အခန်း ၆၅
Vol. 7 Ch. 65
အခန်း ၆၅ ပိုက်ဆံရှိတော့ ဘာဖြစ်လဲ
ဟယ်ယုက ယန်ကွမ်းအား စိုက်ကြည့်ကာ ပြန်ပြော လိုက်သည်။
“ကြည့်ရတာ... မောင်လေးက မုမိသားစုရဲ့ အခြေအ နေကို အခုထိ မသိသေးဘူးနဲ့ တူတယ်”
ယန်ကွမ်းတစ်ယောက် ခဏမျှ ကြောင်အသွားပြီးနေ ာက် ဇဝေဇဝါဖြင့် ပြန်လည်မေးမြန်းလိုက်၏။
“အမ်..ဘာဖြစ်လို့လဲဗျ..”
ဟယ်ယုက ယန်ကွမ်းအား ချက်ချင်း ပြန်မဖြေဘဲ မုရှောင်ဝမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ရှောင်ဝမ်... ဒါကို ငါ ပြောပြလိုက်ရင် နင် စိတ်ဆိုး မလား”
မုရှောင်ဝမ်က ခေါင်းခါယမ်းကာ တားလိုက်၏။
“မပြောပါနဲ့..ကျွန်မ မိသားစုကိစ္စ ကျွန်မကိုယ်တိုင်ပဲ ပြောပြပါ့မယ်..”
“ဩော်... အဲဒါလည်း ကောင်းတာပါပဲ..”
ဟယ်ယုက ခေါင်းညိတ်ပြကာ ဆက်ပြောလိုက်သည် ။
“ဒါဆိုရင်လည်း ငါက လူဆိုးအဖြစ် မခံတော့ပါဘူး ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... တကယ်လို့ သူကသာ နင့်ရဲ့ စည်းစိမ်ချမ်းသာတွေကို မက်မောလို့ တွဲတာ ဆိုရင်တော့ သူ စိတ်ပျက်သွားရလိမ့်မယ်လို့ပဲ ငါ ပြောချင် တယ်”
ထိုစကားကို ကြားသောအခါ ချန်ပင်းမှာမူ ချက်ချင်း ပင် စပ်စုချင်စိတ်တို့ ထိန်းမရတော့ဘဲ လေသံကို လျှော့ကာ ကပ်မေးလိုက်၏။
“ယုယု... ဘာတွေ ဖြစ်လို့လဲဟ..ရှောင်ဝမ်တို့ အိမ် မှာ တစ်ခုခု ဖြစ်လို့လား..”
ဟယ်ယုက သူမအား ခပ်စိမ်းစိမ်း ကြည့်ကာ ပိတ် ဟောက်လိုက်သည်။
“နင်ကတော့ အခုထိ အတင်းပြောရတာကို မက်တုန်း ပဲနော်.. မသိသင့်တဲ့ ကိစ္စတွေကို လျှောက်မမေးစမ်း နဲ့..”
