အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) နွေရာသီမှာ ငါ့ကို အကဲလာမစမ်းနဲ့။
"မုန်တိုင်းအရိပ်အမွှေးက အဖြူလေးရဲ့ လေစီးကြောင်း၊ ရေခဲထိန်းချုပ်ခြင်း ပညာရပ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တကယ်ကို လွမ်းမိုးနိုင်တဲ့စွမ်းအားမျိုး ဖြစ်ပေါ်လာတာပဲ"
အဖြူလေး၏ နဂါးပညာရပ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအနာတရဖြစ်နေသော နဂါးစစ်သူကြီးများကို မြရသောအခါ ကျူးမင်လန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ သည်။
လီချွမ်းနဂါးထိန်းအကယ်ဒမီမှ ရရှိခဲ့သော ဤထူးခြားသည့် အမွှေးတောင်ပံမှာ အဖြူလေး ၏ ကြီးထွားမှုအဆင့် ဆင့်ကဲပြောင်းလဲမှုများနှင့်အတူ ပိုမိုအားကောင်းလာခဲ့သည်။
၎င်းသည် ကျူးမင်လန် ကိုယ်တိုင်ဖန်တီးထားသည့် အရိပ်ချပ်ဝပ် အကာကွယ်အပြင် ရန်သူ များကို သတ်ဖြတ်ရန် နောက်ထပ် အစွမ်းထက်သည့် လက်နက်တစ်ခုကို ပေးစွမ်းလိုက် သည်။
မည်သို့ဆိုစေကာမူ နဂါးသားရဲတစ်ကောင်ပေါ်တွင် တပ်ဆင်အသုံးပြုနိုင်သော မည်သည့် စွမ်းအားမြှင့် အသုံးဆောင်ပစ္စည်းမဆို နဂါးထိန်းကိုယ်တိုင်လည်း အသုံးပြုနိုင်သည် မဟုတ်ပါလော။
အဖြူလေး၏ ဆင့်ကဲပြောင်းလဲမှုကြောင့် မုန်တိုင်းအရိပ်အမွှေးမှာလည်း ပိုမိုအားကောင်း လာခဲ့ရာ၊ ယခုအခါ ကျူးမင်လန်၏ လက်ထဲတွင် နဂါးသခင်အဆင့် စွမ်းအားမြှင့် ပစ္စည်း တစ်ခုကို ကိုင်ဆောင်ထားသည်နှင့် တူညီပေသည်။
ဤယုံကြည်မှုနှင့်အတူ ကျူးမင်လန်သည် ငြိမ်သက်စွာ ရပ်နေ၏။ သူသည် အဖြူလေးနှင့် နဂါးစစ်သူကြီးများကြား တိုက်ပွဲကိုသာ အာရုံစိုက်နေပုံ ပေါက်နေသော်လည်း၊ အမှန် တကယ်တွင်မူ သူ၏စိတ်ထဲ၌ လှောင်ပြောင်နေမိသည်။
လူတစ်ဦးသည် တိတ်တဆိတ် ချဉ်းကပ်လာနေသည်။
ဤလျှို့ဝှက်စွာ ချဉ်းကပ်လာသူမှာ ဒူချန်းမှတစ်ပါး အခြားလူ မဖြစ်နိုင်ပေ။
ဒူချန်း၏ နတ်ဘုရားပညာရပ်မှာ တစ္ဆေသရဲစွမ်းအားနှင့် အလားတူပြီး သူသည် လူအများကို လှည့်ဖြားရန် ရုပ်သေးရုပ်တစ်ရုပ်ကိုပင် ခွဲထုတ်နိုင်သေးသည်။
ရေခဲပုံဆောင်ခဲများကြောင့် ဒဏ်ရာရသွားသူမှာ ဒူချန်းကိုယ်တိုင် မဟုတ်ဘဲ သူ၏ ရုပ်သေး ရုပ်သာ ဖြစ်သည်။
သူ၏နတ်ဘုရားအနွယ်ဝင်လူသားစွမ်းအား အကွက်........
