← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) ဝါရင့်သရုပ်ဆောင်။

ရေခဲပြင်နယ်မြေဖြင့် ပိုင်းခြားထားသော်လည်း ခြံဝင်းအတွင်း၌မူ နွေဦးနှင့် နွေရာသီ၏ နွေးထွေးမှုတို့မှာ ပျောက်ကွယ်ခြင်း မရှိသေးပေ။ ဆောင်းဦးရွက်နီပင်တို့မှာ ပြင်းထန်သော ရေခဲစွမ်းအားများကြားတွင် မည်သို့မျှ မထိခိုက်ဘဲ သာယာစွာ လှုပ်ခတ်နေဆဲ ဖြစ်သည်။

လီယွင်ဇီသည် ရေခဲဟင်းလင်းပြင်ကမ္ဘာဘက်သို့ စိုးရိမ်တကြီး ကြည့်နေသည်။ သူမ၏ လက်ချောင်းသွယ်သွယ်လေးများမှာ အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး၊ အာရုံစူးစိုက်လိုက်တိုင်း သူမ၏ နဖူးပြင်တွင် ချွေးစေးလေးများ ပေါ်လာသည်။

သူမသည် ခြံဝင်းထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင် ရေခဲပြင်နယ်မြေ အပြင်ဘက်မှ နူးညံ့ပြီး တည်ငြိမ်လှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ တိုက်ပွဲ၏ ပြင်းထန်မှုနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်...

"မင်းဒဏ်ရာတွေကို အထိန်းအကွပ် မလှုပ်ရှားမိစေပါနဲ့၊ ခြံထဲမှာပဲ ငြိမ်ငြိမ်လေး နေပါ။ ငါ ကိုင်တွယ်နိုင်ပါတယ်"

"ငါ ... နန်လင်းရှာအတွက် စိုးရိမ်နေမိတာပါ"

လီယွင်ဇီမှာ အမြဲတမ်းပင် ရှက်ရွံ့တတ်သူ ဖြစ်သည်။

နန်လင်းရှာသည် မြို့တော်တစ်ခုလုံးကို ပန်းချီဆွဲကာ တိုက်ပွဲဝင်ခဲ့သည်ကို မြင်ခဲ့ရပြီး နောက်၊ ကျူးမင်လန်ကမူ နန်လင်းရှာကို ရင်ဆိုင်နေရသူများသာ ပို၍ စိုးရိမ်သင့်သည်ဟု တွေးနေမိသည်။

ကျူးမင်လန်သည် ယခင်က လီယွင်ဇီ အဘယ်ကြောင့် အခြေခံအုတ်မြစ် မခိုင်မာဘဲ စစ်ပွဲ များကို ဤမျှ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနေသလဲဟု တွေးတောခဲ့ဖူးသည်။ ယခုအခြေ အနေကို ကြည့်ခြင်းအားဖြင့်၊ လာရောက် လုပ်ကြံသူများမှာ ဗိမာန်ဂိုဏ်းမှ လူအနည်းငယ် သာ ဖြစ်ပြီး တစ်မြို့လုံးမှ စစ်သည်များ မဟုတ်သည့်အတွက် သူ အတော်အတန် နားလည် သွားပြီ ဖြစ်သည်။

အစ်မဖြစ်သူနှင့် ညီမဖြစ်သူတို့ကြားမှ အငြိုးအတေးမှာ လီယွင်ဇီ၏ လမ်းကြောင်းကို ဟန့်တားမည့် လူများအားလုံးကို လမ်းလွဲစေရန် ကြံစည်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

ဟုတ်ပါသည်၊ ကျူးမင်လန်မှာ နောက်ကျမှ သိလိုက်ရခြင်း ဖြစ်သည်။ အစကတည်းက သူ ကြားသိခဲ့ရသည့် ကောလာဟလများနှင့် အချက်အလက်များ အားလုံးက လီယွင်ဇီသည် စစ်တပ်ကို အမိန့်ပေးနိုင်သည်မှလွဲ၍ ဘိုးဘေးနဂါး မြို့တော်တွင် ထောက်ခံအားပေးသူ လုံးဝမရှိဟု ဆိုထားခဲ့ခြင်း ဖြစ်သည်။