ထိုစကားတစ်ခွန်းကြောင့် ချန်ပင်းတစ်ယောက် ချ က်ချင်းပင် နှုတ်ဆိတ်သွားရ၏။
မျက်နှာချင်းဆိုင်မှ စောင့်ကြည့်နေသော ယန်ကွမ်း မှာမူ ဤဟယ်ယုဆိုသည့် မိန်းမ၏ အရှိန်အဝါကို စ တင်၍ စိတ်ဝင်စားလာခဲ့သည်။
ဤမိန်းမမှာ ပုပုဝဝနှင့် ရုပ်ဆိုးလှသော်လည်း လူတို င်းကို အမိန့်ပေးနိုင်စွမ်းသော အရှိန်အဝါ အပြည့်ရှိ နေ၏။
ထို့အပြင် သူမ၏မောင်ဖြစ်သူမှာ ပိုင်ဆိုင်မှု သန်းချီ ရှိသည့် လူချမ်းသာတစ်ဦးဟု ကြားသိရရာ သူမက မည်သည့်နောက်ခံက လာသနည်းဆိုသည်မှာ ယန် ကွမ်းအတွက်မူ ပို၍ စဉ်းစားစရာပင်။
သို့သော်လည်း ဤသည်မှာ အဓိကမဟုတ်ချေ။
အဓိကအချက်မှာ ဟယ်ယု၏ နှုတ်ထွက်စကားအရ မုရှောင်ဝမ်၏ မိသားစုတွင် တစ်စုံတစ်ရာ ပြဿနာ တက်နေပုံရခြင်း ဖြစ်ပုံရ၏။
ယန်ကွမ်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် စားပွဲ အောက်၌ မုရှောင်ဝမ်၏ လက်ဖဝါးနုနုလေးကို အ သာအယာ ဆုပ်ညှစ်ကာ လေသံတိုးတိုးဖြင့် နှစ်သိမ့် လိုက်သည်။
“စိတ်မပူပါနဲ့... ခင်ဗျားမှာ ဘာအခက်အခဲပဲရှိရှိ ကျွ န်တော့်ကို ပြောပြပါ.. ကျွန်တော် ကူညီပေးပါ့မယ်”
“အွန်း..ဒါကို နောက်မှပဲ ပြောကြတာပေါ့..”
မုရှောင်ဝမ်က လေကို ပြင်းပြင်းရှူကာ စကား ဆက် မပြောတော့ချေ။
သို့သော်လည်း သူမ၏ စိတ်အခြေအနေမှာ များစွာ ကျဆင်းသွားသည်မှာ ထင်ရှားနေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ယန်းကွမ်းက စိတ်ထဲမှ တွေးမိလိုက်သည်။
“အင်း ငါ ဒီပွဲကို လာတာက သူမကို ကာကွယ်ပေး ဖို့ပဲ..တခြားလူတွေက သူမကို လာပြီး စကားနာထိုး နေတာကို ထိုင်ကြည့်နေဖို့ မဟုတ်ဘူး..”
ထို့ကြောင့် သူက မော့ကြည့်ကာ ဟယ်ယုအား မေးခွ န်းထုတ်လိုက်၏။
“မဟယ်... ခင်ဗျားက ဘယ်ကလည်းဗျ..”
“မြို့တော်ကလေ..”
နှုတ်စွာလှသော ချန်ပင်းကလည်း ချက်ချင်းပင် ကြ ားဖြတ်၍ ကြွားပေးပြန်သည်။
“ယုယုက ပြည်နယ်မြို့တော်ရဲ့ ထိပ်တန်းသူဌေးကြီး ဟယ်ဆန်းတရဲ့ သမီးလေ”
“ဩော်... ဒါကြောင့်ကိုး..”
ယန်ကွမ်းတစ်ယောက် ရုတ်တရက် သဘောပေါက် သွားတော့သည်။သူ စဉ်းစားနေသည်ကို မြင်သောအ ခါ ဟယ်ယုက သံသယစိတ်ဖြင့် ပြန်မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
“အာ ဘာမှမဟုတ်ပါဘူးဗျာ..”
ယန်ကွမ်းက ပြုံးလျက်ပင် ဆက်ပြောလိုက်သည်။
“ကျွန်တော့်အမြင်ကတော့ လူတစ်ယောက်အတွက် ပျော်ရွှင်ဖို့ကသာ အဓိကပဲ..ပိုက်ဆံတွေ ဘယ်လော က်ပဲရှိရှိ မပျော်ရရင် အလကားပဲလေ.ယ ဒါကြောင့် မဟယ်ရဲ့ အယူအဆကို ကျွန်တော် သိပ်သဘောမ တူဘူး..”
