← Chapters

ရှုလီကောရဲ့ အကြိုက်

Vol. 021 Ch. 1013

ရှုလီကောရဲ့ အကြိုက်

Vol. 021 Ch. 1013

ဘိုင်ဝေက ဝမ်လင်းကို ပြုံးပြ၏။သူ့ဖိးနစ်ဆန်သည့် မျက်လုံးထဲ၌ မျှော်လင့်ချက်တို့ ပြည့်နေသည်။သူက ပြန်ထွက်ခွာသွားသည်။

ဝမ်လင်းသည် မချိပြုံးပြုံးမိ၏။ သူက ဘိုင်ဝေနှင့် ပတ်သတ်၍ ခေါင်းကိုက်သလိုပင် ခံစားမိသည်။ထိုအခိုက်၌ သူ့သိုလှောင်အိတ်ထဲကနေ လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရှုလီကော၏အသံသည် သူ့စိတ်ထဲသို့ ရောက်လာ၏။

“အရည်အသွေးကောင်းပဲ။ အရည်အသွေးကောင်းပဲ။ သခင်…ဒါက တကယ် အရည်အသွေးကောင်းပဲ။ ငါ ရှုလီကော က မရေမတွက်နိုင်တဲ့လူတွေနဲ့ တွေ့ဖူးတယ်။ဒါပေမဲ့ ဒီလိုကျက်သရေ ရှိတဲ့လူကို ခုမှပဲ တွေ့ဖူးတော့တယ်။အထူးသဖြင့် သူမရဲ့ အကြည့်လေးပဲ။ ဒီအကြည့်က ဘိုးဘိုးရှုရဲ့ အရိုးကိုတောင် နူးညံ့စေတယ်။ သခင်…သင် သူ့ကို မကြိုက်ရင် ငါ ကြိုက်မယ်။ ငါသူမကို မြင်တော့ အတိတ်တုန်းက မိုင်ဂျီကိုတောင် ပြန်အမှတ်ရသွားတယ်…”

ဝမ်လင်းသည် ရှုလီကော၏စကားများကို လစ်လျူရှုကာ သူ့အသံကို ဖြတ်တောက်လိုက်၏။

ခဏအကြာတွင် ဝမ်လင်းဘေးမှ တခစ်ခစ်ရည်သံ ထွက်ပေါ်လာ၏။ကျောက်ရှန်းမိုင်သည် ထွက်ပေါ်လာသည်။ဝမ်လင်းထံသို့ သူမ၏အကြည့်က အနည်းငယ် ထူးခြားနေ၏။

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ မတ်တပ်ထရပ်၍ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်၏။သူက ပြောလိုက်သည်။ “စီနီယာအမလေး…ငါ နင့်ကိစ္စကို စဉ်းစားပေးပါ့မယ်…”

ကျောက်ရှင်းမိုင်က ဝမ်လင်းကို ကြည့်၏။အနည်းငယ် စဉ်းစားပြီးနောက် သူက နူးညံ့စွာ ပြောလာသည်။ “ငါ့ကျင့်ကြံမှုအဆင့်က မြင့်မားခြင်းမရှိပေမဲ့ ငါက နှစ်ပေါင်းထောင်ချီထိန်းသိမ်းထားတဲ့ အပျိုစင် ဖြစ်နေပါသေးတယ်။ နင်သာ ငါ့ချိပ်ပိတ်မှုကို အားကောင်းစေရင် ငါ …ငါ နင့်ကို ငါ့ရဲ့မူလယင်ဓာတ်(အပျိုစင်ဓာတ်)ကို ပေးပါ့မယ်…”

ဝမ်လင်း၏ မျက်နှာချင်းဆိုင်ရှိ ကျောက်ရှင်းမိုင်၏မျက်နှာသည် နီရဲလာ၏။သူမက သူမ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သေးငယ်သောအနီရောင်စက်လေး ထွက်ပေါ်လာသည်။

သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ထိုအနီရောင်စက်လေးကို အောက်သို့ ချ၏။ ထို့နောက် ဝမ်လင်းကို ကြည့်လိုက်သည်။ သည့်နောက် သူမသည် ပြန်ထွက်သွားတော့သည်။

“ဒါက ငါ့နောက်ဆုံးမျှော်လင့်ချက်ပဲ။ သူက လင်းထျန်ဟူနဲ့တောင် တိုက်ခိုက်နိုင်တော့ သူ့ကျင့်ကြံမှုအဆင့်ဟာ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် မကလောက်ဘူး။ သူက နိဗ္ဗာနကသန့်စင်ခြင်းအဆင့်လောက် ဖြစ်လိမ့်မယ်။ သူသာ ငါ့ကို ကူညီပေးရင် သူက ငါ့ကိုယ်ထဲက ချိပ်ပိတ်မှုကို အမြဲ ဖိနှိပ်ပေးနိုင်လိမ့်မယ်…”

ကျောက်ရှင်းမိုင်သည် သက်ပြင်းချ၏။ထို့နောက် သူမသည် မိုးကုပ်စက်ဝန်းထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

“ငါက အခြားလူတွေကို အကူအညီတောင်းရင်လည်း ဆရာ ရှိနေသ၍ ဘယ်သူမှ ကူညီဝံ့လိမ့်မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် အခန်းထဲ၌ ထိုင်နေ၏။သူက စဉ်းစားနေသည်။ ကျောက်ရှင်းမိုင်ကို ကူညီပေးဖို့က သူ့အတွက် လွယ်၏။သို့သော် ထိုသို့ ပြုလုပ်ခြင်းက ရှေ့ဖြစ်ဟောသူကို ကျေနပ်စေလိမ့်မည် မဟုတ်ပေ။

“ကျောက်ရှင်းမိုင်ပြောတာ အမှန်ဆိုရင် ဆရာရဲ့ မတူကွဲပြားမှုမှာ လေးနက်တဲ့အဓိပ္ပာယ် တစ်ခု ရှိနေရမယ်။ ဖြစ်နိုင်တာက သူကိုယ်တိုင်လည်း ဒီကိစ္စကို သူ့စိတ်ထဲမှာ ပဋိပက္ခ ဖြစ်နေတာများလား…”

ဝမ်လင်းသည် စဉ်းစားနေရင်း ကောင်းကင်ဘုံဓားရှုလီကောသည် စတင်၍ ဂနာမငြိမ် ဖြစ်လာ၏။ ထိုအခါ ဝမ်လင်း၏ သိုလှောင်အိတ်ထဲမှ တုန်ခါလှိုင်းများထွက်လာကာ သူ့အတွေးများကို နှောက်ယှက်နေသည်။ ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။သူက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ကောင်းကင်ဘုံဓားသည် ချက်ခြင်း ပျံသန်းထွက်ကာ အနက်ရောင်မြူများ ဖြစ်ပေါ်သည်။ထိုအနက်ရောင်မြူများက မြန်ဆန်စွာ သိပ်သည်း၍ ရှုလီကော၏ပုံပန်းအသွင် ထွက်ပေါ်လာလေသည်။

ရှုလီကော၏မျက်လုံးက တောက်ပနေ၏။သူက အစောပိုင်းဘိုင်ဝေ ထိုင်ခဲ့သည့်နေရာကို ရှုရှိုက်နေသည်။သူက ခပ်တိုးတိုး ဆိုသည်။ “တကယ့်ကို အရည်အသွေးကောင်းပဲ…”

ရှုလီကောက ညစ်တီးညစ်ပတ် ပြုံးနေ၏။

ဝမ်လင်းသည် ရှုလီကောကို အေးစက်စွာ ပိတ်ကြည့်လိုက်သည်။ ရှုလီကောက တုန်ယင်သွား၏။သူ့ခန္ဓာကိုယ်ထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ထိုအေးစိမ့်မှုက သူ့စိတ်ဝိညာဉ်ကိုပါ ထွင်းဖောက်လာခဲသည်။သူက ကြိတ်၍ စိတ်ထဲကနေ ပြောနေသည်။