ကျူးမင်လန်ပင် ယုံကြည်နေခဲ့လျှင် အခြားသူများ မယုံကြည်ရန် အကြောင်းမရှိပေ။

ဤအချက်ကို နားလည်သွားသောအခါ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

နန်လင်းရှာက လီယွင်ဇီဘက်တွင် ရှိနေ၍သာ တော်တော့သည်။ အကယ်၍သာ မဟုတ်ခဲ့ လျှင်၊ တစ်မြို့လုံးက ဝိုင်းဝန်းလိုက်လံ ဖမ်းဆီးခြင်းကို မည်သူမျှ တားဆီးနိုင်မည် မဟုတ် ပေ။

"သတိထားပါ၊ အခြေအနေမကောင်းရင် ဒီကို ပြန်ဆုတ်ခဲ့ပါ။ ငါ ကိုင်တွယ်နိုင်တယ်" လီယွင်ဇီ၏ အသံမှာ ထွက်ပေါ်လာဆဲ ဖြစ်သည်။

"အဆင်ပြေပါတယ်"

ပျက်စီးနေသော ပြသာဒ်ဆောင်များနှင့် အပျက်အစီးများမှာ နေရာအနှံ့ ပြန့်ကျဲနေသည်။

ဒူချန်းနှင့် ဗိမာန်ဂိုဏ်းမှ သူရဲကောင်းလေးဦးတို့မှာ အဝေးမှနေ၍ ကျူးမင်လန်နှင့် ငွေနှင်း အရုဏ်ဦးနဂါးဖြူကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြသည်။

"မင်းရဲ့ နောက်ဆုံးစကားကို ပြောနေတာလား။ အချိန်မရှိတော့ဘူး၊ အခုချက်ချင်း ပြောလိုက်ပါတော့" ဒူချန်း၏ အသံမှာ အေးစက်သွားပြီး ပျက်စီးနေသော လီနန်းတော် အတွင်းသို့ လျှောက်လှမ်းလာသည်။

ထိုအချိန်တွင် သူတို့လေးဦးမှာ သူတို့၏ နဂါးသားရဲများကို ဆင့်ခေါ်လိုက်ကြသည်။ တချို့ မှာ ခံတပ်ကြီးကဲ့သို့ ကြံ့ခိုင်ပြီး၊ တချို့မှာမူ ရှေးဟောင်း သားရဲများကဲ့သို့ ထူးဆန်း ကြမ်းတမ်းလှသည်။

သူတို့ထဲတွင် မိုးပြာရောင်လျှပ်စီးနဂါးကို ဆင့်ခေါ်ထားသူလည်း ပါဝင်သည်။ ထိုနဂါးမှာ ရှေးဟောင်း နတ်ဆိုးဝေလငါးကြီးကဲ့သို့ လေထဲတွင် ဝဲပျံနေပြီး၊ သူ၏ အကြေးခွံများမှာ သံမဏိကဲ့သို့ မာကျော၏။ ပို၍ ထူးခြားသည်မှာ သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ မုန်တိုင်း တိမ်တိုက်များဖြင့် ဖုံးလွှမ်းထားပြီး၊ တိမ်တိုက်အတွင်းမှ ထွက်ပေါ်လာသော လျှပ်စီး ကြောင်းများသည် ကောင်းကင်ကိုပင် ကွဲအက်သွားစေနိုင်သည်အထိ ပြင်းထန်လှသည်။

နဂါးသခင်အဆင့်……

ထိုမိုးပြာရောင်လျှပ်စီးနဂါးမှာလည်း နဂါးသခင်အဆင့် သတ္တဝါပင် ဖြစ်သည်။ သူ လေထဲ တွင် ရွေ့လျားလိုက်တိုင်း စကြဝဠာကြီးမှာ မုန်တိုင်းထန်သော ပင်လယ်ပြင်အဖြစ် ပြောင်းလဲသွားပြီး လှိုင်းလုံးကြီးများကို ဖန်တီးနိုင်စွမ်း ရှိသည်။

ဒူချန်းကိုယ်တိုင်ကလည်း သာမန်လူမဟုတ်ပေ။

သူသည် နတ်ဘုရားအနွယ်ဝင်လူသားတစ်ဦး ဖြစ်ပြီး လှုပ်ရှားမှုများမှာ သရဲတစ္ဆေကဲ့သို့ လျင်မြန်လှသည်။ သူ လျှောက်လှမ်းသွားတိုင်း အပျက်အစီးများကြားတွင် ပျောက်ကွယ် သွားလိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်နေသည်။

