အခန်း ၁၉၇၈
Vol. 132 Ch. 1978
အခန်း (၁၉၇၈ )
နတ်သခင်နှစ်ပါး၏ ပြိုင်ပွဲ
နတ်သခင် ရှီယွဲ့သည် လုချန်းကို အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်သော်လည်း သူမ၏ တစ်ကိုယ်လုံးကတော့ လုချန်း၏ တင်းကျပ်လှသော ပွေ့ဖက်ခြင်းကို ဆက်လက်ခံထားရ၏။ သို့သော် သူမသည် နတ်စွမ်းအားကိုလည်း အသုံးမပြုခဲ့သလို လုချန်းအပေါ်၌လည်း ခံစားချက်များ ရှိနှင့်နေပြီးသား ဖြစ်၏။ သူမ၏ စိတ်နှလုံး အတွင်းပိုင်းတွင် လုချန်းနှင့် မခွဲခွာလိုသဖြင့် သူ့ကို တွန်းဖယ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုသူနှစ်ဦး ဆက်တိုက် နမ်းရှိုက်နေကြစဉ် လုချန်းလည်း သူ၏ ရင်ထဲမှ မီးတောင်ပမာ ဆူပွက်နေသော ဆန္ဒများကို မထိန်းချုပ်နိုင်တော့ပဲ နတ်သခင် ရှီယွဲ့၏ ခန္ဓာကိုယ်ကို ပွေ့ချီကာ ကုတင်ဆီသို့ ဦးတည်သွားတော့၏။
နတ်သခင် ရှီယွဲ့ ရင်ထဲအလွန် အရှက်ရမိ၏။ ဂုဏ်သိက္ခာကြီးမားလှသော နတ်သခင်တစ်ပါး၊ သားရဲမဟာမိတ်၏ အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သည့် သူမသည် တကယ်ပင် လူသားအမျိုးသားတစ်ဦးအပေါ် သံယောဇဉ်တွယ်မိနေခြင်း ဖြစ်၏။
သို့သော် ရင်ထဲ၌ အရှက်ရနေသော်လည သူမ လုချန်းကို တားဆီးရန် နတ်စွမ်းအားကို အသုံးပြုခြင်း မရှိခဲ့သေးပေ။ သူမ၏ စွမ်းအားဖြင့်ဆိုလျှင် လုချန်းကို ရပ်တန့်စေလိုပါက နတ်သခင်တစ်ပါး၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်ရုံဖြင့် ပြီး၏။ လုချန်း သူမကို ထိတွေ့ခြင်းမှ ပြတ်ပြတ်သားသား တားဆီးနိုင်သော်လည်း သူမ ထိုသို့ မလုပ်ဆောင်ခဲ့ပေ။
သူမ စိတ်လှုပ်ရှားမိနေပြီဖြစ်ရာ ရေစီးသန်လှသော မြစ်ပြင်ပမာ ထိုကဲ့သို့သော ဆန္ဒကို ဖိနှိပ်ရန် ခက်ခဲနေခဲ့၏။ ထို့ပြင် သူမသည် အစကတည်းက လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
ယခုအချိန်တွင် လုချန်းကို တားဆီးနေခြင်းက အဓိပ္ပာယ်မရှိတော့ပေ။ အခြေအနေများက ဤအဆင့်အထိ ရောက်ရှိနေပြီဖြစ်ရာ သူမအနေနှင့် သဘာဝအတိုင်းသာ ဖြစ်ခွင့်ပေးလိုက်တော့၏။
ယနေ့ တစ်ရက်တည်းသာ ဖြစ်လိမ့်မည်ဟု နတ်သခင် ရှီယွဲ့ တွေးကာ သူမကိုယ်သူမ စိတ်ထဲ၌ ဖြေသိမ့်လိုက်၏။ သားရဲအမြုတေကို ရရှိသည်နှင့် သူမ ချက်ချင်းပင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်တော့မည်ဖြစ်ရာ လုချန်း သူမကို နောက်နောင် မည်သည့်အခါမှ ထိတွေ့ခွင့် မရစေရန် ပြတ်ပြတ်သားသား တားဆီးမည်ဟု တွေးလိုက်မိ၏။
