အခန်း ၃၁၅
Vol. 28 Ch. 315
အခန်း (၃၁၅) ကြော်ငြာမော်ဒယ်
ဝမ်ထျန်းရှန်းနှင့် တွေ့ဆုံမည့်နေရာကို ဆွေးနွေးပြီးနောက် စုယွမ် ထွက်ခွာသွားလေ၏။
မကြာမီမှာပင် ထိုသူနှစ်ဦးသည် ရုံးခန်းအတွင်း၌ တွေ့ဆုံခဲ့ကြပေသည်။
"ဥက္ကဋ္ဌစု... ကျွန်တော်တို့ ထပ်တွေ့တဲ့အခါ ကျွန်တော်တို့ရဲ့ နေရာတွေ ပြောင်းသွားလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး..."
"ဒါက တကယ့်ကို..."
ဝမ်ထျန်းရှန်းမှာ အတော်လေး စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပေ၏။
ဘာပဲဖြစ်ဖြစ် ငါက အကြီးအကျယ် ရှုံးသွားတယ်လို့ ပြောလို့ရတာပေါ့...
"သူဌေးဝမ်... ဒီအခြေအနေ ပြောင်းလဲသွားတာကို ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး... ဒီလိုဖြစ်လာမှတော့ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လိုက်တာ အကောင်းဆုံးပါပဲ..."
"ဟန်ထိုက်လုပ်ငန်းစုကြီးလို ကုမ္ပဏီကြီးတစ်ခုတောင် ဒီလိုမျိုး ပြိုလဲသွားသေးတာပဲ..."
စုယွမ် ဝင်ထိုင်လိုက်၏။
"ဟုတ်တာပေါ့..."
"စကားတွေ ပြောနေတာ တော်လောက်ပြီ... ဥက္ကဋ္ဌစု... ကျွန်တော်ပေးတဲ့ဈေးကို သဘောကျရဲ့လား..."
ဝမ်ထျန်းရှန်းက လိုရင်းကို တိုက်ရိုက် မေးလိုက်ပေသည်။
"သေချာပေါက်ပေါ့..."
စုယွမ် ပြန်ဖြေလိုက်၏။
"ဒါဆို ကောင်းတာပေါ့... ဒါက အခုလေးတင် ရေးဆွဲထားတဲ့ စာချုပ်ပါ... ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်လိုက်ပါဦး..."
ဤအချိန်တွင် စုယွမ်အပေါ်ထားရှိသော ဝမ်ထျန်းရှန်း၏ အကြည့်များမှာ ယခင်ကနှင့် လုံးဝ ကွဲပြားနေခဲ့ချေပြီ။ သူ၏ မျက်လုံးထဲတွင် စုယွမ်သည် ပိုက်ဆံအနည်းငယ်ရှိသော လူငယ်လေးတစ်ယောက်မျှသာ မဟုတ်တော့သည်မှာ သေချာလှပေ၏။
"အင်း... ပြဿနာ မရှိပါဘူး..."
စုယွမ် ခေါင်းညိတ်လိုက်ပြီးနောက် သူတို့နှစ်ဦးသည် သဘောတူညီချက်ကို စတင်လက်မှတ်ရေးထိုးလိုက်ကြလေသည်။
တစ်နာရီအကြာတွင် လုပ်ငန်းစဉ်များအားလုံး ပြီးစီးသွားခဲ့ချေ၏။
"ယွမ် ၁ ဘီလီယံ တော့ လွှဲပြီးသွားပါပြီ... ဥက္ကဋ္ဌစု... တစ်ချက်လောက် စစ်ကြည့်လိုက်ပါဦး..."