သူ၏ နတ်ဘုရားအနွယ်ဝင်လူသား၏ စွမ်းအားကို အသုံးပြုလိုက်သောအခါတွင်မူ သူသည် မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းလာကာ၊ သေခြင်းတရား၏ အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်။ ဒဏ္ဍာရီလာ ငရဲပြည်မှ အနက်ရောင် ငရဲတမန်တစ်ဦးကဲ့သို့ပင် ဖြစ်နေတော့သည်။

ကံကောင်းစွာဖြင့် ကျူးမင်လန်မှာ ယခင်က နတ်ဘုရားအနွယ်ဝင်လူသားအချို့နှင့် တွေ့ဆုံ ဖူးသည့်အတွက် သူတို့၏ စွမ်းအားပုံစံများကို အနည်းငယ် နားလည်ထားသည်။

"နဂါးသားရဲတွေကို အဖြူလေးနဲ့ တိုက်ခိုက်ခိုင်းပြီး၊ သူကိုယ်တိုင်က အသက်ဝိညာဉ်တွေကို ရိတ်သိမ်းဖို့ လာတာလား" ဒူချန်း၏ ရည်ရွယ်ချက်ကို ကျူးမင်လန် နားလည်သွားသည်။

ထို့ကြောင့် သူသည် ဒူချန်းကို သူ့အနီးသို့ ကပ်ခွင့်ပေးမည် မဟုတ်ပေ။

အဆုံးတွင် သူ့မှာ နဂါးတစ်ကောင်တည်း ရှိသည်မဟုတ်ပေ။

ကျူးမင်လန်သည် သူ၏ နတ်ဘုရားသူတော်စင်နဂါးစိမ်းကို ဆင့်ခေါ်လိုက်ပြီး၊ ဒူချန်း နီးကပ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။

"ကောင်းကင်ပေါ်ကို ပျံသန်းလာခဲ့စမ်း၊ မင်းတို့ သတ္တိရှိရင် ဒီအပေါ်တက်ပြီး တိုက်ခိုက် ကြည့်ကြလေ"

ဒူချန်းသည် အေးစက်လှသော တစ္ဆေဝိညာဉ်တစ်ဦးကဲ့သို့ပင် ရေခဲဟင်းလင်းပြင်ကမ္ဘာကို အရင်ဆုံး ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ လီယွင်ဇီကို တိုက်ရိုက် သတ်ဖြတ်ရန် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် သူရဲကောင်း အမျိုးသမီးက ဒူချန်းကို အမြန်ဆုံး သတိပေးလိုက် သည်။ "သခင်၊ အလျင်စလို မလုပ်ပါနဲ့။ လီယွင်ဇီက နဂါးသခင်အဆင့်ထက် သာလွန်တဲ့ နတ်ဘုရားအနွယ်ဝင်လူသား တစ်ဦးပါ။ သူမ ဒဏ်ရာတွေ သက်သာသွားပြီ ဆိုရင် သခင် အသက်ဆုံးရှုံးသွားနိုင်တယ်"

ဒူချန်း မျက်မှောင်ကြုတ်လိုက်သည်။

သူရရှိထားတဲ့ သတင်းအချက်အလက်က တိရောတိကျရဲ့လား…။ လီယွင်ဇီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပြီး နဂါးစစ်သူကြီးအဆင့်တောင် မရှိတော့ဘူးလို့ ဆိုထားတာ မဟုတ်ဘူးလား။ ဘာလို့ အခုမှ လှည့်ကွက်တွေ ရှိနေတာလဲ…..။

"ဒီနဂါးထိန်းကို အရင်ရှင်းလိုက်ရအောင်။ ပြီးရင် လီယွင်ဇီကို ဝိုင်းပြီး တိုက်ခိုက်ကြတာပေါ့။ သတိထားပါ သခင်" သူရဲကောင်း အမျိုးသမီးက ဆက်ပြောသည်။

