အခန်း ၆၈
Vol. 7 Ch. 68
အခန်း ၆၈ လူရှုပ်ကောင်
ယန်ကွမ်း၏ ကျီစယ်နေသော မျက်လုံးအစုံကို ကြ ည့်ရင်း မုရှောင်ဝမ်တစ်ယောက် ဒေါသထွက်လာ၏။
ယနေ့ ယန်ကွမ်းအား ဤနေရာသို့ ခေါ်ဆောင်လာခဲ့စ ဉ်က ထွေထွေထူးထူး မျှော်လင့်ချက်မျိုး မရှိခဲ့သော် လည်း မမျှော်လင့်ဘဲ ဤအကောင်က ထိုမျှကြီးမား သော အံ့ဩတုန်လှုပ်မှုမျိုး ပေးစွမ်းနိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိချေ။
မိမိ မနှစ်သက်သောသူအား ပညာပေးနှိပ်ကွပ် နိုင်ခဲ့ ရုံတင်မကဘဲ သူမအတွက်လည်း အများအလယ်တွ င် မျက်နှာပန်းလှစေခဲ့သည်။
ဤသည်ကို တွေးတောမိရင်း မုရှောင်ဝမ်တစ်ယော က် ယန်ကွမ်းအပေါ် ရင်ထဲလှိုက်လှိုက်လဲလဲ ကျေးဇူ းတင်မိသွားရ၏။
သို့မဟုတ်ပါက ဟယ်ယုကိုယ်တိုင်ကပင် အိမ်တိုင်ရ ာရောက် လိုက်လံပို့ဆောင်ပေးမည်ဟူ၍ ပြောဆိုမိ လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ကားပေါ်သို့ ရောက်သွားသည်နှင့် ယ န်ကွမ်းမှာမူ ချက်ချင်းပင် ပြန်လည်ပြောင်းလဲသွား ပေသည်။
ဤအကောင်က လူယုတ်မာတစ်ဦးကဲ့သို့ ပုံစံမျိုး ဖြင့် ဘာကို ဆိုလိုလည်းဆိုသည်အား လူအတစ်ယေ ာက်ပင် အလွယ်တကူ ရိပ်မိနိုင်လောက်သော အမူ အရာမျိုး ဖြစ်နေ၏။
ထိုကြောင့် မုရှောင်ဝမ်က နှုတ်ခမ်းကို ဖိကိုက်လျက် ယန်ကွမ်းအား စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အခု နင်က ငါ့ရဲ့ ရည်းစားမှ မဟုတ်တော့တာ ဘာ အခွင့်အရေးတွေ လာတောင်းနေတာလဲ.."
ယန်ကွမ်းက ပြန်လည်ချေပလိုက်၏။
"အမ် ကျွန်တော့် အိမ်မှမရောက်သေးတာ..ပြီးတော့ ဒီနေရာမှာပဲ ရှိနေသေးတယ်လေ... ကျေးဇူးပြုပြီး ကတိမဖျက်ပါနဲ့ဗျာ.."
မုရှောင်ဝမ်တစ်ယောက် ဆွံ့အသွားကာ ဖြူစင်သော ပါးပြင်ထက်၌ ချက်ချင်းပင် နီမြန်းလာပေသည်။ခ ဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက တိုးညှင်း သော လေသံဖြင့် ပြောလိုက်၏။
"ကောင်းပြီလေ.. ဒါပေမဲ့ နင် မျက်စိမှိတ်ထားရမ ယ်နော်.."
"ဟုတ်ကဲ့ပါဗျာ.. မှိတ်ထားလိုက်ပြီ... မှိတ်ထားလိုက် ပြီ.."
