← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) ကောင်းမွန်စွာ ပြုစုပျိုးထောင်ထားသော နဂါး။

"ညီငယ်လေး၊ မင်းက ဝိညာဉ်စွမ်းအနှစ် ပုလဲသန့်စင်ခြင်း နည်းလမ်းမှာ တော်တော်လေး ကျွမ်းကျင်တာပဲ" ကျန့်အန်းက မှတ်ချက်ပြုလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် အဲဒီအရာကို အဓိကထားပြီး လေ့လာတာပါ" ကျူးမင်လန်က ခေါင်းညိတ်လိုက်သည်။

နဂါးထိန်းများတွင် စွမ်းရည်များစွာ ရှိကြပြီး၊ အများစုမှာ နဂါးပြုစုပျိုးထောင်ခြင်းနှင့် ပတ်သက်နေသည်။ ဝိညာဉ်စွမ်းအနှစ် ပုလဲသန့်စင်ခြင်း ဆိုသည်မှာလည်း နဂါးသားရဲ တစ်ကောင်၏ ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ပေးနိုင်သည့် ကောင်းမွန်သော နည်းလမ်း တစ်ခု ဖြစ်သည်။

သွေးမျိုးဆက်နှင့် ဒြပ်စင်စွမ်းရည်တို့ ကိုက်ညီသည့် သတ္တဝါတစ်ကောင်ကို ရှာဖွေပြီး သတ်ဖြတ်ကာ ဝိညာဉ်ပုလဲကို ရယူခြင်းဖြင့် မိမိ၏နဂါးကို သန်မာလာစေနိုင်သည်။

အကယ်၍ နှစ်ပေါင်းများစွာ ကျင့်ကြံထားသော အရည်အသွေးမြင့် ဝိညာဉ်ပုလဲများကို ရရှိ ပါက ဈေးကွက်တွင် အဖိုးအခကြီးစွာဖြင့် ရောင်းချနိုင်သည်။

ထို့အပြင် နဂါးထိန်းများတွင် ဝိညာဉ်အာရုံခံနိုင်စွမ်း ရှိကြရာ၊ အခြားသူများ ရှာဖွေရန် ခက်ခဲ သည့် လွင်ပြင်တောနက်ကြီးများထဲမှ ရတနာများကိုလည်း ရှာဖွေနိုင်ကြသည်။

အချို့သော နဂါးထိန်းများမှာ တစ်နှစ်ပတ်လုံး အပြင်လောကတွင် လှည့်လည်သွားလာပြီး ဤပစ္စည်းများကို ရှာဖွေလေ့ရှိကြသည်။ တောင်တန်းများကို ကျော်ဖြတ်ရန် အချိန်များစွာ ပေးရသည်ဖြစ်စေ၊ တစ်ခုခုကို တူးဖော်တွေ့ရှိရုံဖြင့် သူတို့၏ နယ်ပယ်ကို အဆင့်မြှင့်တင် နိုင်ပေသည်။

"လူတွေက နဂါးထိန်းတွေကို ရွှေငွေတွေ အလဟဿ ဖြုန်းတီးနေသူလို့ ပြောကြတယ်၊ ငါတို့ နတ်ဘုရားအနွယ်ဝင် လူသားတွေမှာတော့ ရွှေကိုတောင် မမြင်ဖူးလောက်အောင် ဆင်းရဲလွန်းပါတယ်၊ ဟူး..." ကျန့်အန်းက သက်ပြင်းချလိုက်သည်။

"ဒါကြောင့် ဦးလေးလဲ နွားကျောင်းသား ဖြစ်သွားရတာလား" ကျူးမင်လန်က ပြုံးလျက် မေးလိုက်သည်။

"ရွေးချယ်စရာ မရှိလို့ပါကွာ၊ ငါငယ်ငယ်က အာဏာရှိတဲ့သူတွေကို သွားစော်ကားမိလို့ လေ" ကျန့်အန်းက ခေါင်းခါရင်း ခါးသီးစွာ ပြုံးလိုက်သည်။

မူလက ကျန့်အန်းသည် နေရာသစ်တစ်ခုရှာဖွေပြီး နွားကျောင်းဆက်လုပ်ရန် ကြံစည်ထား သော်လည်း ကြာပန်းနီမြို့ကို ဖြတ်သွားစဉ် သူ တစ်ခါမျှ မတွေ့ဖူးသည့် ပန်းချီဆရာ တစ်ဦး က သူ့ကို တားဆီးခဲ့သည်။

