အခန်း ၆၁
Vol. 7 Ch. 61
အခန်း ၆၁ ခဗျားက ဘာကောင်မို့လို့လည်း
ရေချိုးခန်းထဲသို့ ယန်ကွမ်း ပြန်ဝင်လာပြီး နံရံပတ်ပ တ်လည်ရှိ အက်ကြောင်းများကို လက်နှိပ် ဓာတ်မီး ဖြင့် လိုက်လံရှာဖွေလိုက်ရာ နောက်ဆုံးတွင်မူ အပေါ် ဘက်ရှိ သစ်သားအက်ကြောင်းများကြား၌ အနီရော င်အကောင်တစ်ကောင်ကို တွေ့လိုက်ရ၏။
ထိုအကောင်သည် သုံးလေးစင်တီမီတာခန့် ရှည်လျာ း ပြီး တစ်ကိုယ်လုံး နီရဲနေကာ ခေါင်းပေါ်တွင် အာ ရုံခံအင်တင်နာတစ်စုံနှင့် ပါးစပ်နေရာတွင် တောက်ပ သော အနီရောင်ညှပ်ပြားတစ်စုံ ရှိနေပေသည်။
၎င်းကို မြင်လိုက်ရသောအခါ ယန်ကွမ်းက အေးစ က်စွာပြုံးပြီး ရေရွတ်လိုက်၏။
"မင်းလိုကောင်က ဒီနေ့တော့ လွတ်အောင်ပြေးဖို့ မ စဉ်းစားနဲ့တော့ဟဲဟဲ.."
ထို့နောက် တရုတ်တူဖြင့် ထိုးကာ ညှပ်လိုက်ရာ ထို အကောင်မှာမူ ယန်ကွမ်း၏ အမိအရ ဖမ်းဆီးခြင်းခံ လိုက်ရလေသည်။
ထိုမီးသန်ကောင်က ရုန်းကန်ရန် ကြိုးစားသော်လည် း တူကြားမှ ရုန်းမထွက်နိုင်ဘဲ ယန်ကွမ်း၏ ပုလင်း ထဲသို့ ပစ်ထည့်ခြင်း ခံလိုက်ရ၏။
ယန်ကွမ်းသည် ထိုအကောင်ကို ချက်ချင်းသတ်ရန် မလောဘဲ သေသေချာချာ ထည့်ပိတ်ပြီးနောက် သူ့ အခန်းထဲသို့ ပြန်ယူလာခဲ့သည်။
ထိုနောက်ရွှီလင်း၏ အခန်းထဲသို့ သူ လှမ်းကြည့်လို က်ရာ သူမ အိပ်ပျော်နေပြီဖြစ်ကြောင်း တွေ့ရသဖြင့် ယန်ကွမ်းလည်း မနှောင့်ယှက်တော့ဘဲ မီးသန်ကော င်ထည့်ထားသည့် ပုလင်းကို သူ့အခန်းထဲတွင် ထား ကာ ရေချိုးရန် ထွက်လာလိုက်၏။
ဤညမှာ ယန်ကွမ်းအတွက်မူ အလွန်အေးချမ်းသော ညတစ်ည ဖြစ်ခဲ့ရသည်။
နောက်တစ်နေ့မနက် ယန်ကွမ်း အိပ်ရာမထခင်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။
သူ အမြန်ထပြီး အပြင်ထွက်ကြည့်လိုက်ရာ စွပ်ကျ ယ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသည့် ရွှီလင်းတစ်ယောက် မျက်နှာသစ်၊ သွားတိုက်ရန် ပြ င်နေသည်ကို တွေ့လိုက်ရသည်။
"မမရွှီလင်း...ဒဏ်ရာက ဘယ်လိုနေသေးလဲ..”
"အဆင်ပြေပါတယ်..မနေ့ညက ငါ နှစ်နှစ်ခြိုက်ခြို က် အိပ်ပျော်သွားတာပဲဟ.."
ရွှီလင်းက ပြုံးပြပြီးနောက် တစ်စုံတစ်ခုကို သတိရ သွားဟန်ဖြင့် သူမ၏ အင်္ကျီကို ပခုံးပေါ်မှ အနည်းင ယ် ဆွဲချလိုက်ရင်း ဆက်ပြောလိုက်၏။
"ဒါနဲ့ ငါ့ကို ကြည့်ပေးပါဦး..အမာရွက်ကြီး ကျန်ခဲ့မှ ာတော့ မဟုတ်ဘူးမလား.."
