အခန်း ၄၀၈
Vol. 34 Ch. 408
အခန်း ၄၀၈ ချောက်နက် စက်ယန္တရားကြီးနှင့် ချိတ်ဆက်ခြင်း
"အကျိုးသက်ရောက်မှုက လုံးဝ ပြောင်းလဲသွားတာလား"
ကိုယ်ခံစွမ်းအား တစ်ရာ့မှတ်ကို စားသုံး၍ စိတ်စွမ်းအား တစ်ရာ့မှတ်နှင့် လဲလှယ်ရယူခြင်း ဖြစ်ပေသည်။
တစ်နည်းဆိုရသော် ဤသို့သော အကျိုးသက်ရောက်မှုမှာ ဘာမျှ မဖြစ်ပေါ်ခဲ့သည့်အပြင် ကိုယ်ခံစွမ်းအားကို စားသုံးလိုက်ရခြင်းကြောင့် သူ၏ အသက်အိုးအိမ်မှာ ပို၍ပင် အန္တရာယ်များသော အခြေအနေဆီသို့ ကျရောက်သွားစေနိုင်၏။
သို့သော်လည်း ဤစွမ်းရည်က အားနည်းနေခြင်းမျိုးတော့ မဟုတ်ခဲ့ချေ။
ရထားမောင်းနှင်သူ အများစုအတွက်မူ စိတ်စွမ်းအားဆိုသည်မှာ ခွန်အားအာဏာနှင့် ခပ်ဆင်ဆင် တူညီနေတတ်ပေသည်။
မည်သို့သော အထူးစွမ်းရည်မျိုးကိုမဆို အသုံးပြုလိုသည်ဖြစ်စေ၊ မှော်ပညာ၊ တာအိုမန္တန်များ၊ အဆောင်လက်ဖွဲ့များ၊ မှော်အစီအရင်များနှင့် ကျိန်စာများအပါအဝင် စွမ်းရည်အများစုကို ထုတ်ဖော်အသုံးပြုရန်အတွက် စိတ်စွမ်းအားကို မဖြစ်မနေ စားသုံးရစမြဲ ဖြစ်၏။
သေချာပေါက်ပင် သွေးစွမ်းအင်၊ တိုက်ပွဲဝင်ချီစွမ်းအင်နှင့် သိုင်းပညာရပ်များကဲ့သို့သော အရာများကမူ ကိုယ်ခံစွမ်းအားကို လိုအပ်ပေလိမ့်မည်။
ရဲချီယန်သည် ထိုနှစ်မျိုးလုံးကို လေ့လာကျွမ်းကျင်ထားသူ ဖြစ်သော်ငြား များသောအားဖြင့် စိတ်စွမ်းအား စားသုံးမှုက ပို၍ များပြားလေ့ရှိသည်။
အကယ်၍ သူ့ထံ၌သာ အလွန်အမင်း မြန်ဆန်လွန်းလှသည့် စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှုနှုန်း မရှိခဲ့ဘူးဆိုလျှင် ဤမျှ တိုတောင်းသော အချိန်ကာလလေးအတွင်း လျင်မြန်စွာ ကြီးထွားလာပြီး အဆင့်မြင့် ဘူတာရုံ အများအပြားဆီသို့ ဝင်ရောက်နိုင်ခဲ့ရန် လုံးဝ ဖြစ်နိုင်မည် မဟုတ်ချေ။
"ဒါက တကယ်ကို ထူးဆန်းတဲ့ ဓားတစ်လက်ပဲ" ရဲချီယန်က တီးတိုး ရေရွတ်လိုက်ရင်း ဓားရိုးကို ကိုင်ကာ အနီးကပ် သေချာကြည့်ရှုရန် ဆွဲထုတ်တော့မည် ပြုလိုက်၏။
သို့သော် မရဏလေးက စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည့် အသံလေးတစ်ခုကို နောက်တစ်ကြိမ် ထုတ်ဖော်လာခဲ့ပြန်သည်။ "ဒင်း... ဒေါင်—"
"ဟင်... မင်း ပြောချင်တာက ငါ ဒီဓားကို မကိုင်သင့်ဘူးဆိုတဲ့ သဘောလား"
သူမက ခေါင်းညိတ်ပြလာပြီး သေးငယ်သော ခန္ဓာကိုယ်လေးမှာ အိပ်မောကျတော့မတတ် ပင်ပန်းနွမ်းနယ်နေပုံ ရပေသည်။
"ကောင်းပါပြီလေ... ဒါဆိုရင်လည်း ဒီဓားကို မင်းဆီမှာပဲ ထားခဲ့လိုက်တော့မယ်"
အကြောင်းရင်းကို သေချာ မသိရသော်ငြား ရဲချီယန်သည် ဓားကို မကိုင်တွယ်ခဲ့ချေ။
