← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄. မြက်နုလေး

​ယန်ကွမ်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“၁၉ နှစ်ပါဗျာ..”

​“အမလေး... ငါပြောသားပဲ..ကြည့်ရတာတင် အရမ်း နုနယ်ပုံပေါက်နေတာ.. ဒါဆို ရှောင်ဝမ်ထက်တောင် ငယ်တာပေါ့..”

​ချန်ပင်းက အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနေ ာက် မုရှောင်ဝမ်အား လှောင်ပြောင်လိုသော မျက် လုံးများဖြင့် စိုက်ကြည့်ကာ ခနဲ့လိုက်သည်။

“နင်ကတော့ ရှာမှရှာတတ်ပပေတယ်.. ရှာလိုက်ရင် လည်း ဒီလောက်နုဖတ်နေတဲ့ မြက်နုလေးကိုမှ မိအေ ာင်ရှာတယ်.. နွားအို မြက်နုစားတယ် ဆိုတာဒါမျိုး ပေါ့ ခစ်ခစ်ခစ်....”

​ထိုစကား ကြားသောအခါ ယန်ကွမ်း စိတ်ထဲ၌ ပို၍ပ င် မကျေမနပ် ဖြစ်သွားရ၏။ဤချန်ပင်းဆိုသည့် မိန် းကလေးသည် မုရှောင်ဝမ်အား အမြဲတစေ စကား နာထိုး၍ နှိပ်ကွပ်ရန် ကြိုးစားနေသည်ဟူ၍ သူ ခံစား လိုက်ရသည်။

သူတို့နှစ်ဦးကြားတွင် မည်သည့် ရန်ငြိုးရန်စများ ရှိ နေသနည်း။

​မုရှောင်ဝမ်က သူ့အား ‘မသမာသော ရည်ရွယ်ချက် ဖြင့် စကားနာထိုးလာသူများကို ပညာပေးရန်’မှာထ ားသည်ကို ယန်ကွမ်း သတိရလိုက်ကာ အသာအ ယာ ပြုံးလိုက်ပြီးနောက် မုရှောင်ဝမ်အား ဆွဲ၍ ထိုင် ခုံတွင် ထိုင်စေလိုက်သည်။

ထို့နောက် ချန်ပင်းအား စိုက်ကြည့်ကာ ပြန်ချေပလို က်၏။

“အမကြီး ပြောတဲ့စကားကို ကျွန်တော် သိပ်နားမလ ည်ဘူးဗျ.. ကျွန်တော်တို့ ရှောင်ဝမ်က ကျွန်တော့်ကို စားဖို့ နေနေသာသာ ကိုက်တောင်မကိုက်ဖူးဘူး.. ဒါ ပေမဲ့ အမကြီးကသာ ကျွန်တော့်ကို သွားရည်ယိုတဲ့ မျက်လုံးတွေနဲ့ လောဘတကြီး ကြည့်နေတာဆိုတေ ာ့... တကယ်လို့ စားချင်တယ်ဆိုရင်လည်း အမကြီး ပဲ အရင်ဆုံး လာစားလိုက်ပါလားဗျ..”

​“နင်...နင်...”

​ချန်ပင်းသည် မူလက မုရှောင်ဝမ်အား သရော်လှော င်ပြောင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း.ယခုမူ ယန်ကွမ်း၏ ပြန်လည်တုံ့ပြန်မှုကြောင့် မျက်နှာတစ် ပြင်လုံး နီမြန်းသွားရပြီး အမူအရာပါ ပျက်ယွင်းသွာ းကာ အော်ပြောလိုက်သည်။

“နင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ..”

ယန်ကွမ်းက ရယ်ကာ ပြန်ပြောလိုက်၏။

​“အာ..အမကြီးကလည်း စိတ်မဆိုးပါနဲ့ဗျာ.. အမကြီး ကိုယ်တိုင်ပဲ ကျွန်တော့်ကို မြက်နုလေးလို့ ပြောခဲ့တာ မဟုတ်ဘူးလား.. မြက်နုလေးတစ်ပင်က ဘာမကော င်းတဲ့ စိတ်ကူးရှိနိုင်မှာမို့လို့လဲဗျာ..ဟီး..”

