← Chapters

အခန်း (၄၃၇-၄၃၈)

Vol. 32 Ch. 437-438

အခန်း (၄၃၇-၄၃၈)

Vol. 32 Ch. 437-438

အပိုင်း(၄၃၇)

[အဲဒါ အရင်တစ်ကောင် မဟုတ်ဘူး...]

ဒရော့စ် က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

[ငါ သိနိုင်တယ်... မဟုတ်သေးဘူး၊ နေဦး... မဟုတ်ဘူး၊ အဲဒါ အရင်တစ်ကောင်ပဲ... အဲဒီ အတောင်ပံတွေနဲ့လား... ရာခိုင်နှုန်း ပြည့် သေချာတယ်... အင်း... နေဦး...]

လင်းတုန်းသည် ဇီးကွက် အကြောင်း ပြောလိုသော်လည်း အီသန် က ဆက်ပြောနေသည်။

"ကဲ၊ ငါတို့ရှေ့မှာ ကြီးမားတဲ့ အမှောင် တိုင်ကြီး တစ်ခု ပေါက်ကွဲထွက်လာတဲ့အခါ အဲဒီအထဲကို ပြေးဝင်သွားကြ... ထွက်ပြေးချင်တဲ့ စိတ်ဆန္ဒကို မင်းတို့ တိုက်ထုတ်ရလိမ့်မယ်..."

မာစီသည် သူမ၏ တောင်ဝှေး သိသာစွာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ သူမ၏ စိတ်ဝိညာဉ် သည် ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားပုံရသည်။ လင်းတုန်း သည် သူမ၏ အနောက်တွင် ရပ်နေသဖြင့် သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမထံမှ အန္တရာယ်ရှိသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်ဟု သူ ထင်လိုက်သည်။

"အမှောင် တိုင်ကြီး တစ်ခု ဟုတ်လား... ဒီအကြောင်းကို ရှင် ဘယ်လို သိခဲ့တာလဲ..."

သူမ၏ လေသံမှာ ယခင်ကလောက် မရွှင်လန်းတော့ပေ။

အီသန်က သူမကို အရာအားလုံး သိနေသည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"မင်းဘာသာမင်းပဲ ကြည့်လိုက်ပါ..."

သူတို့ ရပ်နေသော တောင်ကုန်းသည် တီးခတ်လိုက်သော ကြိုးတစ်ချောင်းကဲ့သို့ ရှိ၏။ လေးနက်သော တုန်ခါမှုတစ်ခုက မြေကြီးကို တုန်လှုပ်သွားစေသည်။ သူတို့ ပတ်လည်ရှိ နေရာအနှံ့အပြားမှ အစီအရင် ကွင်းများဖြင့် ဖုံးလွှမ်းထားသော ကျောက်တိုင်များ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းတို့သည် အမြဲတမ်း ထိုနေရာတွင် ရှိနေခဲ့သည့်အလား မြေကြီးကို မပျက်စီးစေဘဲ မြှုပ်နှံထားလျက်သား ဖြစ်နေသည်။ အနီးဆုံး တစ်ခုမှာ ခြေလှမ်း အနည်းငယ်မျှသာ ကွာဝေးသည်။

[အာ...]

ဒရော့စ်က အော်လိုက်သည်။

[အဲဒါတွေက... အရင်ကတည်းက အဲဒီမှာ ရှိနေတာလား... အရင်က မင်း အဲဒါတွေကို မြင်ခဲ့ရလား... မင်းရဲ့ မျက်လုံးတွေ အလုပ်လုပ်ရဲ့လား...]

တောင်ကုန်းများ တစ်လျှောက်တွင် ကျောက်တိုင်ပေါင်း များစွာ ရှိနေသည်။ လင်းတုန်း ၏ အမြင်တွင် ၎င်းတို့သည် တစ်မိုင် သို့မဟုတ် ထို့ထက်မက ကျယ်ဝန်းသော စက်ဝိုင်းကြီး တစ်ခုကို ဖန်တီးထားပုံရပြီး သူတို့ အဖွဲ့သည် ထိုအနားသတ်၏ အပြင်ဘက် ခြေအနည်းငယ် အကွာတွင်သာ ရပ်နေကြသည်။

ဘီလူးကြီး တစ်ကောင်က တိမ်တိုက်များကို မျိုချလိုက်သည့်အလား အသံကြီးနှင့်အတူ အမှောင်ထု တံတိုင်းကြီး တစ်ခုသည် မြေကြီးထဲမှ ပေါက်ကွဲထွက်လာသည်။ အမှောင်ထုသည် ကျောက်တိုင်များအတွင်း ပိတ်မိနေပြီး ကောင်းကင်သို့ ပစ်တက်သွား၏။ ထို့နောက်... လင်းတုန်း၏ မြင်ကွင်း ထက်ဝက်ကို ဖုံးလွှမ်းသွားသော ပြီးပြည့်စုံသည့် အနက်ရောင် မာဒြာ တိုင်ကြီးနှင့် အလင်းရောင်ကို မျိုချနိုင်သော စွမ်းအားကြီး တစ်ခု ဖြစ်လာသည်။ သူ၏ အနောက်ဘက်ရှိ အရာအားလုံးမှာ တောက်ပသော နေရောင်ဖြင့် လင်းလက်နေပြီး အရှေ့ဘက်ရှိ အရာအားလုံးမှာမူ ညအမှောင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

အီသန် ပြောသည်မှာ မှန်ပေသည်။ လင်းတုန်း ၏ သဘာဝ အလိုအလျောက် တုံ့ပြန်မှုက သူ့ကို ထွက်ပြေးရန် ပြောနေသော်လည်း သူသည် အပြာလေးကို လက်တစ်ဖက်ဖြင့် ပွေ့ချီကာ စတင် ပြေးဝင်သွားလေသည်။

[ခဏလောက် စောင့်ပြီး ဒါကို စဉ်းစားကြည့်ရအောင်...]

