အခန်း ၇၄၁
Vol. 50 Ch. 741
အပိုင်း ၇၄၁ : ကျယ်လောင်လှသည့် ပါးရိုက်သံ
လုံခြုံရေးဝန်ထမ်းနှစ်ယောက်လည်း ပိုက်ဆံကို လှမ်းယူပြီး လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် နောက်ကျောဘက်မှ ကျယ်လောင်လှသော အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။
ကျန်းလုံ လှည့်ကြည့်လိုက်သောအခါ အဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့မှ မန်နေဂျာချန်းတစ်ယောက် အပြေးအလွှား လျှောက်လာနေကြောင်း တွေ့လိုက်ရ၏။
သူက ချက်ချင်းပင် ပြောလိုက်၏။
"မန်နေဂျာချန်း.. ဒီပါဆယ်ပို့သမားက ဒီမှာ ပြဿနာလာရှာနေလို့ လုံခြုံရေးတွေကို အပြင်မောင်းထုတ်ခိုင်းနေတာပါ"
မန်နေဂျာချန်းက ယဲ့ချန်းနားသို့ အပြေးအလွှား ချဉ်းကပ်လာသည်။
"သူဌေး... ကျွန်တော် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒီကိစ္စအတွက် သူဌေးကျေနပ်အောင် ကျွန်တော် အရေးယူပေးပါ့မယ်"
ယဲ့ချန်းက ခေါင်းသာညိတ်ပြလိုက်ပြီး ဘာမှပြန်မပြောပေ။
မန်နေဂျာချန်းက နဖူးထက်ရှိချွေးကို သုတ်ရင်း ဖုန်းထုတ်လိုက်၏။
"ဥက္ကဋ္ဌဝူ... အောက်ကို ခဏလောက်ဆင်းလာခဲ့ပေးပါဦး"
မကြာခင်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အမြန်လျှောက်လာလေသည်။
ထိုလူမှာ ဟွားရုန်နည်းပညာ၏ သူဌေးဖြစ်သူ ဝူကွမ်း ပင်။
ထိုအချိန်တွင် ကျန်းလုံတစ်ယောက် အခြေအနေတစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။
အဆောက်အအုံမန်နေဂျာက ယဲ့ချန်းကို ခုနက ဘယ်လိုခေါ်လိုက်တာပါလိမ့်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကောင်က သာမန်ပါဆယ်ပို့သမားတစ်ယောက် မဟုတ်ဘူးလား။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ ဝူကွမ်း၏ မျက်နှာအမူအရာလည်း အနည်းငယ် ပျက်ယွင်းသွားသည်။
"ဥက္ကဋ္ဌယဲ့... မင်္ဂလာပါ"
မန်နေဂျာချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"ဥက္ကဋ္ဌဝူ... ခင်ဗျားရဲ့လက်ထောက်မန်နေဂျာက လုံခြုံရေးတွေနဲ့ ကျွန်တော်တို့ရဲ့သူဌေး ယဲ့ချန်းကို အပြင်မောင်းထုတ်ဖို့ လုပ်နေတယ်။ ဒီကိစ္စကို ခင်ဗျား ဘယ်လိုဖြေရှင်းမလဲ"
"ဘာ"
မန်နေဂျာချန်း၏ စကားကြောင့် ဝူကွမ်းလည်း အကြီးအကျယ် မျက်နှာပျက်သွားတော့သည်။
ပတ်ပတ်လည်ရှိ လူအားလုံးလည်း အံ့အားသင့်သွားကြသည်။
ဒါတွေက ဘာတွေဖြစ်ကုန်တာလဲ။
