အခန်း ၁၉၇၆
Vol. 132 Ch. 1976
အခန်း (၁၉၇၆ )
ညှိနှိုင်းခြင်း
နတ်သခင် ရှီယွဲ့သည် သူမ၏ ဖြူစင်သော လက်သီးများသည် စိတ်မထိန်းနိုင်ပဲ မသိမသာ တင်းတင်းဆုပ်မိသွားသည်။
ဤလူယုတ်မာသည် ယခုအခါ သူမကို ရှေ့တိုးမရ နောက်ဆုတ်မရ အကျပ်ရိုက်အောင် လုပ်နေပြီ ဖြစ်သည်။
အကယ်၍ သူမအနေနှင့် သူ့ကို မကြာမီ သဘောမတူပါက သားရဲအမြုတေ၏ မိစ္ဆာစွမ်းအားများသည် တကယ်ပင် လုံးဝ ဆုံးရှုံးသွားနိုင်ချေရှိသည်။
အမြီးကိုးခု မြေခွေးအဖြစ်သို့ အသွင်ပြောင်းလဲနိုင်မည့် ဤရွှေရောင်အခွင့်အရေးကို လက်လွှတ်လိုက်ရပါက နောင်အနာဂတ်တွင် ထိုကဲ့သို့သော အခွင့်အလမ်းမျိုးနှင့် ထပ်မံဆုံတွေ့ရန် သူမအတွက် အလွန်ခက်ခဲသွားလိမ့်မည်။
ထို့ပြင် နတ်ဆိုးဧကရာဇ်သည်လည်း သူမ၏ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိနေပြီဖြစ်ရာ အကယ်၍ သူမသာ နတ်ဧကရာဇ် ဖြစ်မလာပါက နတ်ဆိုးဧကရာဇ် ကောင်းကင်လမ်းစဉ်ကို လုံးဝ လက်ဝါးကြီးအုပ် ထိန်းချုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သားရဲမဟာမိတ်တစ်ခုလုံးသည် နဝမကောင်းကင်တက္ကသိုလ်၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။
သားရဲမဟာမိတ်အဖွဲ့ကြီး နဝမကောင်းကင်တက္ကသိုလ်၏ ဝါးမြိုခြင်း ခံရခြင်းက သူမ မမြင်တွေ့ချင်ဆုံး အရာပင်။
ထိုကောင်းကင်နတ်ဆိုးများသည် ကျင့်ကြံသူများကို စားသောက်ကြသဖြင့် သားရဲမဟာမိတ်၏ ကျင့်ကြံသူများသည် ထိုကောင်းကင်နတ်ဆိုးများအတွက် သွေးအစာ ဖြစ်လာမလား ဆိုတာကို မည်သူ ကျိန်းသေ သိနိုင်မည်နည်း။
သူမကိုယ်တိုင် နတ်ဧကရာဇ်တစ်ပါး ဖြစ်လာမှသာလျှင် သူမတို့ အဖွဲ့၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီး သားရဲမဟာမိတ်တစ်ခုလုံးကို တံတိုင်းကြီးသဖွယ် ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်သည်။
ပြီးတော့ ယခုအချိန်တွင် သူမ ဆုံးရှုံးရမည့်အရာမှာ ဂုဏ်သိက္ခာ အနည်းငယ်မျှသာ ဖြစ်သည်။
ဘယ်အရာက ပို၍ အရေးကြီးသည်ကို ဆင်ခြင်တုံတရားဖြင့် သူမ ကောင်းစွာ သိ၏။
သို့သော် သူမကို အပိုင်တွက်ထားသည့် လုချန်း၏ အမူအရာကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့၏ စိတ်ထဲ အလွန်တရာ မကျေမနပ် ဖြစ်သွားမိသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် နတ်သခင်တစ်ပါးဖြစ်သည့်အပြင် သားရဲမဟာမိတ်၏ ခေါင်းဆောင်လည်း ဖြစ်၏။ ယခု သူမသည် အခွင့်အရေးတစ်ခု ရရှိရန်အတွက် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုရတော့မည် ဖြစ်သည်။
လုချန်းလို လူယုတ်မာမျိုး၏ စော်ကားမှုကို ခံမည့်အစား သူမ၏ တန်ဖိုးဖြတ်မရသော သူတော်စင်အဆင့် နတ်ရတနာကိုသာ လဲလှယ်မှုအဖြစ် အသုံးပြုချင်လာ၏။
