အခန်း ၇၀
Vol. 7 Ch. 70
အခန်း ၇ဝ ကြောက်သွားတာလား
ရွှီလင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ယန် ကွမ်း၏ မေးခွန်းကို ပြန်ဖြေခြင်းမရှိဘဲ ပြောလိုက် သည်။
"မမချင်းရွှေ ရောက်လာတဲ့အခါကျရင် သူ့ဘာသာ နင့်ကို ပြောပြလိမ့်မယ်.."
ရွှီလင်း၏ ချစ်စဖွယ်ကောင်းသော အပြုံးကို မြင်လို က်ရသဖြင့် ယန်ကွမ်းတစ်ယောက် စိတ်မရှည်ဖြစ် နေသော်ငြား မည်သည့်စကားမျှ ထပ်မံ မပြောတော့ ချေ။
ယာယာလေးအတွက်မူ အဝတ်အစား ရှားပါးခြင်း မ ရှိပေ။
မိခင်နှင့် ဦးလေးဖြစ်သူတို့၏ အလိုလိုက်အကြိုက် ဆောင်မှုကြောင့် ငါးရက်တစ်ခါခန့် ဝတ်စုံအသစ်တ စ်ထည် အမြဲရရှိတတ်ရာ မကြာမီမှာပင် ယာယာလေ းက အနီရောင် ဘောင်းဘီဝမ်းဆက်ကို ဝတ်ဆင် လျက် အခန်းထဲမှ ထွက်လာခဲ့သည်။
လူတိုင်း အဆင်သင့်ဖြစ်နေကြပြီဖြစ်ရာ ချီချင်းရွှေ ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းရန် ကျန် တော့၏။
အချိန်ကို တွက်ချက်ထားပြီးဖြစ်၍ ဆယ်မိနစ်ခန့်အ ကြာတွင်မူ ကားတစ်စီးသည် အိမ်တံခါးဝ၌ ဆိုက် ရပ်လာခဲ့သည်။
ချီချင်းရွှေက ကားပေါ်မှဆင်း၍ ခြံထဲသို့ လှမ်းဝင်လ ာပြီး လူတိုင်းအား ကြည့်လျက် ပြုံးရွှင်စွာ မေးမြန် းလိုက်၏။
"အားလုံး အဆင်သင့် ဖြစ်ကြပြီလားဟင်"
ဝူရှောင်လျန်းက ပြုံးရင်း ပြောလိုက်သည်။
"အဆင်သင့်ပါပဲ မစ္စချီ... ဒီနေ့တော့ မမကို ပိုက်ဆံ အများကြီး အကုန်အကျခံခိုင်းရတော့မှာပဲ အိမ်မှာ လည်း လက်ဆောင်ပေးစရာ ထွေထွေထူးထူး ဘာမှ မရှိတာနဲ့ အခုလေးတင် ခူးထားတဲ့ လတ်လတ်ဆတ် ဆတ် ဟင်းသီးဟင်းရွက်လေးတွေပဲ ယူခဲ့ရတယ်.."
ချီချင်းရွှေ၏ မျက်လုံးအစုံမှာ ဝင်းခနဲ တောက်ပသွာ းကာ ကျေနပ်စွာ ပြန်ပြောလိုက်၏။
"တခြားအရာဆိုရင်တော့ ငါလက်ခံမှာ မဟုတ်ဘူး .. ဒါပေမဲ့ နင်တို့ခြံထွက် အစားအစာတွေကိုတော့ မ ရရအောင် ယူရမှာပဲ..ဒါက တကယ့်အဖိုးတန်အရာ တွေဟာ..”
ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ကားနောက်ဖုံးထဲ သို့ ထည့်သွင်းပြီးနောက် လူတိုင်း ကားပေါ်သို့ တက် လာခဲ့ကြသည်။
ရွှီလင်းနှင့် ဝူရှောင်လျန်းတို့က ကားနောက်ခန်းတွင် ထိုင်ကြပြီး ယန်ကွမ်းမှာမူ ရှေ့ခန်းမှ ယာဉ်မောင်း ဘေးခုံသို့ တွန်းပို့ခြင်းခံလိုက်ရကာ ကားကလေးမှာ ခြံထဲမှ စတင်ထွက်ခွာခဲ့၏။
ချုံရှန်းကျေးရွာ၏ ရိုးရာဓလေ့ထုံးတမ်းမှာ လမ်းတွ င်ပစ္စည်းကျလျှင် ကောက်ယူသူမရှိ၊ ညဘက်တွင်လ ည်း အိမ်၌ မည်သူမျှမရှိသော်ငြား စိုးရိမ်ပူပန်နေရန် မလိုချေ။
ထိုအချိန် လူတစ်စုမှာ ပျော်ရွှင်စိတ်ဖြင့် မြို့ဆီသို့ ဦး တည်ကာ ထွက်လာခဲ့ကြသည်။ အတန်ကြာမောင်း နှင်ပြီးနောက် ကားကလေးသည် ညီညာသော ကျေး လက်လမ်းမထက်သို့ ရောက်လာချိန်တွင် ချီချင်းရွှေ က ကားမောင်းရင်း လှမ်း၍ ပြောလိုက်၏။
"ယန်ကွမ်း... ဒီညတော့ အစ်မကို နင် အကူအညီတ စ်ခုလောက် ပေးရမယ်နော်.."
"အာ ဒီစကားကို ကျွန်တော် စောင့်နေရတာ တော် တော်ကြာပြီဗျာ..”
ယန်ကွမ်းက မချိပြုံး ပြုံးလိုက်ရင်း ဆက်ပြောလိုက် သည်။
“မမလင်းက ကျွန်တော့်ကို တမင်တကာ မပြောပြ ဘဲ ထားတာလေ.."
"ဪ... တကယ်တော့ အထွေထူးကြီး မဟုတ်ပါဘူ း ဒီည ထမင်းစားပွဲမှာ လူကြီးတစ်ယောက် ပါလိမ့် မယ် သူ့ခန္ဓာကိုယ်မှာ ဖုံးကွယ်ထားတဲ့ ရောဂါတွေမျ ား ရှိနေမလဲဆိုတာ နင့်ကို ကြည့်ပေးစေချင်လို့ပါ"
"ဒါက အကူအညီလားဗျာ... လွယ်လွန်းပါတယ်.."
ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်၏။
"စိတ်ချပါ အစ်မချီ.. ကျွန်တော် သေသေချာချာ စ စ်ဆေးပေးပါ့မယ်"
ချီချင်းရွှေက ရယ်ကာ ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကြိုပြီး ကျေးဇူးတင်ရမှာပဲ..အဲ့ဒီလူ ကြီးက ငါ့အတွက် သိပ်အရေးပါလို့လေ... သူ ကျန်း ကျန်းမာမာ ရှိနေမှပဲ ငါလည်း စိတ်အေးရမှာဟခစ်ခ စ်"
ယန်ကွမ်းက ပြုံးရုံသာ ပြုံးနေပြီး ဘာမှမပြောသော် လည်း စိတ်ထဲကနေ တွေးနေမိ၏။
“ဪ... ဒီလိုကိုး ငါကတော့ အရင်လိုပဲ ရည်းစား အဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီတောင်းမလို့ ထ င်နေတာလခွမ်းပဲ..”