ဒရော့စ် က ပြောသည်။

[ဒါကို မလုပ်ဖို့ အကြောင်းပြချက် တစ်ဒါဇင်လောက် ငါတို့ ရှာတွေ့နိုင်မယ်ဆိုတာ ငါ သေချာတယ်... မင်း နားမထောင်ဘူးပဲ... သူ ငါပြောတာကို နားမထောင်ဘူး...]

ယီရင်သည် ဓားကို ဆွဲထုတ်ကာ ဓားသွားပုံသဏ္ဍာန် ရွှေအဆင့် သင်္ကေတ များကို ကျယ်ပြန့်စွာ ဖြန့်ကျက်ထားလျက် အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ လင်းတုန်းသည် သူမ၏ လွတ်နေသော လက်ကို ဆွဲကိုင်၍ အရှေ့သို့ ဆွဲခေါ်သွားသည်။ သူမသည် သူ၏ အရှိန်ကို အမီလိုက်ကာ စတင် ပြေးလွှားလေတော့သည်။

မာစီသည် ပြေးမနေသော်လည်း တုံ့ဆိုင်းနေခြင်း မရှိခဲ့ပေ။ သူမသည် တည်ငြိမ်စွာပင် တိုင်ကြီးဆီသို့ ချီတက်သွား၏။ လင်းတုန်းက သူမကို ကျော်တက်သွားချိန်၊ အနောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် အေးစက်သော စိတ်ပိုင်းဖြတ်မှုများကို မြင်တွေ့လိုက်ရသည်။

အော်သိုကမူ ဆန့်ကျင်ဘက် အနေဖြင့် အခြားတစ်ဖက်သို့ လှည့်ကာ အလုအယက် ပြေးထွက်သွားလေသည်။ အီသန်သည် ထိုအခြေအနေကို ကြိုတင် ခန့်မှန်းထားပုံရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်တိုင် အမှောင် တိုင်ကြီး အတွင်းသို့ ဝင်ရောက်မည့် အစား လိပ်ကြီး၏ အခွံကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ ညအမှောင် အတွင်းသို့ အနောက်မှနေ၍ တွန်းပို့လိုက်သောကြောင့် ဖြစ်သည်။

လင်းတုန်းသည် အမှောင်ထုထဲသို့ ပြေးဝင်သွားစဉ် သူ၏ စိတ်ဝိညာဉ် အပေါ်သို့ ဖိချေဖျက်ဆီးမတတ် အလေးချိန် တစ်ခုက ဖိစီးလာခဲ့သည်။ သို့သော် တစ္ဆေရေ နယ်မြေ ၏ အမှောင် သမုဒ္ဒရာ အတွင်းသို့ ပြေးဝင်ခဲ့စဉ်ကကဲ့သို့ပင် သူ့ကိုယ်သူ ကြံ့ကြံ့ခံထားလိုက်သည်။ အံသွားများကို တင်းတင်းကြိတ်ကာ အတွင်းသို့ ထိုးဆင်းသွားလေတော့သည်။

အင်ပါယာ နာရူဟွမ် သည် ကြီးမားလှသော အမှောင် တိုင်ကြီးကို အာရုံခံမိချိန်တွင် သူသည် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယနေ့သည် ကတိပြုထားသော နေ့တစ်နေ့ ဖြစ်သည်။ သူသည် မဟူရာ မီးတောက် မြို့ ရှိ အင်ပါယာ နန်းတော် ထိပ်ရှိ လသာဆောင်ပေါ်တွင် မတ်တတ်ရပ်ကာ အာကူရာ မိသားစု ထံမှ ကတိပြုထားသော အချက်ပြမှုကို စောင့်ဆိုင်းနေခဲ့သည်။ ဤသည်မှာ ထိုအချက်ပြမှုပင် ဖြစ်ပြီး မည်သို့မျှ မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။

သူသည် တိုင်ကြီးကို ပိုမို ရှင်းလင်းစွာ မြင်ရရန် လသာဆောင်၏ အစွန်းဘက်သို့ လျှောက်သွားလိုက်သည်။ သူ၏ အတောင်ပံများဖြင့် အချက်ပြလိုက်ရာ သူ၏ အစေခံများသည် သူ၏ အမိန့်များကို ဖြန့်ဝေရန် ချက်ချင်းပင် စိုင်းပြင်း လုပ်ဆောင်ကြတော့သည်။

ထိုအချက်ပြမှုဖြင့် အင်ပါယာ တစ်ဝှမ်းလုံးရှိ အဓိက အဖွဲ့အစည်း အားလုံး၏ ခေါင်းဆောင်များကို သူ ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤပွဲအတွက် မြို့တော်တွင် စုဝေးနေကြပြီး မကြာမီ သူတို့အား ညွှန်ကြားချက်များ ပေးရန် လိုအပ်ပေမည်။

