အခန်း ၃၁၁
Vol. 28 Ch. 311
အခန်း (၃၁၁) ကျွန်တော့်ကို မှတ်မိသေးရဲ့လား
သူ့အပေါ် မည်သည့်ရန်ငြိုးမှမရှိသော ဤလူက အဘယ်ကြောင့် သူ့အား ပစ်မှတ်ထားနေရကြောင်းကို စုယွမ် လုံးဝ နားမလည်နိုင်ဖြစ်သွားခဲ့၏။
စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရှိနေခြင်းများလား။
"ကောင်းပြီ... ခင်ဗျားကို ဖုန်းနံပါတ်တစ်ခု ပေးမယ်... အဲဒီကနေ စစ်ကြည့်လို့ရတယ်..."
စုယွမ်သည် အစီအစဉ်မှူးထံ ဖုန်းနံပါတ်တစ်ခု ပေးလိုက်လေသည်။
"ခဏလောက် စောင့်ပါ... ကျွန်တော် အခုချက်ချင်း စစ်ဆေးကြည့်လိုက်ပါ့မယ်..."
စုယွမ်၏ ပုံစံမှာ ဟန်ဆောင်နေခြင်းမရှိကြောင်း မြင်တွေ့ရချိန်တွင် အစီအစဉ်မှူးသည် အချိန်ဆွဲမနေရဲဘဲ အလျင်အမြန် စစ်ဆေးကြည့်လိုက်ပေ၏။
"ဟားဟား... အားလုံးပဲ ဒီလူကို ကြည့်ကြပါဦး... သူက တကယ့်ကို ရယ်စရာကောင်းတာပဲ... အခြေအနေတွေက အရမ်းကို အရေးကြီးနေတဲ့အချိန်မှာတောင် သူက တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးဖြစ်နေတုန်းပဲ..."
"မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ငါ တကယ် လေးစားသွားပြီ..."
စုန့်မင်က လူအုပ်ကြီးအား ကျယ်လောင်စွာ ပြောလိုက်ချေသည်။
ဤစကားကို ကြားရသူတိုင်းက လုံးဝ သဘောတူညီခဲ့ကြ၏။
စုန့်မင်သည် စုယွမ် ထွက်ပြေးမသွားစေရန် အနီးကပ် စောင့်ကြည့်နေခဲ့သည်။
သူက စုယွမ်အား အဘယ်ကြောင့် ပစ်မှတ်ထားနေရသနည်းဆိုလျှင် အထူးတလည် အကြောင်းပြချက် မရှိဘဲ ဤလူငယ်က သူ့ထက် ပိုမိုရုပ်ဖြောင့်နေသောကြောင့်ပင် ဖြစ်ပေ၏။
"သူ့ရဲ့ လူမှုအဆင့်အတန်းက ငါ့လောက် မမြင့်မားပေမဲ့ သူက ငါ့ထက် အများကြီး ပိုပြီး ရုပ်ဖြောင့်နေတာက ရယ်စရာမကောင်းဘူးလား..."
"အစီအစဉ်မှူး... စစ်ဆေးလို့ ပြီးပြီလား..."
စုန့်မင်က စုယွမ်တစ်ယောက် ကြွားလုံးထုတ်နေခြင်းသာဖြစ်ကြောင်း ယုံကြည်ထားသဖြင့် သဘာဝကျစွာပင် အလွန် ယုံကြည်မှုရှိနေခဲ့သည်။
"စစ်ဆေးမှု ပြီးဆုံးသွားပါပြီ..."
"ဒီလူကြီးမင်းက Lamborghini Aventador တစ်စီး တကယ်ပဲ ကံထူးခဲ့ပါတယ်..."
"နေရာကတော့ ကျွန်တော်တို့ ကျန်းချန်မြို့က 4S စတိုးဆိုင်မှာပါ..."
အစီအစဉ်မှူးက တိုက်ရိုက် ပြောလိုက်၏။
"ဟားဟားဟား... ဟားဟားဟား..."
"အားလုံးပဲ ကြားကြရဲ့လား... ခုနက ငါ ဘာပြောခဲ့လဲ... အစီအစဉ်မှူးက အခုပဲ ရှင်းပြလိုက်ပြီ... သူက..."