ဘာလို့ ဒီလူက ပါဆယ်ပို့သမားကို 'သူဌေး'လို့ ခေါ်နေရတာလဲ။ ပြီးတော့ ဥက္ကဋ္ဌဝူကရော ဘာလို့ သူ့ကို ဒီလောက်အထိ ရိုရိုသေသေ ဆက်ဆံနေရတာလဲ။
ဝူကွမ်း၏မျက်နှာကား ပျက်ယွင်းသွားသည်။ ထို့နောက် ကျန်းလုံကို စိုက်ကြည့်ရင်း လက်ကို တန်းမြှောက်လိုက်လေတော့သည်။
"ဖြောင်း"
ကျယ်လောင်လှသော ပါးရိုက်သံကြီးနှင့်အတူ ကျန်းလုံ၏ ပါးပြင်ပေါ်သို့ လက်ဝါးချက်တစ်ချက် ကျရောက်လာသည်။
"မင်းကများ ဥက္ကဋ္ဌယဲ့ကို မလေးမစား လုပ်ရဲတယ်ပေါ့။ သေချင်နေပြီလား"
ဝူကွမ်း တကယ် ဒေါသထွက်နေခြင်းပင်။
သူ့ကုမ္ပဏီအတွက် ရုံးခန်းငှားရမ်းခ လျှော့ပေးဖို့ အဆောက်အအုံသူဌေးကို တောင်းဆိုပေးရန် မန်နေဂျာချန်းနှင့် သူ အစောကမှ စကားပြောဆိုထားသည်။
အခြေအနေ အဆင်ပြေခါနီးဆဲဆဲတွင် ဤငတုံး ကျန်းလုံက အဆောက်အအုံပိုင်ရှင်သူဌေးကို အပြင်မောင်းထုတ်ဖို့ လုပ်နေသည်မှာ ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်မနေဘူးလား။
ပါးရိုက်ခံလိုက်ရသဖြင့် ကျန်းလုံတစ်ယောက် ကြောင်အမ်းသွားသည်။
"ဥက္ကဋ္ဌဝူ... ခင်ဗျား ဘာလို့ ကျွန်တော့်ကို ရိုက်ရတာလဲ"
ဝူကွမ်းက အေးစက်မာကျောစွာ ပြောလိုက်၏။
"မင်း ဘယ်သူ့ကို သွားစော်ကားမိလဲ သိရဲ့လား။ မစ္စတာယဲ့က ဒီဘဏ္ဍာရေးအဆောက်အအုံကြီးတစ်ခုလုံးရဲ့ ပိုင်ရှင်ကွ"
ထိုအချိန်တွင်မူ ဝူကွမ်း ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေချေပြီ။
ဤငတုံးက ဘဏ္ဍာရေးအဆောက်အအုံ၏ ပိုင်ရှင်ကို သွားစော်ကားမိခြင်းပင်။
အိမ်လခလျှော့ဖို့ နေနေသာသာ ဒီအဆောက်အအုံထဲမှာ ဆက်နေခွင့်ရဖို့တောင် မလွယ်တော့ဘူး။
ကျန်းလုံက ခဏတန့်သွားပြီး ပြောလိုက်၏။
"ဥက္ကဋ္ဌဝူ... ခင်ဗျား တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်။ ဒီကောင်က ပါဆယ်ပို့သမားဆိုတာ အသိသာကြီးကို။ ဘယ်လိုလုပ်ပြီး ဘဏ္ဍာရေးအဆောက်အအုံရဲ့ ပိုင်ရှင် ဖြစ်နိုင်မှာလဲ"
"ကျန်းလုံ.. မင်း ငတုံးလား။ မစ္စတာယဲ့က ဘဝအတွေ့အကြုံ ယူနေတာကွ။ ဥက္ကဋ္ဌယဲ့က ဘယ်လောက်အဆင့်ရှိလဲ မင်းသိလို့လား။ သူက ဒီဘဏ္ဍာရေးအဆောက်အအုံတစ်ခုတည်းကတင် အိမ်လခသန်းပေါင်းများစွာ ရနေတာ။ မင်းကများ သူနဲ့ သွားယှဉ်ရဲတယ်ပေါ့"
ဝူကွမ်း၏စကားကို ကြားလိုက်ရချိန်တွင် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ယဲ့ချန်းကို ကြည့်သည့် အကြည့်များမှာ လုံးဝပြောင်းလဲသွားလေတော့သည်။
ဤပါဆယ်ပို့သမားက ထိပ်တန်းသူဌေးကြီး ဖြစ်နေတာကိုး...