“ဟုတ်လို့လား၊ ငါကတော့ အဲဒီလိုမထင်ဘူး ဆန့်ကျ င်ဘက်အနေနဲ့ လူမှာ ပိုက်ဆံရှိဖို့ လိုတယ် ပိုက်ဆံရှိ ရင် ကိစ္စတော်တော်များများကို ဖြေရှင်းလို့ရတယ် လေ”
ယန်ကွမ်း၏ မျက်ဝန်းထဲမှ အထင်သေးရိပ်ကို မြင် ရသောအခါ ဟယ်ယု၏ စိတ်ထဲ၌လည်း မကျေမနပ် ဖြစ်လာခဲ့သည်။
ယန်ကွမ်းက သူမအား စိုက်ကြည့်ကာ အေးအေး ဆေးဆေးပင် ပြောလိုက်၏။
“တကယ်လား... ဒါပေမဲ့ နှမြောစရာကောင်းတာက ခင်ဗျားမောင်လေးမှာ ပိုက်ဆံရှိပေမဲ့ ရှောင်ဝမ်ကို ရအောင်မယူနိုင်ခဲ့ဘူး..ခင်ဗျားမှာလည်း ပိုက်ဆံရှိ ပေမဲ့ ကိုယ့်ရဲ့ အသည်းကိုတောင် ကောင်းအောင် မလုပ်နိုင်ဘူး မဟုတ်လား..”
“ဟမ်... ဘာပြောလိုက်တယ်..”
ထိုစကားကို ကြားသောအခါ စားပွဲဝိုင်းရှိ လူအားလုံး ကြက်သေသေသွားကြသည်။
ဟယ်ယုကိုယ်တိုင်လည်း အံ့အားသင့်သွားကာ ပါး စပ်အဟောင်းသားဖြင့် ထစ်ထစ်ထစ်အအ ပြန်မေး လိုက်၏။
“နင်... နင်က ဘာကို ဆိုလိုတာလဲ”
“ဘာကို ဆိုလိုရမှာလဲ၊ ကျွန်တော် ခန့်မှန်းတာ မမှား ဘူးဆိုရင် ခင်ဗျားရဲ့ အသည်းရောဂါက တော်တော် လေး ကျွမ်းနေပြီပဲ..အသည်းကင်ဆာအဆင့်ထိ မ ရောက်သေးရင်တောင် အသည်းခြောက်တဲ့အဆင့် တော့ ရောက်နေပြီပဲ..”
ယန်ကွမ်းက သရော်ပြုံး ပြုံးလိုက်ပြီးနောက် ထပ် ပြောလိုက်၏။
“ခင်ဗျားတို့မှာ ပိုက်ဆံတွေ အများကြီးရှိတာတောင် ကုသမှုရလဒ်က သိပ်မထူးခြားလှဘူးထင်တယ် ဟု တ်တယ်မို့လား”
“...”
စားပွဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်ခြင်း အမှောင်ထု ဖုံး လွှမ်းသွားပေသည်။
ဟယ်ယု၏ ပျက်ယွင်းသွားသော မျက်နှာအမူအရာ ကို ကြည့်ရုံဖြင့် ယန်ကွမ်းပြောလိုက်သည့် စကားမှာ ကွက်တိမှန်ကန်နေကြောင်း အားလုံးက ရိပ်မိလိုက် ၏။
လူတိုင်းမှာမူ စိုးရိမ်ထိတ်လန့်နေကာ စိတ်ထဲမှ တွေး နေရင်း ယန်ကွမ်းအား ခိုးကြည့်နေကြသည်။
“ဘုရားရေ ဒီကောင်က ဒါကို ဘယ်လိုများ သိသွား တာပါလိမ့် “
ဟယ်ယုကိုယ်တိုင်လည်း အလွန်တရာ အံ့ဩသွားရ ကာ သူမ၏ ဖောင်းအိနေသော ပါးကြီးများ တုန်ခါ
လျက် ပြန်မေးလိုက်၏။
“နင်... နင်က ဒါတွေအကုန်လုံးကို ဘယ်လိုလုပ်သိ တာလဲ”
“အဟက်..ကျွန်တော်က ဆရာဝန်ပဲလေ..ခင်ဗျားရဲ့ အသားအရောင်က ညိုမည်းနေပြီး မျက်လုံးတွေက ဝါနေတာက အသည်းရောဂါရဲ့ လက္ခဏာပဲ ပြီးတော့ ခင်ဗျားက ဝတယ်ဆိုပေမဲ့ ဒါက ငယ်ငယ်ကတည်း က ရှိခဲ့တဲ့ ပုံမှန်အဆီမျိုး မဟုတ်ဘူး ဆိုလိုတာက ခ ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ အခြား ဝေဒနာတွေလည်း ရှိ နေသေးတယ်ပေါ့ဗျာ..”