ဤနေရာသို့ ရောက်ချိန်တွင် စုန့်မင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်ချေသည်။
"အစီအစဉ်မှူး... ခင်ဗျား မှားမကြည့်မိတာ သေချာရဲ့လား..."
"ဒီလူက Lamborghini Aventador တစ်စီးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ... ဒီမှာ လူတွေ အများကြီးရှိတယ်နော်... ခင်ဗျားက အလကား လျှောက်ပြောနေလို့ မရဘူး..."
စုန့်မင် စိုးရိမ်လာခဲ့ပြီ ဖြစ်သည်။ သူကိုယ်တိုင်ပင် Lamborghini Aventador တစ်စီးကို မပိုင်ဆိုင်ထားချေ။
ဘာလို့ ဒီကောင်လေးက ပိုင်ဆိုင်ထားရတာလဲ...
ပြီးတော့ သူပြောပုံအရ သူက အဲဒီ Lamborghini Aventador ကိုတောင် သူတစ်ပါးကို ပေးလိုက်သေးတယ်ပေါ့...
ဒါက သူက ငါ့ထက် အများကြီး ပိုချမ်းသာတဲ့ သူဌေးတစ်ယောက်ဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား...
ဒါဆို ငါက သူ့အောက် နိမ့်ကျမသွားဘူးလား...
ခဏတာမျှ စုန့်မင်၏ မျက်လုံးများထဲတွင် အတွေးပေါင်းစုံ ပြည့်နှက်သွားခဲ့၏။ အစီအစဉ်မှူးအနေဖြင့် အမှားတစ်ခုခု လုပ်မိခဲ့ခြင်းဖြစ်ရန် သူ အပြင်းအထန် မျှော်လင့်နေခဲ့ပေသည်။
"လူကြီးမင်းက စုယွမ်လား ခင်ဗျာ..."
အစီအစဉ်မှူးက မေးလိုက်၏။
"ဟုတ်ပါတယ်..."
စုယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ အမှားအယွင်း မရှိပါဘူး... Lamborghini Aventador ကို ပိုင်ဆိုင်တာက လူကြီးမင်း စုယွမ်ပါပဲ..."
အစီအစဉ်မှူးက ပြတ်ပြတ်သားသား ကြေညာလိုက်ချေ၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
စုန့်မင် ယိမ်းယိုင်သွားကာ နေရာတွင်ပင် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရပေသည်။
သူသည် ဤရလဒ်ကို လုံးဝ လက်မခံချင်ခဲ့ချေ။
ဤအရာက သူ့အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခုပင် ဖြစ်သည်။
"ဘာဖြစ်လို့လဲ... ငါ့မှာ ကားတစ်စီးရှိတာကို မင်းက ဘာလို့ အဲဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ... မင်းအတွက် တစ်ခုခု အခက်အခဲဖြစ်သွားလို့လား..."
စုယွမ်က စုန့်မင်အား မေးလိုက်၏။
"ငါ..."
စုန့်မင် စကားဆွံ့အသွားခဲ့သည်။
စုယွမ် ပြောခဲ့သောအရာများသည် အမှန်တကယ်ဖြစ်ကြောင်း ကြားသိရချိန်တွင် လူတိုင်းက သူတို့၏ အတွေးများကို ပြောင်းလဲလိုက်ကြလေ၏။
"ငါ သိသားပဲ... ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဘယ်သူက ကြွားလုံးထုတ်နေမှာလဲ... သူတို့ပြောခဲ့တာတွေ အကုန်လုံးက အမှန်တွေ ဖြစ်နေတာကိုး..."
"ဒုက္ခပါပဲ... ငါတော့ ဒီလူရဲ့ လှည့်စားတာကို ခံလိုက်ရပြီ... သူက အမှန်တရားကို ရှင်းရှင်းလင်းလင်း ပြောနေတာကို ဒီလူက ကြွားနေတာပါလို့ အတင်းပြောနေခဲ့တာ..."
"သူတို့က တည်တည်ငြိမ်ငြိမ် နေတတ်တဲ့သူတွေမို့လို့ပါ... ငါတို့ နားမလည်နိုင်တာကလည်း သဘာဝကျပါတယ်... သူတို့လို သူဌေးကြီးတွေနဲ့ ငါတို့က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."