ကောင်းကင်သို့ ထိုးတက်နေသော တစ်မိုင်ခန့် ကျယ်ဝန်းသည့် အရိပ် မာဒြာ တိုင်ကြီးကို သူ စူးစိုက်ကြည့်နေစဉ် တောက်ပသော ခရမ်းရောင် ခွာများ ပါရှိသည့် ဝိညာဉ်အကြွင်းအကျန် မြင်းများက ဆွဲလာသော ရင်းနှီးနေသည့် ရထားလုံး တစ်စီး ကောင်းကင်ကို ဖြတ်သန်း ပြေးလွှားလာသည်ကို မြင်တွေ့လိုက်ရသည်။

အာကူရာ မိသားစု၏ ရထားလုံးသည် နန်းတော်အထက်တွင် ရပ်တန့်သွား၏။ ငွေရောင် နှလုံးသား သူတော်စင်သည် သူမ၏ ရထားလုံး ထိပ်သို့ တက်လှမ်းလာခဲ့သည်။

သူမ ထွက်ပေါ်လာမှုနှင့်အတူ ကောင်းကင်ပြင်ကြီးသည် ခရမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကောင်းကင်၏ အပြာရောင်သည် တစ်စုံတစ်ယောက်က ဆေးရည်များ သွန်ချလိုက်သည့်အလား စွန်းထင်းသွားပြီး အာကူရာ မိသားစု၏ အရောင်များက ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ဖြည်းညှင်းစွာ ပျံ့နှံ့သွားသည်။ မြို့တော်၏ အထက်တွင် အာကူရာ မိသားစု ၏ အထိမ်းအမှတ် သင်္ကေတ ကို တောက်ပသော အဖြူရောင် အလင်းတန်းဖြင့် ရေးဆွဲထားသည်ကို တွေ့ရသည်။ ကြယ်ကြီး တစ်ပွင့်ကို ဘေးနှစ်ဖက်မှ ကြယ်ငယ် နှစ်ပွင့်က ခြံရံထားပြီး ၎င်းတို့ သုံးပွင့်စလုံးသည် တောင်တန်း တစ်ခုအပေါ်တွင် လွင့်မျောနေကြသည်။ ထိုသို့ ထင်ဟပ်နေသောကြောင့် ကြယ်များသည် အစစ်အမှန်အတိုင်း ပုံပေါက်နေပြီး ချွန်ထက်သော တောင်တန်းများကိုလည်း ကြယ်ရောင်များဖြင့် ကိုယ်တိုင် ရေးဆွဲထားသည့်အလား ဖြစ်နေသည်။

ချာရတီသည် စတင် စကားပြောလိုက်၏။ နာရူဟွမ်သည် သူမ၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံကို ကြားနိုင်လောက်အောင် နီးကပ်နေသော်လည်း စကားလုံး တိုင်းသည် အထက်ရှိ ကြီးမားသော သင်္ကေတ ကြီးထံမှလည်း ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြီးသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသဖြင့် မြို့တစ်ခွင်လုံးနှင့် မိုင်ပေါင်းများစွာ အကွာအဝေးအထိပါ ကြားနိုင်ပေလိမ့်မည်။

“သင်တို့ရဲ့ အရှေ့မှာရှိတဲ့ အမှောင်ထုဟာ တံခါးပေါက် တစ်ခုပဲ... အဲဒါက အခွင့်အရေးတွေ ပြည့်နှက်နေတဲ့ အထွတ်အမြတ် မြေဆီကို ဦးတည်နေတယ်၊ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် သင်တို့တွေ တိုက်ပွဲဝင်ရလိမ့်မယ်... ငါတို့ မိသားစုက...”

ကြီးမားလှသော ထိုအသံကြီးသည် တုံ့ဆိုင်းသွားခဲ့သည်။

“ငါတို့ မိသားစုဟာ ငါတို့အတွက် တိုက်ပွဲဝင်ပေးဖို့ လူငယ် မျိုးဆက်တွေထဲက အစွမ်းအထက်ဆုံး သူတွေကို လိုအပ်တယ်... လူသားမျိုးနွယ်အတွက် ဂုဏ်သိက္ခာ၊ သင်တို့ရဲ့ အင်ပါယာ အတွက် ကံကြမ္မာနဲ့ သင်တို့ ကိုယ်တိုင်အတွက် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းနိုင်ဖို့ပဲ...”

သူမသည် ဆက်လက် ပြောဆိုနေသော်လည်း သူမ၏ အသံ အဘယ်ကြောင့် တုံ့ဆိုင်းသွားရသည်ကို နာရူဟွမ် သိနေခဲ့သည်။

လွန်ခဲ့သော တစ်မိနစ်ခန့်က မိုးထိအောင် မြင့်မားနေသော အမှောင်ထုကြီး ပေါ်ထွက်လာစဉ် သူ၏ အာရုံကို ဖြန့်ကြက်လိုက်ချိန်တွင် သူ ခံစားသိရှိခဲ့ရသော အရာကိုပင် သူမလည်း အာရုံခံမိသွားခြင်း ဖြစ်သည်။ သူမသည် ထိုအရာကို သူ၏ နောက် အနည်းငယ် နောက်ကျပြီးမှ ခံစားမိခဲ့ခြင်းဖြစ်ကာ သူမ၏ အံ့အားသင့်မှုက သူမ စီစဉ်ထားသော မိန့်ခွန်းကို အနှောင့်အယှက် ဖြစ်စေရန် လုံလောက်နေခဲ့သည်။