ကျူးမင်လန်က တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း သိလိုက်သည်။
သူ၏ မူလဇာတိမြို့တော်တွင် ဒူချန်းထက် ပိုမိုစွမ်းအားကြီးသော နတ်ဘုရားအနွယ်ဝင် လူသားများစွာ ရှိခဲ့သည်။ ထိုမှော်အရိပ်ဝတ်ရုံသာ မရှိပါက ဤဒူချန်းမှာ အမှိုက်တစ်စထက် မပိုပေ။
"ကံကြမ္မာသားတော်ရေ၊ မင်းမှာ ဒါပဲရှိတာလား"
ကျူးမင်လန်က ရယ်မောလိုက်ပြီး ဖြည်းဖြည်းချင်း လှည့်လိုက်၏။ သူ၏ အကြည့်တို့က အသံမထွက်ဘဲ ရွေ့လျားနေသည်ဟု ထင်မှတ်နေသော ဒူချန်းထံသို့ မလွဲမချော် တည့်မတ် စွာ ကျရောက်သွားသည်။
ဒူချန်းမှာ မှိန်ဖျော့ဖျော့ အလင်းရောင်ထဲတွင် အရိပ်တစ်ခုအလား တည်ရှိနေပြီး မမြင်နိုင်သ လောက်ပင်။ ကျူးမင်လန်က သူ့ကို မျက်နှာချင်းဆိုင်လာသောအခါ ဒူချန်းမှာ အံ့အားသင့် သွားရသည်။
သူ ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ…….။
ငွေနှင်းအရုဏ်ဦး နဂါးဖြူကို လှည့်ဖြားရန်အတွက် သူ၏ရုပ်သေးရုပ်ပေါ်တွင် ထွင်းထုထား သော ဒဏ်ရာများမှာပင် အစစ်အမှန် ဖြစ်ခဲ့သည် မဟုတ်ပါလော…..။
"နဂါးထိန်းငယ်လေး….၊ ငါ့ရဲ့ ဘုန်းတန်ခိုးအရှိန်ဝါကို ယှဉ်ပြိုင်ရဲရအောင် ဘယ်လောက် တောင် အတင့်ရဲလိုက်လဲ၊ သေလိုက်စမ်း" ဒူချန်းက စိတ်ထဲတွင် ဒေါသထွက်စွာ ကြုံးဝါး လိုက်သည်။
ကျူးမင်လန်သည် ငွေနှင်းအရုဏ်ဦး နဂါးဖြူနှင့် အနည်းငယ် အကွာအဝေးတွင် ရှိနေပြီး သူ့ကို ကာကွယ်ပေးမည့် အခြားအစွမ်းထက် နဂါးသားရဲများလည်း မရှိတော့ပေ။
အစောပိုင်းအဆင့်များတွင် နဂါးထိန်းတစ်ဦးသည် နတ်ဘုရားအနွယ်ဝင် လူသားတစ်ဦးနှင့် ယှဉ်ပြိုင်ရန် ခက်ခဲပြီး၊ အခွင့်အရေး အနည်းငယ် ရရှိသည်နှင့် နတ်ဘုရားအနွယ်ဝင် လူသား သည် နဂါးကိုကျော်ဖြတ်ကာ နဂါးထိန်းကို သတ်ဖြတ်ပြီးနောက် အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်သွားနိုင်ပေသည်။
သို့သော် အဆင့်ပိုမြင့်လာလေ နဂါးထိန်းတို့၏ စွမ်းအားမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာလေ ဖြစ်သည်။
အဆင့်တူ နတ်ဘုရားအနွယ်ဝင်လူသား အများအပြားပင် နဂါးထိန်းတစ်ဦးကို အနိုင်မယူ နိုင်ကြပေ။
နဂါးထိန်းတစ်ဦး၏ နဂါးသားရဲများမှာ များပြားလှပြီး တစ်ကောင်စီတိုင်းကလည်း အစွမ်း ထက်ကြသည်။
ထို့ကြောင့် နဂါးထိန်းတစ်ဦး၏ အဖွဲ့တွင် နတ်ဘုရားအနွယ်ဝင်လူသားများမှာ နောက်လိုက် များအဖြစ်သာ ရှိတတ်ကြသည်။
