← Chapters

အခန်း ၃၁၆

Vol. 28 Ch. 316

အခန်း ၃၁၆

Vol. 28 Ch. 316

အခန်း (၃၁၆) ကျင်းတူးတက္ကသိုလ်

"အဆင်မပြေဘူးလား... အချိန်ဇယားများ တိုက်နေလို့လား..."

စုယွမ်က ချက်ချင်း မေးလိုက်သည်။

"အဲဒီလို မဟုတ်ပါဘူး... ဥက္ကဋ္ဌစု... ဥက္ကဋ္ဌရဲ့ ကိစ္စတွေက ကျွန်မတို့ ဝန်ထမ်းတွေအတွက် သေချာပေါက် ဦးစားပေးပါပဲ..."

"အဓိကပြဿနာက အမှတ်တံဆိပ်ကိုယ်စာလှယ်တစ်ယောက် ရွေးချယ်တာက ကုန်အမှတ်တံဆိပ်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါ... ရော့ရှီက မကြာသေးခင်က အလုပ်တွေ အရမ်းများနေတော့ အနားယူချိန် မလုံလောက်ဘဲ မျက်နှာမှာ ဝက်ခြံတွေ အများကြီး ထွက်နေတယ်..."

"အဲဒီလိုလူမျိုးက ဝက်ခြံပျောက်ဆေးခရင်မ်ကို ကြော်ငြာပေးတာက အမှတ်တံဆိပ်ကို ဖျက်ဆီးလိုက်သလို ဖြစ်နေမလားလို့ ကျွန်မ စဉ်းစားနေတာပါ..."

လင်းရှန်က ရှင်းပြလိုက်၏။

"ဪ... သဘောပေါက်ပြီ... ဒါပေမဲ့ အဆင်ပြေပါတယ်..."

"ဒါက ငါ့ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့အတွက် ငါ့မှာ ယုံကြည်မှု အပြည့်အဝ ရှိတယ်... ငါ့ရဲ့ ဝက်ခြံပျောက်ဆေးခရင်မ်က လက်ရှိထုတ်ကုန်တွေထက် သာလွန်ပြီး အာနိသင်ကလည်း ချက်ချင်းသိသာတယ်..."

"မင်း စိတ်ချလက်ချနဲ့ သူ့ကို လာခိုင်းလိုက်လို့ ရပါတယ်..."

စုယွမ်က ပြောလိုက်သည်။

"အို... သိပါပြီ... ဒါဆိုရင်တော့ ကျွန်မ စိတ်အေးသွားပြီ... ဥက္ကဋ္ဌစု... ကျွန်မ အခုချက်ချင်း သတင်းစကား ပါးလိုက်ပါ့မယ်..."

လင်းရှန်က ပြောလိုက်၏။

"အင်း... နောက်ကျရင် ကျင်းချန်လို့ခေါ်တဲ့သူက မင်းကို ဆက်သွယ်လာလိမ့်မယ်... သူက ငါ့ရဲ့ နောက်ထပ် တာဝန်ခံတစ်ယောက်ပဲ... မင်း သူ့ကိုပဲ တိုက်ရိုက်ပြောလိုက်လို့ ရတယ်..."

စုယွမ်က ပြောလိုက်သည်။

"စိတ်မပူပါနဲ့... ကျွန်မ အားလုံး စီစဉ်လိုက်ပါ့မယ်..."

လင်းရှန်း စကားပြောပြီးနောက် သူတို့နှစ်ဦး ဖုန်းချလိုက်လေ၏။

ယခုအခါတွင် ဝက်ခြံပျောက်ဆေးခရင်မ်နှင့် ၎င်း၏ ကြော်ငြာမော်ဒယ်ကိစ္စများ ပြေလည်သွားပြီဖြစ်ရာ ကြော်ငြာရိုက်ကူးရေးအတွက် အချိန်နှစ်ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး တတိယမြောက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပမည် ဖြစ်ပေသည်။