"တကယ်တော့ အစက ငါတို့ ဘာမှမခံစားရပါဘူး... လူတွေကို အမြဲအထင်သေးပြီး ငါတို့ကို လမ်းမှားရောက်အောင် လုပ်ခဲ့တဲ့ ဒီလူငယ်လေးကြောင့်သာ အခုလို ဖြစ်ရတာ..."
စုယွမ် လိမ်လည်ပြောဆိုခဲ့ခြင်း မရှိကြောင်းကို မြင်တွေ့ရချိန်တွင် လူတိုင်းက ဘက်ပြောင်းသွားကြတော့၏။
မည်သို့ပင်ဆိုစေကာမူ သူသည် တကယ့်သူဌေးကြီးတစ်ဦး ဖြစ်နေပေသည်။
ပညာရှိကြီးတစ်ဦးက သူ့ဘက်မှနေ၍ ကျမ်းဂန်များကို ငြင်းခုံဆွေးနွေးပေးနေသည်ဆိုခြင်းမှာ မည်သို့သောအရာဖြစ်ကြောင်း စုယွမ် အမှန်တကယ် ခံစားသိရှိလိုက်ရချေသည်။
သူ၏ အဆင့်အတန်းအမှန် ပေါ်လွင်သွားချိန်တွင် လူတိုင်းက သူ၏ဘက်သို့ လှည့်ကာ ရပ်တည်ပေးခဲ့ကြပေ၏။
ဤသို့သော စိတ်နေသဘောထား ပြောင်းလဲမှုသည် အာကာသထဲသို့ တက်သွားသော ဒုံးပျံတစ်စင်းထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။
“သူ့ကိုပဲ ကြည့်ပါဦး...
တခြားသူမှာ ကားရှိတာတောင် မသိဘဲ...
အစ်ကို့ကို ဘယ်လိုများ လာပြီး ရန်စရဲတာလဲ မသိဘူး...”
စုယွဲ့းက စုန့်မင်၏ အမူအရာကို ကြည့်ပြီး ရယ်မောလျက် ပြောလိုက်၏။
စုန့်မင်သည် ဤကဲ့သို့သော အရှက်ခွဲခံရမှုမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသဖြင့် ခဏတာမျှ သူ၏ နှလုံးသားထဲတွင် ခံမရပ်နိုင်သော နာကျင်မှုကို ခံစားလိုက်ရပေသည်။
"မင်း..."
စုန့်မင်သည် စုယွမ်အား အထင်သေးစေရန် တစ်စုံတစ်ရာ ပြောချင်ခဲ့သော်လည်း သူ့အနေဖြင့် စုယွမ်နှင့် ပတ်သက်၍ ပြောစရာစကား လုံးဝ မရှိတော့ကြောင်း တွေ့ရှိလိုက်ရ၏။
"တကယ်လို့ သူ တကယ်ပဲ မဲပေါက်ခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လဲ..."
"သူ မဲပေါက်ခဲ့တာ မှန်ပေမဲ့ Lamborghini Aventador လို ဇိမ်ခံပစ္စည်းတွေကို သူ့ရဲ့ ဝန်ထမ်းတွေကို ပေးလိုက်တယ်လို့ ပြောတာကတော့ လိမ်နေတာသေချာတယ်."
စုန့်မင်၏ နောက်လိုက်များသည် ဤအချက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ကြလေသည်။
မည်သို့ပင်ဖြစ်စေ ထိုကားသည် ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိပေ၏။ မည်သူကများ ထိုမျှလောက် အလွယ်တကူ ပေးကမ်းလိုမည်နည်း။ အထူးသဖြင့် ဝန်ထမ်းတစ်ဦးကိုပင် ဖြစ်သည်။
"ပြောစမ်းပါဦး... မင်းတို့သူဌေးက တကယ်ပဲ အဲဒီလောက် သဘောကောင်းနေတာလား..."