ကျူးမင်လန်သည် ထိုအဆင့်သို့ မရောက်သေးသည်မှာ ထင်ရှားသည်။ သူ၏ ငွေနှင်း အရုဏ်ဦးနဂါးဖြူမှာ အလွန်သန်မာပြီး ဤနေရာတွင် တစ်ကောင်ချင်း ရင်ဆိုင်နိုင်သူ မရှိ သော်လည်း၊ တစ်ခါတစ်ရံ ဖြတ်ကျော်တိုက်ခိုက်ခံလိုက်ရပါက သို့မဟုတ် ထိန်းချုပ်ခံလိုက် ရပါက ကျူးမင်လန်သည် အခြေအမြစ်မရှိသူ တစ်ဦးနှင့် ထူးမခြားတော့ပေ။
သူ သေသွားနိုင်သည်။
ဒူချန်းက ထိုအချက်ကို အသေအချာ ယုံကြည်နေသည်။
သူ့ကို တွေ့ရှိသွားသော်လည်း ငွေနှင်းအရုဏ်ဦး နဂါးဖြူသည် သူ့သခင်ကို အချိန်မီ ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
ဤမျှတိုတောင်းသော အကွာအဝေးတွင် ကျူးမင်လန်သည် နောက်ထပ် အစွမ်းထက် နဂါး တစ်ကောင်ကို ခေါ်ထုတ်ရန်လည်း အချိန်ရှိမည် မဟုတ်ပေ။
"သေစမ်း"
ဝတ်စုံလက်မောင်ငးအတွင်းမှ ထွက်ပေါ်လာသော ဓားသွားနှစ်ချောင်းကို ကိုင်ဆောင် လျက် ဒူချန်းက ရှေ့သို့ ပျံသန်းသွားသည်။ သရဲတစ္ဆေ အရိပ်များစွာကဲ့သို့ သူသည် လက်နှစ် ဖက်စလုံးရှိ ဓားများဖြင့် ကျူးမင်လန်၏ လည်ပင်းကို နောက်မှ ဖြတ်တောက်ရန် ကြိုးစား လိုက်သည်။
ဓားအရိပ်များမှာ လနတ်ဆိုး၏အစွယ်များအလားပင်။ ကျူးမင်လန်မှာ နောက်ဆုတ်ရန် လည်း မဖြစ်နိုင်သလို ရှောင်တိမ်းရန်လည်း မဖြစ်နိုင်တော့ပေ။
ကျူးမင်လန်လည်း ရှောင်တိမ်းရန် လုံးဝ စီစဉ်ထားခြင်း မရှိပေ။
သူသည် မုန်တိုင်းအရိပ်အမွှေးကို သူ့ခန္ဓာကိုယ်ပေါ်တွင် အသက်သွင်းကာ ဤဒူချန်းကို စမ်းသပ်ကြည့်လိုရုံသာ ဖြစ်သည်။
"ဓားသွားတွေရဲ့ ထက်မြက်မှုကို ယှဉ်ချင်တာလား၊ လည်ပင်းလှီးဖြတ်ရာမှာ ဘယ်သူ ပိုမြန်မလဲ ပြိုင်ချင်တာလား"
"ဝှီး ဝှီး ဝှီး ဝှီး ဝှီး ဝှီး…….."
အမွှေးတောင်ပံများ ပေါက်ကွဲထွက်လာပြီး ဓားသွားများမှာမူ ဒေါသတကြီး လည်ပတ်နေ သည်။ နဂါးသခင်အဆင့် သတ္တဝါတစ်ကောင်၏ ကြောက်မက်ဖွယ် အရှိန်အဝါက ကျူးမင်လန်ကို ရုတ်တရက် လွှမ်းခြုံသွားသည်။
လနတ်ဆိုး၏ အစွယ်များကဲ့သို့ ဖြတ်ကျော်သွားသော ဓားသွားနှစ်ချောင်းမှာ လေထဲတွင် ရုတ်ချည်း ရပ်တန့်သွား၏။ အရိပ်တစ်ခုနှယ် ရွေ့လျားလာသော ဒူချန်းမှာ ကျူးမင်လန်၏ ရှေ့တွင် ထူးဆန်းစွာ အေးခဲသွားပြီး ပြင်းထန်စွာ လည်ပတ်နေသည့် ငွေရောင်အမွှေး တောင်ပံ များစွာက သူ၏အသားနှင့် အရိုးများကို ဖောက်ထွက်သွားကြသည်။
သူ၏လည်ပင်းမှ ဖောက်ထွက်ပြီး ပျံထွက်သွားသည်။
သူ၏ ရင်ဘတ်မှ ဖောက်ထွက်ပြီး ပျံထွက်သွားသည်။
သူ၏ ကျောရိုးမှ ဖောက်ထွက်ပြီး ပျံထွက်သွားသည်။
ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ဤမုန်တိုင်းအရိပ်အမွှေးများသည် ဒူချန်း၏ ခန္ဓာကိုယ် ထဲသို့ မည်သည့်နေရာ၊ မည်သည့်ထောင့်မှ ထိုးဖောက်ဝင်သွားမှန်း မသိနိုင်အောင် ဖြစ်နေ ခြင်းပင်။
အမွှေးတောင်ပံရာပေါင်း၊ ထောင်ပေါင်းများစွာ ရှိနေပြီး ဒူချန်း၏ ခန္ဓာကိုယ်မှ သွေးမြူများ မှာ ဧရာမ ကြာပန်းနီကြီးပုံစံ ဖြစ်ပေါ်လာသည်အထိ ပန်းထွက်နေသော်လည်း မုန်တိုင်း အရိပ်အမွှေးများမှာမူ နှင်းကဲ့သို့ ဖြူစင်နေဆဲပင်။
၎င်းတို့သည် အသက်ကို ရက်စက်စွာ ရိတ်သိမ်းလိုက်ပြီး ကျူးမင်လန်၏ ပတ်လည်တွင် ခမ်းနားလှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော အမွှေးတောင်ပံများ၏ ဝဲဂယက်ကို ဖန်တီး လိုက်သည်။ အမွှေးတောင်ပံများသည် ဓားသွားများကဲ့သို့ ထက်မြက်သော်လည်း ကျူးမင်လန်၏ ဘေးသို့ ပြန်လည်ရောက်ရှိလာသည့်အခါတွင်မူ နူးညံ့ပေါ့ပါးသွားပြန်သည်။
နှင်းပွင့်များ ကြွေကျလာပြီး မုန်တိုင်းအရိပ်အမွှေးများမှာလည်း ညင်သာစွာ လွင့်မျောနေ သည်။ ကျူးမင်လန်သည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး သူ၏ ဝတ်ရုံရှည်မှာလည်း စွန်းထင်းခြင်း တစ်စုံတစ်ရာ မရှိချေ။
ဒူချန်း၏ ခန္ဓာကိုယ်မှာ အထောက်အပံ့မဲ့သွားသည့်နှယ် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ပြိုလဲကျသွားသည်။ ဤဖြစ်စဉ်အတွင်း သူ၏လက်များ ပြတ်ထွက်သွားသည်၊ ခြေထောက် များ ပြတ်ထွက်သွားပြီး တစ်ကိုယ်လုံးမှာ တိတိကျကျ အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသ ကဲ့သို့ ပြိုကွဲသွားခဲ့သည်။
သူ၏မျက်နှာမှာ မပျက်စီးသေးသော်လည်း အပိုင်းအစများမှတစ်ဆင့် သူ မသေဆုံးမီလေး တွင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အယောင်ကို မြင်တွေ့နိုင်သည်။
ကံကြမ္မာသားတော်၊ ဗိမာန်ဂိုဏ်းမှ ကံကြမ္မာသားတော်...
သူသည် ဝူထူနယ်မြေမှ လူဆိုးတစ်ယောက်၊ အမည်မသိ လူတစ်ယောက်၏ လက်ချက်ဖြင့် မည်သို့ ဤမျှ လွယ်ကူစွာဖြင့် သေဆုံးသွားရသနည်း…..။
သူသည် နောင်တစ်ချိန်တွင် ဤမြေပြင်၏ အရှင်သခင် ဖြစ်လာရမည်၊ ဗိမာန်ဂိုဏ်းသည် သူ၏လက်ထဲတွင် ရှိရမည်၊ ဤမြို့ကြီးမြို့ငယ်အားလုံးသည် သူ၏ ရှေ့မှောက်တွင် ဒူးထောက်ရလိမ့်မည်ဟု ကြွေးကြော်ခဲ့ဖူးသူ မဟုတ်လော….။
"တွင်းထဲက ဖားတစ်ကောင်ပဲ" ကျူးမင်လန်က အေးစက်စွာ ရယ်မောလိုက်သည်။
သူ ပြောခဲ့သည့်အတိုင်း နွေရာသီ ရောက်လာသောအခါ...