လူတစ်စုခန့်သည် တံခါးပေါက်၏ အောက်ခြေတွင် စောင့်ဆိုင်းနေခဲ့ကြသည်။ တံခါးပေါက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် အတွင်းသို့ ပြေးဝင်သွားခဲ့ကြသည်။

မြေကြီးမှ ကောင်းကင်အထိ ဆန့်တန်းနေသော ကြီးမားသည့် အနက်ရောင် တိုင်ကြီးကို မြင်လိုက်ရသည့်အခါ မည်သူကများ ကိုယ့်သဘောဆန္ဒအလျောက် အတွင်းသို့ ဝင်ရောက်သွားမည်နည်း။

၎င်းသည် မည်သည့်အရာ ဖြစ်ကြောင်းနှင့် ၎င်း မည်သည့်နေရာတွင် ပေါ်လာမည်ကို သိရှိနေသူ တစ်ယောက်သာလျှင် ပြုလုပ်ပေလိမ့်မည်။

နာရူဟွမ်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

အာကူရာ ချာရတီ က ဆက်ပြောသည်။

“ဒီတံခါးပေါက်ရဲ့ အလွန်မှာ တန်ဖိုးကြီး ရတနာတွေနဲ့ ကြီးမားတဲ့ အခွင့်အရေးတွေ ပြည့်နှက်နေတဲ့ ညဘီး တောင်ကြား ရှိတယ်... ဒါပေမဲ့ ကြီးမားတဲ့ အန္တရာယ်တွေလည်း ရှိတယ်... အဆင့်နိမ့် အရှင်သခင် အဆင့်ကို တက်လှမ်းချင်တဲ့ လူငယ် အစစ်အမှန် ရွှေအဆင့် တွေနဲ့ ကိုယ်ပိုင် စွမ်းအားကို တိုးမြှင့်ချင်တဲ့ လူငယ် အဆင့်နိမ့် အရှင်သခင် တွေကို ငါတို့ ရှာဖွေနေတယ်... ငါတို့ရဲ့ ဥယျာဉ်ဆီကို လာခဲ့ပြီး သင်တို့ရဲ့ ဝိညာဉ်တွေကို ကြီးထွားခွင့် ပြုလိုက်ကြပါ...”

နာရူဟွမ် သည် ဆက်လက် နားထောင်နေဆဲ ဖြစ်သော်လည်း သူ၏ အတွေးများက ရှေ့သို့ ပြေးထွက်နေနှင့်ပြီ ဖြစ်သည်။ သူ၏ အစေခံများသည် မဟူရာ မီးတောက် အင်ပါယာ၏ အဆင့်နိမ့် အရှင်သခင် များကို စုစည်းပေးမည် ဖြစ်ပြီး ထိုအဆင့်နိမ့် အရှင်သခင်များက သူတို့၏ အစေခံ အားလုံးနှင့် အလားအလာ အကောင်းဆုံး တပည့်များကို ခေါ်ဆောင်လာကြမည် ဖြစ်သည်။

အစပိုင်းတွင် သူတို့သည် တံခါးပေါက် အတွင်းသို့ ဝင်ရောက်ကာ တစ်ဖက်ခြမ်းမှ သူတို့ ရရှိနိုင်သမျှ အကျိုးကျေးဇူး အားလုံးကို စုဆောင်းကြပေမည်။ ညဘီး တောင်ကြား နှင့် ပတ်သက်၍ သူ အများကြီး မသိခဲ့ရချေ။ သို့သော်လည်း... ၎င်းသည် အာကူရာ ကလန် အနေဖြင့် တန်ဖိုးထားရသော နယ်မြေတစ်ခုအဖြစ် သတ်မှတ်လောက်အောင် တန်ဖိုးရှိနေမည်ဆိုလျှင် သူလို အဆင့်မြင့် အရှင်သခင် တစ်ဦးပင် ထိုအရာမှ အကျိုးကျေးဇူး အချို့ ရရှိနိုင်ပေလိမ့်မည်။

ထိုအချိန်အတွက် သူတို့သည် အကာအကွယ်များကို ပြင်ဆင်ထားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကစားပွဲတွင် ပြိုင်ဘက် တစ်ဦး ရှိနေသောကြောင့် ဖြစ်သည်။

ဆေရှန် တိုင်းပြည်ပင်...။

***

အပိုင်း(၄၃၈)

ဆေရှန် တိုင်းပြည် ၏ အထက်တန်းလွှာများသည် သူတော်စင် ၏ စကားကို နားထောင်ရန် တော်ဝင် ဥယျာဉ် အတွင်း၌ စုဝေးနေခဲ့ကြသည်။ သူတို့၏ ပတ်လည်တွင် ဂရုတစိုက် ဖန်တီးထားသော သဘာဝ အလှတရားများက ဝန်းရံလျက် ရှိသည်။ ထွင်းထုထားသော တောင်ငယ်လေးများပေါ်မှ ရေတံခွန်များ စီးဆင်းကျနေပြီး တောက်ပသော ငါးများ ပြည့်နှက်နေသည့် ကြည်လင်သော ရေကန်များထဲသို့ ရိုက်ခတ်နေသည်။ လိမ္မော်ရောင်၊ အနီရောင် သို့မဟုတ် ပန်းရောင် ပန်းပွင့်များကဲ့သို့ တောက်ပသော သစ်ရွက်များ ရှိသည့် သစ်ပင်များသည် ကူရှင်ခံထားသော စားပွဲများကို အရိပ်အာဝါသ ပေးထားသည်။ ထိုစားပွဲများ၏ ပတ်လည်တွင် တိုင်းပြည်၏ အချမ်းသာဆုံးနှင့် အာဏာအရှိဆုံး ပုဂ္ဂိုလ်များသည် ချိုမြိန်သော ဝိုင်များကို အတူတကွ သောက်သုံးနေကြသည်။