ထိုပန်းချီဆရာက သူ့ကို ဤခြံဝင်းကို စောင့်ရှောက်ပေးရန် တာဝန်ပေးအပ်ခဲ့ပြီး၊ အပြန် အလှန်အားဖြင့် သူ့၏အတိတ်က အညှိုးအတေးများကို ပယ်ဖျက်ပေးမည်ဟု ကတိပေးခဲ့ သည်။ လီရှောင်ရင်မှာ လီချွမ်းနဂါးထိန်းအကယ်ဒမီတွင် ရှိနေသေးသည်ကို သတိရကာ သူ၏အတိတ်ကြောင့် ထိခိုက်နစ်နာမည်ကို မလိုလားသဖြင့် ကျန့်အန်းက ထိုပန်းချီဆရာ၏ တောင်းဆိုချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကျူးမင်လန်ကဲ့သို့သော နဂါးထိန်း ကျွမ်းကျင်သူတစ်ဦး ဤခြံဝင်းထဲတွင် ရှိနေမည်ဟု သိပါက သူ ဤမျှ စိုးရိမ်နေမည် မဟုတ်ပေ။

ပြောရလျှင် ယနေ့ခေတ် လူငယ်များမှာ တကယ်ကို ထူးချွန်လွန်းသည်။

အလွန်အမင်း သန်မာရုံသာမက ရုပ်ရည်မှာလည်း ပြေပြစ်နေသဖြင့် ယခင်က နာမည် ကျော် လက်သီးသခင် ကျန့်အန်းပင် ငေးမောရသည်။

"ဦးလေး၊ ဗိမာန်ဂိုဏ်းမှာ တခြား ကျွမ်းကျင်သူတွေ ရှိသေးလား" ကျူးမင်လန်က စူးစမ်း လိုက်သည်။

"မင်း ဘာမှမသိဘဲ သူတို့ရဲ့သခင်ကို သတ်ရဲတာလား" ကျန့်အန်းက အံ့အားသင့်စွာ မေးသည်။

"ကျွန်တော့်ဇနီးရဲ့ ရန်သူကလဲ ကျွန်တော့်ရန်သူပဲပေါ့" ကျူးမင်လန်က ကြုံးဝါးလိုက် သည်။

"ဗိမာန်ဂိုဏ်းမှာ 'သူရဲကောင်းလေးဦး'၊ 'အကြီးအကဲသုံးဦး'၊ ' အဓိပတိနှစ်ပါး' နဲ့ ဘုရင် တစ်ပါး' ရှိတယ်။ မင်း ခုနက မြင်ခဲ့တဲ့အတိုင်းပဲ သူရဲကောင်းလေးဦးထဲက အစွမ်းအထက် ဆုံးပုဂ္ဂိုလ်မှာ နဂါးသခင်အဆင့်ရှိတဲ့ မိုးပြာရောင်လျှပ်စီးနဂါး ရှိတယ်။ အဲဒီနဂါးက အဆင့်နိမ့် နဂါးသခင်အဆင့်မှာ ရှိပေမယ့် သူ့စွမ်းအားကို လျှော့တွက်လို့ မရဘူး။"

"အကြီးအကဲသုံးဦး…….၊ တစ်ဦးချင်းစီက သခင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ကြပြီး အနည်း ဆုံး အဆင့်နိမ့် အရှင်အဆင့်တွေပဲ။" (နဂါးအဆင့်တွေနဲ့ ဆင်တူပြီး မှတ်ရလွယ်အောင် သခင်အဆင့်, အရှင်အဆင့်ဟု ပြန်ဆိုပါမည်။)

"အဓိပတိနှစ်ပါးကတော့ အဆင့်မြင့် အရှင်အဆင့်တွေ ဖြစ်ကြတယ်။ တကယ်လို့ သူတို့ အဲဒီအဆင့်ကို မရောက်သေးရင်တောင် မှော်လက်နက် ဒါမှမဟုတ် နဂါးသံချပ်ကာမျိုးတွေ ရှိနေနိုင်ပြီး အဆင့်မြင့် အရှင်အဆင့်တွေကို ယှဉ်ပြိုင်နိုင်ကြလိမ့်မယ်။"

"နောက်ပြီး ဘုရင်တစ်ပါးလည်း ရှိသေးတယ်၊ သူရဲ့စွမ်းအားက ဘယ်လောက်ရှိမလဲဆိုတာ မင်း နားလည်လောက်ပါတယ်နော်" ကျန့်အန်းက ဆိုသည်။

