အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) ကျွန်ပြုရာနယ်မြေ။
ပန်းချီလှေငယ်မှာ အောက်သို့ သက်ဆင်းလာသည်။
လှေငယ်လေးက မြို့ရိုးထက်သို့ ဆိုက်ကပ်လိုက်၏။
ကျူးရွှဲ့ဟန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျူးမင်လန်၏ ရင်ထဲတွင် မိသားစုဝင်များ၊ မိတ်ဆွေဟောင်းများအပေါ် လွမ်းဆွတ်တမ်းတမှုတို့မှာ မီးလျှံပမာ တောက်လောင်လာခဲ့ သည်။
ပြန်လမ်းကို သူ ရှာတွေ့သွားပြီ ဖြစ်သည်။
သူ့အခြေအနေကို သူတို့ထံ ပြန်လည်ရှင်းပြရန် အခွင့်အရေးတစ်ခုကို ရှာရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်သည်။
သူ့အတွက် အမှန်တကယ် စိုးရိမ်ပေးမည့်လူများ ရှိသလို၊ တစ်ချိန်က တောက်ပခဲ့သည့် နတ်ဘုရားနွယ်ဝင် လူသားဖြစ်ခဲ့စဉ် သူ့ကို ဂရုမစိုက်သော ဆွေမျိုးများလည်း ရှိနေသေး သည် မဟုတ်ပါလား...
အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ပေါ်လာခြင်းကြောင့် ဘိုးဘေးနဂါး မြို့တော်ရှိ ပြည်သူ များမှာ များစွာ ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်သည်။
အနောက်ဘက်မှ သတင်းများအရ လင်ရှောင်မြို့တော်ရှိ မြို့ငယ်ခြောက်မြို့မှာ အသတ် ဖြတ်ခံလိုက်ရပြီး၊ ထိုနေရာတွင် လင်ရှောင်မြို့တော်၏ စစ်သည်များသာမက အရပ်သား ပြည်သူများပါ အသက်ဆုံးရှုံးခဲ့ရသည်ဟု ကြားသိထားရသည်။
သို့သော် ခရမ်းရောင်နဂါးစီးနင်းသူနှင့် ထိုသီလရှင်နှင့်တူသော တာအိုအမျိုးသမီးတို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ ပြည်သူများမှာ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။
အနည်းဆုံးတော့ သူတို့သည် ဤနတ်ဘုရားကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်များ၏ လက်ချက်ဖြင့် ဖုန်မှုန့်ပမာ ချေမှုန်းမခံလိုက်ရပေ။
လီနန်းတော်အတွင်းရှိ အရေးကြီးကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရာ ခန်းမကြီးအတွင်း၌။
လီမိသားစု၏ အဘွားအိုသည် လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ဆွေးနွေးတိုင်ပင်ရန် လူအများကို စုစည်းလိုက်သည်။
နဂါးထိန်းအကယ်ဒမီမှ ဒုတိယကျောင်းအုပ်အဆင့်ရှိ ပုဂ္ဂိုလ်အချို့မှာ သူတို့ကြားတွင် ထိုင်နေကြပြီး၊ လီမိသားစုနှင့် နန်မိသားစုဝင်များထဲမှ အသစ်ပြန်လည် ဖွဲ့စည်းထားသော ပုဂ္ဂိုလ်များမှာလည်း ခန်းမကြီးအတွင်း၌ လုံးဝ တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ဗိမာန်ဂိုဏ်း ပျက်စီးသွားပြီဆိုသည်ကို လူတိုင်း ကောင်းစွာ သိရှိထားကြသည်မှာ ထင်ရှား နေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်တိုက်ကြီးမှ အစွမ်းထက်သည့် ပုဂ္ဂိုလ် နှစ်ဦး ထွက်ခွာသွားခဲ့သည်။ သို့မဟုတ်ပါက ဘိုးဘေးနဂါး မြို့တော်ရှိ အစွမ်းထက်သူများ အားလုံး စုစည်းနေကြသည့်တိုင်အောင် ထိုလူနှစ်ဦး၏ စွမ်းအားကို ခုခံရန် အလွန်ခက်ခဲပေ လိမ့်မည်။
ခန်းမအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ စကားမပြောလိုကြပေ။ ရှန်ကုန်းတရား စီရင်ရေးတိုက်ကြီးမှ ပုဂ္ဂိုလ်များ ပေါ်လာခြင်းကြောင့် လူတိုင်း စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့နေ ကြသည်။
"ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီး တွန်၊ နောက်ဆုံးတော့ ရောက်လာပြီပဲ" ပိုင်ဟုန်ဘို က လူတစ်ဦး ချဉ်းကပ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် စိတ်သက်သာရာ အကြီးအကျယ် ရသွားကာ အလျင်အမြန် သွားရောက်ကြိုဆိုလိုက်သည်။
