← Chapters

အခန်း ၃၉၄

Vol. 33 Ch. 394

အခန်း ၃၉၄

Vol. 33 Ch. 394

အခန်း (၃၉၄)

"တစ်စုံတစ်ယောက်က လုယူဖို့ ကြိုးစားနေတာလား"

ရဲချီယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ထိုလက်က အကြည်ရောင်အဖုံးကို မထိတွေ့မီမှာပင် သူက ဝယ်ယူမည့် ရွေးချယ်စရာကို နှိပ်လိုက်လေသည်။

ရထားဒင်္ဂါး နှစ်ရာခုနစ်ဆယ်ဖြင့် အရောင်းအဝယ်ကို ချက်ချင်း ပြီးမြောက်သွားစေ၏။

အကြည်ရောင်အဖုံးက ချက်ချင်း ပွင့်သွားလေတော့သည်။

အရောင်းအဝယ် ပြီးမြောက်သွားသည်နှင့်အမျှ အထဲရှိ ပုံစံကြမ်းက ရဲချီယန်၏ လက်ထဲသို့ ရောက်ရှိလာခဲ့ချေပြီ။

ထိုအချိန်တွင် ပုံစံကြမ်းဆီသို့ လှမ်းလာသော လက်မှာ လေထဲ၌ အေးခဲရပ်တန့်သွားလေ၏။

ခေါင်းစွပ်ပါသော ဝတ်ရုံနှင့် တစ်ကိုယ်လုံးကို ဖုံးကွယ်ထားသည့် ခပ်ပွပွ အဝတ်အစားများ ဝတ်ဆင်ထားသော အရပ်ပုပုပုံရိပ်လေးက ခေါင်းမော့လာကာ ဒေါသထွက်နေသော မျက်လုံးတစ်စုံဖြင့် ရဲချီယန်အား စူးရဲစွာ စိုက်ကြည့်လာတော့သည်။

"မင်း"

၎င်း၏အသံမှာ စူးရှကာ နားငြီးစရာကောင်းနေပြီး လူသားတစ်ယောက်၏ အသံနှင့် လုံးဝမတူညီချေ။

အရုပ်ဆိုးလိုက်တာ။ ဤသည်က ၎င်းအပေါ် ရဲချီယန်၏ ပထမဆုံး အမြင်ပင်ဖြစ်ပေသည်။

【မျိုးနွယ်စု သစ္စာဖောက်】

လူသားကနေ ပြောင်းလဲသွားတဲ့ မကောင်းဆိုးဝါးလား၊ ဒါမှမဟုတ် မကောင်းဆိုးဝါးကိုယ်တိုင်ကပဲ ရထားမောင်းနှင်သူ ဖြစ်နေတာလား။

"ငါက ဘာဖြစ်လို့လဲ၊ ဒါက ဂေါ်ဘလင် လား"

"ငါ ငါက ဂေါ်ဘလင် မဟုတ်ဘူး၊ ဂနုမ်း ကွ"

ဂနုမ်း။ ရိုးရိုးသားသားပြောရလျှင် ရဲချီယန်အနေဖြင့် ဂနုမ်းနှင့် ဂေါ်ဘလင်တို့ကြား ခွဲခြားရန် အလွန်ခက်ခဲနေလေသည်။

ဒါပေမဲ့ ဂနုမ်း ဟုတ်လား၊ ဘာဖြစ်လို့များ ဂနုမ်း ဖြစ်နေရတာလဲ။

သူ သိထားသည်မှာ ဂေါ်ဘလင် နတ်ဘုရားက ကောင်းကင်ယံဥယျာဉ်ထဲတွင် ရှိနေကြောင်းကိုပင်။

"ဪ ဂနုမ်းကိုး၊ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

ရဲချီယန်၏ လက်က အပေါ်ဝတ်အင်္ကျီ အိတ်ကပ်ထဲသို့ လျှိုဝင်သွား၏။

ဒေါက်။

တက်ကြွကြည်လင်သော လက်ဖျစ်တီးသံလေးတစ်ခုက ခလုတ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။

