← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း (၂၈၄) လောင်ရွှီ... မင်း ဘာတွေ လုပ်နေပြန်ပြီလဲ

တောနက်ထဲ တစ်နေ့လုံး လျှောက်လည်ခဲ့သော်လည်း ကြီးကြီးမားမား ရှာဖွေတွေ့ရှိမှု မရှိခဲ့ချေ။ သို့သော် ကြိုးကြာနီပေါက်လေး တစ်ကောင်ကိုတော့ အိမ်သို့ ခေါ်လာနိုင်ခဲ့သည်။

အမွေးများက အညိုရင့်ရောင်ဖြစ်ပြီး ကြိုးကြာနီနှင့် လုံးဝမတူဘဲ တောကြက်နှင့်သာ ဆင်တူနေသည်။

ရွှီယန်က ၎င်းကို သေချာ ဂရုစိုက် စောင့်ရှောက်ပေးလိုက်သည်။

၎င်းအတွက် သန့်ရှင်းသော သဘက်တစ်ထည်ကို ပြင်ဆင်ပေးပြီး အပေါ်တွင် အိပ်စေလိုက်သည်။

ပထမဆုံးညက အလွန် အရေးကြီးလှသည်။ အကယ်၍ ဤညကို ကျော်ဖြတ်နိုင်ပါက နောက်ပိုင်းတွင် အသက်ရှင်နိုင်မည့် အခွင့်အရေးက အလွန် မြင့်မားသွားမည် ဖြစ်သည်။

ရွှီယန်က အသားစိမ်း အနည်းငယ်နှင့် ရေအနည်းငယ်ကို တိုက်ကျွေးလိုက်သည်။

ထို့အပြင် တက်ကြွဆေးလုံးကို ချေမွကာ အနည်းငယ် တိုက်ကျွေးလိုက်သေးသည်။

လက်ရှိ အခြေအနေအရ ကောင်လေး၏ အခြေအနေက တည်ငြိမ်နေပုံ ရသည်။

၎င်း၏ လုံခြုံရေးအတွက် ရွှီယန်က သံလှောင်အိမ် တစ်ခုကိုပါ ပြင်ဆင်ပေးလိုက်သည်။

၎င်းကို ပိတ်လှောင်ထားရန် မဟုတ်ဘဲ တောကြောင်များ ကိုက်ချီသွားမည်ကို ကာကွယ်ရန် ဖြစ်သည်။

ဤကိစ္စများကိုတော့ ကြိုတင် ခန့်မှန်း၍ မရနိုင်ချေ။

ထိုညတွင် ရွှီယန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ နံနက် ရွှီယန် နိုးလာသောအခါ ပထမဆုံး အနေဖြင့် ကြိုးကြာနီပေါက်လေး၏ အခြေအနေကို သွားရောက် ကြည့်ရှုလိုက်သည်။

၎င်းက လှောင်အိမ်ထဲတွင် မတ်တပ်ရပ်နေပြီး တက်ကြွစွာ ခုန်ပေါက်နေသည်ကို တွေ့လိုက်ရသည်။

ဒဏ်ရာရထားသည့် ပုံစံမျိုး လုံးဝ မရှိတော့ချေ။

"မင်းက ဘယ်လိုဖြစ်တာလဲ..."

ရွှီယန်ပင် အနည်းငယ် အံ့ဩသွားမိသည်။

ဤကောင်လေး၏ ပြန်လည် နာလန်ထမှုက အတော်လေး မြန်ဆန်လှသည်။

ဤသည်ကလည်း တက်ကြွဆေးလုံး၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ စနစ်၏ ဆုလာဘ်များက အမြဲတမ်း အလွန် အသုံးဝင်လှပေသည်။