အစောပိုင်းက အထင်အမြင်သေးခဲ့ကြသည့် အမူအရာများအားလုံး ပျောက်ကွယ်သွားပြီး ယဲ့ချန်းအပေါ် ရိုသေလေးစားစိတ်များ ချက်ချင်း ဝင်ရောက်လာကြသည်။
သူ့ဘေးရှိ ချန်းလင်မှာမူ ဝူကွမ်း၏စကားများကို အကြောင်သား နားထောင်ရင်း မျက်လုံးအစုံ ပြူးကျယ်သွားကာ မယုံကြည်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်မိသည်။
"မဖြစ်နိုင်တာ။ ဒါ လုံးဝမဖြစ်နိုင်ဘူး"
မန်နေဂျာချန်းက အေးစက်စက်ဆိုလိုက်၏။
"မစ္စတာယဲ့က ကျွန်တော်တို့ ဘဏ္ဍာရေးအဆောက်အအုံရဲ့ ပိုင်ရှင်အစစ်ပါ။ ဒါပေမဲ့ မစ္စတာယဲ့က အရမ်းသိုသိုသိပ်သိပ်နေတတ်တဲ့အပြင် သာမန်လူတန်းစားတွေရဲ့ဘဝကို အတွေ့အကြုံယူရတာကို သဘောကျလို့ပါ"
မန်နေဂျာချန်း၏ စကားကို ကြားပြီးနောက် ထိုနေရာတစ်ခုလုံး တစ်စပြင်အလား တိတ်ဆိတ်သွားပြီး လူတိုင်း ကြောင်အမ်းကုန်ကြသည်။
ချန်းလင်ခမျာ ထိုနေရာတွင် အရူးတစ်ယောက်လို မတ်တတ်ရပ်လျက် ကျန်ရစ်ခဲ့သည်။
ဒါတွေအကုန်လုံးက တကယ်ဖြစ်နေတာပဲ။
သူ(မ) သွားတွေ့ခဲ့သည့် ကြင်ဖက်တွေ့ဆုံပွဲက ထိပ်တန်းသူဌေးတစ်ယောက်နှင့် ဖြစ်နေပြီး သူ(မ) အမြဲအိပ်မက်မက်ခဲ့ရသည့် ချမ်းသာလှသောဘဝကို သူ(မ)၏လက်နှင့် ကိုယ်တိုင်ဖျက်ဆီးလိုက်မိလေပြီ။
ထိုအချိန်ဝယ် ချန်းလင် နောင်တအကြီးအကျယ် ရနေတော့သည်။
ယဲ့ချန်းက ထိပ်တန်းသူဌေးတစ်ယောက် ဖြစ်သည့်တိုင် အစောပိုင်းက သူ(မ)....
အကယ်၍ သူ(မ) သူ့ကိုသာ အထင်မသေးခဲ့မိလျှင် ယခုအချိန်တွင် သူ(မ) ထိုသူဌေး၏ကောင်မလေး ဖြစ်နေလောက်လေပြီ။
ချန်းလင်ခမျာ တွေးကြည့်လေလေ ပိုနောင်တရလေလေပင်။
"မဖြစ်ဘူး။ ငါ အကုန်ပြန်ရအောင်ယူရမယ်"
သူ(မ)၏ဦးနှောက်ထဲတွင် အတွေးတစ်ခု ရုတ်တရက် လျှပ်ခနဲဖြတ်ပြေးသွားသည်။
အကယ်၍ ယဲ့ချန်းသာ သူ(မ)၏ချစ်သူ ဖြစ်လာခဲ့ပါက နောက်နောင်တွင် သူ(မ) သူဌေးကတော်ဖြစ်လာမည်သာ။
ဤသို့တွေးလိုက်မိသောအခါ ချန်းလင် ရုတ်တရက်ပြောလိုက်၏။
"ယဲ့ချန်း. ကျွန်မက တကယ်တော့ အစကတည်းက ရှင့်ကို သဘောကျခဲ့တာပါ။ သူက ကျွန်မကို ဖိအားပေးခဲ့တာ။ ကျွန်မက တကယ် ရှင့်ကိုချစ်တာ"
ထိုသို့ပြောရင်း ပတ်ပတ်လည်ရှိ လူများ၏ မယုံကြည်နိုင်လေဟန် အကြည့်များအကြားမှာပင် ချန်းလင်တစ်ယောက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်လေတော့သည်။
"ယဲ့ချန်း.. ကျွန်မ ရှင့်ကောင်မလေးလုပ်ဖို့ ဆန္ဒရှိတယ်။ ရှင့်မယားငယ်ဖြစ်ရမယ်ဆိုရင်တောင် ကြည်ကြည်ဖြူဖြူလက်ခံမှာပါ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ချန်း ဆွံ့အသွားသည်။