ယန်ကွမ်းက သူ အခွင့်အရေးရှိပြီဟု သိသည်နှင့် မျ က်လုံးအား ချက်ချင်းပင် မှိတ်ချလိုက်သည်။
မျက်စိမှိတ်ထားသည်ဟု ဆိုသော်ငြား အကုန်လုံး ပိ တ်ချထားခြင်းမဟုတ်ဘဲ မုရှောင်ဝမ်၏ ရှက်သွေးဖြ န်းကာ ပျာယာခတ်နေသော အမူအရာကိုမူ အတိုင်း သား မြင်တွေ့နေရဆဲပင်။
မိနစ်ဝက်ခန့် အခြေအနေမှာ တုံ့ဆိုင်းနေပြီးနောက် မုရှောင်ဝမ်တစ်ယောက် ဆုံးဖြတ်ချက် ချမှတ် လိုက် ပုံရကာ နှုတ်ခမ်းကလေးကို စေ့လျက် ယန်ကွမ်းအ နား တဖြည်းဖြည်း တိုးကပ်လာခဲ့သည်။
နီးကပ်လာသည့်အခါတွင်မူ မုရှောင်ဝမ်သည် ရှက် ရွံ့လွန်းလှသဖြင့် မသိစိတ်ကပင် သူမ၏ မျက်လုံး အစုံကို မှိတ်ချမိလိုက်၏။
ဘာပဲဖြစ်ဖြစ် သူမနူတ်ခမ်းအား ယန်ကွမ်း၏ ပါးပြ င်ကိုသာ ဦးတည်ထားခြင်း ဖြစ်သောကြောင့် အမြန် ပင် တစ်ချက်နမ်းကာ အဆုံးသတ်လိုက်ရန်သာ မုရှေ ာင်ဝမ်က တွေးထားမိသည်။
သို့သော်လည်း လူလည် ယန်ကွမ်းက သူမမျက်လုံး မှိတ်သွားသည်ကို စောင့်ကြည့်နေပြီး စိတ်ထဲ၌ မသ မာသော အကြံတစ်ခု ချက်ချင်းပေါ်လာကာ ခေါင်း ကို လှည့်လိုက်လိမ့်မည်ဟု မုရှောင်ဝမ်တစ်ယောက် အိပ်မက်ပင် မက်မိလိမ့်မည်မဟုတ်ချေ။
ရလဒ်အနေဖြင့် လူနှစ်ဦး၏ နှုတ်ခမ်းလွှာချင်းမှာ ထပ်တူထပ်မျှ ထိကပ်သွားကြတော့သည်။
မုရှောင်ဝမ်တစ်ယောက် ဆွံ့အမှင်သက်သွားကာ မျ က်ဝန်းအစုံကို ဖွင့်ကြည့်လိုက်မိသောအခါ ယန်ကွမ်း က သူမအား စိုက်ကြည့်နေပြီး သူတို့၏ နှုတ်ခမ်းချ င်းမှာလည်း နမ်းစုပ်မိလျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"..."
စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် မု ရှောင်ဝမ်တစ်ယောက် နောက်ဆုံးတွင် သတိဝင်လာ ပြီး ယန်ကွမ်း၏ နှုတ်ခမ်းများဆီမှ အမြန်ပင် ရုန်းဖ ယ်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။
"နင်...နင်ကလေ တကယ့်လူရူပ်..သဘောတူထား တာက ပါးကိုပဲ နမ်းရမှာလေ..”
"မဟုတ်ဘူးလေ... ကျွန်တော်က ဘယ်နေရာကို နမ် းရမယ်လို့မှ မပြောခဲ့တာပဲဗျဟီး.."
ယန်ကွမ်းက စပ်ဖြဲဖြဲ ပြုံးလိုက်ရင်း သူမ၏ နီမြန်း နေသော ပါးပြင်ကလေးများကို ကြည့်ကာ စကားလုံ းဖြင့် ဖော်ပြ၍မရအောင်ပင် ချစ်စဖွယ်ကောင်းနေ သည်ဟူ၍ ယန်ကွမ်း ခံစားလိုက်ရသည်။
မုရှောင်ဝမ်၏ ဒေါသထွက်နေသော မျက်ဝန်းအစုံမှာ ချက်ချင်းပင် ပေါက်ကွဲတော့မည့်အတိုင်း မြင်လိုက် ရသဖြင့် ယန်ကွမ်းက အမြန်ပင် ပြောလိုက်၏။
"အစ်မ... အစ်မရဲ့ နှုတ်ခမ်းတွေက တကယ်ကို ချို မြိန်လွန်းတာပဲဗျာ.."
"နင်... နင်နော်.."