ခန်းမကြီး၏ တံခါးဝရှေ့တွင် ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် အသက်အရွယ်ကြီးရင့်သော အမျိုးသားတစ်ဦး ရပ်နေ၏။ သူ၏ပုံစံမှာ လက်ဖက်ရည်ဆိုင်မှ ပုံပြင်ပြောဆရာတစ်ဦးနှင့် ပင် ဆင်တူနေပြီး သူ၏ဘေးတွင် အမျိုးသမီးတစ်ဦး ပါရှိသည်။ ကျူးမင်လန်သည် ထိုအမျိုးသမီးကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။ သူမမှာ တွမ်လန် ဖြစ်သည်။
ကျူးမင်လန်က အကဲခတ်ကြည့်လိုက်ရာ နဂါးထိန်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည် တွန်ဟူသော မျိုးရိုးနာမည်ရှိမှန်း ယခုမှပင် သိလိုက်ရသည်။ ထို့ပြင် ဤသည်မှာလည်း အလွယ်တကူ ရှာမတွေ့နိုင်သော ကျောင်းအုပ်ကြီးတွန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ပင် ဖြစ်သည်။
ထို့ကြောင့် ဆရာမ တွန်လန်မှာ ကျောင်းအုပ်ကြီး၏ သမီးဖြစ်နေမှန်း သူ သိလိုက်ရသည်။ တွန်လန်၏ လက်ရှိမျက်နှာ အမူအရာကို ကြည့်ရသလောက်ဆို သူမမှာ များစွာ ပြန်လည် သက်သာလာပြီဖြစ်ကြောင်း သိသာလှသည်။
ကျောင်းအုပ်ကြီး တွန်ချန်ချင်းသည် အရှင်အဆင့် နဂါးထိန်းတစ်ဦး ဖြစ်သည်ဟု ဆိုကြ သည်။ သူသည် လီချွမ်းတိုက်ကြီးပေါ်တွင် ဗိမာန်ဂိုဏ်းပင်လျှင် အလွန်ကြောက်ရွံ့ရသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး၊ ဤနယ်မြေ၏ အလွန်လေးစားခံရသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
"ကျောင်းအုပ်ကြီး၊ ထိုင်ပါဦး" လီမိသားစု၏ အဘွားအိုက ဆိုသည်။
"မလိုပါဘူး၊ အရင်ဆုံး လျှို့ဝှက်ဆန်းကြယ်တိုက်ကြီးမှ အဲဒီဧည့်သည် နှစ်ဦးအကြောင်း ပြောကြရအောင်။ သူတို့နှစ်ဦးထဲက တစ်ယောက်ကို လူတစ်ယောက်က မှတ်မိနေတယ်လို့ ကြားသိရလို့၊ ဘယ်သူဖြစ်မလဲဆိုတာ မေးမြန်းပါရစေ" ကျောင်းအုပ်ကြီး တွန်ချန်ချင်းက ပြောလိုက်သည်။
ဆရာဝူ၊ ပိုင်ဟုန်ဘိုနှင့် နန်လင်းရှာတို့ အားလုံးက ကျူးမင်လန်ထံသို့ အကြည့်များ ရောက်သွားကြသည်။
"ကျွန်တော်ပါ၊ ကျောင်းအုပ်ကြီး တွန်" ကျူးမင်လန်က ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူက "ဆရာမတွန်လန်လည်း သက်သာလာပြီနော်" ဟု ဆက်ပြောလိုက်သည်။
ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးက 'အမိန့်ပေးသူ' နဲ့ မင်းက ဘယ်လိုသိတာလဲ။ ဒါမှ မဟုတ် မင်းလည်း ဟင်းလင်းပြင်လေဟာနယ် မုန်တိုင်းကြောင့် မင်း ဒီနေရာကို ရောက်လာတာလား" ကျောင်းအုပ်ကြီး တွန်ချန်ချင်းက မေးမြန်းလိုက်သည်။
"အဲဒီလိုပါပဲ" ကျူးမင်လန်သည် ကျောင်းအုပ်ကြီး တွန်ချန်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ" တွန်ချန်ချင်းက ဆက်မေးသည်။
"ကျူးမင်လန်ပါ။"
"ကျူးမျိုးနွယ်စုကပဲပေါ့၊ ထူးချွန်တဲ့ ပန်းပဲပညာရပ်နဲ့ နာမည်ကျော်တဲ့ မျိုးနွယ်စုလေ" တွန်ချန်ချင်းက ဆိုလိုက်သည်။
ကျူးမင်လန်သည် ထိုအချိန်တွင် မည်သို့ပြန်ပြောရမှန်း မသိတော့ဘဲ လီချွမ်းနဂါးထိန်း အကယ်ဒမီ၏ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသည့် ဤကျောင်းအုပ်ကြီးအား အကြည့်မလွှဲဘဲ စိုက်ကြည့်နေမိသည်။
ဒီကျောင်းအုပ်ကြီးလည်း သူ့လိုပဲ ထိုအတွေ့အကြုံမျိုးကို ဖြတ်သန်းခဲ့ရတာများလား…..။
သူလည်း ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးကနေပြီး ဒီနေရာကို လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိလာခဲ့တာများလား….။
'လီချွမ်းနဂါးထိန်းအကယ်ဒမီ' ...