ဖြားယောင်းသွေးဆောင်ခြင်း အမည်ရသော နတ်ဆိုးက ဂနုမ်း ရထားမောင်းနှင်သူ၏ နားထဲသို့ တိတ်ဆိတ်စွာ တီးတိုးရေရွတ်လိုက်လေတော့သည်

"ဒါဆိုရင် ငါ့ရဲ့ ဂနုမ်း သူငယ်ချင်းလေး၊ ငါ့ကို ကိစ္စတချို့လောက် ပြောပြနိုင်မလား"

"ငါ မေးမယ်၊ မင်း ဖြေရမယ်"

"အို မင်း မင်း မေးလေ"

"မင်းကို ဒီကို ဘယ်သူလွှတ်လိုက်တာလဲ၊ ပြီးတော့ မင်းက အရင်တုန်းက လူသားတစ်ယောက် ဖြစ်ခဲ့တာလား ဆိုတာကို ငါသိချင်လို့"

ဂနုမ်း၏ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု တဖျပ်ဖျပ် လက်သွားလေ၏။

"အဲဒါ အဲဒါ ငါ့ရဲ့ နတ်ဘုရားလေ၊ ငါက လူသစ်တစ်ယောက် ဖြစ်နေတုန်း ဂေါ်ဘလင်တွေ ထိန်းချုပ်ထားတဲ့ ဘူတာရုံကမ္ဘာတစ်ခုထဲကို မတော်တဆ ဝင်သွားမိပြီး သေလုနီးပါး ဖြစ်ခဲ့တာ၊ ကြီးမြတ်တဲ့ ဂေါ်ဘလင် နတ်ဘုရားက ငါ့ကို ကယ်တင်ပေးခဲ့တာပဲ"

"သူက ငါ့ကို ဂနုမ်း တမန်တော် တစ်ပါးအဖြစ် ပြောင်းလဲသွားစေမယ့် တစ်ခုခုကို ပေးခဲ့တယ်၊ အဆင့်မြင့် တစ်ပါးတော့ မဟုတ်ဘူးပေါ့"

တကယ်ကြီးပဲကိုး။ ရဲချီယန်အနေဖြင့် ယခုအချိန်တွင် ဂနုမ်းတစ်ကောင် ပေါ်လာခြင်းမှာ တိုက်ဆိုင်လွန်းသည်ဟု ထင်မြင်ကာ ပေါ့ပေါ့ပါးပါးသာ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။

သူက တကယ်ကြီး ရှာတွေ့သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

"ဒီလိုကိုး၊ ဒါဆိုရင် အဲဒီ ဂေါ်ဘလင် နတ်ဘုရားက ဒီမှာ ဘာလုပ်ချင်နေတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား၊ ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးက လူသားတွေရဲ့ မြို့တော်ကိုလာပြီး ဘာများလုပ်မှာလဲဆိုတာ ငါသိပ်သိချင်နေလို့"

ဂနုမ်းလူသား၏ မျက်လုံးများက မှုန်ဝါးနေကာ ထူးခြားမှုကို အနည်းငယ်မျှ သတိမထားမိချေ။

"ချောက်နက် စက်ယန္တရား တစ်ခု ဖန်တီးဖို့အတွက် ကြီးမြတ်တဲ့ ဂေါ်ဘလင် နတ်ဘုရားက တခြား နတ်ဘုရားသုံးပါးနဲ့ ပူးပေါင်းပြီး ဒီကို အတူတူ လာခဲ့ကြတာ"

"လူသား သူငယ်ချင်း၊ ငါမင်းကို ပြောပြမယ်၊ ဟို အိမ်ပြန်ချင်သူများ ဆိုတဲ့ကောင်တွေက တကယ်ကို အရူးတွေပဲ၊ သူတို့က နတ်ဘုရားတွေကို ဒီလောက်လွယ်လွယ်ကူကူ ဝင်ခွင့်ပေးလိုက်တာလေ"

