← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁ ခဗျားက ဘာကောင်မို့လို့လည်း

ရေချိုးခန်းထဲသို့ ယန်ကွမ်း ပြန်ဝင်လာပြီး နံရံပတ်ပ တ်လည်ရှိ အက်ကြောင်းများကို လက်နှိပ် ဓာတ်မီး ဖြင့် လိုက်လံရှာဖွေလိုက်ရာ နောက်ဆုံးတွင်မူ အပေါ် ဘက်ရှိ သစ်သားအက်ကြောင်းများကြား၌ အနီရော င်အကောင်တစ်ကောင်ကို တွေ့လိုက်ရ၏။

​ထိုအကောင်သည် သုံးလေးစင်တီမီတာခန့် ရှည်လျာ း ပြီး တစ်ကိုယ်လုံး နီရဲနေကာ ခေါင်းပေါ်တွင် အာ ရုံခံအင်တင်နာတစ်စုံနှင့် ပါးစပ်နေရာတွင် တောက်ပ သော အနီရောင်ညှပ်ပြားတစ်စုံ ရှိနေပေသည်။

​၎င်းကို မြင်လိုက်ရသောအခါ ယန်ကွမ်းက အေးစ က်စွာပြုံးပြီး ရေရွတ်လိုက်၏။

"မင်းလိုကောင်က ဒီနေ့တော့ လွတ်အောင်ပြေးဖို့ မ စဉ်းစားနဲ့တော့ဟဲဟဲ.."

ထို့နောက် တရုတ်တူဖြင့် ထိုးကာ ညှပ်လိုက်ရာ ထို အကောင်မှာမူ ယန်ကွမ်း၏ အမိအရ ဖမ်းဆီးခြင်းခံ လိုက်ရလေသည်။

ထို​မီးသန်ကောင်က ရုန်းကန်ရန် ကြိုးစားသော်လည် း တူကြားမှ ရုန်းမထွက်နိုင်ဘဲ ယန်ကွမ်း၏ ပုလင်း ထဲသို့ ပစ်ထည့်ခြင်း ခံလိုက်ရ၏။

​ယန်ကွမ်းသည် ထိုအကောင်ကို ချက်ချင်းသတ်ရန် မလောဘဲ သေသေချာချာ ထည့်ပိတ်ပြီးနောက် သူ့ အခန်းထဲသို့ ပြန်ယူလာခဲ့သည်။

ထိုနောက်​ရွှီလင်း၏ အခန်းထဲသို့ သူ လှမ်းကြည့်လို က်ရာ သူမ အိပ်ပျော်နေပြီဖြစ်ကြောင်း တွေ့ရသဖြင့် ယန်ကွမ်းလည်း မနှောင့်ယှက်တော့ဘဲ မီးသန်ကော င်ထည့်ထားသည့် ပုလင်းကို သူ့အခန်းထဲတွင် ထား ကာ ရေချိုးရန် ထွက်လာလိုက်၏။

ဤညမှာ ယန်ကွမ်းအတွက်မူ ​အလွန်အေးချမ်းသော ညတစ်ည ဖြစ်ခဲ့ရသည်။

နောက်တစ်နေ့မနက် ယန်ကွမ်း အိပ်ရာမထခင်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။

​သူ အမြန်ထပြီး အပြင်ထွက်ကြည့်လိုက်ရာ စွပ်ကျ ယ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသည့် ရွှီလင်းတစ်ယောက် မျက်နှာသစ်၊ သွားတိုက်ရန် ပြ င်နေသည်ကို တွေ့လိုက်ရသည်။

​"မမရွှီလင်း...ဒဏ်ရာက ဘယ်လိုနေသေးလဲ..”

​"အဆင်ပြေပါတယ်..မနေ့ညက ငါ နှစ်နှစ်ခြိုက်ခြို က် အိပ်ပျော်သွားတာပဲဟ.."

​ရွှီလင်းက ပြုံးပြပြီးနောက် တစ်စုံတစ်ခုကို သတိရ သွားဟန်ဖြင့် သူမ၏ အင်္ကျီကို ပခုံးပေါ်မှ အနည်းင ယ် ဆွဲချလိုက်ရင်း ဆက်ပြောလိုက်၏။

"ဒါနဲ့ ငါ့ကို ကြည့်ပေးပါဦး..အမာရွက်ကြီး ကျန်ခဲ့မှ ာတော့ မဟုတ်ဘူးမလား.."

​"မကျန်ပါဘူး မမရ.. ဒီလိုဒဏ်ရာမျိုးက အမာရွတ် လုံးဝမကျန်နိုင်ပါဘူးဗျာ..”

