← Chapters

အခန်း ၁၉၇၉

Vol. 132 Ch. 1979

အခန်း ၁၉၇၉

Vol. 132 Ch. 1979

အခန်း (၁၉၇၉ )

နတ်သခင်ရှီယွဲ့၏ အကြံ

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် တစ်လဝက်ခန့် အချိန်ကာလက ကုန်လွန်သွားခဲ့လေပြီ။

တစ်နေ့သော နံနက်ခင်းတွင် ဖြစ်၏။

နတ်သခင် ရှီယွဲ့သည် လုချန်း အိပ်မက်ကမ္ဘာထဲ တဖန် ရောက်ကာ အာရုံလွင့်ပျံ့နေသည်ကို ရိပ်မိသဖြင့် ချက်ချင်းပင် ခေါင်းလှည့်၍ သူ့ကို စိုက်ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် သူမ၏ မျက်ဝန်းအစုံမှ ကြက်သွေးရောင် ကဲ့သို့ နီမြန်းသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး လုချန်း၏အာရုံကို ဖမ်းစားကာ ပြန်လည်ဆွဲခေါ်ရန်အတွက် သူမသည် ဆွဲဆောင်ခြင်းပညာကို ထပ်မံ အသုံးပြုလိုက်သည်။

သို့သော်လည်း သူမသည် ဆွဲဆောင်ခြင်းပညာကို အသုံးပြုခါနီး ဆဲဆဲတွင်ပင် စိတ်ကူးတစ်ချက် လက်ခနဲဖြစ်ကာ သူမ၏ စိတ်ဝိညာဉ် ရုတ်တရက် တုန့်ဆိုင်းသွားပြီး ယခင်က မှုန်မှိုင်းကာ ညို့ဓာတ်ပြည့်ဝပြီး ဆွဲဆောင်မှုရှိနေသော သူမ၏ မျက်ဝန်းများသည် ချက်ချင်းပင် ကြည်လင်လာကာ လုချန်းအပေါ် ကျင့်စဉ်အသုံးပြုနေခြင်းကို အမြန် ရပ်တန့်လိုက်သည်။

သူမသည် လုချန်းအပေါ် သံယောဇဉ် ငြိတွယ်နေခဲ့သော်လည်း လဝက်ခန့် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ နေ့ရက်များ ကြာလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်အပေါ်တွင် တဖြည်းဖြည်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ရာဂစိတ်မီးများ၏ လွှမ်းမိုးခြင်းကို မခံရတော့ပေ။

နတ်သခင် ရှီယွဲ့သည် သူမ၏ မျက်ခုံးကို တွန့်လိုက်ပြီး စိတ်တိုင်းမကျ မကျေမနပ်ဖြစ်ဟန်ဖြင့်

“အခု ကျွန်မကို သားရဲအမြုတေ လွှဲပေးသင့်နေပြီ မဟုတ်ဘူးလား။”

သူမသည် လွန်ခဲ့သော လဝက်ပတ်လုံး ကာမနွံထဲတွင် နစ်မြောနေခဲ့ပြီး အချိန်မည်မျှကြာသွားသည်ကိုပင် မေ့လျော့နေခဲ့သော်လည်း တစ်ရက်ထက်မက အချိန် ကုန်လွန်သွားခဲ့ပြီဖြစ်ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း သိနေသည်။

ဤအချိန်အတောအတွင်း ဤလူယုတ်မာက သူမအပေါ် မည်သို့ နှိပ်စက်ညှဉ်းပန်းခဲ့သည်ကို တွေးမိလျှင် နတ်သခင် ရှီယွဲ့၏ နှလုံးသားထဲတွင် မရေမရာသော ဒေါသအရှိန်အဝါများ ဖြစ်ပေါ်လာရသည်။ နတ်သခင်တစ်ပါးဖြစ်သော သူမသည် ဤလူ၏ လက်ထဲတွင် အစားအစာအတွက် အညံ့ခံရသည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ နှိမ့်ချဆက်ဆံခြင်း ခံခဲ့ရသည်။