ဗိမာန်ဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ်များမှာ ဆယ်စုနှစ်တစ်ခုနီးပါး မပြောင်းလဲခဲ့ကြပေ။ ဗိမာန်ဂိုဏ်းအတွင်း အစွမ်းထက်သော ပုဂ္ဂိုလ်သစ်များ မည်မျှထွက်ပေါ်လာသည် ဖြစ်စေ ကာမူ၊ သူတို့သည် ယခုဖော်ပြပါ ပုဂ္ဂိုလ်အနည်းငယ်၏ ဂုဏ်ဒြပ်နှင့် အာဏာစက်ကို လှုပ်ခါနိုင်ခြင်း မရှိခဲ့ကြပေ။

သူရဲကောင်းလေးဦးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဘိုးဘေးနဂါး မြို့တော်တွင် အကြီးအကဲတစ်ဦး ရှိနေသေးကြောင်း ကျန့်အန်း မှတ်မိနေသည်။

ထိုဗိမာန်ဂိုဏ်း၏ အကြီးအကဲမှာ အသက်ရှင်လျက် ရှိ၊ မရှိကို ကျန့်အန်း မသိသော်လည်း၊ သူတို့အနေနှင့် ထိုလူကို ရှင်းလင်းနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။ သေရေးရှင်ရေး တိုက်ပွဲကို စတင်လိုက်ပြီဖြစ်ရာ တစ်ဦးကို ဖယ်ရှားလိုက်ခြင်းက ဗိမာန်ဂိုဏ်း၏ အင်အား ကို လျော့ကျသွားစေမည် ဖြစ်သည်။

"ဗိမာန်ဂိုဏ်းရဲ့သခင်က ဘုရင်အဆင့်မှာ ရှိနေတာဆိုတော့ ကျွန်တော် ဇနီးကို ခေါ်ပြီး ထွက်ပြေးရတော့မှာလား" ကျူးမင်လန်က နောက်ပြောင်လိုက်သည်။

"မင်းက ဘိုးဘေးနဂါး မြို့တော်ရဲ့ အခြေခံအင်အားကို အထင်သေးနေတာပဲ။ စိတ်ချပါ၊ မင်းရဲ့ဇနီးက သူရဲကောင်းလေးဦးကို ဖျက်ဆီးပြီး အိမ်တော်သန့်ရှင်းရေး လုပ်ရဲတယ်ဆိုရင် ဗိမာန်ဂိုဏ်းရဲ့ ဘုရင်အဆင့်ကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအား သူမမှာ ရှိနေလို့ပဲ။ မင်းအနေနဲ့ ဗိမာန်ဂိုဏ်းရဲ့ အကြီးအကဲသုံးဦးနဲ့ အဓိပတိနှစ်ပါးကိုပဲ သတိထားပါ" ကျန့်အန်းက အကြံပေးသည်။

"ဒါဆိုရင်လည်း ကောင်းတာပေါ့" ကျူးမင်လန်က ခေါင်းညိတ်လိုက်သည်။

အပြင်ပန်းမှာတော့ ဒီလိုပဲ ပြောရမည် ဖြစ်သည်။

သို့သော် ကျူးမင်လန်မှာမူ သူ၏ဇနီးနှင့်အတူ ကမ္ဘာအနှံ့ လည်ပတ်ရန် စိတ်အားထက်သန် နေသည်။ ဘိုးဘေးနဂါး မြို့တော်မှာ ရွှံ့ဗွက်ထဲကလို ပြဿနာများစွာနှင့် ရှုပ်ထွေးနေသည်။ ဒီမြို့တော် ဘယ်သူပဲ ထိန်းချုပ်လိုပါစေ၊ ထိန်းချုပ်ပါစေတော့။

လေပြေများ ငြိမ်သက်သွားပြီး လှိုင်းများမှာလည်း ငြိမ်ကျသွားသည်။

ယနေ့သည် ဘိုးဘေးနဂါး မြို့တော်အတွက် သွေးချောင်းစီးရမည့် နေ့ဖြစ်ရမည်။ ရုန်းရင်း ဆန်ခတ်မှု များလေလေ၊ အပြစ်မဲ့သူများ ထိခိုက်လေ ဖြစ်သည်။

သို့သော်လည်း လမ်းမများပေါ်တွင် လူအများ ပြည့်ကျပ်နေဆဲဖြစ်ပြီး၊ မည်းမှောင်နေသော ကောင်းကင်မှာလည်း ပြန်လည် ကြည်လင်လာသည်ကို လူတို့ သတိပြုမိကြသည်။ လီအင်ပါယာနန်းတော်နှင့် နန်အိမ်တော်မှ အဖြစ်ပျက်များကိုမူ သူတို့ မသိကြပေ။