လေထုထဲတွင် အတင်းအကျပ် ဖန်တီးထားသော ရွှင်လန်းမှု တစ်ခု ရှိနေသည်။ လူတိုင်းသည် ကောင်းကင်ကြီး ခရမ်းရောင် ပြောင်းသွားသည်ကို ဂရုမစိုက်ဟန် ပြုနေကြပြီး ကြီးမားလှသော ကြယ်သုံးပွင့် သင်္ကေတကြီးထံမှ ကောင်းကင်၏ အသံကြီးက သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနေသည်ကိုလည်း မသိချင်ယောင် ဆောင်နေကြသည်။

မင်းသား ဆေရှန် ကီရိုသည် အကြီးဆုံး စားပွဲတွင် စောင့်ဆိုင်းနေပြီး စိုးရိမ်ပူပန်လွန်းသဖြင့် သူ၏ သောက်စရာကိုပင် မထိရဲဘဲ ဖြစ်နေသည်။ ထိုသောက်စရာမှ ဘယ်ရီသီးများနှင့် နေရောင်ခြည်၏ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေသော်လည်း သူ သောက်သုံးနိုင်ခြင်း မရှိပေ။ ထိုဖန်ခွက် တစ်ခွက်၏ တန်ဖိုးမှာ သူ၏ တစ်လစာ ထောက်ပံ့ကြေးထက်ပင် ပို၍ များပြားပြီး အထူး အခမ်းအနား တစ်ခုအတွက်သာ ငှဲ့ပေးထားခြင်း ဖြစ်သော်လည်း သူသည် ၎င်းကို တန်ဖိုးမထားနိုင်အောင် ဖြစ်နေသည်။

ကီရို၏ ဖခင်ဖြစ်သော ဘုရင် ဒါကာတာ သည် ကိတ်မုန့်များနှင့် ပိုင်မုန့် အသေးလေးများကို ပျော်ရွှင်စွာ ဝါးစားနေပြီး ကောင်းကင်သို့ တစ်ခါတစ်ရံသာ မော့ကြည့်လေသည်။ သူသည် အခြားသူများ အားလုံးထက် ဤပေါ့ပေါ့ပါးပါး ဟန်ဆောင်မှုကို ပို၍ အားထုတ် လုပ်ဆောင်နေသည်။

ဒါကာတာသည် သူ၏ ကိုယ်ပိုင် ဓားစွမ်းရည်ဖြင့် ဤတိုင်းပြည်ကို စည်းလုံးစေခဲ့သူ ဖြစ်ပြီး သူ၏ ရုပ်ရည်ကလည်း ထိုအတိုင်းပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို ခံတပ် တံတိုင်းကြီး တစ်ခုကဲ့သို့ တည်ဆောက်ထားသည်။ ဖခင်ဖြစ်သူ၏ ပုံစံက ကီရို အား အသက်အရွယ် ရလာသော ဝက်ဝံကြီး တစ်ကောင်ကို သတိရစေသည်။

ကီရို သည် ဖခင်၏ ခန္ဓာကိုယ် အရွယ်အစားကို အမွေရရှိခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် အနည်းငယ် ပို၍ ကျက်သရေရှိသော အသွင်အပြင် ရှိပေသည်။ အနည်းဆုံးတော့ သူက ထိုသို့ တွေးထင်ထားခဲ့သည်။

စားပွဲ၏ ခပ်လှမ်းလှမ်းတွင် ထိုင်နေသော သူ၏ ညီငယ် ဒါဂျီ သည် ဝက်ဝံ တစ်ကောင်ထက် ဝံပုလွေ တစ်ကောင်နှင့် ပိုတူနေသည်။ ဒေါသကြီးသော ဝံပုလွေ တစ်ကောင်ပင် ဖြစ်သည်။ သူသည် ကုလားထိုင်ပေါ်တွင် မှီထိုင်နေပြီး သူတော်စင်ကို စူးရဲစွာ စိုက်ကြည့်နေသည်။ အခြား မည်သည့်အရာထက်မဆို ဒါဂျီ သည် တိုက်ခိုက်လိုစိတ် ပြင်းပြနေပြီး ထိုအချက်ကို ဖုံးကွယ်ထားရန် သူ ဘယ်သောအခါမျှ မကြိုးစားခဲ့ပေ။

ငွေရောင် နှလုံးသား သူတော်စင်ကမူ သူတို့ မည်သို့ ပုံပေါက်နေသည်ကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူမ၏ မြင့်မားသော နေရာမှ ကြည့်လျှင် တိုင်းပြည်ငယ်လေး တစ်ခု၏ အဆင့်နိမ့် အရှင်သခင် မင်းသားများသည် မြေကြီးပေါ်တွင် တွားသွားနေသော ပိုးတောင်မာလေးများထက် ပို၍ အရေးပါမည် မဟုတ်ပေ။

“ဆေရှန် တိုင်းပြည် ရဲ့ အနာဂတ်အတွက်၊ ပြီးတော့ ဂုဏ်ကျက်သရေ အတွက်... ရှေ့ဆက် သွားကြပါ..."

