အခန်း ၁၉၈၀
Vol. 132 Ch. 1980
အခန်း (၁၉၈၀)
လုချန်းပြသော လမ်းစဉ်
နတ်သခင် ရှီယွဲ့၏ စိတ်ကူးထဲတွင်တော့ မနက်ဖြန်၌ သူမသည် လုချန်းထံမှ ဧကန်မုချ ရုန်းထွက်လွတ်မြောက်နိုင်လိမ့်မည်ဟု စိတ်ချလက်ချ ရှိနေခဲ့သည်။
တစ်ဖက်တွင် သူမသည် လုချန်းနှင့် အနီးကပ် ထိတွေ့မှု ရှိသည့်အခါမျိုး၌ သူ့အပေါ် စိတ်အာရုံ လွင့်ပါးကာ နစ်မြောသွားတတ်သဖြင့် သားရဲအမြုတေကို အာရုံစိုက် သန့်စင်ရန် မဖြစ်နိုင်တော့ပေ။
အခြားတစ်ဖက်တွင်တော့ လုချန်းက သူမအား သားရဲအမြုတေ သန့်စင်ရာတွင် တကယ် ကူညီပေးနိုင်သည် ဆိုဦးတော့ သန့်စင်ခြင်း၏ ဦးဆောင်မှုမှာ သူမ၏ လက်ထဲတွင်သာ ရှိနေသည်ဖြစ်ပြီး ယခုလို အခြေအနေတွင် သားရဲအမြုတေ သန့်စင်ရန် သူမ အာရုံစိုက်နိုင်မည် မဟုတ်ပေ။
လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရင်း သားရဲအမြုတေ သန့်စင်သည့် အရှိန်နှုန်းက သူမတစ်ဦးတည်း သန့်စင်သည်ထက် မမြန်ပါက သူမအနေနှင့် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်ရန် အကြောင်းပြချက် ခိုင်လုံသွားမည်ဖြစ်ရာ လုချန်းကိုလည်း သူမအပေါ် တိရစ္ဆာန်ဆန်သော လုပ်ရပ်များ လာရောက်မလုပ်ဆောင်နိုင်အောင် တားဆီးနိုင်မည် ဖြစ်သည်။
သို့သော်လည်း သူမကိုယ်တိုင် သားရဲအမြုတေကို စိတ်ပါလက်ပါ မသန့်စင်ပါက လုချန်းအနေနှင့် မည်သို့မှ မတတ်နိုင်ဟု နတ်သခင် ရှီယွဲ့ တွေးတောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ လုချန်း၏ နတ်စွမ်းအားများ ရုတ်တရက် စီးဝင်လာသည်ကို ခံစားလိုက်ရပြီး ၎င်းက သူမ၏ ကိုယ်ပိုင် နတ်စွမ်းအားများကိုပါ လိုက်ပါ လှုပ်ရှားလာစေရန် အတင်းအကျပ် တွန်းအားပေးလိုက်တော့၏။
နတ်သခင် ရှီယွဲ့ မျက်လုံးအဝိုင်းသားနှင့် အလစ်အငိုက် မိသွားရ၏။
ဤအရာက မည်သို့ဖြစ်ပျက်နေနိုင်သနည်း။
သူမကိုယ်တိုင် စိတ်ပါလက်ပါ အသုံးမပြုထားပါပဲ လုချန်းက ဘာကြောင့် သူမ၏ နတ်စွမ်းအားများကို စီးဆင်းစေနိုင်ရတာလဲ သူမ အပြင်းအထန် တွေးတောနေမိသည်။
နတ်သခင် ရှီယွဲ့ တစ်ယောက် အာရုံပြန်မစုစည်းနိုင်သေးခင်မှာပင် သူတို့နှစ်ဦး၏ နတ်စွမ်းအားများ ပေါင်းစပ်သွားပြီး သားရဲအမြုတေကို လွှမ်းခြုံသွားသည်ကို သတိပြုမိလိုက်သည်။
ထို့နောက်တွင် သားရဲအမြုတေအတွင်းမှ နတ်ဆိုးစွမ်းအားများသည် ရေစီးကမ်းပြိုသကဲ့သို့ အလွန်လျင်မြန်သော နှုန်းဖြင့် နတ်သခင် ရှီယွဲ့၏ ခန္ဓာကိုယ်ထဲသို့ နတ်ဆိုးစွမ်းအားများအဖြစ်သို့ ပြောင်းလဲဝင်ရောက်သွားတော့သည်။
ဒါက...