ဝမ်ထျန်းရှန်းက ပြောလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် စုယွမ်အား စောစီးစွာ ဆက်သွယ်ခဲ့သဖြင့် ဤအခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်ပေ၏။
ဆောက်လက်စ အဆောက်အအုံကို ပြုပြင်မွမ်းမံပြီးနောက် ကနဦးရင်းနှီးမြှုပ်နှံမှု ယွမ် ၁ ဘီလီယံ ကို နုတ်လိုက်လျှင်ပင် သူ၏အတွက် အမြတ်ငွေ ယွမ် သန်းနှစ်ရာမှ သုံးရာအထိ ရရှိနိုင်သေးပေသည်။
ကျင်းတူးမြို့ရှိ ဆောက်လက်စ အဆောက်အအုံများသည် အခြားနေရာများနှင့် မကွာခြားသော်လည်း ၎င်းတို့၏ဘေးတွင် ကျောင်းတစ်ကျောင်း ဆောက်လုပ်ခြင်းက ကြီးမားသော ခြားနားချက်ကို ဖြစ်ပေါ်စေခဲ့လေပြီ။
"သူဌေးဝမ်... သွားလိုက်ပါဦးမယ်... ကျွန်တော်တို့ နောက်ထပ် ပူးပေါင်းခွင့်ရဦးမယ်လို့ မျှော်လင့်ပါတယ်..."
စုယွမ်သည် ဝမ်ထျန်းရှန်းနှင့် လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်၏။
"ဥက္ကဋ္ဌစုနဲ့ နောက်တစ်ကြိမ် ပူးပေါင်းရမယ့်အချိန်ကို မျှော်လင့်နေပါ့မယ်..."
ဝမ်ထျန်းရှန်းက ပြန်ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦး အပြင်သို့ ထွက်လာခဲ့ကြပေ၏။
"သူဌေး... သူက ယွမ် ၁ ဘီလီယံ သုံးပြီး ဝယ်လိုက်တာတောင် အမြတ်ကျန်သေးလို့လား... တကယ်လို့ ကျန်သေးတယ်ဆိုရင် ဘာလို့ ကျွန်တော်တို့ကိုယ်တိုင် အမြတ်အများဆုံးရအောင် မလုပ်တာလဲ..."
လီဟူက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"သူက ပိုက်ဆံရှာနိုင်ပေမဲ့ အဲဒီအတွက် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေနဲ့ စောင့်ဆိုင်းရမယ့်အချိန်တွေအပြင် တခြား လုပ်စရာကိစ္စတွေ အများကြီး လိုအပ်သေးတယ်..."
"ငါ့အတွက်ကတော့ မြန်မြန်ဆန်ဆန် ပိုက်ဆံရဖို့ပဲ... ဒီနေရာမှာ အချိန်နဲ့ ခွန်အားတွေ ဖြုန်းတီးဖို့ ငါ့မှာ အချိန်မရှိဘူး..."
"ဒါ့အပြင် အမြတ်ငွေ ယွမ်၁ ဘီလီယံ ဆိုတာကလဲ အများကြီးပဲမဟုတ်ဘူးလား..."
စုယွမ်က ပြုံးလျက် ပြောလိုက်၏။
"ဟုတ်တယ်... ဆောက်လက်စ အဆောက်အအုံကို ပြင်ဆင်ရတာက သေးငယ်တဲ့ ပရောဂျက်တစ်ခုမှ မဟုတ်တာ..."
"တကယ်လို့များ သူဌေးသာ အဲဒီအပေးအယူကို မရခဲ့ရင် သူဌေးဝမ်က အဲဒီပိုက်ဆံတွေကို ရသွားလောက်တယ်..."