ရွှီယန်က ဖုန်းကို ထုတ်ကာ ကြိုးကြာနီပေါက်လေး၏ ဗီဒီယိုကို ရိုက်ကူးလိုက်သည်။

ဤသည်က မှတ်တမ်းများပင် ဖြစ်သည်။

သူက အသံသွင်း၍ပါ ပြောလိုက်သေးသည်။

"ကြိုးကြာနီပေါက်လေး လယ်ယာခြံဝင်းကို ရောက်လာတဲ့ ပထမဆုံးနေ့ပါ... တော်တော်လေး နာလန်ထလာပြီး ခုန်ပေါက်နေပါပြီ... အရင်ကလို အားနည်းနေတဲ့ ပုံစံမျိုး လုံးဝ မရှိတော့ပါဘူး... ခဏနေရင် သူ့ကို ခေါ်ပြီး လမ်းလျှောက် ထွက်လိုက်ဦးမယ်... ဒါပေမဲ့ သေချာတော့ စောင့်ကြည့်ရမယ်လေ... မြေခွေးတွေ ကြောင်တွေက ငှက်တွေကို စားတတ်တယ် မဟုတ်လား... ကျွန်တော် သတိလက်လွတ် ဖြစ်သွားတဲ့ အချိန်လေးမှာ ကိုက်ချီသွားတာမျိုး မဖြစ်စေရဘူး..."

ကြိုးကြာနီပေါက်လေးက ရွှီယန်ကို သိချင်စိတ်ဖြင့် ကြည့်နေပြီး မျက်ဝန်းများထဲတွင် သိချင်စိတ်များ အပြည့်ဖြစ်နေသည်။

ထို့နောက် ရွှီယန်က ၎င်းကို အပြင်သို့ ထုတ်ကာ ပွေ့ချီပြီး လမ်းလျှောက် ထွက်လာခဲ့သည်။

ခွေးသုံးကောင်က ရွှီယန် အပြင်ထွက်လာသည်ကို မြင်သောအခါ ချက်ချင်း လိုက်လာကြသည်။

သူတို့က အခြေအနေကို အလွန် နားလည်ပြီး ဘယ်သူက ခေါင်းဆောင်လဲ ဆိုတာကို အသေအချာ သိရှိထားကြပေသည်။

ရွှီယန် ရှိနေသရွေ့ သေချာပေါက် လိုက်လာကြမည်သာ ဖြစ်သည်။

လီဆန်း၊ ဝမ်ဝူ နှင့် ကျိန့်ရှန်ချီ တို့လည်း နိုးလာကြပြီး ဂိုဒေါင်ထဲမှ ထွက်လာကြသည်။ ယခုအခါ လယ်ယာခြံဝင်းကို ပြင်ဆင်နေသဖြင့် သူတို့ သုံးယောက်လုံးက ဂိုဒေါင်ထဲတွင် နေထိုင်ကြရခြင်း ဖြစ်သည်။

မာဝန်၊ နွားသန်ကြီး နှင့် ချန်ကျွမ် တို့ကတော့ ခရိုင်ထဲသို့ ပြန်လည် နေထိုင်ကြပြီး နံနက်ပိုင်းတွင် အတူတကွ လာရောက်ရန် ချိန်းဆိုထားကြသည်။

အားလုံးက လယ်ယာခြံဝင်းသို့ ရောက်လာသည်နှင့် အစီအစဉ်တကျ အလုပ်လုပ်ကြတော့သည်။

ယခုအခါ လယ်ယာခြံဝင်းက စနစ်တကျ ဖြစ်လာပြီဖြစ်ရာ မာဝန်က ကိစ္စရပ်များကို ညှိနှိုင်းစီစဉ်ပေးပြီး အားလုံးကလည်း ကြိုးစားပမ်းစား လုပ်ကိုင်ကြသည်။

ရွှီယန်ကတော့ ပုံမှန်အတိုင်း လယ်ယာခြံဝင်းကို လှည့်ပတ် စစ်ဆေးပြီး မှန်လုံအိမ်များ ထဲသို့ အရင် ဝင်ရောက်ကြည့်ရှုလိုက်သည်။

မှန်လုံအိမ်ထဲရှိ ဘလူးဘယ်ရီသီးများ အကုန် ရောင်းကုန်သွားပြီဖြစ်ရာ နောက်တစ်သုတ် ကြီးထွားလာရန် စောင့်ဆိုင်းနေရသည်။

အခြား သစ်သီး မှန်လုံအိမ် တစ်ခုတွင်လည်း သစ်သီး အမျိုးအစား အချို့ ရင့်မှည့်နေပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ဝမ်ဝူက ရွှီယန်၏ လက်ထဲမှ ကြိုးကြာနီပေါက်လေးကို မြင်သောအခါ ပြုံးကာ လှမ်းနှုတ်ဆက်လိုက်သည်။

"သူဌေး... တောကြက် တစ်ကောင် မွေးထားတာလား..."

