အခန်း ၃၁၈
Vol. 28 Ch. 318
အခန်း (၃၁၈) သူတို့က မိန့်ခွန်းပြောဖို့ ဝင်သွားတာ
"ဟင်..."
ဒုတိယပါမောက္ခချုပ်က အလျင်အမြန် လှမ်းကြည့်လိုက်၏။ ကျင်းတူးတက္ကသိုလ်ရှေ့တွင် လူများကို လိမ်လည်လှည့်ဖြားခြင်းမှာ ရိုးရှင်းသောကိစ္စ မဟုတ်ပေ။
နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုအနေဖြင့် ကျင်းတူးတက္ကသိုလ်သည် အထင်အမြင်သေးခံ၍မရသော ဂုဏ်သိက္ခာကြီးမားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။
“မင်းတို့ လူလိမ်နှစ်ယောက်...အခုထိ ဘာလို့ သူတို့ကို မဖမ်းသေးတာလဲ...
ကိုယ့်အဆင့်အတန်းကိုတောင် မသိဘဲ ဒီကိုလာပြီး လူတွေကို လိမ်ညာရဲသေးတယ်...
ဇိမ်ခံကားတစ်စီး ငှားစီးထားရုံနဲ့ ကိုယ့်ကိုယ်ကို ကျင်းတူးတက္ကသိုလ်က ဘွဲ့ရတစ်ယောက်လို့ တကယ် ထင်နေတာလား...”
အမျိုးသမီးက ရပ်တန့်ခြင်းမရှိဘဲ ဒေါသတကြီး ဆက်လက် အော်ဟစ်ပြောဆိုနေခဲ့၏။
"ဟုတ်တယ်... ဒါက လွန်လွန်းတယ်... သူက ကျင်းတူးတက္ကသိုလ်က ဘွဲ့ရမဟုတ်တာ ရှင်းနေတာကို ကြွားချင်လို့ ငှားကားလာခဲ့သေးတယ်... သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ဘယ်သူသိမှာလဲ..."
"ဟုတ်တယ်... ကျင်းတူးတက္ကသိုလ်က ဒီလောက် မြင့်မြတ်တဲ့နေရာတစ်ခု ဖြစ်နေတာကို သူတို့က လူတွေကို လှည့်စားဖို့ ဒီလိုအရာမျိုးကို သုံးနိုင်သေးတယ်..."
"သူ့ကို ရဲစခန်းဆီ တိုက်ရိုက်ခေါ်သွားပြီး ကျွမ်းကျင်သူတွေနဲ့ ပညာပေးဖို့ ငါ အကြံပြုတယ်... ဒီလိုလူလိမ်မျိုးကို ငါတို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး..."
"ဒီမှာက လည်ပတ်ဖို့ လာကြတဲ့ ကလေးတွေချည်းပဲဆိုတော့ ဒီလူက သူတို့ကို သက်ရောက်မှုမရှိပါစေနဲ့..."
မိဘများက ပြောဆိုလိုက်ကြလေသည်။
"အမှိုက်ကောင်နှစ်ကောင်..."
အမျိုးသမီးသည် စုယွမ်အား မိမိကိုယ်မိမိ ကျေနပ်ဂုဏ်ယူစွာဖြင့် ကြည့်လိုက်ပြီး သူမထံမှ ကျေနပ်မှုများ ဖြာထွက်နေပေ၏။
သို့သော် ဒုတိယပါမောက္ခချုပ်သည် ထိုစကားများကို ကြားပြီးနောက် ထိုသို့ မထင်ခဲ့ချေ။
ပညာရေးနယ်ပယ်တွင် ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ကျင်းတူးတက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ်အဖြစ် ရောက်ရှိလာခဲ့သော သူသည် အကယ်၍ ကျင်းတူးတက္ကသိုလ်မှ ထွက်ခွာသွားပါက မည်သည့်တက္ကသိုလ်၌မဆို ပါမောက္ခချုပ် ဖြစ်လာနိုင်သူပင်။
ထို့ကြောင့် ဤလူနှစ်ဦးကို မြင်ချိန်တွင် သူတို့သည် လိမ်လည်သူများဖြစ်မည်ဟု သူ မယုံကြည်ခဲ့ချေ။
အကြောင်းမှာ သူတို့၏ အသွင်အပြင်နှင့် ဟန်ပန်အမူအရာတို့မှာ ထိုသို့ဖြစ်နိုင်ခြေ မရှိသောကြောင့်ပင်။
"အားလုံးပဲ တိတ်တိတ်နေပေးကြပါ... ဒါက ကျင်းတူးတက္ကသိုလ်ပါ..."
"ကျွန်တော်က ဒုတိယပါမောက္ခချုပ်ပါ... အခြေအနေကို နားမလည်ဘဲ ဒီလိုမျိုး ထင်ရာဆိုင်း ဆုံးဖြတ်ချက်တွေ မချကြပါနဲ့..."
