← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း။ ၈၉

"သူရဲကောင်း ချွန်းဂါဆောင်က သူရဲကောင်း ဂျင်ဆိုဟွန်းကို စိတ်ဝင်စားနေတာလို့ ပြောချင်တာလား။ ဘာအတွက်နဲ့များ..."

ဇူဂယ်မင်းသည် ထိုစကားကို ပြောလိုက်မိချိန်တွင်ပင် မေးခွန်းမှာ မိုက်မဲလွန်းကြောင်း ကိုယ့်ကိုကိုယ် သဘောပေါက်သွားသည်။

တကယ်ပါပဲ ချွန်းဂါဆောင်လို အဆင့်အတန်းရှိသူဆိုရင် ဂျင်ဆိုဟွန်းရဲ့ စစ်မှန်တဲ့ မျက်နှာဖုံးကို ခန့်မှန်းမိမှာပဲ။ သူက ဂျင်ဆိုဟွန်းရဲ့ အစစ်အမှန် စွမ်းရည်ကို သိချင်နေတာဖြစ်မယ်။

အပြာရောင်အဖွဲ့၏ ဗျူဟာမှူးကဲ့သို့ ရှိနေသော ဇူဂယ်မင်းမှာ ခေါင်းကိုက်လာသည်။

ချွန်းယဲရန်း ပြောသည်မှာ အမှန်ဆိုလျှင် သူ ဘာပဲလုပ်လုပ် အပြာရောင်အဖွဲ့နှင့် အနီရောင်အဖွဲ့၏ ယှဉ်ပြိုင်ပွဲမှာ သရေဖြင့်သာ အဆုံးသတ်ရတော့မည်ပင်။

ချွန်းဂါဆောင်မှာ ထိုအရာကို လုပ်နိုင်စွမ်းရှိသူပင်။

"မိန်းကလေး ချွန်းယဲရန်း ပြောတာ အမှန်ဆိုရင်... ဒုတိယမြောက် ယှဉ်ပြိုင်ပွဲအတွက် ဘယ်သူ့ကိုပဲ လွှတ်လိုက်ပါစေ..."

"ကျွန်မပဲ သွားမယ်"

ချွန်းယဲရန်းသည် သူမ၏ ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဇူဂယ်မင်းက အံ့အားသင့်စွာ မေးလိုက်သည်။

"မိန်းကလေး ချွန်းယဲရန်း ကိုယ်တိုင် ထွက်လာဖို့ စိတ်ကူးထားတာလား"

"ဟုတ်တယ်"

"အာ နားလည်ပါပြီ။ ဘယ်သူနဲ့အတူ ထွက်သွားချင်ပါသလဲ"

"ကျွန်မ တစ်ယောက်တည်းပဲ သွားမယ်"

"ဗျာ"

"အဖြူရောင်လ နန်းတော်က သိုင်းသမားတွေက တခြားသူတွေနဲ့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်လေ့ မရှိဘူး"

ဒါကြောင့်ပဲ ချွန်းဂါဆောင် တစ်ယောက်တည်း တက်လာတာပေါ့ မဟုတ်ပါဘူး။ ချွန်းဂါဆောင်ရဲ့ စိတ်နေသဘောထားအရဆိုရင် ဒီလို စည်းမျဉ်းမရှိရင်တောင် သူ တစ်ယောက်တည်းပဲ တက်လာမှာ။

"ပြီးတော့ ကျွန်မပဲ ဆက်ပြီး တိုက်ခိုက်သွားမယ်"

"မိန်းကလေး ယှဉ်ပြိုင်ပွဲအားလုံးမှာ တစ်ယောက်တည်းပဲ တိုက်သွားမယ်လို့ ပြောတာလား"

"ဟုတ်တယ်"

ချွန်းယဲရန်းသည် အဖြေကို စောင့်နေပုံမရဘဲ လေ့ကျင့်ရေးကွင်းဘက်သို့ လှည့်သွားလိုက်သည်။ ဇူဂယ်မင်းက အကူအညီတောင်းသည့် အကြည့်ဖြင့် ဂျင်ဆိုဟွန်းကို ကြည့်လိုက်သော်လည်း သူက ပခုံးသာ တွန့်ပြသည်။

ခုလောလောဆယ်တော့ မိန်းကလေး ချွန်းယဲရန်းကိုပဲ ယုံကြည်ရတော့မှာပေါ့။

"ဒါဆိုရင် အားလုံး မိန်းကလေးအပေါ်မှာပဲ မူတည်တော့မယ်"

ခေါင်းညိတ်လိုက်သော ချွန်းယဲရန်းသည် ဒုတိယမြောက် ယှဉ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးကွင်းပေါ်သို့ တက်သွားသည်။

သူမ ပေါ်လာချိန်တွင် အနီရောင်အဖွဲ့၏ ကိုယ်စားလှယ်များအဖြစ် တက်လာကြသော မူရုံဆူဆူ၊ အိုဆောဟွာနှင့် ဟျော့အူဂွန်းတို့၏ မျက်နှာများမှာ တောင့်တင်းသွားသည်။

ချွန်းဂါဆောင်နည်းတူ ချွန်းယဲရန်းလည်း တစ်ယောက်တည်း ထွက်လာခဲ့ခြင်းပင်။

"ညီမလေး"

"ဟုတ်ကဲ့ အစ်ကို"

"ယှဉ်ပြိုင်ပွဲမှာ နိုင်ဖို့က အရေးကြီးပေမဲ့ ဒီတစ်ခါတော့ ကျွန်တော့်ကို အခွင့်အရေး ပေးနိုင်မလား"