ဤအမျိုးသမီးက ဩချရလောက်ပါပေသည်။
သူ(မ)၏အရေက မြို့နံရံထက်ပင် ပိုထူနေသေးသည်။
ထိုသို့သော မိန်းမများအပေါ် ယဲ့ချန်း၏ခံစားချက်မှာ တစ်ခုတည်းသာ။ စက်ဆုပ်ရွံရှာမှုပင်။
ယဲ့ချန်းက ချန်းလင်ကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ အဆောက်အအုံထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
"ခဏနေလို့ ငါပြန်ထွက်လာတဲ့အခါကျရင် မျက်စိနောက်ဖို့ကောင်းတဲ့ ဒီနှစ်ယောက်ကို အဆောက်အအုံထဲမှာ မမြင်ချင်တော့ဘူး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ပါဆယ်ပို့ရန်အတွက် အဆောက်အအုံထဲသို့ ဝင်သွားလေတော့သည်။
ယဲ့ချန်း ထွက်သွားပြီးနောက် လုံခြုံရေးဝန်ထမ်းများက ချန်းလင်နှင့် ကျန်းလုံကို ဝိုင်းထားလိုက်ကြသည်။
"ဟား.. ခုနတုန်းက ငါတို့သူဌေး ပြောသွားတာကို မင်းတို့ ကြားလိုက်တယ်မလား။ ငါတို့ကို အခက်တွေ့အောင်မလုပ်ဘဲ မင်းတို့ဘာသာ အေးအေးဆေးဆေးထွက်သွားလိုက်ပါ"
ထိုစကားကြောင့် ကျန်းလုံ၏မျက်နှာကား ဖြူဖျော့သွားလေသည်။
ဝူကွမ်းကမူ အေးစက်မာကျောစွာ ပြောလိုက်သည်။
"ကျန်းလုံ.. ဒီနေ့ကစပြီး မင်းကို အလုပ်ထုတ်လိုက်ပြီ"
ကျန်းလုံ၏ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်တုန်ယင်သွားသည်။
သူသည် လက်ထောက်အထွေထွေမန်နေဂျာ ရာထူးအထိ ရောက်အောင် သွေးချွေးနှင့်ရင်းပြီး ကြိုးစားခဲ့ရသည်။ သို့သော် ယခုမူ မိန်းမတစ်ယောက်ကြောင့်နှင့် အလုပ်ပြုတ်သွားရလေပြီ။
သူ့ရင်ထဲတွင် အတိုင်းအဆမရှိသော နောင်တများဖြင့် ပြည့်နှက်သွားသည်။
ယခုလိုဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် အစကတည်းက လုပ်ခဲ့မိမည်မဟုတ်ချေ။
ချန်းလင်က ကြမ်းပြင်ပေါ်က ထရပ်ကာ ကျန်းလုံနောက်သို့ အပြေးလိုက်လေသည်။
"အားလုံ… ကျွန်မကိုစောင့်ပါဦး"
ဖြောင်း…
ကျန်းလုံလည်း ချန်းလင်၏ပါးကို ဖြောင်းခနဲရိုက်ချလိုက်လေတော့သည်။
"မိန်းမယုတ်.. မင်းကြောင့်သာမဟုတ်ရင် ငါ အလုပ်ပြုတ်မလား။ ငါ့နားကနေ ထွက်သွားစမ်း"
သူ(မ)ကို မြင်နေရလျှင် ပိုဒေါသထွက်သောကြောင့် သူလည်း တစ်ချက်မတွေဝေဘဲ နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ(မ)၏ပါးပြင်ကား ရောင်ကိုင်းလာသည်။
"မင်းလိုမိန်းမပျက်ကများ ငါ့ရည်းစား ဖြစ်ချင်နေသေးတယ်။ မတန်ဘူးကွ။ လစ်လိုက်တော့"