နတ်သခင် ရှီယွဲ့ အလွန်ပင် ဆွံ့အမှင်တက်သွား၏။ သူမဘက်က နတ်စွမ်းအားကို မနှိုးဆွထားသော်လည်း လုချန်းက သူမအား နတ်ဆိုးစွမ်းအားများကို ဤမျှ လျင်မြန်စွာ သန့်စင်အောင် မည်သို့ ကူညီပေးနိုင်ရသနည်း။
လုချန်း အသုံးပြုနေသည့် စုံတွဲကျင့်စဉ်က မည်သို့သော အတတ်ပညာမျိုး ဖြစ်သနည်း။
၎င်းက အလွန် လွှမ်းမိုလွန်းလှသည် မဟုတ်ပါလား။
ခဏအကြာတွင် လုချန်းက ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို လည်ပတ်လိုက်သည်နှင့်အမျှ နတ်သခင် ရှီယွဲ့သည် သူမ၏ ခန္ဓာကိုယ်တွင်းမှ စိတ်အလိုဆန္ဒများကို ထိန်းချုပ်ရန် ပို၍ ပို၍ ခက်ခဲလာသည်ကို ခံစားလိုက်ရသည်။
နတ်သခင် ရှီယွဲ့ အံကို တင်းတင်းကြိတ်လိုက်၏။ သူမသည် ယခုအခါ သူ့အပေါ်သို့ နက်နက်ရှိုင်းရှိုင်း စိတ်လွင့်မျောနေရပြီး ရုန်းမထွက်နိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လုချန်းက အတိအကျ မည်သို့သော နည်းလမ်းများကို အသုံးပြုထားသနည်း။
သူ့နှင့် အနီးကပ် ထိတွေ့မှု ရှိရုံဖြင့် သူမသည် သူ့အပေါ် စိတ်နစ်မြောသွားရပြီး သူမ၏ ကိုယ်ပိုင် နတ်စွမ်းအားဖြင့်ပင် ဖိနှိပ်ရန် မတတ်နိုင်တော့ပေ။
နတ်တစ်ပါး အနေနှင့် သူမ၏ ကိုယ်တွင်းရှိ အောက်တန်းကျသော ရာဂစိတ်ဆန္ဒများကို ဖိနှိပ်ရန်က အလွန်တရာ လွယ်ကူလှပေသည်။ သို့သော်လည်း ယခုအခါ သူမသည် နတ်သခင်အဆင့် ဖြစ်နေပါလျက်နှင့် ခန္ဓာကိုယ်၏ အလိုဆန္ဒများကို ဖိနှိပ်ချုပ်တည်းနိုင်ခြင်း မရှိသေးပေ။
ဤလူရှုပ်သည် လူမသိသူမသိ ကျင့်စဉ်တစ်ခုခုကို ဧကန်မုချ အသုံးပြုထားခြင်း ဖြစ်ရမည်။
မဟုတ်ပါက သူမအနေနှင့် သူ့အပေါ် မည်သည့်အတွက်ကြောင့် စိတ်နှလုံး နစ်မျောသွားရပါမည်နည်း။
ထိုသို့ဖြင့် နတ်သခင် ရှီယွဲ့သည် သူမ၏ အရှုံးကို လက်ခံလိုက်ပြီး နောက်ဆုံးတွင် လုချန်းနှင့်အတူ သားရဲအမြုတေကို ပူးပေါင်း သန့်စင်ရန်အတွက် သူမ၏ နတ်စွမ်းအားကို အသုံးပြုရန် ရွေးချယ်လိုက်တော့သည်။