စုန့်မင်၏ နောက်လိုက်က ဆက်ပြောလိုက်၏။
ဤစကားကို ကြားချိန်တွင် စုန့်မင်သည် နောက်ထပ် အကြံဉာဏ်တစ်ခု ချက်ချင်း ရရှိသွားပြီး မတ်မတ်ရပ်ကာ လျင်မြန်စွာ ပြောလိုက်သည်။
"အားလုံးပဲ... သူ့ရဲ့ လှည့်စားမှုကို အလွယ်တကူ မခံကြပါနဲ့... Lamborghini တစ်စီး ရှိတာက အထူးအဆန်း မဟုတ်ပေမဲ့ အဲဒီကားကို သူများပေးလိုက်တယ်ဆိုတာက ယုတ္တိရှိတယ်လို့ ထင်လို့လား..."
"လက်တွေ့ဘဝမှာ ဒီလောက် ရက်ရောတဲ့ သူဌေးမျိုးကို ခင်ဗျားတို့ မြင်ဖူးကြလို့လား..."
"သူ တကယ်တမ်း ပေးခဲ့တယ်လို့ ငါ မထင်ဘူး... အထင်ကြီးခံရအောင် ကြွားပြောနေတာသက်သက်ပဲ..."
"ဒီလူက သိပ်ပြီး ကြွားလွန်းတယ်... အားလုံးပဲ သူ့ရဲ့ လှည့်စားမှုကို မခံကြပါနဲ့..."
စုန့်မင်က စုယွမ်ကို လက်ညှိုးထိုးကာ အလျင်အမြန် ပြောလိုက်၏။
စုယွမ်နှင့် စုယွဲ့းတို့ အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်စီ၏ ကူကယ်ရာမဲ့နေမှုကို ခံစားမိလိုက်ကြပေသည်။
"ဟုတ်တယ်... ဒီလို သူဌေးမျိုးကို တစ်ယောက်ယောက်များ မြင်ဖူးကြလို့လား... ငါတော့ တစ်ခါမှ မမြင်ဖူးဘူး..."
"မနှစ်က တရုတ်နှစ်သစ်ကူးတုန်းက ငါ့သူဌေးက သစ်သီးတစ်ဖာပဲ ပေးတာ... တခြား ဘာမှမရဘူး..."
"ဒါပေါ့... ဒီနှစ်ပိုင်း သူဌေးတွေက တော်တော်လေး ကပ်စေးနည်းကြတာ... ဝန်ထမ်းတွေဆီကနေ လစာမဖြတ်ရင်ကို တော်လှပြီ... ယွမ်သန်းပေါင်းများစွာ တန်တဲ့ ကားတွေကို ပေးတယ်လို့ ပြောတာကတော့ တကယ့်ကို ရယ်စရာပဲ... BMW နဲ့ Mercedes-Benz လို ထိပ်တန်း ကော်ပိုရေးရှင်းတွေတောင် အဲဒီလောက် ရက်ရောမှာ မဟုတ်ဘူး မလား..."
"အို... ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ... တကယ်လို့ မင်းက ကားကို တကယ်ပေးခဲ့တယ်ဆိုရင်တော့ ငါတို့ သေချာပေါက် ချီးကျူးမှာပေါ့... ဒါပေမဲ့ မပေးခဲ့ဘူးဆိုရင်တော့ အားလုံးကို လှည့်စားနေတာ မဟုတ်ဘူးလား..."
"လှည့်စားမှုကနေ ရလာတဲ့ အရသာတွေနဲ့ မင်း တကယ်ပဲ စိတ်သက်သာရာ ရနေတာလား..."
လူအုပ်ကြီးသည် သူတို့၏ ဖောက်ပြန်လွယ်သော သဘာဝကို ပြီးပြည့်စုံစွာ ပြသလိုက်ကြလေ၏။
"ဟက်... ညီလေး... မင်းက သိပ်ပြီး ကြွားလွန်းနေတာပဲ..."
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... မင်းက ကံကောင်းတဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်မျှသာပဲ... ဒီလိုမျိုး ကြွားလုံးထုတ်နေစရာ မလိုပါဘူး..."