ထိုစကားကြောင့် ဟယ်ယု၏ မျက်နှာအမူအရာမှာ တစ်ဖန် ပြောင်းလဲသွားရပြန်သည်။
အကြောင်းမူကား ယန်ကွမ်း ပြောသမျှ အချက်တိုင်း မှာ ကွက်တိမှန်ကန်နေသောကြောင့် ဖြစ်၏။သူမတွ င် အသည်းရောဂါ ရှိနေရုံသာမက သည်းခြေအိတ် ရောဂါပါ ခံစားနေရပေသည်။
“ကျွန်မရဲ့ ဝေဒနာအတွက် တစ်နိုင်ငံလုံးအနှံ့ လျှော က်သွားပြီး နာမည်ကြီး ဆရာဝန်တွေ အများကြီးနဲ့ ပြသခဲ့ဖူးတယ်..ဒါပေမဲ့ ဘယ်သူမှ ထိရောက်တဲ့ ကု သမှုမျိုး မပေးနိုင်ခဲ့ကြဘူး..”
သူမ အသက်ဆက်ရှင်နိုင်ရန်အတွက် လာမည့်လတွ င် အမေ ရိကန်သို့ သွားရောက်ကာ ဆေးကုသမှုခံယူ ရန် မိသားစုက စီစဉ်ပေးထား၏။
သို့သော်လည်း မျှော်လင့်ချက် ရှိ၊ မရှိကိုမူ ဟယ်ယု ရော သူမ၏ မိသားစုပါ ရေရေရာရာ မသိကြချေ။
ဟယ်ယုအနေဖြင့် ယခုကဲ့သို့ မြို့နယ်လေးဆီသို့ လ ာခဲ့သည့် ရည်ရွယ်ချက်မှာ အတန်းဖော်များကိုသာ လာရောက်တွေ့ဆုံရန် ဖြစ်သည်။
အမေရိကန်သို့ သွားပြီး ရောဂါပျောက်ကင်းသွားပါ က တော်သေးသော်လည်း မပျောက်ကင်းခဲ့ပါက ယခုဘဝတွင် သူတို့အားလုံးနှင့် နောက်ထပ် ဆုံတွေ့ နိုင်တော့မည် မဟုတ်ချေ။
ဤမြို့နယ်လေးတွင် ရှိနေသည့် နှိမ့်ချလှသော ရွာ
ဆရာဝန်လေးက သွေးပင်မစမ်းရသေးဘဲ မျက်စိဖြ င့် ကြည့်ရုံမျှဖြင့် မိမိခန္ဓာကိုယ်၏ ဝေဒနာကို ကွက် တိမြင်နိုင်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါမ ည်နည်း။
ထို့ကြောင့် ဟယ်ယုသည် အံ့ဩတုန်လှုပ်သွားပြီးနေ ာက် ချက်ချင်းပင် အလောတကြီး မေးမြန်းလိုက် ၏။
“မောင်လေးက တကယ်ကို အရည်အချင်းရှိတဲ့ ဆ ရာဝန်တစ်ယောက်ပဲ.. ဒါဆို...အစ်မ ရောဂါကို ကု ပေးနိုင်မလား တကယ်လို့ မောင်လေးသာ ကုနိုင်မ ယ်ဆို အစ်မက ငွေအမြောက်အမြား ပေးဖို့ အဆင် သင့်ပါပဲ..”
“အာ..ဒါကတော့ ပြောရခက်တယ်ဗျ..”
ယန်ကွမ်းက ပြုံးရင်း ဆက်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ဆေးပညာအစွမ်းကို ခဏဖယ်ထားဦ း..တကယ်လို့ ကျွန်တော် ခင်ဗျားကို ကုပေးလိုက်ရ င် ‘ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်’ ဆိုတဲ့ ခဗျ ားရဲ့ စကားအတွက် အကြောင်းပြချက် ပေးလိုက် သလို ဖြစ်မသွားဘူးလား..”
