အခန်း ၆၂
Vol. 7 Ch. 62
အခန်း ၆၂ မုရှောင်ဝမ်၏ ဦးလေး
ယန်ကွမ်း၏ စကားကို ကြားလျှင် ပိန်လှီလှသော ထို လူသည် စိတ်မရှည်နိုင်တော့ဘဲ ဒေါသထွက်ကာ အော်ပြောလိုက်၏။
“ဟ..မင်းလိုကောင်က ငါ့ကို ဒီလိုလေသံမျိုးနဲ့ ပြော ရဲတယ်ပေါ့လေ.. ငါ ဘယ်သူလဲဆိုတာ မင်းသိလား”
ယန်ကွမ်းကလည်း အလျှော့မပေးဘဲ ပြန်လည်မော င်းထုတ်လိုက်၏။
“ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ်... ဒီနေရာကနေ အခုချ က်ချင်း လစ်လိုက်..”
ယခုမူ ထိုတြိဂံမျက်လုံးပုံစံလူမှာ လုံးဝ သည်းမခံနို င်တော့ဘဲ လက်တိုအင်္ကျီဝတ်ထားသည့်ကြားမှ လ က်မောင်းကို မြောက်ကာ အော်ပြောလိုက်သည်။
“ဟိုးဟိုး... မလျှော့တမ်း ဇွတ်တိုးချင်တဲ့ကောင်တွေ က ရှိနေပါ့လား သခင်ကြီးဟန်ကို ဘယ်သူက ရန်စ ရဲသလဲဆိုတာ မင်း သိအောင်ပြမှနဲ့တူတယ်..”
ထိုလူ၏ ပိန်လှီလွန်းလှသော လက်မောင်းကို ကြည့် ပြီး ယန်ကွမ်းက နှာခေါင်းရှုံ့ကာ သရော်လိုက်၏။
“ဟမ့်…ခင်ဗျားလို လူစားမျိုးကများ သခင်ကြီးဟ န်လို့ အခေါ်ခံချင်သေးတယ်..‘ဟန်နှမ်းဖတ်ခြောက်’ ဆိုရင်တောင် ပိုကိုက်ညီဦးမယ်”
ထိုစကားကြောင့် တြိဂံမျက်လုံးနှင့်လူမှာ ဒေါသများ ဒီရေလိုတက်သွားပြီး လက်သီးကိုလွှဲ၍ ယန်ကွမ်းအ ား ထိုးပစ်လိုက်တော့သည်။
ယန်ကွမ်လည်း ဆွံ့အသွားခဲ့ရ၏။
စကားအကောင်းအဆိုးမပြောဘဲ ချက်ချင်း လက်ပါ တော့မည့် ထိုပိန်လှီလှသော လူအား မည်သူကများ ဤမျှ သတ္တိမျိုး ပေးထားသနည်း။
တစ်ဖက်လူ၏ လက်သီးက သူ့ မျက်နှာရှေ့သို့ ပြေး ဝင်လာသည်ကို မြင်သော်လည်း ယန်ကွမ်းက ရှောင် ရန် စိတ်မကူးခဲ့ချေ။
ဤတြိဂံမျက်လုံးနှင့်လူသည် ကြည့်ရုံနှင့် အားနည်း မှန်းသိသာလှရာ သူ့အား မည်သို့မျှ နာကျင်အောင် လုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
”ဖောင်း..”
ထို့ကြောင့် ယန်ကွမ်းက အသာတကြည်ပင် အထိုးခံ လိုက်ရာ တစ်ဖက်လူ၏လက်သီးက သူ့အတွက်ယား ရုံမျှသာ ခံစားရသဖြင့် ချက်ချင်းပင် လှောင်ပြုံးပြုံး လိုက်ပြီးနောက် လက်ကိုလွှဲကာ ထိုလူ၏ ပါးအားရို က်ချလိုက်ပေသည်။
“ဖြန်း...” ခနဲ အသံနှင့်အတူ တြိဂံမျက်လုံးနှင့်လူမှာမူ ဂျင်တစ်လုံးကဲ့သို့ လည်ထွက်သွားပြီး နှစ်ပတ်ခန့် ချ ာချာလည်ပြီးမှ မြေပြင်ပေါ်သို့ လဲကျသွား၏။
ထို့နောက်တွင်မူ ထင်ရှားပြတ်သားလှသော လက်ဝါး ရာကြီးငါးချောင်းက သူ့ပါးပြင်ပေါ်တွင် ကွက်ကွက် ကွင်းကွင်း ပေါ်လာခဲ့သည်။
“အားယိုးယိုး..နာတာကွာ..”