စစ်သည်တော်များမှာ မြို့တော်၏ တံတိုင်းများတွင် ကင်းလှည့်နေကြပြီး အရာရှိများမှာ လမ်းများကို စစ်ဆေးနေကြသည်။

အရာအားလုံးမှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ သို့သော် ဘိုးဘေးနဂါးနတ်ကွန်း တွင်မူ တရားမျှတမှုအတွက် ဟစ်အော်နေသူ အချို့၊ နတ်ဘုရားတို့၏ တရားစီရင်မှုကို စောင့်ဆိုင်းနေသူ အချို့မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီး၊ တစ်စုံတစ်ယောက်က နတ်ဆိုးကြယ်ဖြစ်သည်ဆိုသော ကောလာဟလများမှာလည်း ရုတ်တရက် ရပ်တန့်သွား သည်။

အနားယူပြီးနောက် ကျူးမင်လန်သည် ငွေရောင်ခြံဝင်းဆီသို့ လမ်းလျှောက်သွားသည်။

မိုးပြာရောင် နန်မုသစ်ပင်များမှာ လှပပြီး အရောင်အသွေး စုံလင်နေဆဲ ဖြစ်သော်လည်း၊ တစ်ခုခုကြောင့် အချို့သော အပင်များမှာ အသက်ဓာတ် ကင်းမဲ့နေသယောင် ရှိနေသည်။ အထူးသဖြင့် ဥယျာဉ်၏ ဘယ်ဘက်ခြမ်းရှိ အပင်များတွင် ပို၍ သိသာနေသည်။

အိမ်သို့ ရောက်သောအခါ ကျူးမင်လန်သည် လီယွင်ဇီနှင့် မျက်လုံးချင်း ဆုံမိသွားသည်။

သူမ၏ မျက်ဝန်းများမှာ ဆောင်းဦးရေကန်ကဲ့သို့ နက်ရှိုင်းပြီး ကြည့်မိသူတိုင်းကို မသိလိုက် ဘဲ မူးဝေသွားစေသည်။

သူ၏လက်ကျန်ဘဝကို ထိုမျက်ဝန်းပိုင်ရှင်နှင့်အတူ ကုန်ဆုံးနိုင်မည်ဆိုလျှင် ကျူးမင်လန် လုံးဝ ငြင်းဆိုမည်မဟုတ်ပေ။

"ငါ အတော်လေး ကြာကြာ စဉ်းစားနေမိတဲ့ အကြောင်းအရာ တစ်ခုရှိတယ်..." လီယွင်ဇီက စတင်ပြောသည်။

ကျူးမင်လန်က သူမဘေးတွင် ထိုင်လိုက်ပြီး လက်ဖက်ရည် တစ်ငုံသောက်ကာ နားထောင် ရန် အသင့်ပြင်လိုက်သည်။

"ဝူထူနယ်မြေဟာ အတိအကျဆိုရင် ဘယ်နေရာကနေ ရောက်လာတာလဲ" လီယွင်ဇီက မေးသည်။

"အဲဒါက..."

"မင်း ဝူထူမှာ ဘယ်နှစ်နှစ်လောက် နေခဲ့တာလဲ" သူမက ဆက်မေးသည်။

"နှစ်တော်တော်ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော် အဲဒီမှာရှိစဉ်က ဝူထူနယ်မြေဟာ လေဟာ နယ်ပင်လယ်နဲ့ ဝန်းရံထားပြီး ဖြည်းဖြည်းချင်း လွင့်မျောနေတဲ့ ကျွန်းတိုက်ကြီးတစ်ခုလိုပါ ပဲ။ ဘိုးဘေးနဂါးမြို့တော်ရဲ့ တုံးရွှီတောင်တန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်လာတာ မကြာသေး ဘူး" ကျူးမင်လန်က ရှင်းပြသည်။

“ဘိုးဘေးနဂါး မြို့တော်ရဲ့ အရှေ့စွန်းပိုင်းကို ငါငယ်ငယ်က တစ်ခါသွားခဲ့ဖူးတယ်။ အဲဒီနေရာက အရင်တုန်းက ပင်လယ်ပြင်ဖြစ်ခဲ့တယ်ဆိုတာကို အခုထိ မှတ်မိနေတုန်းပဲ။ ဒါပေမဲ့ တစ်နှစ်မှာတော့ ဝူထူနယ်မြေက ရုတ်တရက် ပေါ်ပေါက်လာခဲ့တယ်။ ငါ ပထမဆုံး အကြိမ် ဝူထူနယ်မြေထဲကို ခြေချလိုက်တော့ နောက်ကျကျန်ခဲ့တဲ့ တောရိုင်းဆန်မှုနဲ့ လူရိုင်းဆန်တဲ့ မြင်ကွင်းတွေကိုပဲ မြင်ခဲ့ရတယ်...” လီယွင်ဇီက သူမ၏ ဇာတ်ကြောင်းကို ဆက်ပြောသည်။