​သူ့စကားကြောင့် ချန်ပင်း၏ ဘေးတွင် ထိုင်နေသော မိန်းကလေးနှစ်ဦးမှာ မအောင့်နိုင်တော့ဘဲ ဗိုက်နှိပ်၍ ရယ်မောမိကြရာ အသံထွက်မသွားစေရန် လက်ဖြင့် အတင်းအုပ်ကာ ခိုးရယ်နေကြသည်။

​“တကယ့်ကို လျှာအရိုးမရှိ စကားတတ်တဲ့ကောင်ပဲ”

​ချန်ပင်းက ယန်ကွမ်အား မျက်စောင်းတစ်ချက်ထိုး လိုက်ပြီးနောက် မုရှောင်ဝမ်ဘက်သို့ လှည့်ကာ အော င့်သက်သက် ပြုံးကာ ပြောလိုက်၏။

“ရှောင်ဝမ်... မတွေ့ရတာ ကြာပြီနော်..ငါက နင့်ကို စနောက်လိုက်တာပါ..စိတ်မဆိုးပါနဲ့ဟာ”

​“ဟင့်အင်း... မဆိုးပါဘူး ငါက ဘာလို့ ဆိုးရမှာလဲ..”

​မုရှောင်ဝမ်က ပြုံးရင်း စင်မြင့်ထက်ဆီသို့ အကြည့် လွှဲကာ မေးလိုက်သည်။

“လီဖေးက အခုထိ ထွက်မလာသေးဘူးလား”

မျက်မှန်နှင့် လူငယ်က ဝင်ပြောလိုက်၏။

​“သူ မိတ်ကပ်ပြင်နေတုန်း ထင်တယ်..ပြီးရင်လည်း ဒီ ဘက်ကို လာဖို့ အချိန်ရမှာ မဟုတ်ဘူး စင်ပေါ်တန်း တက်ရတော့မှာလေ..”

​ဤလူအား အစောပိုင်းက မုရှောင်ဝမ် မိတ်ဆက် ပေးထားပြီးဖြစ်ရာ ဝမ်လီဟု ခေါ်ပေသည်။

​စတင်တွေ့ဆုံချိန်မှ ယခုအထိ ထိုလူ၏ အကြည့်တို့ သည် ယန်ကွမ်းထံတွင် ဆယ်စက္ကန့်မျှသာ ရှိခဲ့ပြီး ကျန်အချိန်တစ်လျှောက်လုံးတွင်မူ မုရှောင်ဝမ်အား စွဲစွဲလန်းလန်းနှင့် တစိမ့်စိမ့် စိုက်ကြည့်နေခဲ့၏။

​ဤအသေးစိတ်အချက်ကို ယန်ကွမ်းက သတိပြုမိ လိုက်ပြီးနောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။

“အမ် ဒီကောင်က မုရှောင်ဝမ်ကို တစ်ဖက်သတ် သ ဘောကျနေတာပဲ ဖြစ်ရမယ် ကျောင်းတုန်းကလည်း လိုက်ခဲ့ဖူးပုံရတယ်..ဒါပေမဲ့ ငြင်းပယ်ခံလိုက်ရတာပဲ နေမယ်”

ထိုလူ၏ ရီဝေစွဲလန်းနေသော မျက်လုံးများကို ကြ ည့်ရုံဖြင့် ထိုလူမှာ မုရှောင်ဝမ်အပေါ် မည်မျှအထိ န က်ရှိုင်းသော သံယောဇဉ်ရှိကြောင်း သိသာလှပေသ ည်။

သူ ​မှန်းဆချက် မှန်ကန်ကြောင်း သက်သေပြသည့် အလား ချန်ပင်းက စကားစပ်ကာ ဝမ်လီအား ကြည့် ရင်း ဘေးကနေ မီးမွှေးပေးနေ၏။

“ဝမ်လီ... နင် ကျောင်းတုန်းက ရှောင်ဝမ်အပေါ် သိပ် ကောင်းခဲ့တာပဲ.. ဒါပေမဲ့ နှမြောစရာကောင်းတာက ‘ပန်းကြွေတာကို ရေအလျဉ်က သတိမထားမိဘူး’ ( တစ်ဖက်သတ် ချစ်ခြင်း)ဖြစ်သွားရတာပဲနော်.. အခု တော့ သူမမှာ ရည်းစားရှိသွားပြီဆိုတော့ နင် တက ယ်ပဲ ရှောင်ဝမ်ကို စိတ်ပျက်နေပြီ မဟုတ်လား..”