"သေချာတာပေါ့"

ဟျော့အူဂွန်းသည် ရှေ့သို့ တိုးလာပြီး မူရုံဆူဆူကို တစ်ချက် ကြည့်လိုက်သည်။

သူမ၏ နားလည်မှုရယူလိုသည့် အကြည့်မျိုးဖြင့် ပြန်ကြည့်လာသောအခါ မူရုံဆူဆူလည်း ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

သူနှင့်အတူ တက်လာသူနှစ်ဦး၏ ခွင့်ပြုချက်ကို ရပြီးနောက် ဟျော့အူဂွန်းသည် ချွန်းယဲရန်း၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

"အပြာရောင်အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ အကုန်ရောက်ပြီလား"

"ဟုတ်ကဲ့"

နည်းပြ၏ မေးခွန်းကို ချွန်းယဲရန်းက အတိုချုပ် ပြန်ဖြေသည်။

"ဒါဆိုရင် ဒုတိယမြောက် ယှဉ်ပြိုင်ပွဲ စတင်ပါပြီ"

ဒုတိယပွဲစဉ် စတင်ကြောင်း အလံမှာ ကောင်းကင်သို့ ဝဲတက်သွားသည်နှင့် ဟျော့အူဂွန်းက သစ်သားဓားကို ဆွဲထုတ်လိုက်သည်။

"ကျွန်တော် အမြဲတမ်း အဖြူရောင်လ နန်းတော်က သိုင်းသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ချင်နေခဲ့တာပါ။ ဟွာရှန်ဂိုဏ်းက ဟျော့အူဂွန်းပါ"

"ကျွန်မ ချွန်းယဲရန်းပါ"

"အစွမ်းကုန် ယှဉ်ပြိုင်ပါ့မယ်"

ချွန်းယဲရန်းသည် သူမ၏ ညာလက်ဖြင့် သစ်သားဓားကို ပေါ့ပါးစွာ ဆုပ်ကိုင်ပြီး ခေါင်းညိတ်လိုက်သည်။ ယှဉ်ပြိုင်ပွဲကို ဟျော့အူဂွန်းက စတင်လိုက်သည်။ သူသည် ဟွာရှန်ဂိုဏ်း၏ လှုပ်ရှားမှု သိုင်းကွက်တစ်ခုဖြစ်သော ငါးမျိုးဆက် ပန်းပွင့်ကြွေ လှမ်းခင်းနည်းကို သုံး၍ ချွန်းယဲရန်းဆီသို့ ပြေးဝင်သွားသည်။

ပန်းပွင့်ချပ်များ လွင့်ပျံနေသကဲ့သို့ ပြောင်းလဲနေသော သူ၏ လှုပ်ရှားမှုများကို ကြည့်နေသည့် တပည့်များ၏ မျက်လုံးများမှာ တောက်ပလာသည်။

အထူးသဖြင့် ဟျော့အူဂွန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော ဂျုံရိုအာမှာ ပို၍ပင်။

သူက တကယ်ပဲ အထင်သေးစရာ မဟုတ်ဘူး။

ဟျော့အူဂွန်းမှာ နမ်ဂန်းမျိုးရိုးမှ နမ်ဂန်းဆွန်းလု၊ ဝူတန်းဂိုဏ်းမှ ဒိုဂျမ်တို့နှင့်အတူ ဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခု၏ အားအကောင်းဆုံး မျိုးဆက်သစ် ပါရမီရှင်အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။

လူအများ၏ အကဲဖြတ်မှုအတိုင်း ဟျော့အူဂွန်း၏ သိုင်းပညာမှာ မျိုးဆက်သစ် ပါရမီရှင်များထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

"အတော်လေး ကောင်းမွန်တဲ့ ပန်းပွင့်ကြွေ လှမ်းခင်းနည်းပဲ"

ဂွမ်မြောင်ကလည်း ဟျော့အူဂွန်းကို ချီးကျူးစွာဖြင့် ကြည့်နေသည်။ ထိုအချိန်အတွင်း ဟျော့အူဂွန်းမှာ ချွန်းယဲရန်း၏ ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

"ဟ….."

ပြင်းထန်သော အော်ဟစ်သံနှင့်အတူ ဟျော့အူဂွန်း၏ ဓားချက်က လှုပ်ရှားမှုသိုင်းကွက်များနည်းတူ ပြောင်းလဲနေသော စိတ်ကူးယဉ် ဓားချက်များကို ဖော်ပြကာ ချွန်းယဲရန်းကို ဖိအားပေးလိုက်သည်။ အမြင်အာရုံကို ဝေဝါးသွားစေသော ဓား၏ အရိပ်များက ပန်းပွင့်ချပ်များကို ပုံဖော်နေသည်။

"အဲဒါ ပန်းပွင့်ကြွေ ဓားသိုင်းပဲ"

ယူအူဆွန်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားစွာဖြင့် တောက်ပနေသည်။

"အစ်ကို..."