လီဟူသည် စုယွမ်အား ရိုးသားစွာဖြင့် အလွန် လေးစားသွားခဲ့ချေသည်။
ဤငွေရှာနိုင်စွမ်းမှာ နိုင်ငံအတွင်း အကောင်းဆုံးသူများထဲတွင် ပါဝင်နေပေ၏။ သေချာပေါက် စတော့ရှယ်ယာ ရောင်းချသူများကိုတော့ ဖယ်ထားရမည် ဖြစ်ပေသည်။
သူတို့သည် စားသောက်ဆိုင်တစ်ဆိုင်ဆီသို့ ကားမောင်းသွားခဲ့ကြပြီး စုယွမ်က လီဟူအား ကားရပ်ရန် ညွှန်ကြားလိုက်၏။
ထိုစားသောက်ဆိုင်၏ အမည်မှာ စုယွမ်အတွက် ရင်းနှီးနေခဲ့ပြီး တီဗီဇာတ်လမ်းတွဲတစ်ခုထဲတွင် မြင်ဖူးခဲ့ခြင်း ဖြစ်ပေသည်။ ဇာတ်လမ်းတွဲထဲ၌ ကြက်သွန်မြိတ်နှင့် ပင်လယ်မျှော့ပေါင်း ပြုလုပ်ရာတွင် ကျွမ်းကျင်သော စားဖိုမှူးကျန်းဆိုသူ ရှိလေ၏။ ၎င်းအရသာမှာ မည်သို့ရှိကြောင်း စုယွမ် မြည်းစမ်းကြည့်ချင်ခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ဦး စားသောက်ဆိုင်ထဲသို့ ဝင်သွားကြလေ၏။
သီးသန့်အခန်းတစ်ခန်းသို့ ရောက်ရှိသွားပြီးနောက် ဟင်းအနည်းငယ်ကို မှာယူကာ စတင်စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုအချိန်မှာပင် နောက်ထပ် ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့ပေ၏။
"ဟယ်လို... ဥက္ကဋ္ဌစု... ကျွန်တော်တို့ရဲ့ လင်းလက်ဝက်ခြံပျောက်ဆေးခရင်မ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါပြီ..."
"သေချာ စမ်းသပ်ပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ ဆေးဖော်စပ်မှုစနစ်ရဲ့ အာနိသင်က သိသာထင်ရှားနေပါတယ်..."
"နောက်တစ်ဆင့်ကတော့ ထုတ်လုပ်ဖို့ ပြင်ဆင်ရမှာပါ..."
ကျင်းချန်၏ စိတ်လှုပ်ရှားနေသောအသံ ထွက်ပေါ်လာခဲ့လေ၏။
"အရမ်းကောင်းတယ်..."
"ငါ ဖြေရှင်းပေးဖို့လိုတဲ့ အခက်အခဲ တစ်ခုခုရှိသေးလား..."
စုယွမ်က မေးလိုက်သည်။
"တကယ်တော့ တခု ရှိပါတယ်..."
"ပြဿနာက ကုန်ကြမ်းပစ္စည်းတွေမှာ ဖြစ်နေတာပါ... အဲဒါကြောင့် ကနဦးထုတ်လုပ်မှု ပမာဏက အခုရေ တစ်သိန်းလောက်ပဲ ရနိုင်မှာပါ..."
ကျင်းချန်က ပြောလိုက်၏။
"အင်း... အဲဒါက ပြဿနာ မဟုတ်ပါဘူး... မင်း ကျန်းချန်က ဟွာထိုဆေးဆိုင်ကို သွားလိုက်ပါ... အဘိုးဟွာကို ငါ သိတယ်... တကယ်လို့ သူ့ကို ငါ့နာမည်ပြောလိုက်ရင် ကုန်ကြမ်းပြဿနာကို ငါတို့ ဖြေရှင်းနိုင်လိမ့်မယ်..."
"လက်ရှိမှာတော့ ငါတို့စက်ရုံ နှစ်ရုံစလုံးက ထုတ်လုပ်မှုဘေးကင်းရေးကို အထူးဂရုပြုရမယ်... ဘယ်လိုအခြေအနေမှာမဆို အသေးစိတ်အချက်တွေကို လျစ်လျူမရှုမိစေနဲ့..."
"အမြောက်အမြားထုတ်လုပ်တဲ့ ဆေးရဲ့ အာနိသင်က စမ်းသပ်ဆေးထက် ၅ ရာခိုင်နှုန်းထက် ပိုမလျော့စေရဘူး... ပါဝင်ပစ္စည်း အချိုးအစားကလည်း စမ်းသပ်ဆေးထက် ၅ ရာခိုင်နှုန်းထက် ပိုမနည်းစေရဘူး..."