ထို့နောက်တွင်မူ ကြိုတင်ရောင်းချမှုများ လာပေတော့မည်။

လင်းလက်ဝက်ခြံပျောက်ဆေးခရင်မ်သည် နိုင်ငံတစ်ဝန်းတွင် အံ့မခန်း ရေပန်းစားလာမည်ကို စုယွမ် ကြိုတင်မြင်ယောင်နေမိပြီ ဖြစ်၏။

ဤအကြောင်းကို စဉ်းစားနေစဉ်မှာပင် မှာထားသော အစားအသောက်များ ရောက်ရှိလာခဲ့လေသည်။

စားသောက်နေစဉ်အတွင်း စုယွမ်သည် ယနေ့အတွက် သတင်းအချက်အလက်များထဲမှ တစ်ခုကို စတင်စစ်ဆေးကြည့်ရှုလိုက်သည်။

[ယနေ့ သတင်းအချက်အလက်] ကျင်းတူး စုဝမ်ဇီဝဗေဒသုတေသနဌာနမှ သုတေသီ ကျန်းကျိဝေ သည် ဇီဝပြုပြင်ရေးခရင်မ်တစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ ဌာနမှူး စုန့်လင်း သည် ထိုခရင်မ်ကို လူတစ်ဦး၏ မျက်နှာပေါ်တွင် မတော်တဆ စမ်းသပ်အသုံးပြုမိရာမှ ဝက်ခြံနှင့် အရေပြားပြဿနာ အမျိုးမျိုးကို ကုသရာတွင် အံ့မခန်း ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရ၏။ ထို့နောက် စုန့်လင်း၏ ဖိအားပေးမှုကြောင့် ကျန်းကျိဝေသည် ထိုခရင်မ်၏ ဖော်မြူလာနှင့် သက်ဆိုင်ရာ အခွင့်အရေးများကို သူ့ထံသို့ လွှဲပြောင်းပေးရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။ သို့သော် ထိုပြုပြင်ရေးခရင်မ်တွင် ဟော်မုန်းဓာတ်များ အလွန်အကျွံ ပါဝင်နေပြီး ရေရှည်အသုံးပြုပါက အရေပြားကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေနိုင်သည်။

"ငါ့ရဲ့ ဝက်ခြံပျောက်ဆေးခရင်မ်က ဈေးကွက်ထဲ ရောက်တော့မယ့်အချိန်မှာ နောက်ထပ် ဝက်ခြံပျောက်ဆေးခရင်မ်တစ်ခု ထွက်လာပြန်ပြီပဲ..."

"ဒါပေမဲ့ ဒါက သင့်တော်တဲ့ ဝက်ခြံပျောက်ဆေးခရင်မ်မှ မဟုတ်တာ... ဟော်မုန်းတွေ အများကြီး သုံးပြီး ဖန်တီးထားတဲ့ တိရစ္ဆာန်သုံး ထုတ်ကုန်တစ်ခုပဲ..."

"လူနဲ့ တိရစ္ဆာန်က မတူဘူးလေ... တကယ်လို့ ဒါကို လူရဲ့မျက်နှာပေါ်မှာ အသုံးပြုမိရင် ကုစားလို့မရနိုင်တဲ့ ပျက်စီးမှုတွေ ဖြစ်စေလိမ့်မယ်..."

စုယွမ်သည် စုန့်လင်းဟုခေါ်သော ဤလူအပေါ် မကျေမနပ်ဖြစ်သွားခဲ့၏။

ပိုက်ဆံရှာဖို့ ဒီလိုနည်းလမ်းမျိုး သုံးစရာ မလိုပါဘူး...

သူတို့က တိရစ္ဆာန်သုံး ထုတ်ကုန်တွေကို လူတွေအပေါ်မှာ တကယ်ကြီး အသုံးပြုကြတာပဲ...ဒါက လုံးဝကို လွန်လွန်းနေပြီ...

ပညာရှင်တစ်ဦးအနေဖြင့် သူသည် ဤကိစ္စတွင် ပါဝင်နေသော ရှုပ်ထွေးမှုများကို မသိဘဲမနေနိုင်ချေ။

"တကယ်လို့ ငါပြောပြရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး... ပြီးတော့ သူပြောနေတဲ့ ဝက်ခြံပျောက်ဆေးခရင်မ်ဆိုတာက ငါ့ရဲ့ ထုတ်ကုန်လောက် ဘယ်လိုမှ သဘာဝမကျနိုင်ဘူး..."