ဒုတိယပါမောက္ခချုပ်က စကားပြောလိုက်သည်နှင့် ဆူညံသံများ မရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ပါမောက္ခချုပ်ပြီးလျှင် ဒုတိယအဆင့်ရှိသော ကျင်းတူးတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် ဖြစ်ပေ၏။
"မင်းတို့နှစ်ယောက်က ကျောင်းကို လည်ပတ်ဖို့ လာတာလား..."
ဒုတိယပါမောက္ခချုပ်က စုယွမ်နှင့် ပိုင်ချန်တို့ကို ကြည့်ကာ မေးလိုက်သည်။
"ဒုတိယပါမောက္ခချုပ်... အဲဒီလူလိမ်နှစ်ယောက်နဲ့ စကားပြောပြီး ဘာလို့ အချိန်ဖြုန်းနေတာလဲ... တစ်ယောက်ယောက်ကို ခေါ်သွားခိုင်းလိုက်လို့ မရဘူးလား..."
အမျိုးသမီးက စိုးရိမ်တကြီး ပြောလိုက်၏။
"အစ်မ... အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်သေးဘဲနဲ့ တစ်ယောက်ယောက်ကို လူလိမ်လို့ မခေါ်ပါနဲ့..."
ဒုတိယပါမောက္ခချုပ်က တင်းမာစွာ ပြောလိုက်သည်။
"ဟွန့်..."
ဒုတိယပါမောက္ခချုပ်၏ ဆူပူကြိမ်းမောင်းမှုကို ခံရပြီးနောက် အမျိုးသမီးသည် ကျယ်လောင်စွာ မပြောရဲတော့ချေ။
"ပါမောက္ခချုပ်ဝမ်က ကျွန်တော်တို့ကို လွှတ်လိုက်တာပါ..."
စုယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
"အို... ပါမောက္ခချုပ်ဝမ်ကလား..."
ပါမောက္ခချုပ်ဝမ်က လွှတ်လိုက်ခြင်းဖြစ်သဖြင့် ဒုတိယပါမောက္ခချုပ်က တိုက်ရိုက် ပြောလိုက်သည်။
"ဒါဆို ခင်ဗျားက ဥက္ကဋ္ဌစုယွမ် ဖြစ်ရမယ်..."
"ဟုတ်ပါတယ်... ကျွန်တော်က စုယွမ်ပါ... ဒါက ကျွန်တော့်ကောင်မလေးပါ..."
စုယွမ်က ပြောလိုက်၏။
"ဒုက္ခပါပဲ... ခြေတစ်လှမ်း နောက်ကျပြီး လူရယ်စရာဖြစ်သွားရပြီ.. ကျွန်တော့်အမှားပါ..."
"ဥက္ကဋ္ဌစု... ကျေးဇူးပြုပြီး အထဲကို ကြွပါ..."
စုယွမ်အား မြင်ချိန်တွင် ဒုတိယပါမောက္ခချုပ်က အလျင်အမြန် ဖိတ်ခေါ်လိုက်လေသည်။
တရုတ်နိုင်ငံ၏ ဉာဏ်ရည်တုကဏ္ဍတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Ar နည်းပညာကုမ္ပဏီ၏ ပိုင်ရှင် ဤဥက္ကဋ္ဌစုအကြောင်းကို သူ ကြားဖူးသည်မှာ ကြာပြီဖြစ်ပေ၏။
ဤသူမှာ တကယ့်ကို အရည်အချင်းရှိသူတစ်ဦးဖြစ်ပြီး စစ်မှန်သော နည်းပညာဘီလူးကြီးတစ်ဦး ဖြစ်လေသည်။
ဒုတိယပါမောက္ခချုပ်က ဤလူလိမ်နှစ်ဦးအပေါ် မည်သို့ဆက်ဆံနေသည်ကို မြင်ရချိန်တွင် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြလေ၏။
"ဘုရားရေ... ဒီလူက ဘယ်သူလဲ... ဘာလို့ ကျင်းတူးတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ်ကတောင် သူ့ကို ဒီလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရတာလဲ..."
"ဟုတ်တယ်... အဲဒီနှစ်ယောက်က လူလိမ်တွေ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ကျောင်းထဲကို ဝင်ခွင့်ပြုလိုက်တာလဲ..."
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်နော်..."
"ဒီလူနှစ်ယောက်က လိမ်လည်သူတွေ လုံးဝ မဟုတ်တာများလား..."
လူတိုင်းက စုယွမ်၏ အဆင့်အတန်းနှင့် ပတ်သက်၍ စတင်ခန့်မှန်းလာကြပေသည်။
"ဘာလို့ သူ့ကို အထဲဝင်ခွင့် ပြုရတာလဲ..."