ဝမ်ဝူ၏ စကားကို ကြားသောအခါ ရွှီယန်က ပြန်ပြောလိုက်သည်။

"တောထဲကနေ ကောက်ရလာတာလေ... အဲဒါ ကြိုးကြာနီပေါက်လေးကွ..."

"ဗျာ..."

ဝမ်ဝူ အနည်းငယ် မှင်တက်သွားသည်။ သူက ရွှီယန်၏ လက်ထဲမှ အညိုရောင် ငှက်ကလေးကို ကြည့်ကာ ဤသည်မှာ ကြိုးကြာနီ ဖြစ်ကြောင်း လုံးဝ မယုံကြည်နိုင်ချေ။

သူတို့ဘက်တွင် ကြိုးကြာနီက အလွန် မြင့်မြတ်သော တိရစ္ဆာန်ဖြစ်ပြီး သန့်စင်ခြင်း၏ ပြယ္ခုတ္တစ်ခုပင် ဖြစ်သည်။

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒါက ကြိုးကြာနီပဲလေ... အကောင်ပေါက်လေးတွေက ဒီလိုပဲ ရုပ်ထွက်ရှိတာ... နောက်နှစ်ရက်လောက် နေရင် သစ်တောရေးရာ ဦးစီးဌာန က လူတွေ လာကြည့်ကြလိမ့်မယ်... လောလောဆယ်တော့ ငါ တာဝန်ယူ စောင့်ရှောက်ထားလိုက်မယ်..."

ဝမ်ဝူက အနားသို့ တိုးလာပြီး ကြိုးကြာနီပေါက်လေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်သည်။ သူက ကြိုးကြာနီ၏ ရှည်လျားသော လည်ပင်းနှင့် ချွန်ထက်သော နှုတ်သီးကို အကြမ်းဖျင်း သတိထားမိသွားမှသာ ရွှီယန်၏ စကားကို ယုံကြည်သွားတော့သည်။

"မပြောနဲ့လေ... ဒီလောက် နှစ်တွေ အကြာကြီး နေလာတာ... ကြိုးကြာနီပေါက်လေးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... သူဌေး... တကယ်ပဲ ခင်ဗျား နောက်ကို လိုက်ရတာ အကောင်းဆုံးပဲ..."

ဝမ်ဝူက ချီးကျူးလိုက်သည်။ ရွှီယန်က ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

လယ်ယာခြံဝင်း၏ ဘဝက အရင်အတိုင်း တည်ငြိမ်နေဆဲပင်။

နံနက်ပိုင်း အချိန်တွင် လယ်ယာခြံဝင်း၏ အာလူးခင်းကို မြေတူးရန် လိုအပ်သဖြင့် ဝမ်ဝူက လယ်ထွန်စက်ကို မောင်းနှင်ကာ မြေတူးနေသည်။

ဘေးနားရှိ ကျိန့်ရှန်ချီက ကြည့်ရင်းဖြင့် အလွန် အားကျနေသည်။

"ဝမ်ဝူ... ငါ့ကိုလည်း ခဏလောက် မောင်းခိုင်းပါလား... မင်း ဘေးနားကနေ ကြည့်နေပေးလေ..."

ကျိန့်ရှန်ချီက ဝမ်ဝူကို လှမ်းမေးလိုက်သည်။ ဝမ်ဝူက ပြန်ပြောလိုက်သည်။

"ငါက မောင်းခွင့် မပြုတာ မဟုတ်ဘူးကွ... လယ်ထွန်စက် မောင်းဖို့ လိုင်စင် လိုတယ်... မင်းမှာ ရှိလို့လား..."

"လယ်ထွန်စက် လိုင်စင်... အဲဒီလိုမျိုးလည်း ရှိသေးတာလား..."

ကျိန့်ရှန်ချီ အနည်းငယ် အံ့ဩသွားမိသည်။

"ရှိတာပေါ့... တက္ကသိုလ် အားလပ်ရက် တုန်းက သွားဖြေထားတာလေ..."