အာကူရာ ချာရတီက မိန့်ခွန်းကို အဆုံးသတ်လိုက်သည်။

သူမသည် မိန့်ခွန်းများတွင် ကီရို ပုံမှန် တွေ့ရလေ့ရှိသော စိတ်အားထက်သန်မှုမျိုး မပါဝင်သော်လည်း သူမ၏ ဟန်ပန်နှင့် အလေးအနက်ထားမှုက သူမ၏ စကားလုံးများကို ထိရောက်မှု ရှိစေခဲ့သည်။ သူ၏ ဖခင်က လက်ပေါ်မှ မုန့်အကြွင်းအကျန်များကို ခါချကာ လက်ခုပ်တီးလိုက်ပြီးနောက် သူ၏ ပတ်လည်ရှိ စားပွဲများမှ ရွှင်လန်းစွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ကီရိုလည်း ဝင်ရောက် အော်ဟစ်လိုက်၏။ သို့သော်လည်း တကယ့် ကြေညာချက်အပေါ်တွင်မူ သူ၏ အာရုံစိုက်မှု ထက်ဝက်ခန့်ကိုပင် မပေးခဲ့ပေ။ သူတို့ အမှန်တကယ် ညဘီး တောင်ကြား အတွင်းသို့ ရောက်ရှိသွားသောအခါ ဂုဏ်သိက္ခာ တစ်ခုတည်းကသာ သူတို့ကို ချည်နှောင်ထားနိုင်မည် ဆိုသည်ကို သူ လုံလောက်အောင် နားလည်ထားသည်။ သူသည် ထို အနာဂတ် အခိုက်အတန့်အပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။

သူတော်စင်၏ ရထားလုံးသည် အောက်သို့ ဆင်းသက်လာပြီး အနီးနားရှိ ရေကန်တစ်ခုနှင့် တော်ဝင် မိသားစု၏ စားပွဲကြားရှိ တောင်ကုန်းပေါ်တွင် ရပ်နားလိုက်သည်။ ကောင်းကင်ကြီး ရှင်းလင်းသွားကာ အပြာရောင်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားချိန်တွင် ချာရတီ ကိုယ်တိုင် ရထားလုံး၏ အထက်တွင် မတ်တတ်ရပ်နေဆဲ ဖြစ်သည်။

ကီရို၏ ဝမ်းဗိုက်ထဲတွင် တင်းကျပ်သွားသည်။ သူမသည် သူတို့ကို တိုက်ရိုက် လာရောက် စကားပြောမည် မဟုတ်ဟု သူ မျှော်လင့်ထားခဲ့သည်။ ဤအရာသည် သူ၏ မိသားစု အနေဖြင့် မိမိကိုယ်ကို အရှက်ရစေမည့် အခွင့်အရေး တစ်ခုမှလွဲ၍ အခြား မရှိနိုင်ပေ။ သူတော်စင် တစ်ဦးကို သူတို့ ဘာများ ပြောနိုင်မည်နည်း။

ဒါကာတာ သည် ဖက်ရန် လက်များကို ဖြန့်ကားလိုက်သည့်အလား တောက်ပစွာ ပြုံးရွှင်လျက် မတ်တတ်ရပ်လိုက်သည်။

"အရမ်း ကောင်းပါတယ် ငွေရောင် နှလုံးသား၊ တကယ့်ကို အံ့မခန်းပါပဲ... သရဖူကို ကျွန်တော် ဆောင်းကတည်းက ခင်ဗျားအတွက် ကျွန်တော်တို့ရဲ့ တန်ဖိုးကို ပြသဖို့ အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းနေခဲ့တာပါ..."

ခရမ်းရောင် မျက်ဝန်းများသည် သူ့ကို ကြည့်ရှု အကဲခတ်လိုက်ပြီးနောက် စားပွဲရှိ ကျန်လူများအပေါ်သို့ ရွေ့လျားသွားလေသည်။

ဘုရင်ကြီးက ရယ်မောလိုက်သည်။

"သူတော်စင် တစ်ယောက် ပီပီပါပဲ... ခင်ဗျားက ကိစ္စရပ်ရဲ့ အဓိက အချက်ကို တည့်တည့် မြင်နိုင်တာပဲ..."

ဒါကာတာသည် စားပွဲကို ပတ်၍ လျှောက်လာကာ ကီရို၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ ကီရို ရှက်ရွံ့သွားမိသည်။

"သူကတော့ ပြိုင်ပွဲမှာ ခင်ဗျားကို ဂုဏ်ယူစေမယ့် အဆင့်နိမ့် အရှင်သခင် ပါပဲ... ခင်ဗျား မိသားစုက လူငယ် တပည့်တွေနဲ့ သူ ယှဉ်နိုင်မလား ဆိုတာကိုတော့ သေချာ မပြောနိုင်ပါဘူး၊ ဒါပေမဲ့ လက်အောက်ခံ တိုင်းပြည်တွေက သူ့ရဲ့ မျိုးဆက်တွေထဲမှာ သူက အစွမ်းအထက်ဆုံး အဆင့်နိမ့် အရှင်သခင် မဟုတ်ဘူး ဆိုရင် ကျွန်တော့် ဓားကို ကျွန်တော် ပြန်စားပြမယ်... ဟား ဟား..."