ထိုအခိုက်အတန့်တွင် သူမ၏ အကြည့်စူးစူးများသည် သူမ၏ အမြီးတစ်ခုကို မြင်းဇက်ကြိုးကဲ့သို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လုချန်း၏ လက်ပေါ်သို့ ကွက်ကနဲ ကျရောက်သွားသည်။

နတ်သခင် ရှီယွဲ့က မာန်ပါပါဖြင့်

“လွှတ်စမ်း”

ဟု အမိန့်ပေးသံဖြင့် ဆို၏။

လုချန်း၏ လက်တွင်း၌ အမြီးကို ဆွဲကိုင်ချုပ်နှောင်ထားခြင်း ခံရသဖြင့် အတောင်ပံကျိုးသော ငှက်ပမာ နတ်သခင် ရှီယွဲ့သည် သူမ၏ စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း မရှိတော့သလို ခံစားရသည်။

လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သူ၏ ညာလက်မှ နတ်သခင် ရှီယွဲ့၏ အမြီးကို ကြင်နာစွာ လွှတ်ပေးလိုက်ကာ ဖန်ရှောင်း၏ သားရဲအမြုတေကို လျှပ်တစ်ပြက် ချက်ချင်း ထုတ်ယူလိုက်သည်။

သားရဲအမြုတေကို ထုတ်ယူလိုက်သည့် ခဏ၌ပင် အိပ်ဆောင်တစ်ခုလုံးသည် အတားအဆီးမဲ့ အဆုံးမရှိသော နတ်ဆိုးစွမ်းအားများဖြင့် ဝေါကနဲ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ သားရဲအမြုတေအတွင်းရှိ နတ်ဆိုးစွမ်းအားများ များစွာ လျော့ပါးကျဆင်းသွားခြင်း မရှိသေးသည်ကို သိမြင် ခံစားမိရသဖြင့် ရင်ထဲက အလုံးကြီးကျသကဲ့သို့ နတ်သခင် ရှီယွဲ့ အနည်းငယ် သက်ပြင်းချနိုင်ခဲ့သည်။

နည်းနည်းမှ တုံးဆိုင်းမနေပဲ နတ်သခင် ရှီယွဲ့သည် သားရဲအမြုတေကို သူမ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် သူမ၏ နတ်စွမ်းအားကို အသုံးပြုလိုက်သည်။

နောက်တစ်ခဏတွင် သားရဲအမြုတေမှ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအားများသည် နတ်သခင် ရှီယွဲ့၏ ခန္ဓာကိုယ်အတွင်း၌ သောင်းကျန်းလာပြီး သူမကို ချက်ချင်းပင် မီးလျှံကဲ့သို့ ပူလောင်လာစေသည်။

“ဖူး...”

လုချန်းက သက်ပြင်းအရှည်ကြီး မှုတ်ထုတ်ချလိုက်ပြီးနောက်

“ဒီသားရဲအမြုတေက ဒီလောက်အထိ အစွမ်းထက်တဲ့ အာနိသင်ရှိလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။”

နတ်သခင် ရှီယွဲ့သည် လုချန်း၏ စကား နောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း ကွင်းကွင်းကွက်ကွက် နားလည်သွားပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ

“ချက်ချင်း ထွက်သွားစမ်း... ကျွန်မ သားရဲအမြုတေကို သန့်စင်ရမယ်။”

လုချန်းကတော့ ကျောက်ရုပ်ပမာ မလှုပ်မယှက် ရှိနေဆဲပင်။

သူက ပြုံးလျက်

“ခင်ဗျားရဲ့ ကောင်းကင်လမ်းစဉ် သစ္စာဆိုချက်ကို အလွယ်တကူ မေ့သွားပြီလား။ ကျုပ် ခင်ဗျားကို ဒီသားရဲအမြုတေ သန့်စင်ဖို့ ကူညီပေးရဦးမှာလေ။”