ဝမ်ဝူက ခေါင်းညိတ်လိုက်သည်။ ရွှီယန်လည်း အနားတွင် ရှိနေသဖြင့် သူတို့ နှစ်ယောက်၏ စကားဝိုင်းကို ကြားသောအခါ ဝင်ပြောလိုက်သည်။

"ဒီလိုင်စင် ရှိမှ ရတာ... အဲဒါကြောင့် တစ်ယောက်ယောက်က လယ်ထွန်စက် လာငှားတိုင်း ဝမ်ဝူကိုပဲ အမြဲ လွှတ်ရတာပေါ့... မင်း စာမေးပွဲ သွားဖြေချင်ရင် သွားဖြေလို့ ရတယ်... အောင်ဖို့ အရမ်း လွယ်ပါတယ်..."

ကျိန့်ရှန်ချီက ဗဟုသုတ တိုးသွားကြောင်း ပြောပြပြီး တကယ်ပင် သွားရောက် စာရင်းသွင်းရန် ရည်ရွယ်လိုက်သည်။

ကျွမ်းကျင်မှု တစ်ခု ပိုတတ်ထားခြင်းက အကျိုးရှိပေသည်။ ယခုခေတ်တွင် ဘယ်အလုပ်ကို လုပ်လုပ် လက်မှတ် အနည်းငယ်တော့ ရှိထားမှ ဖြစ်မည် မဟုတ်ပါလော။

လယ်ယာအလုပ်များ လုပ်ရာတွင်လည်း ဤသို့ပင် ဖြစ်သည်။ လယ်ယာခြံဝင်းက အလွန် တက်ကြွလန်းဆန်းနေသည်။

လူများက အလုပ်များနေကြပြီး တိရစ္ဆာန်များကလည်း လှုပ်ရှားနေကြသည်။

တစ်ဖက်တွင် ခွေးများ ရှိပြီး နောက်တစ်ဖက်တွင် ဒရယ်များ ရှိကာ အဝေးတွင်လည်း မြေခွေးများ ရှိနေသည်။ ဝန်ထမ်းများက တိရစ္ဆာန်များ၏ ဘဝကို ဘယ်တော့မှ ဝင်ရောက် စွက်ဖက်လေ့ မရှိကြသလို တိရစ္ဆာန်များကလည်း လယ်ယာခြံဝင်းထဲတွင် အတော်လေး နေသားကျနေကြပြီ ဖြစ်သည်။

ဤသို့ဖြင့် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြသည်။ တစ်ခါတရံတွင် ရွှီယန်က သူ ဖွင့်ထားသည်မှာ လယ်ယာခြံဝင်း မဟုတ်ဘဲ တိရစ္ဆာန်ရုံ များလားဟုပင် တွေးမိတတ်သည်။

ရွှီယန်က ခဏမျှ လမ်းလျှောက်ပြီးနောက် ခြံဝင်းထဲသို့ ပြန်လာကာ အနားယူရင်း ဗီဒီယိုတိုများကို ပွတ်ကြည့်နေလိုက်သည်။ ဤသို့ ပွတ်ကြည့်လိုက်ရာမှ ဗီဒီယို အနည်းငယ် အကွာတွင် သူ့ကိုယ်သူ ပြန်တွေ့လိုက်ရသည်။

တချို့ ဗီဒီယိုများဆိုလျှင် ယမန်နှစ်က ရိုက်ကူးထားသော ဗီဒီယို အပိုင်းအစများ ဖြစ်ပြီး မားကက်တင်း အကောင့်များက ပြန်လည် တင်ထားခြင်း ဖြစ်သည်။ ရွှီယန်က သူ့ကိုယ်သူ တွေ့တိုင်း စိတ်မဝင်စားပါ ဟူသော ခလုတ်ကို အမြဲတမ်း နှိပ်လေ့ ရှိသည်။

သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ကိစ္စများဖြစ်ရာ ဘာမှ ကြည့်စရာ မရှိချေ။ အင်တာနက်ပေါ်မှ ကိစ္စများကိုတော့ အေးအေးချမ်းချမ်း နေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် ထူးဆန်းသည်မှာ သူက သူ့ကိုယ်သူ ဆက်လက် တွေ့မြင်နေရဆဲပင် ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်တာလဲ... မကြာသေးခင်က ငါ့အကြောင်း ဗီဒီယိုတွေ ဘယ်လိုဖြစ်လို့ ဒီလောက် များလာရတာလဲ... ငါလည်း ပရိုမိုးရှင်း လုပ်ထားတာ မရှိပါဘူး..."

