အခန်း ၁၉၇၅
Vol. 132 Ch. 1975
အခန်း (၁၉၇၅ )
လုချန်း လိုချင်သော အရာ
နတ်သခင် ရှီယွဲ့ အတွေးပင်လယ်ဝေနေစဉ်မှာပင် အစေခံမိန်းကလေး၏ အသံ ထပ်မံထွက်ပေါ်လာ၏။
“သခင်မ... သူ့ကို တွေ့ချင်ပါသလား”
နတ်သခင် ရှီယွဲ့သည် အိပ်မက်မှ နိုးထလာသကဲ့သို့ သတိပြန်ဝင်လာပြီး ချက်ချင်းပင်
“သူ့ကို အထဲ ခေါ်လာခဲ့”
“ဟုတ်ကဲ့ပါ သခင်မ”
နည်းနည်းမှ တုံးဆိုင်းမှုမရှိပဲ အစေခံမိန်းကလေးသည် လေအလား လျင်မြန်စွာဖြင့် ချိုင့်ဝှမ်းထဲမှ အမြန်ထွက်ခွာသွားပြီး လုချန်းကို အထဲသို့ ခေါ်ဆောင်လာခဲ့သည်။
မြူခိုးများရစ်ဆိုင်းနေသော ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပန်းရနံ့အလား မွှေးပျံ့သောရနံ့တစ်ခုက လုချန်း၏ နှာခေါင်းဝဆီသို့ တိုးဝင်လာပြီး သူ့ကို နတ်ပြည်နတ်ရွာ ရောက်နေသကဲ့သို့ စိတ်ကူးယဉ်ဆန်းပြားမှုများ ဖြစ်ပေါ်စေသည်။
မကြာမီမှာပင် လုချန်းသည် ကြာပန်းတို့ ပွင့်လန်းရာ နတ်ရေကန်၏ အနားသို့ ရောက်ရှိလာခဲ့သည်။
လုချန်း စကားမပြောနိုင်ခင်မှာပင် နတ်သခင် ရှီယွဲ့က အရင်ဦးအောင် ပြောလိုက်သည်။
“ကျွန်မ ဆီကနေ နတ်ရွှေ လာတောင်းတာလား။”
သားရဲမဟာမိတ်သို့ ပြန်ရောက်ပြီးနောက် နတ်ရွှေဖြင့် ပြုလုပ်ထားသော နန်းတော်ကို လုချန်းအား မပေးရသေးကြောင်း နတ်သခင် ရှီယွဲ့ ရုတ်တရက် သတိရသွားသည်။
လုချန်းသည် သူမနှင့် တွေ့ဆုံနိုင်ရန်အတွက် မဟာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ သားရဲအမြုတေကို ရရှိထားသည်ဟု သူမ ထင်မှတ်သွားအောင် ထိုကဲ့သို့သော မုသာဝါဒကို လုပ်ကြံဖန်တီးခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူမ ယခု အလေးအနက် သံသယဝင်မိသွားသည်။
မဟုတ်လျှင် သူမ တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေမှာ နှစ်ပေါင်းတစ်ရာခန့် ကြာမည်ဖြစ်ရာ ထိုအချိန်အတောအတွင်း လုချန်း ထို နတ်ရွှေများကို ရရှိရန် မဖြစ်နိုင်ပေ။
နတ်သခင် ရှီယွဲ့က ဆောင်းလေအလား အေးစက်စွာ ပြောလိုက်သည်။
“ရှင်က ကျွန်မကို လှည့်စားခဲ့တာပဲ။ ဒါပေမဲ့...”