သူကိုယ်တိုင် မရောက်ရှိသေးသည့် အဆင့်ရှိသော ဓားသိုင်းကို ကြည့်နေရသည့် အိုဆောဟွာသည် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားလိုက်သည်။

တစ်နေ့ကျရင်တော့။

တစ်နေ့နေ့တွင် ဟျော့အူဂွန်းကို လိုက်မီရန် ကတိပြုနေသည်။ ထိုအချိန်တွင် ချွန်းယဲရန်းသည် ဓား၏ အရိပ်များကို လိုက်လံ မကြည့်ပေ။ သူမ၏ ကျောက်စိမ်းပြာရောင် မျက်ဝန်းနှစ်ခုဖြင့် လှည့်စားထားသော ပုံရိပ်များကြားမှ အစစ်အမှန်ကို ရှာဖွေလိုက်သည်။

အဖြူရောင်လ ကောင်းကင်လျှပ်စီးဓား၊ ပထမလ၊ ပျံသန်းနေသော လ၏ တောင်ပံ။

အောက်ဘက်သို့ နိမ့်ဆင်းသွားသော ချွန်းယဲရန်း၏ သစ်သားဓားမှာ ကောင်းကင်သို့ ပျံတက်သွားမည့် လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ထိုးတက်သွားသည်။ တောက်ပသော အဖြူရောင် အလင်းတန်းနှင့်အတူ ဟျော့အူဂွန်း၏ ဓားမှာ လွင့်စင်သွားသည်။

ဘ…ဘယ်လိုလုပ်ပြီး

ဟျော့အူဂွန်း မယုံနိုင်ပေ။ ဟွာရှန်၏ ပန်းပွင့်ကြွေ ဓားသိုင်းမှာ ပြိုင်ဘက်၏ မျက်လုံးကို လှည့်စားသော စိတ်ကူးယဉ်ဓားချက်နှင့် ပြောင်းလဲနေသော ဓားချက်များ လှပစွာ ပေါင်းစပ်ထားသော သိုင်းကွက် ဖြစ်သည်။

သို့သော် ချွန်းယဲရန်းက သူမ၏ မျက်စိရှေ့တွင် ပြည့်နှက်နေသော ပန်းပွင့်ချပ်များကြားမှ အစစ်အမှန်ကို ရှာဖွေတွေ့ရှိပြီး တိကျစွာ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

"ဒီပြာလဲ့လဲ့ မျက်လုံးတွေ"

နှစ်ဦး၏ ယှဉ်ပြိုင်မှုကို ကြည့်နေသော ချွန်းဂါဆောင်က ကြည့်စရာ ဘာမှမကျန်တော့သည့်အလား လေ့ကျင့်ရေးကွင်းမှ အကြည့်ကို လွှဲလိုက်သည်။ သူ့၏ စိတ်ဝင်စားမှုမှာ ဂျင်ဆိုဟွန်းဆီမှာသာ ရှိနေဆဲပင်။

မင်းရဲ့ စစ်မှန်တဲ့ သဏ္ဌာန်ကို မကြာခင် မြင်ရတော့မယ်။

ဂွေ့ကျိုးတွင် မိစ္ဆာဂိုဏ်းသား လေးရာကျော် အသက်ဆုံးရှုံးခဲ့ရသည်။ သူတို့ကို မည်သူက သတ်ဖြတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးပေ။ သို့သော် အဖြူရောင်ဓားတပ်ဖွဲ့ခေါင်းဆောင် ဆိုဝီဂျွန်းက ပြောခဲ့ဖူးသည်။

မိစ္ဆာဂိုဏ်းသားတွေ အားလုံးက လက်ဆယ်ချောင်း သွေးမိစ္ဆာပြန်ရောက်လာပြီလို့ ပြောနေကြတယ်။ သေဆုံးသွားတဲ့ မိစ္ဆာဂိုဏ်းသား အများစုက သူ့လက်ချက်နဲ့ပဲ သေဆုံးသွားပုံပဲ။

လက်ဆယ်ချောင်း သွေးမိစ္ဆာရဲ့ ဒုတိယမြောက် ဆက်ခံသူ…..

ချွန်းဂါဆောင်က မိစ္ဆာဂိုဏ်းသားများကို သတ်ဖြတ်ခဲ့သူမှာ ဂျင်ဆိုဟွန်း ဖြစ်မည်ဟု ခန့်မှန်းနေသည်။

သူသည် ပျံသန်းသောဓား သူရဲကောင်း ကန်ချွန်း၏ တပည့်ဖြစ်ပြီး ယခုအချိန်အထိ သူ၏ စစ်မှန်သော စွမ်းအားကို ဝှက်ထားဆဲပင်။

"ဂျင်ဆိုဟွန်း"

"ဟင်"

ဂျင်ဆိုဟွန်းသည် အဝေးတစ်နေရာမှ ချွန်းဂါဆောင်၏ အကြည့်ကို ခံစားမိသဖြင့် မျက်နှာ ယားယံလာသလို ဖြစ်သည်။

အဲဒီကောင်စုတ် နောက်တစ်ခါ ထပ်စပြီ။

ငါတို့တွေ အတိတ်ဘဝက ရန်သူတော်များ ဖြစ်ခဲ့ကြတာလား။

ချွန်းဂါဆောင်မှာ ဂျင်ဆိုဟွန်းကို ကိုင်တွယ်ရန် အလွန် စိတ်အားထက်သန်နေသည်။

အကြောင်းအရင်းမှာ ချွန်းယဲရန်း ဖြစ်ပါက ဂျင်ဆိုဟွန်းမှာ တရားမျှတမှု မရှိသော အပြစ်ပေးခြင်းကို ခံနေရခြင်းပင်။

တကယ်ပြောရလျှင် ဂျင်ဆိုဟွန်းသည် ချွန်းယဲရန်းအပေါ် မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မရှိသလို စိတ်လည်း မဝင်စားခဲ့ပေ။

