← Chapters

လက်ချောင်းကို ချိုးဖျက်ပစ်ခြင်း

Vol. 021 Ch. 1021

လက်ချောင်းကို ချိုးဖျက်ပစ်ခြင်း

Vol. 021 Ch. 1021

ထိုလက်ချောင်း ကျရောက်လာနေရင်း မြေကြီးထုသည် ခုန်းကြွကာ ပျက်စီးရသည်။ ထိုပျက်စီးမှု၏ ဗဟိုချက်မှာ ဝမ်လင်းရှိနေသော တောင်ကြား ဖြစ်သည်။ တုန်ဟိန်းသံများ ပဲ့တင်ထပ်ကာ တောင်ကြားအတွင်း၌ အက်ကြောင်းကြီးများစွာ ဖြစ်ပေါ်နေသည်။ထိုအက်ကြောင်းများက တဖြည်းဖြည်း ချဲ့ကားကာ တောင်ကြားကို အပိုင်းပိုင်းအစစ ကွဲထွက်သွားစေ၏။

မရေမတွက်နိုင်သော ကျောက်စကျောက်နများသည် ပေါက်ကွဲထွက်ကာ ဖိအားကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသည်။

ထို့အတွက်ကြောင့် ဝမ်လင်း၏ပတ်ဝန်းကျင်တစ်ခုလုံးသည် အပျက်အစီးပုံအဖြစ်သို့ ဆိုက်ရောက်ရသည်။

ထိုအခိုက်၌ တစ္ဆေမျက်လုံးမြို့မှ လူခုနစ်ရောက် ပျံသန်းလာ၏။ ထိုလူများထဲ၌ ချန်ညီကိုသုံးယောက် ပါဝင်သည်။ သူတို့မျက်လုံးထဲ၌ တုန်လှုပ်မှုများရှိ၍ သူတို့က သည်လက်ချောင်းကြီးကို တွေ့မြင်ရသည့်အခါ သူတို့၏ စိတ်သည် တုန်ခါရသည်။

ထိုလက်ချောင်းကြီးထံမှ ထွက်ပေါ်လာနေသည့် ခုနစ်ရောင်အလင်းသည် ညကို လင်းလက်စေသည်။

ထိုခုနစ်ရောက်သည် တစ္ဆေမျက်လုံးမြို့၏ နေရာအသီးသီးကနေ ရောက်လာကြခြင်းပင်။ အလင်းတိုင်လုံးသည် တစ္ဆေမျက်လုံးမြို့ဗဟိုချက်ကနေ ထိုးထွက်လာ၏။ကျယ်လောင်စွာ မြည်ဟိန်းသံနှင့်အတူ မြို့ပင် ကောင်းကင်ထက်သို့ အမှန်တကယ် ပျံသန်းတက်သွားသည်။

၎င်းမြို့က လေထဲသို့ ပန်ကန်းပြားပျံ တစ်ခုအလား တောင်ဘက်အရပ်သို့ ပျံသန်းသည်။ သို့ရာတွင် လက်ချောင်း၏ ဖိအားကြောင့် မြို့၏ ပျံသန်းသည့်အရှိန်နှုန်းမှာ နှေးကျရကာ မြို့အနှံ့၌ အက်ကြောင်းများ ပေါ်လာသည်။

တစ္ဆေမျက်လုံးမြို့သည် လွတ်မြောက်ဖို့ရာ ရုန်းကန်နေရ၏။ တစ္ဆေမျက်လုံးမြို့၏ မွန်းစတားအိုအချို့သည် အကြောင်းရင်းမရှိ ကျရောက်လာသည့် ကပ်ဘေးဆိုးကြောင့် စိတ်ဓာတ်ကျရ၏။သို့သော် သူတို့က မည်သည့်စကားတစ်ခွန်းမှ မဟဝံ့ပေ။

လူတိုင်းက ထိုလက်ချောင်းကြီးသည် ထျန်ယွမ်ဂြိုဟ်၏ အစစ်အမှန်အုပ်စိုးသူ ရှေ့ဖြစ်ဟောသူထံမှ ဖြစ်ကြောင်း မြင်နိုင်ကြသည် မဟုတ်လား။

“ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို သတ်ချင်နေတာလား…” ချန်ညီကိုများက တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ သူတို့၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေ၏။ အနည်းငယ် စဉ်းစားပြီးနောက် အရှင်ရီချန်က အံတင်းတင်းကြိတ်ကာ ထိုလက်ချောင်းကြီးရှိရာသို့ ဦးတည် ပျံသန်းသွားတော့သည်။

ခုနစ်ရောင်စုံအလင်းသည် ကောင်းကင်ထက်၌ ဖုံးလွှမ်းနေ၏။ သင်က အဝေးကနေလျှင်ပင် ထိုအလင်းကို ကောင်းစွာ မြင်နိုင်ပေမည်။ တကယ်တော့ ဤလက်ချောင်းကြီးက သိသာစွာ ကြီးမားလွန်းလှသည် မဟုတ်လော။

အရှင်ရီချန်က ဝမ်လင်းကို အကူအညီပေးဖို့ သွားခြင်းမဟုတ်ပါ။ သူက နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူနှင့် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတို့ကြားရှိ တိုက်ပွဲကို မျက်မြင်တွေ့လိုခြင်းကြောင့်သာ လာခဲ့ခြင်းပင်။ သူက ထိုသို့သော အခွင့်အရေးကို လွဲချော်ခဲ့ရပါက သူ့ဘဝတစ်လျှောက်လုံးတွင် နောင်တရမိနိုင်သည်။

သူနှင့် အတွေးတူသည့် အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်လည်း ရှိနေသေး၏။ သူက ငယ်ရွယ်ပုံပေါ်သော်လည်း သူ့ထံမှ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေသည်။သူကလည်း ရှေ့သို့ တိုးဝင်လာနေသည်။

အခြားလူများကမူ ထိုသို့ ကြည့်ရှုရန် သတ္တိမရှိကြပေ။

အရှင်ရီချန်က ရှေ့သို့ ဆက်တိုးလာရင်း ထိုဝတ်စုံနက်နှင့်လူငယ်ကို တွေ့သွား၏။သူက အံ့အားသင့်ကာ စိတ်ထဲကနေ တွေးမိသည်။ “တစ္ဆေမျက်လုံးမြို့အရှင်ကလည်း သတ္တိရှိနေပါလား…”

ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ တောင်ကြားအလယ်တည့်တည့်၌ မားမားရပ်နေသည်။ ရေခဲသလင်းများဖြင့် ဖုံးအုပ်နေသည့် ဘိုင်ဝေက အနီးအနားတွင် ရှိနေသည်။သူက သေဆုံးသွားပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်သည် ရှေ့ဖြစ်ဟောသူမန္တာန်ကြောင့် ထိခိုက်ပျက်စီးသွားခြင်း မရှိသေးခြင်းပင်။

ဝမ်လင်း၏ရှေ့၌ မိုးဆင့်ခေါ်ခြင်း သလင်းတုံး လွင့်မြောနေ၏။

ဝမ်လင်းက ခေါင်းမော့ကာ သူ့ထံသို့ နီးကပ်လာနေသည့် လက်ချောင်းကြီးကို ကြည့်၏။ ထိုလက်ချောင်းက ကောင်းကင်ကို ထိုးခွင်းကာ ပုရွတ်ဆိတ်တစ်ကောင်ကို ခြေမွပစ်လိုနေသည့်အလာ။ ဝမ်လင်း၏မျက်လုံးထဲ၌ တုန်လှုပ်ဖွယ်အေးစက်မှု ပေါ်လာ၏။ “မိုးဆင့်ခေါ်ခြင်း…”

