်။
သာမန်ပါဆယ်ပို့သမားတစ်ယောက်က သူ့လိုလူနှင့် မည်သို့ယှဉ်နိုင်မည်နည်း။ မိန်းမတစ်ယောက်အတွက် မည်သို့ ပြိုင်ဆိုင်နိုင်မည်နည်း။
သူ့ဘေးရှိ ချန်းလင်ကလည်း လှောင်ပြောင်လိုက်သည်။
"အားလုံ.. ကျွန်မကို လိုက်ပိုးချင်နေတဲ့ ပါဆယ်ပို့သမားကို ဂရုစိုက်မနေစမ်းပါနဲ့"
ချန်းလင်၏မျက်နှာထက်တွင် လှောင်ပြောင်သရော်လိုဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
လူအုပ်ကြီးကမူ ခေါင်းခါယမ်းလိုက်လေသည်။
ဤလူငယ်လေးမှာ မောက်မာလွန်းလှသည်။ ပါဆယ်ပို့သမားတစ်ယောက်က ဤအဆောက်အအုံထဲရှိ ရုံးဝန်ထမ်းတစ်ယောက်ကို လိုက်နိုင်မည်ဟု ထင်နေချေသည်။
သူတို့၏အမူအရာများမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေချေသည်။
သူတို့အတွက်မူ ဤလူငယ်လေးက သူ့ကိုယ်သူ အရှက်ခွဲနေခြင်းသာ။
"ငါသာဆိုရင်လည်း ရုံးဝန်ထမ်းကိုပဲ ရွေးမှာပေါ့"
"ဒါပေါ့။ အခုခေတ်မှာ ပါဆယ်ပို့သမားတွေရဲ့ အဆင့်အတန်းက ဘယ်လောက်ရှိလို့လဲ"
လူအုပ်ကြီးအကြား တီးတိုးဝေဖန်သံများဖြင့် ဆူညံသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ချန်း၏အမူအရာကား အနည်းငယ် အေးစက်သွားသည်။
"ချန်းလင်.. မင်း အတွေးလွန်နေပြီ။ ငါက ဒီကို ပါဆယ်လာပို့ရုံပဲ။ ပြီးတော့ မင်းကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကျန်းလုံကို ကြည့်လိုက်သည်။
"ကိုယ့်လူ.. မင်း အခုတလော တော်တော် အပျော်အပါးလိုက်စားနေပုံပဲ။ နည်းနည်းလျှော့ဦးနော်။ မဟုတ်ရင် ကျောက်ကပ်အားနည်းလိမ့်မယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျန်းလုံမှာ ဒေါသထွက်သွားလေသည်။ ဤအရှုံးသမားက သူ့ကို လူကြားသူကြားထဲတွင် အရှက်ခွဲရဲပေသည်။
"ဟေ့ကောင်.. မင်း ဘာတွေလျှောက်ပြောနေတာလဲ"
ထိုအချိန်တွင် ဘေးနားရှိ လူများကလည်း ကျန်းလုံအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာကြသည်။
ယဲ့ချန်းမပြောခင်က မည်သူမှ သတိမထားမိကြသော်လည်း ယခု ကြည့်လိုက်သည့်အခါတွင်မူ ဤလူငယ်၏ မျက်လုံးအောက်တွင် မျက်ကွင်းညိုညိုများ ရှိနေပြီး မျက်နှာကလည်း ဖြူဖျော့နေကြောင်း တွေ့လိုက်ရသည်။
ကျန်းလုံက အနီးအနားရှိ လုံခြုံရေးဝန်ထမ်းများဘက်သို့ လှည့်လိုက်သည်။
"လုံခြုံရေးတွေ.. ဒီကောင့်မျက်နှာကို မှတ်ထားပြီး နောက်တစ်ခါ အထဲကို လုံးဝပေးမဝင်နဲ့။ သူ့ကို အခုချက်ချင်း မောင်းထုတ်လိုက်"
ထိုအချိန်ဝယ် လူတစ်ယောက်က ရုတ်တရက် အနားသို့ လျှောက်လာလေသည်။ ယဲ့ချန်းကို မြင်သောအခါ သူ့အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။
အစပိုင်းတွင် လူစုလူဝေးကြီးကို မြင်လိုက်ရသဖြင့် တစ်ခုခုဖြစ်နေသည်ဟု ထင်လိုက်သည်။ သို့သော် အနားရောက်လာသောအခါတွင်မူ သူဌေးဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထို့ပြင် ကျန်းလုံက ယဲ့ချန်းအား မောင်းထုတ်ရန် ပြောနေသည်ကိုပါ ကြားလိုက်ရသေးသည်။
ထိုအချိန်တွင် ကျန်းလုံမှာ ဟန်ရေးပြနေဆဲပင်။ ငွေစက္ကူအနီနှစ်ရွက်ထုတ်၍ လုံခြုံရေးများကို ပေးလိုက်သည်။
"ဒီကောင့်ကို အပြင်ဆွဲထုတ်သွားကြ။ ဒါက မင်းတို့အတွက် ဆုကြေးပဲ"
ကျန်းလုံက အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"ဘယ်သူလုပ်ရဲလဲဆိုတာ ကြည့်ရသေးတာပေါ့"
အဆောက်အအုံမန်နေဂျာက ဒေါသတကြီး အော်ဟစ်လိုက်သည်။
••••••••••••••••••••••