သူမ စကားမဆုံးခင်မှာပင် လုချန်းက ကြားဖြတ်ပြောလိုက်သည်။
“ကျုပ် သတင်းစကား ပါးလိုက်ပြီးသား မဟုတ်လား။ ခင်ဗျားကို ကူညီပေးနိုင်မယ့်အရာတစ်ခု ကျုပ်မှာ ရှိတယ်ဆိုတာလေ။”
နတ်သခင် ရှီယွဲ့က ခပ်အေးအေးပင်
“ဒါက ကျွန်မကို တွေ့ဖို့ ဆင်ခြေတစ်ခု သက်သက်ပဲ”
လုချန်းက
“ဒါ ဆင်ခြေတစ်ခုလို့ ခင်ဗျား ဘယ်လိုလုပ် သိတာလဲ။ တကယ်လို့ ကျုပ်စကားက အမှန်ဆိုရင်ရော။”
နတ်သခင် ရှီယွဲ့က
“ဒါဆိုလည်း ပြောစမ်းပါဦး။ ကျွန်မအတွက် အသုံးဝင်တယ်လို့ ရှင်ပြောတဲ့ အဲ့ဒီအရာက ဘာလဲ။”
လုချန်း၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွှတ်သွားပြီးနောက် ဖန်ရှောင်း၏ သားရဲအမြုတေမှ ကြွေကျလာသော အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအပိုင်းအစ ချိုင့်ဝှမ်းအတွင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် လွှမ်းမိုးချုပ်ကိုင်ထားသော နတ်ဆိုးစွမ်းအားများသည် ထိုနေရာတွင် ရှိနေသော နတ်ဆိုးမျိုးနွယ်များကို ချက်ချင်းပင် စိတ်လှုပ်ရှားသွားစေ၏။
လုချန်း၏ လက်ထဲရှိ အပိုင်းအစ၌ ကိန်းအောင်းနေသော ထိတ်လန့်ဖွယ်ရာ နတ်ဆိုးစွမ်းအားကို ခံစားမိလိုက်သောအခါ နတ်သခင် ရှီယွဲ့၏ အေးစက်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ တော့သည်။
“ဒါက... ဒါက...”
သူမ၏ အာရုံခံစားမှု မမှားပါက ထိုအရာသည် ထိုမဟာအင်အားကြီးပုဂ္ဂိုလ်၏ သားရဲအမြုတေ အပိုင်းအစ ဖြစ်ရပေမည်။
သူ၏ လက်ထဲရှိ သားရဲအမြုတေ အပိုင်းအစကို နတ်သခင် ရှီယွဲ့က စူးစိုက်ကြည့်နေသည်ကို တွေ့မြင်လျှင် လုချန်းက ပြုံး၍
“ဘယ်လိုလဲ... ဒီသားရဲအမြုတေက ခင်ဗျားရဲ့ ကျင့်ကြံခြင်းအတွက် တကယ့်ကို အကျိုးရှိစေတယ် မဟုတ်လား။”
လုချန်း၏ အသံကို ကြားရသောအခါ နတ်သခင် ရှီယွဲ့ သတိပြန်ဝင်လာသည်။
သူမ၏ အမူအရာသည် ချက်ချင်းပင် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားပြီး
“ဒါက သားရဲအမြုတေရဲ့ အပိုင်းအစတစ်ခု သက်သက်ပဲ။ ကျွန်မအပေါ်မှာ အနည်းငယ် အကျိုးသက်ရောက်မှု ရှိနိုင်ပေမဲ့ ထူးထူးခြားခြား ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။”
လုချန်းက
“တကယ်လို့ ကျုပ်မှာ သားရဲအမြုတေ တစ်ခုလုံး ရှိတယ်လို့ ပြောရင်ရော”
ဟု မေးလိုက်သည်။