မိုးဆင့်ခေါ်ခြင်း ဟု ဆိုသည့်အခိုက် ဝမ်လင်းနောက်၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ယောင်၏ ပုံပန်းအသွင်ကို တွေ့မြင်နိုင်ဖို့ မဖြစ်နိုင်သော်လည်း ၎င်း၏အေးစက်စက်ဟန်ပန်က ချင်းရွှေမှန်း သိစေဖို့ မခက်ခဲလှပါ။ထိုပုံရိပ်မှာ သလင်းကျောက်ထဲ၌ ထည့်သိမ်းထားသည့် ချင်းရွှေ၏အရိပ်ပင်။

ချင်းရွှေ၏အရိပ်က သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ ထို့နောက် ဝမ်လင်းရှေ့ရှိ သလင်းတုံးထံသို့ လက်ညွှန်သည်။ ထိုသလင်းလုံးသည် ဧရာမလက်ချောင်းကြီးထံမှ တောက်ပသောအလင်တစ်ခု ဝမ်လင်းရှိသို့ မရောက်လာခင်၌ တုန်ခါကာ မြန်ဆန်စွာလှည့်လည်၏။

သည့်နောက် သလင်းထံကနေ အံ့မခန်းအလင်းပေါက်ကွဲမှုကို ထုတ်လွှတ်လာ၏။ ထိုအလင်းက အားကောင်းလွန်းလှချေသည်။

ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့်ပင် သူ့မျက်လုံးသည် ထိုအလင်းကို ကြည့်မိချိန်၌ နာကျင်မှု ခံစားရသည်။ကံကောင်းစွာဖြင့် ၎င်းအလင်းက လျှပ်တပြတ်အတွင်း ပြန်ပျောက်ကွယ်သွားရခြင်းပင်။

သို့ရာတွင် အကွာအဝေးတစ်ခုကနေ လှမ်းကြည့်နေသော အရှင်ရီချန်သည် ထင်သလောက် ကံမကောင်းပေ။ သူက သူ့မျက်လုံးထဲမှ နာကျင်မှုကိုသာ ခံစားနေရပြီး မရေမတွက်နိုင်သောအပ်များက သူ့ကို ထိုးစိုက်နေသည့်အလား။ ကြောက်မက်ဖွယ်ကောင်းလှခြင်း။ သူက မူလစွမ်းအင်ကို မြန်ဆန်စွာ လှည့်ပတ်စေမှ ခဏအကာတွင် ပြန်ကောင်းမွန်လာရသည်။

တစ္ဆေမျက်လုံးမြို့အရှင် ဝတ်စုံနက်နှင့်လူငယ်၏ ကျင့်ကြံမှုအဆင့်က အရှင်ရီချန်ထက် နိမ့်ကျ၏။ သူက အထည်ဒြပ်ယန်အဆင့်တွင်သာ ရှိသည်။ သူက နာကျင်စွာငြီးတွားလိုက်ရပြီး မျက်လုံးမှိတ်ကာ နောက်သို့ အလျင်အမြန် ဆုတ်ရသည်။သူ့သိုလှောင်အိတ်ထဲမှလည်း ဆေးပုလင်းများကို ထုတ်ယူကာ မြိုချ၍ မျက်လုံးမှိတ်ကာ ကျင့်ကြံလိုက်ရသည်။

သို့သော် သူ့နတ်ဘုရားအာရုံကမူ သည်တိုက်ပွဲကို သေချာကြည့်ရှုနေတုန်းပင်။

ထိုသလင်းကျောက် တောက်ပသွားချိန်၌ ၎င်းက မြန်ဆန်စွာ ကျုံ့၏။ချက်ခြင်းပင် သလင်တုံး၏ သုံးဆယ်ရာခိုင်နှုန်းမှာ ပျောက်ကွယ်သွားသည်။ သလင်းတုံး၏ ပျောက်ကွယ်သွားသည့် သုံးဆယ်ရာခိုင်နှုန်းကြောင့် မိုးစက်တစ်စက်အဖြစ်သို့ ပြောင်းကာ ကျဆင်းသည်။

ထိုမိုးစက် ကျဆင်းလာချိန်၌ မိုးစက်သည် ပျံ့နှံ့သည်။ချက်ခြင်းပင် ဝမ်လင်း၏ ရှေ့၌ မရေမတွက်နိုင်သောမိုးစက်များစွာ ပေါ်လာလေသည်။