နတ်သခင် ရှီယွဲ့က နှာခေါင်းရှုံ့လိုက်ရင်း

“ရှင် ဒီမှာ ရှိနေတာက ကျွန်မ သားရဲအမြုတေ သန့်စင်တာကို နှောင့်ယှက်ရုံပဲ ရှိမှာ။”

ဤလူယုတ်မာသည် စုံတွဲကျင့်စဉ်အကြောင်း ဖျားယောင်းပြောဆိုခဲ့သော်လည်း ဤအချိန် အထိတော့ သူတို့သည် အတူတကွ ကျင့်ကြံခြင်း လုံးဝမရှိပဲ တိရစ္ဆာန်ဆန်ဆန် ပြုမူမှုများကိုသာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်လည်း လုချန်းက သူမနှင့် တကယ် ကျင့်ကြံလိမ့်မည်ဟု သူမ လုံးဝဥဿုံ မယုံကြည်ပေ။ သူတို့ တကယ် ကျင့်ကြံခဲ့လျှင်ပင် ၎င်းက သူမအား သားရဲအမြုတေ သန့်စင်ရန် ကူညီပေးနိုင်မည် မဟုတ်ပေ။

လုချန်း ဤနေရာ၌ ရှိနေခြင်းက စိတ်လေလွင့်စေကာ သူမ၏ အာရုံကို နောက်ကျိစေရုံသာ ရှိလိမ့်မည်။ သူမ၏ ရင်ထဲမှ ရာဂစိတ်မီးများ မပယ်ဖျောက်ရသေးခင် ဤလူ သူမနှင့် နီးကပ်စွာ ရှိနေပါက သူမအနေနှင့် သားရဲအမြုတေကို အာရုံစိုက် သန့်စင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ထို့ပြင် ဤလူသည် သူမ၏ အမြီးကို အမြဲတစေ ဆွဲကိုင်ကစားရန် နှစ်သက်သဖြင့် သူမ စိတ်တည်ငြိမ်စွာ အာရုံစိုက်နိုင်ရန် ပို၍ပင် ခက်ခဲစေသည်။

လုချန်း ခပ်အေးအေးပင်

“ဒီလိုလုပ်ရအောင်... ခင်ဗျား တတ်နိုင်သမျှ သန့်စင်ဖို့ ကျုပ် ခင်ဗျားကို တစ်ရက် အချိန်ပေးမယ်။ တစ်ရက် ကြာပြီးနောက်မှာတော့ ကျုပ်တို့ စုံတွဲကျင့်စဉ် ကျင့်ကြံကြမယ်။ အဲဒီအခါကျမှ ခင်ဗျား တစ်ယောက်တည်း သန့်စင်တာ မြန်သလား... ဒါမှမဟုတ် ကျုပ်တို့ စုံတွဲကျင့်စဉ်နဲ့ သန့်စင်တာက ပိုမြန်သလားဆိုတာ ခွဲခြားကြည့်ရတာပေါ့။”

နတ်သခင် ရှီယွဲ့က

“ကောင်းပြီ”

လုချန်းက အဓိပ္ပာယ်ပါပါ အနည်းငယ် ပြုံးကာ

“ဒါဆိုရင် ခင်ဗျား သန့်စင်တာကို အားသွန်ခွန်စိုက် စတင်နိုင်ပါပြီ။”

ထိုစကားကို ကြားလျှင် နတ်သခင် ရှီယွဲ့ မှင်တက်သွားပြီး သတိပြန်ဝင်လာပြီးနောက် အေးစက်စွာဖြင့်

“ရှင် မထွက်သွားဘူးလား”

ဟု မေးလိုက်သည်။

လုချန်းက

“ကျုပ်တို့ အခု စုံတွဲကျင့်စဉ် ကျင့်နေတာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ပညာစွမ်းကိုသာ ရဲရဲဝံ့ဝံ့ အသုံးပြုစမ်းပါ။”