တြိဂံမျက်လုံးသည် နာကျင်လွန်းသဖြင့် အော်ဟစ် ညည်းတွားရင်း မြေပြင်ပေါ်တွင် လဲကျနေကာ ထလို့ ပင် မရတော့ပေ။
ယန်ကွမ်းသည်လည်း ရှေ့သို့ ဆက်မတိုးတော့ဘဲ မျ က်နှာတွင် အေးစက်သော အပြုံးဖြင့် ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။
“ဘွမ်း..ဘွမ်း”.ကျွီ..”
ထိုစဉ်မှာပင် အထဲမှ အနီရောင် ပြိုင်ကားလေးတစ် စီး မောင်းထွက်လာပြီး သူတို့ဘေးနားတွင် ကျွီခနဲ အသံမြည်ကာ ရပ်တန့်သွား၏။
မုရှောင်ဝမ်က ရှေ့တွင်ဖြစ်ပျက်နေသော မြင်ကွင်း ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီး ကားပေါ်မှ ဆ င်းလာသောအခါ မြေပြင်ပေါ်တွင် လဲကျနေသူမှာ တြိဂံမျက်လုံးနှင့်လူ ဖြစ်နေသည်ကို မြင်လိုက်ရသ ဖြင့် အပြေးအလွှား ရောက်လာကာ မေးလိုက်သည်။
“ဦး..ဦးလေး ဘာဖြစ်တာလဲဟင်..”
“ဘာ...”
ထိုစကားကို ကြားသောအခါ ယန်ကွမ်းတစ်ယောက် အံ့အားသင့်သွားခဲ့၏။မိမိလက်ပါလိုက်သောလူက မုရှောင်ဝမ်၏ ဦးလေးဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဤသည်မှာ ‘နဂါးမင်းနန်းတော်ကို ရေလွှမ်းမည့်ကိ န်း’ (မိမိလူအချင်းချင်း မသိဘဲ ပြန်လည်တိုက်ခိုက် မိခြင်း)ဆိုက်လေပြီ မဟုတ်ပေလော။
ထိုစဉ်မှာပင် မုရှောင်ဝမ်က တြိဂံမျက်လုံးနှင့်လူအား ထူမပေးလိုက်ရာ ထိုလူသည် ပါးတစ်ဖက်ကို လက် ဖြင့်အုပ်လျက် ကျန်လက်တစ်ဖက်ဖြင့် ယန်ကွမ်းအ ား လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ပြောလိုက် ၏။
“ရှောင်ဝမ်... နင် သိုင်းပညာတွေ သင်ထားတယ် မ ဟုတ်လား..ဒီကောင့်ကို ငါ့အစား ပြန်ချပေးစမ်း.. ဒီ ကောင်က ငါ့ကို ရိုက်သတ်တော့မလို့ဟ..”
“အာ..ဒါ..ဒါက...”
အခြေအနေကို သဘောပေါက် သွားသောအခါ မုရှေ ာင်ဝမ်ခဗျာ ဆွံ့အသွားရ၏။
သူမက ယန်ကွမ်းအား မော့ကြည့်ကာ မေးမြန်းလိုက် သည်။
“နင်က..... ငါ့ ဦးလေးကို ရိုက်လိုက်တာလား”
ယန်ကွမ်းက မျက်လုံးအဝိုင်းသားဖြင့် ပြန်ဖြေလိုက် ၏။
“ဟုတ်တယ်..ဒီလူ ဘယ်သူပဲဖြစ်ဖြစ်... ဒီလူက အရို က်ခံရဖို့ တန်တယ်..”