တကယ်ဆို ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးပေါ်မှာ နတ်ဘုရားနွယ်ဝင် လူသား အကယ် ဒမီနှင့် နဂါးထိန်းအကယ်ဒမီ တို့က အမြဲတမ်းလိုလို ရှိနေခဲ့တာပါ။ ကျူးမင်လန်ကတော့ ဒီနေရာက နဂါးထိန်းအကယ်ဒမီသည် တိုက်ကြီးတိုင်း၏ လူသားမျိုးနွယ်သမိုင်းကြောင်းမှာ ဖြစ်လေ့ဖြစ်ထရှိသည့် တိုက်ဆိုင်မှုတစ်ခုလောက်ပဲဟု ထင်ထားခဲ့မိသည်။
အမှန်စင်စစ်တွင် လီချွမ်းနဂါးထိန်းအကယ်ဒမီကို တည်ထောင်သူ ကျောင်းအုပ်ကြီး တွန်ချန်ချင်းသည်လည်း ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးမှ လာသူတစ်ဦး ဖြစ်နေခဲ့ပါ တော့သည်။
မိမိကိုယ်တိုင်မှာတော့ အိမ်ပြန်လမ်းကို မတွေ့ရဘဲ နှစ်အနည်းငယ်သာ ကုန်ဆုံးခဲ့သော် လည်း၊ ကျောင်းအုပ်ကြီးမှာမူ ဆယ်စုနှစ်ပေါင်းများစွာ ရှာဖွေခဲ့ရသည်... သူ၏သမီးဖြစ်သူ မှာလည်း အရွယ်ရောက်၍ပင် ကြီးပြင်းနေပြီဖြစ်သည်။
"ဟုတ်ကဲ့... ဟုတ်ပါတယ်။ ကျွန်တော်က ကျူးမျိုးနွယ်စုရဲ့ တပည့်တစ်ယောက် အမှန်ပါပဲ။ ကျွန်တော်ဟာ ရှားပါးတဲ့ လေဟာနယ်ပင်လယ်ရဲ့ လေဟာနယ်မုန်တိုင်းထဲ မတော်တဆ ပြုတ်ကျသွားခဲ့တာပါ။ သတိပြန်လည်လာတဲ့အခါမှာတော့ ဝူထူနယ်မြေထဲမှာ ရောက်နေ မှန်း သိလိုက်ရပါတယ်" ကျူးမင်လန်က ပြန်လည်ဖြေကြားလိုက်သည်။
ထို့ကြောင့် သူနှင့် ကျောင်းအုပ်ကြီး နှစ်ဦးစလုံးမှာ တိုင်းတပါးရပ်ခြားမြေ၌ လမ်းပျောက် နေသော သူစိမ်းများ ဖြစ်နေခဲ့ကြသည်။
လီချွမ်းနဂါးထိန်းအကယ်ဒမီ တည်ထောင်ခြင်းမှာ တိုက်ဆိုင်မှုတစ်ခု သက်သက် မဟုတ်ခဲ့ ပေ။
ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး၏ အကယ်ဒမီဆိုင်ရာ ဒဿနများကို ဆက်လက်ထိန်း သိမ်းကာ၊ လီချွမ်းလွင်ပြင်တွင် နဂါးထိန်းအကယ်ဒမီကို တည်ထောင်ခဲ့သူမှာ ကျောင်းအုပ် ကြီး တွန်ချန်ချင်းပင် ဖြစ်သည်။
“ဝူထူနယ်မြေ ပေါ်ပေါက်လာခြင်းက ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးရဲ့ ပုံစံအချို့ကို ငါ့ကို နားလည်သဘောပေါက်စေခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ ငါဟာ လေဟာနယ် ပင်လယ်ရဲ့ ဟိုဘက်ကမ်း၊ ရှေးဟောင်းတောင်တန်း၊ မြူခိုးကျွန်းနဲ့ ကျိန်းမင်လမ်းကြားတို့မှာပဲ လှည့်လည်သွားလာခဲ့ရင်း လေဟာနယ်ပင်လယ်ရဲ့ လေဟာနယ်မုန်တိုင်း လျှို့ဝှက်ချက် တွေကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ခဲ့မိတယ်။ ဒါပေမဲ့... ရှန်ကုန်း တရားစီရင်ရေး တိုက်ကြီး က ကောင်းကင်ယံကနေ ဆင်းသက်လာလိမ့်မယ်လို့တော့ လုံးဝ မမျှော်လင့်ခဲ့မိဘူး။ အတိတ်ဆိုတာ ရယ်စရာကောင်းတဲ့ အိပ်မက်တစ်ခုပဲလို့ အချိန်ကြာမြင့်စွာကတည်းက ငါ ထင်မှတ်နေခဲ့မိတာ..." ကျောင်းအုပ်ကြီး တွန်ချန်ချင်းက ခါးသီးသော လေသံဖြင့် ပြောလိုက်သည်။