ထိုအမျိုးသမီးမှာ မိုးပြာလျှပ်စီးနဂါး၏ သခင်မဖြစ်ပြီး၊ သူမ၏နဂါးမှာ ငွေနှင်းအရုဏ်ဦး နဂါးဖြူကို တိုက်ရိုက် ရင်ဆိုင်နိုင်လောက်အောင် အစွမ်းထက်သည်။

"ကောင်းပြီ၊ သူ့ကို အရင်သတ်မယ်..." ဒူချန်းက ရေခဲပြင် ကုလားကာပေါ်ကို ခြေလှမ်းလှမ်း ပြီး ခုန်ကျော်ရန် ပြင်လိုက်စဉ်မှာပင် ရေခဲရေကန်၏ အပြင်ဘက်မှ ပြင်းထန်ပြီး ပူလောင် သော လက်သီးချက်တစ်ခု ပစ်လွှတ်လာခဲ့သည်။

ထိုလက်သီးချက်မှာ မီးတောက်တစ်ခုကဲ့သို့ ရေခဲကန်နှင့် နှင်းပြသာဒ်ကို ကျော်ဖြတ်ကာ ဒူချန်းရှိရာသို့ အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ဦးတည်လာသည်။

ဒူချန်း ထိတ်လန့်သွားပြီး အမြန်ဆုံး ရှောင်တိမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ် အရိပ်များမှာ တစ္ဆေတစ်ကောင်ကဲ့သို့ အလွှာလိုက် ပွားလာသည်ကို မြင်နိုင်သည်။

သို့သော် ထိုလက်သီးချက်မှာ အလွန်ပင် ပြင်းထန်လွန်းရာ သူ၏ဘေးမှ ဖြတ်တိုက်သွား သော လေထု၏အရှိန်ဖြင့်ပင် ဒူချန်းမှာ လွင့်စင်သွားပြီး အပျက်အစီးပုံများထဲသို့ ပြင်းထန် စွာ ရိုက်ခတ်သွားတော့သည်။ အဆောက်အအုံ အကြွင်းအကျန်များ ဘယ်လောက်တောင် ပျက်စီးသွားမှန်းပင် မသိနိုင်တော့ပေ။

ကောင်းကင်ပေါ်ရှိ ကျူးမင်လန်က တစ်ချက်ကြည့်လိုက်ရာ ပြသာဒ်ဆောင် ရေကန်၏ တစ်ဖက်ခြမ်းတွင် လူတစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ သာမန်ရုပ်ရည်ရှိပြီး အသားအရေ ညိုမောင်းကာ မီးဖိုချောင်အလုပ်သမား ဝတ်စုံ ကို ဝတ်ဆင်ထားသည်။ သို့သော် ထိုမျက်နှာကို ကြည့်လိုက်သည်နှင့် ကျူးမင်လန်မှာ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ ရိုးသားပြီး ရိုးရှင်းသော မျက်နှာ ပေါက်ပင်….။

ငါ ဒီလူကို မြင်ဖူးတယ်။

ငါ သေချာပေါက် ဒီလူကို မြင်ဖူးပါတယ်။

ကျူးမင်လန် သေချာပေါက် သိနေသော်လည်း မည်သူမည်ဝါမှန်း မမှတ်မိနိုင် ဖြစ်နေသည်။

"လက်သီးသခင်….."

ပိန်ပိန်ပါးပါး သူရဲကောင်းမှာ အော်ဟစ်လိုက်မိ၏။ သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။

ကျန့်အန်း….၊ ပြင်းထန်သော လက်သီးချက်များဖြင့် နာမည်ကြီးသည့် လက်သီးသခင် မဟုတ်ပါလော။ သူသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော နတ်ဘုရားအနွယ်ဝင်လူသားတစ်ဦး မဟုတ်ပါလော။

သူ ဘာလို့ ဒီနေရာမှာ ရောက်နေရတာလဲ…..။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒီနတ်ဘုရားအနွယ်ဝင်လူသားက ဒီလူပဲ" ပိန်ပိန်းပါးပါး သူရဲကောင်းမှာ ရုတ်တရက် သဘောပေါက်သွားပြီး ရိုးသားပုံပေါက်သော လူလတ်ပိုင်း အရွယ်အမျိုးသားကို လက်ညှိုးထိုးကာ အော်လိုက်သည်။