တြိဂံမျက်လုံးနှင့်လူက ခဏမျှ ကြောင်အသွားပြီး နောက် မုရှောင်ဝမ်အား ကြည့်ကာ မေးလိုက်သည်။
“နင်တို့က သိနေကြတာလား”
မုရှောင်ဝမ်သည် ရှက်သွေးဖြာကာ မျက်နှာလေးနီမြ န်းလျက် လေသံတိုးတိုးဖြင့် ဝန်ခံလိုက်ရှာသည်။
“ဟို..ဟို... သူက... သူက သမီးရဲ့ ရည်းစားပါ”
“အမ်...”
ယခုမူ တြိဂံမျက်လုံးတစ်ယောက် ဆွံ့အပြီး ကြောင် တောင်တောင် ဖြစ်သွားရမည့်အလှည့် ရောက်လာ ပေသည်။
ထို့နောက် ထိုင်နေရာမှ မတ်တတ်ထရပ်ကာ မုရှောင် ဝမ်အား ပြောလိုက်၏။
“နင်..နင်က ဘယ်လိုလူနဲ့ တွဲနေတာလဲ..ဒီကောင်က
အမှားအမှန်တောင် မခွဲခြားဘဲ လူကို ရိုက်တတ်တဲ့ ကောင်ပဲ..ရှောင်ဝမ်... ဒီကိစ္စကတော့ ဒီအတိုင်းပြီး သွားမှာမဟုတ်ဘူးနော်..”
“ခင်ဗျားက ပြောဖို့ အားရှိသေးတယ်ပေါ့ ဟုတ်လား ..”
ထိုလူသည် မုရှောင်ဝမ်အား မိမိနှင့် “လမ်းခွဲ”ရန် အ ကျပ်ကိုင်တော့မည်အား ယန်ကွမ်း ရိပ်မိလိုက်သည် ။
ဤသည်မှာ ဟန်ဆောင်တွဲရုံမျှသာ ဖြစ်သော်လည်း၊ မစ်ရှင်က မစတင်ရသေးခင်မှာတင် ပြီးဆုံးသွားပါ က မည်သို့ဖြစ်နိုင်မည်နည်း။သူ့ဘက်က ရသင့်ရထို က်သော အကျိုးအမြတ်များကိုပင် မရရှိရသေးချေ။
ထို့ကြောင့် ယန်ကွမ်းက လျင်မြန်စွာပင် ပြန်ပြောလို က်၏။
“အဘိုးကြီး..ကျုပ် ခင်ဗျားကို ဘာလို့ ရိုက်ရသလဲဆို တာ ခင်ဗျားအသိဆုံးပဲ..အစောင့်ကိုခေါ်ပြီး စီစီတီဗွီ မှတ်တမ်း ပြန်ကြည့်ခိုင်းလိုက်ရမလား”
တြိဂံမျက်လုံးနှင့်လူက အတင်းအကျပ် ဆင်ခြေပေ းကာ ငြင်းဆန်နေပေသည်။
“ကြည့်တော့ ဘာဖြစ်လဲ. ငါ့အရွယ်နဲ့ လူငယ်လေး တစ်ယောက်ကို ဆုံးမတာပဲဟာ..အဲဒါကို မင်းက ငါ့ ကို ဒီလောက်အထိ နှိပ်စက်ရသလား..ဒါက နိုင်ထ က်စီးနင်း လုပ်လွန်းရာမကျဘူးလား..”