“သေစမ်း…ဒီမိစ္ဆာရဲ့ကျင့်ကြံမှုအဆင့်က ထပ်မြင့်မားသွားပြန်ပြီ။ ဒါ မမျှတဘူး။ ဒီမိစ္ဆာက ငါဘိုးဘိုးရှုကို သူ့အတွေးတစ်ချက်နဲ့တင် သတ်ပစ်နိုင်တယ်လို့ ခံစားမိနေတယ်…”

ထိုအရာက သူ့စိတ်ထဲ၌ တွေးနေမိခြင်းပင်။အပြင်ပိုင်းတွင်မူ ရှုလီကောက ဖားယား၍ ပြောလာ၏။

“သခင်က တကယ်ခွန်အားကြီးတာပဲ။ သခင်ရဲ့ ကျင့်ကြံမှုအဆင့်က တိုးမြင့်လာခဲ့ပြန်ပြီ။သခင်က တကယ်ပဲ ကောင်းကင်ဘုံရဲ့ ချီးမြင့်ခြင်း ခံရတဲ့လူပဲ…”

ရှုလီကော စကားမဆုံးခင် ဝမ်လင်းက ဖြတ်၍ တည်ငြိမ်စွာ ပြောသည်။ “ဘာပူပန်စရာများ ရှိိလို့ မင်းက အပြင်ထွက်လာခဲ့ရတာလဲ…” ဝမ်လင်းအသံက တည်ငြိမ်၏။သို့သော် အေးစက်နေသည်။

ရှုလီကောက မြှောက်ပင့်၍ ပြန်ဖြေလာ၏။ သခင်…ကောင်လေးရှု ထွက်လာရတာက “သခင့်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတာကို ဂုဏ်ပြုပေးချင်လို့ပါ....ဟီးဟီး…” ရှုလီကောက ထိုသို့ ပြန်ဖြေရင်း ဝမ်လင်းကို ဂရုတစိုက်ကြည့်၏။ သူ့စကားအသွားအလာကိုလည်း အချိန်မရွေး ပြင်ဆင်နိုင်ရန် ပြင်ထား၏။

တကယ်တော့ ဝမ်လင်းသည် ရှုလီကောကို ဖန်တီးခဲ့သူ ဖြစ်သည့်အတွက် သူ့အကြောင်းကို နောကြေနေလေပြီ။ဝမ်လင်းသည်။ ရှုလီကောက အပြင်ပိုင်း၌ ခုလိုမျိုး သူ့အပေါ် ပြုမူသော်လည်း အတွင်းစိတ်ထဲတွင်မူ အမြဲ သူ့ကို သစ္စာဖောက်ချင်နေကြောင်း သိထားပေ၏။ ရှုလီကောကို ထိန်းချုပ်နိုင်ဖို့က သူ့ထက် ကျင့်ကြံမှုအဆင့် အမြဲ သာနေမှ ဖြစ်မည်ကိုလည်း ဝမ်လင်း သိထားပေ၏။

ဝမ်လင်း၏ မျက်မှောင်ကြုတ်၏။ သို့သော် သူက ပြုံးလာသည်။ သူက ရှုလီကောကို ကြည့်ကာ ဆိုသည်။ မ”င်းမှာ ငါ့အပေါ် ဒီလိုစိတ်ကောင်းရှိမှတော့ မင်း ခုချက်ခြင်း ကောင်းကင်ဘုံဓားထဲ ပြန်မဝင်တော့နဲ့။ ငါနဲ့နေပြီး မင်း အမွေဆက်ခံရထားတဲ့ ဓားစိတ်ဆန္ဒကို နားလည်အောင် လုပ်ပါ…”

ရှုလီကောက ချက်ခြင်းပင် သူ့ရင်ဘက်ကို ပုတ်ကာ ပြောလိုက်၏။ “သခင်…စိတ်ချနေပါ။ ကောင်လေးရှုက သ့င်ကို ဘယ်တော့မှ မျက်နှာမပျက်စေရပါဘူး။ ငါ တိုးတက်လာအောင် ကျင့်ကြံမှာပါ…”

