အခန်း ၆၃
Vol. 7 Ch. 63
အခန်း ၆၃ ကျွန်တော့်ဇနီးပါ
ထိုစကားကို ကြားသောအခါ ယန်ကွမ်းတစ်ယောက် မကျေမနပ်ဖြစ်သွားပြီး မုရှောင်ဝမ်အား လှည့်ကြည့် ကာ ပြောလိုက်၏။
“ဒါတော့ နားခါးတယ်ဗျာ.. ကျွန်တော့်မှာ နှုတ်ခမ်း မွေး မရှိပေမဲ့ တခြားနေရာတွေမှာတော့ စုံစုံလင်လ င် ရှိတယ်နော်…”
ထိုစကားကြောင့် မုရှောင်ဝမ်၏ မျက်နှာတစ်ပြင်လုံး ရဲခနဲဖြစ်သွားပြီး စကားပင် ထစ်အနေသည်။
“နင်...နင်... လူယုတ်မာ..”
ယန်ကွမ်းက သူမအား ကြည့်ကာ အပြစ်ကင်းလှ သော မျက်နှာဘေးဖြင့် ပြန်မေးလိုက်၏။
“ကျွန်တော့်က ချိုင်းမွှေးကို ပြောတာလေ..ဘာလို့ လူယုတ်မာဖြစ်သွားရတာလဲ.. ခင်ဗျား စိတ်ထဲမှာ ဘာတွေ လျှောက်တွေးနေလို့လဲဗျ..”
မုရှောင်ဝမ် - “...”
ဤလျှာအရိုးမရှိ စကားတတ်လွန်းသော ကောင်လေ းအား မည်သို့မျှ ယှဉ်ပြော၍ရမည်မဟုတ်မှန်း သူမ သဘောပေါက်သွားသဖြင့် တိတ်တိတ်လေးနေလိုက် ကာ စကား ဆက်မပြောတော့ချေ။
ယန်ကွမ်လည်း ခပ်ပြုံးပြုံးဖြင့် အခြေအနေကို ကြ ည့်ကာ စကားစဖြတ်ပြီး ရှေ့ဆက်မစတော့ပေ။
ကားလေးသည် မြို့တောင်ဘက်မှ မြောက်ဘက်သို့ တရိပ်ရိပ် မောင်းနှင်လာခဲ့ပြီးနောက် နောက်ဆုံးတွင် အဆောက်အအုံကြီးတစ်လုံး၏ ကားပါကင်တွင် ရပ် တန့်သွားခဲ့သည်။
မုရှောင်ဝမ်က ထိုင်ခုံခါးပတ်ကို ဖြုတ်ရင်း ယန်ကွမ်း အား ပြောလိုက်၏။
“နင် ဒီလောက်တောင် စကားတတ်နေရင် ဒီညတော့ ငါ့ အတွက် ပြဇာတ်ကောင်းကောင်းလေးတစ်ပုဒ် က ပြပေးရမယ်..ငါ့ရဲ့ အတန်းဖော်တွေထဲမှာ စကားနာ ထိုးတတ်တဲ့သူ တချို့ရှိတယ်၊သူတို့ကို ငါ့ကိုယ်စား စကားနဲ့ ဆော်ပလော်တီးပေးစမ်းဟာ..”
ယန်ကွမ်းက ပြုံးစိစိဖြင့် မေးလိုက်၏။
“ရတာပေါ့..ဒါပေမဲ့ ကျွန်တော် အဓိက စိတ်ဝင်စား တာက ဆုလာဒ်ပဲ..ကျွန်တော်က ဒီလောက်အထိ အ ပင်ပန်းခံ ကူညီပေးရမှာဆိုတော့ အလကားတော့ မ ဖြစ်သင့်ဘူး မဟုတ်လား..ဟဲဟဲ..”
“နင်က ဘာ လိုချင်လို့လဲ..”