ချင်းရွှေ၏အရိပ်သည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ထို့နောက် မရေမတွက်နိုင်သော မိုးစက်များသည် တဝီဝီ မြည်ဟီးကာ ဧရာမလက်ချောင်းကြီးထံသို့ တိုးဝင်သွားတော့သည်။ မူလစွမ်းအင်များစွာသည် အရူးအမူး စုစည်း၍ မိုးစက်တစ်စက်ချင်းစီထဲသို့ ဝင်ရောက်၏။

ကောင်းကင်တုန်ဟီးလောက်သည့် ပေါက်ကွဲမှုများ မြည်ဟိန်းပဲ့တင်ထပ်လေ၏။ အဆုံးမဲ့မိုးစက်များသည် ကောင်းကင်ထက်ကနေ သက်ဆင်းလာသည့် ထိပ်တိုက်တွေ့နေ၏။

ဘန်း…ဘန်း…ဘန်း…ဘန်း…။

အဆုံးမဲ့ တော်လဲသံများ ကောင်းကင်အနှံ့ မြည်ဟိန်းသည်။ဧရာမလက်ချောင်းသည် ချင်းရွှေ၏မန္တာန်အောက်၌ အမှန်ပင် ခဏတာ တုန့်ဆိုင်းသွားရသည်။

သို့ရာတွင် ခုနစ်ရောင်စုံအလင်းသည် တောက်ပလေ၏။လက်ချောင်းကြီးကို ထိမှန်သည့် မိုးစက်များသည် ပျက်စီးကုန်ရသည်။ ထိုလက်ချောင်းသည် ခဏတာတုံ့ဆိုင်းပြီးနောက် ပို၍ မြန်ဆန်စွာ သက်ဆင်းလာသည်။ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးသည် ကြမ်းကြုတ်စွာ ဖျက်စီးခံရမည့်အလားပင်။

မရေမတွက်နိုင်သော မိုးစက်များအားလုံးသည် ပျက်စီးကုန်ရသည်။လက်ချောင်းသည် မိုးဆင့်ခေါ်ခြင်းသလင်းတုံးနှင့် ရုတ်တရက် ထိလာသည်။

ချက်ခြင်းပင် ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သလင်းတုံးကို ညွှန်၍ အော်ပြောလိုက်သည်။ “မိုးဆင့်ခေါ်ခြင်း…”

ထိုသလင်းကျောက်က ပေါက်ကွဲထွက်သွား၏။ ၎င်းက တစစီဖြစ်သွားသည့်အခိုက်၌ ဝမ်လင်း၏နောက်ရှိ ချင်းရွှေ၏အရိပ်သည် လှမ်းထွက်လာသည်။၎င်း၏အမြန်နှုန်းက စိတ်ကူးနိုင်သည့်ထပ်ပိုသည်။၎င်းက သလင်းတုံး ပျက်စီးသည့်အခိုက် ၎င်းထဲသို့ ဝင်ရောက်ကာ မိုးစက်များအဖြစ်သို့ ပြောင်းလဲကာ လက်ချောင်း၌ စုစည်းသည်။

သည်တစ်ကြိမ်၌ မရေမတွက်နိုင်သော မိုးစက်များနှင့် ထိပ်တိုက်တွေ့ခြင်း မဟုတ်ပါ။ ၎င်းမိုးစက်အားလုံးက မိုးစက်တစ်စက်တည်းအဖြစ်သို့ သိပ်သည်းထားခြင်းသာ ဖြစ်၏။ ထိုမိုးစက်သည် အနီရောင်တောက်ပကာ ဂျီနယ်ပယ် အရိပ်အမြွက် ပါဝင်၏။၎င်းသည် ရှေ့ဖြစ်ဟောသူ၏ မန္တာန်နှင့် တိုက်ရိုက် ထိတွေ့သည်။