အပြင်ပိုင်း၌ ရှုလီကောက ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ကြိတ်၍ ရယ်နေသည်။

ဝမ်လင်းက ရှုလီကောနှင့် ပတ်သတ်ပြီး ဆက်၍ အာရုံမစိုက်တော့ပေ။ သူက ထိုင်ချကာ စတင်၍ ကျင့်ကြံတော့၏။

ရှုလီကောက တစ္ဆေတစ်ကောင်အလား အခန်းထဲ၌ လှည့်ပတ်သွားနေ၏။ထို့နောက် သူက ပျင်းလာဟန် ရသည်။ သူသည် ဘိုင်ဝေ၏ အတုမဲ့အလှကို မတွေးမိဘဲ မနေနိုင် ဖြစ်ရ၏။

“အလှလေး…အလှလေး…သူမသာ အမျိုးသမီးတစ်ယောက်ဆိုရင် သူမက တကယ့်ကို ထူခြားနေမှာ မဟုတ်ဘူး။ ဘိုးဘိုးရှုက မိန်းမတွေ အများကြီး ကြုံဖူးတယ်။ဒါပေမဲ့ သူမက ယောက်ျားတစ်ယောက် ဖြစ်နေတာပဲ…ဟင်း…ဟင်း…”

ရှုလီကော၏ စိတ်ထဲ၌ ခုချက်ခြင်းပင် ဘိုင်ဝေကို သွားရှာချင်စိတ် ဖြစ်ပေါ်နေလေသည်။

သူ့စိတ်ထဲ၌ အညစ်အကြေးတို့နှင့် တဏှာရာဂတို့နှင့် ပြည့်နေ၏။ သို့ရာတွင် သူက ဝမ်လင်း အနီးနားတွင် ရှိနေသည်ကို ပြန်တွေးမိသည့်အခါ သက်ပြင်းသာ ချမိတော့သည်။

ထို့နောက် ရှုလီကောသည် စိတ်ထဲကနေ ကျိန်ဆဲ၏။ “ဒီမိစ္ဆာကောင်ဝမ်လင်းက ဘဝကို ဘယ်လိုပျော်ရွှင် ခံစားရမလဲ နားမလည်းဘူး။ငါသာ ငါ့ကို လာကမ်းလှမ်းပြီး ရေလာမြောင်းပေးလုပ်လို့ကတော့ ချက်ခြင်း အဲ့လူအပေါ် ခုန်တက်ပစ်မယ်။ လှတဲ့လူသာဆိုလို့ကတော့ ပြောနေစရာတောင် မလိုတော့ဘူး…”

ရှုလီကောသည် သက်ပြင်းချမိ၏။သူက ဘာကြောင့် လုံလောက်အောင်စွမ်းအား မကောင်းမှန်းမသိ ဖြစ်နေရ၏။ အချိန်အတန်ကြာတွေးပြီးနောက် သူသည် ထိုင်ချကာ သူအမွေအနှစ်ရရှိထားသည့် ရှေးဟောင်းဓားစိတ်ဆန္ဒကို ဆင်ခြင်နေတော့သည်။

“မင်းတို့ရဲ့ ဘိုးဘိုးရှုက သေချာကြိုးစားမှ ရတော့မယ်။ မဟုတ်ရင် ဒီမိစ္ဆာကောင်နဲ့ ငါ့ကြားက ကွာခြားချက်က အတော် ကြီးမားသွားလိမ့်မယ်။ အဲ့ကျရင် ငါက ဒီမိစ္ဆာကောင်ရဲ့ လက်ထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး…”

ရှုလီကောက စတင်ကျင့်ကြံနေပြီးနောက် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးသည် တောက်ပသွား၏။ထို့နောက် သူက မျက်လုံးပြန်မှိတ်ကာ ရှုလီကောကို လစ်လျူရှုထားတော့သည်။ သို့ရာတွင် ဝမ်လင်းက သည်မကောင်းဆိုးဝါး ရှုလီကောကို နောက်တစ်ဖန် ထပ်၍ သန့်စင်မွန်းမံရမည်ဟု သူ့စိတ်ကိုယ်သူ ပိုင်းဖြတ်လိုက်သည်။

အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးသွား၏။ နေ့လည်သို့ပင် ရောက်လာခဲ့လေပြီ။ အဆောက်အဦအပြင်ဘက်ရှိ နေမင်းသည် တောက်ပနေ၏။ ကောင်းကင်သည် ကြည်လင်၍ အပြာရောင်သန်းနေသည်။

ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။သူ့ခန္ဓာကိုယ်သည် လှုပ်ရှားသွားသည်။သူက တံခါးဖွင့်လိုက်ပြီးနောက် အပြင်သို့ လှမ်းလျှောက်ထွက်လာ၏။ ရှုလီကောကလည်း ထ လာ၏။ သူ့မျက်လုံးဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုတို့ကို ဖိနှိပ်ထားလိုက်ရသည်။

“ငါ ဟိုအလှလေးကို တွေ့ရတော့မယ်…”

ဝမ်လင်းသည် လေထဲသို့ ခြေလှမ်းကာ ခရမ်းရောင်တောင်အောက်ခြေသို့ ဦးတည်သွားတော့သည်။အကွာအဝေးတစ်ခု၌ သူက တောင်ခုနစ်လုံးကြား၌ လှုပ်ရှားနေသော ပုံရိပ်များကို တွေ့မြင်နေရ၏။ထိုအရာကပင် ကလန်ကြီးတစ်ခု၏ ပုံရိပ်မြင်ကွင်းကို ဖော်ကြူးခြင်း မဟုတ်လား။

အကွာအဝေးတစ်ခု၌ မန္တာန်ရွတ်သံများ ထွက်ပေါ်နေ၏။ ကလန်၏ အဆင့်နိမ့်တပည့်များက သူတို့၏မန္တာန်များကို ကျွမ်းကျင်မှုရှိရန် လေ့ကျင့်နေကြခြင်းပင်။

သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်တို့က ကောင်းကင်ဘုံကံကြမ္မာကလန်၌ ပြည့်နှက်နေ၏။ သို့ရာတွင် နေ့လည်ပေါင်း ရောက်သည့်အခါ ယင်အပူဓာတ် ရှိလာသည့်အတွက် ကျင့်ကြံဖို့ သိပ်မသင့်တော့ပေ။

ခရမ်းရောင်အုပ်စုခွဲက အုပ်စုခွဲခုနစ်ခုကြား၌ အနိမ့်ဆုံး ဖြစ်၏။

ထို့အတွက်ကြောင့် ခရမ်းရောင်တောင်ပေါ်တွင် တပည့်အရေအတွက်သည် ပုံမှန်ထက် နည်း၏။ ထို့ကြောင့် တောင်ပေါ်တွင် လူဦးရေ ထူထပ်နေခြင်း မရှိတော့ပေ။တောင်ထိပ်ကို နေရာလွတ်များ ဖြစ်စေသည်။

ဝမ်လင်းက တောင်စောင်းအတိုင်း ဆင်းလာရင်း သူသည် မည်သူ့ကိုမျှ မတွေ့ရသေးပေ။ ရှုလီကောကလည်း သူ့နောက်ကနေ လိုက်လာ၏။ရှုလီကော၏ စိတ်ထဲကမူ ဘိုင်ဝေနှင့်တွေ့ရမည့်အကြောင်းကိုသာ တွေးနေလေ၏။ထို့ကြောင့် ဝမ်လင်းအပေါ် သူ့အမုန်းပင် အနည်းငယ် လျော့ပါးလာသည်ဟု ထင်ရသည်။