မကြာမီ လုချန်းသည် နတ်သခင် ရှီယွဲ့ကို ကုတင်ဆီသို့ ညင်သာစွာ ပွေ့ချီသွား၏။ ထို့နောက် အားဖြင့် တွန်းချလိုက်ရာ နှစ်ဦးသား လဲပြိုသွားကြပြီး လုချန်း၏ ခန္ဓာကိုယ်က နတ်သခင် ရှီယွဲ့၏ အပေါ်သို့ သဘာဝအတိုင်း ဖိမိသွားတော့၏။
ထို့နောက် လုချန်း နတ်သခင် ရှီယွဲ့ကို ငုံ့ကြည့်လိုက်၏။
နတ်သခင် ရှီယွဲ့၏ ဆံပင်များသည် ကုတင်ပေါ်တွင် ပြန့်ကျဲနေပြီး သူမ၏ အေးစက်ကာ ဆွဲဆောင်မှုရှိသော မျက်နှာထက်၌တော့ ညှို့ဓာတ်ပြင်းသော မျက်ဝန်းများဖြင့် လုချန်းကို စိုက်ကြည့်နေ၏။ သူမ၏ နဖူးဝဲယာတွင်တော့ နတ်ပန်းချီခြယ်သထားသကဲ့သို့ လက်ရာမြောက်လှသော မြေခွေးနားရွက်များ ရှိနေကြ၏။
ရေငတ်တုန်း ရေတွင်းထဲကျ သကဲ့သို့ လုချန်း မအောင့်ထားနိုင်တော့ပေ။
သူမကို တစ်ချက်မှ ကြည့်လိုက်ရုံဖြင့် သူ၏ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရ၏။
ထို့နောက် လုချန်းက သူ၏ ခန္ဓာကိုယ်ကို ထပ်မံ ကိုင်းညွတ်လိုက်ပြီး နတ်သခင် ရှီယွဲ့၏ နှုတ်ခမ်းများကို တစ်ဖန် ပြန်လည် နမ်းရှိုက်လိုက်သည်။
ဤအခြေအနေတွင် သူတို့နှစ်ဦးကြား၌ စကားများစွာ ပြောနေရန် မလိုတော့ပေ။ မကြာမီပင် နတ်သခင် ရှီယွဲ့ လည်း လုချန်း၏ အမျိုးသမီး လုံးဝ ဖြစ်သွားတော့၏။
နတ်သခင် ရှီယွဲ့ထံမှ ထွက်ပေါ်လာသော နတ်ပန်းရနံ့သည် သူကို အစဉ်အမြဲ သွေးဆောင်နေကြောင်း လုချန်း ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။ ၎င်းမှာ ရှုကျင့်ရှူး၏ ဆွဲဆောင်ခြင်း ကိုယ်ထည်ကဲ့သို့ပင် သူ့ကို မူးယစ်ဆေးပမာ စဉ်ဆက်မပြတ် လှုံ့ဆော်ပေးနေပြီး ထိုကဲ့သို့သော အရာများထဲ၌ အမြဲတစေ နစ်မြောနေစေ၏။
……
အရိုင်းနယ်မြေ။
လျှို့ဝှက်လဝန်း နန်းတော်။
ယွမ်ယုတိသည် လုချန်း စိတ်လွင့်နေသည်ကို သတိပြုမိသော်လည်း သူ၏ မျက်ဝန်းများထဲ၌တော့ ဆန္ဒများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ ဤလူ အပြင်၌ သောင်းကျန်းနေပြန်ပြီဖြစ်ကြောင်း သူမ သိလိုက်၏။
ယွမ်ယုတိက
“ရှင့် တခြားမြေခွေးမတစ်ယောက် ဖျားယောင်းတာကို ခံနေရပြန်ပြီ မဟုတ်လား”
ဟု မျက်စောင်းထိုးကာ မေးလိုက်၏။
ထိုအရာကို ကြားလျှင် လုချန်း စိတ်ထဲ ရယ်မိသွား၏။ ယွမ်ယုတိ၏ ခန့်မှန်းချက်က ပစ်မှတ်ကို တည့်တည့်မှန် သကဲ့သို့ မှန်ကန်ပေသည်။ ယခုအကြိမ်တွင်တော့ တကယ်ပင် မြေခွေးမတစ်ကောင် ဖြစ်နေသည်။
လုချန်း၏ အာရုံအများစုမှာ နတ်သခင် ရှီယွဲ့အပေါ်၌သာ နစ်မြောနေပြီး ဤခန္ဓာကိုယ်ထဲတွင်တော့ နတ်အာရုံ မျှင်မျှင်မှသာ ရှိနေသဖြင့် သူ ပြန်လည် မတုံ့ပြန်ခဲ့ပေ။