လုချန်း စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နတ်သခင် ရှီယွဲ့က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“မဖြစ်နိုင်ဘူး”
လုချန်းက
“ဘာလို့ မဖြစ်နိုင်ရမှာလဲ”
နတ်သခင် ရှီယွဲ့က
“အဲဒီနေ့က နတ်ဆိုးဧကရာဇ်ရဲ့ အသိစိတ်က ကမ္ဘာငယ်ထဲမှာ ပေါ်လာခဲ့တာပဲ။ နတ်ဆိုးဧကရာဇ်က ရှင့်ကို အဲ့ဒီသားရဲအမြုတေ ယူခွင့်ပြုပါ့မလား။”
လုချန်းက ရယ်မောကာ
“နတ်ဆိုးဧကရာဇ်က ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ပဲလေ။ သူက ဒီသားရဲအမြုတေကို ဘာလုပ်မှာလဲ။ သူ အဲဒါကို ဖျက်ဆီးဖို့ ကြိုးစားတုန်းက နည်းနည်းမှ တုံးဆိုင်းမှု မရှိခဲ့ဘူး။ တကယ်လို့ သားရဲအမြုတေရဲ့ ကြံ့ခိုင်မှုသာ မရှိရင် အဲ့ဒါက အမှုန့်ဖြစ်သွားပြီး ကမ္ဘာငယ်နဲ့အတူ ပျောက်ကွယ်သွားလောက်ပြီ။”
လုချန်း၏ ရှင်းပြချက်ကို ကြားရသောအခါ လုချန်း၌ သားရဲအမြုတေ တစ်ခုလုံး တကယ်ပဲ ရှိနေနိုင်သည်ဟု နတ်သခင် ရှီယွဲ့ ရုတ်တရက် ခံစားလိုက်ရသည်။
နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးစွမ်းအားကို ဝါးမြိုလိုခြင်း မရှိပေ။ သူမ၏ စွမ်းအားသည် အဓိကအားဖြင့် ကောင်းကင်နတ်ဆိုးစွမ်းအားမှ မြစ်ဖျားခံခြင်း ဖြစ်သည်။ သားရဲအမြုတေသည် နတ်ဆိုးဧကရာဇ်အတွက် များစွာ အသုံးမဝင်ပေ။
အခွင့်အရေးဆိုသည်မှာ နှိုင်းရသဘော ဖြစ်သည်။ အချို့သော ရတနာများသည် အချို့သူများအတွက် ကံကောင်းခြင်းဖြစ်စေနိုင်သော်လည်း အခြားသူများအတွက်ကတော့ တန်ဖိုးမရှိတာမျိုး ဖြစ်နိုင်သည်။
ထိုသားရဲအမြုတေသည် နတ်ဆိုးဧကရာဇ်အတွက် တန်ဖိုးမရှိတာ ထင်ရှား၏။
နတ်သခင် ရှီယွဲ့သည် သူမ၏ မျက်ခုံးကိုတွန့်လိုက်ရင်း လုချန်းကို အလေးအနက် မေးလိုက်သည်။
“ရှင့်ဆီမှာ သားရဲအမြုတေ တကယ်ပဲ ရှိတာလား”
လုချန်းက တိုက်ရိုက်ပြန်မဖြေပဲ
“သားရဲအမြုတေမှာ အက်ကွဲကြောင်းတွေ ပေါ်နေပြီဆိုပေမဲ့ အထဲက နတ်ဆိုးစွမ်းအားတွေကတော့ လုံးဝ ကုန်ဆုံးမသွားသေးပါဘူး။”
နတ်သခင် ရှီယွဲ့၏ စိတ်နှလုံး လှိုင်းလေထန်သကဲ့သို့ လှုပ်ခတ်သွား၏။ အကယ်၍ သူမသည် လုချန်းထံမှ သားရဲအမြုတေကို ရရှိနိုင်ပါက စစ်မှန်သော အမြီးကိုးခု မြေခွေးအဖြစ်သို့ အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်အောင်မြင်နိုင်မည် ဖြစ်သည်။
သို့သော်လည်း...