၎င်းတို့ ထိပ်တိုက် တွေ့သည်နှင့် မိုးစက်သည် ကြမ်းကြုတ်သောအော်ရာကို ထုတ်လွှတ်ကာ မထင်မှတ်စွာ ဝဲကတော့တစ်ခုကို ဖြစ်စေသည်။ ထိုဝဲကတော့သည် လှည့်ပတ်ရင်း ထိုလက်ချောင်း၏အပြင်ရှိ ခုနစ်ရောင်စုံလှိုင်းများနှင့် ထိပ်တိုက်ဆုံသည်။

ခုနစ်ရောင်စုံလှိုင်းများသည် ချက်ခြင်း ပျက်စီးရ၏။ သို့သော် ၎င်းတို့က ခုနစ်ရောင်စုံနဂါးများအဖြစ်သို့ ပြောင်းကာ လက်ချောင်းကို လှည့်ပတ်၍ အရူးအမူး ဟိန်းအော်ကြသည်။

ခုနစ်ရောင်စုံအလင်းများကို ချိုးဖျက်ပြီးသည့်နောက် အနီရောင်မိုးစက်သည် ရှေ့ဖြစ်ဟောသူ စေလွှတ်သည့် လက်ချောင်းနှင့် ထိ၏။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

ထိုဧရာမလက်ချောင်းကြီးသည် တန့်သွားခြင်းမရှိပါ။ ကောင်းကင်ထက်ကနေ ဝမ်လင်းရှိသို့ ဆက်၍ ဆင်းသက်လာသည်။ထိုလက်ချောင်းက သူ့ကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခြေမွပစ်ချင်နေပုံ ရသည်။

သို့ရာတွင် ဧရာမလက်ချောင်းကြီး၏ အလယ်ဗဟို၌ အနီရောင်အစက်တစ်စက် ရှိနေ၏။၎င်းက လက်ချောင်းအတွင်းနက်ပိုင်းသို့ ပို၍ တိုးဝင်ကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်စီးပစ်သည်။ထို့နောက် ၎င်းအနီရောင်အစက်က ရုတ်တရက် ပျက်စီးကာ လက်ချောင်းကြီးအတွင်း၌ မုန်တိုင်းထန်စေသည်။

ထိုလက်ချောင်း သက်ဆင်းကျလာချိန်၌ ဝမ်လင်းသည် သုန်မှုန်နေတော့သ်ည။ သူက ကောင်းကင်သည် သူ့အပေါ်သို့ ပြိုကျလာသည့်အလား ခံစားရသည်။သို့သော် သူ့မျက်လုံးတို့က အေးစက်နေ၏။

“ရှေ့ဖြစ်ဟောသူက ငါ့ကို အဆုံးစွန်ယန် အကြောင်း မေးတောင်မမေးဘူး။ ဒီယန်ဓာတ်ထက် ပိုတဲ့ အကြောင်းတစ်ခုခုရှိနေပြီ…” ဝမ်လင်းသည် သက်ပြင်းချသည်။ သို့သော် သူ့တိုက်ပွဲစိတ်ဆန္ဒသည် လျော့ပါးမသွားပေ။ သူ့မျက်လုံးတိုသည် တလက်လက် ဖြစ်နေ၏။ သူက သူ့သိုလှောင်အိတ်ထဲမှ လက်ဝါးစာအရွယ်အစိတ်အပိုင်းတစ်ခုကို ထုတ်ယူကာ ဆုပ်ကိုင်လိုက်၏။

ထိုအစိတ်အပိုင်းမှာ ဝမ်လင်းကို အရှင်မီးတောက်ပေးခဲ့ခြင်းပင်။ အရှင်မီးတောက်က ဝမ်လင်း အလုံးစုံကောင်းကင်အတွက် အကျိုးရလဒ်ကြီးကြီး ဆောင်ကျဉ်းပေးခဲ့သည့်အတွက် ထိုလက်ဆောင်ကို ပေးခဲ့ခြင်းပင်။