ရွှီယန် အနည်းငယ် သံသယ ဝင်သွားမိသည်။ သူက နေရာတချို့ ကွာခြားနေကြောင်း သတိထားမိသွားသည်။

တကယ်တမ်းတွင် ဤသည်မှာ အလွန် နာမည်ကျော်ကြားလာမည့် ရှေ့ပြေး နိမိတ်ပင် ဖြစ်သည်။ သူက ဘာမှ လုပ်စရာ မလိုဘဲ သူ၏ ဗီဒီယိုများကို အင်တာနက်သုံးစွဲသူများက ကြိုက်နှစ်သက်ကြသဖြင့် မားကက်တင်း အကောင့်များက သူ၏ ဗီဒီယိုများကို ပိုမို ဖြတ်တောက် တည်းဖြတ်လာကြခြင်း ဖြစ်သည်။

ဖြတ်တောက် တည်းဖြတ်ထားသော ဗီဒီယိုများ များပြားလာပြီး ကြည့်ရှုသူ များပြားလာသောအခါ လူအတော်များများက သူ့ကို ပိုမို နှစ်သက်လာကြသည်။ နာမည်ကြီးသော လိုက်ဖ်လွှင့်သူတိုင်းက လိုလိုပင် ဤသို့ ဖြစ်လေ့ ရှိသည်။

အားလုံးက ဗီဒီယို အပိုင်းအစများ၏ ကြည့်ရှုသူ အရေအတွက် မြင့်မားသောကြောင့် ဖြစ်သည်။ ထို့အပြင် အချိန်တော်တော်များများတွင် ရွှီယန် ကိုယ်တိုင် တင်ထားသော ဗီဒီယိုများ၏ နှစ်သက်မှု အရေအတွက်က မားကက်တင်း အကောင့်များက တင်ထားသော ဗီဒီယိုများလောက်ပင် မများပြားချေ။

တကယ်ကို ပြောင်းပြန် ဖြစ်နေတော့သည်။ ထို့ကြောင့် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်လျှင်တောင် ဖော်လိုဝါ အရေအတွက်က နေ့စဉ် တိုးလာနေသည်။

ထို့အပြင် မကြာသေးမီက တိုက်ရိုက်ထုတ်လွှင့်မှုများမှ တစ်ဆင့် ရွှီယန်၏ နာမည်ကျော်ကြားမှု ရမှတ် စုစုပေါင်းမှာ နှစ်သန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်နိုင်သလို မဲဖောက်ခြင်းများလည်း ပြုလုပ်နိုင်ပေသည်။

ရွှီယန်က စဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။

[ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ]

[စုဆောင်းနိုင်သော အကြိမ်ရေ ကန့်သတ်ချက်ကို ဆယ့်နှစ်ကြိမ်အထိ တိုးမြှင့်ထားပြီး ရှာဖွေရေး အချင်းဝက်ကို ငါးကီလိုမီတာ အထိ တိုးချဲ့ထားပါတယ်... ရတနာရှာဖွေရေး တာဝန် နှိုးဆွနိုင်ခြေကို မြှင့်တင်ထားပြီး သမုဒ္ဒရာ အတွင်း ရှာဖွေနိုင်သည့် အချင်းဝက်ကို သုံးဆယ် ကီလိုမီတာ အထိ တိုးချဲ့ထားပါတယ်]