လီယွင်ဇီက ခေါင်းကို ခါယမ်းလိုက်ရင်း သူမကိုယ်တိုင်ပင် အဘယ်ကြောင့် ဤအကြောင်း များကို ကျူးမင်လန်အား ပြောပြနေမိသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်ရသည်။

သူမ၏ရင်ထဲတွင် မြှုပ်ကွယ်ထားသော ပဟေဠိများစွာ ရှိနေပြီး၊ အချို့မှာ ဘယ်တော့မှ အဖြေထွက်လာတော့မည် မဟုတ်သော်လည်း၊ အချို့မှာမူ တဖြည်းဖြည်းချင်း အဖြေပေါ် လာနေသည့်အလား ရှိနေသည်။

ကျူးမင်လန်ဆိုသည်မှာ လီယွင်ဇီအတွက် ထိုကဲ့သို့သော ပဟေဠိတစ်ခုပင် ဖြစ်နေသည်။

သူတို့နှစ်ဦး အကျဉ်းထောင်ထဲမှ အတူတူ လွတ်မြောက်လာခဲ့သည့် အချိန်ကစ၍ လီယွင်ဇီ တစ်ယောက် ကျူးမင်လန်ကို မြူခိုးတွေလို လျှို့ဝှက်နက်နဲနေသူတစ်ဦးဟု ခံစားနေရ သည်။

ယခုအချိန်တွင် သူသည်လည်း အကြောင်းရင်းမဲ့စွာ ရုတ်တရက် ပေါ်ပေါက်လာသည့် ဝူထူ နယ်မြေကဲ့သို့ပင် အမည်မသိ အရာများဖြင့် ပြည့်နှက်နေသူ ဖြစ်သည်။

"ဒီလောကကြီးအကြောင်း ငါ လေ့လာစရာတွေ အများကြီး ကျန်နေသေးတာလား"

ဤကမ္ဘာလောကကြီးတွင် ဤသို့သော ထူးဆန်းသည့် အပြောင်းအလဲများမှာ အမှန် တကယ်ပင် ရှိနေခဲ့သည်။

တစ်နှစ်ပင် မပြည့်သေးသည့် အချိန်ကာလအတွင်းမှာပင် စွမ်းအားမရှိသည့် သာမန်လူ တစ်ဦးမှ သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သည်ဆိုသည်မှာ တကယ် ရော ဖြစ်နိုင်ပါ့မလား…….။

"ဒီလောကကြီးက ငါ ထင်ထားတာထက် ပိုပြီး လျှို့ဝှက်နက်နဲနေတယ် မဟုတ်လား" လီယွင်ဇီက မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်" ကျူးမင်လန်က ခေါင်းညိတ်လိုက်သည်။

"မင်းရော အရင်ကတည်းက နဂါးထိန်းတစ်ယောက်ပဲလား" လီယွင်ဇီက ဆက်၍ မေးလိုက် သည်။

စတင်ချိန်ကတည်းကပင် ကျူးမင်လန်သည် နဂါးထိန်းတို့၏ အကြောင်းကို အချို့အရာများ သိရှိထားခဲ့ပြီး ဖြစ်ရာ၊ အထူးသဖြင့် လော့ရှောင်၏ မေးခွန်းများကို ရင်ဆိုင်ရသည့်အခါတွင် ယုံကြည်မှုရှိရှိ ပြန်လည်ဖြေဆိုနိုင်ခဲ့သည်။

ထိုအချိန်က လီယွင်ဇီသည် ကျူးမင်လန်မှာ အတိတ်က နဂါးတစ်ကောင် ပိုင်ဆိုင်ခဲ့ဖူးပြီး ယခုအခါ အခြေအနေ ပျက်ယွင်းနေသည့် နဂါးထိန်းတစ်ဦးသာ ဖြစ်ရမည်ဟု တွေးထင်ခဲ့ဖူး သည်။

"မဟုတ်ပါဘူး" ကျူးမင်လန်က ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်သည်။

"ဒါဆို... နတ်ဘုရားနွယ်ဝင် လူသားလား……."

"ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် အဲဒါကို ဆုံးရှုံးလိုက်ရပြီ"

"မင်းက မင်းရဲ့နဂါးလေးကို အတော်လေး ကောင်းကောင်း ပြုစုပျိုးထောင်နေတာပဲ" လီယွင်ဇီက အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောသည်။

ကျူးမင်လန်မှာ ခဏတာ အံ့အားသင့်သွားပြီးနောက် သူလည်း ပြုံးလိုက်သည်။

တကယ်ပါပဲ၊ အတိတ်က ဖြစ်ခဲ့ဖူးသည့် အရာတွေအပေါ်မှာ ဘာကြောင့်များ အတင်း အကျပ် ဖက်တွယ်နေရဦးမှာလဲ…..။

နဂါးမွေးမြူခြင်းက ယခုလက်ရှိ ကျွန်တော့်ရဲ့ အနည်းငယ် ပျင်းရိတတ်တဲ့ သဘာဝနဲ့ ကိုက်ညီတယ်။ တိုက်ခိုက်ဖို့ သတ်ဖြတ်ဖို့အတွက် ကျွန်တော် လက်တစ်ချောင်းတောင် လှုပ်စရာ မလိုတော့ဘူး…..။

ကြောက်စရာကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါမှာတောင် ကျွန်တော်က ယပ်တောင် တစ်ချောင်းကို ကိုင်ပြီး အေးအေးလူလူ နေနိုင်တယ်။ ဒါမှမဟုတ် ပိုဝေးတဲ့တနေရာမှာ ရပ်ပြီး အစေ့အဆန်တွေ စားလိုက်၊ လက်သည်းညှပ်လိုက်နဲ့လဲ နေနိုင်သေးတယ်။

"မင်းဒဏ်ရာက ဘယ်တော့လောက် သက်သာမလဲ" လီယွင်ဇီ၏ မျက်နှာတွင် သွေးရောင် မရှိသေးသည်ကို မြင်သောအခါ ကျူးမင်လန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"တစ်ဝက်လောက်ပဲ ကြာပါလိမ့်မယ်" လီယွင်ဇီက ပြန်ဖြေသည်။

"ကောင်းတာပေါ့၊ ဒါဆိုရင် ငါ မင်းအနားမှာ နောက်ထပ် အချိန်အနည်းငယ်လောက် အဖော်ပြုပေးလို့ရပြီပေါ့" ကျူးမင်လန်က ပြောသည်။ (မင်း ငါပဲ သုံးနှုန်းပါတော့မည်။ အခုက သူတို့နှစ်ဦး အတော်လေး ရင်းနှီးနေပြီဖြစ်သည့်အတွက် ကျွန်တော်လို့ မသုံးတော့ ပါဘူး)။

သူမ ဒဏ်ရာသက်သာသွားလျှင် သူ ချစ်ရသူမှာ နယ်မြေဒေသများကို သိမ်းပိုက်ရန်အတွက် ထွက်ခွာသွားပေလိမ့်မည်။ ထိုအခါ သူမကို တွေ့မြင်ရတော့မည်မဟုတ်၊ ထို့ကြောင့်လည်း သူ စိုးရိမ်နေမိခြင်း ဖြစ်သည်။

အရာရာတိုင်း အမြန်ဆုံး ငြိမ်းချမ်းသွားဖို့ကိုသာ ဆုတောင်းမိသည်။ မဟုတ်ပါက သူတို့တွင် အချစ်ရေးအတွက်တောင် အချိန်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

တစ်ယောက်တည်း ကြာရှည်စွာ လှည့်လည်သွားလာခဲ့ပြီးနောက် ရုတ်တရက် ဂရုစိုက် ပေးရမည့် လူတစ်ဦး ရှိလာခြင်းက ပိုမိုနီးကပ်စေချင်သည့် ဆန္ဒကို ဖြစ်ပေါ်စေသည်။ အနည်းဆုံးတော့ အခုထက် ပိုနီးကပ်ချင်မိသည်။

သို့သော်လည်း ကျူးမင်လန်မှာ အတွေ့အကြုံနုနယ်သူ တစ်ဦးမဟုတ်ပေ။ ဗိမာန်ဂိုဏ်း ရှုံးနိမ့်သွားရုံမျှဖြင့် လီယွင်ဇီ၏ စိုးရိမ်ပူပန်မှုများ ကင်းစင်သွားမည် မဟုတ်ကြောင်း သူ သိနေသည်။

စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

ဗိမာန်ဂိုဏ်း၏ သခင်သည် ဘုရင်အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မြို့တော် အကြီးအငယ် အသီးသီးကို ခြုံငုံကြည့်လိုက်လျှင် သူနှင့် ယှဉ်ပြိုင်နိုင်မည့်သူ မည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