​ယန်ကွမ်းက ပြုံးလျက် ရွှီလင်း၏ ပခုံးဆီသို့ လှမ်း ကြည့်လိုက်သည်။​အကိုက်ခံရသည့်နေရာမှ သွေး ခြေဥနေပြီး အပေါ်ယံအနာဖေးတက်ကာ ပဲစေ့ခန့်သ ာရှိသော အနီရင့်ရောင် အစက်အပြောက်လေး ဖြစ် နေပြီဖြစ်သည်။

​၎င်းက အရေးမကြီးသော်လည်း သူမ၏ပခုံးပေါ်ရှိ ကြိုးအကြည်လေးကို မြင်လိုက်ရချိန်တွင် ယန်ကွမ်း တစ်​ယောက် ကြောင်အမ်းအမ်း ဖြစ်ခဲ့ရ၏။

​ထို့နောက်မှ ၎င်းမှာ အမျိုးသမီး အောက်ခံ အင်္ကျီ ကြိုး ဖြစ်မည်မှန်း သဘောပေါက်သွားသဖြင့် သူ ဆ က်မကြည့်တော့ဘဲ မျက်လုံးလွှဲလိုက်သည်။

​အမာရွတ်ကျန်မည်မဟုတ်ကြောင်း သေချာသွား သောအခါ ရွှီလင်းက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ယန် ကွမ်းကို ကြည့်ကာ ပြောလိုက်၏။

"မနေ့ညကအတွက် ကျေးဇူးအများကြီးတင်ပါတ ယ် ရှောင်ကွမ်းရယ်..မောင်လေးသာမရှိရင် မမ ဘာ ဖြစ်သွားမလဲတောင် မသိဘူးဟယ်.."

"နည်းနည်းတော့ အန္တရာယ်များသွားတယ် မမရ.. ဒါ ပေမဲ့ ကံကောင်းလို့ ဘာမှ အကြီးအကျယ် ဖြစ်မသွာ းတာ..”

​ယန်ကွမ်းက ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည် ။

"မမသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်နဲ့ မရီးလ ည်း အပြစ်မကင်းသလို ခံစားရမှာဗျ.."

ထိုစကားကြောင့် ​ရွှီလင်း၏ ရင်ထဲ၌ နွေးထွေးသွား ပြီး ယန်ကွမ်းကို ကြည့်သည့် သူမ၏ အကြည့်များ က အမြင်တစ်မျိုး ပြောင်းလဲသွားပေသည်။

​သို့သော်လည်း ယန်ကွမ်းက ၎င်းကို သတိမထားမိ ဘဲ ပြုံးရင်း ပြောလိုက်၏။

"ကျွန်တော် ထမင်းသွားချက်လိုက်ဦးမယ်.. မမလင် းရေ.. အရင် မျက်နှာသစ် သွားတိုက်လိုက်ဦးဗျ"

​"အေး..အေး..”

​ရွှီလင်းက ခေါင်းညိတ်ပြီးနောက် နှစ်ယောက်သား အပြင်သို့ တူတူထွက်လာခဲ့ကြသည်။

​မနေ့ညက ဖြစ်ရပ်ပြီးနောက်တွင်မူ ရွှီလင်းနှင့် ယန် ကွမ်းတို့အကြားက အကွာအဝေးမှာ ပိုမိုနီးကပ်သွား သလို ရှိလှ၏။မနက်စာစားရင်း တစ်ယောက်ကို တ စ်ယောက် စနောက်ရယ်မောကာ အလွန်ပျော်စရာ ကောင်းသော ထမင်းဝိုင်းလေး ဖြစ်ခဲ့ရသည်။

​ထို​ခံစားချက်မျိုးက သိသာလှသဖြင့် ယန်ကွမ်းလ ည်း ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေမိ၏။

​မနက်စာ စားလို့မပြီးခင်မှာပင် ယန်ကွမ်း၏ ဖုန်းမှာ ရုတ်တရက် မြည်လာခဲ့သည်။

​မုရှောင်ဝမ်ဆီက ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း မြင်လိုက် ရသဖြင့် ယန်ကွမ်းက ဖုန်းလက်ခံကာ မေးလိုက်၏။

"ဘာကိစ္စရှိလို့လဲ..မမလေးမု.."

တစ်ဖက်မှ မုရှောင်ဝမ်၏ ပြန်ပြောသံကို ကြားလို က်ရသည်။

​"ဒီနေ့ နင် အလုပ်အားလား..”