စနစ်ထံမှ သတိပေးသံ ထွက်ပေါ်လာသည်။

အဆင့်မြှင့်တင်ပြီးနောက် ပြောင်းလဲမှုက အများကြီး မကြီးမားချေ။ အဓိကအားဖြင့် ယခုလက်ရှိ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က အလွန် အသုံးဝင်နေပြီ ဖြစ်ရာ တိုးတက်မှုက သိပ်မသိသာခြင်း ဖြစ်သည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး တက္ကသိုလ်မှ ဆရာအချို့ ရွှီယန်ထံ လာရောက် ရှာဖွေကြသည်။ အကြောင်းရင်းမှာလည်း ရိုးရှင်းလှသည်။ ရွှီယန်က ကြိုးကြာနီပေါက်လေး တစ်ကောင် မွေးထားကြောင်း သူတို့ ကြားသိရသဖြင့် ရွှီယန်ကို စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများကို သင်ခန်းစာ တစ်ခု လာရောက် သင်ကြားပေးရန် တောင်းဆိုချင်ကြခြင်း ဖြစ်သည်။

ထိုဆရာမှာ တိရစ္ဆာန် သိပ္ပံဌာနမှ ဆရာတစ်ဦး ဖြစ်ပြီး ရွှီယန်က စိုက်ပျိုးရေး ဌာနနှင့် တိရစ္ဆာန် သိပ္ပံဌာန တို့နှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိကာ ယခင်ကလည်း စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများကို သင်ခန်းစာများ သင်ကြားပေးခဲ့ဖူးသည်။

တက္ကသိုလ် ကျောင်းသားများကို စာသင်ပေးရမည့် ကိစ္စနှင့် ပတ်သက်၍ ရွှီယန်က အတော်လေး စိတ်ဝင်စားနေမိသည်။ တိုက်ဆိုင်စွာပင် သူ ကျွမ်းကျင်သော နယ်ပယ် ဖြစ်နေသည့်အပြင် တက္ကသိုလ် ကျောင်းသားများက အလွန် စိတ်အားထက်သန်ကြသည် မဟုတ်ပါလော။

တက်ကြွ လန်းဆန်းသော ခံစားချက်မျိုး ရှိပေသည်။ တက္ကသိုလ် ကျောင်းသားများကို စာသင်ပေးနိုင်သူများမှာ သာမန်လူများ မဟုတ်ကြချေ။

ဤသည်ကလည်း ရွှီယန်၏ အဆင့်အတန်းကို အသိအမှတ်ပြုခြင်း တစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် ရွှီယန်က တစ်ဖက်လူ၏ တောင်းဆိုချက်ကို ကြားသောအခါ ချက်ချင်း သဘောတူလိုက်သည်။

"ပြဿနာ မရှိပါဘူး... စာသင်ဖို့ ကိစ္စက လွယ်ပါတယ်... အချိန်ကျရင် ကျွန်တော် သစ်တောရေးရာ ဦးစီးဌာန ကို သတင်းပို့လိုက်မယ်... အဲဒီအချိန်ကျရင် ကြိုးကြာနီကိုပါ ခေါ်သွားပြီး အားလုံးကို ကြိုးကြာနီကို ဘယ်လို ကျွေးမွေး ပြုစုရမလဲ ဆိုတဲ့ အကြောင်း သင်ခန်းစာ တစ်ခု သင်ပေးလိုက်မယ်..."

ဆရာဖြစ်သူကလည်း အလွန် ဝမ်းသာသွားပြီး ကျောင်း၏ လုပ်ထုံးလုပ်နည်းများ အရ သင်ကြားရေး စရိတ်ကိုလည်း ပေးချေမည်ဖြစ်ကြောင်း ပြောလာသည်။ စာလာသင်ပေးပါက အခကြေးငွေ ရရှိမည်ဖြစ်ပြီး အခြားသူများကို အလကား လာခိုင်း၍ မဖြစ်နိုင်ချေ။

ရွှီယန်က ဤကိစ္စများကို အများကြီး ဂရုမစိုက်သော်လည်း ပိုက်ဆံရခြင်းကတော့ သေချာပေါက် ကောင်းမွန်သော ကိစ္စပင်။

ထို့ကြောင့် နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ကျောင်းမှ အထူးကား တစ်စီးက ရွှီယန်ကို ကျောင်းသို့ လာရောက် ကြိုဆောင်ခဲ့သည်။ ရွှီယန်က သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ဝတ်ဆင်ကာ လှောင်အိမ် တစ်ခုနှင့် ကြိုးကြာနီပေါက်လေးကို ယူဆောင်ပြီး စိုက်ပျိုးရေး တက္ကသိုလ်သို့ စာသင်ရန် ထွက်လာခဲ့သည်။