ဧရာမလက်ချောင်းကြီး သက်ဆင်းလာနေရင်း ပြင်းထန်သောလေပြင်းတစ်ခုသည် ဝမ်လင်း၏အသက်ဓာတ်ကို ငြှိမ်းသတ်လိုသည့်အလား ထွက်ပေါ်လာသည်။ ဝမ်လင်းပတ်လည်ရှိ မြေကြီးထုသည် နောက်တစ်ဖန် ပျက်စီးပြိုပျက်ရပြန်သည်။ သူ့ပတ်လည်ရှိ ဧရိယာမှာ ချိုင့်ခွက်နေတော့၏။

မိုးခြိမ်းသံကဲ့သို့ တုန်ဟိန်းသံများအောက်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် မြေကြီးထဲသို့ နစ်ဝင်၏။သူ့မျက်လုံးသည် မာန်တင်းအလျော့မပေးမှုတို့နှင့် ပြည့်နေသည်။သူက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ ကောင်းကင်ဘုံနယ်မြေ အစိတ်အပိုင်းသည် လေထဲသို့ ပျံသန်းတက်ကာ မမျှော်လင့်စွာ ကုန်းမြေတစ်ခုဖြစ်သည့်အထိ ကြီးမားသွားသည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုကုန်းမြေက ထာဝရချဲ့ကား လာသည့်အလား ထင်ရသည်။၎င်းက ဝမ်လင်းနှင့်လက်ချောင်းကြီး ကြား၌ ထူထဲသောအကာတစ်ခုကဲ့သို့ ဖြစ်တည် ပိုင်းခြားပေးသည်။

ထိုလက်ချောင်းသည် ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းပေါ်သို့ ဖိနှိပ်ကျလာသည်။ကျယ်လောင်စွာ တုန်ဟီးမှုက ထျန်ယွမ်ဂြိုဟ်အနှံ့သို့ ပျံ့နှံ့၏။ မြေကြီးထုပေါ်၌ တုန်ခါလှိုင်းများ ဖြစ်ကုန်သည်။

ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းပေါ်၌ အက်ကြောင်းများစွာ ပေါ်လာ၏။သို့ရာတွင် ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းသည် ပျက်စီးသွားခြင်း မရှိပေ။

လက်ချောင်းသည် ပင့်မြှောက်၍ နောက်တစ်ဖန် ဖိနှိပ်ချရန် ဟန်ပြင်သည်။ ထိုအခိုက်မှာပင် ၎င်းလက်ချောင်းအတွင်းရှိ မိုးဆင့်ခေါ်ခြင်းသလင်းတုံးသည် ရုတ်တရက် ပေါ်ကွဲသွား၏။ အလင်းတန်းအမျှင်တန်းများသည် ထိုးထွက်လာကာ အလွန်တရာ တုန်လှုပ်ဖွယ်ရာပင်။

ထိုဧရာမလက်ချောင်းကြီးသည် အနီရောင်အလင်းများ၏ ထွင်းဖောက်ခြင်းကို ခံရသည်။ ထိုအခါ လက်ချောင်းကြီး၌ အပေါက်များဖြစ်လာကာ အတွင်းရှိ မူလစွမ်းအင်များသည် မြန်ဆန်စွာ လွင့်ပါး ပျောက်ကွယ်သွားရသည်။

ထိုလက်ချောင့် ပင့်မြှောက်လာနေရင်း အနီရောင်အလင်းများက ပို၍ တိုးပွားလာ၏။ဧရာမလက်ချောင်းကြီးသည် တုန်ယင်ကာ ပျက်စီးပြိုပျက်လုနီးပါး ဖြစ်လာသည့်ပုံပင်။

ချက်ခြင်းပင် ဝမ်လင်း၏ခန္ဓာကိုယ်က ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းထဲသို့ ဝင်ရောက်ကာ ၎င်းနယ်မြေ၏ အပေါ်၌ ပေါ်လာ၏။သူ့မျက်လုံးတို့က အဆုံးစွန်အေးစက်သည်။သူက သူ့ညာလက်ဖြင့် လက်သီးစုပ်ကာ လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်လေသည်။

***

All Chapters