ယနေ့ မုရှောင်ဝမ်နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် ယန်ကွမ်းတစ်ယောက် ရည်းစားအဖြစ် ဟန်ဆောင် ရသည့် အရသာကို စွဲလမ်းနေပုံရသည်။
သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ ယခု တစ်ကြိမ်တွင်မူ ယန်ကွမ်းတစ်ယောက် အတွေးလွန် သွားခဲ့ခြင်းပင်။
ကားကလေးသည် မြို့ထဲသို့ အလျင်အမြန်ပင် ဝင် ရောက်လာခဲ့ပြီး ညနေစောင်းအချိန်သို့ ရောက်လာခဲ့ သည်။
ချီချင်းရွှေက သူမ၏ ဟိုတယ်သို့ ကားကို တန်းတန်း မတ်မတ် မောင်းနှင်လာပြီးနောက် လူတိုင်းကို ခေါ် ဆောင်လျက် အပေါ်ထပ်သို့ တက်လာခဲ့၏။တတိ ယထပ်ရှိ သီးသန့်အခန်းသို့ ရောက်သောအခါ သူမ က လူတိုင်းကို နေရာချပေးပြီး မှာလိုက်သည်။
"ဒီညတော့ အစ်မနည်းနည်း အလုပ်ရှုပ်လိမ့်မယ်.. တခြား ဧည့်သည်တွေလည်း လာကြမှာမို့လို့... အဲ့ဒီ အချိန် ကျရင် စိတ်မရှိကြနဲ့ဦးနော် အရင်ဆုံး စား သောက်နှင့်ကြပါ.."
ဝူရှောင်လျန်းက အလျင်အမြန် ဝင်ပြောလိုက်၏။
"ရပါတယ်... မမရဲ့ အလုပ်ကိုပဲ အာရုံစိုက်ပါရှင့်"
ရွှီလင်းကလည်း ခေါင်းညိတ်ပြကာ ပြောလိုက်သ ည်။
"ရပါတယ် အစ်မရဲ့... အစ်မက အပေါင်းအသင်း ဆန့်တာပဲ..ကျွန်မတို့ နားလည်ပါတယ်.."
"အင်း.. ငါ အလုပ်အားတဲ့အခါကျရင် လာခဲ့မယ်နေ ာ်"
ချီချင်းရွှေက ကတိစကားပြောပြီးနောက် ထိုင်ရာမှ ထ၍ သီးသန့်အခန်းထဲမှ ထွက်လာခဲ့၏။
ယန်ကွမ်းက နာရီကို ကြည့်လိုက်ပြီးနောက် လှမ်း မေးလို က်သည်။
"ဘယ်အချိန်ကျမှ ထမင်းစားရမှာလဲဟင်"
"ဘာလဲ... နင် ဗိုက်ဆာနေပြီလား"
"ဆာတော့ မဆာသေးပါဘူး..နေ့လယ်ကလည်း အ ဝစားခဲ့ရတာပဲ... အသားတွေ အများကြီး စားခဲ့ရ တော့ သိပ်ပြီး ဗိုက်မဆာသေးပါဘူးဟီး..”
ရွှီလင်းက ပြုံးကာ ပြန်ဖြေလိုက်၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့... ထမင်းစားဖို့က န ည်းနည်း စောင့်ရဦးမယ်.. ဘာလို့လဲဆိုတော့ လူတွေ အကုန်မစုံသေးလို့လေ.."
"ဗျာ..."
ယန်ကွမ်းတစ်ယောက် လန့်သွားပြီး ချက်ချင်းပင် ရိပ်မိသွားကာ မေးမြန်းလိုက်သည်။
"ဒါဆို မုရှောင်ဝမ်လည်း ရောက်လာဦးမှာလား"
"ဟင်... နင်က ဘာလို့ အဲ့လောက်တောင် ပျာယာခ တ်နေရတာလဲ..နံနက်ကတင် နင် သူနဲ့ တွေ့ခဲ့သေးတ ာ မဟုတ်ဘူးလား.."
ရွှီလင်း၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင် များ ဖြတ်ပြေးသွားကာ ယန်ကွမ်း၏ တုံ့ပြန်မှုမှာ အ နည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။
ယန်ကွမ်းလည်း သူ ပုံစံ ပျက်သွားသည်ကို သိရှိသ ဖြင့် အမြန်ပင် ပြန်ပြောလိုက်ရသည်။
"ပျာယာခတ်တာ မဟုတ်ပါဘူးဗျာ...အဲ့ကောင်မ လေး ရောက်လာ ရင် မေးရဦးမယ်.. ဒီည ပွဲရှိတာကို သူ ကြိုသိရဲ့သားနဲ့... ဘာလို့ ကျွန်တော့်ကို အိမ်အ ထိ အပင်ပန်းခံပြီး လိုက်ပို့ရတာလဲဆိုတာကို.."