“ဟင့်အင်း... မဟုတ်ပါဘူး..”

​ဝမ်လီက ချက်ချင်းပင် ငြင်းဆန်ပြီးနောက် ဆက် ပြောလိုက်သည်။

“ကျွန်တော်က ရှောင်ဝမ်နဲ့ မထိုက်တန်မှန်း ကိုယ့်ကို ယ်ကိုယ် သိပါတယ်.. ဒါကြောင့်လည်း မကြာခင်မှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ထူထောင်နိုင်ဖို့ အခုချိ န်မှာ အပြင်းအထန် ကြိုးစားနေတာပါ..”

ချန်ပင်းက စပ်စုစွာ မေးလိုက်၏။

​“ဩော်... ဒါနဲ့ ခုနက မေးဖို့မေ့သွားတယ်..ဝမ်လီ...န င်က အခု ဘာလုပ်ငန်းတွေ လုပ်နေလဲ”

ဝမ်လီက ဂုဏ်ယူဝင့်ကြွားလိုသော လေသံအား ထိ န်းရင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

​“ကျွန်တော်က အခု ဘဏ္ဍာရေးဆိုင်ရာ ပရောဂျက် တစ်ခုကို အကောင်အထည်ဖော်ထားတယ် မကြာခ င်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဖိတ်ခေါ်တော့မှာပါ ..”

​ချန်ပင်း၏ မျက်လုံးများ တောက်ပလာကာ ချီးကျူး လိုက်၏။

“ဟယ်... မတွေ့ရတာ ကြာလို့လား မသိဘူး..နင့်ကို တကယ် ဒူးထောက်ကြည့်ရတော့မယ်နဲ့ တူတယ်နေ ာ်”

ဝမ်လီက လေသံအား နှိမ့်ချကာ ပြောလိုက်သည်။

​“အာ ဒါက ပရောဂျက်အသေးစားလေးတစ်ခုပါပဲ”

​သူတို့တစ်တွေ စကားကောင်းနေကြစဉ် မုရှောင်ဝမ် နှင့် ယန်ကွမ်းတို့ကမူ ဘာမျှ ဝင်မပြောဘဲ တိတ်ဆိ တ်စွာ နားထောင်နေ၏။

​သို့သော်လည်း စားပွဲအောက်တွင်မူ နှစ်ဦးကြား၌ အ ပြိုင်အဆိုင် စစ်ပွဲတစ်ခု ဆင်နွှဲနေပေသည်။

အကြောင်းအရင်းမှာ မုရှောင်ဝမ်က သူမ၏လက်ကို ပြန်ရုပ်သိမ်းချင်နေသော်လည်း ယန်ကွမ်းက လုံးဝ လွှတ်မပေးသောကြောင့် ဖြစ်၏။

​ထို့ကြောင့် မုရှောင်ဝမ်သည် မျက်နှာတွင် အေးဆေး တည်ငြိမ်သော အပြုံးလေးကို ဆင်မြန်းထားရင်း စာ းပွဲအောက်တွင်မူ ရှိသမျှအားအင်အကုန်သုံးကာ ရု န်းကန်နေရှာသည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ သူမ မ ည်သို့မျှ ရုန်းမထွက်နိုင်ခြင်းပင်။

နောက်ဆုံးတွင်မူ သူမလည်း တတ်နိုင်သမျှ ကြိုးစား ပြီးနောက် လက်လျှော့လိုက်ရသည်။မုရှောင်ဝမ်က စိတ်ထဲမှ ထိုသို့ တွေးနေမိ၏။

“ဒီကောင် ထမင်းစားတဲ့အချိန်အထိတော့ လက် မ လွှတ်ဘဲ မနေရဲလောက်ပါဘူး..”

​ထိုသို့တွေးမိစဉ်မှာပင် မုရှောင်ဝမ်၏ ရင်ထဲ၌ အလွ န် တုန်လှုပ်သွားရ၏။ဤကောင်လေးသည် ပုံမှန် အ တိုင်း လုပ်တတ်သူမဟုတ်ပေ။

အကယ်၍ သူက ဇွတ်အတင်း လက်မလွှတ်ဘဲ တရု တ်တူနှင့် ဟင်းကို ကောက်ခတ်ပြီး မိမိအား ခွံ့ ကျွေး နေလျှင် မည်သို့လုပ်ရမည်နည်း။

​“ဖွီး..မဖြစ်နိုင်တာ... ဒါ..ဒါ.. ရွံစရာကြီး..”