မတော်တဆ အုပ်စုတူတူ ဖြစ်သွားပြီး တစ်ညလောက်ပဲ အတူရှိခဲ့ရတာက ငါ့အပြစ်မှ မဟုတ်ဘဲ။

ငါ သူ့ကို တစ်ချက်လောက် ထိုးလိုက်ရမလား။

သည်းခံနိုင်စွမ်း၏ အဆုံးစွန်ကို ရောက်ရှိနေသော ဂျင်ဆိုဟွန်းက မျက်လုံးကို ကျဉ်းမြောင်း၍ ချွန်းဂါဆောင်ကို စိုက်ကြည့်လိုက်သည်။

မကြာမီတွင် လေ့ကျင့်ရေးကွင်းကို ဖြတ်ကျော်၍ နှစ်ယောက်စလုံး၏ အကြည့်များ ဆုံမိကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီယှဉ်ပြိုင်ပွဲမှာ နိုင်ချင်ရင်တော့ အဲဒီကောင်စုတ်ကို ရှင်းပစ်ရမယ်။

ဂျင်ဆိုဟွန်းမှာ မည်သည့်နည်းနှင့်မဆို အနိုင်ရရန် စီစဉ်နေသည်။

တစ်ပတ်ကြာ အားလပ်ရက်အား တွေးကြည့်ရုံနှင့်ပင် ပါးစပ်ထဲ တံတွေးစိမ်းမြသွားစေသော ဆုလာဘ်ဖြစ်သည်။ ဤအရာအတွက် သူသည် ချွန်းဂါဆောင်ကို မည်သို့မဆို အနိုင်ယူရမည်။ သူ၏ ပြင်းထန်သော အကြည့်ကို ခံလိုက်ရသော ချွန်းဂါဆောင်လည်း စိတ်ဝင်စားသွားသည်။

မင်းလည်း ငါ့ကို သတိထားနေတာပေါ့ ဂျင်ဆိုဟွန်း။

မိန်းကလေး ချွန်းယဲရန်းအတွက်တော့ တောင်းပန်ပါတယ်... ဒါပေမဲ့ ဒီတစ်ခါတော့ သူ့ရဲ့ ရိုင်းစိုင်းတဲ့ စိတ်နေစိတ်ထားကို ပြင်ပေးရမယ်။

နှစ်ဦးစလုံးမှာ အတွေးကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေချိန်တွင် လေ့ကျင့်ရေးကွင်းပေါ်မှ အဓိပ္ပာယ်တစ်မျိုး သက်ရောက်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"မဖြစ်နိုင်တာ"

အိုဆောဟွာ၏ အော်သံနှင့်အတူ ဟျော့အူဂွန်းမှာ ဒူးတစ်ဖက် ထောက်ကျသွားသည်။

လုံးဝ မနိုင်နိုင်ဘူး။

သူမ၏ ဓားအနားသို့ပင် ဟျော့အူဂွန်း၏ ဓားချက်များက သီသီမျှပင် ချဉ်းကပ်နိုင်ခြင်း မရှိချေ။ ချွန်းယဲရန်းသည် သူမ၏ ကျောက်စိမ်းပြာရောင် မျက်ဝန်းအစုံဖြင့် ဟျော့အူဂွန်း၏ လှုပ်ရှားမူတိုင်းကို အတိုင်းသား အကုန်လုံး မြင်နေရသည်။

အပြောင်းအလဲ ဒါဇင်ပေါင်းများစွာ ပါဝင်သည်ဆိုသော စိတ်ကူးယဉ်ဆန်းပြားလှသည့် ဓားကွက်များမှာ သူမရှေ့တွင် အဓိပ္ပာယ်မဲ့သွားရတော့သည်။

လေထဲတွင် ဝဲပျံနေသော ပန်းပွင့်ချပ် ဒါဇင်ပေါင်းများစွာအနက် တစ်ခုမျှပင် ချွန်းယဲရန်းထံသို့ မရောက်နိုင်ဘဲ လွင့်စင်ကုန်၏။

ထို့နောက်တွင်မူ ရှပ်ခနဲ လိုက်ပါလာသော အဖြူရောင်အလင်းတန်း သစ်သားဓားချက်ဖြင့် ပခုံးနှင့် ဘယ်ဘက်ဒူးတို့ကို တစ်ချက်တည်းနှင့် ဆက်တိုက် ထိမှန်ခံလိုက်ရသော ဟျော့အူဂွန်းမှာ အကြီးအကျယ် စိတ်ပျက်ကာ အားငယ်သွားမိသည်။

အဆင့်အတန်းချင်းက... ကွာခြားလွန်းတယ်။

အဖြူရောင်လနန်းတော်နှင့် ဟွာရှန်ဂိုဏ်းကြား ကွာဟချက်က ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူတစ်ခါမျှ မထင်ထားခဲ့မိပေ။

"...ငါ ရှုံးပါတယ်"

ဟျော့အူဂွန်းက စိတ်ဓာတ်ကျစွာဖြင့် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်။

"အစ်ကို..."

နောက်ကျမှ ကွင်းထဲ ရောက်လာသော အိုဆောဟွာက ဟျော့အူဂွန်းကို အမြန်ပြေး၍ ထူမလိုက်သည်။

"တောင်းပန်ပါတယ်... ငါ့ရဲ့ မာနအောက်ကျို့ပြီး..."