ယန်ကွမ်းက အကွက်ဆင်လျက် ပြန်လှည့်မေးလိုက် ပြန်သည်။
“ဒါက ခင်ဗျားကိုယ်တိုင်ပဲ ပြောရမှာလေ..ခင်ဗျား ဘာပေးနိုင်မလဲဆိုတာ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲဗျ..”
“ငါ ပေးနိုင်တာဆိုလို့ ငွေပဲရှိတယ်..နင် ဘယ်လောက် လိုချင်လဲ..”
ယန်ကွမ်းက ခေါင်းခါယမ်းကာ ငြင်းဆန်လိုက်၏။
“လျှောက်မပြောပါနဲ့ဗျာ..ကျွန်တော်က ပိုက်ဆံမရှား ပါဘူး..ပြီးတော့ ခင်ဗျားရဲ့ ရည်းစားအတုအဖြစ် ဟ န်ဆောင်ပေးဖို့ ငွေယူရတာက သီလပျက်သလိုပဲ မ ဟုတ်လား..ဝဋ်လိုက်မှာလည်း ကြောက်ရသေးတယ် ဗျာ..”
“နင်ကများ သီလအကြောင်း ပြောနေသေးတယ်..ဟ မ့် အပိုတွေ..”
မုရှောင်ဝမ်က နှုတ်ခမ်းဆူကာ ပြောလိုက်ပြီးနောက် ယန်ကွမ်း၏ မျက်နှာအမူအရာ မှုန်ကုပ်သွားသည်ကို မြင်လျှင် စကားလမ်းကြောင်းကို အမြန်လွှဲကာ မေး လိုက်၏။
“ဒါဆိုရင် နင်က တကယ်တမ်း ဘာကို လိုချင်တာလဲ ”
ယန်ကွမ်းက ပြုံးဖြဲဖြဲဖြင့် ပြန်ဖြေလိုက်၏။
“ဟီး..ဒါကသိပ်တော့ မခက်ပါဘူးဗျာ..ကျွန်တော်က ခင်ဗျားရဲ့ ယာယီရည်းစား ဖြစ်နေပြီပဲဥစ္စာ ရည်းစား တစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးပဲ လို ချင်တာပါဗျ..”
ထိုစကားကို ကြားရုံမျှဖြင့် မုရှောင်ဝမ်က ချက်ချင်း ပင် သတိထားကာ ပြောလိုက်သည်။
“မဟုတ်တာ မတောင်းဆိုနဲ့လို့ ..ငါ နင့်ကို သတိ ပေး ထားမယ်...”
ယန်ကွမ်းက ရယ်မောကာ ပြန်ပြောလိုက်၏။
“ကျွန်တော်က လက်ကလေးတွဲတာ ပုခုံးလေးဖက် တာကို ပြောတာပါဗျာ..ဒါမှ တခြားလူတွေက ကျွန် တော့်ကို ခင်ဗျားရဲ့ ရည်းစားအစစ်လို့ ယုံကြမှာပေါ့ ဗျ ခင်ဗျားက ဘာတွေ လျှောက်တွေးနေတာလဲ..ဟီး ”
မုရှောင်ဝမ်မှာမူ သက်ပြင်းချကာ လိုက်လျောလိုက် ရသည်။
“ဟူး..အေးပါ... နင်နဲ့ စကားပြိုင်ပြောလို့ မနိုင်ပါဘူး နင်ပြောသလိုပဲ သဘောတူတယ်..ဟုတ်ပြီလား”
“အိုကေလေ..”
ယန်ကွမ်းက ပြုံးလိုက်ပြီးနောက် ကားတံခါးကို ဆွဲ ဖွင့်ကာဆင်းလိုက်၏။
ဟိုတယ်သို့ အတူတူ လျှောက်လာကြစဉ် ယန်ကွမ်း က မုရှောင်ဝမ်၏ ပုခုံးလေးအား သဘာဝကျကျပင် လှမ်း၍ ဖက်လိုက်ပေသည်။
နုပျိုသင်းပျံ့သော ပုခုံးအိအိလေးအား ရင်ခွင်ထဲ ထ ည့်ထားလိုက်ရုံမျှဖြင့် ရင်းနှီးနေသော ရနံ့သင်းသင်း လေးအား ပြန်ရလာ၏။
“ဟူး..မိုက်လိုက်တာဗျာ..”