လီယွင်ဇီနှင့် နန်လင်းရှာတို့တွင် ဗိမာန်ဂိုဏ်း၏ သခင်ကို ရင်ဆိုင်မည့် နည်းလမ်းများ ရှိသော်လည်း ကျူးမင်လန်မှာမူ လုံးဝ စိတ်အေးလက်အေး မဖြစ်နိုင်သေးပေ။

ဗိမာန်ဂိုဏ်းကသာ ဘိုးဘေးနဂါး မြို့တော်နှင့် သေရေးရှင်ရေး တိုက်ပွဲဆင်နွှဲပြီး တစ်စုံ တစ်ရာ မမျှော်လင့်ထားသည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက ကျူးမင်လန်အနေဖြင့် လက်ခံနိုင်မည် မဟုတ်ပေ။

"အဖြူလေးသာ ပြီးပြည့်စုံသောအဆင့်ကို ရောက်သွားရင် နဂါးဘုရင်အဆင့်နဲ့ တန်းတူ စွမ်းအားမျိုး ပိုင်ဆိုင်လာမှာပဲ။"

"သွားမည်းကြီးနဲ့ ဝါးစိမ်းလေးတို့လည်း နောက်ကျကျန်ခဲ့မှာ မဟုတ်ဘူး။"

"မိုးပြာရောင် လျှပ်စီးနဂါးရဲ့ ဝိညာဉ်ပုလဲက သွားမည်းကြီးကို နဂါးစစ်သူကြီးအဆင့်ဆီ ချက်ချင်းရောက်အောင် ပို့ဆောင်ပေးနိုင်မှာ အသေအချာပဲ။ အချိန်တိုအတွင်းမှာပဲ အဆင့်မြင့်အဆင့် ဒါမှမဟုတ် အထွတ်အထိပ်အဆင့်ကို ရောက်သွားနိုင်တယ်။"

နဂါးသခင်အဆင့် နဂါးပုလဲသည် သွားမည်းကြီးကို သူ၏ ပြီးပြည့်စုံသောအဆင့်သို့ တိုးတက်စေရုံသာမက၊ အချိန်ကြာလာသည်နှင့်အမျှ ထိုနဂါးပုလဲကို စုပ်ယူပြီး နဂါး စစ်သူကြီးအဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်လာစေနိုင်သည်။

“တကယ်လို့ သူ့ရဲ့ ငွေပြာရောင် ရိုင်းစိုင်းနဂါးသံချပ်ကာကိုပါ ထပ်မံ မြှင့်တင်ပေးနိုင်မယ် ဆိုရင် နဂါးသခင်တစ်ပါးကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေး ရှိလာနိုင်တယ်။"

ဝါးစိမ်းလေးမှာလည်း ထူးချွန်သည်။ အရွယ်ရောက်အဆင့်သို့ ရောက်ရှိလျှင် သူ၏ စွမ်းအား မှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူနီးပါး အစွမ်းထက်လာလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သူ သည် နဂါးငယ်အဆင့်မှာပင် နဂါးစစ်သူကြီးအဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသည့် သူတော် စင် နဂါးပေါက်စ ဖြစ်သောကြောင့်ပင်။

'နဂါးငယ်အဆင့်' တွင် အဆင့်လေးဆင့် ရှိသည်။

'နဂါးငယ်အဆင့်'၊ 'ကြီးထွားမှုအဆင့်'၊ 'အရွယ်ရောက်အဆင့်'၊ 'ပြီးပြည့်စုံသောအဆင့်' ။

ဝိညာဉ်သတ္တဝါများနှင့် နဂါးများအတွက် အဆင့်တစ်ခု မြင့်တက်မှုတိုင်းသည် ၎င်းတို့၏ ပင်ကိုယ်စွမ်းအားအပေါ် အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်ရာ အလွန်ကြီးမားသော စွမ်းအားမြင့်တက်မှုကို ရရှိစေသည်။

ထို့ကြောင့် နဂါးငယ်အဆင့်နှင့် ကြီးထွားမှုအဆင့်များတွင် အံ့မခန်း စွမ်းအားကို ပြသနိုင်ပါ က နောက်ပိုင်းတွင် ပို၍ပင် ကြီးမားသော တိုးတက်မှုကို ရရှိလိမ့်မည်ဖြစ်သည်။

ထို့ပြင် ဝိညာဉ်သတ္တဝါငယ်များသည် နဂါးတံခါးကို ဖြတ်ကျော်သည့်အခါတွင်......