"အခုလောလောဆယ် ဒီကမ္ဘာကနေ ဘာလို့ ထွက်ခွာလို့မရသေးတာလဲဆိုတာ ငါတို့ မသိပေမဲ့ ကိစ္စမရှိပါဘူး၊ အချိန်စီးဆင်းမှု ထိန်းညှိချိတ်ဆက်တဲ့ အချိန်ရောက်လာတာနဲ့ နတ်ဘုရားတွေက အဲဒီ မုန်းစရာကောင်းတဲ့ ရထားစနစ်ကို နှောင့်ယှက်ဖို့ အပြည့်အဝ ပြင်ဆင်ပြီးနေပြီ"

"အဲဒီအချိန်ရောက်ရင် ဒီကမ္ဘာက လူသား ရထားမောင်းနှင်သူတွေကို ယဇ်ကောင်တွေအဖြစ် သုံးပြီး ငါ့နတ်ဘုရားရဲ့ ချောက်နက် စက်ယန္တရား ကြီး အောင်မြင်စွာ တည်ဆောက်ပြီးသွားရင် ငါ့နတ်ဘုရားက အဆင့် B နတ်ဘုရားအဖြစ် တက်လှမ်းမယ့်နေ့ပဲ၊ အဲဒီအခါကျရင် လူသားအားလုံးက ဂနုမ်းတွေရဲ့ အစေခံတွေ ဖြစ်လာတော့မှာ၊ ဟားဟား"

"ဪ၊ ဒီလိုကိုး"

ရဲချီယန်က သူ့ရှေ့ရှိ ဂနုမ်းလူသားကို ကြည့်ရင်း ပြုံးနေဆဲပင်။

"မေးစရာ မရှိတော့ပါဘူး၊ မင်းကိစ္စ မင်းဆက်လုပ်ပါတော့"

"အို ကောင်းပြီလေ"

ဂနုမ်းလူသားက ခေါင်းလှည့်လိုက်လေ၏။

သို့သော် ၎င်းက မမြင်လိုက်ချေ။ ဤအခိုက်အတန့်တွင် ရဲချီယန်၏ လက်ထဲရှိ အီဘိုနီက ၎င်း၏နောက်စေ့ဆီသို့ ချိန်ရွယ်ထားပြီးဖြစ်ကြောင်းကိုပင်။

ဒေါက်။

တက်ကြွကြည်လင်သော လက်ဖျစ်တီးသံလေးတစ်ခု ဆိုင်အတွင်း၌ ပဲ့တင်ထပ်သွားလေသည်။

ဂနုမ်းလူသားက ယိုင်လဲသွားကာ စောစောက သူပြောခဲ့သည့်စကားများ မည်မျှအဓိပ္ပာယ်မဲ့နေကြောင်းကို ရုတ်တရက် သဘောပေါက်သွားလေ၏။

"မျိုးနွယ်စု ပြောင်းလဲသွားတဲ့ လူတွေအပေါ် ငါက ဘာကြိုတင်မုန်းတီးမှုမှ မရှိပေမဲ့လည်း"

"ဒါပေမဲ့..."

၎င်းက အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း ၎င်းကို ဝါးမျိုသွားမည့် ဟိန်းဟောက်သံကြီးကိုသာ ကြားလိုက်ရတော့သည်။

【ဒိုင်း】

【တရားစီရင်ခြင်း】

【၎င်း၏ အပြစ်များ လူသားမျိုးနွယ်အပေါ် သစ္စာဖောက်ခြင်း၊ လောဘကြီးခြင်း၊ ကောက်ကျစ်ခြင်း၊ သွေးဆာခြင်း၊ ကာမရာဂကြီးခြင်း၊ နတ်ဘုရားများကို ယုံကြည်ကိုးကွယ်ခြင်း】

【တရားစီရင်ချက် ချမှတ်မည်】

"မင်းက ငါ့ကို နည်းနည်းလေး ရွံရှာသွားစေတယ်"

ဘုတ်။

ဦးခေါင်းမရှိသော အလောင်းကြီးက မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ဆိုင်အတွင်း၌ အချက်ပေးသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

ရဲချီယန်၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ မရှိဘဲ ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေလေသည်။

သူ၏ဘေးတွင် ပြုံးနေသော လီဆက်က အီဘိုနီကို ယူလိုက်ကာ ပဝါတစ်ထည်ဖြင့် ၎င်းပေါ်ရှိ ဂနုမ်းသွေးတစ်စက်ကို ညင်သာစွာ သုတ်သင်ပေးလိုက်လေ၏။

