အခန်း ၆၆
Vol. 7 Ch. 66
အခန်း ၆၆ ဒေါသတကြီး ထွက်သွားခြင်း
ယန်ကွမ်းက ထိုသို့ ဝင်ရောက်ရှင်းပြလိုက်ရာ ဟယ် ယုတစ်ယောက် သဘောပေါက်သွားပေသည်။
မုရှောင်ဝမ်အပေါ် ထားရှိသော သူမ၏ အကြည့်တို့ သည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့၏။ထို့ နောက်တွင်တော့ သူမက ကျေးဇူးတင်လှသော မျက် နှာပေးဖြင့် ပြောလိုက်သည်။
“ရှောင်ဝမ်..ငါ..ငါ. တကယ် ကျေးဇူးတင်ပါတယ်ဟ ာ…”
မုရှောင်ဝမ်က ပြုံးရွှင်စွာ ပြန်ပြောလိုက်၏။
“အားနာစရာမလိုပါဘူးဟာ..ငါတို့အားလုံးက အတန် းဖော်တွေပဲဟာ..”
ဤသည်မှာ ယန်ကွမ်း၏ လိမ္မာပါးနပ်မှုကြောင့် ရရှိ လာသော ရလဒ်မှန်း သူမ ကောင်းကောင်း သိသဖြင့် ရင်ထဲ၌ ပိုမိုနွေးထွေးသွားရပြီး မျက်နှာပေါ် တွင်လ ည်း စစ်မှန်သော အပြုံးပန်းတို့ ဝေဆာနေပေသည်။
ဟယ်ယုအား ဆေးကုသပေးရန် ယန်ကွမ်း သဘော တူလိုက်သည်မှာ မှန်သော်လည်း မည်သို့ကုသရမည် ကိုမူ သူမ မသိရှိရာ ယန်ကွမ်းအနေဖြင့် မည်သို့သေ ာ နည်းလမ်းဖြင့် ဆေးကုသပေးမည်နည်းဟူ၍ သူ မ စိတ်ထဲမှ သိချင်နေမိသည်။
သို့သော်လည်း ထိုအချိန်တွင်မူ စင်မြင့်ထက်၌ စေ့စ ပ်ပွဲ အခမ်းအနား စတင်နေပြီဖြစ်ရာ မင်္ဂလာတေးဂီ တသံများ ပျံ့လွင့်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။
အမှန်တကယ်တွင်မူ စားပွဲဝိုင်းရှိ လူတိုင်းမှာ ကိုယ်စီ စိတ်ဝင်စားရာများ ရှိနေသဖြင့် စင်ပေါ်က အခမ်းအ နားကို သိပ်ပြီး အာရုံမစိုက်ကြချေ။
သို့သော်လည်း ယန်ကွမ်းကမူ အားရပါးရ ကြည့်နေ သည်။
အမျိုးသားတစ်ဦးက ဒူးတစ်ဖက်ထောက်ကာ အမျို းသမီးအား လက်စွပ်ဆင်မြန်းပေးသည့် မြင်ကွင်း မှာ အလွန်ပင် ရိုမန်းတစ်ဆန်သည်ဟု သူ ခံစားရ သော်လည်း လူအများရှေ့တွင် ဤမျှအထိ ချစ်သ က်သေပြနေခြင်းမှာ အနည်းငယ်တော့ ထူးဆန်းနေ သည်ဟူ၍လည်း တွေးမိပြန်သည်။
ထို့ကြောင့် ယန်ကွမ်းက စိတ်ထဲမှနေ၍ တွေးမိလိုက် ၏။
“အင်း..နောင်တစ်ချိန် ငါသာ အိမ်ထောင်ပြုခဲ့ရင် ဒီ လောက်အထိ လူသိရှင်ကြားလုပ်မှာမဟုတ်ဘူး”
သို့သော်လည်း မုရှောင်ဝမ်၏ ရင်ထဲ၌မူ ဤမြင်ကွင် းလေးမှာ အလွန်တရာ လှပလွန်းနေပြီး နောင်တစ် ချိန် မိမိအား လက်ထပ်ခွင့်တောင်းခံရလျှင်လည်း ဤကဲ့သို့ ဖြစ်လာမည်လားဟူ၍ တိတ်တဆိတ် စိတ် ကူးယဉ်နေမိသည်။
သို့သော်လည်း ထိုအတွေးစကို ပြန်လည် ရုပ်သိမ်း လိုက်စဉ်မှာပင် စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ဝင်လာကာ ယန်ကွမ်းဘက်သို့ မသိမသာ လှည့်ကြ ည့်မိလိုက်၏။
“ဟွန့်..ဒီကောင်ကတော့ ဘယ်တော့မှ အဲဒီလို လုပ် မှာမဟုတ်ဘူး..”
ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် သူမ၏ ရင်ထဲ ၌ တုန်လှုပ်သွားရပြီး မျက်နှာလေးမှာ ချက်ချင်းပင် နီရဲလာပေသည်။
”အမ် ငါက ဒီကောင်နဲ် ဘာမှမဆိုင်ဘဲ... ဘာလို့ သူ့ ကိုမှ ပြေးမြင်ပြီး လက်ထပ်ခွင့်တောင်းတာကို စဉ်း စားနေရတာလဲဟ..”
ဤအတွေးမှာ တကယ့်ကိုပင် ရှက်စရာကောင်းလှ ၏။
မုရှောင်ဝမ်သည် ခပ်ဆတ်ဆတ် ပင်ကိုယ်စရိုက် ရှိ သော်လည်း သဘာဝအရမူ ရိုးရာယဥ်ကျေးမူကို ထိ န်းသိမ်းတတ်သော မိန်းကလေးတစ်ဦး ဖြစ်နေဆဲပင် ။
ထို့ကြောင့် ဤသည်ကို တွေးမိရုံမျှဖြင့် သူမက အရှ က်သည်းသွားကာ ခေါင်းလေးကို အမြန်ငုံ့ချလိုက်ရ ရှာသည်။
အခမ်းအနားအပြီးတွင် စေ့စပ်လိုက်သော စုံတွဲသည် အခမ်းအနားမှူး၏ ကောင်းချီးပေးစကားများနှင့်အ တူ စင်မြင့်ထက်မှ ဆင်းကာ အနောက်ဘက်သို့ ဝင် သွားကြ၏။
ဧည့်ခံပွဲ စတင်နေပြီဖြစ်ရာ စားပွဲထိုးများက ဟင်းပွဲ များကို တစ်ပွဲပြီးတစ်ပွဲ လာချပေးနေသည်။
စားပွဲပေါ်ရှိ ကြက်သား၊ဘဲသားနှင့် ငါးဟင်းလျာများ စွာကို ကြည့်ပြီး ယန်ကွမ်းတစ်ယောက် ချက်ချင်းပ င် အစားစားချင်စိတ်တို့ တဖွားဖွား ပေါ်ပေါက်လာခဲ့ ၏။
နောက်ဆုံးတွင်မူ သူသည် တရုတ်တူကို ကောက်ကို င်ကာ ဟင်းနှစ်လုပ် သုံးလုပ်ခန့် အားရပါးရ မြည်းစ မ်းလိုက်ပြီးမှ လူတိုင်းက သူ့အား ဝိုင်း၍ စိုက်ကြည့် နေကြသည်ကို သတိပြုမိသွားသည်။
ထိုအခါ ယန်ကွမ်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏ ။
“အမ်..ဘာလို့ ကျွန်တော့်ကိုပဲ ကြည့်နေကြတာလဲဗျ.. ခဗျားတို့က ဘာလို့ မစားကြတာလဲ..”
မုရှောင်ဝမ်က ရှင်းပြလိုက်သည်။
“လူတိုင်းက စားချင်စိတ် မရှိကြဘူးလေ..ဒီနေ့ ငါတို့ လာတာက ထမင်းလာစားတာ မဟုတ်ဘူး..မင်္ဂလာပွဲ လာကြည့်တာ..”
“ဒါပေမဲ့လည်း စားတော့ စားရမှာပေါ့ဗျာ နေ့လယ်စ ာ အချိန်ကြီးကို ဗိုက်မဆာကြဘူးလားဗျ..”