နတ်သခင် ရှီယွဲ့က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ရှင့်လို စွမ်းအားကြီးတဲ့သူတစ်ယောက်က တကယ်ပဲ ဒီလို ညစ်ပတ်စက်ဆုပ်ဖွယ် အရာတွေအပေါ် စိတ်ဝင်စားနေတာလား။”
လုချန်း ပြသခဲ့သော အမျိုးမျိုးသော နည်းလမ်းများအရ လုချန်းသည် နတ်ဧကရာဇ်တစ်ပါး၏ လူဝင်စား ဖြစ်နိုင်ခြေ အလွန်များပြီး သူ၏ ပင်မကိုယ်သည် နတ်သခင်အဆင့်၌ ရှိကာ နတ်ဧကရာဇ်အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်နိုင်သည်ဟု နတ်သခင် ရှီယွဲ့ ယုံကြည်ထားသည်။
သို့သော်လည်း ထိုကဲ့သို့သော အစွမ်းထက်သူတစ်ယောက်က ယောက်ျားနှင့် မိန်းမကြားရှိ သိမ်ဖျင်းသော ရာဂဆန္ဒများကို စိတ်ဝင်စားနေဆဲ ဖြစ်သည်။
သူတို့၏ အဆင့်အတန်းအရ ဆိုလျှင် သူတို့၏ စွမ်းအားကို မည်သို့ မြှင့်တင်ရမည်ကိုသာ နေ့မနား ညမမနား တွေးတောနေသင့်သည် မဟုတ်ပါလော။
ဥပမာအားဖြင့် သူမကိုယ်တိုင်ပင်လျှင် အမျိုးသားများအကြောင်းကို တစ်ခါမှ စိတ်မကူး မတွေးတောခဲ့ဖူးဘူး မဟုတ်ပါလား။
သူမ၏ စိတ်နှလုံးသည် စွမ်းအားကို မြှင့်တင်ရန်နှင့် အစဉ်အမြဲ ပို၍ စွမ်းအားကြီးလာစေရန်အတွက်သာ ဖြစ်သည်။
လုချန်းက ပခုံးတွန့်ကာ တုံ့ပြန်လိုက်သည်။
“လူတစ်ယောက်ချင်းစီမှာ သူ့အကြိုက်နဲ့သူ ရှိတာပဲလေ”
“ကဲ... အခု ခင်ဗျားရဲ့ ရွေးချယ်မှုကို ပြတ်ပြတ်သားသား ပြောပါဦး။ အကယ်၍ ခင်ဗျား စိတ်မပါဘူးဆိုရင်လည်း ကျုပ် ခင်ဗျားကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး”
စကားပြောပြီးနောက် လုချန်းက ထွက်ခွာတော့မည့် ဟန်ပြင်လိုက်ပြီး လှည့်အထွက်တွင် နတ်သခင် ရှီယွဲ့၏ အသံ ထွက်ပေါ်လာသည်။
“နေဦး”
လုချန်းက ခေါင်းလှည့်၍ နတ်သခင် ရှီယွဲ့၏ လှပသော မျက်နှာပြင်ကို စိုက်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
“ခင်ဗျား ဆုံးဖြတ်ချက် ချပြီးပြီလား”
လုချန်း၏ တဖြည်းဖြည်း ပြုံးရွှင်လာသော အမူအရာကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့လည်း လက်သီးများသည် မသိမသာ တင်းတင်းဆုပ်မိသွားပြန်သည်။
ဤတဏှာရူးကို သူမ တကယ်ပင် ရိုက်နှက်ပစ်ချင်လှသည်။
နတ်သခင် ရှီယွဲ့သည် သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် တုံ့ပြန်လိုက်သည်။
“တစ်ကြိမ်ပဲ”
လုချန်းက စဉ်းပင်စဉ်းစားမနေပဲ တိုက်ရိုက် ငြင်းပယ်လိုက်သည်။
“မဖြစ်နိုင်ဘူး”
နတ်သခင် ရှီယွဲ့ ချက်ချင်းပင် မျက်ခုံးတွန့်သွားသည်။
လုချန်းက
“ဒီသားရဲအမြုတေက ခင်ဗျားအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ခင်ဗျားကိုယ်တိုင်လည်း သိပါတယ်။”
နတ်သခင် ရှီယွဲ့က
အေးစက်စွာ မေးလိုက်သည်။
“ဒါဆို ရှင် ဘာလိုချင်တာလဲ”
လုချန်းက ပြုံးလျက်
“ကျုပ်အတွက် ကလေးတစ်ယောက် မွေးပေးပါ။”