ထိုသို့ဖြင့် ဤကွေ့ရှီးဓားနှင့် ၎င်းကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်းတို့သည် တစ်ခုနှင့်တစ်ခု လွဲချော်သွားခဲ့ကြရပေတော့သည်။
ကြည့်ရသည်မှာ မရဏလေးသည် ကွေ့ရှီးဓားကို သူ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း မပြုလုပ်နိုင်ရန် အစကတည်းက ကြိုးပမ်း တားဆီးနေခဲ့ပုံ ပင်တည်း။
ကွေ့ရှီးဓား ကိစ္စကို ဖြေရှင်းပြီးသည့်နောက် ရဲချီယန်သည် သူ၏ နောက်ထပ် ရရှိလာသော ပစ္စည်းများကို စတင် တွက်ဆစစ်ဆေးလေတော့၏။
ရထားခေါင်မိုးထက်သို့ ရောက်ရှိသွားချိန်တွင် လက်နက်တပ်ဆင်မှု နေရာလွတ်က ပွင့်ဟလာခဲ့သည်။
အတွင်း၌ သိုလှောင်ထားသော ချောက်နက်စက်ယန္တရားကြီးကို ရဲချီယန်က ဆင့်ခေါ်လိုက်လေ၏။
【ချောက်နက် စက်ယန္တရားကြီး (အိပ်မောကျနေသော အခြေအနေ)】
【မျိုးစိတ် လွင်တီးခေါင်ပြင် မျိုးစိတ်】
【လက်ရှိ အခြေအနေ ဝန်ပိပြီး ပျက်စီးနေသည်】
တစ်ချိန်က ချောက်နက်စက်ယန္တရားကြီးထက်တွင် တပ်ဆင်ထားခဲ့သော ဂေါ်ဘလင် နည်းပညာများမှာ ဂေါ်ဘလင်နတ်ဘုရား သေဆုံးသွားမှုနှင့်အတူ လုံးဝ ပျက်စီးသွားခဲ့ချေပြီ။
၎င်း၏ နဖူးပြင်ထက်ရှိ လက်ဖဝါးရွယ်ခန့် အနက်ရောင် စက်သွားတစ်ခုမှာလည်း လည်ပတ်မှု ရပ်တန့်နေသည့် အခြေအနေသို့ ရောက်ရှိနေ၏။
ရထားခေါင်မိုးကို စောင့်ကြပ်နေသည့် အီဗ်က ရဲချီယန်အတွက် ထိုစက်သွားကို ဖြုတ်ယူပေးလိုက်သည်။
【ချောက်နက် စက်သွား (အဆင့် ၁၀)】
【ချောက်နက်အတွင်းမှ စက်ယန္တရား ကုန်ကြမ်းပစ္စည်း ဖြစ်ပြီး စက်ယန္တရားများ တည်ဆောက်ရာတွင် အသုံးပြုနိုင်ပါသည်၊ ၎င်းအပြင် အခြားသော အသုံးဝင်မှုများလည်း ရှိနေနိုင်သေးသလော】
အခြားသော အသုံးဝင်မှုဆိုသည်မှာ ဤချောက်နက်စက်ယန္တရားကြီးကို ထိန်းချုပ်ပြီး ချိတ်ဆက်ခြင်းကို ဆိုလိုခြင်း မဟုတ်ပါလော။ ရဲချီယန်သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ တိုက်ရိုက်ပင် ချိတ်ဆက်မှု ပြုလုပ်လိုက်တော့သည်။
အခြားအရာများနှင့် မတူညီသည်မှာ ဤပစ္စည်းကို ချိတ်ဆက်ရန် လိုအပ်သည့်အရာက စိတ်စွမ်းအား မဟုတ်ဘဲ သွေးစိမ်းရှင်ရှင်ပင် ဖြစ်နေ၏။
အံ့အားသင့်စရာ ကောင်းသောအချက်မှာ ဂေါ်ဘလင်နတ်ဘုရားသည် ချောက်နက်စက်ယန္တရားကြီးနှင့် ချိတ်ဆက်မှု မပြုလုပ်ထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ၎င်းက ချောက်နက်စက်ယန္တရားကြီးကို တိုက်ခိုက်ရေးစွမ်းအားအတွက် လိုချင်ခဲ့ခြင်း မဟုတ်ဘဲ ၎င်း၏ အားနည်းလှသည့် ဂေါ်ဘလင် ခန္ဓာကိုယ်ကို ထည့်သွင်းထားရန် အခွံတစ်ခုအဖြစ်သာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ချိတ်ဆက်မထားခြင်းမှာ နားလည်ရန် မခက်ခဲလှချေ။