ယန်ကွမ်းခဗျာ အံ့အားသင့်ကာ စကားပင် မပြောနိုင် တော့ချေ။
ထိုလူမှာ ဤမျှအထိ ရှက်ရမ်းရမ်းလိမ့်မည်ဟု မည် သူက ထင်ထားမည်နည်း။
ယန်ကွမ်းက မျက်လုံးအား ဝှေ့ကြည့်လိုက်ရာ ဘေး နားရှိ အပင်ငယ်လေးတစ်ပင်ကို မြင်လိုက်ရသည်။
၎င်းမှာ စိုက်ပျိုးထားသည်မှာ မကြာသေးသော အ လှစိုက်ပင်တစ်ပင်ဖြစ်ပြီး အရွယ်အစားမှာ ခွက်တ စ်လုံး၏ ခံတွင်းဝမျှသာရှိ၏။
ထို့ကြောင့် ယန်ကွမ်းသည် သရော်ပြုံး ပြုံးလိုက် ပြီး နောက် တြိဂံမျက်လုံးနှင့်လူကို ကြည့်ကာ အေးစက် စက် ပြောလိုက်သည်။
“နိုင်ထက်စီးနင်း လုပ်တယ်ဟုတ်လား.. ကျွန်တော် က ခင်ဗျားကို နည်းနည်းလေးပဲ ဆုံးမလိုက်တာ.. တ ကယ်လို့ ကျွန်တော်သာ ရက်စက်ချင်တယ်ဆိုရင် ခ ဗျား အခုချိန်မှာ အသက်တောင် ရှိတော့မှာ မဟုတ် ဘူး…”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဦးခေါင်းကို မလှုပ် ရှားဘဲ ဘယ်လက်သီးဖြင့် ထိုအပင်ငယ်၏ အလယ် ဗဟိုကို ယန်ကွမ်းက ပြင်းပြင်းထန်ထန် ထိုးချလိုက် ၏။
“ခလွတ်...”
ပြတ်သားသော အသံမြည်ဟည်းသွားပြီးနောက် သုံး မီတာခန့်မြင့်သော ထိုအပင်ငယ်သည် အလယ်မှ ကျိုးကျသွားကာ အတွင်းဘက်ရှိ အဖြူရောင် အနှစ် သားများမှာ ပေါ်လာပေသည်။
ထိုမြင်ကွင်းအား တြိဂံမျက်လုံးနှင့်လူကိုသာမက မု ရှောင်ဝမ်ကိုပါ ကြက်သေသေသွားစေခဲ့၏။
ယန်ကွမ်း၏ စွမ်းအားကို သူမ သိရှိထားသော်လည်း ဤမျှလောက်အထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လ င့်ထားခဲ့ပေ။လက်သီးတစ်ချက်တည်းဖြင့် အပင်ကို ကျိုးသွားအောင် လုပ်နိုင်သည်မှာ ကရာတေးသမား များပင် လုပ်နိုင်မည် မဟုတ်ပေလော။
တိတ်ဆိတ်သွားသော အခိုက်အတန့်တွင် ယန်ကွမ်း က သူမအား လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဝမ်အာ... ခဏနေရင် ကိစ္စရှိတယ်လို့ ပြောထားတာ မဟုတ်လား.. သွားကြရအောင်လေ”
“အာ... ဟုတ်”
မုရှောင်ဝမ်လည်း သတိပြန်ဝင်လာပြီး တြိဂံမျက်လုံး နှင့် လူဘက်သို့ လှည့်ကြည့်လိုက်၏။
“အေးပါ... ရှောင်ဝမ်..နင်အရင်သွားနှင့်လိုက် ဒီ ကိစ္စ ကို နောက်မှပဲ ပြောကြတာပေါ့..”