မုရှောင်ဝမ်၏ ရင်ထဲမှ ဒေါသတို့ တလိပ်လိပ်တက် လာခဲ့သော်လည်း "အစ်မ" ဟူသော ခေါ်သံလေး ကြောင့်ပင် ထိုဒေါသမီးပွားတို့မှာ ချက်ချင်းပင် ငြိမ်း အေးသွားရရှာသည်။
ထို့နောက်တွင်မှ သူမသည် အံကလေးကြိတ်လျက် ယန်ကွမ်းအား မကျေမချမ်း စိုက်ကြည့်ရင်း ရေရွတ် လိုက်၏။
"တကယ့် လူရူပ်ကောင်..”
၎င်းမှာ ဆဲဆိုကျိန်ဆဲခြင်းထက် စိတ်ကောက်သည့် အမူအယာ ပြုလိုက်ခြင်းဟု ဆိုလျှင် ပို၍ မှန်ကန် ပေလိမ့်မည်။
ထိုစကားတစ်ခွန်းကြောင့်ပင် ယန်ကွမ်း၏ တစ်ကို ယ်လုံး အရည်ပျော်မတတ် ခံစားလိုက်ရပြီး အချစ် ၏ အရသာကို ချက်ချင်းပင် ထိတွေ့လိုက်ရသည်။
ထိုခံစားချက်မှာ တကယ်ကိုပင် ဆန်းကြယ်လွန်းလှ ၏။
“ဝူး…ဝူး..”
မုရှောင်ဝမ်က ယန်ကွမ်းအား ဆက်၍မကြည့်တော့ ဘဲ နှုတ်ခမ်းကလေး ဆူလျက် ကားကို စက်နှိုးကာ ထိုနေရာမှ အမြန် မောင်းထွက်ခဲ့ရာ ရှေ့မှ ကားတစ် စီးနှင့်ပင် တိုက်မိလုနီးနီး ဖြစ်သွားရသည်။
ယန်ကွမ်းက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"အားယိုး..အစ်မ... ဖြည်းဖြည်းမောင်းပါဗျာ..ကျွန် တော်က ငယ်ငယ်လေးရှိသေးတာ... အသက်မပြည့် ဘဲ မသေချင်သေးဘူးဗျ.."
မုရှောင်ဝမ်၏ စိတ်ထဲ၌ ကျေနပ်သွားမိပြီး ယန်ကွမ်း အား စိုက်ကြည့်ကာ ပြောလိုက်သည်။
"ခစ်ခစ်..နင်လည်း သေမှာ ကြောက်တတ်သေးတ ာပဲလား"
ယန်ကွမ်းက အူကြောင်ကြောင်ဖြင့် ပြန်ပြောလိုက် ၏။
"ဘာလို့ မကြောက်ရမှာလဲဗျာ... ဒီလောကမှာ သေမှ ာမကြောက်တဲ့သူ ဘယ်သူရှိလို့လဲ.."
မုရှောင်ဝမ်က ဒေါသတကြီး ခြိမ်းခြောက်လိုက်သ ည်။
"သေမှာကြောက်ရင် နောက်ခါကျရင် ငါ့ကို လာ မစ နဲ့ မဟုတ်ရင် ငါ စိတ်မရှည်ဖြစ်ပြီး နင့်ကို တကယ် သတ်ပစ်မိလိမ့်မယ်..ဟမ်း.."
ယန်ကွမ်းမှာမူ သူမ ရှက်ရမ်းရမ်းနေသည်ဟုသာ တွေးမိသဖြင့် လုံးဝ ဂရုမစိုက်ဘဲ ပြုံးဖြဲဖြဲဖြင့်ပင် ပြ န်ပြောလိုက်၏။
"ဟုတ်ကဲ့ပါဗျာ... နောက်ခါကျရင် ကျွန်တော် လိမ္မာ ပါ့မယ်ဗျာ.."