"မဟုတ်ပါဘူး အစ်ကို ရှုံးတာ မဟုတ်သေးပါဘူး"

"မဖြစ်ဘူး။ အဲဒီ သစ်သားဓားသာ သံမဏိဓားအစစ်ဆိုရင် ငါ အခုလောက်ဆို အသက်ရှင်လျက် လှုပ်တောင် လှုပ်နိုင်တော့မှာ မဟုတ်ဘူး။ တောင်းပန်ပါတယ်"

ရှုံးနိမ့်ကြောင်း ကိုယ်တိုင်ဝန်ခံလိုက်သည့် ဟျော့အူဂွန်းမှာ လေ့ကျင့်ရေးကွင်းပြင်မှ အားနည်းစွာဖြင့် လမ်းလျှောက် ထွက်ခွာသွားသည်။ ကွင်းထဲတွင် ကျန်ရှိနေသော မူရုံဆူဆူနှင့် အိုဆောဟွာတို့မှာ အလိုအလျောက် ပခုံးချင်း ယှဉ်ရပ်လိုက်ကြရင်း

"ငါတို့... နိုင်ပါ့မလား"

"မဖြစ်မနေ တိုက်ရမှာပေါ့"

မူရုံဆူဆူနှင့် အိုဆောဟွာတို့သည် ဘယ်ဘက်နှင့် ညာဘက်သို့ အပေးအယူမျှမျှဖြင့် ခွဲထွက်သွားကြသည်။

မူလက ရန်သူတော်များ ဖြစ်ကြသော မိသားစုငါးခုနှင့် ဂိုဏ်းကိုးဂိုဏ်း၏ ပူးပေါင်းတိုက်ခိုက်မှုက ဗဟိုလွင်ပြင် သိုင်းလောကတွင် ရှားရှားပါးပါး မြင်တွေ့ရသော ရန်သူနှစ်ဦး၏ ပူးပေါင်းတိုက်ကွက်မှာ လူတိုင်း၏ မျှော်လင့်ချက်ကို ဆန့်ကျင်ဘက်ပြုလျက် အလဟဿ ဖြစ်သွားရပြန်သည်။

"ကျား"

"အူး"

ချွန်းယဲရန်းသည် သူမ ရပ်မြဲနေရာမှပင် မရွေ့ဘဲ မူရုံဆူဆူနှင့် အိုဆောဟွာကို တစ်ပြိုင်နက်တည်း အပြတ်အသတ် အနိုင်ယူလိုက်သည်။ သူတို့ကို အလဲထိုးရန် သူမအတွက် ဓားချက် နှစ်ချက်သာ လိုအပ်ခဲ့သည်။

"ဒုတိယမြောက် ယှဉ်ပြိုင်ပွဲရဲ့ အနိုင်ရသူကတော့... အပြာရောင်အဖွဲ့ပါ"

ချွန်းယဲရန်း၏ တောက်ပလွန်းသော စွမ်းဆောင်ရည်ကြောင့် ဒုတိယမြောက် ယှဉ်ပြိုင်ပွဲမှာလည်း အပြာရောင်အဖွဲ့၏ လက်ထဲသို့ သက်သက်သာသာ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"သေစမ်း... မင်းတို့သုံးယောက် ဘာတွေ လုပ်နေကြတာလဲ"

ဒေါသတကြီး အော်ဟစ်လိုက်သော ဂျုံရိုအာသည် ချွန်းယဲရန်း တစ်ယောက်တည်းကိုပင် အရှုံးပေးလိုက်ရသော ဟျော့အူဂွန်း၊ မူရုံဆူဆူနှင့် အိုဆောဟွာတို့ကို ဒေါသမျက်လုံးဖြင့် စိုက်ကြည့်နေသည်။

"စွမ်းရည်ချင်း မယှဉ်နိုင်လို့ ရှုံးတာပါ။ ဒါပါပဲ"

"မိုက်မဲတဲ့ ကောင်စုတ်တွေ"

ဂျုံရိုအာသည် ရှုံးနိမ့်ကြောင်း ဝန်ခံနေသော ဟျော့အူဂွန်းကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်သည်။ သူသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ အနီရောင်အဖွဲ့ခေါင်းဆောင် ချွန်းဂါဆောင်ထံသို့ ဒေါသတကြီး လျှောက်သွားလိုက်ပြီး

"ဒီတစ်ခါတော့ ငါပဲ သွားမယ်။ အဲဒီကောင်စုတ်တွေလို ဆက်ပြီး မရှုံးနိမ့်နိုင်တော့ဘူး"

"သဘောအတိုင်း လုပ်လေ"

ဂျုံရိုအာမှာ ဒေါသတဟုန်းဟုန်းဖြင့် လေ့ကျင့်ရေးကွင်းပေါ်သို့ တက်လှမ်းသွားသည်။ ဤတစ်ကြိမ်တွင်လည်း သူ၏ ပြိုင်ဘက်မှာ ကွင်းလယ်တွင် အေးဆေးစွာ ရပ်နေသော ချွန်းယဲရန်းပင်။

"ဒီတစ်ခါလည်း တစ်ယောက်တည်းပဲလား"

ဂျုံရိုအာ၏ မေးခွန်းကို ချွန်းယဲရန်းက အေးချမ်းစွာ ခေါင်းညိတ်ပြရင်း သစ်သားဓားကို အောက်သို့ နိမ့်ချလိုက်သည်။ သူမ၏ မြင့်မြတ်ပြီး လှပလွန်းသော ပုံစံကြောင့် ဂျုံရိုအာမှာ မဲ့ပြုံးပြုံးလိုက်ပြီး