သူ့တွင် လောလောဆယ် အခြားနည်းလမ်းမရှိပေ။ နတ်သခင် ရှီယွဲ့ထံမှ ရနံ့က တကယ်ပင် ဆွဲဆောင်မှု ပြင်းထန်လွန်းလှရာ ဆာလောင်မွတ်သိပ်နေသူတစ်ဦး အမဲကင်နှင့် ဆိတ်ကင်တို့ကို ရုတ်တရက် တွေ့ရှိလိုက်ရသကဲ့သို့ သူ ခံစားနေရ၏။ သူသည် နတ်သခင် ရှီယွဲ့ကို ကျားဆိုးအစာတွေ့ သကဲ့သို့ တစ်ကိုယ်လုံး ဝါးမြိုပစ်ချင်စိတ်များပင် ပေါက်နေမိတော့သည်။
လုချန်း တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် ယွမ်ယုတိ၏ ရင်ထဲ၌ မကျေမနပ် ဖြစ်သွား၏။ ဤလူသည် သူမနှင့် အတူရှိနေစဉ်တွင်ပင် လူတစ်ခြား စိတ်တစ်ခြားဖြင့် အခြားသူတစ်ဦးကို စိတ်ကူးနေခြင်း ဖြစ်၏။
သို့သော် လုချန်း၏ စိတ်က သူမအပေါ်တွင် အာရုံမစိုက်ထားသော်လည်း ယခုအခါ သူမအနေနှင့် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို တက်ကြွစွာ မောင်းနှင်နိုင်ပြီဖြစ်ရာ ကျင့်ကြံခြင်းကိုတော့ ဆက်လက်လုပ်ဆောင်နိုင်နေသေး၏။
သို့သော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိပဲ သူမ ရင်ထဲ၌ အနည်းငယ် မချင့်မရဲ ဖြစ်နေမိသည်။
သူ အခြားသူတစ်ဦးနှင့် ပတ်သက်နေသည်ကို တွေးမိလျှင် ယွမ်ယုတိစိတ်ထဲ လုချန်းကို ပြန်လည် တုံ့ပြန်ကလဲ့စားချေလိုစိတ်များ ဖြစ်ပေါ်လာ၏။
ချက်ချင်းပင် ယွမ်ယုတိသည် လေထုထဲရှိ နတ်အငွေ့အသက်များကို ပြင်းထန်စွာ စုပ်ယူလိုက်ပြီးနောက် လုချန်း၏ အာရုံကို သူမထံသို့ ပြန်လည် ဆွဲဆောင်ရန် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို အပြည့်အဝ မောင်းနှင်လိုက်တော့၏။
အမှန်စင်စစ် လုချန်း၏ အာရုံကို ပြန်လည် လွှဲပြောင်းရယူရန်က သူမအတွက် ငှက်ပျောသီး အခွံနွှာရသကဲ့သို့ လွယ်ကူလှပေသည်။ သူမအနေနှင့် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ကို အသုံးပြုကာ လုချန်း၏ အသိစိတ်ကို အိပ်မက်နယ်ထဲသို့ ဆွဲသွင်းလိုက်ရုံဖြင့် သူ၏ အာရုံကို လွှဲပြောင်းရယူနိုင်ပေသည်။
သို့သော်လည်း ယွမ်ယုတိ ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ အကယ်၍ သူမ တကယ် ထိုသို့ လုပ်ဆောင်လိုက်ပါက လုချန်းအား အခြားအမျိုးသမီးများအပေါ် အာရုံမစိုက်နိုင်အောင် တားဆီးခြင်းလိုက်သလို ဖြစ်သွားမည်ဖြစ်သည်။ သူမသည် အခြားသူများနှင့် အချစ်ကို လုယူနေသည်ဟု လုချန်းကို ခံစားရစေနိုင်သောကြောင့် ဖြစ်၏။
……
တောင်ပိုင်းနယ်။
သွေးလင်းယုန်ခန်းမ။
သွေးမိစ္ဆာ နတ်သခင်သည် ကျောက်ဆောင်ချောက်ကမ်းပါးထက်တွင် ရပ်လျက် အဆုံးမဲ့လှသော သွေးပင်လယ်ပြင်ကို လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။