ထို့ကြောင့် ယန်ကွမ်းလည်း ဘေးဘီတွင် လူမရှိသ ည်ကို အခွင့်ကောင်းယူကာ လေက်ု ပြင်းပြင်းရှူသွင်း ပြီး သာယာမိန်းမောနေသည့် အမူအရာကို ဖော်ပြလို က်၏။
မုရှောင်ဝမ်၏ ပါးပြင်လေးနှစ်ဖက်မှာမူ နီမြန်းလျက် ရှိနေသည်။ယောက်ျားလေးတစ်ဦး၏ ဤသို့ ဖက်လှဲ တကင်း ပြုလုပ်ခြင်းကို ပထမဆုံးအကြိမ် ကြုံဖူးခြ င်းဖြစ်ရာ စိတ်ထဲ၌ တစ်မျိုးကြီး ခံစားနေရပြီး ရင်ခု န်သံတို့ကလည်း ပိုမိုမြန်ဆန်လာခဲ့သည်။
သို့သော်လည်း သူမ စိတ်ထဲ၌ ဘာကြောင့်မှန်းမသိ ဘဲ အလိုလို ဝမ်းသာပီတိဖြစ်မှု အနည်းငယ်ပင် စိမ့် ဝင်နေမိသည်။
ဟိုတယ်၏ ဝင်ပေါက်ဝတွင်မူ ကြီးမားလှသော သ က်တန့် ရောင် မုခ်ဦးမီးပုံးကြီး ရှိနေပြီး လေမှုတ်စက် က တဝူးဝူးနှင့် လေသွင်းပေးနေ၏။
မုခ်ဦးပေါ်တွင် ကပ်ထားသည့် နာမည်နှစ်ခုပါသော စာရွက်ကို ဝှေ့ကြည့်ကာ ယန်ကွမ်းက မေးမြန်းလိုက် သည်။
“ဒီ လီဖေးဆိုတာ ခင်ဗျားရဲ့ အတန်းဖော်လား.. ဒါမှ မဟုတ် ဟို ဂူဖုန်းဆိုတဲ့သူလား…”
“လီဖေးလေ... ဒီနေ့က သူမရဲ့ စေ့စပ်ပွဲပဲ..”
ယန်ကွမ်းက ဆွံ့အသည့် ပုံစံဖြင့် မေးလိုက်၏။
“မဟုတ်မှလွဲရော... ဒီလိုပွဲမျိုးက ရက်ချိန်းကို စိတ် ကြိုက် ပြောင်းလို့ရလို့လား..”
မုရှောင်ဝမ်က နားမလည်သောကြောင့် ပြန်မေးလိုက် သည်။
“နင် ဘာကို ဆိုလိုတာလဲ..”
“အော် ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားပြောတော့ နေ ာက်ရက်အနည်းငယ်ကြာမှ ကျွန်တော့်ကို အကူအ ညီတောင်းမယ်ဆို..အခုကျတော့ ရုတ်တရက်ကြီး ရှေ့တိုးလာတယ်လေ..ဒါကြောင့် ခင်ဗျားအတန်းဖေ ာ် က စေ့စပ်ပွဲရက်ကို ပြောင်းလိုက်လို့မို့လား..”
“ဟွန့်..နင်ကတော့ တွေးတတ်လွန်းပါတယ်..”