ထိုလူက သားရဲအမြုတေကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ပေ။
လုယူရမလား...။
နတ်သခင် ရှီယွဲ့သည် ထိုအတွေးကို ချက်ချင်းပင် ပယ်ဖျက်လိုက်သည်။ အကယ်၍ သားရဲအမြုတေသည် လုချန်း၏ ကမ္ဘာငယ်ထဲတွင် ရှိနေပါက သူ၏ ပင်မကိုယ်ကို ရှာမတွေ့ပဲ သူ့ထံမှ လုယူရန် မည်သို့မှ မဖြစ်နိုင်ပေ။
လက်ရှိတွင် လုချန်း၏ ပင်မကိုယ်သည် တစ်နေရာရာ၌ ပုန်းအောင်းနေဆဲ ဖြစ်သည်။
ယခုအချိန်တွင် ထိုသို့ထိပ်တိုက် ရင်ဆိုင်ခြင်းသည် လုချန်းနှင့် ရန်သူဖြစ်သွားစေမည်။ ထိုအခါ သားရဲအမြုတေကို မရရှိနိုင်ရုံသာမကပဲ လုချန်းကို သားရဲမဟာမိတ်မှ ထွက်ခွာသွားအောင်လည်း ပြုလုပ်ရာရောက်ပေလိမ့်မည်။
အကယ်၍ လုချန်း ထွက်ခွာသွားပြီး သတ္တဝါဆန်းများသည် အရှေ့ပိုင်းနယ်မှတစ်ဆင့် ထျန်းရန်နတ်ဘုရားနယ်မြေသို့ ထပ်မံကျူးကျော်လာပါက ထိုသတ္တဝါများကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် အစွမ်းထက်သော ဖဲချပ်တစ်ချပ် ဆုံးရှုံးရပေလိမ့်မည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် နတ်သခင် ရှီယွဲ့က
“ရှင် ဘာလိုချင်လို့လဲ”
လုချန်း ဤအကြောင်းကို စကားစတင်လာကတည်းက သူသည် အပေးအယူတစ်ခု ပြုလုပ်ရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှား၏။ အဆုံးစွန်၌ သားရဲအမြုတေသည် သူ့အတွက် ထူးထူးခြားခြား အသုံးဝင်လှသည် မဟုတ်ပေ။
လုချန်းသည် သူ၏ နက်ရှိုင်းသော မျက်ဝန်းများဖြင့် နတ်သခင် ရှီယွဲ့၏ အေးစက်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာကို စိုက်ကြည့်ရင်း
“ကျုပ် ဘာလိုချင်လဲဆိုတာ ခင်ဗျား အစကတည်းက သိပြီးသား မဟုတ်ဘူးလား”
ထိုအရာကို ကြားလျှင် လုချန်း၏ တောက်လောင်နေသော အကြည့်ကို မြင်လိုက်ရသောအခါ နတ်သခင် ရှီယွဲ့လည်း သူ ဘာကို ဆိုလိုနေသည်ကို ချက်ချင်းပင် နားလည်သွားသည်။
နတ်သခင် ရှီယွဲ့၏ မျက်နှာအမူအရာ ချက်ချင်းပင် ညှိုးမှိန်သွားလေသည်။
ဒီလူသည် တကယ်ပင် သူမအပေါ်၌ စိတ်ကူးများ ရှိနေဆဲ ဖြစ်သည်။
လုချန်းက ဆက်ပြောသည်။
“သားရဲမဟာမိတ် တစ်ခုလုံးမှာ ကျုပ်က ခင်ဗျားတစ်ယောက်တည်းကိုပဲ စိတ်ဝင်စားတာ။”
“ခင်ဗျား သားရဲအမြုတေကို လိုချင်တယ်ဆိုရင်တော့ အလဲအလှယ်အနေနှင့် တစ်ခုခု ပြန်ပေးရမယ်။ ခင်ဗျား သဘောမတူဘူးလား။”
နတ်သခင် ရှီယွဲ့၏ နီမြန်းသော မျက်ဝန်းများသည် လုချန်းကို မည်သည့်စကားမှ မပြောပဲ အေးစက်စွာ စိုက်ကြည့်နေသည်။
သူမ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေခဲ့သည်။
နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး မည်သည့် စိတ်ခံစားမှုဆိုင်ရာ တွယ်တာမှုမျှ မရှိကြသော နတ်များအတွက် စင်ကြယ်ခြင်းဆိုသည်မှာ ထူးထူးခြားခြား အရေးကြီးလှသည်တော့ မဟုတ်ပေ။