"ဈေးကွက်က နောက်ဆုံးမှာ အမှန်တရားကို သက်သေပြလိမ့်မယ်... လူတစ်စုက သူ့ရဲ့ထုတ်ကုန်တွေကို သုံးကြလိမ့်မယ်ဆိုတာ ရှင်းနေတာပဲ..."

"တကယ်လို့ တစ်ခုခုမှားယွင်းသွားခဲ့ရင် ငါ့ကို အပြစ်မတင်နဲ့... သက်သေအထောက်အထား ဘာတစ်ခုမှမရှိဘဲ ငါက သူ့ကို သွားပြီး ဖွင့်ချလို့မှ မရတာ..."

"ဒါက သိပ်ပြီး လက်တွေ့မကျလွန်းဘူး..."

စုယွမ် ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်လေ၏။

"စားလို့ ပြီးပြီလား..."

နာရီဝက်အကြာတွင် စုယွမ်နှင့် လီဟူတို့ စားသောက်ပြီးစီးသွားကြပြီး ဟိုတယ်ဆီသို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

ဤကြယ်ငါးပွင့် ဟိုတယ်ရှိ သမ္မတအဆင့် သီးသန့်အခန်းမှာ တကယ့်ကို ထူးခြားလှပေ၏။ နေထိုင်ရသည်မှာ သက်တောင့်သက်သာရှိပြီး ဈေးအနည်းငယ် ကြီးသည်မှအပ အပြစ်ပြောစရာ လုံးဝ မရှိချေ။

စုယွမ်အတွက် ဤနေရာတွင် တစ်သက်လုံး နေထိုင်ရန်မှာ ပြဿနာမဟုတ်သော်လည်း ဤသည်မှာ ဟိုတယ်တစ်ခုမျှသာဖြစ်ပြီး သူ၏ ကိုယ်ပိုင်အိမ် မဟုတ်သေးပေ။

ဟိုတယ်သို့ ရောက်ရှိပြီးနောက် စုယွမ်သည် အနားယူရန် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်လေ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ခရီးသွားလာခဲ့ရသဖြင့် သူသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့ချေပြီ။ မနက်ပိုင်းတွင် အလုပ်လုပ်ရပြီး ညဘက်တွင် အချိန်ပိုဆင်းရပြန်သည်။

သတိမထားမိလိုက်ချိန်မှာပင် ညနေ လေးနာရီသို့ ရောက်ရှိလာခဲ့၏။

စုယွမ်သည် တွေဝေစွာဖြင့် နိုးထလာချိန်တွင် ပိုင်ချန်က သူ၏ဘေး၌ မှီလျက်ရှိနေပေသည်။

"ခုနက စုယွဲ့း ဖုန်းဆက်လာတယ်... ဆွေးနွေးစရာ တစ်ခုရှိတယ်လို့ ပြောတယ်..."

ပိုင်ချန်က ပြောလိုက်၏။

"အို... ဘာဖြစ်လို့လဲ..."

စုယွမ်သည် မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ကျင်းတူးတက္ကသိုလ်က ပွဲတစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားစာ ရောက်နေလို့တဲ့..."

"ကျင်းတူးတက္ကသိုလ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို စကားပြောဖို့ ဖိတ်ကြားတဲ့ ပွဲတစ်ခု ကျင်းပတာလေ... အဲဒီမှာ ကျင်းတူးတက္ကသိုလ် ကျောင်းသားတွေက ရှင် ပါဝင်ပေးဖို့ကို တခဲနက် တောင်းဆိုခဲ့ကြလို့တဲ့..."

"တိုက်တိုက်ဆိုင်ဆိုင်ပဲ စုယွဲ့းကလည်း ကျင်းတူးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာဆိုတော့ ကျင်းတူးတက္ကသိုလ် ပါမောက္ခချုပ်က စုယွဲ့းကို အကူအညီတောင်းပြီး ရှင့်ကို ဖိတ်ခိုင်းလိုက်တာ..."