​မုရှောင်ဝမ်က အံကိုတင်းတင်းကြိတ်ကာ စိတ်ထဲမှ ယန်ကွမ်းအား ဓားကြိမ်းကြိမ်း နေမိသည်။

“ဟမ့် နင်သာ အဲဒီလို လုပ်ရဲရင် နင်နဲ့ငါ ဘယ်တော့ မှ အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်”

ခဏအကြာတွင်တော့ နောက်ထပ် လူတစ်ယောက် ထပ်မံရောက်လာခဲ့၏။

​ဤတစ်ကြိမ် ရောက်လာသူမှာလည်း အမျိုးသမီးတ စ်ဦးဖြစ်ပြီး အရပ်က သိပ်မမြင့်လှဘဲ တစ်မီတာခွဲ ကျော် (၁.၆ မီတာခန့်)သာ ရှိသော်လည်း ထိုမိန်းက လေး၏ ခန္ဓာကိုယ်မှာမူ အံ့ဩစရာကောင်းလောက် အောင် ထွားကျိုင်းလှသည်။

သူမ၏ ခါးအတိုင်းအတာသည် မုရှောင်ဝမ်၏ ခါး ထက် နှစ်ဆစာခန့်ပင် ရှိနေ၏။​ထို့အပြင် ဤမိန်းက လေးသည် အသားမည်းမည်း အဆီတဝင်းဝင်းနှင့် ဝလွန်းနေသည်။

သူမ လှမ်းလာသည်ကို မြင်လျှင် ယန်ကွမ်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး စိတ်ထဲမှ ရေရွတ်မိလိုက်၏။

“ငါ လခွမ်း. ဒီမိန်းမကလည်း သူတို့အတန်းဖော်ပဲလ ားဟ..”

ယန်ကွမ်း ​မှန်းဆချက်အတိုင်းပင် ထိုအသားမည်းမ ည်း ဝဝတုတ်တုတ် မိန်းကလေးက အနားသို့ ရောက် လာသောအခါ၊ ချန်ပင်းက ထိုင်နေရာမှ ချက်ချင်း ထကာ နုတ်ဆက်လိုက်၏။

“အိုး.ယုယု .. နင် ရောက်လာပြီလား”

​သူမ၏ ရင်းနှီးပျူငှာမှုမှာ မုရှောင်ဝမ် ရောက်လာစဉ် ကထက် ပို၍ ဝမ်းသာအားရ ဖြစ်နေသည်မှာ အထင် အရှားပင်။

ဟယ်ယု၏ ဖောင်းအိနေသော ပါးပြင်ကြီးပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာကာ ပြန်ပြောလိုက်သည်။

“အင်း..ဒရိုင်ဘာအသစ်က လမ်းမကျွမ်းလို့လေ..

လမ်းတွေ အများကြီး ပတ်မောင်းနေရလို့ နောက်ကျ သွားတာပါဟ..”

​“ဩော်... ဒါကြောင့်ကိုး..လာ... ထိုင်... ထိုင်..”

​ချန်ပင်းက ဟယ်ယုအား သူမ၏ ညီမအရင်းအချာ ကဲ့သို့ပင် ဆွဲခေါ်ကာ ဘေးနားရှိ ထိုင်ခုံတွင် ထိုင်စေ လိုက်သည်။

​သို့သော်လည်း ဟယ်ယုသည် သူမအား စကားအရှ ည်ကြီး ပြန်မပြောချင်ပုံရဘဲ စားပွဲဝိုင်းရှိ လူများကို တစ်ယောက်ချင်းစီ ဝှေ့ကြည့်ကာ ခေါင်းညိတ်ပြပြီး နောက် နောက်ဆုံးတွင်မူ သူမ၏ အကြည့်များက မု ရှောင်ဝမ်၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။

“အမ်..နင်လည်း ရောက်နေတာပဲလား..”

​မုရှောင်ဝမ်က ခေါင်းညိတ်ရုံမျှသာ ပြန်ဖြေပြီး စကာ း ဆက်မပြောတော့ချေ။

​“အင်း... ဟုတ်တယ်..”