ဒါကာတာသည် အခြားသူများ အားလုံးလည်း သူနှင့်အတူ လိုက်လံ ရယ်မောကြလိမ့်မည်ဟု ယူဆထားသည့်အလား ခေါင်းကို အနောက်သို့ ပစ်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ လူအနည်းငယ်ကသာ ယဉ်ကျေးစွာ ရယ်မောလိုက်ကြသည်။

ဒါဂျီ သည် စူးရဲစွာ စိုက်ကြည့်နေသည်။ သူသည် ကီရို ထက် နှစ်နှစ် ငယ်သော်လည်း သူ အစစ်အမှန် ရွှေအဆင့် တွင်သာ ရှိနေသေးခြင်းက သူ့ကို မီးလောင်နေသကဲ့သို့ ခံစားရစေသည်။ အမီလိုက်နိုင်ရန် သူကိုယ်တိုင် အလွန်အမင်း တွန်းအားပေးနေခဲ့ပြီး ကီရို၏ ရှေ့သို့ တက်လှမ်းသွားသော ခြေလှမ်းတိုင်းကို ကိုယ်ရေးကိုယ်တာ စော်ကားမှု တစ်ခုအဖြစ် သဘောထားပုံရသည်။

ကီရိုသည် ဖခင်၏ စကားများကြောင့် အတင်းအကျပ် ပြုံးပြလိုက်ရသော်လည်း အပြစ်ရှိသလို ခံစားချက်များ လှိုင်းလုံးကဲ့သို့ ထကြွလာခဲ့သည်။ ဆယ်ပေခန့် အကွာအဝေးအတွင်းမှာပင် သူသည် အစွမ်းအထက်ဆုံး လူငယ် အဆင့်နိမ့် အရှင်သခင် မဟုတ်ပေ။

"ကျွန်တော့်ရဲ့ ဖခင်ကို ခွင့်လွှတ်ပေးပါ..."

ကီရို က ချောမွေ့စွာ ပြောလိုက်သည်။ အပေါက် တစ်ခုထဲသို့ ဝင်ရောက်ကာ ထာဝရ ပုန်းကွယ်နေချင်စိတ် ပေါ်လာချိန်တွင်ပင် သူ၏ လေ့ကျင့်မှုများသည် ပျောက်ကွယ်မသွားခဲ့ပေ။

"ကျွန်တော်တို့ အားလုံးလိုပဲ သူကလည်း သူတော်စင်ကို အလုပ်အကျွေး ပြုခွင့်ရတဲ့အတွက် ကျေးဇူးတင်နေလို့ပါ..."

အာကူရာ ချာရတီ သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ ပခုံးအနောက်ဘက်သို့ ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။

"အဲဒီအထဲမှာ အဲဒီ သခင်မလေး ရော ပါသလား..."

ဤအခြေအနေ အချိန်အခါတွင် သက်ပြင်းချလိုက်ခြင်းက မသင့်တော်သောကြောင့် ကီရို သည် မိမိကိုယ်ကို ထိန်းချုပ်ထားလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ အမှန်တရားကို ချက်ချင်း မြင်တွေ့သွားသည့်အတွက် သူတော်စင် အား ကျေးဇူးတင်နေမိသည်။

တိုင်းပြည်အတွင်းရှိ (ထို့အပြင် အာကူရာ ၏ လက်အောက်ခံ တိုင်းပြည် အားလုံးအတွင်း၌ပင် ဖြစ်နိုင်ချေရှိသော) အမှန်တကယ် အစွမ်းအထက်ဆုံး လူငယ် အဆင့်နိမ့် အရှင်သခင် သည် သူ၏ အနောက်ဘက်တွင် ရပ်ကာ သစ်ပင်များကို စောင့်ရှောက် ပြုစုနေသည်။

ရီယုဆိုင်း မေရသည် သူတို့ကို အရိပ်အာဝါသ ပေးထားသော အရွက်နီ သစ်ပင်ကြီး၏ အမြစ်များအနီးတွင် ဒူးထောက်နေသည်။ သူမသည် အမြစ်များကို လက်ဖြင့် ပွတ်သပ်ကာ သစ်ခေါက်များအတွင်းသို့ အစိမ်းရောင် အလင်းတန်းများကို နှိပ်နယ် ထည့်သွင်းပေးရင်း စိတ်သက်သာစေမည့် စကားလုံးများကို တီးတိုး ရေရွတ်နေလေသည်။

သူတော်စင်က သူမကို စကားလှမ်းပြောလိုက်သောအခါ သူမ၏ မီးခိုးရောင် မျက်လုံးများက ပြူးကျယ်သွားကာ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ သူမသည် အသက် နှစ်ဆယ်သာ ရှိသေးသော်လည်း သူမ၏ ဆံပင်များမှာ မျက်လုံးများကဲ့သို့ပင် မီးခိုးရောင် ဖြစ်နေသည်။ အရေပြားမှာ ဖြူရော်နေပြီး အဝတ်အစားများမှာလည်း မှိုင်းတေနေပေသည်။ ရွှေအဆင့် သင်္ကေတ သာ မရှိခဲ့လျှင် သူမသည် အရောင်အသွေး ကင်းမဲ့နေသည့်ပုံ ပေါက်နေပေလိမ့်မည်။ ရွှေအဆင့် သင်္ကေတ ဆိုသည်မှာ ဆံပင်များကြားတွင် ယှက်နွယ်နေသော တောက်ပသည့် အစိမ်းရောင် နွယ်ပင်များနှင့် ပန်းရောင် ပန်းပွင့်များပင် ဖြစ်သည်။ ရွယ်တူများထဲမှ အချို့က ထိုကွဲလွဲမှုကို စိတ်အနှောင့်အယှက် ဖြစ်စရာဟု မြင်ကြကြောင်း ကီရို သိသော်လည်း သူကမူ ၎င်းကို အမြဲတမ်း လှပသည်ဟုသာ ယူဆထားခဲ့သည်။