ဝမ်လင်း၏အရိပ်ကို ကြည့်ကာ ရှုလီကောက တွေးမိပြန်သည်။ “ဒီမိစ္ဆာကောင်က နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး သူ့မှာ ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ မရှိခဲ့ဘူ။ ဒါပေမဲ့လည်း သူဟာ အမြုတေကျင့်ကြံခြင်းအဆင့်ကနေ အခုလိုစွမ်းအားထောက်တိုင်လို့ ဆိုလို့ရမယ့် အဆင့်ထိ ရောက်အောင် ကျင့်ကြံလာနိုင်ခဲ့တယ်။ ဒီအတွက်တော့ ငါ ဘိုးဘိုးရှုလီကောက နည်းနည်းတော့ လေးစားမိတယ်…”

ထိုသို့ တွေးမိနေရင်း ရှုလီကောသည် သူ့အတွေးစိတ်ကူးကို ချက်ခြင်း ပယ်ဖျက်လိုက်၏။ သူက နောက်ထပ် အတွေးတစ်ခု ထပ်ရပြန်၏။ “ငါက သူ့လို မဖြစ်ချင်ဘူး။ သူ့ဘဝမှာ ပျော်ရွှင်မှုအရသာဆိုတာ ဘယ်မှာ ရှိနေလို့လဲ။ သူက သူ့ကျင့်ကြံမှုအဆင့် တိုးတက်ဖို့ အန္တရာယ်တွေ၊သတ်ဖြတ်ခြင်းတွေကို ဖြတ်သန်းပြီး တည်ဆောက်ခဲ့ရတာ။ ငါ ရှုလီကောက ဒီလိုအရာတွေနဲ့ မသင့်တော်ဘူး။အလှလေးတွေကို ဆုပ်ကိုင်ထားတာကမှ သက်တောင့်သက်သာ ဖြစ်လိမ့်ဦးမယ်…”

“ငါသာ သူ့ကို သဘောကျမိရင် ငါဟာ အနှေးနဲ့အမြန် သူများ ဖျက်စီးတာ ခံရလိမ့်မယ်။ ဒီမိစ္ဆာကောင်က ဘယ်အချိန် ကံဆိုးပြီး အသတ်ခံရမလဲ ငါ မသိဘူး။ မဟုတ်သေးဘူး။ သူသာ အသတ်ခံရရင် ငါ့ကံကြမ္မာကလည်း ဆိုးမလားကောင်းမလား မသိရဘူး။ သူသာ သေခဲ့ရင် ဖြစ်နိုင်တာက ငါ့စိတ်အတွေးကို ဖယ်ရှားပတ်သယ်ခံရပြီး သာမန်ဓားစိတ်ဝိညာဉ်တစ်ကောင်အဖြစ်ပဲ အသုံးချခံရနိုင်တယ်…”

ရှုလီကောသည် ထိုသို့ ကပေါက်တိကပေါက်ချာ ဟိုဟိုဒီဒီတွေးနေရင်းဖြင့်ပင် ဝမ်လင်းသည် တောင်ခြေသို့ ရောက်လာခဲ့တော့၏။

တောင်အောက်ခြေ၌ အဆောက်အဦ တစ်ခု ရှိ၏။ ထိုအဆောက်အဦထဲ၌ ခရမ်းရောင်ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်။ ထိုပုံရိပ်သည် မိန်းမဆန်လှကာ အားနည်းမှု အရိပ်အယောင်ကို ထုတ်ဖော်နေသည်။

ထို့နောက် လေပြေတစ်ခု ရိုက်ခတ်လာရာ ထိုခရမ်းရောင်ပုံရိပ်၏ ဆံပင်များကို ပင့်တင်သွားသည်။ ထိုလူက သူ့ဆံပင်ကို သူ့ကျောက်စိမ်းလို လက်ဖြင့် ပင့်သပ်လိုက်၏။ ထို့နောက် သူက နောက်လှည့်၍ ဝမ်လင်းကို ပြုံး၍ ကြည့်လာသည်။

လူတစ်ယောက်ကသာ အသေးစိတ်ချက်ကျလက်ကျ သိမထားပါက ထိုလူ့ကို မိန်းမအများစုထက်ပင် လှသည်ဟု ထင်မြင်ပေလိမ့်မည်။