"အခု ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေးဌာနကို စုစည်းပြီး ဈေးကွက်ရှာဖွေရေး အစီအစဉ်တစ်ခုကို ပြင်ဆင်ထားလိုက်..."
"ဒါပေမဲ့ အစီအစဉ်က အစီအစဉ်ပဲ... ဈေးကွက်ရှာဖွေရေးက ဈေးကွက်ရှာဖွေရေးပဲ... အလွန်အကျွံ ကြွားလုံးမထုတ်နဲ့... ဖောက်သည်တွေကို ဆွဲဆောင်နိုင်တာက ရိုးသားမှုနဲ့ အမှန်တရားတွေပဲ... သိတယ်မလား..."
"ဖောက်သည်တွေက ငါတို့ဆေးရဲ့ တကယ့်အာနိသင်ကို မြင်တွေ့နိုင်အောင် ငါတို့က လုံးဝရိုးသားရမယ်... ဒါမှသာ နာမည်ကောင်းတစ်ခုကို တည်ဆောက်နိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မှာဖြစ်တယ်..."
"ဈေးကွက်ရှာဖွေရေး အစီအစဉ်ကို လက်တွေ့ကျတဲ့ ဦးတည်ချက်နဲ့ပဲ လုပ်ကြရအောင်..."
စုယွမ်က ချက်ချင်း အကြံပြုလိုက်လေသည်။
"နားလည်ပါပါပြီ..."
"ဥက္ကဋ္ဌစု... ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို ထောက်ခံပေးဖို့ ဩဇာလွှမ်းမိုးမှုရှိတဲ့ အနုပညာရှင်တစ်ယောက်ကို ရှာဖို့ ကျွန်တော် အကြံပြုချင်ပါတယ်... ဒါပေမဲ့ အခုချိန်မှာ ကျွန်တော်တို့ဆီမှာ အဲဒီလို အဆက်အသွယ်တွေ မရှိသေးဘူး... ဘယ်လိုထင်လဲ ခင်ဗျာ..."
ကျင်းချန်က နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်၏။
"အဲဒါအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး..."
"ငါ အကုန် စီစဉ်လိုက်မယ်... မင်းရဲ့အလုပ်က အပြည့်စုံဆုံး ဈေးကွက်ရှာဖွေရေး အစီအစဉ်ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ရေးဆွဲဖို့ပဲ... အဲဒါဆို အဆင်ပြေပြီ..."
စုယွမ်က ပြောလိုက်သည်။
"နားလည်ပါပြီ... အခုချက်ချင်း လုပ်လိုက်ပါ့မယ်... တကယ်လို့ ကျွန်တော် မလုပ်နိုင်ရင် ကုမ္ပဏီမှာပဲ ဆက်နေပါ့မယ်..."
ကျင်းချန်က ချက်ချင်း အာမခံလိုက်လေ၏။
"ဟုတ်ပြီ..."
ထို့နောက် စုယွမ် ဖုန်းချလိုက်သည်။ လင်းလက်ဝက်ခြံပျောက်ဆေးခရင်မ်သည် ဤမျှတိုတောင်းသော အချိန်အတွင်း ဈေးကွက်သို့ ရောက်ရှိလာတော့မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထိုခရင်မ်အတွက် ကြော်ငြာမော်ဒယ်ရှာဖွေခြင်းမှာ ပြဿနာမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ရှန်းရှီဖျော်ဖြေရေးကုမ္ပဏီမှာ သူ၏ကိုယ်ပိုင်လုပ်ငန်းဖြစ်ရာ လူရှာရန်မှာ သဘာဝကျကျ အလွန်လွယ်ကူလှပေသည်။
သို့သော် မည်သူ့ကို ဆက်သွယ်ရမည်ကိုမူ အနည်းငယ် စဉ်းစားရန် လိုအပ်ပေ၏။
"လီဟူ... အခုချိန်မှာ ဘယ်အနုပညာရှင်က ရေပန်းအစားဆုံးလဲ..."