သွေးစိမ်း တစ်စက်က စက်သွားအတွင်းသို့ ပေါင်းစည်း စိမ့်ဝင်သွားလေသည်။ သူက ၎င်းကို ချောက်နက်စက်ယန္တရားကြီး၏ နဖူးပြင်ထက်တွင် ပြန်လည် တပ်ဆင်လိုက်၏။
ချောက်နက်စက်ယန္တရားကြီး၏ ခန္ဓာကိုယ်ပတ်လည်၌ အနက်ရောင် လျှပ်စီးတန်းလေးများ တလက်လက် လင်းလက်လာမှုနှင့်အတူ စက်သွားက စတင် လည်ပတ်လာခဲ့ချေပြီ။
【ချိတ်ဆက်မှု အောင်မြင်ပါပြီ】
【ချောက်နက်စက်ယန္တရားကြီးကို ထိန်းချုပ်ခွင့် အာဏာ ရရှိပါပြီ】
【ချောက်နက် စက်ယန္တရားကြီး】
【စွမ်းအင် စားသုံးမှု】
【လက်နက် တပ်ဆင်ထားမှု မရှိပါ】
လက်နက်လည်း မရှိသကဲ့သို့ အထူး အကျိုးသက်ရောက်မှုများလည်း မပါဝင်သည့် ဤချောက်နက်စက်ယန္တရားကြီးဆိုသောအရာမှာ သန့်စင်သော ခန္ဓာကိုယ် ကိုယ်ထည်သက်သက်မျှသာ ဖြစ်ပေသည်။
ဂေါ်ဘလင်နတ်ဘုရား မူလက တပ်ဆင်ထားခဲ့သော ပစ္စည်းများမှာလည်း ကြေမွနေသည့် အကျိုးအပဲ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်၏။ တစ်နည်းဆိုရသော် ၎င်း၏ တိုက်ခိုက်မှုများတွင် ပါဝင်သည့် အနက်ရောင် လျှပ်စီးစီးကြောင်းမှလွဲ၍ အခြား မည်သည့် အထူးစွမ်းရည်မျှ မရှိဟု ဆိုနိုင်ပေသည်။
ချောက်နက်စက်ယန္တရားကြီး၏ အတွင်း၌ မှေးမှိန်သော ဝိညာဉ်အသိတစ်ခု တည်ရှိနေပြီး ဤသည်မှာ စက်ယန္တရား အကျပ်အတည်းက ပေးသနားထားခဲ့သည့် အနိမ့်ဆုံး ဉာဏ်ရည်သာ ဖြစ်ပေသည်။
ရဲချီယန်က မေးစေ့ကို ပွတ်သပ်လိုက်ရင်း သူ၏ရှေ့ရှိ ဆယ့်ငါးမီတာ မြင့်မားသော ဧရာမ သတ္တဝါကြီးကို စိုက်ကြည့်လိုက်၏။
"ကောင်းမွန်တဲ့ လက်နက်တွေ မပါလာပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်ကိုပဲ ယှဉ်ကြည့်မယ်ဆိုရင် သူက ဗီလိန်ထက်တောင် ပိုပြီး အားကောင်းနေသေးတယ်"
"အော်... ဟုတ်သားပဲ၊ ငါ့ဆီမှာ အမြုတေ နှစ်ခု ကျန်နေသေးတာပဲ... ဒါတွေကို တပ်လိုက်ရင်ရော" သူက ယခင် ဘူတာရုံမှ ရရှိခဲ့သော စက်ယန္တရား အမြုတေ နှစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းတို့ကို ချောက်နက်စက်ယန္တရားကြီးထက်တွင် တပ်ဆင်တော့မည် ပြုလိုက်စဉ်မှာပင် ထိုချောက်နက်စက်ယန္တရားကြီး၏ မှေးမှိန်သော ဉာဏ်ရည်က ခုခံငြင်းဆန်သည့် အရိပ်အယောင်ကို ပြသလာခဲ့၏။
၎င်းက နတ်ဘုရား အမြုတေများကို ငြင်းပယ်နေခြင်း ဖြစ်သည်။ နတ်ဘုရားများ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော အငွေ့အသက် စွမ်းအားများကို ငြင်းပယ်နေခြင်းပေတည်း။ ဘာကြောင့်များလဲ။
ရဲချီယန်က မျက်မှောင်ကြုတ်လိုက်၏။ လက်ထဲရှိ အထူး စက်ယန္တရား အမြုတေ နှစ်ခုကို အမှုမဲ့အမှတ်မဲ့ မြှောက်ဆော့လိုက်ရင်း "ထားလိုက်ပါတော့လေ... မင်းက မလိုချင်ဘူးဆိုမှတော့ ဗီလိန်ပဲ အကျိုးအမြတ် ရသွားဦးမှာပေါ့" သူက ပြုံးလိုက်ကာ ခေါင်းခါယမ်းလိုက်သည်။