ဤအချိန်တွင် စုယွမ်အား စွပ်စွဲပြောဆိုခဲ့သော အမျိုးသမီးမှာ မကျေမနပ်ဖြစ်သွားပြီး အလွန်အမင်း အံ့အားသင့်မှုကို ခံစားလိုက်ရ၏။
"လူတိုင်းက တက္ကသိုလ်ကို လည်ပတ်ဖို့ လာကြတာကို ဒီလိမ်လည်သူက ဘာလို့ အရင်ဝင်သွားရတာလဲ..."
"ကျွန်မတို့ ဒီမှာ တန်းစီစောင့်နေတာ အကြာကြီးရှိနေပြီ..."
"ကျင်းတူးတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ် တစ်ယောက်အနေနဲ့ သူ့ကို အရင်ဝင်ခွင့်ပေးဖို့ ရှင့်ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး ဘာလို့ ဒီလောက်တောင် မတရားရတာလဲ..."
"ဒါက ဘယ်လို အပြုအမူမျိုးလဲ... ရှင်က ကျင်းတူးတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနေတာပဲ..."
အမျိုးသမီးက အော်ဟစ်လိုက်လေသည်။
"အစ်မ... စကားကို သေချာပြောပါ... ဒါက ဥက္ကဋ္ဌစုပါ... အစ်မပြောနေတဲ့ လိမ်လည်သူ မဟုတ်ပါဘူး..."
ဒုတိယပါမောက္ခချုပ်က ပြောလိုက်၏။
"ဟက်... သူတို့က လိမ်လည်သူတွေ မဟုတ်ရင်ကော ဘာဖြစ်လဲ... သူတို့က ကျင်းတူးတက္ကသိုလ် ကျောင်းသားတွေလည်း မဟုတ်ဘဲနဲ့ ဒီမှာ အကြာကြီး တန်းစီစောင့်နေတဲ့ ကျွန်မတို့ထက် ဘာလို့ အရင်ဝင်ခွင့်ရတာလဲ..."
"ကျင်းတူးတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ် တစ်ယောက်အနေနဲ့ လူတိုင်းကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား..."
အမျိုးသမီးက မလျှော့တမ်း ဆက်ပြောနေခဲ့သည်။
"ဟုတ်တယ်... သူက လိမ်လည်သူ မဟုတ်ရင်တောင် ကြားဖြတ်ဝင်လို့ မရဘူးလေ... ကျွန်တော်တို့ ဒီမှာ စောင့်နေတာ အကြာကြီးရှိပြီ..."
"ခင်ဗျားက ဒုတိယပါမောက္ခချုပ် ဖြစ်နေရင်တောင် ဒီလိုမလုပ်သင့်ဘူး... သတင်းတွေ ထွက်သွားရင် ကျင်းတူးတက္ကသိုလ်အပေါ် လူထုရဲ့အမြင် ကျဆင်းသွားမှာ မဟုတ်ဘူးလား..."
"ကျွန်တော်တို့ ဒီမနက် အစောကြီးကတည်းက ရောက်နေတာ... ဒါပေမဲ့ ကျင်းတူးတက္ကသိုလ်ကို လည်ပတ်ဖို့ တန်းစီရဦးမယ်လေ... ကျွန်တော်တို့ လူနှစ်သုတ်စာတောင် စောင့်ခဲ့ရပြီးပြီ... ဒီလူနှစ်ယောက်က အခုမှ ရောက်လာတာ ဖြစ်ရမယ်... သူတို့ကို အခု ဝင်ခွင့်ပေးလိုက်တာက စည်းကမ်းဖောက်ဖျက်တာ မဟုတ်ဘူးလား..."
"တကယ်ပါပဲ... ကျင်းတူးတက္ကသိုလ်က နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်လို့ ကြွေးကြော်ထားတာလေ... ဒါက သူတို့ လုပ်ကိုင်တဲ့ပုံစံပဲလား... ငါတော့ တော်တော်လေး စိတ်ပျက်သွားပြီ..."
လူတိုင်းက စတင်ဝေဖန်လာကြလေ၏။
စွပ်စွဲမှုကို စတင်ခဲ့သော အမျိုးသမီးက ဒုတိယပါမောက္ခချုပ်နှင့် စုယွမ်တို့ကို မိမိကိုယ်မိမိ ကျေနပ်ဂုဏ်ယူသော အပြုံးဖြင့် ကြည့်လိုက်သည်။
ငါက သာမန် ရုံးဝန်ထမ်းတစ်ယောက် ဖြစ်နေရင်ကော ဘာဖြစ်လဲ...
မင်းက ချမ်းသာပြီး ဒုတိယပါမောက္ခချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ရှိနေရင်ကော ဘာဖြစ်လဲ...