သို့သော် ၎င်းသည် နတ်များအနေနှင့် မည်သူ့ကိုမဆို လက်ခံနိုင်သည် သို့မဟုတ် မည်သူနှင့်မဆိုနှင့် အတူအိပ်စက်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
နတ်များတွင် မာနရှိကြ၏။ အထူးသဖြင့် နတ်သခင် ရှီယွဲ့သည် နတ်သခင်တစ်ပါး ဖြစ်ရုံသာမက မဟာအင်အားကြီးအုပ်စု၏ အကြီးအကဲလည်း ဖြစ်သည်။
သူမကဲ့သို့သော ပုဂ္ဂိုလ်မျိုးက အလွယ်တကူ စနောက်ခြင်းကို မည်သို့ ခံနိုင်ပါမည်နည်း။
နတ်သခင် ရှီယွဲ့၏ လက်ရှိ စိတ်အခြေအနေမှာ ယွမ်ယုတိ လုချန်းကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ခဲ့ရစဉ်က ခံစားခဲ့ရသည်နှင့် ဆင်တူနေသည်။
စိတ်ထဲတွင် ဂုဏ်သိက္ခာကို ငဲ့ကွက်နေသော်လည်း သားရဲအမြုတေကို ရရှိပြီး နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အရေးကို တွေးတောမိလိုက်လျှင်တော့ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှသည်။
သူမ၏ စွမ်းအားကို မြှင့်တင်ရန် အခွင့်အရေးအတွက် ခဏခန့် အရှက်ရမှုကို ခံယူခြင်းက အရှုံးမရှိနိုင်ဟု ထင်ရ၏။ ဤအခွင့်အရေးသည် သူမအတွက် တကယ့်ကို အရေးကြီးလှသည်။
၎င်းသည် သာမန် အခွင့်အရေးတစ်ခုသာ ဆိုလျှင် သူမအနေနှင့် ဂုဏ်သိက္ခာကို ဘေးဖယ်ထားရန် စဉ်းစားမည် မဟုတ်သော်လည်း ထိုအရာသည် သူမကို နတ်ဧကရာဇ်တစ်ပါး ဖြစ်လာစေနိုင်သည့် အလားအလာ ရှိနေသည်။
ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ခေါင်းမာမာနှင့် ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
ချိုင့်ဝှမ်းအတွင်းရှိ လေထုသည် တောင်ကြီးတောင်ငယ်များ ဖိနှိပ်ထားသကဲ့သို့ အလွန်တရာ အသက်ရှူကျပ်ဖွယ် ကောင်းနေပြီး ကန်ရေပြင်မှ ရေစက်ကျသံများကသာ တိတ်ဆိတ်မှုကို ဖြိုခွင်းနေ၏။
နတ်သခင် ရှီယွဲ့နှင့် လုချန်းတို့သည် တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။
အချိန်မည်မျှကြာသွားသည်မသိ လုချန်းက နောက်ဆုံးတွင် ထပ်ပြောလိုက်သည်။
“ခင်ဗျား စိတ်မပါဘူးဆိုရင်လည်း ထားလိုက်ပါတော့”
နတ်သခင် ရှီယွဲ့သည် သတိပြန်ဝင်လာပြီး နောက်ဆုံး ကြိုးပမ်းမှုတစ်ခု အနေနှင့်
“မမေ့နဲ့ဦး။ ရှင့်ရဲ့ နတ်ရွှေက ကျွန်မဆီမှာ ရှိနေသေးတယ်”
ထိုအရာကို ကြားလျှင် လုချန်းက ခပ်ဖွဖွရယ်မောလိုက်ပြီး
“နတ်ရွှေက ကျုပ်အတွက် ပိုအရေးကြီးသလား... ဒါမှမဟုတ် သားရဲအမြုတေက ခင်ဗျားအတွက် ပိုအရေးပါသလားဆိုတာ ရှင်းနေတာပဲ မဟုတ်လား”
လုချန်းက ဆက်လက်၍
“ ဪ... ကျုပ် ခင်ဗျားကို သတိပေးရဦးမယ်။ သားရဲအမြုတေမှာ အက်ကွဲကြောင်းတွေ ပေါ်လာပြီးတဲ့နောက် အထဲက နတ်ဆိုးစွမ်းအားတွေက တဖြည်းဖြည်း လွင့်ပြယ်နေတာ။”
“ခင်ဗျား အမြန်ဆုံး ဆုံးဖြတ်ချက်မချရင် နောက်မှ သားရဲအမြုတေကို ရရင်တောင် ခင်ဗျားအတွက် သိပ်ပြီး အသုံးဝင်မှာ မဟုတ်တော့ဘူး။”
--
………..