ဤနေရာသို့ စရောက်သည့်အချိန်ကတည်းက ဤခြံဝင်းအနီးတစ်ဝိုက်တွင် နတ်ဘုရား အနွယ်ဝင်လူသားတစ်ဦးနှင့် နဂါးထိန်းတစ်ဦးသာ ရှိနေသည်ကို သူ ခံစားမိခဲ့သည်။

သို့သော် ယခုအခါတွင် သူသည် ပြဿနာတစ်ခုကို သဘောပေါက်သွားသည်။

လီယွင်ဇီ၏ ဒဏ်ရာမှာ လှည့်ကွက်တစ်ခုသာ ဖြစ်ခဲ့ပြီး၊ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည့်အတွက် သူမ၏ နတ်ဘုရား အနွယ်ဝင် လူသား အငွေ့အသက်ကို သူ ရှာမတွေ့နိုင်ခြင်း ဖြစ်နိုင်သည်။

အကယ်၍ သူမ အမှန်တကယ် ဒဏ်ရာရနေပြီး နတ်ဘုရားအနွယ်ဝင်လူသား အငွေ့ အသက်မှာလည်း သာမန်လူသားများကဲ့သို့ အားနည်းနေပါကလည်း ၎င်းကို ဖမ်းဆုပ်မိရန် လွယ်ကူမည် မဟုတ်ပေ။

ထို့ကြောင့် အလွန်ထင်ရှားသော နတ်ဘုရားအနွယ်ဝင်လူသား အငွေ့အသက်ကို ပိုင်ဆိုင် ထားသူမှာ လီယွင်ဇီမဟုတ်ဘဲ ဤလူပင် ဖြစ်သည်။

ကျန့်အန်း……၊ လက်သီးသခင်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကဆိုလျှင် သူ၏ နာမည်ကို မကြားဖူးသူ မရှိသလောက်ပင်။ မြို့တော်များတွင်ပင်မက ဗိမာန်ဂိုဏ်း၌ပင် သူသည် နာမည်ကြီးသူ ဖြစ်သည်။

သို့သော် ဒူချန်းနှင့် သူရဲကောင်း အမျိုးသမီးတို့ကဲ့သို့ လူငယ်မျိုးဆက်များအတွက်မူ ဤလူ၏နာမည်ကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

ထို့ကြောင့် ဒူချန်းမှာ လက်သီးချက်တစ်ခုဖြင့် အဝေးသို့ လွင့်စင်သွားပြီး မျက်နှာတစ်ခုလုံး ဖုန်မှုန့်များဖြင့် ပေကျံနေချိန်တွင် ပိုမို၍ ဒေါသထွက်သွားသည်။ သူသည် နာမည်မရှိသော ကျန့်အန်းကို သေမင်း၏ အကြည့်ဖြင့် စိုက်ကြည့်နေသည်။

"ညီငယ်လေးရေ၊ ငါတို့ ပြန်တွေ့ကြပြန်ပြီ။" ကျန့်အန်းသည် ရေခဲကန်ဘေးမှ လမ်းလျှောက်လာရင်း ကောင်းကင်ပေါ်ရှိ ကျူးမင်လန်ကို မြင်သောအခါ လက်ပြ နှုတ်ဆက်လိုက်သည်။

ဤအခိုက်အတန့်မှသာ ကျူးမင်လန်သည် ဤရိုးသားပုံပေါက်နေသော လယ်သမားကြီး သည် မည်သူမည်ဝါဖြစ်ကြောင်း နောက်ဆုံးတွင် သတိရသွားတော့သည်။

ဤလူမှာ ယခင်က လီရှောင်ရင်ကို အကယ်ဒီမီသို့ ပို့ပေးခဲ့သည့် သိုးထိန်းဦးလေးကြီး မဟုတ်ပါလော။

တစ်ချိန်က ကျူးမင်လန်သည် သူကိုယ်တိုင် ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး သူတစ်ပါးကို အရူးလုပ်၍ အကျိုးကျေးဇူးရယူတတ်သူဟု သူ့ကိုယ်သူ ထင်ခဲ့ဖူးသည်။ သို့သော် သူ့ရှေ့ တွင်ရှိနေသည့် ဤဦးလေးကြီးနှင့် ယှဉ်လိုက်ပါက သူသည် နုနယ်လွန်းနေသေးသည်။

All Chapters