ကားကလေးသည် မြို့နယ်အတွင်းမှ ထွက်ခွာလာ ပြီးနောက် ချုံရှန်းကျေးရွာသို့ ဦးတည်သည့် လမ်းမ ထက်၌ ပြေးလွှားနေပြီး နှစ်ဦးစလုံးမှာ စကား သိပ်မပြောဖြစ်ကြချေ။
အတန်ကြာ မောင်းနှင်ပြီးနောက် ယန်ကွမ်းက စားပွဲ ဝိုင်းတွင် ပြောဆိုခဲ့သော ကိစ္စများကို သတိသွားသ ဖြင့် မေးမြန်းလိုက်၏။
"ဒါနဲ့ အစ်မ... အစ်မတို့အိမ်မှာ တစ်ခုခု ဖြစ်နေလို့လ ားဟင်.. ဟယ်ယုပြောတဲ့ ကိစ္စက ဘာလဲ"
"ဟူး..တကယ်တော့ အခြေအနေတစ်ခု ရှိနေတာပါ"
မုရှောင်ဝမ်သည် စိတ်တည်ငြိမ်သွားပြီဖြစ်၍ ထိုစ ကားကို ကြားသောအခါ သက်ပြင်းတစ်ချက်ကို ခပ် ဖွဖွချလျက် ပြန်ဖြေလိုက်သည်။
"နင်သိတဲ့အတိုင်းပဲ... ငါ့အဖေက ဆေးဖက်ဝင် အ ပင်ကုမ္ပဏီမှာ လုပ်တာလေ.. လွန်ခဲ့တဲ့ ရက်ပိုင်းက ဆေးဖက်ဝင် ပစ္စည်းတစ်သုတ် ဝယ်ခဲ့တာ... ဒါပေမဲ့ မမျှော်လင့်ဘဲ မိုးမိသွားပြီး ပစ္စည်းတွေ မှိုတက်ကုန် လို့ ဆုံးရှုံးမှု တော်တော်များသွားတယ်.."
ယန်ကွမ်းက ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်၏။
"ဪ... ဒါက အကြောင်းမဟုတ်ပါဘူး ငွေနည်းန ည်း ပေးလိုက်ရရုံပဲဥစ္စာ.."
"မဟုတ်ဘူး... ပမာဏက တော်တော်များတယ်ဟ.. ယွမ်သန်း ၂၀ ကျော်တယ်... အဲ့ထဲက တစ်စိတ်တစ် ပိုင်းက ငါ့ အဖေ ဘဏ်ကနေ ချေးထားတာလေ အခု အဆင်မပြေရင် ကုမ္ပဏီတစ်ခုလုံး ဒေဝါလီခံရမယ့် အခြေအနေပဲ…"
ယန်ကွမ်းလည်း အခြေအနေကို သဘောပေါက်သွား သဖြင့် အမြန်ပင် နှစ်သိမ့်လိုက်သည်။
"ဘာမှ မစိုးရိမ်ပါနဲ့ အစ်မရဲ့... ဟယ်ယုက ကူညီမ ယ်လို့ ပြောထားတာပဲ..သူ့အိမ်က ဒီလောက် ချမ်းသ ာ တာ... သေချာပေါက် ဖြေရှင်းပေးနိုင်မှာပါဗျာ.."
သို့သော်လည်း မုရှောင်ဝမ်က ခါးခါးသီးသီး ပြုံးရင်း ပြန်ပြောလိုက်သည်။
"စကားအရတော့ အဲ့လိုပါပဲ... ဒါပေမဲ့ ကိစ္စတွေက ဒီလောက် မရိုးရှင်းဘူး စောင့်ရုံပဲ စောင့်ကြည့်လိုက် ပါတော့ဟာ.."
သူမ၏ စကားတွင် တစ်ခုခု ရှိနေသည်ကို ရိပ်မိသဖြ င့် ယန်ကွမ်းက သံသယဖြင့် မေးလိုက်၏။
"ဘာဖြစ်လို့လဲဗျာ... ဟယ်ယုကိုယ်တိုင်က သဘော တူထားတာကို... သူက ကတိဖျက်မလို့လား.."
မုရှောင်ဝမ်က ခေါင်းခါကာ ပြောလိုက်သည်။
"အဲ့လိုတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဘာပဲပြောပြေ ာ ဒါက ယွမ်သန်း ၂၀ ကျော်လေ..ဒီငွေတွေက သူမ တစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ... ကြားထဲ ကနေ အစီအစဉ်တွေ ပျက်သွားမှာကို စိုးရိမ်တာပါ"
"ကိစ္စမရှိပါဘူး... တကယ်လို့ ဟယ်ယုရဲ့ မိသားစုက အစ်မတို့အဖေရဲ့ ကုမ္ပဏီ ငွေလည်ပတ်ဖို့အတွက် မ ကူညီဘူးဆိုရင် ကျွန်တော်ပဲ နည်းလမ်းရှာပေးပါ့မ ယ်.."