“ဟို..ဟို..ဒါ..ဒါက...”
ယန်ကွမ်းက ဤနေရာ၌ အကွက်ဆင်၍ စောင့်နေလိ မ့်မည်ဟူ၍ ဟယ်ယု မထင်ထားသဖြင့် စကားများ ဆွံ့အသွားရရှာသည်။
သူမသည် ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်းပင် ပြန်ပြောလိုက်၏။
“နင် ပိုက်ဆံမလိုချင်လည်း ရပါတယ်..နင် ဘာပဲ တောင်းတောင်း ငါ အကုန် သဘောတူနိုင်တယ်..”
“နောင်တစ်ချိန်ကျရင် ရှောင်ဝမ်က ကျွန်တော့်ကို သ ားလေးတစ်ယောက် မွေးပေးဖို့ ကျွန်တော့်ကို ကတိ ပေးထားတယ်လေ.. အဲဒါကိုရော ခဗျား လုပ်ပေးနိုင် မလား…”
“...”
ဟယ်ယုတစ်ယောက် ကြောင်အသွားရသလို မုရှော င်ဝမ်လည်း မျက်နှာလေး ရဲခနဲဖြစ်သွားကာ စားပွဲ အောက်မှနေ၍ ယန်ကွမ်း၏ ပေါင်ကို အားဖြင့် ဆွဲ ဆိတ်လိုက်၏။
ယန်ကွမ်းခဗျာ နာကျင်မှုကို အံကြိတ်အောင့်ခံရင်း စ ကား ဆွံ့အသွားသော ဟယ်ယုကို ကြည့်ရင်း ဆက် ပြောလိုက်သည်။
“ခဗျား..မလုပ်ပေးနိုင်ဘူး မဟုတ်လား ဒါကြောင့်... ပိုက်ဆံက အရာရာကို လုပ်ပေးနိုင်တာ မဟုတ်ဘူး ဆိုတာကို အခုတော့ ခဗျား သဘောပေါက်ပြီလား..”
ဟယ်ယု၏ မျက်နှာမှာ ညှိုးငယ်သွားရပြီး ယန်ကွမ်း ၏ ပြောစကားမှာ လုံးဝမှန်ကန်နေသဖြင့် သူမ၏ အ တွေးအခေါ်များမှာ အခြေအမြစ်မရှိကြောင်း ဝန်ခံရ ပေမည်။
ထို့ကြောင့် သူမမှာ ခေါင်းညိတ်ရုံမှတစ်ပါး အခြားမ ရှိတော့ဘဲ ပြောလိုက်၏။
“အင်း နင် ပြောတာ မှန်ပါတယ်.. ခုနက ငါပြောမိတဲ့ စကားတွေအတွက် နင့်ကို တောင်းပန်ပါတယ်”
“ကဲ... ဒါဆိုလည်း တော်လောက်ပါပြီ..”
ယန်ကွမ်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည် ။
“ခဗျားရဲ့ တောင်းပန်မှုက စိတ်ရင်းမှန်လား ဒါမှမ ဟုတ် ရောဂါပျောက်ချင်လို့ပဲလားဆိုတာ ကျွန်တော် မသိပေမဲ့... ခင်ဗျားရဲ့ ကောင်းမွန်တဲ့ အမူအရာအ တွက် ထမင်းစားပြီးရင် အောက်ထပ်မှာ ကျွန်တော့် ကို စောင့်နေလိုက်ပါ..”
ဟယ်ယုတစ်ယောက် မျက်လုံးအဝိုင်းသားဖြင့် အံ့ ဩဝမ်းသာစွာ မေးမြန်းရှာသည်။
“ဟယ်... နင်က ငါ့ကို တကယ်ပဲ ကုသပေးဖို့ သဘေ ာတူတာလားဟင်..”