"အဓိကအကြောင်းရင်းက မနေ့က ကားပြပွဲမှာ ရှင် ဓာတ်ပုံအရိုက်ခံလိုက်ရပြီး အဲဒီဓာတ်ပုံတွေက အွန်လိုင်းပေါ် ရောက်သွားတော့ လူတွေ တွေ့သွားကြတာလေ..."

"စုယွဲ့းက ရှင် သွားမလား မသွားဘူးလားဆိုတာ မေးဖို့ ဖုန်းဆက်လာတာ..."

ပိုင်ချန်က ရှင်းပြလိုက်၏။

"အင်း..."

စုယွမ် စတင်စဉ်းစားလိုက်လေသည်။

ကျင်းတူးတက္ကသိုလ်သည် နိုင်ငံအတွင်းရှိ တက္ကသိုလ်များ၏ ထိပ်တန်းနေရာတွင် ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ကျင်းတူးတက္ကသိုလ်ထက် ပိုကောင်းသော တက္ကသိုလ်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဤတက္ကသိုလ်သည် လူတိုင်း တက်ရောက်လိုသော အမြင့်ဆုံး ပညာရေးအဖွဲ့အစည်းအဖြစ် ဖော်ပြနိုင်ပေ၏။

ကျင်းတူးတက္ကသိုလ်သို့ ခြေလှမ်းရခြင်းမှာ ရွှေရောင်လမ်းမပေါ်သို့ ခြေလှမ်းရခြင်းနှင့် အတူတူပင် ဖြစ်သည်။

အနာဂတ်ဘဝသည် မယုံနိုင်လောက်အောင် တောက်ပနေပေလိမ့်မည်။

စုယွမ်သည် ဒုတိယအဆင့် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့သော်လည်း ကျင်းတူးတက္ကသိုလ်တွင် ပညာသင်ကြားရန် အိပ်မက်မက်ခဲ့ဖူးချေသည်။ ကျင်းတူးတက္ကသိုလ်တွင် မိန့်ခွန်းပြောရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။

ကံကြမ္မာ၏ ရက်စက်လှသော အလှည့်အပြောင်းတစ်ခုပင်။

"ဘယ်လိုလဲ..."

ပိုင်ချန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေကြောင်း ရှင်းလင်းစွာ မြင်တွေ့ရပေ၏။ အကြောင်းအမျိုးမျိုးကြောင့် သူမသည် တက္ကသိုလ်သို့ တစ်ကြိမ်တစ်ခါမျှ မတက်ရောက်ခဲ့ရချေ။

ထို့ကြောင့် တက္ကသိုလ်၊ အထူးသဖြင့် ကျင်းတူးတက္ကသိုလ်ကဲ့သို့သော ထိပ်တန်းအဖွဲ့အစည်းများအပေါ် ရှင်းပြ၍မရနိုင်သော တောင့်တမှုတစ်ခု ရှိနေခဲ့သည်။

"အတူတူ သွားကြတာပေါ့..."

စုယွမ်က တိုက်ရိုက် ပြောလိုက်၏။

"ကောင်းပြီလေ..."

ပိုင်ချန်က ပျော်ရွှင်စွာ သဘောတူလိုက်သည်။

"လာ... လေ့ကျင့်ခန်း နည်းနည်းလောက် လုပ်ရအောင်..."

စုယွမ်က ပြုံးလျက် ပြောလိုက်လေ၏။

"ရှင်နော်..."

ဤနေရာတွင် Fa များတွက်ဖတ်ရန်မသင့်တော်သော စကားလုံး တစ်သောင်းခန့်ကို ချန်လှပ်ထားခဲ့ပါမည်။

ညနေအချိန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ လေ့ကျင့်ခန်းလုပ်ကာ ရေချိုးပြီးနောက် စုယွမ်သည် စုယွဲ့းထံသို့ ဖုန်းခေါ်လိုက်သည်။

"ဟယ်လို... စုယွဲ့း... ကျင်းတူးတက္ကသိုလ် ကိစ္စကို ငါ သဘောတူလိုက်ပြီ... မနက်ဖြန် ဘယ်အချိန်လဲ..."