ဆက်လက် တောင့်ခံနေခြင်းက အဓိပ္ပာယ်မရှိတော့ပေ။ တစ်ဖက်တွင်လည်း လုချန်းသည် သူမအား သားရဲအမြုတေကို သန့်စင်ရာတွင် တကယ် ကူညီပေးနိုင်ပြီး အခြားတစ်ဖက်တွင်တော့ သူမသည် သူ့အပေါ် စိတ်နှလုံး ယိမ်းယိုင်သွားခဲ့ရပြီး လုချန်းနှင့်အတူ သူမ၏ စိတ်အလိုဆန္ဒများကို ဖြေဖျောက်ရန် လိုအပ်နေသောကြောင့် ဖြစ်၏။
ထို့ပြင် အရေးအကြီးဆုံး အကြောင်းပြချက်မှာ လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းက သားရဲအမြုတေ သန့်စင်မှုကို မြန်ဆန်စေနိုင်ပါက သူမအနေနှင့် စစ်မှန်သော အမြီးကိုးခု မြေခွေးအဖြစ်သို့ အသွင်ပြောင်းလဲခြင်းကို ပိုမိုလျင်မြန်စွာ အဆုံးသတ်နိုင်မည် ဖြစ်သောကြောင့်ပင်။
သူမ အမြီးကိုးခု မြေခွေး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်လမ်းစဉ် ကတိသစ္စာသည် သူမအား ဆက်လက် ချည်နှောင်ထားနိုင်တော့မည် မဟုတ်ပေ။ လုချန်းသည်လည်း သူမကို လာရောက် ထိတွေ့ကိုင်တွယ်နိုင်တော့မည် မဟုတ်ပေ။
နတ်သခင် ရှီယွဲ့သည် သူမ၏ ခန္ဓာကိုယ်တွင်း နတ်စွမ်းအားများကို စိတ်ပါလက်ပါ လည်ပတ်လိုက်လျှင် သူမ ယခင်က စုပ်ယူထားခဲ့သော သားရဲအမြုတေသည် နတ်ဆိုးစွမ်းအားများကို တဟုန်ထိုး သောင်းကျန်းစွာ စတင် ထုတ်လွှတ်လာပြီး နတ်သခင် ရှီယွဲ့၏ ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးစွမ်းအားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
နတ်ဆိုးစွမ်းအားများ တိုးပွားလာသည်နှင့်အမျှ နတ်သခင် ရှီယွဲ့သည် သူမကိုယ်သူမ လုချန်းထံသို့ ပို၍ ဆွဲဆောင်ညှို့ငင်ခြင်း ခံနေရသည်ကို ခံစားလိုက်ရ၏။
မကြာမီအချိန်အတွင်းမှာပင် အိပ်ဆောင်အတွင်း၌ တိရစ္ဆာန် ပုံရိပ်ဆန်း အမြောက်အမြား ရုတ်တရက် ပေါ်ပေါက်လာပြီး ထိုပုံရိပ်အားလုံးက မျိုးပွားခြင်း လုပ်ဆောင်ချက်များကို ပြုလုပ်နေကြသည်။
ဤပုံရိပ်ဆန်းများကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ အနည်းငယ် အံ့အားသင့်သွားရပြီး ဘာတွေ ဖြစ်ပျက်နေတာလဲဟု တွေးတောမိသည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“ဒါက လမ်းစဉ်ရဲ့ ဖြစ်စဉ်ဆန်းတစ်ခုပဲ။ စိတ်ထဲထားနေဖို့ မလိုပါဘူး။”
လမ်းစဉ်ရဲ့ ဖြစ်စဉ်ဆန်း ဟုတ်လား။