ကျောင်းသားများက သူ လာမည်ကို အစောကြီးကတည်းက ကြားသိထားကြသဖြင့် ကားပေါ်မှ ဆင်းသည်နှင့် ဘေးပတ်လည်တွင် တက္ကသိုလ် ကျောင်းသားများ ဝိုင်းရံလာပြီး အားလုံးက ဖုန်းများကို ကိုင်ကာ ရိုက်ကူးနေကြတော့သည်။

သူတို့က ရွှီယန်ကို မြင်သောအခါ အဆက်မပြတ် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"အစ်ကိုယန်... မင်္ဂလာပါ..."

"အစ်ကိုယန်... ဒီဘက်ကို ကြည့်ပါဦး..."

ယခင်က ပြင်ပ လှုပ်ရှားမှု ကလပ်မှ လူများနှင့် တွေ့ဆုံခဲ့စဉ်က ကဲ့သို့ပင်။ အပြင်ဘက်မှ လူများက သူ့ကို မြင်သောအခါ အစ်ကိုယန် ဟုသာ ခေါ်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်တော့ လောင်ရွှီ ဟု ခေါ်သူ ပိုများပေသည်။ ရွှီယန်က ပြုံးကာ အားလုံးကို လက်ပြ နှုတ်ဆက်လိုက်သည်။

စာသင်ချိန် ရောက်သောအခါ ရွှီယန်က စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။ စာသင်ခန်းထဲရှိ ထိုင်ခုံများတွင် ကျောင်းသားများ အပြည့် ထိုင်နေကြပြီး လျှောက်လမ်းများတွင်ပင် လူများ ပြည့်နေကာ အနောက်ဘက်တွင်လည်း နှစ်တန်းခန့် မတ်တပ်ရပ်နေကြသည်ကို တွေ့လိုက်ရသည်။

ပြတင်းပေါက် အပြင်ဘက်တွင်လည်း သတင်းကြား၍ လာရောက်ကြသော ကျောင်းသားများက စင်္ကြံလမ်းကိုပါ ပိတ်ဆို့ထားကြသည်။ လူအတော်များများက ဖုန်းများကို ထုတ်ကာ ရိုက်ကူးနေကြသည်။

ရွှီယန်က အားလုံးကို ရဲရဲဝင့်ဝင့်ပင် ပြောလိုက်သည်။

"ကျွန်တော် စာသင်နေတာကို လွတ်လွတ်လပ်လပ် ရိုက်ကူးလို့ ရပါတယ်... ကိစ္စမရှိပါဘူး... ဒီကြိုးကြာနီကို ကျွန်တော် တောနက်ထဲကနေ ကယ်တင်လာခဲ့တာပါ... လက်ရှိ အခြေအနေကတော့ တော်တော်လေး ကောင်းမွန်နေပါပြီ... ဒီနေ့ သူ့ကို ခေါ်လာပြီး စာသင်ဖို့ သစ်တောရေးရာ ဦးစီးဌာန ကိုလည်း ခွင့်ပြုချက် တောင်းထားပြီး သတင်းပို့ထားပြီးသားပါ... ဒီကို လာပြီး စာသင်ရတာ အရမ်း ဝမ်းသာပါတယ်... ဒီနေ့ အဓိက သင်ပေးမယ့် အကြောင်းအရာကတော့ ကြိုးကြာနီနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဖြစ်ပါတယ်... အချိန်က နည်းနည်း ကပ်နေတော့ ပီပီတီ လည်း မပြင်ဆင်ရသေးဘူး... ဒီတိုင်းပဲ တိုက်ရိုက် သင်ပေးပါမယ်..."