"ငါလည်း တစ်ယောက်တည်းပဲ"

ထိုသို့ ပြောပြီးနောက် ဂျုံရိုအာမှာ သူ၏ အတွင်းအားကို ရုတ်တရက် အစွမ်းကုန် မြှင့်တင်လိုက်သည်။ မျိုးဆက်သစ် ပါရမီရှင်တစ်ဦးနှင့် မလိုက်ဖက်လောက်အောင် ပြင်းထန်လွန်းသည့် အရှိန်အဝါမျိုး လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးမှ ထွက်ပေါ်လာသည်။

သူ၏ အပြုအမူကြောင့် ဟျော့အူဂွန်းက မျက်မှောင်ကြုတ်လိုက်မိပြီး

"မိုက်မဲလိုက်တာ..."

ချွန်းယဲရန်း၏ အရိုက်ခံရ၍ ပခုံးဒဏ်ရာ ရထားသော အိုဆောဟွာက ရောင်ရမ်းနေသည့် သူမပခုံးကို ညင်သာစွာ ပွတ်သပ်ရင်း မေးလိုက်သည်။

"သူရဲကောင်း ဂျုံရိုအာက ဘာလုပ်နေတာလဲ"

"သူ့ရဲ့ မိုက်မဲတဲ့မာနကို ကယ်တင်ဖို့ ကြိုးစားနေတာပါ။ မိန်းကလေး ချွန်းယဲရန်းက လူသုံးယောက်ကို ဆက်တိုက် ရင်ဆိုင်ထားရတာလေ။ အဲဒါကို သူက တရားမျှတတဲ့ အခြေအနေမျိုးမှာ တိုက်မယ်ဆိုပြီး အဓိပ္ပာယ်မရှိဘဲ အတွင်းအားတွေကို ကြိုတင်သုံးဖြုန်းပြနေတာ"

"အာ... တကယ်ကို ဆင်ခြင်တုံတရား မရှိတာပဲ။ မိန်းကလေး ချွန်းယဲရန်းက အခုထိ အတွင်းအားတောင် သိပ်မသုံးလိုက်ရသေးဘူးလေ"

"..."

ဟျော့အူဂွန်းမှာ ၎င်းအချက်ကိုပင် ကြောက်လန့်နေခြင်း ဖြစ်သည်။ ဟျော့အူဂွန်း၊ မူရုံဆူဆူ၊ အိုဆောဟွာ ဤသုံးဦးမှာ ဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခု၏ အလားအလာအရှိဆုံး မျိုးဆက်သစ် ပါရမီရှင်များ ဖြစ်ကြသည်။

သို့သော် သူတို့အားလုံးနှင့် ယှဉ်ပြိုင်ရာတွင် ချွန်းယဲရန်းသည် အကွက်ဆယ်ကွက်ပင် ပြည့်အောင် ကစားလိုက်ရခြင်း မရှိချေ။

တကယ် နိုင်ချင်ရင်တော့ မာနတွေဘေးဖယ်ပြီး အစွမ်းကုန် လုပ်လိုက်စမ်းပါ ဂျုံရိုအာ...

ဟျော့အူဂွန်း၏ တိတ်ဆိတ်သော တွေးတောမှုနှင့်အတူ အတွင်းအား သုံးစွဲမှု ပြီးဆုံးသွားသော ဂျုံရိုအာက သစ်သားဓားကို ပြန်လည် တင်းတင်းဆုပ်ကိုင်လိုက်သည်။

"အခု တရားမျှတစွာ ယှဉ်ပြိုင်ကြရအောင်"

အပြာရောင်နှင့် အနီရောင်အဖွဲ့မှ ကိုယ်စားလှယ်များ အကုန်အဆင်သင့်ဖြစ်ကြောင်း အတည်ပြုပြီးနောက် နည်းပြက အချက်ပြအလံကို မြှောက်လိုက်သည်။

"တတိယမြောက် ယှဉ်ပြိုင်ပွဲ... စတင်ပါပြီ"

"ဒါကတော့... အဖြူရောင်လနန်းတော်က ဘယ်လောက်အထိ သန်မာပြီး စွမ်းအားကြီးလဲဆိုတာ သက်သေပြလိုက်တဲ့ ပွဲပါပဲ"

ယှဉ်ပြိုင်ပွဲကို ဘေးမှ ကြည့်ရှုနေသော ဆွန်းဝူက စိတ်မကောင်းသည့် လေသံဖြင့် ရေရွတ်လိုက်ရာ၊ လက်ပိုက်ပြီး ရပ်နေသည့် တာအိုကျောင်းတော်ပိုင်ရှင် ဂွမ်မြောင်က ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါက ဒီယှဉ်ပြိုင်ပွဲရဲ့ မူလရည်ရွယ်ချက်ပဲလေ"

"မူလရည်ရွယ်ချက်... အစကတည်းက ဒီလို ခံစစ်အသာစီး ဖြစ်မယ်လို့ မျှော်လင့်ထားတာလား"

"ဟုတ်တယ်။ အဲဒီလိုသာ မဟုတ်ရင် စည်းမျဉ်းတွေကို ဒီလို ပုံစံမျိုး ချမှတ်ထားမှာ မဟုတ်ဘူး"

"တာအိုကျောင်းတော်ပိုင်ရှင် ဂွမ်မြောင် ဒီလို ယှဉ်ပြိုင်ပွဲမျိုးကို သက်သက်မဲ့ စီစဉ်ရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ"