မုရှောင်ဝမ်တစ်ယောက် ဆွံ့အမှင်သက်သွားကာ ပြန် ပြောလိုက်သည်။
"နင်က ဟုတ်လား... လာနောက်မနေပါနဲ့ ဒါက ယွမ် သန်း ၂၀ ကျော်နော်... ယွမ် ၂၀၀၀ မဟုတ်ဘူး ဘယ် လိုလုပ်ပြီး အဲ့လောက် လွယ်ကူနိုင်မှာလဲ..."
"ကျွန်တော့်ကို ယုံလိုက်စမ်းပါ... ကျွန်တော်ရှိနေသ ရွေ့ ဘယ်လို အံ့ဩစရာမျိုးမဆို ဖြစ်လာနိုင်တယ်.."
ယန်ကွမ်း၏ အကောင်းမြင်တတ်သော ပုံစံကို မြင်ရ သောအခါ မုရှောင်ဝမ်၏ ရင်ထဲ၌ အနည်းငယ် စိတ် သက်သာရာရသွားပြီး မရည်ရွယ်ဘဲ ရယ်မိလိုက်၏ ။
"နင်ကတော့ တကယ့်ကို အရေထူတာပဲ...ကိုယ့်ကို ယ်ကိုယ် နှိမ့်ချရကောင်းမှန်းလည်း မသိဘူး"
"တကယ့် အရည်အချင်း ရှိနေမှတော့ ဘာလို့ နှိမ့်ချ နေရဦးမှာလဲဗျာဟီးဟီး..."
ယန်ကွမ်း၏ အားပေးစကားများကြောင့် မုရှောင်ဝမ် ၏ စိတ်အခြေအနေမှာ ထိုင်းမှိုင်းမနေတော့ဘဲ နှစ်ဦး သား ချုံရှန်းကျေးရွာသို့ စကားတပြောပြောဖြင့် ရ ယ်မောကာ ရောက်လာခဲ့ကြသည်။
အိမ်သို့ ရောက်ရှိသောအခါ ဝူရှောက်လျန်းမှာ ပြန် လည်ရောက်နေသည်ကို တွေ့ရပြီး သူမက ယာယာ လေးအား ရင်ခွင်ထဲ၌ ပိုက်ထွေးလျက် အိမ်တံခါးဝ တွင် ထိုင်နေ၏။
ယခုအခါ မွန်းလွဲ သုံးနာရီခွဲခန့် ရှိနေပြီဖြစ်၍ တစ်နေ့ တာ၏ အပူဆုံးအချိန်မှာ ကုန်ဆုံးလုနီးပါး ရှိနေပြီ ဖြ စ်ကာ ယာယာလေးမှာမူ မိခင်၏ ရင်ခွင်ထက်၌ အိပ် မောကျနေသည်။
ဤသည်ကို မြင်လျှင် မုရှောင်ဝမ်က အသံတိုးတိုး လေးပြောလိုက်၏။
"အစ်မဝူ... မထပါနဲ့ဦး.. ကျွန်မက ယန်ကွမ်းကို လို က်ပို့ပေးရုံတင်ပါ... အခုပဲ ပြန်တော့မယ်နော်.."
ဝူရှောက်လျန်းက လှမ်း၍ ဖိတ်ခေါ်လိုက်သည်။
"အာ ချက်ခြင်းကြီးလား ဒီမှာပဲ ထမင်းစားသွားပါ လား... မကြာခင် ချက်တော့မှာလေ.."
"မဖြစ်လို့ပါ အစ်မဝူရယ်...နောက်တစ်ခါ အချိန်ရမှ ပဲ လာခဲ့တော့မယ်.."
မုရှောင်ဝမ်က ပြုံးပြလိုက်ပြီးနောက် ယန်ကွမ်းဘက် သို့ လှည့်ကာ ပြောလိုက်၏။
"ငါ သွားပြီနော်.."