နတ်သခင် ရှီယွဲ့သည် ဒေါသအဟုန်ဖြင့် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဤလူသည် သူမအား စုံတွဲကျင့်စဉ် ကျင့်ကြံရန် တောင်းဆိုနေသည်ဟု ထင်မှတ်လိုက်သည်။

ထိုစဉ် နတ်သခင် ရှီယွဲ့က

“ထွက်သွားစမ်း”

ဟု ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။

လုချန်းကတော့ ခြေတစ်လှမ်းမှ မရွေ့သည့်အပြင် တည်ငြိမ်သော အမူအရာကို ပြသရင်း

“ခင်ဗျား စိတ်ထဲမှာ ဘာတွေ ကြံစည် တွေးတောနေလဲဆိုတာ ကျုပ် မသိဘူးလို့ တကယ် ထင်နေတာလား။ ခင်ဗျား တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သွားတာနဲ့ ကျုပ်နဲ့ စုံတွဲကျင့်စဉ် ကျင့်တော့မှာ မဟုတ်ဘူးမလား။”

ဒါက...

နတ်သခင် ရှီယွဲ့၏ ရင်ထဲထိတ်ခနဲ ဖြစ်သွားပြီး သူခိုးလူမိသလို ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ လုချန်းက သူမ၏ ရင်ထဲက စိတ်ကူးကို ထိုးဖောက်မြင်နိုင်လိမ့်မည်ဟု သူမ အိပ်မက်ပင် မက်မထားခဲ့ပေ။

ထိုအရာက တကယ်လည်း သူမ ကြိုတင်ချမှတ်ထားသော အစီအစဉ် ဖြစ်သည်။ သူမသည် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သွားသည်နှင့် တပြိုင်နက် ဤချိုင့်ဝှမ်းကြီးတစ်ခုလုံးကို သံမဏိတံတိုင်းပမာ ချိပ်ပိတ်ပစ်မည်ဖြစ်ပြီး သူမ နတ်ဧကရာဇ် ဖြစ်မလာမချင်း လုချန်းအား ဝင်ခွင့်ပြုမည် မဟုတ်‌တော့ပေ။ ထို့နောက်မှသာ သူမ အောင်မြင်စွာ ပြန်လည် ထွက်ပေါ်လာမည် ဖြစ်သည်။

သူမ၏ အသွင်ပြောင်းလဲခြင်း ပြီးမြောက်သွားပါက မည်သည့် ကောင်းကင်လမ်းစဉ် သစ္စာဆိုချက်ကမှ သူမကို ချုပ်နှောင်နိုင်တော့မည် မဟုတ်ပေ။ လူယုတ်မာ လုချန်းသည်လည်း သူမအပေါ် နောက်ထပ် မည်သည့်ခါမှ လက်ဖျားနှင့်ပင် တို့နိုင်တော့မည် မဟုတ်ပေ။

လုချန်း၏ ပင်မကိုယ် ဤနေရာ၌ ရှိမနေသဖြင့် ဤခန္ဓာကိုယ်၏ စွမ်းအားမှာ အလွန်ဆုံးရှိလှ နတ်ဘုရင်တစ်ပါးဆင့်သာ ဖြစ်သည်။ သူမက ချိုင့်ဝှမ်းတစ်ခုလုံးကို လုံခြုံစွာ ချိပ်ပိတ်ထားပါက လုချန်း အနေနှင့် သူမအပေါ် လက်မှိုင်ချရုံမှတစ်ပါး ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။

လုချန်းက သူမ၏ အကြံအစည်ကို ထုတ်ဖော်လိုက်သော်လည်း နတ်သခင် ရှီယွဲ့သည် မျက်နှာသေဖြင့် တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားရင်း

“ကျွန်မမှာ အဲဒီလို အတွေးမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။”

လုချန်းက

“ခင်ဗျားမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျုပ်ကတော့ ဘယ်လိုနည်းနဲ့မှ ထွက်သွားမှာ မဟုတ်ဘူး။”

“ရှင်...”