ထိုသို့ပြောပြီးနောက် ကျန်းလုံတစ်ယောက် ဒေါသတကြီး ထွက်သွားချေသည်။
ချန်းလင်တစ်ယောက်သာ ယောက်ယက်ခတ်လျက် ကျန်ရစ်နေခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူ(မ)အနေနှင့် သူဌေးကတော် ဖြစ်ခွင့်မရခဲ့ရုံသာမက သူ(မ) ပြန်အရယူရန် ကြိုးစားခဲ့ရသော အချစ်ကိုပါ ဆုံးရှုံးလိုက်ရလေပြီ။
ယဲ့ချန်း ဓာတ်လှေကားထဲသို့ ဝင်သွားသောအခါ ဝူကွမ်းက ယဲ့ချန်း၏လက်ထဲရှိ ပါဆယ်ထုပ်ကို အလောတကြီး လှမ်းယူလိုက်သည်။
"မစ္စတာယဲ့.. ပါဆယ်ထုပ်ကို ကျွန်တော့်ပေးပါ။ ကျွန်တော် ကူသယ်ပေးပါရစေ"
ယဲ့ချန်းက ဘာမှမပြောသဖြင့် ဝူကွမ်းလည်း ဆက်ဖားယားလိုက်သည်။
"မစ္စတာယဲ့.. ဒီနေ့ကိစ္စက နားလည်မှုလွဲသွားတာပါ။ ကျွန်တော် ကျန်းလုံကို အလုပ်ထုတ်လိုက်ပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းကလည်း အေးစက်စက် ပြန်ပြောလိုက်သည်။
"စကားမစပ် မန်နေဂျာချန်း.. ခုနက ဥက္ကဋ္ဌဝူရဲ့ ကုမ္ပဏီအတွက် ငှားရမ်းခလျှော့ပေးဖို့ ပြောတဲ့ကိစ္စက မလိုလောက်တော့ဘူးထင်တယ်နော်။ တကယ်လို့ သူတို့ ငှားရမ်းခတောင် မပေးနိုင်ဘူးဆိုရင် ဒီဘဏ္ဍာရေးအဆောက်အအုံထဲမှာနေဖို့ အရည်အချင်းမရှိလို့ပဲ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း ထွက်သွားလေတော့သည်။
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် ဝူကွမ်း၏မျက်နှာကား သုန်မှုန်သွားချေသည်။
ဤငတုံးကျန်းလုံကြောင့် သူ ငွေသန်းပေါင်းများစွာကို ဆုံးရှုံးလိုက်ရလေပြီ။
ယဲ့ချန်း ပါဆယ်ပို့ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
ယနေ့အတွက် ပါဆယ်ပို့ရမည့်အလုပ်ကတော့ ပြီးဆုံးသွားပြီဟု မှတ်ယူရပေမည်။
ထိုအချိန်မှာပင် သူ့အမေဆီက ဖုန်းဝင်လာသည်။
"သား.. ဒီနေ့ အမေမိတ်ဆက်ပေးတဲ့ ကောင်မလေးနဲ့ အဆင်ပြေရဲ့လား"
ယဲ့ချန်းလည်း အစောပိုင်းတုန်းက ဗီဒီယိုကိုသာ တန်းပို့ပေးလိုက်သည်။
"အမေ.. ဒါက အမေ ကျွန်တော့်ကိုမိတ်ဆက်ပေးတဲ့ ကောင်မလေးပဲ။ တကယ်တော့ ကျွန်တော့်မှာ ချစ်သူရှိပြီးသားမို့ ခေါင်းစားခံပြီး ရှာမနေပါနဲ့တော့နော်"
နောက်ထပ်ပြဿနာများကို ရှောင်ရှားရန်အတွက် ယဲ့ချန်းလည်း စုဝမ်ယိ၏ဓာတ်ပုံကို ပို့လိုက်ရသည်။
ခဏအကြာမှာပင် သူ့အမေက ဖုန်းပြန်ခေါ်လာလေသည်။
"အမလေး.. အမေ့ကို လာမနောက်စမ်းပါနဲ့။ သူက ဒီလောက်တောင်လှတာ။ ရုပ်ရှင်မင်းသမီးပဲဖြစ်ရမယ်"
ယဲ့ချန်း : "…"
•••••••••••••••••••••