အမြုတေများကို သိမ်းဆည်းလိုက်ပြီးနောက် သူက လက်ဆန့်ထုတ်ကာ ချောက်နက်စက်ယန္တရားကြီး၏ ခန္ဓာကိုယ်ထက်သို့ တင်ထားလိုက်၏။ "မင်းက နတ်ဘုရားစွမ်းအားကို ခုခံနေတယ်ဆိုတော့... ဒါကိုကျတော့ရော ဘယ်လိုနေလဲ"
【အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ——】
မိုးပြာရောင် အလင်းစီးကြောင်းတို့က သူ၏ လက်ဖဝါးမှတစ်ဆင့် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က တစ်နေရာတည်းတွင် စုစည်းသွားကာ ချောက်နက်စက်ယန္တရားကြီးဆီသို့ တည့်တည့် ထိုးဖောက် ဝင်ရောက်သွားလေတော့၏။
ဝုန်း— အနက်ရောင် လျှပ်စီးတန်းများက မရပ်မနား တလက်လက် လက်လာခဲ့သည်။ ချောက်နက်စက်ယန္တရားကြီး၏ ခန္ဓာကိုယ်မှာ ရူးသွပ်စွာ တုန်ခါနေချေပြီ။
အဆင့်မြင့် အသွင်ကူးပြောင်းခြင်း စွမ်းအား၏ ဖုံးလွှမ်းမှုကို ခံလိုက်ရသော ဆယ့်ငါးမီတာ မြင့်မားသည့် ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း သေးငယ်သွားခဲ့သည်။ ဆယ်မီတာအောက်အထိ ကျုံ့ဝင်သွားသည့်တိုင်အောင် အဆင့်မြင့် အသွင်ကူးပြောင်းခြင်းက ပြီးဆုံးသွားလေ၏။
【ချောက်နက် စက်ယန္တရားကြီး → အမြုတေ ကန့်သတ်ချက် · ချောက်နက် စက်ယန္တရားကြီး】
【ကိုယ်ခံစွမ်းအား ၂၂၀ → ၂၀၀】 【စိတ်စွမ်းအား ၂၆၀ → ၁၈၀】
【ခန္ဓာကိုယ် အရွယ်အစားကို သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအတွင်း ပြောင်းလဲနိုင်ပါသည်】
【စွမ်းအင်ကို အကန့်အသတ်ကျော်လွန် သုံးစွဲခြင်းဖြင့် အတွင်းပိုင်း စွမ်းအင်အမြုတေ ကန့်သတ်ချက်ကို ဖယ်ရှားနိုင်ပါသည်၊ တိုက်ပွဲဝင်နေစဉ်အတွင်း လျှပ်စစ်စွမ်းအင် အားလုံးကို ချောက်နက် ပလာစမာအဖြစ် ပြောင်းလဲသွားပါမည်】
【အမြုတေ ကန့်သတ်ချက် ဖယ်ရှားမှုကို အသုံးပြုပြီးတိုင်း စွမ်းအင် ပြန်လည် ဖြည့်တင်းမှု အချို့ကို လုပ်ဆောင်ရန် လိုအပ်ပါသည်】
"သာမန်အတိုင်း စွမ်းရည် အဆင့်မြှင့်တင်မှုအချို့နဲ့ တိုးတက်မှုတွေ ရသွားတာပဲကိုး" "တစ်ရာ့မှတ်တည်းလား... ငါ ထင်ထားတာထက် စားသုံးမှု အများကြီး သက်သာနေတာပဲ"
ရွှေရောင်မျိုးနွယ်စု၏ ရဲစွမ်းသတ္တိမှတစ်ဆင့် ရရှိခဲ့သော ထပ်ဆောင်း စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအား ၂၀ မှတ်စီကြောင့် သူ၏ လက်ရှိ အမြင့်ဆုံး ကန့်သတ်ချက်များမှာ ၂၂၀ နှင့် ၂၆၀ သို့ အသီးသီး ရောက်ရှိနေခဲ့ချေပြီ။ ဤအဆင့်မြင့် အသွင်ကူးပြောင်းမှု တစ်ခုတည်းက သူ့ကို စွမ်းအင် အလွန်အမင်း ကုန်ခမ်းသွားစေခြင်း မရှိခဲ့ချေ။