"အပြာရောင်နဂါး တာအိုကျောင်းတော်က တပည့်တွေက အထူးရွေးချယ်ထားတဲ့ အဖွဲ့ရဲ့ အထက်မြက်ဆုံး ဓားအသွားတွေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ အထူးအဖွဲ့ရဲ့ သဘာဝအရ... စစ်မှန်တဲ့ အဆင့်အတန်းဆိုတာ မရှိမဖြစ် လိုအပ်တယ်"

"အဆင့်အတန်း လိုအပ်တယ်... ဟုတ်လား"

"မကြာခင် သိလာပါလိမ့်မယ်ဆရာ ဆွန်းဝူ"

မကြာခင် သိလာပါလိမ့်မယ်ဟူသော စကားကြောင့် ဆွန်းဝူသည် ပါးစပ်ကို ပိတ်လိုက်ပြီး လေ့ကျင့်ရေးကွင်းပေါ်တွင် အပြန်အလှန် ရင်ဆိုင်ရပ်နေသော သိုင်းသမားနှစ်ဦးကိုသာ စူးစိုက်ကြည့်နေတော့သည်။

ထိုအချိန်အတွင်း ဂျုံရိုအာ၏ ဓားချက်က လျှပ်စီးအလား ချွန်းယဲရန်းဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားသည်။

ဒီလောက်ဆို သူ အေးဆေး ပိတ်ဆို့နိုင်မှာပါ။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ချွန်းယဲရန်းသည် ဂျုံရိုအာ၏ ဒေါသဓားကွက်ကို တိုတောင်းပြတ်သားသော ဓားချက်တစ်ချက်တည်းဖြင့် လေထဲသို့ လွင့်စင်သွားစေသည်။

ချွန်းယဲရန်းက အခုထိ အရင်စပြီး တိုက်စစ်မဆင်သေးဘူး။ တကယ်စစ်မှန်တဲ့ ဓားကွက်က ဒီနောက်ပိုင်းမှ စမှာ။

ချွန်းယဲရန်း၏ ဓားသိုင်းပုံစံမှာ ဝူတန်းဂိုဏ်း၏ နောက်မှတိုက်၍ အရင်နိုင်ခြင်းသိုင်းကွက်

အတိုင်းပင်။ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ပိတ်ဆို့ခြင်း သို့မဟုတ် လွင့်စင်သွားစေပြီးနောက်မှသာ သူမက ပို၍ပြတ်သားပြီး သေစေနိုင်သော တန်ပြန်တိုက်စစ်ကို စတင်လေ့ရှိသည်။

သူမကို တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေး စက္ကန့်ပိုင်းမျှတောင် မပေးလိုက်ရင် ပြီးတာပဲ။

ဂျုံရိုအာသည် သူ၏ဓားကို အရှိန်ဖြင့် ပြန်ရုပ်သိမ်းလိုက်ပြီး ချက်ချင်းပင် တစ်ဆက်တည်း နောက်ဆက်တွဲ တိုက်ခိုက်မှုအတွက် အကွက်ရွှေ့လိုက်သည်။

တိုင်အီ လျှပ်စစ်ဓားသိုင်း၏ အသက်ဝိညာဉ်ဖြစ်သော အလွန်လျင်မြန်လှသည့် ဓားချက်မုန်တိုင်းများက ချွန်းယဲရန်းကို ပြင်းထန်စွာ ဖိအားပေးလာသည်။

လေးဖက်လေးတန် အရပ်မျက်နှာအနှံ့မှ ထိုးစိုက်ဝင်လာသော ဂျုံရိုအာ၏ ဓားအရိပ်များကြားတွင် ချွန်းယဲရန်း၏ ပြာလဲ့လဲ့မျက်ဝန်းအစုံမှာမူ ပိုမို၍ တောက်ပကာ အေးစက်လာတော့သည်။

ဓားသမားနှစ်ဦး၏ အပြန်အလှန် တိုက်စစ်နှင့် ခုခံစစ်မှာ အလွန်ပြင်းထန်လှသည်။

"အို"

ချွန်းယဲရန်းကို ပထမဆုံးအကြိမ်အဖြစ် တန်းတူရည်တူ ရင်ဆိုင်ယှဉ်ပြိုင်နေနိုင်သည့် ဂျုံရိုအာ၏ အစွမ်းကို မြင်တွေ့လိုက်ရသောအခါ အနီရောင်အဖွဲ့မှ တပည့်များ၏ မျက်နှာတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပသန်းလာကြသည်။

ဆန့်ကျင်ဘက်အားဖြင့် အပြာရောင်အဖွဲ့ဝင်များမှာမူ ရင်တထိတ်ထိတ်နှင့် စိုးရိမ်တကြီး စောင့်ကြည့်နေကြရတော့သည်။

"သူရဲကောင်း ဂျုံရိုအာ တကယ်ကို လေးစားဖို့ကောင်းတာပဲ... ဘယ်လောက်တောင် ပြောင်မြောက်တဲ့ တိုက်စစ်လဲ"

ယူအူဆွန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

သို့သော် သူ့ဘေးတွင်ရပ်နေသည့် ဗျူဟာမှူး ဇူဂယ်မင်းမှာမူ နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း စိတ်ထဲမှ ရေရွတ်နေမိ၏။

ငါတို့ မဖြစ်မနေ နိုင်ရမယ့် ပွဲစဉ်က အခု နှစ်ပွဲတောင် ကျန်သေးတာ... ဒီပွဲကိုသာ အနီရောင်အဖွဲ့က အနိုင်ရသွားရင် ငါတို့အတွက် မျှော်လင့်ချက် လုံးဝပျက်သုဉ်းပြီ။ ကျေးဇူးပြုပြီး တောင့်ခံပေးပါ မိန်းကလေး ချွန်းယဲရန်း...