စုယွမ်က မေးလိုက်သည်။
"သူဌေးက ရှန်းရှီဖျော်ဖြေရေးကုမ္ပဏီကို ဝယ်ယူပြီးကတည်းက အရည်အချင်းရှိပြီး ကိုယ်ကျင့်တရားကောင်းတဲ့ အနုပညာရှင် အများစုကတော့ ထွက်သွားကြပြီ..."
"ဒါပေမဲ့ ဝက်ခြံပျောက်ဆေးခရင်မ်ကို ကြော်ငြာမှာဆိုတော့ သဘာဝကျကျပဲ လှပတဲ့သူ တစ်ယောက်ကို ရှာဖို့ လိုအပ်နေတာပဲ.."
"ပြီးတော့ အဲဒီလူက အရမ်းကို ရေပန်းစားနေဖို့လည်း လိုတယ်..."
"သူဌေး ခေါ်ထားခဲ့တဲ့ အဆိုတော် ရော့ရှီကို မှတ်မိသေးလား... သူက အခု ငါတို့ နိုင်ငံရဲ့ ထူးချွန်တဲ့ အဆိုတော်တစ်ယောက် ဖြစ်နေပြီ... အထူးသဖြင့် သူ့ရဲ့ ဒုတိယ အယ်လ်ဘမ် ထွက်ပြီးကတည်းက တချို့လူတွေက သူ့ကို တရုတ်ဂီတလောကရဲ့ ထိပ်တန်း အနုပညာရှင်လို့တောင် ခေါ်နေကြပြီ..."
"သူက အသင့်တော်ဆုံးပဲလို့ ကျွန်တော် ထင်တယ်..."
လီဟူက အကြံပြုလိုက်၏။
ဤအရာမှာ စုယွမ် စဉ်းစားနေသော ကိစ္စပင် ဖြစ်သည်။
ဗီဒီယိုများကို ကြည့်ရှုရင်း ရော့ရှီ၏ အနုပညာကြေးမှာ ယခုအခါ ယွမ်သန်းဆယ်ချီအထိ မြင့်တက်လာပြီဖြစ်ကြောင်း သူ သိရှိခဲ့ရ၏။
ထို့အပြင် သူမသည် လုပ်ငန်းနယ်ပယ်အတွင်း အခကြေးငွေ မြင့်မားသော်လည်း အလွန်တန်ဖိုးရှိသော အနုပညာရှင်တစ်ဦးအဖြစ်လည်း လူသိများနေခဲ့သည်။
ဇိမ်ခံအမှတ်တံဆိပ်များ အပါအဝင် ကုမ္ပဏီအများအပြားက သူမကို ကြော်ငြာကိုယ်စားလှယ် (Brand Ambassador) သို့မဟုတ် ကြော်ငြာမော်ဒယ်အဖြစ် ခန့်အပ်လိုခဲ့ကြသော်လည်း၊ သူမက ကမ်းလှမ်းချက်အားလုံးကို ငြင်းပယ်ခဲ့လေ၏။
အစားအသောက်များ ရောက်မလာသေးသည်ကို မြင်ရသဖြင့် စုယွမ်သည် လင်းရှန်ထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
"မန်နေဂျာလင်း... ငါ့ဆီမှာ ဝက်ခြံပျောက်ဆေးခရင်မ်အတွက် ကြော်ငြာမော်ဒယ် တစ်ယောက်လိုနေတယ်... ဈေးနှုန်းက ယွမ် ဆယ့်ငါးသန်းပေါ့..."
"ရော့ရှီကို ကြော်ငြာမော်ဒယ်အဖြစ် အသုံးပြုချင်တယ်... မင်းမှာ အချိန်ရှိလား..."
စုယွမ်က မေးလိုက်၏။
"အချိန်ကတော့ ရှိပါတယ်... ဒါပေမဲ့..."
"ဝက်ခြံပျောက်ဆေးခရင်မ်ကို ကြော်ငြာရတာက သိပ်ပြီး အကြံကောင်း ဖြစ်မယ်မထင်ဘူး..."
"ဒါမှမဟုတ် သိပ်ပြီး အဆင်မပြေဘူးလို့ ပြောရမလားပဲ..."