"မကျန်ပါဘူး မမရ.. ဒီလိုဒဏ်ရာမျိုးက အမာရွတ် လုံးဝမကျန်နိုင်ပါဘူးဗျာ..”
ယန်ကွမ်းက ပြုံးလျက် ရွှီလင်း၏ ပခုံးဆီသို့ လှမ်း ကြည့်လိုက်သည်။အကိုက်ခံရသည့်နေရာမှ သွေး ခြေဥနေပြီး အပေါ်ယံအနာဖေးတက်ကာ ပဲစေ့ခန့်သ ာရှိသော အနီရင့်ရောင် အစက်အပြောက်လေး ဖြစ် နေပြီဖြစ်သည်။
၎င်းက အရေးမကြီးသော်လည်း သူမ၏ပခုံးပေါ်ရှိ ကြိုးအကြည်လေးကို မြင်လိုက်ရချိန်တွင် ယန်ကွမ်း တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်ခဲ့ရ၏။
ထို့နောက်မှ ၎င်းမှာ အမျိုးသမီး အောက်ခံ အင်္ကျီ ကြိုး ဖြစ်မည်မှန်း သဘောပေါက်သွားသဖြင့် သူ ဆ က်မကြည့်တော့ဘဲ မျက်လုံးလွှဲလိုက်သည်။
အမာရွတ်ကျန်မည်မဟုတ်ကြောင်း သေချာသွား သောအခါ ရွှီလင်းက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ယန် ကွမ်းကို ကြည့်ကာ ပြောလိုက်၏။
"မနေ့ညကအတွက် ကျေးဇူးအများကြီးတင်ပါတ ယ် ရှောင်ကွမ်းရယ်..မောင်လေးသာမရှိရင် မမ ဘာ ဖြစ်သွားမလဲတောင် မသိဘူးဟယ်.."
"နည်းနည်းတော့ အန္တရာယ်များသွားတယ် မမရ.. ဒါ ပေမဲ့ ကံကောင်းလို့ ဘာမှ အကြီးအကျယ် ဖြစ်မသွာ းတာ..”
ယန်ကွမ်းက ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည် ။
"မမသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်နဲ့ မရီးလ ည်း အပြစ်မကင်းသလို ခံစားရမှာဗျ.."
ထိုစကားကြောင့် ရွှီလင်း၏ ရင်ထဲ၌ နွေးထွေးသွား ပြီး ယန်ကွမ်းကို ကြည့်သည့် သူမ၏ အကြည့်များ က အမြင်တစ်မျိုး ပြောင်းလဲသွားပေသည်။
သို့သော်လည်း ယန်ကွမ်းက ၎င်းကို သတိမထားမိ ဘဲ ပြုံးရင်း ပြောလိုက်၏။
"ကျွန်တော် ထမင်းသွားချက်လိုက်ဦးမယ်.. မမလင် းရေ.. အရင် မျက်နှာသစ် သွားတိုက်လိုက်ဦးဗျ"
"အေး..အေး..”
ရွှီလင်းက ခေါင်းညိတ်ပြီးနောက် နှစ်ယောက်သား အပြင်သို့ တူတူထွက်လာခဲ့ကြသည်။
မနေ့ညက ဖြစ်ရပ်ပြီးနောက်တွင်မူ ရွှီလင်းနှင့် ယန် ကွမ်းတို့အကြားက အကွာအဝေးမှာ ပိုမိုနီးကပ်သွား သလို ရှိလှ၏။မနက်စာစားရင်း တစ်ယောက်ကို တ စ်ယောက် စနောက်ရယ်မောကာ အလွန်ပျော်စရာ ကောင်းသော ထမင်းဝိုင်းလေး ဖြစ်ခဲ့ရသည်။
ထိုခံစားချက်မျိုးက သိသာလှသဖြင့် ယန်ကွမ်းလ ည်း ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေမိ၏။
မနက်စာ စားလို့မပြီးခင်မှာပင် ယန်ကွမ်း၏ ဖုန်းမှာ ရုတ်တရက် မြည်လာခဲ့သည်။
မုရှောင်ဝမ်ဆီက ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း မြင်လိုက် ရသဖြင့် ယန်ကွမ်းက ဖုန်းလက်ခံကာ မေးလိုက်၏။
"ဘာကိစ္စရှိလို့လဲ..မမလေးမု.."
တစ်ဖက်မှ မုရှောင်ဝမ်၏ ပြန်ပြောသံကို ကြားလို က်ရသည်။
"ဒီနေ့ နင် အလုပ်အားလား..”