နတ်သခင် ရှီယွဲ့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွား၏။ ဤလူယုတ်မာသည် သူမကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားကာ ရာဂစိတ်များ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေစေသဖြင့် သူမအနေနှင့် သားရဲအမြုတေ သန့်စင်ရန် အလွန် ခက်ခဲ၏။

သားရဲအမြုတေ သန့်စင်ခြင်း ကိစ္စကို ထည့်မတွက်လျှင်ပင် ကျင့်ကြံနေစဉ်အတွင်း၌လည်း သူမသည် ထူးဆန်းစွာ ခံစားနေရပြီး သူမ၏ အာရုံများ ဂနာမငြိမ်နိုင်ပဲ ရှိနေမည်ဖြစ်သည်။

နတ်သခင် ရှီယွဲ့သည် အသက်ကို ဝအောင် ပြင်းပြင်းရှူလိုက်ပြီးနောက် လေသံကို လျှော့ကာ ညင်သာစွာဖြင့်

“ရှင် ဘေးကနေပဲ ကြည့်နေရင် ရပြီမလား”

လုချန်းက ခဏခန့် စဉ်းစားလိုက်ပြီးနောက်

“ကောင်းပြီ... ဒါပေမဲ့ ခင်ဗျားကို ကြိုတင် သတိပေးလိုက်မယ်။ ခင်ဗျား ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့။ ခင်ဗျား ဘယ်လောက်ပဲ မြေလျှိုးမိုးပျံ ပုန်းနေပုန်းနေ ကျုပ် ခင်ဗျားကို ရှာတွေ့နိုင်တယ်။”

နတ်သခင် ရှီယွဲ့ လုချန်းကို အေးစက်စွာ တစ်ချက် စောင်းကြည့်လိုက်၏။ ဤအခိုက်အတန့်တွင် လုချန်းက သူမကို လွှတ်ပေးလိုက်ကာ ဘေးနားတွင် တင်ပျဉ်ခွေထိုင်ရင်း သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့သည်။

နတ်သခင် ရှီယွဲ့သည် သူမ၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။

သူမထွက်မပြေးခဲ့ပေ။ တန်ခိုးစွမ်းအားကြီးလှသော နတ်သခင်တစ်ပါးအနေနှင့် သူမ ထွက်ပြေးချင်ပါက လုချန်းလည်း သူမကို တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း နတ်သခင် ရှီယွဲ့ ခဏခန့် အမြော်အမြင်ရှိရှိ စဉ်းစားလိုက်သည်။

တကယ်တော့ ၎င်းက တစ်ရက်မှသာ ဖြစ်သည်။ မနက်ဖြန် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံလျှင် သူမသည် သားရဲအမြုတေကို သန့်စင်ရန် စိတ်ပါလက်ပါ ရှိမည်မဟုတ်သလို သန့်စင်ခြင်း အရှိန်အဟုန်ကိုလည်း သိသိသာသာ နှေးကွေးသွားစေမည် ဖြစ်သည်။ ထိုအခါ သဘောတူထားသည့်အတိုင်း သူမ တရားဝင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ခွင့်ရမည် ဖြစ်သည်။

ထို့နောက်တွင်တော့ သူမသည် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်သည်အထိ သူမ အလိုရှိသမျှ ကာလပတ်လုံး တံခါးပိတ် ကျင့်စဉ်စခန်း၌သာ ရှိနေမည် ဖြစ်သည်။ မနက်ဖြန်ကို ကျော်လွန်သွားပြီးနောက်တွင် သူမ၏ တည်ငြိမ်သော နှလုံးသားကို ဂယက်ထအောင် လှုပ်ခတ်စေခဲ့သော ဤလူယုတ်မာသည် သူမအား ထပ်မံ၍ လက်ဖျားနှင့်ပင် ထိတွေ့နိုင်တော့မည် မဟုတ်ပေ။

တိရစ္ဆာန်ဆန်သော ရာဂစိတ်ရိုင်းများဖြင့် မောင်းနှင်ခံရသည့် သတ္တဝါတစ်ကောင် ဘဝသို့ သူမ မရောက်ချင်တော့ပေ။