ရွှီယန်က ကျောင်းသားများ ရှေ့တွင် အလွန် သက်သောင့်သက်သာ ရှိနေပုံ ရသည်။ တက္ကသိုလ် စာသင်ခန်းဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။

သူက ကြိုးကြာနီ၏ ထူးခြားချက်များကို စတင် ရှင်းပြပြီး ကြားထဲတွင် တောထဲမှ အဖြစ်အပျက် အသေးလေး အချို့ကိုပါ ထည့်သွင်း ပြောပြလိုက်သေးသည်။ ကျောင်းသားများက အလွန် သေချာစွာ နားထောင်နေကြသည်။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် ဖြစ်သဖြင့် စကားပြော အလွန် ကောင်းမွန်သည်ကိုတော့ ဝန်ခံရမည်ပင်။ စာသင်နေစဉ်တွင်ပင် ရေရေလည်လည် ပြောဆိုနိုင်ပေသည်။

အနောက်ဘက်တွင် စာလာတက်ကြသော ဆရာအချို့နှင့် ကျောင်းမှ အုပ်ချုပ်ရေးမှူးများလည်း ရှိနေသည်။ ဤကဲ့သို့သော စာသင်ခန်းကို မြင်တွေ့ရသောအခါ သူတို့လည်း ကျေနပ်စွာ ပြုံးလိုက်ကြသည်။

စာသင်ချိန် တစ်ချိန်က အလွန် မြန်ဆန်စွာ ကုန်ဆုံးသွားပြီး သိပ်မကြာခင်မှာပင် ကျောင်းဆင်းခေါင်းလောင်းသံ ထွက်ပေါ်လာတော့သည်။ ရွှီယန်က ခေါင်းလောင်းသံကို ကြားသည်နှင့် ချက်ချင်း ပြောလိုက်သည်။

"ကျောင်းဆင်းပါပြီ... ဒီနေ့ သင်ခန်းစာကတော့ ဒီလောက်ပါပဲ... ကျွန်တော့်ရဲ့ လယ်ယာခြံဝင်းက စမ်းသပ် စိုက်ခင်း ဘက်မှာ ရှိပါတယ်... ဘာကိစ္စ ရှိရှိ အချိန်မရွေး လာရောက် ဆွေးနွေးလို့ ရပါတယ်..."

တက္ကသိုလ် ဆရာများက ယေဘုယျအားဖြင့် အချိန်ပို ယူလေ့ မရှိကြဘဲ ကျောင်းဆင်းခေါင်းလောင်းသံ ကြားသည်နှင့် ချက်ချင်း ကျောင်းဆင်းကြောင်း ပြောကာ ကျောပိုးအိတ်များကို စတင် သိမ်းဆည်းလေ့ ရှိကြသည်။

ကျောင်းသားများက ရွှီယန် ပြန်တော့မည်ကို မြင်သောအခါ အချိန်ခဏလောက် ထပ်သင်ပေးရန် တောင်းဆိုကြသော်လည်း ကျောင်းအုပ်ချုပ်ရေးမှူးများ ထွက်လာမှသာ အားလုံးကို ထိန်းချုပ်နိုင်ခဲ့တော့သည်။ တကယ်ကို နာမည်ကြီးနေသည်ပင်။

ရွှီယန်က တကယ်ကို လူကြိုက်များလှသည်။ သိပ်မကြာခင်မှာပင် သူ တက္ကသိုလ်တွင် စာသင်နေသော ဗီဒီယိုများက အင်တာနက်ပေါ်သို့ ရောက်ရှိလာတော့သည်။

အင်တာနက်သုံးစွဲသူများက ဤဗီဒီယိုများကို မြင်သောအခါ အသီးသီး မှတ်ချက်ပေးလာကြသည်။

[နေပါဦး... လောင်ရွှီ... မင်း ဘာတွေ လုပ်နေပြန်ပြီလဲ…]

[လိုက်ဖ် မလွှင့်ဘဲ တက္ကသိုလ်မှာ သွားပြီး စာသင်နေတယ် ဟုတ်လား... ဒီလောက်တောင် စွမ်းနေတာလား…]

[လခွမ်း... လောင်ရွှီက တကယ်ကို အံ့မခန်းပဲ... အရည်အချင်း ရှိတာပဲ…]

[အင်တာနက် တစ်ခွင်လုံးမှာ အလေးစားဆုံးက သူပဲ... အကုန်လုံးက အစစ်အမှန်တွေချည်းပဲလေ…]

ဤကိစ္စကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန်မှုများကလည်း မသေးငယ်လှပေ။

All Chapters