နတ်သခင် ရှီယွဲ့ လုချန်း၏ စကားကို သေချာနားမလည်နိုင်သေးခင်မှာပင် သူမသည် မျိုးပွားခြင်း လမ်းစဉ်၏ စွမ်းအားကို တဖြည်းဖြည်းချင်း ဆုပ်ကိုင်မိလာသည်ကို ခံစားလိုက်ရ၏။
သူမ ဤစွမ်းအားကို အပြည့်အဝ တတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် နောင်အနာဂတ်တွင် မျိုးဆက်များ ပွားများရန်မှာ အလွန်တရာ လွယ်ကူသွားမည်ဖြစ်ပြီး ကျင့်စဉ်အဆင့်၏ ကန့်သတ်ချက်များမှ လုံးဝ လွတ်မြောက်သွားမည် ဖြစ်သည်။
ဒါက ဘာသဘောလဲ။
သူမသည် အဘယ်ကြောင့် အကြောင်းရင်းမရှိပဲ မျိုးပွားခြင်း စွမ်းအားကို နားလည်သွားရသနည်း။
ထို့ပြင် သူမသည် မျိုးပွားခြင်း လမ်းစဉ်ကို ကျင့်ကြံနေခြင်းလည်း မဟုတ်ပါပေ။
နတ်သခင် ရှီယွဲ့သည် ကွင်းကွင်းကွက်ကွက် ချက်ချင်း သဘောပေါက်သွားပြီး သူမအပေါ် စော်ကားနေသော ထိုအမျိုးသားကို စိုက်ကြည့်ကာ
“ရှင် လုပ်တာလား”
ဟု မေးလိုက်တော့သည်။
လုချန်း လည်ပတ်နေသည့် နတ်နိယာမ၏ ထူးဆန်းမှုကို သူမ အာရုံခံမိပြီးသား ဖြစ်သည်။
လုချန်းက
“ကျုပ်ကျင့်ကြံတဲ့ စုံတွဲကျင့်စဉ်က ခင်ဗျားကို ကျုပ်ကျင့်ကြံတဲ့ လမ်းစဉ်ကို နားလည်သဘောပေါက်အောင် ကူညီပေးနိုင်လို့လေ။”
လုချန်း၏ အဖြေကို ကြားလျှင် နတ်သခင် ရှီယွဲ့က အေးစက်စွာဖြင့်
“တကယ်ပဲရှင် လုပ်တာကိုး”
“ကွန်မဘဝမှာ ဒီလို ကောက်ကျစ်စဉ်းလဲတဲ့ အတတ်ပညာမျိုးကို ကျင့်ကြံတဲ့လူကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ရှင်က အသိဉာဏ်မရှိတဲ့ သားရဲတွေနဲ့ ဘာမှမထူးဘူး။”
အခြားသူများက ပိုစွမ်းအားကြီးလာရန် သို့မဟုတ် အသက်ရှည်ရန် ကျင့်ကြံကြ၏။
လုချန်း၏ မျိုးပွားခြင်း လမ်းစဉ်က မည်သည့်နေရာတွင် အသုံးဝင်သနည်း။
မျိုးဆက်များ ပွားများရန်အတွက် သက်သက်သာလား။
ဒါက အခြေခံ ဗီဇဆန္ဒတွေအတိုင်း လှုပ်ရှားနေတဲ့ သားရဲတွေနဲ့ ဘာထူးခြားလို့လဲ။
လုချန်းက ရယ်မောကာ
“ခင်ဗျားပြောတာကိုလည်း ကြည့်ဦး။ အခု ခင်ဗျားလည်း မျိုးပွားခြင်း လမ်းစဉ်ကို နားလည်သွားပြီဆိုတော့ ခင်ဗျားကိုယ်တိုင်လည်း ခင်ဗျားပြောတဲ့ အသိဉာဏ်မရှိတဲ့ သားရဲနဲ့ အတူတူပဲ ဖြစ်မသွားဘူးလား။”
“ရှင်...”