၎င်းမှာ နဂါးသားတော်အဆင့်၏ အောက်ခြေအဆင့်ကို စတင်နင်းမိရုံမျှ မဟုတ်ပေ။

နဂါးတစ်မျိုးမျိုးအဖြစ် အသွင်ပြောင်းလဲခြင်း ဖြစ်သည်။

ဥပမာအားဖြင့်၊ ရေခဲနှင့်နှင်း ဝိညာဉ်သတ္တဝါအချို့သည် ရေခဲနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားရန် အခွင့်အရေး အနည်းငယ် ရှိကြသည်။

ထို့အပြင် သူတို့သည် ငွေနှင်းအရုဏ်ဦး နဂါးဖြူ ဖြစ်လာရန် အခွင့်အရေးလည်း ရှိနေသေး သည်။

ရေခဲနဂါးနှင့် ငွေနှင်းအရုဏ်ဦး နဂါးဖြူတို့၏အဆင့်မှာ အလွန်ပင် ကွာခြားလှသည်။

တောရေခဲနဂါးတစ်ကောင်သည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိလျှင်ပင် အောက်ဆုံး အနေထားသို့သာ ရောက်ရှိနိုင်ပြီး၊ အများဆုံးအားဖြင့် နဂါးသားတော် အထွတ်အထိပ် အဆင့်သို့သာ ရောက်ရှိနိုင်သည်။

သို့သော် တောရိုင်း ငွေနှင်းအရုဏ်ဦး နဂါးဖြူတစ်ကောင်၏ ပြီးပြည့်စုံသောအဆင့်မှာ နဂါး ဘုရင်အဆင့်၏ တံခါးဝကိုပင် ထိတွေ့နိုင်သည်။

နဂါးထိန်းများအနေဖြင့် သူတို့၏ နဂါးသားရဲများကို အစာကျွေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ပုံသွင်းခြင်းနှင့် စွမ်းအားမြှင့်တင်ပေးခြင်းတို့ဖြင့် သူတို့၏ သွေးမျိုးဆက် ကန့်သတ်ချက် များကို ချိုးဖျက်ပေးကာ ပိုမိုမြင့်မားသည့် အဆင့်များသို့ ရောက်ရှိအောင် ကူညီပေးနိုင် သည်။

သွားမည်းကြီးသည် မိုးပြာနဂါးနက် တစ်ကောင် ဖြစ်သည်။

သူ၏ သွေးမျိုးဆက်မှာ အလွန်တရာ မြင့်မြတ်ခြင်း မရှိသဖြင့် သူ၏ အမြင့်ဆုံး အဆင့်မှာ အဆင့်နိမ့် နဂါးသခင်အဆင့်သာ ဖြစ်ဖွယ်ရှိသည်။

သို့သော် မိုးပြာရောင်လျှပ်စီးနဂါး၏ ဝိညာဉ်ပုလဲကို စုပ်ယူပြီးသွားပါက အခြေအနေမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ အကယ်၍ နောင်တွင် ပိုမိုကောင်းမွန်သည့် နဂါးပုလဲ များ သို့မဟုတ် အခြားသော ရှေးဟောင်းနဂါးဝိညာဉ်ပစ္စည်းများကို ရှာဖွေရရှိနိုင်မည် ဆိုပါ က သူ့အနေဖြင့် နဂါးသခင် နဂါးအရှင်အဆင့်သို့ပင် တက်လှမ်းရန် မျှော်လင့်ချက် ရှိလာ မည် ဖြစ်သည်။

ထို့ကြောင့် အမှန်တကယ် အစွမ်းအားကြီးမားသည့် နဂါးထိန်းတစ်ဦး ဖြစ်လာရန်အတွက် နဂါးတစ်ကောင်စီတိုင်း၏ စွမ်းအားကို နောက်ကျမကျန်ရလေအောင် ထိန်းသိမ်းရ မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အလားအလာ အလွန်ကောင်းမွန်သော ဝိညာဉ် သတ္တ ဝါငယ်များကိုလည်း ဆက်လက် ရှာဖွေနေရမည် ဖြစ်သည်။

အကယ်၍ သူတို့သည် နဂါးငယ်အဆင့်တွင် ရှိနေစဉ်အတွင်း အလွန်မြင့်မြတ်သော သွေးမျိုးဆက်ရှိသည့် နဂါးများအဖြစ် အသွင်ပြောင်းသွားပါက...

သူတို့၏ စွမ်းအားမြှင့်တင်နိုင်မည့် နယ်ပယ်မှာ တကယ်ပင် ကြောက်ခမန်းလိလိ ဖြစ်လာ ပေလိမ့်မည်။

All Chapters