ယန်ကွမ်းလည်း ဆွံ့အသွားရ၏။လူတိုင်းက တရုတ် တူကိုပင် မကိုင်ကြဘဲ သစ်သီးဝလံများနှင့် အအေး စာ အနည်းငယ်ကိုသာ တို့ကနန်းဆိတ်ကနန်း စားနေ
သည်ကို မြင်သောအခါ သူလည်း အားနာမနေတော့ ဘဲ သွားရည်ယိုစရာ ဟင်းလျာများကို ပါးစပ်အပြ ည့် အားရပါးရ စားပစ်လိုက်သည်။
မိန်းကလေးများမှာမူ ဟန်ကိုယ်ဖို့လျက် အိန္ဒြေဆ ယ်နေကြပြီး ယန်ကွမ်း၏ အားရပါးရ စားနေသည့် ပုံစံကို ကြည့်ကာ စိတ်ထဲ၌ ရယ်ချင်ပတ်ချင် ဖြစ်နေ ကြ၏။
အကယ်၍ ဤသည်မှာ လွန်ခဲ့သော မိနစ်သုံးဆယ်ခ န့်ကသာ ဖြစ်ပွားခဲ့လျှင် ချန်ပင်းနှင့် အခြားသူများမှ ာမူ သူ့အား အထင်သေးရွံရှာသော မျက်လုံးများဖြ င့် သေချာပေါက် စိုက်ကြည့်ကြပေမည်။
သို့သော်လည်း ယခုမူ အခြေအနေက တခြားစီ ဖြစ် ခဲ့ရ၏။
ဟယ်ယု၏ ဝေဒနာအား သွေးကြောပင်မစမ်းဘဲ ကွက် တိ ပြောနိုင်ခဲ့သည်ကို မျက်ဝါးထင်ထင် မြင် ခဲ့ရသ ဖြင့် ယန်ကွမ်းတွင် တကယ့် အရည်အချင်း ရှိ ကြောင်း လူတိုင်း သိသွားကြသည်။
ထို့ကြောင့်ပင် သူ့အပေါ် ထားရှိသော သဘောထား မှာလည်း အလိုလို ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထိုအချိန်တွင် ဝမ်လီတစ်ယောက်က မူ ရင်ထဲ၌ အလွန်အမင်း မကျေမနပ် ဖြစ်နေရှာသ ည်။အဘယ့်ကြောင့်ဆိုသော် ယန်ကွမ်းက ပွဲဆူအော င် လုပ်ပြီး လူရာဝင်သွားကာ သူ၏ အောင်မြင်နေ သော စီးပွားရေးအကြောင်းများကို ကြွားဝါရန် အခွ င့်အရေး မရသောကြောင့် ဖြစ်၏။
ယန်ကွမ်းက မည်သည့် ယဉ်ကျေးမှု သိက္ခာမျှ မငဲ့ကွ က်ဘဲ အားရပါးရ စားသောက်နေသည်ကို မြင်လျှင် သူက မအောင့်နိုင်တော့ဘဲ စကားနာထိုးလိုက်သည်။
“တောသားကတော့ တောသားပဲဗျာ ကြည့်ရတာတင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ ပုံစံပဲ..”
သူ့အသံက သိပ်မကျယ်လှသော်လည်း ယန်ကွမ်းအ ပါအဝင် စားပွဲဝိုင်းရှိ လူတိုင်း အတိုင်းသား ကြားလို က်ရ၏။
ယန်ကွမ်းက မော့ကြည့်လိုက်ရာ ဝမ်လီ၏ မျက်နှာ ပေါ်ရှိ အထင်သေးသည့်ပုံစံကို မြင်သော်လည်း ခပ် ပြုံးပြုံးဖြင့်ပင် ပြန်ပြောလိုက်သည်။
“ကျွန်တော်က လောကကြီးအကြောင်း မသိတဲ့ တေ ာသားဆိုတာ မှန်ပါတယ်ဗျာ..ဒါပေမဲ့ ဒီစားပွဲပေါ်က အစားအသောက်တွေက အလကားရတာ မဟုတ်ဘူ းလေ..မစားဘဲ ထားခဲ့ရင် နှမြောစရာကောင်းလို့ပါ ဗျ..”
ဝမ်လီက ထပ်မံ သရော်လိုက်၏။
“အိုး..ဒါဆိုရင်လည်း များများစားစမ်းပါ အကုန် ပြောင်အောင် စားသွားတော့ ပိုကောင်းတာပေါ့ကွာ ..”
သူက စိတ်ထဲမှနေ၍ ကြုံးဝါးလိုက်သည်။
“ငါက မင်းကို အောက်ကျို့ခံပြီး အကူအညီတောင်း စရာ မလိုသလို မင်းမျက်နှာကိုလည်း ထောက်ထား စရာ မလိုဘူးလေ.. ငါက မင်းကို ဘာလို့ ကြောက်ရ မှာလဲဟ..”