နတ်သခင် ရှီယွဲ့ စကားမဆုံးခင်မှာပင် သားရဲအမြုတေအတွင်းမှ နတ်ဆိုးစွမ်းအားများ သူမ၏ ခန္ဓာကိုယ်ထဲသို့ လှိုင်းလုံးကြီးများကဲ့သို့ အလုံးအရင်းဖြင့် စီးဝင်လာသည်ကို ခံစားလိုက်ရလေသည်။
အစကတော့ နတ်ဆိုးစွမ်းအားများသည် သားရဲအမြုတေအတွင်း၌သာ ကန့်သတ်ချုပ်နှောင်ထားခြင်း ဖြစ်ပြီး သူမ သန့်စင်သည့်အခါတွင်လည်း ဖြည်းဖြည်းချင်းသာ သန့်စင်နိုင်သည်။
သို့သော်လည်း လုချန်းက သူမအား စတင်ကူညီပေးလိုက်သည်နှင့် သားရဲအမြုတေသည် နတ်စွမ်းအားများ၏ ရိုက်ခတ်မှုကို ခံလိုက်ရသဖြင့် အက်ကွဲကြောင်းများ ပိုဖြစ်ပေါ်လာကာ နတ်ဆိုးစွမ်းအားများကို ပိုမိုထုတ်လွှတ်လာခဲ့သည်။
ဤမျှများပြားသော နတ်ဆိုးစွမ်းအားများ သူမ၏ ခန္ဓာကိုယ်ထဲ၌ စုပုံလာပြီး မသန့်စင်ရသေးသဖြင့် သူမအနေနှင့် ဤနတ်ဆိုးစွမ်းအားကို မထိန်းချုပ်နိုင်တော့ပေ။
၎င်းက သူမ၏ စိတ်ဝိညာဉ် အသိဉာဏ်ကို ဖိနှိပ်ချုပ်တည်းလိုက်၏။ ထိုသို့ ဖိနှိပ်ခံလိုက်ရသည်နှင့်အမျှ သူမ၏ မူလ ဗီဇဆန္ဒများမှာလည်း မီးတောင်ပေါက်ကွဲသကဲ့သို့ ထိန်းမနိုင်သိမ်းမရ ပြန်လည် ထကြွလာတော့သည်။
နတ်သခင် ရှီယွဲ့သည် ပြဿနာကို သတိပြုမိသွားကာ အံကို ကြိတ်ရင်း လုချန်းအား
“ကျွန်မ.. ကျွန်မဘာသာ သားရဲအမြုတေကို သန့်စင်နိုင်တယ်။ ရှင့်ရဲ့ အကူအညီ မလိုဘူး။”
လုချန်းက သူမ၏ သားရဲအမြုတေ သန့်စင်မှုကို တကယ် မြန်ဆန်စေသည်မှာ မှန်သော်လည်း ၎င်းက သားရဲအမြုတေမှ နတ်ဆိုးစွမ်းအား ထုတ်လွှတ်မှုကိုပါ မြန်ဆန်စေခဲ့သည်။
ထို့ပြင် သန့်စင်မှု အရှိန်နှုန်းနှင့် အမှီမလိုက်နိုင်ပါက သူမသည် သူမ၏ အလိုဆန္ဒများကို ထိန်းချုပ်နိုင်စွမ်း လက်လွှတ်ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။
ထို့ပြင် လုချန်း၏ လှည့်ကွက်ကြောင့် သူမအား မျိုးပွားခြင်း လမ်းစဉ်ကို နားလည်သွားစေရာ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ကြီးစွာသော ပြဿနာများ တက်လိမ့်မည် ဖြစ်သည်။
လုချန်းက ရယ်မောကာ
“ဒါတော့ မရဘူးလေ ... စုံတွဲကျင့်စဉ် ကျင့်တာက ခင်ဗျားတစ်ယောက်တည်း သားရဲအမြုတေ သန့်စင်တာထက် မြန်ရင် စုံတွဲကျင့်စဉ် ကျင့်မယ်လို့ ကျုပ်တို့ သဘောတူထားတာလေ။”
“မနေ့က ခင်ဗျား တစ်ရက်လုံး ကျင့်ကြံတာတောင် သားရဲအမြုတေထဲက နတ်ဆိုးစွမ်းအား ဘယ်လောက်များများ သန့်စင်နိုင်လို့လဲ။ ကျုပ်တို့ ခုလေးတင်ပဲ စရသေးတယ်။ သန့်စင်ပြီးသား နတ်ဆိုးစွမ်းအားက မနေ့က ခင်ဗျားသန့်စင်ခဲ့တာထက် အပြတ်အသတ် သာလွန်နေပြီလေ။”
လုချန်းက လျှော့မပေးသလို သားရဲအမြုတေမှ ထွက်လာသော နတ်ဆိုးစွမ်းအားများမှာလည်း ပို၍ ပို၍ များပြားလာသဖြင့် နတ်သခင် ရှီယွဲ့၏ စိတ်ထဲ၌ ထိတ်လန့်မှုများ လွှမ်းမိုးလာ၏။
သူမသည် လုချန်းအား တွန်းထုတ်ရန် ရည်ရွယ်ချက်ဖြင့် သူမ၏ လက်ကို အလျင်အမြန် မြှောက်လိုက်၏။
သို့သော်လည်း နောက်တစ်ခဏ၌ လုချန်းက သူမ၏ လက်ကို ဖမ်းဆွဲကာ ကုတင်ပေါ်သို့ ဖိချလိုက်ပြီးနောက် ကိုယ်ကို ကိုင်းညွတ်ကာ နတ်သခင် ရှီယွဲ့၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်တော့၏။
“အု... အု... အု...”