ဘိုင်ဝေ၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက ပြုံး၍ ဆိုသည်။ “စီနီယာအစ်ကိုဝမ်က ကတိတည်သားပဲ…”

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။ ဝမ်လင်းနောက်မှ ရှုလီကောက ဘိုင်ဝေကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်းသည် သည်နေရာတွင် မရှိပါက ဘာပဲဖြစ်ဖြစ် သသည် ဘိုင်ဝေပေါ်သို့ ခုန်အုပ်မိပေလိမ့်မည်။

“ဒါက ဘာလဲ…” ဘိုင်ဝေ၏အကြည့်က ရှုလီကောထံသို့ ရောက်သွား၏။ ရှုလီကော၏ခန္ဓာကိုယ်သည် အနက်ရောင်မြူများနှင့် ပြည့်နေ၏။ သည်အခိုက်၌ မြူများက ကျုံ့လာကာ သူ့ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့စဉ်က ပုံပန်းအသွင် ထွက်ပေါ်လာသည်။ သူ့မျက်လုံးတို့၌ မကောင်းဆိုးဝါးဆန်ဆန် ညစ်ထေးမှုတို့ ရှိိနေသည်။သို့သော်သူ့ပုံပန်းအသွင်က အလေးအနက် ဖြစ်နေ၏။သူက စကားပြောချင်နေသည်။သို့သော် သူ့စိတ်ထဲသို့ တိုးဝင်လာသည့် ဝမ်လင်း၏အေးစက်စက်အသံကြောင့် တုန့်ခနဲ ဖြစ်သွားရသည်။

ထိုသို့ လျှပ်တပြတ်ပြောင်းလဲသွားမှုက ဘိုင်ဝေကို မင်သက်သွားစေသည်။

ဒါက ငါ့ရတနာစိတ်ဝိညာဉ်ပါ။ “အစ်ကိုဘိုင်…သင်ပြောတဲ့ စျေးက ဘယ်မှာ ရှိတာလဲ။ ကျေးဇူးပြုပြီး လမ်းပြပေးပါ…” ဝမ်လင်းက လိုရင်းကိုသာ တန်းပြောလိုက်၏။

ဝမ်လင်း ရှိနေသ၍ ရှုလီကော၏ စိတ်နှလုံးသည် ကိုက်ခဲနေရသည်။သူက သူ့စိတ်ဆန္ဒကို မဖော်ထုတ်ဝံ့ပေ။ သူက အကူအညီမဲ့စွာဖြင့် ဘိုင်ဝေကိုသာ ကြည့်နေရရင်း စိတ်ထဲတွင် ကျိန်ဆဲနေ၏။ “သေစမ်း…ဒီမိစ္ဆာကောင်ဝမ်လင်း…သူက သူကိုယ်တိုင်လည်း မစားဘူး။ ဒီဘိုးဘိုးရှုကိုလည်း စားခွင့်မပြုဘူး…။ဒါ မမျှတဘူး..ဘယ်လိုမှ မမျှတတာပဲ…”

ဘိုင်ဝေ၏မျက်ခုံးသည် အနည်းငယ် တွန့်သွား၏။ သူက ပြောလိုက်သည်။ “စီနီယာအစ်ကိုဝမ်…”

ဝမ်လင်းသည် ချက်ခြင်း ရှက်ရွံ့လာ၏။ ထိုအဖြစ်က သူ့အတွက် ဖြစ်တောင့်ဖြစ်ခဲပင်။ အခု ဘိုင်ဝေက သူ့ကို ခုလိုနေရထိုင်ရခက်အောင် နှစ်ကြိမ်မြောက် ပြုလုပ်လိုက်ခြင်းပင်။