ယန်ကွမ်းက ပြုံးကာ ပြန်ချေပလိုက်၏။
“အကုန်ပြောင်အောင် စားဖို့ကတော့ မဖြစ်နိုင်ဘူးဗျ ကျွန်တော်က ဆင်မှမဟုတ်တာ”
ထို့နောက် သူက ဝမ်လီအား စိုက်ကြည့်ကာ ဆက် ပြောလိုက်သည်။
“ခဗျားရော ဘာမှ မစားဘူးလား..နောင်ကျရင် ခ ဗျားရဲ့ စီးပွားရေး လုပ်ငန်းကြီး ပျက်စီးသွားပြီး ရည် းစားဟောင်းဆီက ငွေတွေအများကြီး အကြွေးတ င်ပြီး ထောင်ထဲ ရောက်သွားတဲ့အခါ... ဒီလို အရသာ ရှိတဲ့ အစားအသောက်မျိုးကို စားဖို့ အခွင့်အရေး တောင် ရတော့မှာ မဟုတ်ဘူးနော်..ဟီး..”
“မင်း...မင်း ဘာတွေ လျှောက်ပြောနေတာလဲ..”
ဝမ်လီသည် ထိုစကားကို ကြားလျှင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကာ စားပွဲကို ဒုန်းခနဲ မြည် အောင် ရိုက်လျက် မတ်တတ်ထရပ်လိုက်၏။
“ငါ့ရဲ့ စီးပွားရေးလုပ်ငန်းကြီး ပျက်စီးသွားလိမ့်မယ် လို့ မင်းက ဘာအထောက်အထားနဲ့ ပြောရဲတာလဲ”
“အော်..ဒါလား.ခဗျားရဲ့ စိတ်နေသဘောထား သေး သိမ်မှုကို ကြ ည့်ရုံနဲ့ သိသာပါတယ်ဗျာ.ဟက်ဟက်.”
ယန်ကွမ်းက ရယ်မောလိုက်ရင်း တူကို ချကာ တစ် ရှူးဖြင့် ပါးစပ်ကို သုတ်လိုက်ပြီးနောက် ဆက်ပြော လိုက်၏။
“ရှောင်ဝမ်က ခင်ဗျားကို သဘောမကျတာ မဆန်း ပါဘူးဗျာ ဘယ်လို ပညာရှိတဲ့ မိန်းကလေးပဲဖြစ်ဖြစ် ... ခင်ဗျားလို စိတ်သဘောထား သေးသိမ်ပြီး မနာ လိုစိတ် ပြည့်နေတဲ့ ယောက်ျားမျိုးကို ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ဘူးဗျ..”
”မင်း..မင်းလိုတောသားကများ... ငါ့ကို ဒီလိုစကား မျိုး ပြောရဲတယ်ပေါ့လေ..”
ဝမ်လီခဗျာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေ သည်။
သူက လုံးဝ ဒေါသထွက်နေသော်လည်း ကံကောင်း ထောက်မစွာဖြင့် ကြားထဲတွင် အခြားသူများ ခံနေ သောကြောင့်သာ ဖြစ်၏။
သို့မဟုတ်ပါက ဝမ်လီသည် ယန်ကွမ်အား အသေ အလဲ ထိုးနှက်ရန် ချက်ချင်း ပြေးဝင်လာလောက် ချေပြီ။
သို့သော်လည်း ဤကဲ့သို့ အခြေအနေဖြစ်သွားခြင်း ကပင် သူ့အား လူအများရှေ့တွင် သိက္ခာဆယ်ခွင့် ရ သွားစေခဲ့သည်။
ယန်ကွမ်က ခပ်ပြုံးပြုံးဖြင့်ပင် ဆက်ပြောလိုက်၏။
“ကျွန်တော်က ခဗျားကို မဟုတ်မမှန် စွပ်စွဲနေတာ မ ဟုတ်ပါဘူး..ကျွန်တော်နဲ့ ရှောင်ဝမ် ခန်းမထဲကို စဝင် လာပြီး ကျွန်တော်က သူမရဲ့ ရည်းစားပါလို့ မိတ်ဆ က်ကတည်းက... ခဗျားက ကျွန်တော့်ကို ဒေါသမျ က်လုံးတွေနဲ့ပဲ စိုက်ကြည့်နေခဲ့တာလေ..ဒါကတင် အ ဖြေက ရှင်းနေပြီ မဟုတ်လား..”