အပြင်ဘက်ရှိ အုပ်ချုပ်ရေးဌာန တပ်ဖွဲ့ဝင်များက ဆူညံသံကို ကြားလိုက်ရသဖြင့် ချက်ချင်း ပြေးဝင်လာကြလေသည်။

တိုက်ဆိုင်စွာပင် ခေါင်းဆောင်ဖြစ်သူမှာ ကုန်းဖေးယွီ ဖြစ်နေကာ သူမက ရေခဲမုန့် သုံးခုကို ကိုင်ဆောင်ထားပြီး တစ်နေရာရာတွင် အချိန်အတန်ကြာ စားသောက်နေခဲ့ပုံရပေသည်။

သူမက ဆိုင်အတွင်းရှိ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ပထမဆုံးအနေဖြင့် အေးခဲသွားလေ၏။

ထို့နောက် သေဆုံးသူ၏ မျိုးနွယ်စုကို သတိပြုမိသွားကာ မျက်မှောင်ကြုတ်လိုက်ပြန်သည်။

"ဂေါ်ဘလင် တစ်ကောင်လား"

"တိတိကျကျပြောရရင် ဂနုမ်းပါ၊ ပြီးတော့ လူသားကနေ ဂနုမ်း ပြောင်းသွားတာမဟုတ်ဘဲ အစစ်အမှန် ဂနုမ်း တစ်ကောင်ပဲ"

ဖြားယောင်းသွေးဆောင်ခြင်း

ကုန်းဖေးယွီက ချက်ချင်းပင် ယုံကြည်သွားလေတော့သည်။

"ဒါဆို မကောင်းဆိုးဝါးတစ်ကောင်က ကောင်းကင်ယံဥယျာဉ်ထဲကို ခိုးဝင်လာတာပေါ့"

သူမက ရေခဲမုန့်ကို အကြိမ်အနည်းငယ် လျှာဖြင့်လျက်လိုက်ပြီး မျက်နှာအမူအရာက လေးနက်သွားလေ၏။

"မဖြစ်ဘူး၊ ဒီကိစ္စကို ဘော့စ်ဆီ သတင်းပို့ရမယ်၊ ကျွန်မ ရှင့်ကို ဆက်ပြီး လိုက်မပို့ပေးနိုင်တော့ဘူး၊ ဪ ဒါနဲ့ စိတ်မပူပါနဲ့၊ ဒါက ရှင်နဲ့ ဘာမှမဆိုင်ဘူးလေ၊ ကျွန်မပဲ ရှင်းရှင်းလင်းလင်း လုပ်လိုက်မယ်"

ကုန်းဖေးယွီ ပြောသည့်အတိုင်းပင် အလောင်းက အလျင်အမြန် ရှင်းလင်းခံလိုက်ရလေသည်။

မကောင်းဆိုးဝါး ကျူးကျော်ဝင်ရောက်လာသည့် သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ကြီးမားသော တိုက်ပွဲကြီးတစ်ခုကို ယခုလေးတင် ဖြတ်သန်းခဲ့ရသော လူများက တစ်ဖန် ပြန်လည် သတိထားလာကြပြန်လေ၏။

အချိန် 【၉:၅၇:၂၅】

ရဲချီယန်က ထိုအဆင့် ၇ ပစ္စည်းဆိုင်တွင် ပစ္စည်းများစွာ ဝယ်ယူခဲ့ခြင်း မရှိချေ။

အကြောင်းမှာ သူတို့ရောင်းချသော စျေးနှုန်းများက တကယ်ကို မတန်တဆ စျေးကြီးလွန်းနေပြီး အရည်အသွေးများကလည်း မညီမညာဖြစ်နေသည်ဟု သူအမြဲ ခံစားရသောကြောင့်ပင်။ ကောင်းမွန်သောအရာများက သင့်တင့်ရုံမျှသာဖြစ်ပြီး ညံ့ဖျင်းသောအရာများအတွက်မူ ရဲချီယန်အနေဖြင့် ရထားဒင်္ဂါး ၁၀၀ ပင် မသုံးစွဲချင်ခဲ့ပေ။