"အလုပ်ကတော့ ရှိတာပေါ့..ဘာဖြစ်လို့လဲ.."
"ဒါဆိုရင် အဲဒီအလုပ်တွေကို ခဏဘေးဖယ်ထားပြီး မြို့ပေါ်က ငါ့ဆီလာခဲ့ဦး..အရင်က နင့်ကို ကူညီခိုင်း ထားတဲ့ ကိစ္စလေ.."
ယန်ကွမ်းက ဆွံ့အသွားပြီး ပြန်မေးလိုက်သည်။
"ဟောဗျာ.. နောက်ရက်အနည်းငယ်ကြာမှလို့ ခ ဗျား ပြောထားတာ မဟုတ်ဘူးလား.."
"အစီအစဉ်က စောသွားလို့ပါအေ.."
ထိုသို့ပြောပြီးနောက် မုရှောင်ဝမ်က လေသံပြောင်း ကာ စိတ်မရှည်သလို ဆက်ပြောလိုက်၏။
"နင့်အလုပ်ကလည်း အကြီးအကျယ်မှ မဟုတ်တာ မြန်မြန်လာခဲ့စမ်းပါဟာ.."
"အယ် ဗျာ.... ကျွန်တော့်အလုပ်က မကြီးကျယ်ဘူး လို့ ဘယ်သူက ပြောလဲဗျာ..”
ယန်ကွမ်းက စိတ်ပျက်လက်ပျက် ပြုံးရင်း ဆက်ပြေ ာလိုက်သည်။
"ကျွန်တော်လည်း တော်တော်အလုပ်များနေတာပါ နော် ခဗျား ခေါ်ချင်တဲ့အချိန်ခေါ်ရမဲ့လူ ကျနေတာ ပဲ.."
"ဟောတော့... နင်က ငါခိုင်းတာကို ငြင်းမလို့ပေါ့ ဟု တ်လား.."
မုရှောင်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက် ၏။
"ဒါဆိုလည်း နောက်မှ နင် နောင်တမရနဲ့နော်..”
"ဘာ..နောင်တလား.."
ယန်ကွမ်းမှာမူ ခေတ္တမျှ ကြောင်သွားပြီးမှ ပြုံးကာ မေးလိုက်သည်။
"ကျွန်တော်က ဘာအတွက် နောင်တရရမှာလဲ..”
"ဘာလို့လဲဆိုတော့ နင်ငါ့ကို ကူညီရမယ့်အလုပ်
က ငါ့ရဲ့ ရည်းစားအတုအဖြစ် လာလုပ်ပေးရမှာမို့လို့ လေ အကျိုးခံစားခွင့်တွေလည်း ရှိတယ်နော်.."
မုရှောင်ဝမ်က တခစ်ခစ်ရယ်ပြီးနောက် ဆက်ပြော လိုက်၏။
"ဒါပေမဲ့ နင်က တကယ်ကြီး အလုပ်များနေတယ်ဆို ရင်လည်း ထားလိုက်ပါတော့.. ငါသာ လက်တစ်ချ က် ယမ်းပြလိုက်ရင် ငါ့ကို ကူညီချင်တဲ့ ယောက်ျား တွေ အလုအယက် ရောက်လာကြမယ်ဆိုတာ ငါ သေချာပေါက် ယုံကြည်တယ်.."
"ဟာ..အဲ့လိုတော့. မလုပ်ပါနဲ့ဗျာ..”
ထိုစကားကို ကြားလျှင်ကြားချင်း ယန်ကွမ်းတစ် ယောက် ပျာပျာသလဲ ဖြစ်သွားကာ အမြန် ပြောလို က်ရသည်။
"ကျွန်တော်..ကူညီမယ်..ကျွန်တော့်ကိုပဲ စောင့်နေဗျ ာ.. တခြားဘယ်သူ့ကိုမှ မခေါ်နဲ့ဦး.."
"ဒါကတော့ မသေချာဘူးလေ..မနက် ဆယ်နာရီထိုး တဲ့အထိ မြို့ပေါ်ကို နင် ရောက်မလာရင်တော့ ငါ တ ခြားလူ ရှာရမှာပဲ.."