နတ်သခင် ရှီယွဲ့သည် သူမ၏ မျက်ဝန်းစုံကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ နတ်စွမ်းအားများကို အားသွန်ခွန်စိုက် နှိုးဆွကာ သားရဲအမြုတေအတွင်းမှ နတ်ဆိုးစွမ်းအားများကို အပြည့်အဝ သန့်စင်ပြီး သူမ၏ ကိုယ်ပိုင် နတ်ဆိုးစွမ်းအားအဖြစ် ကောင်းမွန်စွာ ပြောင်းလဲလိုက်တော့သည်။

…..

တစ်ရက်တာ အချိန်ကာလသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။

ဒုတိယမြောက် ညချမ်းတွင် နတ်သခင် ရှီယွဲ့သည် နတ်ဆိုးစွမ်းအားကို သန့်စင်ခြင်း၌ စိတ်အာရုံစူးစိုက်ကာ စိတ်ဝင်တစား ရှိနေဆဲပင်။

သူမ၏ နတ်ဆိုးစွမ်းအားများ ဒီရေပမာ တိုးပွားလာသည်နှင့်အမျှ သူမ၏ သွေးမျိုးဆက်သည် စဉ်ဆက်မပြတ် တိုးတက်လာပြီး ကျင့်စဉ်အဆင့်မှာလည်း လျင်မြန်စွာ မြင့်တက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလာရသည်။

အကယ်၍ သူမ ဤနှုန်းအတိုင်း ဆက်လက်ချီတက်သွားပါက ဤသားရဲအမြုတေကို သန့်စင်ပြီးနောက်တွင် သူမသည် အမြီးကိုးခု မြေခွေးအဖြစ် တကယ် အသွင်ပြောင်းလဲနိုင်ကာ နတ်ဧကရာဇ် ဖြစ်လာနိုင်ပေလိမ့်မည်။

သို့သော်လည်း သူမ သားရဲအမြုတေအတွင်းရှိ နတ်ဆိုးစွမ်းအားများကို စိတ်အားထက်သန်စွာ သန့်စင်နေစဉ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ် ရုတ်တရက် ဟန်ချက်ပျက်သွားကာ လဲပြိုသွားရပြီးနောက် ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော ခံစားမှုများ လိုက်ပါလာခဲ့သည်။

နတ်သခင် ရှီယွဲ့သည် သူမ၏ မျက်ဝန်းစုံကို ရုတ်တရက် ဖွင့်လိုက်ပြီး တောင်ကြီးအလား သူမအပေါ် ဖိနှိပ်ထားသော လုချန်းကို မကျေမနပ်ဖြစ်စွာ စိုက်ကြည့်လျက်

“ရှင် ဘာလုပ်နေတာလဲ”

ဟု ဒေါသတကြီး အော်လိုက်သည်။

လုချန်းက ကောက်ကျစ်စွာ ပြုံးလျက်

“တစ်ရက် ပြည့်သွားပြီလေ... အခု ကျုပ် ခင်ဗျားကို သားရဲအမြုတေ သန့်စင်ဖို့ ဝိုင်းဝန်းကူညီပေးရမယ့် အချိန်ပဲ။”

နတ်သခင် ရှီယွဲ့သည် စကားများစွာ ထပ်မဆိုတော့ပဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ သူမ၏ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်သည်။ မနက်ဖြန် ဤအချိန်သို့ ရောက်ပါက သူမအနေနှင့် လုချန်း၏ လက်မှ လွတ်မြောက်နိုင်ပြီး သားရဲအမြုတေ သန့်စင်ရန်အတွက် တံခါးပိတ် ကျင့်စဉ်စခန်း တရားဝင် ဝင်နိုင်တော့မည်ဖြစ်ကြောင်း သူမ ရှင်းလင်းစွာ သိနေသောကြောင့် ဖြစ်သည်။

--

…………

All Chapters