GT စီးရီး စက်ရုပ်ကို ရရှိလိုက်ခြင်းက သာယာဖွယ် အံ့အားသင့်မှုတစ်ခုအဖြစ်သာ ဖော်ပြနိုင်ပေသည်။

ထို့ကြောင့် ထိုပုံစံကြမ်းမှလွဲ၍ သူက ပစ္စည်းတစ်ခုသာ ဝယ်ယူခဲ့လေ၏။

【အလိုအလျောက် ရထား အမြုတေ (အဆင့် ၇) (ရထားဒင်္ဂါး ၂၀၀)】

【ရထားတွဲအတွင်း၌ ထားရှိကာ ထိုရထားတွဲအပေါ် အလိုအလျောက် အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများကို လုပ်ဆောင်နိုင်သည်】

ရထားပေါ်တွင် အသုံးပြုနိုင်သော အထူး အမြုတေ တစ်ခုပင်။ ရထားဒင်္ဂါး ၂၀၀ ဖြင့် အဆင့် ၇ ပစ္စည်းတစ်ခုအနေဖြင့် သေချာပေါက် အရည်အချင်းပြည့်မီလှပေသည်။

သူက ဤ အမြုတေ ကို စိုက်ပျိုးရေး ရထားတွဲ အား အသုံးပြုရန် ပေးအပ်ရန် စီစဉ်ထားလေ၏။

မည်သို့ပင်ဆိုစေကာမူ စိုက်ပျိုးရေး ရထားတွဲ ၏ အဆက်မပြတ် တိုးချဲ့လာမှုနှင့်အတူ အထဲရှိ အပင်အရေအတွက်က အဆပေါင်းများစွာ တိုးပွားလာခဲ့ပြီဖြစ်သည်။ အပင်များကို စောင့်ရှောက်ရန် ကနဦး ရထားတွဲ၏ အလိုအလျောက်စနစ်အပေါ် မှီခိုနေရမှုက အပ်ကြီးပျားများ ၏ စေ့စပ်သေချာသော စောင့်ရှောက်မှုများ ရှိနေလျှင်တောင်မှ တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီလုံးလုံး မရပ်မနား လည်ပတ်နေရဆဲပင်။

ဤသည်ကို ရထား၏ လျှပ်စစ်စွမ်းအင် သုံးစွဲမှုမှတစ်ဆင့် မြင်တွေ့နိုင်လေသည်။

"လေးရာခုနစ်ဆယ်... ကျွတ် ကျွတ်၊ ပိုက်ဆံက ရှာရခက်သလောက် သုံးရတာ သိပ်မြန်တာပဲ၊ သာမန် ရထားမောင်းနှင်သူတွေ ဘာလို့ ဒီလောက် နှေးနှေးကွေးကွေး တိုးတက်လာကြလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူးလေ"

အဆင့်မြှင့်တင်ရေး ကုန်ကြမ်းများကို ဂိုဏ်းများက ထိန်းချုပ်ထားကြသည်။ အဆင့်မြှင့်တင်ရန်အတွက် တာဝန်များကို အဆက်မပြတ် ပြီးမြောက်ရန် လိုအပ်ပြီး တာဝန်များ ပြီးမြောက်ချိန်တွင် ပလက်ဖောင်း၏ အခက်အခဲကလည်း ကျပန်း မြင့်တက်လာတတ်လေ၏။

ရထားဒင်္ဂါးများကို ရရှိခဲ့လျှင်တောင်မှ ရထားကို အဆင့်မမြှင့်တင်မီ စွမ်းအားမြှင့်တင်ရန်အတွက် အတင်းအကျပ် သုံးစွဲရလေ့ရှိသည်။

"ဂေါ်ဘလင် နတ်ဘုရား၊ ဟီးဟီး"

"အဲဒီ ချောက်နက် စက်ယန္တရား ကြီးက ဘာကြီးလဲဆိုတာ ငါမသိပေမဲ့လည်း၊ အဲဒါက... ငါနဲ့ တော်တော်လေး သင့်တော်မယ့်ပုံပဲလို့ အမြဲ ခံစားနေရတယ်"

All Chapters