​"အလုပ်ကတော့ ရှိတာပေါ့..ဘာဖြစ်လို့လဲ.."

​"ဒါဆိုရင် အဲဒီအလုပ်တွေကို ခဏဘေးဖယ်ထားပြီး မြို့ပေါ်က ငါ့ဆီလာခဲ့ဦး..အရင်က နင့်ကို ကူညီခိုင်း ထားတဲ့ ကိစ္စလေ.."

​ယန်ကွမ်းက ဆွံ့အသွားပြီး ပြန်မေးလိုက်သည်။

"ဟောဗျာ.. နောက်ရက်အနည်းငယ်ကြာမှလို့ ခ ဗျား ပြောထားတာ မဟုတ်ဘူးလား.."

​"အစီအစဉ်က စောသွားလို့ပါအေ.."

​ထိုသို့ပြောပြီးနောက် မုရှောင်ဝမ်က လေသံပြောင်း ကာ စိတ်မရှည်သလို ဆက်ပြောလိုက်၏။

"နင့်အလုပ်ကလည်း အကြီးအကျယ်မှ မဟုတ်တာ မြန်မြန်လာခဲ့စမ်းပါဟာ.."

​"အယ် ဗျာ.... ကျွန်တော့်အလုပ်က မကြီးကျယ်ဘူး လို့ ဘယ်သူက ပြောလဲဗျာ..”

​ယန်ကွမ်းက စိတ်ပျက်လက်ပျက် ပြုံးရင်း ဆက်ပြေ ာလိုက်သည်။

"ကျွန်တော်လည်း တော်တော်အလုပ်များနေတာပါ နော် ခဗျား ခေါ်ချင်တဲ့အချိန်ခေါ်ရမဲ့လူ ကျနေတာ ပဲ.."

​"ဟောတော့... နင်က ငါခိုင်းတာကို ငြင်းမလို့ပေါ့ ဟု တ်လား.."

​မုရှောင်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက် ၏။

"ဒါဆိုလည်း နောက်မှ နင် နောင်တမရနဲ့နော်..”

​"ဘာ..နောင်တလား.."

​ယန်ကွမ်းမှာမူ ခေတ္တမျှ ကြောင်သွားပြီးမှ ပြုံးကာ မေးလိုက်သည်။

"ကျွန်တော်က ဘာအတွက် နောင်တရရမှာလဲ..”

​"ဘာလို့လဲဆိုတော့ နင်ငါ့ကို ကူညီရမယ့်အလုပ်

က ငါ့ရဲ့ ရည်းစားအတုအဖြစ် လာလုပ်ပေးရမှာမို့လို့ လေ အကျိုးခံစားခွင့်တွေလည်း ရှိတယ်နော်.."

​မုရှောင်ဝမ်က တခစ်ခစ်ရယ်ပြီးနောက် ဆက်ပြော လိုက်၏။

"ဒါပေမဲ့ နင်က တကယ်ကြီး အလုပ်များနေတယ်ဆို ရင်လည်း ထားလိုက်ပါတော့.. ငါသာ လက်တစ်ချ က် ယမ်းပြလိုက်ရင် ငါ့ကို ကူညီချင်တဲ့ ယောက်ျား တွေ အလုအယက် ရောက်လာကြမယ်ဆိုတာ ငါ သေချာပေါက် ယုံကြည်တယ်.."

​"ဟာ..အဲ့လိုတော့. မလုပ်ပါနဲ့ဗျာ..”

ထိုစကားကို ကြားလျှင်ကြားချင်း ယန်ကွမ်းတစ် ယောက် ပျာပျာသလဲ ဖြစ်သွားကာ အမြန် ပြောလို က်ရသည်။

"ကျွန်တော်..ကူညီမယ်..ကျွန်တော့်ကိုပဲ စောင့်နေဗျ ာ.. တခြားဘယ်သူ့ကိုမှ မခေါ်နဲ့ဦး.."

​"ဒါကတော့ မသေချာဘူးလေ..မနက် ဆယ်နာရီထိုး တဲ့အထိ မြို့ပေါ်ကို နင် ရောက်မလာရင်တော့ ငါ တ ခြားလူ ရှာရမှာပဲ.."

​ထိုသို့ပြောပြီးနောက် မုရှောင်ဝမ်က ဖုန်းချသွား၏။

​မှောင်မည်းသွားသော ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း ယန်ကွမ်းတစ်ယောက် သက်ပြင်းချကာ ခေါင်းယမ် းလိုက်မိသည်။

​ထို့နောက် သူက ခေါင်းမော့ကာ ရွှီလင်းကို လှမ်းပြေ ာလိုက်၏။

"မမလင်း... မုရှောင်ဝမ်က သူ့ကို ကူညီပေးပါဦးဆို လို့.."