တြိဂံမျက်လုံးမှာ အမှန်တကယ်ပင် ကြောက်လန့် သွ ားနေပေသည်။ထိုမျှလောက် ပြင်းထန်သော လက် သီးမျိုးဖြင့်သာ မိမိကို ရိုက်ခဲ့မည်ဆိုပါက ခေါင်းပင် ပြုတ်ထွက်သွားနိုင်သည်ဟူ၍ သူတွေးမိသွားခဲ့၏။
ထို့ကြောင့် ဆက်ပြီး အော်ဟစ်ရန် မဝံ့ရဲတော့ဘဲ အ လျှော့ပေးလိုက်ရတော့သည်။
မုရှောင်ဝမ်က ကားထဲသို့ ပြန်ဝင်လိုက်ပြီး ယန်ကွမ်း လည်း ကားပေါ်တက်ကာ ထိုနေရာမှ ထွက်ခွာလာ၏ ။
အနည်းငယ် ဝေးရာသို့ ရောက်သောအခါ ယန်ကွမ်း က မေးလိုက်၏။
“သူက ခင်ဗျားရဲ့ ဦးလေး အရင်းပဲလား”
မုရှောင်ဝမ်က ရှေ့ကိုကြည့်ရင်း ပြန်ဖြေလိုက်သည်။
“အင်း... သူက ငါ့ရဲ့ ဦးလေး ဟန်လီပါ.. ဘာဖြစ်လို့ လဲ..”
ယန်ကွမ်းက ပြုံးကာ မေးမြန်းလိုက်၏။
“ ကျွန်တော်က အမြဲတမ်း ပြဿနာရှာနေတဲ့ လူစား မျိုးလို့ ခဗျား ထင်နေတာလား..ခင်ဗျားဦးလေးရဲ့ အကြောင်းကိုရော ခင်ဗျား သေချာ သိရဲ့လား”
မုရှောင်ဝမ်မှာမူ ဘာမျှ ပြန်မပြောပေ။
သူမ ဦးလေးဟန်လီအကြောင်းကို သူမ မည်သို့ မ သိဘဲ နေမည်နည်း။
ဤဦးလေးသည် ငွေအနည်းငယ်ရပြီးနောက်တွင် လူ ကို အထင်သေးကာ လေသံမာမာဖြင့် ပြောဆိုတတ် သည်မှလွဲ၍ အခြားဆိုးကျိုး မရှိလှပေ။ထို့ကြောင့် ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ ယန်ကွမ်းကြောင့် ဖြ စ်လာသည်မဟုတ်ကြောင်း မုရှောင်ဝမ်က သေချာ ပေါက် သိရှိနေ၏။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ ထိုလူသည် သူမ ၏ မိခင်ဖြစ်သူနှင့် မောင်နှမအရင်းအချာ တော်စပ် သည့်အပြင် မိမိထက် အသက်ကြီးသည့် လူကြီးတ စ်ဦး ဖြစ်နေပြန်ရာ မုရှောင်ဝမ်အနေဖြင့် ဘာများ ပြောနိုင်ဦးမည်နည်း။
ထို့ကြောင့် သူမက တိတ်တိတ်လေးသာ နေလိုက် ၏။
ယန်ကွမ်သည်လည်း ဤကိစ္စကို ထပ်မံ၍ အစမဖော် တော့ဘဲ မေးမြန်းလိုက်သည်။
“ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ မဟုတ်မှလွဲ ရော ခင်ဗျားက ကျွန်တော့်ကို တစ်ညလုံး အဖော် လု ပ်ခိုင်းဦးမလို့လား..”
“နငိ ဘာတွေ လျှောက်ပြောနေတာလဲ နင့်ကြည့်ရတ ာ တစ်မျိုးကြီးပဲ..”
မုရှောင်ဝမ်က ယန်ကွမ်းအား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ရှင်းပြလိုက်၏။
“ငါနဲ့အတူ ထမင်းတစ်နပ်လောက် အတူတူစားပေး ပြီး ငါ့မှာ ရည်းစားရှိတယ်ဆိုတာ လူတွေသိအောင် ပြပေးရုံပဲလေ.. အဲဒါဆို နင့်ရဲ့ မစ်ရှင်က အောင်မြင် ပြီလို့ သတ်မှတ်လို့ရပြီ..တကယ်လို့ နင် အိမ်ပြန်ဖို့ လောနေတယ်ဆိုရင်လည်း ငါ အငှားကားခ ပေးပြီး ပြန်လွှတ်ပေးပါ့မယ်..”
ယန်ကွမ်းခဗျာ ရယ်ချင်စိတ်ကို မနည်းအောင့်ထား ရင်း မမေးဘဲမနေနိုင်တော့ချေ။
“ဘာဖြစ်လို့ တခြားလူတွေသိအောင် ရည်းစားရှိတ ယ်ဆိုတာ လျှောက်ပြနေရတာလဲ..”