မုရှောင်ဝမ်က ယန်ကွမ်းအား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ရှင်းပြလိုက်သည်။
“ငါက ဒီပွဲကို လာဖို့ စိတ်ကူးမရှိခဲ့ဘူး.. နောက်ရက် တွေကျမှ နင့်ကို ရှာမယ်ဆိုတာက တခြားကိစ္စတစ်ခု အတွက်ပါ…”
ယန်ကွမ်းက ခေါင်းကုတ်ကာ မေးလိုက်၏။
“ဩော်... ဒါဆို နောက်ရက်တွေကျရင်လည်း ကျွန် တော့်ကို ထပ်ရှာဦးမယ်ပေါ့ ဟုတ်လား..”
“ဒါကတော့ နင့်ရဲ့ အစွမ်းအစအပေါ်မှာပဲ မူတည်တာ ပေါ့..တကယ်လို့ နင့်ရဲ့ စွမ်းဆောင်ရည်က မကောင်း ဘူးဆိုရင်တော့ ငါက လူလဲဖို့ ဝန်မလေးဘူးနော်..”
နှစ်ဦးသား တစ်ယောက်တစ်ခွန်း စကားနာထိုးရင်း စားသောက်ဆိုင်ခန်းမအတွင်းသို့ဝင်လာခဲ့ကြသည်။
ဤပွဲသည် စေ့စပ်ပွဲမျှသာ ဖြစ်သဖြင့် မင်္ဂလာစုံတွဲက တံခါးဝတွင် ဧည့်သည်များကို ဆီးကြိုနှုတ်ဆက်ရ သည့် မင်္ဂလာဆောင်ပွဲကြီးများနှင့် မတူပေ။
ဟိုတယ်၏ ဧည့်ခန်းမဆောင်ကြီးထဲတွင် ဧည့်သည် များကို စားပွဲဝိုင်းများဆီသို့ လမ်းညွှန်ပေးရန် ပြင် ဆင်နေကြသည့် လူငယ်အချို့သာ ရှိ၏။
ထို့ကြောင့် ယန်ကွမ်းနှင့် မုရှောင်ဝမ်တို့သည်လည်း ထိုလူငယ်များ၏ လမ်းညွှန်မှုဖြင့် ဘေးဘက်ရှိ ခန်း မကြီးထဲသို့ ဝင်လာခဲ့ကြသည်။
သူတို့နှစ်ဦး တံခါးအတွင်းသို့ ဝင်လိုက်လျှင်ပင် ခန်း မကြီးမှာ အလွန်ကျယ်ဝန်းသည်ကို မြင်လိုက်ရ၏။
ခန်းမထဲတွင် စားပွဲဝိုင်းပေါင်း လေးဆယ်နီးပါး ရှိ နေပြီး ဝိုင်းတိုင်းတွင်လည်း လူများ ပြည့်နှက်ကာ ထိုင်နေကြသည်။ယန်ကွမ်းတစ်ယောက် အံ့အားသင့် ကာ စိတ်ထဲမှ လွတ်ခနဲ ရေရွတ်မိလိုက်၏။
“အမလေး..စားပွဲဝိုင်းတွေက ဒီလောက်တောင် များ လှချည်လားဗျာ..”
“တောသား ဆန်မနေစမ်းပါနဲ့..ဒါက နှစ်ဖက်မိဘ မိ သားစု ပေါင်းလုပ်တဲ့ပွဲလေ တစ်ဖက်ကို စားပွဲအဝိုင်း နှစ်ဆယ်စီဆိုတာ များလွန်းလို့လား..”
ယန်ကွမ်းက မုရှောင်ဝမ်အား ကြည့်ကာ ပြန်ပြောလို က်သည်။
“မနည်းပါဘူးဗျာ... ကျွန်တော်တို့ ရွာမှာရှိတဲ့ လူတွေ အကုန်လာရင်တောင် ဒီ စားပွဲအဝိုင်း နှစ်ဆယ်ပြည့် အောင်တောင် ထိုင်နိုင်မှာ မဟုတ်ဘူးဗျ..”