ရွှီလင်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

​"ဒါဆိုလည်း သွားလေ..ဘာပဲဖြစ်ဖြစ် ငါ့မောင်ရဲ့ တောင်သုံးလုံးဥ စိုက်တာလည်း ပြီးသွားပြီဆိုတော့ လောလောဆယ် ဘာမှလုပ်စရာ မရှိသေးဘူးမလား .. "

​သူမမျက်နှာတွင် အပြုံးအရိပ် မရှိသည်ကို မြင်လို က်ရသဖြင့် ယန်ကွမ်း မမေးဘဲ မနေနိုင်တော့ပေ။

"အမ်..မမက.. သဝန်တိုနေတာလားဟီး..."

​"ဘာ...ခစ်ခစ်ခစ်"

​ရွှီလင်းမှာမူ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ တခစ် ခစ် ရယ်မောရင်း ပြန်ပြောလိုက်၏။

"နင်.. ဘာတွေ လျှောက်တွေးနေတာလဲ မမက ဘာ လို့ သဝန်တိုရမှာလဲ.."

​"အော်... ဟုတ်သားပဲ.. ဘာမှမဖြစ်ရင် ပြီးတာပါပဲ.."

​ယန်ကွမ်းက ခေါင်းကို ကုတ်ရင်း ဆက်ပြောလိုက် သည်။

"ဒါဆိုရင် ကျွန်တော် ခဏနေရင် ကားစီးပြီး မြို့ပေါ် သွားလိုက်ဦးမယ်..မမပဲ အိမ်မှာ ဂရုစိုက်ပြီး နေခဲ့နေ ာ်"

​"အင်းပါ..စိတ်မပူနဲ့.."

​ရွှီလင်းက ခေါင်းညိတ်ပြပြီးနောက် ခေါင်းငုံ့ကာ ဆ န်ပြုတ်ကို ဆက်သောက်နေ၏။​ယန်ကွမ်းလည်း အ များကြီး ထပ်မတွေးတော့ဘဲ မနက်စာစားပြီးသည် နှင့် အဝတ်အစားလဲကာ ကားမီအောင် အိမ်မှ အပြေ းအလွှား ထွက်လာခဲ့သည်။

​မြို့သို့သွားမည့် ဘတ်စ်ကားပေါ်တွင် ထိုင်စီးရင်း ပြ တင်းပေါက်ပြင်ပမှ နောက်ကျန်ရစ်ခဲ့သော ရှုခင်းမျ ားကို ကြည့်ကာ ယန်ကွမ်းတစ်ယောက် စိတ်ထဲမှ တွေးတောနေမိသည်။

"ဒီမုရှောင်ဝမ်က ငါ့ကို ရည်းစားအတု လုပ်ခိုင်းရ အောင် ဘာကိစ္စများလဲ..”

“အင်း ​ဒီမိန်းခလေးက ငါ့ကို စိတ်ဝင်စားနေပြီး ဖွင့် ပြောဖို့ ရှက်နေတာကြောင့် ဒီနည်းလမ်းကို သုံးပြီး ငါ နဲ့ ပတ်သက်မှုတစ်ခုခု ဖန်တီးချင်နေတာများလား..”

“​တကယ်လို့ အဲဒါသာ အမှန်ဆိုရင်တော့ လက်ခံပေး လို့ ရပါသေးတယ်..ဒီမိန်းခလေးက စိတ်ဆတ်တတ် ပေမဲ့ လှလှလေး ဆိုတော့လည်း စရိုက်ဆိုးတာလေး ကို အောင့်ကာနမ်းရုံပေါ့ကွာ..ဟီး..”

​လမ်းတစ်လျှောက်လုံးအတွေးပေါင်းစုံ ယန်ကွမ်း လျှောက်တွေးလာခဲ့ပြီးနောက် ကားမှာ မြို့သို့ ဆိုက် ရောက်လာ၏။

​ကားပေါ်မှ ဆင်းဆင်းချင်း ယန်ကွမ်းက ဖုန်းထုတ် ကာ မုရှောင်ဝမ်ဆီ ခေါ်လိုက်သည်။

"ဟေး ခဗျား ဘယ်မှာလဲ..ကျွန်တော် ရောက်ပြီဗျ.."