ထိုထူးဆန်းသော အခြေအနေကို ယန်ကွမ်း ရိပ်မိလို က်သဖြင့် လေသံကို တိုးနိုင်သမျှတိုးကာ မုရှောင်ဝမ် အား ကပ်မေးလိုက်သည်။

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”

​မုရှောင်ဝမ်က ယန်ကွမ်းအား လှည့်ကြည့်ရာ မျက် လုံးထဲတွင်မူ ဆွံ့အလျက်ရှိသော အရိပ်အယောင် မျ ားဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်၏။

“ဘာမှမဟုတ်ပါဘူး..သူက.. ငါ့ရဲ့ အတန်းဖော် ဟယ် ယုလေ..”

ချန်ပင်းမှာမူ လျှာစောင်းထက်သူ ဖြစ်နေကာ သူမက

ချက်ချင်း ဝင်ရောက်မိတ်ဆက်ပေးလိုက်သည်။

“ယုယုရေ... ငါမိတ်ဆက်ပေးမယ်..ဟိုမောင်လေးက ယန်ကွမ်းတဲ့ သူက ရှောင်ဝမ်ရဲ့ ရည်းစားလေ..”

​ဟယ်ယုမှာ တစ်ချက်မျှ တုန်လှုပ်သွားပြီး ယန်ကွမ်း အား ကြည့်လိုက် ထို့နောက် မုရှောင်ဝမ်အား တစ်လှ ည့်ကြည့်လိုက်ဖြင့် ပြန်ပြောလိုက်၏။

“နင်က နောက်ဆုံးတော့ မျက်စိပွင့်နားပွင့် ရှိသွားပြီ ပေါ့ ဟုတ်လား..”

မုရှောင်ဝမ်က အေးအေးဆေးဆေးပင် ပြန်ပြောလို က်၏။

​“မျက်စိပွင့်တာ မဟုတ်ပါဘူး.. အချိန်တန်တော့ အ ဆင်ပြေမယ့်လူနဲ့ ဆုံတွေ့သွားတာပါ.”

​“ဩော်..”

​ဟယ်ယုက ခေါင်းညိတ်လိုက်သော်လည်း မျက်နှာ ပေါ် တွင်မူ မည်သည့်ခံစားချက်မျှ မရှိဘဲ ဆက်ပြော လိုက်သည်။

“ဒီကိစ္စကို ငါ့မောင်သာ သိရင်တော့ အရမ်းဝမ်းနည်း သွားမှာပဲနော်..”

​မုရှောင်ဝမ်၏ မျက်နှာအမူအရာက အေးစက်သွား ကာ ခပ်ပြန်ပြတ် ပြန်ပြောလိုက်၏။

“အဲဒါက ငါနဲ့မဆိုင်ဘူးလေ ငါလည်း အကြိမ်ကြိမ် ရှင်းပြပြီးသားပဲ အဲဒီတုန်းက ငါ ရည်းစားမထားချင် သေးလို့ပါဆိုမှ..”

​“ငါ..နားလည်ပါပြီ..”

​ဟယ်ယုက ရှားရှားပါးပါး အပြုံးတစ်ပွင့်ကို ဖော်ပြ လိုက်သော်လည်း ယန်ကွမ်အား ကြည့်သည့် အကြ ည့်တို့မှာ စူးရှလွန်းလှပြီး မေးခွန်းမေးလိုက်သည်။

“ဒါနဲ့ မောင်လေးက အခု ဘာအလုပ်လုပ်လဲ.. ဘယ် မှာ အလုပ်ဝင်နေတာလဲ..”

ထိုအေးစက်စက် အကြည့်များနှင့် အထက်စီးဆန်လွ န်းသော အမူအရာတို့ကြောင့် ယန်ကွမ်း စိတ်ထဲ၌ အ လွန် ကသိကအောက် ဖြစ်သွားရသော်လည်း သူက ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။

“ကျွန်တော်က ရွာကလူတွေကို ဆေးကုပေးနေတဲ့ ရွာက ဆရာဝန်လေးတစ်ယောက်ပါဗျာ..”

​“ဘာ..ကျေးလတ်က ဆရာဝန်လေး ဟုတ်လား..”