“ဆရာဝန်ဆိုတာ မိဘသဖွယ် စိတ်ဓာတ် ရှိရတာပဲ လေ.. အခုလို ဆုံတွေ့ရမှတော့ ကျွန်တော် တတ်နိုင် သလောက် ကူညီပေးရမှာပေါ့ဗျာ..”
ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်သည်။
“ဒါ့အပြင် ခင်ဗျားက ဝမ်အာရဲ့ အတန်းဖော်လည်း ဖြစ်နေသေးတာပဲလေ.. တခြားလူတွေရဲ့ မျက်နှာကို မထောက်ထားရင်တောင် ကျွန်တော့်ဇနီးလောင်း လေးရဲ့ မျက်နှာကိုတော့ ကျွန်တော် ငဲ့ရမှာပေါ့ဗျာ..”
ထိုစကားကို ကြားသောအခါ မုရှောင်ဝမ်၏ ရင်ထဲ၌ နွေးထွေးမှုတစ်မျိုး ဖြတ်သန်းသွားရသည်။
ယန်ကွမ်းက မိမိမျက်နှာပန်း လှစေရန်အတွက် တမ င်တကာ ဂုဏ်တင်ပေးနေခြင်းဖြစ်ကြောင်း သူမ နား လည်လိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်မိသဖြင့် ယန်ကွမ်းနားသို့ ကပ်ကာ လေသံတိုး တိုးဖြင့် မေးလိုက်၏။
“ဟယ်ယုရဲ့ ရောဂါက နာမည်ကြီး ဆရာဝန်တွေ အ များကြီးတောင် လက်လျှော့ထားရတာနော် နင်က တကယ်ပဲ ကုပေးနိုင်လို့လား..”
သူမ၏ ထွက်သက်လေနွေးနွေးက နားသယ်စပ်ကို လာရောက်ရိုက်ခတ်သောအခါ ယန်ကွမ်း တစ်ယော က် နားရွက်များ ယားယံသွားရပြီး ရင်ထဲ၌ ရှိန်းခနဲ ခံ စားလိုက်ရ၏။
သို့သော်လည်း သူက ထိုခံစားချက်ကို အောင့်အည်း ထိန်းချုပ်ရင်း သူမအား ပြုံး၍ ကြည့်ကာ ပြန်ပြော လိုက်သည်။
“သေချာတာပေါ့ဗျာ.. ဘာပဲပြောပြော သူတို့က နာမ ည်ကြီး ဆရာဝန်တွေပဲ ရှိသေးတာလေ ကျွန်တော်က နတ်ဆေးဆရာကြီးဗျ…”
“အာ... ဟုတ်ပါပြီ..”
မုရှောင်ဝမ်ခဗျာ ဆွံ့အသွားရကာ သူ့အား မျက်စော င်းလေး တိတ်တိတ်လေး ထိုးလိုက်၏။
သူတို့နှစ်ဦး ခေါင်းချင်းရိုက်ကာ တီးတိုးတီးတိုးနှင့် ဘာတွေ ပြောနေကြမှန်းမသိသဖြင့် ဟယ်ယု စိတ်ထဲ ၌ အနည်းငယ် စိုးထိတ်လာကာ ဝင်မေးလိုက်သည်။
“ရှောင်ဝမ်... အရင်က ငါတို့ကြားထဲမှာ အဆင်မ ပြေတာလေးတွေ ရှိခဲ့လို့ဆိုပြီး ဆရာဝန်လေးယန်ကွ မ်းကို ဆေးမကုပေးဖို့ တားနေတာတော့ မဟုတ်ဘူး မလားဟင်..”
“အမ်..ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲဗျာ..”
ယန်ကွမ်းက ပုခုံးကို အသာတွန့်ပြရင်း ပြန်ပြောလို က်သည်။
“ရှောင်ဝမ်က ခင်ဗျားကို အကောင်းဆုံး ကုသပေးဖို့ နဲ့ ဘာမှ အမှားအယွင်းမရှိစေရဘူးလို့ ကျွန်တော့်ကို သေသေချာချာ မှာနေတာပါ..ခဗျားက သူမကို မျက် နှာပျက်အောင် မလုပ်ပါနဲ့ဗျာ”