“အဲဒါက နင့်ရွာလေ..ဒီမှာက မြို့ပေါ်ဟ.. ဘယ်သူ မ ဆို ဆွေမျိုးတွေ၊သူငယ်ချင်းတွေ၊အတန်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖော်တွေကို ဖိတ်ကြတာပဲလေ..”
မုရှောင်ဝမ်က မျက်စောင်းတစ်ချက် ထပ်ထိုးလိုက် ပြီးနောက် ပြတင်းပေါက်နားရှိ စားပွဲဝိုင်းတစ်ဝိုင်းဆီ သို့ ကြည့်လိုက်၏။
ထိုနေရာတွင် လူငယ်အချို့ ရောက်ရှိကာ ထိုင်နေကြ ပြီး တဟားဟားနှင့် စကားလက်ဆုံ ကျနေသည်။သူ မက ထိုဘက်သို့ မေးထိုးပြရင်း ယန်ကွမ်းအား ပြော လိုက်၏။
“သွားကြရအောင်.. ကျွန်မရဲ့ အတန်းဖော်တွေနဲ့ မိ တ်ဆက်ပေးရမယ့်အချိန် ရောက်ပြီ..”
“အမိန့်အတိုင်းပါ... ဇနီးချောလေးခင်ဗျား..”
ယန်ကွမ်း၏ စကားကြောင့် မုရှောင်ဝမ်တစ်ယောက် ခြေလှမ်းပင် တုန်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီ းပါး ဖြစ်သွားရသည်။သူမက လှည့်ကြည့်ကာ ကန့် ကွက်လိုက်၏။
“နင်..နင်. လူလည်လေး..ငါ့ကို အခွင့်အရေး မယူစ မ်းနဲ့.”
“အာ..ဒါက ကျွန်တော် ရသင့်တဲ့ အကျိုးအမြတ်တွေ ထဲကတစ်ခုပဲလေဗျာ.ဟီး..”
ယန်ကွမ်းက မျက်စိတစ်ဖက်ကို မှိတ်ပြရင်း ခပ်ပြုံး ပြုံး ဆိုလိုက်ရာ တကယ့်ကို ကတ်သီးကတ်သတ်နိုင် လှသည်။
“ဟူး ငါ့အမှားနဲ့ငါပဲ… ထားလိုက်ပါတော့ ငါကံဆိုး တယ်လို့ပဲ သတ်မှတ်လိုက်ရုံပေါ့ဟယ်..”
မုရှောင်ဝမ်သည် စိတ်ထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ် ပြ န်လည်နှစ်သိမ့်ရင်း ထိုစားပွဲဝိုင်းဆီသို့ လှမ်းလာခဲ့၏ ။
ဤတစ်ကြိမ်တွင်မူ ယန်ကွမ်းသည် မုရှောင်ဝမ်၏ပု ခုံးကိုဖက်မထားတော့ဘဲ သူမ၏ လက်ဖဝါးနုနုလေး ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်လျက် လက်ချင်းချိ တ်ကာ အတူတူ လျှောက်လှမ်းလာခဲ့ကြသည်။
စားပွဲဝိုင်းတွင် ထိုင်နေသော လူငယ်များက မုရှောင် ဝမ်ကို မြင်သောအခါ ပြုံးရွှင်စွာ နှုတ်ဆက်ကြပြီး တစ်ပြိုင်နက်တည်းမှာပင် ယန်ကွမ်အား အကဲခတ် သည့် မျက်လုံးများဖြင့် အထက်အောက် စုံဆန်ကြ ည့်ရှုကြသည်။
ထိုလူများထဲတွင် မျက်မှန်တပ်ထားသော လူငယ်တ စ်ဦးလည်း ပါဝင်ပြီး ထိုလူက ယန်ကွမ်း ဝတ်ဆင်ထ ားသော အဝတ်အစားများမှာ မည်သည့်တံဆိပ် ဖြ စ်သည်ကို သိရှိရန် ခြေဆုံးခေါင်းဆုံး အနီးကပ် လေ့ လာချင်နေသည့်အလား ကြည့်နေသည်။