မုရှောင်ဝမ်က အပြစ်ကင်းစင်သော မျက်နှာလေး ဖြင့် ပြောကာ ပြန်မေးလိုက်၏။
“အမ် ဒါက သာမန်ကိစ္စပဲ မဟုတ်ဘူးလား.”
ယန်ကွမ်းက ခေါင်းကိုခါယမ်းလျက် ပြန်ဖြေလိုက် သည်။
“ကျွန်တော့်အမြင်တော့ ဒါက သာမန်မကျဘူးဗျ.. ခ င်ဗျားလို လှတဲ့ မိန်းကလေးတစ်ယောက်အတွက် ရ ည်းစားရှာရတာ မခက်ခဲပါဘူး..ဘာလို့ ကျွန်တော့်ကို အတင်း ဟန်ဆောင်ခိုင်းနေရတာလဲ..”
မုရှောင်ဝမ်က မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပြန်ဖြေလိုကိ၏။
“ဘာလို့လဲဆိုတော့ ငါ စိတ်တိုင်းကျတဲ့လူ မတွေ့ သေးလို့ပေါ့..ပြီးတော့ ငါ့ရဲ့ အတန်းဖော်တွေအကုန် လုံးက ရည်းစားတွေ ရှိနေကြပြီလေ…ငါပဲ မျက်နှာ မငယ်ရအောင်လို့ လူအလယ်မှာ မျက်နှာပန်းလှအေ ာင် နင့်ကို အစားထိုးပြီးခေါ်လာရတာ..ကဲ အခုရော ကျေနပ်ပြီလား..”
ထိုစကားကို ကြားပြီးနောက် ယန်ကွမ်းက သက်ပြင်း ချရင်း ရေရွတ်လိုက်မိသည်။
“ဟူး.. မိန်းမတွေများနော်... တကယ်ကို နားလည်ရခ က်တာပဲဗျာ..”
ထိုစကားကြောင့် မုရှောင်ဝမ်သည် ဒေါသထွက်သွား ကာ ကားအား လမ်းဘေးရှိ ချုံပုတ်ထဲသို့ပင် ဝင်တို က်မိလုနီးပါး ဖြစ်သွားရ၏။
“ကျွီ..”
သူမက ဘရိတ်ကိုအမြန်နင်းကာ ကားအရှိန်ကို လျှေ ာ့ချလိုက်ပြီးနောက် ယန်ကွမ်အား ဒေါသတကြီး ကြည့်ကာ ရန်ပြန်တွေ့လိုက်၏။
“လျှောက်မပြောနဲ့... နင့်ကိုယ်နင်သာ မိန်းမလို့ ပြန် ပြောစမ်း”
“...”.
ယန်ကွမ်းလည်း ဆွံ့အသွားရပြန်သည်။ သူမ ဒေါသ ထွက်ရသည့် အဓိကအချက်မှာ ဤအရာ ဖြစ်နေလိ မ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
ထို့ကြောင့် ယန်ကွမ်းကက ပြုံးစိစိဖြင့် ပြန်ပြောလို က်၏။
“ခင်ဗျားကလည်း လျှောက်ပြောနေပြန်ပြီ.. ကျွန် တော်က ယောက်ျားစစ်စစ်ကြီးပါဗျာ..ဘယ်လိုလုပ် မိန်းမဖြစ်ရမှာလဲဗျ..”
မုရှောင်ဝမ်က မေးစေ့ကို ပင့်တင်ကာ အထင်သေး သော အမူအရာဖြင့် ပြန်လည်ခြေပလိုက်ပေသည်။
“ဟွန်း... နှုတ်ခမ်းမွေးတောင် မပေါက်သေးတဲ့ကော င်ကများ... ကိုယ့်ကိုယ်ကိုယ် ယောက်ျားလို့ ပြောရဲ သေးတယ်ပေါ့..”