ထိုသို့ပြောပြီးနောက် မုရှောင်ဝမ်က ဖုန်းချသွား၏။
မှောင်မည်းသွားသော ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း ယန်ကွမ်းတစ်ယောက် သက်ပြင်းချကာ ခေါင်းယမ် းလိုက်မိသည်။
ထို့နောက် သူက ခေါင်းမော့ကာ ရွှီလင်းကို လှမ်းပြေ ာလိုက်၏။
"မမလင်း... မုရှောင်ဝမ်က သူ့ကို ကူညီပေးပါဦးဆို လို့.."
ရွှီလင်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း သွားလေ..ဘာပဲဖြစ်ဖြစ် ငါ့မောင်ရဲ့ တောင်သုံးလုံးဥ စိုက်တာလည်း ပြီးသွားပြီဆိုတော့ လောလောဆယ် ဘာမှလုပ်စရာ မရှိသေးဘူးမလား .. "
သူမမျက်နှာတွင် အပြုံးအရိပ် မရှိသည်ကို မြင်လို က်ရသဖြင့် ယန်ကွမ်း မမေးဘဲ မနေနိုင်တော့ပေ။
"အမ်..မမက.. သဝန်တိုနေတာလားဟီး..."
"ဘာ...ခစ်ခစ်ခစ်"
ရွှီလင်းမှာမူ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ တခစ် ခစ် ရယ်မောရင်း ပြန်ပြောလိုက်၏။
"နင်.. ဘာတွေ လျှောက်တွေးနေတာလဲ မမက ဘာ လို့ သဝန်တိုရမှာလဲ.."
"အော်... ဟုတ်သားပဲ.. ဘာမှမဖြစ်ရင် ပြီးတာပါပဲ.."
ယန်ကွမ်းက ခေါင်းကို ကုတ်ရင်း ဆက်ပြောလိုက် သည်။
"ဒါဆိုရင် ကျွန်တော် ခဏနေရင် ကားစီးပြီး မြို့ပေါ် သွားလိုက်ဦးမယ်..မမပဲ အိမ်မှာ ဂရုစိုက်ပြီး နေခဲ့နေ ာ်"
"အင်းပါ..စိတ်မပူနဲ့.."
ရွှီလင်းက ခေါင်းညိတ်ပြပြီးနောက် ခေါင်းငုံ့ကာ ဆ န်ပြုတ်ကို ဆက်သောက်နေ၏။ယန်ကွမ်းလည်း အ များကြီး ထပ်မတွေးတော့ဘဲ မနက်စာစားပြီးသည် နှင့် အဝတ်အစားလဲကာ ကားမီအောင် အိမ်မှ အပြေ းအလွှား ထွက်လာခဲ့သည်။
မြို့သို့သွားမည့် ဘတ်စ်ကားပေါ်တွင် ထိုင်စီးရင်း ပြ တင်းပေါက်ပြင်ပမှ နောက်ကျန်ရစ်ခဲ့သော ရှုခင်းမျ ားကို ကြည့်ကာ ယန်ကွမ်းတစ်ယောက် စိတ်ထဲမှ တွေးတောနေမိသည်။
"ဒီမုရှောင်ဝမ်က ငါ့ကို ရည်းစားအတု လုပ်ခိုင်းရ အောင် ဘာကိစ္စများလဲ..”
“အင်း ဒီမိန်းခလေးက ငါ့ကို စိတ်ဝင်စားနေပြီး ဖွင့် ပြောဖို့ ရှက်နေတာကြောင့် ဒီနည်းလမ်းကို သုံးပြီး ငါ နဲ့ ပတ်သက်မှုတစ်ခုခု ဖန်တီးချင်နေတာများလား..”
“တကယ်လို့ အဲဒါသာ အမှန်ဆိုရင်တော့ လက်ခံပေး လို့ ရပါသေးတယ်..ဒီမိန်းခလေးက စိတ်ဆတ်တတ် ပေမဲ့ လှလှလေး ဆိုတော့လည်း စရိုက်ဆိုးတာလေး ကို အောင့်ကာနမ်းရုံပေါ့ကွာ..ဟီး..”
လမ်းတစ်လျှောက်လုံးအတွေးပေါင်းစုံ ယန်ကွမ်း လျှောက်တွေးလာခဲ့ပြီးနောက် ကားမှာ မြို့သို့ ဆိုက် ရောက်လာ၏။
ကားပေါ်မှ ဆင်းဆင်းချင်း ယန်ကွမ်းက ဖုန်းထုတ် ကာ မုရှောင်ဝမ်ဆီ ခေါ်လိုက်သည်။
"ဟေး ခဗျား ဘယ်မှာလဲ..ကျွန်တော် ရောက်ပြီဗျ.."