လုချန်း စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နတ်သခင် ရှီယွဲ့၏ ကိုယ်ပေါ်မှ မိုးကြိုးမုန်တိုင်းကဲ့သို့ ထိတ်လန့်ဖွယ်ရာ ဖိအားတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
နတ်သခင် ရှီယွဲ့၏ အမြီး ရှစ်ခုသည် ဒေါသအရှိန်ဖြင့် ဖြန့်ထွက်လာပြီး အလွန်ပြင်းထန်သော မိစ္ဆာစွမ်းအားများသည် ချိုင့်ဝှမ်းအတွင်း၌ လှိုင်းထန် သောင်းကျန်းသွားတော့သည်။
နတ်သခင် ရှီယွဲ့သည် သူမ၏ နီရဲသော မျက်ဝန်းများဖြင့် လုချန်းကို စိုက်ကြည့်ကာ ဒေါသတကြီး တုံ့ပြန်လိုက်သည်။
“ရှင် သေချင်နေတာလား”
လုချန်းက
“ဇိမ်ရှိရှိနဲ့ သေရမှာကို ပြောတာလား”
နတ်သခင် ရှီယွဲ့သည် ဒေါသကြောင့် မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရသည်။
သူမကို စိုးစဉ်းမှပင် မကြောက်ရွံ့ပဲ ဤမျှ ပြောင်ပြောင်တင်းတင်း ပြောရဲသည့် အရှက်မရှိသော လူမျိုးနှင့် ဆုံတွေ့ဖူးခြင်းမှာ သူမ၏ ဘဝတွင် ပထမဆုံး ဖြစ်သည်။
သူမ ဒေါသထွက်လွန်း၍ လုချန်း၏ ဤကိုယ်ပွားကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်လျှင်ပင် လုချန်းအပေါ် စိုးစဉ်းမှ သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း နတ်သခင် ရှီယွဲ့ သိသည်။
ထို့နောက် သူမ၏ စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး လှိုင်းထန်နေသော စိတ်ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။
စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သွားပြီးနောက် နတ်သခင် ရှီယွဲ့က လုချန်းကို စိုက်ကြည့်ကာ
“ရှင့်အတွက် ကျွန်မ ကလေးမွေးပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”
“နတ်သခင်အဆင့် ရောက်နေသူတွေအတွက် မျိုးဆက်ပြန့်ပွားဖို့က ဘယ်လောက် ခက်ခဲမှန်း ရှင်သိမှာပါ။ နောက်ပြီး ရှင်က လူသားမျိုးနွယ်ဖြစ်ပြီး ကျွန်မက နတ်ဆိုးမျိုးနွယ် ဖြစ်နေတယ်။ ကျွန်မတို့ရဲ့ မျိုးစိတ်တွေက မတူညီတဲ့အတွက် သားသမီးရဖို့က ပိုလို့တောင် ခက်ခဲလိမ့်မယ်။”
သာမန်လူသားများနှင့် နတ်ဆိုးမျိုးနွယ်များအတွက်ပင်လျှင် မျိုးပွားရန် မလွယ်ကူလှရာ နတ်သခင်နယ်ပယ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများအတွက်တော့ ဆိုဖွယ်ရာမရှိပေ။
အကယ်၍ သူမ လုချန်းနှင့် ကလေးရယူရန် တကယ် သဘောတူလိုက်ပါက သူ့ကလေးကို မွေးဖွားနိုင်ရန်အတွက် နှစ်ပေါင်း မည်မျှကြာအောင် သူ့လက်အောက်တွင် နေထိုင်ရမည်ကို မည်သူ သိနိုင်မည်နည်း။
ဒါက သူမ ဘယ်လိုမှ မခံစားနိုင်မည့် အရာဖြစ်သည်။
လုချန်းက
“ကျုပ် ခင်ဗျားကို သားရဲအမြုတေ အရင်ပေးလိုက်ရင်ကော ဘယ်လိုလဲ။”
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့ မှင်တက်သွားသည်။
အကယ်၍ လုချန်းက သူမကို သားရဲအမြုတေ အရင်ပေးလိုက်ပါက သူမ အဆင့်တက်ပြီး နတ်ဧကရာဇ် ဖြစ်လာပြီးနောက် ထို ကတိကို ဖြည့်ဆည်းပေးရန် မလိုတော့ဘူး မဟုတ်လား။