စုယွမ်က မေးလိုက်၏။

"သဘောတူလိုက်ပြီလား... ကျွန်မက ရှင်လက်မခံဘူး ထင်နေတာ..."

"ကောင်းပြီလေ... ကျွန်မ ရှင်ကို ပါမောက္ခချုပ်ဝမ်ရဲ့ ဆက်သွယ်ဖို့အချက်အလက်တွေ ပေးလိုက်မယ်... သူက အကုန်လုံးကို ပြောပြလိမ့်မယ်..."

စုယွဲ့းက ပြောလိုက်သည်။

"အိုကေ... အကူအညီပေးတာ ကျေးဇူးပဲနော်..."

စုယွမ်က ပြောလိုက်၏။

"ဘာလို့ ဒုက္ခပေးတာတွေ ဘာတွေ ပြောနေရတာလဲ..."

စုယွဲ့းက ပြန်ပြောလိုက်သည်။

ထို့နောက် စုယွမ်သည် ပါမောက္ခချုပ်ဝမ်၏ ဆက်သွယ်ရန် အချက်အလက်ကို ထည့်သွင်းလိုက်ပြီး မကြာမီမှာပင် ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့ပေ၏။

"ဥက္ကဋ္ဌစုလား ခင်ဗျာ... ကျွန်တော်က ကျင်းတူးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဝမ်သယ်ပါ... ကျွန်တော်တို့ကျောင်းမှာ မိန့်ခွန်းပြောဖို့ လက်ခံလိုက်တယ်လို့ ကြားရတဲ့အတွက် အများကြီး ဝမ်းသာမိပါတယ်..."

“ကံမကောင်းစွာနဲ့ပဲ...

မနက်ဖြန် မနက်ကိုးနာရီမှာ ကျွန်တော့်မှာ ပွဲတစ်ခု ရှိနေပါတယ်...အချိန်မီ ရောက်ရမှာဖြစ်လို့ ဥက္ကဋ္ဌစုကို ကိုယ်တိုင် ဧည့်ခံနိုင်မှာ မဟုတ်ပါဘူး...ကျေးဇူးပြုပြီး နားလည်ခွင့်လွှတ်ပေးပါခင်ဗျာ...”ပါမောက္ခချုပ်ဝမ်က အားနာသည့် အပြုံးဖြင့် အလွန်နှိမ့်ချစွာ ပြောလိုက်၏။

စုယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ကျင်းတူးတက္ကသိုလ်၏ ပါမောက္ခချုပ်ဆိုသည်မှာ သာမန်ပါမောက္ခချုပ်မျိုး မဟုတ်ပေ။

သူက မည်သည့် မာနမျိုးမှမရှိဘဲ ပြောဆိုနေခြင်းပင်။

ထိပ်တန်းတက္ကသိုလ်တစ်ခု၏ ပါမောက္ခချုပ်ဖြစ်နေခြင်းမှာ မဆန်းတော့ချေ။

"အဆင်ပြေပါတယ် ပါမောက္ခချုပ်ဝမ်... ပါမောက္ခချုပ်ရဲ့ အလုပ်တွေကိုသာ ဆက်လုပ်ပါ... ကျင်းတူးတက္ကသိုလ်ကို လာရောက်လည်ပတ်ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ..."

စုယွမ်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ... ဥက္ကဋ္ဌစု... ကျွန်တော် အဲဒီအချိန်ကျရင် ကြိုဆိုဖို့ တစ်ယောက်ယောက်ကို စီစဉ်ထားလိုက်ပါ့မယ်... ကျင်းတူးတက္ကသိုလ်မှာ ပျော်ရွှင်စရာ အချိန်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ..."

နောက်ထပ် စကားအနည်းငယ် ဖလှယ်ပြီးနောက် သူတို့နှစ်ဦး ဖုန်းချလိုက်ကြလေ၏။ လေ့ကျင့်ခန်းအနည်းငယ် လုပ်ပြီးနောက် စုယွမ်နှင့် ပိုင်ချန်တို့သည် နောက်တစ်နေ့ ကျင်းတူးတက္ကသိုလ်လှုပ်ရှားမှုများအတွက် ပြင်ဆင်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားကြတော့သည်။

All Chapters