​"မြန်လှချည်လား..အကျိုးခံစားခွင့် ရှိတယ်ဆိုတာနဲ့ တင် နင်က တော်တော်လေး တက်ကြွနေပါလား.."

မုရှောင်ဝမ်က လှောင်ပြောင်သလို လေသံဖြင့် ပြော လိုက်၏။

"ဟဲ့..ခဏလေး..ငါ မိတ်ကပ်လိမ်းနေလို့..လိမ်းပြီး ရ င် လာခေါ်မယ်..”

​"ကျွန်တော်က စိတ်မရှည်တတ်ဘူး ခဗျားဘယ်မှာ လဲသာပြော..ကျွန်တော်ပဲ လာရှာလိုက်မယ်.."

​"ဒါဆိုလည်း ပြီးရော..မြို့တောင်ဘက်က 'ချန်နန် စံ အိမ်တော်'ကို လာခဲ့. နင်ရောက်တဲ့အချိန်ဆို ငါလည်း တော်တော်ပြင်ဆင်ပြီးလောက်ပြီ”

​"ကောင်းပြီလေ..”

​ယန်ကွမ်း ဖုန်းချလိုက်ပြီး အငှားယာဉ်တစ်စီးကို အ မြန်တားလိုက်သည်။​မိနစ် ၂၀ ကျော်ကြာပြီးနောက် သူသည် ချန်နန် စံအိမ်တော်၏ ဂိတ်ပေါက်ဝသို့ ရေ ာက်လာ၏။

​၎င်းမှာ အဆင့်မြင့်အိမ်ရာဝင်းတစ်ခုဖြစ်ပြီး အိမ်ရာ ဝင်း၏ ဂိတ်ပေါက်ကို ကြည့်ရုံမျှဖြင့် သိသာလှပေ သည်။

​ဆယ်မီတာကျော် မြင့်မားသော ဂိတ်တံခါးကြီးမှာ အလွန်ပင် ခမ်းနားထည်ဝါလှပြီး ဝင်ပေါက်ကို လူနှ င့် ကား သွားလာရန် လမ်းကြောင်းလေးခု ခွဲခြားထာ း၏။

​ယူနီဖောင်းဝတ် လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ တံခါးဝ တွင် မတ်မတ်ရပ်နေကြပြီး သူတို့သည် အရပ် ၁.၈ မီတာခန့်ရှိသော လူငယ်များဖြစ်ကာ အလွန်တက် ကြွပြီး ခန့်ညားထည်ဝါသော ပုံစံရှိနေသည်။

​အိမ်ရာဝင်းအတွင်းရှိ အိမ်များကို လှမ်းကြည့်လိုက် လျှင် စိမ်းစိုထူထပ်သော သစ်တောအုပ်လေးကြား တွင် သုံးထပ်ဗီလာအိမ်ကြီးများအား ခပ်ရေးရေးမျှ သာ ယန်ကွမ်း မြင်တွေ့ရသည်။

ယန်ကွမ်းက လျှာတသပ်သပ်ဖြင့် ရေရွတ်လိုက်မိသ ည်။

​"အားပါးပါး.. ဒီအိမ်ကြီးတွေက အနည်းဆုံးယွမ်ထေ ာ င်ဂဏန်းလောက် ရှိမှာပဲ.."

ထိုအချိန်၌ ​လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေ သော အသံတစ်သံ ထွက်ပေါ်လာ၏။

​"ဘယ်က ထောင်ဂဏန်းလဲ..ဒီတောသားက ဘယ်က ပြုတ်ကျလာတာလဲ.. ဒီက အိမ်ရာဈေးနှုန်းတွေက သောင်းဂဏန်းကနေ စတယ်ဆိုတာ မင်း သိရဲ့လား”

​ယန်ကွမ်း လှည့်ကြည့်လိုက်ရာ တြိဂံပုံ မျက်လုံးတစ်

စုံရှိသော ပိန်ပိန်ပါးပါး လူတစ်ဦးက သူ့ကို အထင် သေးသော အကြည့်ဖြင့် အထက်အောက် စုံဆန် ကြ ည့်နေသည်ကို တွေ့လိုက်ရသည်။

​ဤကဲ့သို့သော အမူအရာနှင့် လေသံက သူ့အား စိ တ်ဆိုးဒေါသထွက်စေသဖြင့် ယန်ကွမ်းက ပြတ်ပြ တ်သားသားပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။

"ခဗျား ဘာကောင်မို့လို့လဲ ကျွန်တော် စကားပြော နေတာ ခဗျား ဝင်ပြောဖို့ အလှည့်ရောက်လို့လား.."

All Chapters