သူမအနေနှင့် ကောင်းကင်လမ်းစဉ် သစ္စာဆိုချက်ကို ပြုလုပ်ခဲ့လျှင်ပင် နတ်ဧကရာဇ် ဖြစ်လာပြီးနောက်တွင် ကောင်းကင်လမ်းစဉ်သည် သူမကို မည်သို့မှ အပြစ်ပေးနိုင်မည် မဟုတ်တော့ပေ။
နတ်ဧကရာဇ်တစ်ပါးသည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို တုံ့ပြန်ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ပိုင်ဆိုင်နိုင်၏။
ထိုအရာကို တွေးမိလျှင် နတ်သခင် ရှီယွဲ့ စိတ်လှုပ်ရှားသွားပြီး
“ရှင် ကျွန်မကို သားရဲအမြုတေ ဘယ်တော့ပေးဖို့ စိတ်ကူးထားလဲ။”
ယခု သူမ အစိုးရိမ်ဆုံးအရာမှာ သားရဲအမြုတေအတွင်းရှိ မိစ္ဆာစွမ်းအားများ လျင်မြန်စွာ လွင့်ပြယ်သွားပြီး သူမအတွက် အသုံးမဝင်တော့မှာကို ဖြစ်သည်။
လုချန်းက
“လာမယ့်လထဲမှာ ကျုပ် ခင်ဗျားကို သားရဲအမြုတေ ပေးနိုင်ပါတယ်။”
လုချန်းသည် အချိန်အကြာကြီး ဆွဲထားရန် စိတ်ကူးမရှိပေ။ အကယ်၍ အချိန်များစွာ ကြာမြင့်သွားပါက သားရဲအမြုတေသည် နတ်သခင် ရှီယွဲ့အတွက် အသုံးမဝင်နိုင်တော့ပေ။
လုချန်း၏ စကားကို ကြားလိုက်ရလျှင် နတ်သခင် ရှီယွဲ့ အနည်းငယ် မယုံနိုင် ဖြစ်သွားသည်။
လာမည့်လတွင် သူမကို ပေးမယ်တဲ့လား။
လုချန်းသည် သားရဲအမြုတေကို အသုံးပြု၍ သူမကို ကြိုးရှည်ရှည်နှင့် လှန်ထားသကဲ့သို့ အချိန်အကြာကြီး ခြိမ်းခြောက်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ဆက်လက်၍
“အကယ်၍ ခင်ဗျား အခုပဲ ကောင်းကင်လမ်းစဉ် သစ္စာဆိုချက် ပြုလုပ်နိုင်မယ်ဆိုရင်တော့ မနက်ဖြန်ပဲ သားရဲအမြုတေကို ခင်ဗျားလက်ထဲ အပ်ပေးနိုင်တယ်။”
နတ်သခင် ရှီယွဲ့ ထပ်မံ၍ ဆွံ့အသွားရပြန်သည်။
မနက်ဖြန်တွင် သားရဲအမြုတေကို ရရှိနိုင်မည်ဟု တွေးမိလိုက်လျှင် နတ်သခင် ရှီယွဲ့၏ ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအားများ ဆူပွက်လှုပ်ရှားလာပြီး သူမ၏ ရင်အစုံသည်လည်း မသိမသာ ပို၍ မြန်ဆန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာတော့သည်။
စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် နတ်သခင် ရှီယွဲ့က
“ဘယ်လိုမျိုး ကောင်းကင်လမ်းစဉ် သစ္စာဆိုချက်လဲ”
နတ်သခင် ရှီယွဲ့က စမေးလာသည်ကို တွေ့မြင်လျှင် သူမ ငါးစာဟပ်မိပြီဖြစ်ကြောင်း လုချန်း သိလိုက်ပြီး
“ဒီနေ့ကစပြီး ခင်ဗျား ကျုပ်နဲ့ ကလေးယူဖို့ သဘောတူရမယ်။ ပြီးတော့ ကျုပ်ကလေးကို မွေးဖွားနိုင်တဲ့အထိ တစ်လကို နှစ်ကြိမ် ကျုပ်နဲ့အတူ စုံတွဲကျင့်စဉ် ကျင့်ကြံဖို့ လုပ်ရမယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့ မျက်ခုံးပင့်ကာ စိတ်ပျက်လက်ပျက် တုံ့ပြန်လိုက်၏။
“ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး... သားရဲအမြုတေကို ရပြီးရင် သန့်စင်ရဦးမှာ။ ဖြစ်နိုင်တာက နှစ်ပေါင်း ရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ချီပြီး တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ဖို့ လိုအပ်လိမ့်မယ်။ အဲဒီလိုအချိန်မှာ တစ်လကို နှစ်ကြိမ် ရှင်နဲ့ ဘယ်လိုလုပ် စုံတွဲကျင့်စဉ် ကျင့်နိုင်မှာလဲ။”
စုံတွဲကျင့်စဉ်ကို တစ်ကြိမ်ခန့် ကျင့်ရုံဖြင့်ပင် သူမကို အလွန်တရာ အရှက်ရသွားစေပြီဖြစ်သည်။
ဤရူးသွပ်သူသည် တစ်လလျှင် နှစ်ကြိမ် ကျင့်ကြံရန် အိပ်မက်မက်နေသေး၏။
ထို့ပြင် သူမသည် သားရဲအမြုတေကို သန့်စင်ရန် လိုအပ်သဖြင့် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ရန် အချိန်မရှိပေ။
အကယ်၍ သူမ သားရဲအမြုတေကို အချိန်မီ မသန့်စင်ပဲ စွမ်းအားများ လေထဲလွင့်ပြယ်သွားပါက ၎င်းသည် သူမအတွက် လုံးဝ အသုံးမဝင်သလောက် ဖြစ်သွားလိမ့်မည်။
လုချန်းက
“တကယ်တော့ ဒါက ကမ္ဘာပျက်မယ့် ကိစ္စကြီး မဟုတ်ပါဘူး။ ခင်ဗျား သားရဲအမြုတေကို သန့်စင်ရင်းနဲ့ပဲ ကျုပ်နဲ့အတူ စုံတွဲကျင့်စဉ် ကျင့်လို့ရတာပဲ။”
“ပြီးတော့ ကျုပ်နဲ့အတူ စုံတွဲကျင့်စဉ် ကျင့်တာက တစ်ချက်ခုတ် နှစ်ချက်ပြတ် သားရဲအမြုတေကို သန့်စင်ဖို့အတွက် ပိုတောင် အကျိုးရှိစေဦးမယ်။”
နတ်သခင် ရှီယွဲ့က
“ရှင့်ရဲ့ တောင်းဆိုချက်ကို ကျွန်မ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သားရဲအမြုတေကို သန့်စင်ဖို့ အချိန်မရရင် ရှင် ကျွန်မကို အဲ့ဒါ ပေးလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။”
လုချန်းက ခဏခန့် စဉ်းစားလိုက်ပြီးနောက် တုံ့ပြန်လိုက်သည်။
“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... အကယ်၍ ကျုပ်တို့ရဲ့ စုံတွဲကျင့်စဉ်က ခင်ဗျားရဲ့ သန့်စင်ခြင်းလုပ်ငန်းစဉ်ကို အကျိုးပြုတယ်ဆိုရင် ကျုပ်တို့ တစ်လကို နှစ်ကြိမ် စုံတွဲကျင့်စဉ် ကျင့်ကြမယ်။”
“အကယ်၍ ကျုပ်တို့ရဲ့ စုံတွဲကျင့်စဉ်က ခင်ဗျားရဲ့ သန့်စင်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ ခင်ဗျားရဲ့ ကျင့်စဉ်အချိန်ကလွဲလို့ ကျုပ် စုံတွဲကျင့်စဉ် ကျင့်ချင်တဲ့အချိန်တိုင်း ခင်ဗျား သဘောတူရမယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့ တွေးလိုက်၏။ ဤအခြေအနေများအောက်တွင် စုံတွဲကျင့်စဉ်သည် သူမ၏ သားရဲအမြုတေ သန့်စင်ခြင်း လုပ်ငန်းကို ဧကန်မုချ အနှောင့်အယှက် ဖြစ်စေမည်ဖြစ်သဖြင့် လုချန်း မျှော်လင့်သလို ဖြစ်လာစရာ အကြောင်း မရှိပေ။
သူမ သစ္စာဆိုပြီးသည်နှင့်တစ်ပြိုင်နက် တံခါးပိတ် ကျင့်စဉ်စခန်းသို့ ချက်ချင်း ဝင်ရောက်သွားမည် ဖြစ်ရာ လုချန်းအနေနှင့် သူမကို ထိတွေ့ရန် အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။
--
..............