ကျူးမင်လန်က ထိုခါးသီးမှုကို နားလည်လိုက်သည်။
အကယ်၍ သူသာ ကျောင်းအုပ်ကြီးကဲ့သို့ပင် ဤနေရာတွင် ဆယ်စုနှစ်များစွာ အခြေချ နေထိုင်ခဲ့ရမည်ဆိုပါက၊ သူတစ်ခါက နေထိုင်ခဲ့ဖူးသည့် ကမ္ဘာကြီးမှာ အမှန်တကယ်ပင် တည်ရှိခဲ့ခြင်းမျိုး မဟုတ်ဘဲ၊ စိတ်ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာသည့် အိပ်မက်ဆိုးတစ်ခု၊ စိတ်ကူးယဉ် အတုအယောင်တစ်ခုမျှသာ ဖြစ်နေမည်လောဟု သံသယဝင်မိမည်မှာ အသေ အချာပင်။
အကယ်၍ ဤနေရာတွင် လူတွေသာ များစွာမရှိခဲ့ပါက ကျူးမင်လန်သည် ဝမ်းနည်း ကြေကွဲနေသော ကျောင်းအုပ်ကြီး တွန်ချန်ချင်းကို ဖက်တွယ်ကာ မျက်ရည်ကျမိတော့ မလားပင်ဟု စိုးရိမ်မိသည်။
"ရှင်တို့နှစ်ယောက်၊ အရင်ဆုံး ငါတို့ကို ရှင်းပြပေးကြပါဦး။ အခုက သေရေရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စ ဖြစ်နေတာမို့လို့ ဘာတစ်ခုမှ ကြန့်ကြာလို့ မဖြစ်ဘူး" လီမိသားစု၏ အဘွားအိုက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။
"အရင်ဆုံး ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီး အကြောင်းကနေ စပြောပေးပါ" ပိုင်ဟုန်ဘို က ဆိုသည်။
ကျူးမင်လန်က ကျောင်းအုပ်ကြီး တွန်ချန်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ ကျောင်းအုပ် ကြီးတွန် ကိုယ်တိုင် ရှင်းပြပေးခြင်းက ပို၍သင့်တော်မည်ဟု သူခံစားမိသည်။
ကျောင်းအုပ်ကြီး တွန်က ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ ကျူးမင်လန် ပြောဆိုမှုတွင် လွဲမှားမူများရှိပါက သူက ဖြည့်စွက်ကာ ပြင်ဆင်ပေးမည်ဆိုသည့် သဘောဖြစ်သည်။
"ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးမှာ အင်ပါယာတစ်ခုနဲ့ မြို့ပြနိုင်ငံပေါင်းများစွာ ရှိတယ်။ အင်ပါယာက အင်အားကြီးမားပြီး နိုင်ငံတော်ဥပဒေတွေကို ပြဋ္ဌာန်းထားတာ"
"ကျန်တဲ့ မြို့ပြနိုင်ငံတွေကတော့ တောအုပ်တွေလို ပေါများနေပြီး အင်အားချင်း မတူညီ ကြဘူး။ အမြဲတမ်းလိုလို ပဋိပက္ခတွေ ရှိနေကြပေမဲ့ အားလုံးကတော့ အင်ပါယာရဲ့ ဥပဒေတွေကို မဖြစ်မနေ လိုက်နာကြရတယ်"
"ဒါ့အပြင် ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးမှာ ဂိုဏ်းပေါင်းစုံတွေ၊ မျိုးနွယ်စုတွေ၊ နဂါး နန်းတော်တွေ၊ ဘုရားကျောင်းတွေနဲ့ အကယ်ဒမီလိုမျိုး အင်အားစုတွေလည်း ရှိကြတယ်။ သူတို့က မြို့ပြနိုင်ငံတွေကြားက စစ်ပွဲတွေမှာ မတရားသဖြင့် ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ကြဘူး။"
“နဂါးထိန်းအကယ်ဒမီတွေမှာလည်း ဘယ်စစ်ပွဲတွင်မဆို ပါဝင်ပတ်သက်ခြင်းကို တားမြစ် ထားတဲ့ တိကျတဲ့ စည်းမျဉ်းတွေ ရှိတယ်။ အထူးသဖြင့် စစ်မြေပြင်မှာ စစ်သည်တွေနဲ့ အရပ်သားတွေကို သတ်ဖြတ်ခြင်းကို လုံးဝခွင့်မပြုဘူး။”