အာကူရာ ချာရတီကို တစ်ခဏမျှ တောင့်တင်းစွာ စိုက်ကြည့်ပြီးနောက် မေရသည် မြေပြင်ပေါ်သို့ ဝပ်တွားချလိုက်သည်။

"ဒီအစေခံက အာကူရာ သူတော်စင် ကို စကားပြန်ပြောဖို့ မဝံ့ရဲပါဘူး၊ ဒါပေမဲ့ သူတော်စင် ရဲ့ အာရုံစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်... ဆေရှန် တိုင်းပြည် ရဲ့ ပထမ မင်းသားကို အလုပ်အကျွေး ပြုရတာက ဒီလူရဲ့ ဘဝအတွက် ဂုဏ်ကျက်သရေ တစ်ခုပါပဲ..."

ကီရိုသည် သူ၏ မျက်နှာထက်ပင် ပို၍ နုပျိုပုံရသော ချာရတီ ၏ ခံစားချက် ကင်းမဲ့နေသည့် မျက်နှာကို စိုက်ကြည့်နေမိသည်။ မေရအနေဖြင့် သူမ အကြောင်းကို သူတော်စင်အား ပြောပြရန် သူ၏ စိတ်ထဲမှနေ၍ အတင်းအကျပ် တိုက်တွန်းနေခဲ့သည်။

သို့သော်လည်း... ဥယျာဉ်မှူးမလေး ကိုယ်တိုင်ကမူ သူမကို သီးသန့် ရွေးချယ် အာရုံစိုက်ခြင်း ခံရသည်၊ မခံရသည်ကို ဂရုစိုက်ပုံ မပေါ်ပေ။ သူမ၏ ပထမဆုံး စိုးရိမ်ပူပန်မှုသည် အမြဲတမ်း သူ့အတွက်သာ ဖြစ်နေခဲ့သည်။

ဒါကာတာသည် လည်ချောင်းဟန့်လိုက်ပြီး မေရနှင့် ချာရတီ တို့ ကြားသို့ ဝင်ရပ်လိုက်သည်။

"ဒီလောက် စွမ်းရည်ထက်မြက်တဲ့ အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို လျစ်လျူရှုထားနိုင်လောက်အောင် ကျွန်တော်တို့မှာ လူငယ် အဆင့်နိမ့် အရှင်သခင် တွေ အများကြီး မရှိပါဘူး... ဒါပေမဲ့ သူ့ရဲ့ လမ်းစဉ် က နန်းတော် ဥယျာဉ်ကို ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ထားတာပါ... မေရရဲ့ မိသားစုကနေ ဒီလို စွမ်းအားရှိတဲ့သူ တစ်ယောက် ထွက်ပေါ်လာတာ ဒါပထမဆုံး အကြိမ်ဖြစ်ပြီး သူ့ အတွက် ကျွန်တော်တို့ ဂုဏ်ယူပေမဲ့ ကျွန်တော့် သားရဲ့ အနာဂတ် တိုးတက်မှုကတော့ ခန့်မှန်းလို့ မရနိုင်လောက်အောင်ပါပဲ..."

ကီရိုသည် ဖခင်ကို ရင်ဆိုင်ရဲသော သတ္တိကို ရရှိရန်အတွက် ထိုတိုးတက်မှု အားလုံးကို ကောင်းကင်ဘုံနှင့် လဲလှယ်ပစ်လိုက်ချင်သည်။ ယခုအချိန်သည် တစ်စုံတစ်ရာ ပြောရန် အချိန်ကောင်း ဖြစ်သည်။ ဒါကာတာ အနေဖြင့် သူတော်စင် တစ်ဦး၏ ရှေ့တွင် နောက်ဆုတ်သွား၍ မရနိုင်ပေ။

မေရသည် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ တစ်နေ့တွင် သူမသည် တိုင်းပြည်ကို သူကိုယ်တိုင်ထက်ပင် ပိုမို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်လိမ့်မည်။

ထိုသို့ ပြောလိုက်ခြင်းက မေရ၏ အနာဂတ်ကို ပြောင်းလဲသွားစေနိုင်သည်... သို့သော် မည်သည့်အရာမျှ ပြောင်းလဲသွားမည် မဟုတ်သည်လည်း ဖြစ်နိုင်ပေသည်။ သူတော်စင် က ဂရုမစိုက်ဘဲ နေနိုင်ပြီး သူသည် ဖခင်ဖြစ်သူကို အကြောင်းမဲ့ ဒေါသထွက်စေကာ အရှက်ရစေရုံသာ ရှိပေလိမ့်မည်။ ပို၍ အရေးကြီးသည်မှာ လူပုံအလယ်တွင် သူ၏ ဘုရင်ကို ဆန့်ကျင်ပြောဆိုခြင်းဖြင့် အာကူရာ မိသားစု ၏ အမြင်တွင် ဆေရှန် တိုင်းပြည် ၏ ပုံရိပ်ကို ကျဆင်းသွားစေမည် ဖြစ်သည်။

သူ မလုပ်နိုင်ခဲ့ပေ။

***

All Chapters