သူက ရှက်ရွှံ့နေရင်း ရှုလီကော၏မျက်လုံးတို့က လက်ခနဲ ဖြစ်သွားသည်။သူက ဘိုင်ဝေကို စူးနစ်စွာ ကြည့်နေသည်။သူက သူ့ကိုယ်သူ ပြန်တွေးမိ၏။ “ကောင်းကင်ဘုံက ငါ့အပေါ် မျက်နှာသာပေးတာပဲ။ ငါ ရှုလီကောက ငါ့အချစ်ဇနီးနဲ့ တွေ့ဆုံနေရတယ်။ ငါ ဒါကို တောင့်မခံနိုင်တော့ဘူး…” ထို့နောက် ရှုလီကော၏ပတ်လည်၌ အနက်ရောင်အခိုးအငွေ့များ ပေါ်လာကာ သူက ဘိုင်ဝေ့ကို ဝါးမြိုလိုသည့်အလား ပါးစပ်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားတော့သည်။

သည်အခိုက်၌ ရှုလီကောသည် သူ့စိတ်ထဲရှိ ဝမ်လင်းအပေါ် ကြောက်လန့်သည့်အတွေးအားလုံးကို ဖယ်ရှားပစ်လိုက်၏။သူ့မျက်လုံးထဲ၌ ဘိုင်ဝေ၏အပြုံးသာ ရှိတော့၏။ သူက တဟုန်ထိုး ဝင်လာရင်း ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားကာ သူ့လက်သည် အနက်ရောင်အခိုးအငွေ့ကြားထဲသို့ ထွင်းဖောက်ကာ ရှုလီကော၏စိတ်ဝိညာဉ်ကို ချက်ခြင်း လှမ်းဖမ်းဆွဲလိုက်လေသည်။

ရှုလီကောသည် ရုတ်တရက်လှည့်ကြည့်၏။သူက ဝမ်လင်း သူ့ကို လှမ်းဆွဲချိန်၌ ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်လိုက်မိသည်။ ထို့နောက် ရှုလီကောက မြန်ဆန်စွာပင် သူ့မျက်နှာပေးကို ပြောင်း၍ ထပ်ခါထပ်ခါ ပြောလာတော့သည်။ “သခင်…သခင်…ငါ မှားတာ သိပါပြီ…ငါ မှားသွားခဲ့ပါတယ်…”

ဝမ်လင်းက ရှုလီကောကို ပြန်ဆွဲခေါ်ပြီးနောက် ပြောလိုက်၏။ “ဘိုင်..ဂျူနီယာညီမဘိုင်…ကျေးဇူးပြုပြီး လမ်းပြပေးပါ…”

ဘိုင်ဝေသည် အချို့ကို ရိပ်မိလိုက်၏။သူက ရှုလီကောကို စိတ်ဝင်စားဟန်နှင့် ကြည့်သည်။ထိုအကြည့်က ရှုလီကောကို စိတ်လှုပ်ရှားသွားစေပြန်သည်။

ထို့နောက် ဘိုင်ဝေက ပြုံး၍ သူ့သိုလှောင်အိတ်ထဲမှ ဓားပျံတစ်လက်ကို ထုတ်ယူလိုက်၏။ သူက ထိုဓားပျံပေါ်တွင် ရပ်ကာ အကွာအဝေးတစ်ခုသို့ ပျံသန်းသွားတော့သည်။ ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက ခြေတစ်လှမ်းလှမ်းကာ ထိုဓားအလင်းတန်းကို မှီလာလေ၏။

“အရင်တုန်းက ဘိုင်ဝေဟာ မိန်းမဆန်တယ်ဆိုပေမဲ့…အခုလို အစွန်းမရောက်သေးဘူ။ သူ့ခန္ဓာကိုယ်ကလည်း ခုချိန်မှာ ယင်အော်ရာတွေနဲ့ပဲ ပြည့်နေတယ်…။သူ့ပင်ကိုစရိုက်တောင် အတော်လေး ပြောင်းလဲသွားခဲ့ပြီ…”

ရှေ့သို့ ဆက်သွားနေရင်း ဝမ်လင်းသည် သူ့နောက်မှ တစ်စုံတစ်ယောက်လိုက်လာသည်ကို ခံစားမိသည်။ နောက်လှည့်ကြည့်စရာမလိုဘဲ သူက ထိုသူမှာ ကျောက်ရှင်းမိုင် ဖြစ်ကြောင်း သိလေ၏။

***

All Chapters