“ခဗျား စိတ်ထဲက မကျေနပ်တာပဲဖြစ်ဖြစ်.ဒေါသ ထွ က်တာပဲဖြစ်ဖြစ်... တကယ်လို့ ခင်ဗျားက ရှောင်ဝမ် ကို အမှန်အကန် သဘောကျတာဆိုရင် သူမ ပျော်ရွှ င်နေတာကို မြင်ရတဲ့အတွက် ခင်ဗျားဘက်က ဝမ်း သာပေးသင့်တယ် မဟုတ်ဘူးလား..”
ယန်ကွမ်း၏ ဒဲ့တိုးစကားကြောင့် ဝမ်လီမှာမူ စကား များ ဆွံ့အသွားရပြီး မျက်နှာတစ်ပြင်လုံး နီမြန်းလာ သည်။
စားပွဲဝိုင်းရှိ လူတိုင်းက သူ့အား ပြဇာတ် ပွဲကြည့်သ ကဲ့သို့ ဝိုင်းအကဲခတ်နေကြသည်ကို မြင်သောအခါ ဝမ်လီက ဤအရှက်ရမှုကို မခံစားနိုင်တော့ဘဲ ရုတ် တဏက် လက်ကို တွန်းဖယ်ကာ ဒေါသတကြီးဖြင့် ဝုန်းဒိုင်းကြဲ ထွက်ခွာသွားပေသည်။
စားပွဲဝိုင်းရှိ လူများကို ဝှေ့ကြည့်ကာ ယန်ကွမ်းက ပြုံးလျက် မေးလိုက်၏။
“တွေ့ကြတယ်မလား... သူ့ရဲ့ စိတ်သဘောထား သေ းသိမ်မှုအကြောင်း ကျွန်တော် ပြောတာ မမှားဘူးမ လား..”
ချန်ပင်းက ခေါင်းညိတ်ကာ ဝန်ခံလိုက်၏။
“ဟုတ်တယ်ဝမ်လီက တကယ်တော့ နည်းနည်း စိတ် ကူးယဉ်ဆန်ပြီး သဝန်တိုတတ်တာပါ..”
ဟယ်ယုကလည်း ထပ်ဆင့်၍ ခေါင်းညိတ်ကာ ပြော လိုက်သည်။
“အင်း... သူက သူ မျက်နှာပန်းလှဖို့ပဲ အမြဲတွေးနေ တာ..ကျောင်းတုန်းကတည်းက သူ့အကြောင်းကို အ ားလုံး သိကြသားပဲ…”
အနည်းငယ် မျှဝေဆွေးနွေးပြီးနောက် လူတိုင်းသည် ဒေါသတကြီး ထွက်ခွာသွားသော ဝမ်လီ၏ ကိစ္စကို စိတ်ထဲမထားတော့ဘဲ ချက်ချင်းပင် မေ့ပျောက်လို က်ကြသည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဝမ်လီသည် လူမှု ဆက်ဆံရေးတွင် မည်မျှအထိ ကျရှုံးနေကြောင်း ထ င်ရှားလှ၏။နှစ်ရှည်လများ ပေါင်းသင်းခဲ့သော အ တန်းဖော်များကပင် သူ့ကို အရေးတယူ မရှိကြချေ။
မိန်းကလေးများမှာမူ ဘာမျှ ထပ်မစားကြတော့ဘဲ ယန်ကွမ်း ဗိုက်ပြည့်သည် စားနေသည်ကိုသာ စိတ် ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။
မိနစ်သုံးဆယ်ခန့်အကြာတွင်မူ ယန်ကွမ်းတစ်ယော က်ဗိုက်ပြည့်လုနီးပါးဖြစ်ချိန်တွင် ဟယ်ယုက မအော င့်နိုင်တော့ဘဲ အလောတကြီး မေးလိုက်၏။
“ဆေးဆရာလေးယန်ကွမ်း... အခု ကျွန်မကို ဆေးကု ပေးလို့ ရပြီလားရှင့်..”
“အရင်ဆုံး အပြင်ထွက်ကြစို့ဗျာ..ဒီထဲမှာ လူတွေ အ ရမ်းများလွန်းတယ်..တိတ်ဆိတ်တဲ့နေရာတစ်ခုခု အ ရင်ရှာရအောင်”
ဟယ်ယုက ချက်ချင်းပင် သဘောတူကာ ခေါင်းညိ တ်ပြ၏။
“ကောင်းပါပြီ ကျွန်မရဲ့ကားက အထဲမှာ တော်တော် ကျယ်တယ်..အားလုံး အတူတူ သွားကြတာပေါ့..”