"ဒါမှမဟုတ် တကယ် အဆင့်မြင့် အသွင်ကူးပြောင်းရမယ့်အရာက..." ရဲချီယန်၏ အကြည့်တို့က ချောက်နက်စက်ယန္တရားကြီး၏ နဖူးပြင်ထက်ရှိ အနက်ရောင် စက်သွားထံသို့ ကျရောက်သွားခဲ့သည်။ အဆင့် ၁၀ ကုန်ကြမ်းတစ်ခု ဖြစ်သည့် ချောက်နက် စက်သွားပင်တည်း။ "နောက်မှပဲ အေးအေးဆေးဆေး လုပ်တော့မယ်လေ"
ချောက်နက်စက်ယန္တရားကြီးသည် လက်နက်တပ်ဆင်မှု နေရာလွတ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေသည်။ သူက ရထားခေါင်မိုးထက်တွင် ရှိနေပြီးသား ဖြစ်သောကြောင့် ဗီလိန်ကို တိုက်ရိုက်ပင် ဆင့်ခေါ်လိုက်၏။
နတ်ဘုရား အမြုတေ နှစ်ခုကို ခုခံငြင်းဆန်ခဲ့သော ချောက်နက်စက်ယန္တရားကြီးနှင့် ယှဉ်လျှင် ဗီလိန်၏ တုံ့ပြန်မှုမှာမူ လုံးဝကို ကွဲပြားခြားနားနေပေသည်။
၎င်း၌ မွေးရာပါ တည်ရှိနေသော ဆွေးမြည့်ခြင်းနှင့် ချော်ရည်ဒိုင်းလွှာတို့အပြင် တန်းခွဲနတ်ဘုရား အဆင့်လောက်သာ ရှိသေးသည့် ရေနွေးငွေ့ အမြုတေသည် ဤအသစ်စက်စက် နတ်ဘုရား စက်ယန္တရား အမြုတေ နှစ်ခု ပေါ်ထွက်လာပြီးနောက် ပဲ့တင်ထပ်သည့် အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။
၎င်းတို့ ထုတ်လွှတ်သော အလင်းရောင်များက တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ် ချိတ်ဆက်နေကြသည်။ နွေရာသီမှ ပုစဉ်းရင်ကွဲ မြည်ကြွေးသံများအတိုင်း... ထို့ပြင် တောင်ကြားလေပြင်း လိုဏ်ခေါင်းများထဲမှ သနားကြင်နာဖွယ် ညည်းတွားသံများအတိုင်း ပင်တည်း။
သန့်စင်သော အဖြူရောင် စက်ရုပ်ကြီးက ရဲချီယန်ထံသို့ ခေါင်းညွတ် အရိုအသေပြုလာ၏။ ဤစွမ်းအားသစ်ကို ပြင်းပြစွာ တမ်းတနေပုံ ရပေသည်။
"မင်းကတော့ အစားမရွေးဘူးပဲ" "ဟက်... ဒီနှစ်ခုနဲ့ပါ ပေါင်းလိုက်ရင် လက်နက်ပစ္စည်းအဖြစ် ပြောင်းလဲသွားတဲ့ နတ်ဘုရား စက်ယန္တရား အမြုတေ လေးခုတောင် ရှိသွားပြီပဲ" "ဒါက တကယ်ကို... တခြားသူတွေသာ သိသွားရင် ဒေါသထွက်ပြီး ရူးတောင် ရူးသွားလောက်တယ် မဟုတ်လား" ရဲချီယန်က တီးတိုး ရယ်မောလိုက်သည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး ဂေါ်ဘလင်နှင့် တစ္ဆေငါးမန်း အမြုတေများကို ဗီလိန်၏ ဦးခေါင်းဆီသို့ တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်လေ၏။
ဒိုင်း... ဒိုင်း— ယခင်ကအတိုင်း အလားတူ မြင်ကွင်းမျိုး ပေါ်ထွက်လာခဲ့ချေပြီ။ အမြုတေများ ကွဲကြေသွားလေသည်။ ကွဲကြေသွားပြီးနောက် အပိုင်းအစများ အားလုံးက ဗီလိန်၏ ခန္ဓာကိုယ်နှင့် စတင် ပေါင်းစည်းကာ အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းတည်ဆောက်လာကြတော့၏။
ထိုသို့ဖြင့် အသစ်စက်စက် နတ်ဘုရား အမြုတေ လက်နက်တပ်ဆင်မှု နှစ်ခု မွေးဖွားလာခဲ့ပေတော့သတည်း။