“စစ်မြေပြင်ထဲကို ဝင်ရောက်လိုက်တာနဲ့ အဲဒီလူဟာ နဂါးထိန်းအကယ်ဒမီကနေ အပြီးတိုင် ထွက်ခွာသွားပြီလို့ သတ်မှတ်လိုက်တာနဲ့ အတူတူပဲ”။
“ဒီမူဝါဒကို အင်အားစုအားလုံးက လိုက်နာကျင့်သုံးကြပါတယ်။”
"အုပ်ချုပ်သူမဲ့ဖြစ်နေတဲ့ နယ်မြေတွေနဲ့ မကောင်းမူ ဒုစရိုက်တွေ ပြည့်နှက်နေတဲ့ နယ်မြေ တွေကလွဲရင်ပေါ့"
"ဂိုဏ်းပေါင်းစုံ၊ 'မျိုးနွယ်စုတွေ'၊ 'နဂါးနန်းတော်တွေ'၊ 'ဘုရားကျောင်းတွေ'၊ 'အကယ်ဒမီ တွေ'... ဒါဆိုရင် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးမှာ ကျောင်အုပ်ကြီးတို့ရဲ့ လီချွမ်း နဂါးထိန်းအကယ်ဒမီနဲ့ ယှဉ်ပြိုင်နိုင်မယ့် တခြားအင်အားစုလေးခု ရှိနေတာပေါ့၊ ကျောင်းအုပ်ကြီး" နန်မိသားစုမှ အကြီးအကဲတစ်ဦးက မေးမြန်းလိုက်သည်။
ကျောင်းအုပ်ကြီး တွန်ချန်ချင်းက ခေါင်းခါယမ်းလိုက်ပြီး ခါးသီးသော လေသံဖြင့် ပြောကြား လိုက်သည်၊ "အကယ်ဒမီတွေတောင် နတ်ဘုရားနွယ်ဝင် လူသားအကယ်ဒမီနဲ့ နဂါးထိန်း အကယ်ဒမီဆိုပြီး ကွဲပြားနေတာပါ။ ဒီအဓိက အကယ်ဒမီနှစ်ခုစလုံးက ရှန်ကုန်း အင်ပါယာ ထဲမှာ ရှိနေတာ ဖြစ်တယ်။ ငါတို့ရဲ့ လီချွမ်းနဂါးထိန်းအကယ်ဒမီရဲ့ အတိုင်းအတာကတော့ များပြားလှတဲ့ နိုင်ငံငယ်လေးတွေက တစ်ခုပါပဲ။ အဲ့ဒီထက်တောင် ပိုသေးငယ်ပါသေး တယ်"
လူတိုင်း အံ့အားသင့်သွားကြသည်။ နဂါးထိန်းအကယ်ဒမီဆိုသည်မှာ ဗိမာန်ဂိုဏ်းပင်လျှင် ရန်စရမည်ကို စိုးရွံ့ရသည့် အင်အားစုတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးပေါ်ရှိ ဂိုဏ်းပေါင်းစုံများ၊ မျိုးနွယ်စုများ၊ နဂါးနန်းတော် များ သို့မဟုတ် ဘုရားကျောင်းများကဲ့သို့သော မည်သည့်အင်အားစုမဆို ဘိုးဘေးနဂါး မြို့တော်ကို အလွယ်တကူပင် ဖိနှိပ် ဖျက်ဆီးနိုင်ပေလိမ့်မည်။
"အရင်က ဝူထူနယ်မြေကိစ္စလိုမျိုးပဲ၊ ငါတို့ လီချွမ်းတိုက်ကြီးပေါ်က ဘယ်မြို့တော်မဆို စစ်တပ် အင်အားကြီးကြီးနဲ့ စုစည်းလိုက်ရင် သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်။ အခုတော့ ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးက ငါတို့ကို ဝူထူနယ်မြေက လူတွေလိုမျိုး၊ အောက်တန်းစား လူသားတွေ၊ ယဉ်ကျေးမှုမရှိတဲ့ လူရိုင်းတွေအဖြစ် ရှုမြင်နေကြပြီ" ကျောင်းအုပ်ကြီး တွန်ချန်ချင်းက ဆက်လက် ပြောကြားလိုက်သည်။
ဤစကားကြောင့် လူတိုင်း၏ ရင်ထဲတွင် တစ်စုံတစ်ခု လာရောက်ဆို့ကပ်နေသကဲ့သို့ ခံစားလိုက်ရ၏။
အောက်တန်းစားလူသားများ...။
သူတို့၏ ခမ်းနားထည်ဝါလှသော ဘိုးဘေးနဂါး မြို့တော်မှာ အမှန်တကယ်ပင် ဤသို့သော နိမ့်ကျသည့် အဆင့်တန်းမျိုးနှင့် ကြုံတွေ့ရသည့် နေ့ရက်မျိုး ရှိလိမ့်မည်ဟု မထင်မှတ်ခဲ့မိ ကြပေ။