စုန့်မင်က မောက်မာစွာဖြင့် ပြောလိုက်သည်။
စုယွဲ့းက ပြန်လည်ချေပရန် ပြင်လိုက်ချိန်မှာပင် ဦးထုပ်၊ နေကာမျက်မှန်နှင့် နှာခေါင်းစည်း တပ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လူအုပ်ကြီး၏ ဝန်းရံမှုဖြင့် သူမဆီသို့ လျင်မြန်စွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။
"ဒါ ဝမ်ချုံချုံပဲ..."
အမျိုးသားကို မြင်ချိန်တွင် တစ်စုံတစ်ယောက်က အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"ဘာ... ယီတာလုပ်ငန်းစုရဲ့ အမွေဆက်ခံသူလား..."
ဝမ်ချုံချုံလည်း ဤနေရာသို့ ရောက်ရှိနေပေသည်။
"သူက ဒီကားကို ဝယ်ချင်နေတာများလား..."
ဝမ်ချုံချုံအား မြင်တွေ့ရချိန်တွင် လူတိုင်း စိတ်လှုပ်ရှားသွားကြလေ၏။
"သူပဲ..."
ဝမ်ချုံချုံအား မြင်ချိန်တွင် စုန့်မင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ဤသူမှာ ထိပ်တန်း ဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ဦး ဖြစ်ပေ၏။ အကယ်၍ သူသာ ဤသူနှင့် မျက်နှာရအောင် လုပ်နိုင်ပါက ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် တစ်စုံတစ်ရာ ရရှိနိုင်ပေလိမ့်မည်။
စုန့်မင်က အလျင်အမြန် ရှေ့သို့တိုးကာ ဝမ်ချုံချုံထံ ချဉ်းကပ်သွားပြီး အခြားသူများကို ဘေးသို့ တွန်းဖယ်လိုက်သည်။
"မင်္ဂလာပါ... အစ်ကိုချုံ... ကျွန်တော်က စုန့်မင်ပါ... ကျွန်တော့်အဘိုးက ပညာရှင်စုန့်လင်းလေ... အစ်ကို သိတယ်မလား..."
စုန့်မင်သည် အလွန်တရာ ရိုသေလေးစားနေခဲ့၏။
"အင်း..."
ဝမ်ချုံချုံက ပြန်မဖြေဘဲ သူ၏ဖာသာ ရှေ့သို့ ဆက်လျှောက်သွားကာ ကားရှေ့သို့သွား၍ ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။
ဝမ်ချုံချုံ တုံ့ပြန်သည်ကို မြင်ရသဖြင့် စုန့်မင် အလွန်ဝမ်းသာသွားပြီး မျက်နှာရရန် အလျင်အမြန် ကြိုးပမ်းကာ စုယွမ်၊ စုယွဲ့းနှင့် လီဟူတို့အား လက်ညှိုးထိုးပြလိုက်သည်။
"အစ်ကိုချုံ ရောက်လာပြီ... မြန်မြန် လမ်းဖယ်ပေးကြစမ်း... မင်းတို့က အဲဒီနေရာကနေ ကြည့်ပြီး ဘာနားလည်မှာမို့လို့လဲ..."
စုန့်မင်က ဒေါသတကြီး အော်ဟစ်ဆူပူလိုက်၏။
ဤစကားကို ကြားချိန်တွင် သူတို့သုံးဦးမှာ နေရာတွင်ပင် ဆက်လက်ရပ်နေခဲ့ကြသည်။
ဝမ်ချုံချုံသည် အစပိုင်းတွင် သိပ်ပြီး အရေးမစိုက်ခဲ့သော်လည်း စုယွဲ့းနှင့် စုယွမ်တို့အား မြင်တွေ့လိုက်ရချိန်တွင် ထိတ်လန့်သွားခဲ့ချေသည်။
"ဟေ့... မင်းတို့ လူစကား နားမလည်ဘူးလား..."
စုန့်မင်က အော်ဟစ်လိုက်၏။
"ဖယ်စမ်းပါ..."
ဝမ်ချုံချုံက သူ၏ နှာခေါင်းစည်းနှင့် နေကာမျက်မှန်ကို အလျင်အမြန် ချွတ်လိုက်ပြီး သူတို့သုံးဦးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
"မမလေးစု... ကျွန်တော့်ကို မှတ်မိသေးရဲ့လား... ကျွန်တော် ဝမ်ချုံချုံပါ..."