ဇူဂယ်မင်း၏ ရင်တွင်းဆုတောင်းချက်ကို လှောင်ပြောင်နေသည့်အလား ဂျုံရိုအာ၏ တိုက်စစ်လှိုင်းများမှာ ပိုမို၍ ရက်စက်ကာ ပြင်းထန်လာခဲ့သည်။

"ဟူး..."

တိုင်အီလျှပ်စစ်ဓားသိုင်း၏ ပဉ္စမမြောက် သေနတ်ဆန်းဓားကွက် ရှန်ရှန်နန်နန် ကို အငြိုးတကြီး ထုတ်သုံးလိုက်သောအခါ ဂျုံရိုအာ၏ သစ်သားဓားမှာ မျက်စိဖြင့်ပင် မလိုက်နိုင်သော အံ့ဩဖွယ် အရှိန်နှုန်းဖြင့် ဝဲပျံလှုပ်ရှားသွားပြီး ချွန်းယဲရန်း၏ အမြင်အာရုံတစ်ခုလုံးကို ဝေဝါးသွားစေတော့သည်။

အကုန်လုံးက... အစစ်အမှန်တွေပဲ။

ဟွာရှန်ဂိုဏ်း၏ ပန်းပွင့်ကြွေဓားသိုင်း ကဲ့သို့ မျက်စိလှည့်စားသည့် ပုံရိပ်ယောင်များ မဟုတ်ဘဲ တိုင်အီဓားသိုင်း၏ အနှစ်သာရမှာ အလွန်လျင်မြန်သော စစ်မှန်သည့် ဓားချက်အရှိန်အဝါကို အခြေခံထားခြင်း ဖြစ်သည်။

ထို့ကြောင့် လေထုကို ဖြတ်သန်းလာသော ဓားအရိပ်အားလုံးမှာ လှည့်စားခြင်းမရှိဘဲ အသက်အန္တရာယ်ကို ပေးစွမ်းနိုင်သည့် အစစ်အမှန်များသာ ဖြစ်ကြ၏။

ငါ... အဖြူရောင်လနန်းတော်ရဲ့ ဂုဏ်သိက္ခာကို အပြတ်အသတ် ချေမှုန်းပြမယ်

ဂျုံရိုအာသည် သူ၏ တစ်ကိုယ်စာ အတွင်းအားရှိသမျှ အားလုံးကို အကြွင်းမဲ့ ထုတ်သုံးလိုက်ရာ ဓားကို တင်းတင်းဆုပ်ကိုင်ထားသော လက်မောင်းကြွက်သားများမှာပင် ဖိအားကြောင့် တဆတ်ဆတ် တုန်ခါနေသည်။

ထိုသို့ဖြင့် ဂျုံရိုအာ၏ ရက်စက်လှသော တိုက်စစ်လှိုင်းများက ချွန်းယဲရန်းကို လေ့ကျင့်ရေးကျောက်ကွင်း၏ အစွန်းဘက်သို့ တရွေ့ရွေ့ တွန်းပို့လိုက်သည်။

ယခုဆိုလျှင် သူမအနေဖြင့် နောက်ထပ် တစ်လှမ်းမျှသာ နောက်ဆုတ်မိပါက ကွင်းပြင်ပသို့ ရောက်ရှိသွားမည်ဖြစ်ရာ စည်းမျဉ်းအရ ချွန်းယဲရန်း အလိုအလျောက် ရှုံးနိမ့်ရတော့မည်ပင်။

နောက်ဆုံး ပွဲသိမ်းတိုက်စစ်အတွက် ဂျုံရိုအာသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော အခြေခံအတွင်းအား အကြွင်းအကျန်အားလုံးကို အစွမ်းကုန် ညှစ်ထုတ်လိုက်တော့သည်။ တိုင်အီလျှပ်စစ်ဓားသိုင်း၏ အထွတ်အထိပ် သတ္တမမြောက် ဓားကွက်ဖြစ်သော ဖန်ကွမ် ဒါလျူ စွမ်းအင်များမှာ ဂျုံရိုအာ၏ သစ်သားဓားဖျားတွင် တဟုန်းဟုန်း ပေါ်ထွက်လာသည်။

အတိအကျပင် ထိုအချိန်၌ ချွန်းယဲရန်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။

သူမ၏ သစ်သားဓားထက်မှ တောက်ပအေးစက်လှသော အဖြူရောင် လရောင်အလင်းတန်းများ မြစ်ရေအလား စီးဆင်းလာပြီး ဓားဖျားဆီတွင် ကြည်လင်သော ရေစက်ကလေးတစ်ခုအသွင် အာရုံစူးစိုက်ကာ စုစည်းသွားတော့သည်။

၎င်းမှာ ကမ္ဘာလောက၏ လရောင်စွမ်းအင်ကို သူမ ဓားသွားထက်တွင် အကြွင်းမဲ့ ထိန်းချုပ်လိုက်ခြင်းပင်။

"လခြမ်းကွေး လရိပ် ကောင်းကင်အက..."

All Chapters