ခုနလေးတင်ကပင် သွေးဘိုးဘေးသည် သူ့ထံသို့ သတင်းစကား ပေးပို့ခဲ့ပြီး လုချန်း၏ ပင်မကိုယ်ကို အမြန်ဆုံး မြေလှန် ရှာဖွေရန် တိုက်တွန်းသွားခဲ့သည်။
သွေးဘိုးဘေး စိတ်မရှည်တော့တာ ထင်ရှား၏။
သူသည် လုချန်း၏ ကိုယ်ပွားအချို့ ရှိနေသည့် နေရာကို သိသော်လည်း လုချန်း၏ ပင်မကိုယ် တည်ရှိရာ နေရာကို အတည်ပြုရန်ကတော့ သမုဒ္ဒရာထဲ အပ်ရှာရသလို ခက်ခဲနေခဲ့သည်။
မိစ္ဆာရိပ် နတ်ဘုရင်သည် အရိုင်းနယ်မြေ၌ နှစ်ပေါင်းများစွာ ကြာအောင် ရှိနေခဲ့သော်လည်း မည်သည့် သတင်းစကားမှ မရရှိသဖြင့် သွေးမိစ္ဆာ နတ်သခင် စိတ်ထဲတွင် ငှက်ဆိုးမြင်လိုက်ရ သကဲ့သို့ မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရ၏။
မိစ္ဆာရိပ် နတ်ဘုရင်၏ စွမ်းရည်များဖြင့်ဆိုလျှင် လုချန်း ရိပ်မိသွားစရာ မရှိကြောင်း၊ ထို့ပြင် မိစ္ဆာရိပ် နတ်ဘုရင်၏ ဝိညာဉ်မီးအိမ်သည်လည်း ငြိမ်းသွားခြင်း မရှိသေးသဖြင့် သူ အသက်ရှင်နေသေးကြောင်းကို ထိုအခိုက်အတန့်တွင် သွေးမိစ္ဆာ နတ်သခင် ဆင်ခြင်လိုက်မိ၏။
သွေးမိစ္ဆာ နတ်သခင်သည် သူ၏ လက်ကို မြှောက်လိုက်ရာ လက်ဖဝါးပြင်ထက်တွင် ဆက်သွယ်ရေး ကျောက်စိမ်းပြားတစ်ပြား ပေါ်လာပြီးနောက် ၎င်းကို ချက်ချင်း လှုံ့ဆော်လိုက်၏။
ခဏခန့်အကြာတွင် ကျောက်စိမ်းပြားက မိစ္ဆာရိပ် နတ်ဘုရင်၏ ပုံရိပ်ကို ထုတ်လွှတ်လိုက်၏။
သွေးမိစ္ဆာ နတ်သခင်က မိစ္ဆာရိပ် နတ်ဘုရင်ကို
“လုချန်းရဲ့ ပင်မကိုယ်ကို ရှာတာ ဘာလို့ အခုထိ ဘာလို့ ထူးခြားမှု မရှိသေးတာလဲ။”
မိစ္ဆာရိပ် နတ်ဘုရင်က
“ခန်းမသခင်... ကျုပ် ချင်နိုင်ငံရဲ့ နန်းတော်ထဲကို စိမ့်ဝင်ပြီးသွားပြီ ဖြစ်ပေမဲ့ လုချန်းရဲ့ ပင်မကိုယ်ရဲ့ သဲလွန်စ တော့ ရှာမတွေ့ခဲ့ပါဘူး။”
မိစ္ဆာရိပ် နတ်ဘုရင်က
“ချင်နိုင်ငံ နန်းတော်ထဲမှာရှိတဲ့ လုချန်းက ရွှေနတ်အဆင့် ကျင့်စဉ်ပဲ ရှိတာမို့ ကိုယ်ပွားတစ်ခုဖြစ်ပုံရပါတယ်။ သူ့ရဲ့ ပင်မကိုယ်က အရိုင်းနယ်မြေထဲမှာ ရှိမနေတာလည်း ဖြစ်နိုင်ပါတယ်။”
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်သခင်၏ မျက်နှာ ပို၍ပင် လေးနက်သွား၏။ ချင်နိုင်ငံ၌ပင် လုချန်း၏ ပင်မကိုယ်၏ သဲလွန်စပင် မရှိပါက အခြား မည်သည့်နေရာတွင် ရှာဖွေနိုင်တော့မည်နည်း။
သွေးမိစ္ဆာ နတ်သခင် ခဏခန့် တိတ်ဆိတ်သွားရာ မိစ္ဆာရိပ် နတ်ဘုရင်က
“ခန်းမသခင်... ကျုပ် အခု သွေးလင်းယုန်ခန်းမကို ပြန်လာရမလား။”
သွေးမိစ္ဆာ နတ်သခင် သတိပြန်ဝင်လာပြီး