ဝူထူနယ်မြေ စတင်ပေါ်ပေါက်လာချိန်တွင် မြို့တော်များစွာက ထိုနယ်မြေကို အပိုင်းပိုင်းခွဲ ယူရန် ကြိုးပမ်းခဲ့ကြသည်။ ထိုစဉ်က မျိုးနွယ်စုများ၊ ရွာငယ်များ၊ လူမျိုးစုများနှင့် မြို့ရွာများစွာ ပျက်သုဉ်းခဲ့ရသည်မှာလည်း မရေမတွက်နိုင်အောင်ပင် ဖြစ်သည်။
နောက်ဆုံးတွင် လီယွန်းဇီက ဝင်ရောက်စွက်ဖက်ခဲ့ပြီး အခြားသော မြို့တော်အင်အားစု များကို တဖြည်းဖြည်းချင်း မောင်းထုတ်နိုင်ခဲ့သဖြင့်၊ တည်ငြိမ်မှုအချို့ကို ပြန်လည်ရရှိခဲ့ ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ယခုအခါ လီချွမ်းတိုက်ကြီးတစ်ခုလုံးသည် တစ်ချိန်က ဝူထူနယ်မြေ ကြုံတွေ့ခဲ့ရသည့် ကြေကွဲဖွယ် အခြေအနေမျိုးကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ အမှန်တကယ် စွမ်းအားကြီးမားသည့် ခေါင်းဆောင်တစ်ဦးက အရာအားလုံးကို စုစည်းမပေးနိုင်သရွေ့၊ လူတိုင်း၏ စည်းစိမ်ဥစ္စာ၊ အသက်ရှင်ခြင်းနှင့် ဂုဏ်သိက္ခာတို့မှာ အလိုအလျောက် အလုယက်ခံရ၊ ရိတ်သိမ်းခံရကာ အနင်းခြေခံရမည် ဖြစ်သည်။
ပို၍ဆိုးရွားသည်မှာ အာဏာရှိသူတိုင်းက လီယွန်းဇီလို စည်းစနစ်ကျနမှုကို တည်ဆောက် ပြီး ဟန်ချက်ညီစွာ နေထိုင်လိုသည့် ဒဿနမျိုး ရှိကြသည် မဟုတ်ပေ။ အကယ်၍သာ ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်တစ်ဦးနှင့်သာ တွေ့ဆုံမိပါက၊ သူတို့၏ တည်ရှိမှုမှာ တစ်ခဏချင်းပင် အဆုံးသတ်သွားနိုင်သည်။
"ယွန်းဇီက သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံတော်တစ်ခုကို တည်ထောင်နိုင်ဖို့ အမြဲတမ်း ကြိုးစားခဲ့တာ။ ဒါက သူမကလည်း ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီး အကြောင်းကို ကြိုသိနေပြီး ဒီလိုနေ့ မျိုး ရောက်လာလိမ့်မယ်ဆိုတာကို ကြိုမျှော်တွေးမိနေလို့များလား" လီမိသားစုမှ သက်ကြီး ဝါကြီး အကြီးအကဲက ရုတ်တရက် သဘောပေါက်သွားမိသည်။
လီမိသားစုနှင့် နန်မိသားစုဝင်များ၏ မျက်လုံးများ အားလုံးက နန်လင်ရှားဆီသို့ ရောက်ရှိ သွားကြသည်။ ရုပ်ရည်သွင်ပြင် ဆင်တူယိုးမှားရှိခြင်းကြောင့် လူတိုင်းလိုလိုပင် အဖြေ တစ်ခုခုကို ရလိုသောစိတ်ဖြင့် နန်လင်ရှားကို မသိစိတ်က တောင်းဆို ကြည့်ရှုနေမိကြ သည်။
သို့သော်လည်း လီယွန်းဇီမှာ ဤနေရာတွင် မရှိပေ။ သူမသည် ဘိုးဘေးနဂါး မြို့တော်၏ အနောက်ဘက် နယ်စပ်ဖြစ်သော နဂါးချောက်ကမ်းပါး ကာကွယ်ရေးတပ်တွင် ရှိနေခြင်း ဖြစ်သည်။ လွန်ခဲ့သော တစ်လဝက်ကျော်ကတည်းကပင် သူမသည် မြို့တော်ကြီးလေးခု၏ စစ်တပ်များကို စုစည်းပြီး နဂါးချောက်ကမ်းပါးတွင် တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပါသည်၊ သူမသည် ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးမှ မြို့ပြနိုင်ငံများ၏ စစ်တပ် များ ချဉ်းကပ်လာနေသည်ကို ကြိုတင်မျှော်လင့်ကာ နယ်စပ်၌ စောင့်ကြိုနေခဲ့ခြင်းပင် ဖြစ်သည်။