သူတို့ရဲ့စကားတွေနဲ့ ပတ်သက်လာရင် သူတို့လည်း တန်းစီပြီး တောင်းပန်ရမှာပဲ...
မိမိထက် အဆတစ်ရာ ပိုသာသော လူနှစ်ဦးကို ရင်ဆိုင်ခဲ့ရသဖြင့် အမျိုးသမီး၏ အတ္တမှာ အကြီးအကျယ် ကျေနပ်သွားခဲ့လေ၏။
"ဒုတိယပါမောက္ခချုပ်... ကျင်းတူးတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ် တစ်ယောက်အနေနဲ့ လူတိုင်းကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား..."
အမျိုးသမီးသည် မိမိကိုယ်မိမိ မှန်ကန်သည်ဟု ယုံကြည်ကာ ဒုတိယပါမောက္ခချုပ်အား လက်ညှိုးထိုးလျက် ပြောလိုက်၏။
ပါမောက္ခတစ်ဦး၊ ပါရဂူကြီးကြပ်ရေးမှူးတစ်ဦးနှင့် ပညာရှင်တစ်ပိုင်းဖြစ်သော ဒုတိယပါမောက္ခချုပ်သည် ဤစကားများကို ကြားချိန်တွင် ဒေါသများ ဆူပွက်လာခဲ့ပေသည်။
သို့သော် လူတိုင်း၏ရှေ့တွင် သူ ဒေါသထွက်၍ မရနိုင်ချေ။
သူ၏ရှေ့မှ ရိုင်းစိုင်းသော အမျိုးသမီးကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်လေ၏။
"အစ်မ... ကျွန်တော် တစ်ခုခု မှားယွင်းသွားတယ်လို့ မထင်ပါဘူး... ပြီးတော့ အစ်မကို ရှင်းပြနေဖို့လည်း မလိုအပ်ပါဘူး..."
"ဘာလို့လဲဆိုတော့ ဒီဥက္ကဋ္ဌစုက အစ်မတို့လို ကျင်းတူးတက္ကသိုလ်ကို လည်ပတ်ဖို့ လာတာမဟုတ်လို့ပဲ..."
ဒုတိယပါမောက္ခချုပ်က လေးနက်စွာ ပြောလိုက်သည်။
"ဟက်... သူတို့က လည်ပတ်ဖို့ လာတာမဟုတ်ရင် လူတွေကို လိမ်ဖို့ လာတာပေါ့..."
အမျိုးသမီးက အထင်သေးစွာဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌစုကို ကျင်းတူးတက္ကသိုလ်ရဲ့ ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပါမောက္ခချုပ်က ဖိတ်ကြားထားတာပါ..."
"သူက ကျွန်တော်တို့ကျောင်းက ဖိတ်ကြားထားသူဖြစ်လို့ အချိန်မရွေး ဝင်လာလို့ ရပါတယ်..."
ဒုတိယပါမောက္ခချုပ်က တိုက်ရိုက် ပြောလိုက်လေသည်။
"ဘာ..."
"ဖိတ်ကြားခံထားရတာလား..."
လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီး လုံးဝ အံ့အားသင့်သွားကြ၏။
လည်ပတ်ခြင်းနှင့် မိန့်ခွန်းပြောရန် ဖိတ်ကြားခံရခြင်းမှာ တူညီသောအရာ မဟုတ်ပေ။
လည်ပတ်ရန် လာရောက်သူများထဲမှ အလွန်နည်းပါးသော လူများသာ နောက်ပိုင်းတွင် ကျင်းတူးတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်ကြပေသည်။
ပြီးတော့ ကျင်းတူးတက္ကသိုလ်မှာ မိန့်ခွန်းပြောနိုင်ဖို့နဲ့ နိုင်ငံအတွင်းက ဒီထိပ်တန်း ကျောင်းသားတွေကို စကားပြောဖို့ဆိုတာ...
ဤအရာက သူ၏ အဆင့်အတန်းသည် မည်မျှလွန်ကဲစွာ သာလွန်နေကြောင်း ပြသရန် လုံလောက်ပေ၏။
ဒီလူက တကယ့်ကို အံ့သြစရာကောင်းတာပဲ...
ဤစကားကို ကြားချိန်တွင် အမျိုးသမီး မှင်တက်သွားပြီး ထိတ်လန့်သွားခဲ့သော်လည်း သူမကိုယ်သူမ အတင်းအကျပ် တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတို့ဆီမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ... တစ်ယောက်က ဒုတိယအဆင့် တက္ကသိုလ်ကနေ ဘွဲ့ရထားတာ... နောက်တစ်ယောက်က တက္ကသိုလ်တောင် မတက်ခဲ့ရတာ... သူတို့က ငါ့သားရဲ့ အနာဂတ်ကျောင်းမှာ မိန့်ခွန်းပြောဖို့ ဘာအခွင့်အရေး ရှိလို့လဲ…”