​ထိုစကားကို ကြားသောအခါ ချန်ပင်းတစ်ယောက် ဇဝေဇဝါဖြစ်သွားပြီး မုရှောင်ဝမ်အား အံ့အားသင့် စွာ ကြည့်ကာ ရေရွတ်လိုက်သည်။

“မဖြစ်နိုင်တာ ရှောင်ဝမ်ရယ်... ဟယ်မိသားစုရဲ့ သ ခင်လေးက ပိုင်ဆိုင်မှု သန်းချီရှိပြီး ရုပ်လည်းချော တာကို..ဘာလို့ နင်က ရွာက ဆရာဝန်ပေါက်စလေး တစ်ယောက်ကို ရွေးချယ်လိုက်ရတာလဲဟာ..”

​မုရှောင်ဝမ်က ဘာမျှ ပြန်မပြောသော်လည်း ယန်ကွ မ်းကမူ သူမအား မကျေမနပ် ကြည့်ကာ ပြန်ပြောလို က်၏။

“ဆရာဝန်ဆို ဆရာဝန်ပေါ့ဗျာ..ဘာလို့ ‘ပေါက်စ’ဆို တဲ့ စာလုံးကို ထည့်သုံးနေရတာလဲ..ကျွန်တော်က ဘ ယ်နေရာမှာ သေးလို့လဲ..”

​“အသက်ကို ပြောတာလေ..”

​ချန်ပင်း၏ မျက်နှာလေး နီမြန်းသွားပြီးနောက် သူ့ အား စိုက်ကြည့်ကာ ခနဲ့လိုက်သည်။

“ဒါနဲ့ နင်က ဘယ်လို စကားလုံးအလှတွေ သုံးပြီး လှ ည့်စားလိုက်လဲ....သာမန် ဆရာဝန်လေး တစ်ယော က်ကနေ ရှောင်ဝမ်လို လူစားမျိုးကိုတောင် မိအောင် ဖမ်းနိုင်ခဲ့တာပဲ..”

​“ထူးခြားတဲ့လူမှာ ထူးခြားတဲ့ အစွမ်းအစ ရှိတာ သ ဘာဝပဲ မဟုတ်လား..”

​ယန်ကွမ်းက အောင်နိုင်သူတစ်ဦးကဲ့သို့ ဝင့်ကြွားစွာ ပြုံးလိုက်ပြီး မုရှောင်ဝမ်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။

“ကျွန်တော်တို့က တကယ်ကို အပြန်အလှန် ချစ်ကြ တာလေ.. ဟုတ်တယ်မလားဝမ်ဝမ်..”

“အာ...”

​မုရှောင်ဝမ်၏ ရင်ထဲမှ အသည်းယားပြီး စိတ်ထဲမှ ပ င် ကျိတ်ကာ အော်ဟစ်လိုက်မိသည်။

“ဒီကောင်လေးကတော့ ပိုပိုပြီး စိတ်ကြီးဝင်လာပြီ..”

​ဟယ်ယုက သူတို့နှစ်ဦးကို ကြည့်ပြီး သက်ပြင်းအန ည်းငယ် ချကာ ပြောလိုက်သည်။

“ဟူး..နှမြောစရာကောင်းလိုက်တာ..”

​ယန်ကွမ်းမှာမူ အံ့အားသင့်သွားပြီး သူမအား မော့ ကြည့်ကာ ပြန်မေးလိုက်သည်။

“ဘာကို နှမြောတာလဲ..”

​“အော် ရှောင်ဝမ်က ကျောင်းတုန်းက အလှဘုရင်မ လို့ အသိအမှတ်ပြုခံထားရတဲ့သူလေ.. ဒါပေမဲ့ နော က်ဆုံးတော့ အချစ်ကြောင့် သူက အရှုံးပေးလိုက်ရ ပြီ..လီဖေးကို ကြည့်လေ..သူမရဲ့ခင်ပွန်းက အသက် နည်းနည်း ပိုကြီးပေမဲ့ နောင်တစ်ချိန်မှာဆိုရင် သူ့အ တွက် စည်းစိမ်ချမ်းသာအပြည့် နေသွားရမှာလေ..”

​ ထိုစကားကို ကြားရသောအခါ ယန်ကွမ်းတစ်ယော က် ဆွံ့အသွားပြီး ပြန်လည်ချေပလိုက်၏။

“အမ်..ခင်ဗျားက ဘာတွေ ပြောနေတာလဲ ရှောင်ဝမ် က ပိုက်ဆံ မလိုပါဘူးဗျာ..”

All Chapters