"ကျွန်မ သူတို့အားလုံးကို ကာကွယ်ပေးသွားမှာပါ" လီယွန်းဇီ ပြောခဲ့သည့် စကားများကို ကျူးမင်လန် ပြန်လည်အမှတ်ရမိသည်။
သူမ၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ခြင်းသည် ဘိုးဘေးနဂါး မြို့တော် အနေဖြင့် နောက်ထပ် ဝူထူနယ်မြေတစ်ခု ဖြစ်မလာစေရန် ကြိုတင်ကာကွယ်ခြင်းပင် ဖြစ်သည်။
ဝူထူနယ်မြေက ကံကောင်းသည်ဟုပင် ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် စည်းစနစ်တကျ ထူထောင်နိုင်ခဲ့ပြီး၊ သူမကိုယ်တိုင်ပင် မြို့တော်တစ်ခုအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော်လည်း လူတိုင်းကို တန်းတူရည်တူ ဆက်ဆံသော အုပ်စိုးရှင်တစ်ဦးအနေဖြင့် လီယွန်းဇီ၏ လက်များမှာလည်း သွေးစွန်းခဲ့ရပြီး ဖြစ်သည်…
ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးမှ အုပ်စိုးရှင်တို့သည်ကား မည်သည့်အခါမျှ လူတိုင်းကို တန်းတူရည်တူ ဆက်ဆံကြလိမ့်မည် မဟုတ်ပေ။
လီယွန်းဇီသည် ဤအချက်ကို ကောင်းစွာ သဘောပေါက်နေသည်။
စည်းလုံးညီညွတ်မှုမှာ မဖြစ်မနေ လိုအပ်သကဲ့သို့၊ အင်အားမှာလည်း အသက်သွေးကြော ကဲ့သို့ အရေးပါလှသည်။
မဟုတ်ပါက တိုင်းတပါးစစ်တပ်များ စတင်ကျူးကျော်လာသည့်အခါ ခုခံကာကွယ်မည့် စစ်သည်တော်များနှင့် စစ်ဗိုလ်ချုပ်များ မရှိပါက မြို့တော်များမှ ပြည်သူများသည် သတ်ဖြတ်ခြင်းကိုသာ ခံရတော့မည် ဖြစ်သည်။
"ကျောင်းအုပ်ကြီး တွန်... တကယ်လို့ ကျွန်မတို့ လက်နက်ချလိုက်မယ်ဆိုရင်ရော၊ အနည်းဆုံးတော့ ကျွန်မတို့ရဲ့ တည်ရှိမှုကို ဆက်လက်ထိန်းထားနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် ဗိမာန်ဂိုဏ်းတောင်မှ ‘တရားစီရင်သူများ' လို့ခေါ်တဲ့သူတွေရဲ့ လက်ချက်နဲ့ ပျက်စီးခဲ့ရတာ လေ" လီမိသားစု၏ အဘွားအိုက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ (ရှေ့မှာတုန်းက အမိန့်ပေးသူဟု ပြန်ဆိုခဲ့သည်။ နောက်အခန်းများတွင် ‘တရားစီရင်သူ’ဟုသာ သုံးစွဲပါ မည်။)
"လုံးဝ မဖြစ်နိုင်ဘူး။ ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီး ပေါ်က မြို့ပြနိုင်ငံများစွာက ကျွန်စနစ်ကို ကျင့်သုံးကြတယ်။ ယေဘုယျအနေနဲ့ ခေါင်းဆောင်မဲ့ နယ်မြေတစ်ခုခုကို သိမ်းပိုက်လိုက်ရပြီဆိုရင်၊ ပြည်သူအားလုံးက အနည်းဆုံး (၁၀) နှစ်တာကာလအတွက် ကျွန်အဖြစ် စတင်အမှုထမ်းကြရတယ်။ အဲ့ဒီကာလ ကျော်လွန်မှပဲ အဆင့်နိမ့်နိုင်ငံသား အဖြစ် တဖြည်းဖြည်း ပြောင်းလဲခွင့်ရကြတာ" ကျောင်းအုပ်ကြီး တွန်ချန်ချင်းက ပြောကြား ပြီး သူ၏အသံမှာ မသိစိတ်ဖြင့်ပင် မြင့်တက်လာသည်။