ဤမျှ ယဉ်ကျေးမှုကင်းမဲ့သော အပြုအမူကြောင့် ယန်ကွမ်း၏ စိတ်ထဲ၌ ချက်ချင်းပင် မကျေမနပ် ဖြ စ်သွားရ၏။
သို့သော်လည်း တစ်ဖက်လူအား ပညာပေးရမည့်အ ချိန် မရောက်သေးသဖြင့် ယန်ကွမ်းက စိတ်ကိုထိန်း ကာ အလိုက်သင့် အပြုံးတစ်ခုကို ဆင်မြန်းလျက် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဟန် ဆောင်နေလိုက်သည်။
ထိုစဉ်မှာပင် မုရှောင်ဝမ်က စားပွဲဝိုင်းရှိ အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးမှာ သူမ၏ အတန်းဖော် များဖြစ်ကြောင်း ယန်ကွမ်းအား မိတ်ဆက်ပေးလိုက် ၏။
ရန်ကွမ်ကို မိတ်ဆက်ပေးရမည့် အလှည့် ရောက် သောအခါ မုရှောင်ဝမ်က ခဏမျှ တုံ့ဆိုင်းသွားပြီး နောက် လေကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“ဒါက..ယန်ကွမ်းတဲ့..ကျွန်..ကျွန်မရဲ့ ရည်းစားပါ”
ထိုသို့ ပြောလိုက်သည့်အချိန်တွင် သူမ၏ ပါးပြင် လေးနှစ်ဖက်မှာ နီမြန်းလျက် ရှိနေ၏။
ဤမြင်ကွင်းကို သတိပြုမိလိုက်သော ယန်ကွမ်းက သူမ၏ ပုခုံးလေးအား ဖက်ကာ ဝင်ပြောလိုက်သည် ။
“အားလုံးပဲ မင်္ဂလာပါဗျာ..ကျွန်တော့်ရဲ့ ရှောင်ဝမ်က အရှက်သည်းတတ်လို့ပါ..အပြစ်မမြင်ကြပါနဲ့ဦး”
ထိုကဲ့သို့ ရင်းနှီးကျွမ်းဝင်လှသော အပြုအမူကြောင့် လူတိုင်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ယုံကြည် သွားကြပြီး ချန်ပင်းဟု ခေါ်သော မိန်းကလေးက ပြုံ းလျက် ပြောလိုက်၏။
“အို... ရှောင်ဝမ်က တကယ်ကို ပြောင်းလဲသွားတာ ပဲ..အရင်က ရည်းစားတစ်ခါမှ မထားဖူးတဲ့သူက အ ခုကျတော့ ရည်းစားရှေ့မှာ ဒီလောက်တောင် ရှက် သွေးဖြာနေလိုက်တာ..သူက အရင်နဲ့ တခြားစီ ဖြစ် သွားတာပဲနော်ခစ်ခစ်..”
သူမ၏ လေသံကို ရန်ကွမ် သတိထားမိလိုက်ရာ ဤ မိန်းကလေး၏ စကားလုံးများမှာ ရွဲ့စောင်းကာ ပြော
နေခြင်းဖြစ်ကြောင်း ရိပ်မိသွားသဖြင့် ပြုံးကာ ပြန် တုံ့ပြန်လိုက်သည်။
“ဒါက သဘာဝပါပဲဗျာ.. မိန်းကလေးတွေဆိုတာ အ ချစ်ရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ အလိုလို လှပ ပြောင်းလဲသွားတတ်ကြတာပဲ မဟုတ်လားဗျ.”
ချန်ပင်းက ခပ်ပြုံးပြုံးဖြင့် ဆက်မေးလိုက်၏။
“အယ် နင်က တကယ် စကားတတ်တာပဲ..ဒါနဲ့...မော င်လေးက အသက်ဘယ်လောက်ရှိပြီလဲ..”