…….
အရိုင်းနယ်မြေ။
လျှို့ဝှက်လဝန်း နန်းတော်။
ယွမ်ယုတိ၏ အိပ်ဆောင်။
ယွမ်ယုတိသည် လုချန်းအား အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်နေ၏။
သူမသည် နတ်သခင် ရှီယွဲ့နှင့် ဆက်လက်၍ မပြိုင်ဆိုင်တော့ပေ။
ဆက်လက် ပြိုင်ဆိုင်နေခြင်းက ဤတဏှာရူး လုချန်းအတွက်သာ အကျိုးရှိစေမည် ဖြစ်သည်။
ယွမ်ယုတိက လုချန်းအား ငုံ့ကြည့်ကာ
“ကျွန်မ တကယ် သိချင်မိတယ်။ ရှင်ပြောတဲ့ သူက ဘယ်သူလဲ။”
လုချန်းက ယွမ်ယုတိအား ဖုံးကွယ်မထားပဲ အမှန်အတိုင်း ဖြေလိုက်၏။
“သားရဲမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင် နတ်သခင် ရှီယွဲ့လေ။”
လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ယုတိ အံ့အားသင့်ကာ ကြောင်အမ်းသွားခဲ့၏။
သားရဲမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင် ဟုတ်လား။
သူမက အရှေ့ပိုင်းနယ်မြေရှိ အုပ်စိုးသူ အဆင့် အင်အားစုကြီးတစ်ခု၏ ခေါင်းဆောင် မဟုတ်ပါလား။
ဤတဏှာရူးက သူမကိုပါ ကုတင်ပေါ် ရောက်အောင် ဖြားယောင်းနိုင်ခဲ့တာလား။
နတ်သခင် ရှီယွဲ့က သူမနှင့် မတူပေ။
သူမကိုယ်တိုင်သည်လည်း နတ်သခင်တစ်ပါး ဖြစ်သော်လည်း သူမသည် နတ်ဘုရင်အဆင့်တွင် ရှိနေစဉ်ကတည်းက လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့ခြင်း ဖြစ်၏။ အရေးအကြီးဆုံး အချက်က သူမသည် အင်အားစုအသေးစားလေးတစ်ခု၏ နတ်သခင်သာ ဖြစ်နေခြင်းပင်။
သို့သော်လည်း သားရဲမဟာမိတ်သည် အရှေ့ပိုင်းနယ်မြေရှိ အုပ်စိုးသူအဆင့် အင်အားစုကြီးတစ်ခု ဖြစ်သည့်အပြင် နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်း အင်အားစုကြီးလည်း ဖြစ်ပေသည်။
အဆင့်အတန်းနှင့် အာဏာပိုင်းအရ ကြည့်မည်ဆိုပါက နတ်သခင် ရှီယွဲ့သည် လျှို့ဝှက်လဝန်း နန်းတော်သခင်ဖြစ်သော သူမထက် မိုးနဲ့မြေလို အဆပေါင်းများစွာ ကွာခြားလှပေသည်။
ယွမ်ယုတိ သတိပြန်ဝင်လာပြီးနောက်
“ရှင် သူ့ကို ကုတင်ပေါ် ရောက်အောင် ဘယ်လို ဖြားယောင်းလိုက်တာလဲ”
ဟု မေးလိုက်တော့သည်။
လုချန်းက ရယ်မောကာ တုံ့ပြန်၏။
“ခင်ဗျားကလည်း ဘာတွေ ပြောနေတာလဲ။ ‘ဖြားယောင်းတယ်’ ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျုပ်တို့က အချစ်စစ်ပဲဟာ။”
ယွမ်ယုတိ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
လုချန်း မည်သို့သော လူစားမျိုးဖြစ်သည်ကို သူမ အသိဆုံး ဖြစ်သည်။
--