"ကျွန်တွေဆိုတာ နိုင်ငံတော်ရဲ့ ဥပဒေတွေက ကာကွယ်ပေးမူမျိုး မရကြသလို၊ ဘယ်အင်အားစုရဲ့ စောင့်ရှောက်မှုအောက်မှာမှလည်း မရှိကြဘူး။ သူတို့ရဲ့ သေခြင်းရှင်ခြင်း က ဘယ်သူ့တာဝန်မှ မဟုတ်ဘူး" ကျူးမင်လန်က လေးနက်သော လေသံဖြင့် ဆိုသည်။
ကျွန်တွေလား……။
ကျွန်ဘဝသို့ ရောက်ရှိသွားရမယ်တဲ့လား။
ဤနေရာတွင် ရှိနေကြသူများသည် မြို့တော်၏ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ဘဝတွင် တစ်ခါမျှပင် ကျွန်ဘဝသို့ ကျရောက်သွားနိုင်သည်ဟူ၍ စိတ်ကူးပင် ယဉ်ခဲ့ဖူးမည် မဟုတ်ပေ။
"ငါတို့ ရှုံးနိမ့်လို့ လုံးဝ မဖြစ်ဘူး။ ရှုံးနိမ့်လိုက်တာနဲ့ ငါတို့ဟာ ကျွန်မြို့တော် ဖြစ်သွားလိမ့် မယ်။ လင်ရှောင်မြို့တော်က မြို့ခြောက်မြို့ဟာ အသတ်ဖြတ်ခံခဲ့ရပေမဲ့ တရားစီရင်သူတွေ က ဘာတစ်ခုမှ တာဝန်ယူ ဖြေရှင်းပေးခဲ့တာမျိုး မရှိခဲ့ဘူး။ အဲ့ဒါ ဘာလို့လဲဆိုတော့ လင်ရှောင် မြို့တော်ဟာ အဲ့ဒီအချိန်တုန်းက ကျွန်မြို့တော်တစ်ခု အဖြစ် သတ်မှတ်ပြီးသား မို့လို့ပဲ။ အဲ့ဒီမှာရှိတဲ့ ပြည်သူတွေရဲ့ အသက်တွေဟာ တိရစ္ဆာန်တွေထက်တောင် တန်ဖိုး နည်းနေခဲ့တာ" ကျောင်းအုပ်ကြီး တွန်ချန်ချင်းက ပြင်းထန်သော လေသံဖြင့် အော်ဟစ် ပြောကြားလိုက်သည်။
မြို့ကြီးများစွာမှာ အသတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်။
ဒါက အနောက်ဘက်ချောက်ကမ်းပါးကို ဖြတ်ကျော်လာတဲ့ အုပ်စိုးရှင်ဟာ လူ့အသက်ကို အလေးအနက်မထားဘဲ အလွန်တရာ ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း ဖော်ပြနေ၏။
အကယ်၍ လီယွန်းဇီသာ ရှုံးနိမ့်သွားခဲ့လျှင် ဘိုးဘေးနဂါး မြို့တော်၏ ကံကြမ္မာမှာလည်း လင်ရှောင် မြို့တော်မှ ထိုမြို့ခြောက်မြို့၏ ကံကြမ္မာထက် မပိုမိုမည်မှာ အသေအချာပင်။
"ဒါဆို... ဒါဆိုရင် ကျွန်တော်တို့ ဘာဆက်လုပ်ကြရမလဲ"
"ငါတို့ဟာ ရေတွင်းထဲက ဖားသူငယ်တွေပဲ၊ ငါတို့အားလုံး ရေတွင်းထဲက ဖားသူငယ်တွေပဲ ဖြစ်နေခဲ့ကြတာ။"
"ယွန်ဇီ နိုင်ကိုနိုင်ရမယ်၊ ငါကျွန်မဖြစ်ချင်ဘူး၊ ငါကျွန်မဖြစ်ချင်ဘူး…….."
တစ်ချိန်က လီမိသားစုနှင့် နန်မိသားစုမှ လူအများစုသည် မိသားစု အစည်းအဝေးများတွင် ဝူထူနယ်မြေကို ဘိုးဘေးနဂါး မြို့တော်၏ ကျွန်နယ်မြေအဖြစ် သတ်မှတ်လိုကြောင်း၊ သူတို့ကို မနားမနေ မြို့ရွာများ တည်ဆောက်ခိုင်းရန်၊ နေ့ညမပြတ် လမ်းခင်းစေရန်နှင့် စစ်မြေပြင်တွင် အသက်ကို စတေးနိုင်သော စစ်သည်များအဖြစ် အသုံးချရန် ပြောဆိုခဲ့ကြ ဖူးသည်။
သို့သော် ယခုမူ ထိုကဲ့သို့သော ကံကြမ္မာမျိုးသည် မိမိတို့ တစ်ဦးစီတိုင်းအပေါ်သို့ ကျရောက် လာတော့မည်ဟု စိတ်ကူးယဉ်ကြည့်လိုက်ရုံနှင့်ပင် သူတို့သည် စိတ်ဓာတ်ကျလုနီးပါး ပြိုလဲ ကုန်ကြတော့သည်။
စာစဉ် (၁၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။