မည်သူမျှ သူ့ကို လာပြီး အကဲမစမ်းသင့်ပေ……
မည်သည့် ဗိမာန်ဂိုဏ်းပင် ဖြစ်ပါစေ၊ အဖြူလေး သူ၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိ သွားသည့်အခါ ကျူးမင်လန်သည် သူတို့ကို အမှုန့်ချေပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
မြေပြင်ပေါ်တွင် ဒူချန်းသည် တစ်စုံတစ်ရာ မထိခိုက်သကဲ့သို့ ရှိနေပြီး သွေးများသာ အဆက်မပြတ် စီးကျနေ၏။ သို့သော်လည်း သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမျှ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု မရှိတော့ပေ။
ကျူးမင်လန်က သူ့ကို ငုံ့ကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး မီးခိုးငွေ့ကဲ့သို့ လွင့်သွားသည်ကို မြင်လိုက်ရ၏။
ကျူးမင်လန်သည် ထိုအရာကို ဒူချန်း၏ဝိညာဉ်ဟု ထင်မှတ်ခဲ့သည်။ နတ်ဘုရားအနွယ်ဝင် လူသားတစ်ဦးအနေဖြင့် သူ၏ဝိညာဉ်ကို ဝိညာဉ်စွမ်းအနှစ်ပုလဲသန့်စင်ခြင်း နည်လမ်းဖြင့် စုဆောင်းနိုင်သည်။ ဒူချန်း၏ ဝိညာဉ်ပုလဲသည်လည်း ထူးခြားလိမ့်မည်ဟု တွေးထင်ခဲ့ သော်လည်း ထိုမီးခိုးငွေ့အရိပ်မှာ သူ၏ဝိညာဉ် မဟုတ်ကြောင်း ကျူးမင်လန် အချိန်တို အတွင်း၌ပင် သိလိုက်ရသည်။
"သံချပ်ကာလား……"
ကျူးမင်လန်သည် ဤလုပ်ငန်းခွင်၌ ကျင်လည်နေသူတစ်ဦးဖြစ်ရာ ထိုကဲ့သို့သော ပစ္စည်း မျိုးကို မည်သို့ မသိဘဲ ရှိပါမည်နည်း။
သို့ဆိုလျှင် ဒူချန်းသည် အနက်ရောင် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့်ပင် သူ၏လှုပ်ရှားမှုများမှာ ယခင်က ထူးဆန်းနေခဲ့ပြီး အဖြူလေးကဲ့သို့ နဂါး သခင်အဆင့်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် သတ္တဝါတစ်ကောင်ပင် သူ့ကို ဖမ်းမိရန် အားထုတ်ခဲ့ရခြင်း ဖြစ်ပေသည်။
"ဒီပစ္စည်း ပစ္စည်းအမျိုးအစားက တော်တော်လေး ရှားပါးသားပဲ။ လက်ရာကတော့ နည်းနည်း အကြမ်းထည်ဆန်ပေမယ့် ပြုပြင်မွမ်းမံလို့ ရသေးတယ်။ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ သခင်လေး ဒူချန်း" ကျူးမင်လန်က ဒူချန်း၏ ထွက်ခွာသွားသော ဝိညာဉ်ကို ဦးညွှတ်လိုက်သည်။
ဤမှော်အရိပ်ဝတ်ရုံမှာ ဒူချန်း၏ ဆွေးမြည့်နေသော ဝိညာဉ်ထက် များစွာ တန်ဖိုးရှိပေ သည်။
ဝိညာဉ်စွမ်းအနှစ် ပုလဲသန့်စင်ခြင်းနည်းလမ်းသည် မှော်အရိပ်ဝတ်ရုံနှင့် ဒူချန်းကြားရှိ ဝိညာဉ်ပဋိညာဉ်ကို ပျက်စီးစေနိုင်သည်ဟု တွေးမိသောအခါ ကျူးမင်လန်သည် ထိုလူ၏ ပုပ်သိုးနေသော ဝိညာဉ်ကို စွန့်ပယ်လိုက်ရန် ဆုံးဖြတ်လိုက်ပြီး မှော်အရိပ်ဝတ်ရုံ၏ အားနည်းလှသော ဝိညာဉ်ချိတ်ဆက်မှုကို ဖြတ်တောက်ကာ အိတ်ထဲသို့ တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။
"သခင်….."
"စတုတ္ထသခင်……."
ရက်စက်ကြမ်းကြုတ်သူ သူရဲကောင်းလေးဦးထဲမှ အမျိုးသမီးမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ဗိမာန်ဂိုဏ်းတွင် သခင်များစွာ ရှိသော်လည်း တစ်ဦးစီတိုင်းက ဗိမာန်ဂိုဏ်းအတွက် အဖိုး တန်လှသည်။ ယခုမူ ဤလျှို့ဝှက်ကြံစည်မှုအတွင်း တစ်ဦးမှာ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ရာ သူတို့အနေဖြင့် မည်သို့ ရှင်းပြကြမည်နည်း…..။
"ခင်ဗျားတို့ သူ့ကို ဒီလောက် ဂရုစိုက်နေရင် သူ့နောက်ကို လိုက်သွားပြီး ငရဲတံခါးဝကို အတူတူ ဖြတ်သန်းကြပါလား" ထိုအခိုက်တွင် အမျိုးသမီး၏ အနီးအနားမှ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
အမျိုးသမီးမှာ ကြောက်လန့်ပြီး မျက်နှာပျက်သွားသည်။ ဤလက်သီးသခင်မှာ မည်သည့် အချိန်ကတည်းက သူမအနီးသို့ ရောက်ရှိနေခဲ့ပါသနည်း….။