ထို့ကြောင့် လူစုမှာ ထိုင်နေရာမှ ထကာ ခန်းမကြီး အတွင်းမှ ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် ဧည့်သည်တော်များကလည်း တစ် ယောက် ပြီးတစ်ယောက် ပြန်လည်ထွက်ခွာနေပြီဖြစ် ရာ ဟိုတယ်ဧည့်ခန်းမဆောင်ကြီးအတွင်း၌ လူများ ပြည့်နှက်လျက်ရှိ၏။
ယန်ကွမ်းက မုရှောင်ဝမ်၏ လက်ကို ဆွဲထားပြီး၊ဟ ယ်ယု၊ ချန်ပင်းနှင့် အခြားမိန်းကလေးနှစ်ဦးတို့က နောက်မှ ထပ်ချပ်မကွာ လိုက်ပါလျက် အားလုံး အ တူတကွ ဟိုတယ်အပြင်သို့ ထွက်လာခဲ့ကြသည်။
သို့သော်လည်း အပြင်သို့ သူ ခြေလှမ်းလှမ်းလိုက်ရုံ မျှရှိသေး ကားက ဘယ်မှာလဲဟု ယန်ကွမ်း လှမ်းမေ းရန် ပြင်လိုက်စဉ်မှာပင် ဘေးဘက်မှ လူနှစ်ဦးမှာ သူတို့ထံသို့ ဒေါသတကြီး ပြေးဝင်လာသည်ကို ရုတ် တရက် မြင်တွေ့လိုက်ရ၏။
ထိုလူနှစ်ဦးစလုံး၏ လက်ထဲတွင်မူ ပြောင်လက်တေ ာက်ပနေသော စတီးပိုက်လုံးများကို ကိုင်ထားပေ သည်။
“အား.အမလေး..”
မိန်းကလေးများမှာမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် အေ ာ်ဟစ်ရင့်း လန့်ဖျန့်ကာ နောက်သို့ ဆုတ်ခွာသွား၏ ။
ယန်ကွမ်းက မုရှောင်ဝမ်၏ ရှေ့သို့ ချက်ချင်း လှမ်း ဝင်၍ ကာကွယ်လိုက်ပြီး ထိုလူနှစ်ဦး မိမိထံသို့ ဦးတ ည်ပြေးဝင်လာသည်ကို မြင်လျှင် နှာခေါင်းတစ်ချက် ရှုံ့ကာ ဆောင့်ကန်ပစ်လိုက်သည်။
“ဘုန်း...”
ထိုအသံနှင့်အတူ ပထမတစ်ယောက်မှာ မီတာအ တော် ဝေးဝေးသို့ လွင့်စင်သွားသော်လည်း ကျန်တစ် ယောက်၏ လက်ထဲမှ စတီးပိုက်လုံးကြီးကမူ ယန် ကွမ်း၏ ဦးခေါင်းထက်သို့ ကျရောက်လုနီးပါး ဖြစ် နေ၏။
“ဖပ်..”
သူ့ ဦးခေါင်းထိပ်နှင့် ဆယ်စင်တီမီတာခန့်သာ လို တော့သည့် အချိန်တွင် ယန်ကွမ်းက လက်ကို အသာ အယာ မြှောက်ကာ ထိုစတီးပိုက်တုံးကြီးကို လက်ဗ လာဖြင့် ဒဲ့တိုး ဖမ်းဆုပ်ပစ်လိုက်သည်။
အမှန်တကယ်တော့ ထိုလူသည် အားကုန်သုံးကာ လွှဲ ရိုက်လိုက်သော်လည်း ယန်ကွမ်းက ယခုကဲ့သို့ အလွ ယ်တကူ ဖမ်းချုပ်ထားသောအခါ ထိုပိုက်လုံးကြီးမှာ မည်သို့မျှ အောက်သို့ ဆက်၍ သက်ဆင်းမလာနိုင် တော့ချေ။
တစ်ဖက်လူသည် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ရှိ သမျှ အားအကုန် ညှစ်ထုတ်နေရသည်ကို မြင်သော အခါ ယန်ကွမ်းက ခပ်ပြုံးပြုံး သရော်လိုက်သည်။
“ဒီလို အစွမ်းအစလေးနဲ့ တခြားလူတွေကို ချောင်း မြောင်းတိုက်ခိုက်ရဲတယ် ဟုတ်လား…”