"မြန်လှချည်လား..အကျိုးခံစားခွင့် ရှိတယ်ဆိုတာနဲ့ တင် နင်က တော်တော်လေး တက်ကြွနေပါလား.."
မုရှောင်ဝမ်က လှောင်ပြောင်သလို လေသံဖြင့် ပြော လိုက်၏။
"ဟဲ့..ခဏလေး..ငါ မိတ်ကပ်လိမ်းနေလို့..လိမ်းပြီး ရ င် လာခေါ်မယ်..”
"ကျွန်တော်က စိတ်မရှည်တတ်ဘူး ခဗျားဘယ်မှာ လဲသာပြော..ကျွန်တော်ပဲ လာရှာလိုက်မယ်.."
"ဒါဆိုလည်း ပြီးရော..မြို့တောင်ဘက်က 'ချန်နန် စံ အိမ်တော်'ကို လာခဲ့. နင်ရောက်တဲ့အချိန်ဆို ငါလည်း တော်တော်ပြင်ဆင်ပြီးလောက်ပြီ”
"ကောင်းပြီလေ..”
ယန်ကွမ်း ဖုန်းချလိုက်ပြီး အငှားယာဉ်တစ်စီးကို အ မြန်တားလိုက်သည်။မိနစ် ၂၀ ကျော်ကြာပြီးနောက် သူသည် ချန်နန် စံအိမ်တော်၏ ဂိတ်ပေါက်ဝသို့ ရေ ာက်လာ၏။
၎င်းမှာ အဆင့်မြင့်အိမ်ရာဝင်းတစ်ခုဖြစ်ပြီး အိမ်ရာ ဝင်း၏ ဂိတ်ပေါက်ကို ကြည့်ရုံမျှဖြင့် သိသာလှပေ သည်။
ဆယ်မီတာကျော် မြင့်မားသော ဂိတ်တံခါးကြီးမှာ အလွန်ပင် ခမ်းနားထည်ဝါလှပြီး ဝင်ပေါက်ကို လူနှ င့် ကား သွားလာရန် လမ်းကြောင်းလေးခု ခွဲခြားထာ း၏။
ယူနီဖောင်းဝတ် လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ တံခါးဝ တွင် မတ်မတ်ရပ်နေကြပြီး သူတို့သည် အရပ် ၁.၈ မီတာခန့်ရှိသော လူငယ်များဖြစ်ကာ အလွန်တက် ကြွပြီး ခန့်ညားထည်ဝါသော ပုံစံရှိနေသည်။
အိမ်ရာဝင်းအတွင်းရှိ အိမ်များကို လှမ်းကြည့်လိုက် လျှင် စိမ်းစိုထူထပ်သော သစ်တောအုပ်လေးကြား တွင် သုံးထပ်ဗီလာအိမ်ကြီးများအား ခပ်ရေးရေးမျှ သာ ယန်ကွမ်း မြင်တွေ့ရသည်။
ယန်ကွမ်းက လျှာတသပ်သပ်ဖြင့် ရေရွတ်လိုက်မိသ ည်။
"အားပါးပါး.. ဒီအိမ်ကြီးတွေက အနည်းဆုံးယွမ်ထေ ာ င်ဂဏန်းလောက် ရှိမှာပဲ.."
ထိုအချိန်၌ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေ သော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဘယ်က ထောင်ဂဏန်းလဲ..ဒီတောသားက ဘယ်က ပြုတ်ကျလာတာလဲ.. ဒီက အိမ်ရာဈေးနှုန်းတွေက သောင်းဂဏန်းကနေ စတယ်ဆိုတာ မင်း သိရဲ့လား”
ယန်ကွမ်း လှည့်ကြည့်လိုက်ရာ တြိဂံပုံ မျက်လုံးတစ်
စုံရှိသော ပိန်ပိန်ပါးပါး လူတစ်ဦးက သူ့ကို အထင် သေးသော အကြည့်ဖြင့် အထက်အောက် စုံဆန် ကြ ည့်နေသည်ကို တွေ့လိုက်ရသည်။
ဤကဲ့သို့သော အမူအရာနှင့် လေသံက သူ့အား စိ တ်ဆိုးဒေါသထွက်စေသဖြင့် ယန်ကွမ်းက ပြတ်ပြ တ်သားသားပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။
"ခဗျား ဘာကောင်မို့လို့လဲ ကျွန်တော် စကားပြော နေတာ ခဗျား ဝင်ပြောဖို့ အလှည့်ရောက်လို့လား.."