"ဟုတ်ကဲ့ပါ အစ်မ.. သတိထားသွားပါဦး..နောက်တ စ်ခါ အကူအညီလိုရင်လည်း ဖုန်းကြိုဆက်လိုက်နော် "
ထိုစကားကြောင့် မုရှောင်ဝမ်၏ ခြေလှမ်းတို့ တုံ့ဆိုင် းသွားကာ စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
“တော်ပါပြီ နောက်တစ်ခါကျရင် နင့်ကို လုံးဝ လာမ ရှာတော့ဘူး... လူကို အမြဲတမ်း အခွင့်အရေး ယူယူ နေတာ”
သို့သော်လည်း မုရှောင်ဝမ်က မည်သည့်စကားမျှ ပြန်မပြောတော့ဘဲ ကားဆီသို့ အမြန်ပင် လျှောက် လာကာ မောင်းထွက်ခွာသွားပေသည်။
မုရှောင်ဝမ် ထွက်သွားပြီးနောက် ဝူရှောင်လျန်းက လှမ်းပြောလိုက်၏။
"ဟဲ့ ရှောင်ကွမ်း.. ကလေးကို ခဏလောက် လာချီ ပေးပါဦး..ဒီကလေးက တော်တော်နဲ့ မအိပ်ဘဲ တဂျီ ဂျီလုပ်နေလို့... ငါ့ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီ.."
သူမက မုရှောင်ဝမ်၏ အကြောင်းကို အသေးစိတ် မ မေးမြန်းနိုင်တော့ဘဲ တစ်ကိုယ်လုံး စေးကပ်နေကာ တကယ်ကို နေရထိုင်ရ ခက်ခဲနေပုံရသည်။
ယန်ကွမ်းက ကလေးငယ်အား လွှဲပြောင်းပွေ့ချီလိုက် သောအခါ ဝူရှောင်လျန်းက အခန်းထဲသို့ အမြန် ဝင် သွား၏။
အိပ်မောကျနေသော ယာယာလေးကို ရင်ခွင်ထဲ၌ ပို က်ထွေးထားရင်း အပြင်ဘက်တွင် အလွန်ပူ လှသ ည်ဟု ခံစားရသဖြင့် ယန်ကွမ်းလည်း အခန်းထဲသို့ လိုက်ဝင်လာခဲ့သည်။
ဝူရှောင်လျန်း၏ အခန်းတံခါးဝသို့ သူ ဖြတ်လာစ ဥ် တံခါးမှာ သေသေချာချာ ပိတ်မထားဘဲ အက်ကွဲ ကြောင်းလေး တစ်ခု ဟနေသည်ကို ယန်ကွမ်း တွေ့ လိုက်ရသည်။အခန်းအတွင်းရှိ လူမှာ အဝတ်အစား လဲလှယ်နေပုံရသဖြင့် ယန်ကွမ်း၏ မသိစိတ်ကပင် ခြေလှမ်းများ တန့်ခနဲ ရပ်တန့်သွားမိသည်။
ဤသည်မှာ ဗီဇစိတ်ကြောင့်ပင် ဖြစ်ရာ သူ့ ခြေထော က်များမှာ လုံးဝ နာခံခြင်း မရှိတော့ချေ။
တံခါးအက်ကြောင်းလေးမှတစ်ဆင့် ယန်ကွမ်း ကြ ည့်လိုက်ရာ ဝူရှောင်လျန်းတစ်ယောက် အပြင်ဝတ် အင်္ကျီနှင့် ဘောင်းဘီရှည်တို့ကို ချွတ်ပစ်လိုက်ပြီဖြစ် ၍ ခန္ဓာကိုယ်ပေါ်၌ အတွင်းခံ အဝတ်အစားများသာ ကျန်နေသည်ကို မြင်တွေ့လိုက်ရသည်။
မရီးဖြစ်သူ ဝူရှောင်လျန်း၏ ဆီးနှင်းကဲ့သို့ ဖွေးစွတ် သော အသားအရေ၊အဆီပို အနည်းငယ်မျှ မရှိသော ကိုယ်လုံးကိုယ်ပေါက်၊ခါးနှင့် ပေါင်တံတို့မှာလည်း သာမန် လူသားတစ်ဦးနှင့် မတူလောက်အောင် ပန်းပု ထုဆစ်ထားသကဲ့သို့ ပြည့်စုံလွန်းလှ၏။
“အားပါးပါး..လှလိုက်တာကွာ..”
ယန်ကွမ်း၏ ရင်ခုန်သံတို့မှာ တဒိန်းဒိန်းနှင့် ခုန်ပေါ က်နေကာ ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း စို က်ကြည့်နေမိရင်း မိမိ၏ ဘေးပတ်ဝန်းကျင်ရှိ အရာ အားလုံးကိုပင် လုံးဝ မေ့နေပေသည်။