“မလိုပါဘူး။ အရိုင်းနယ်မြေထဲမှာပဲ ဆက်ပြီး စောင့်ကြည့်နေပါ။ ဘာပဲပြောပြော ချင်နိုင်ငံက သူ့ရဲ့ နိုင်ငံပဲလေ။ သူ အချိန်တစ်ခုအတွင်း ပြန်မလာဘူးဆိုတာကို ကျုပ် မယုံကြည်ဘူး။”
သွေးမိစ္ဆာ နတ်သခင်က
“ခင်ဗျား ချင်နိုင်ငံထဲမှာ ပြဿနာအချို့ ဖန်တီးပြီး သူ့ရဲ့ ကံစွမ်းအားကို နှောင့်ယှက်ဖျက်ဆီးပစ်လို့ ရတယ်။”
နည်းလမ်းနှစ်မျိုးဖြင့် လုပ်ဆောင်ရန် သွေးမိစ္ဆာ နတ်သခင် စဉ်းစားလိုက်၏။ အခြားသော နယ်မြေများတွင် လုချန်း၏ ပင်မကိုယ်ကို ရှာဖွေရန် လူများစေလွှတ်မည့်အပြင် တစ်ပြိုင်နက်တည်း၌ ချင်နိုင်ငံကိုလည်း ပစ်မှတ်ထားရန် ဖြစ်၏။ အကယ်၍ ၎င်း၏ ကံစွမ်းအား ကျဆင်းသွားပါက လုချန်း၏ စွမ်းအားကို ထိခိုက်စေမည် ဖြစ်သည်။
ချင်နိုင်ငံ၏ ကံစွမ်းအား ကျဆင်းသွားပြီးနောက်တွင် လုချန်း၏ ပင်မကိုယ်သည် နိုင်ငံ၏ အခြေအနေကို ပြန်လည်မကြည့်ရှုပဲ ပြင်ပ၌သာ ဆက်လက် ခိုအောင်းနေလိမ့်မည်ဟု သူ မယုံကြည်ပေ။
မိစ္ဆာရိပ် နတ်ဘုရင်က
“နားလည်ပါပြီ။”
သွေးမိစ္ဆာ နတ်သခင်သည် ထပ်မံ စကားမဆိုတော့ပဲ ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်တော့၏။
…….
ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
အစက လုချန်းသည် နောက်တစ်နေ့တွင် နတ်သခင် ရှီယွဲ့ထံသို့ သားရဲအမြုတေ လွှဲပြောင်းပေးအပ်ရန် ကတိပြုခဲ့သော်လည်း နတ်သခင် ရှီယွဲ့ကတော့ သူ့အပေါ် လုံးဝ နစ်မြောသွားခဲ့ရသဖြင့် အချိန်များကိုပင် မေ့လျော့နေခဲ့ပြီဖြစ်သည်။
ထို့ပြင် နတ်သခင် ရှီယွဲ့သည် လုချန်း ရံဖန်ရံခါ အာရုံလွင့်ပျံ့နေသည်ကို သတိပြုမိထားပြီး အခြားအမျိုးသမီးများက သူ၏ အာရုံကို လုယူရန် ကြိုးပမ်းနေကြကြောင်း ရိပ်မိလိုက်၏။
လုချန်း၏ စိတ်နှလုံး သူမအပေါ်၌သာ အပြည့်အဝ ရှိနေစေရန်အတွက် နတ်သခင် ရှီယွဲ့သည် လုချန်းအပေါ်သို့ နှလုံးသားညှို့ဓာတ်ကျင့်စဉ်ကို အသုံးပြုလိုက်ပြီး တစ်ပြိုင်နက်တည်း၌ပင် ကောင်းကင်မြေခွေးမျိုးနွယ်၏ ညှို့ဓာတ်ပြင်းလှသော ထူးခြားသော ဆွဲဆောင်ခြင်းပညာကို ထုတ်လွှတ်လိုက်တော့သည်။
ထိုသို့ဖြင့် နတ်သခင် ရှီယွဲ့နှင့် ယွမ်ယုတိတို့သည် တစ်ဦးနှင့်တစ်ဦး သွယ်ဝိုက်သောနည်းဖြင့် စတင် ပြိုင်ဆိုင်ကြတော့၏။
သူတို့နှစ်ဦး၏ လှုပ်ရှားမှုများကြောင့် ထိုခန္ဓာကိုယ်နှစ်ခုမှလွဲ၍ လုချန်း၏ အခြားသော ကိုယ်ပွားများအားလုံးလည်း အလုပ်မလုပ်နိုင်တော့ပဲ ဖြစ်သွားရ၏။
သူ၏ အာရုံသည် ယွမ်ယုတိနှင့် နတ်သခင် ရှီယွဲ့တို့ကြားတွင် ဟိုမှသည်သို့ ကူးပြောင်းနေပြီး သူ၏ အသိစိတ်သည် သူတို့နှစ်ဦး၏ လွန်ဆွဲပွဲထဲ ကြားညပ်နေတော့၏။
--
………..