ရွှီလင်းလည်း ပုခုံးတွန့်ကာ ပြန်ပြောလိုက်၏။
"ဒါဆိုရင်လည်း သူ ရောက်လာရင် နင် ကိုယ်တိုင်ပဲ မေးကြည့်လိုက်တော့... ငါလည်း အဲ့ အဖြေကို မသိ ဘူး.."
ယန်ကွမ်းတို့ စကားပြောဆိုပြီးရုံတင်ရှိသေး ဆိုးဝါး လှသော မုရှောင်ဝမ်၏ မကျေမချမ်း အသံက တံခါ းဝမှ ထွက်ပေါ်လာသည်။
"နင်ကလေ တကယ့်လူယုတ်မာပဲ... လူရှေ့ကျတော့ အစ်မ အစ်မနဲ့ ချွဲပြီး ကွယ်ရာကျတော့ ငါ့ကို ကော င်မလေး လို့ ခေါ်ရဲတယ်ပေါ့ဟမ့်."
ယန်ကွမ်း ခေါင်းလှည့်ကြည့်လိုက်ရာ မုရှောင်ဝမ်က သူ့အား ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်ရ သဖြင့် မချိပြုံးပြုံးကာ ပြန်ပြောလိုက်၏။
"အာ ခဗျားကလည်း အထဲဝင်လာတာ အသံလေးဘ ာလေး မပေးဘူးလားဗျာ"
"အသံပေးလိုက်ရင် ကွယ်ရာမှာ နင် ငါ့ အကြောင်း ပြောနေတာကို ကြားရတော့မလားဟဲ့..”
မုရှောင်ဝမ်က သူ့အား မျက်စောင်းတစ်ချက် ထိုးလို က်ပြီး ရွှီလင်း၏ ဘေးနားတွင် ဝင်ထိုင်ကာ ယန်ကွမ် း ဘက်သို့ လှည့်၍ ဆက်ပြောလိုက်သည်။
"ပြီးတော့ ငါက တမင်တကာ ဖုံးကွယ်ထားတာ မ ဟုတ်ဘူးနော်... နင့်ကို အိမ်ပြန်ပို့ပေးပြီးမှ ငါလည်း သိတာမို့လို့ “
ယန်ကွမ်းက အူကြောင်ကြောင်ဖြင့် မေးမြန်းလိုက် ၏။
"ဟုတ်လို့လားဗျာ... အစ်မတို့က ဆွေမျိုးတွေပဲဥစ္စာ အစ်မချင်းရွှေရဲ့ မွေးနေ့ကိုတောင် မမှတ်မိဘူးလား"
မုရှောင်ဝမ်က သူ့အား စိုက်ကြည့်လျက် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဒါဆို ငါကပဲ ပြန်မေးပါရစေဦး... နင်ကော နင့် မရီး ရဲ့မွေးနေ့ကို မှတ်မိလား.. ယာယာလေးရဲ့ မွေးနေ့ကို ရော နင် မှတ်မိလို့လား"
ယန်ကွမ်း - "..."
သူ တကယ်ပင် မမှတ်မိချေ။
ယန်ကွမ်းတစ်ယောက် ဆွံ့အသွားပြီးနောက် နောက် ဆုံးတွင် သက်ပြင်းချကာ ပြန်ပြောလိုက်၏။
“ဟူး..ဟုတ်ပါပြီဗျာ ... ကျွန်တော် အရှုံးပေးပါတ ယ်.."
သူတို့နှစ်ဦး တွေ့သည်နှင့် တစ်ဦးကိုတစ်ဦး အလျှော့ မပေးဘဲ ကတ်ကတ်သတ်သတ် ပြောဆိုနေကြပုံကို ကြည့်ရင်း ဝူရှောင်လျန်းမှာမူ သဘောကျကာ မျက် နှာထက်၌ အပြုံးများ ပြည့်နှက်နေပေသည်။
အခြေအတင် စကားအနည်းငယ် ဆိုပြီးနောက် မုရှေ ာင်ဝမ်မှာ ယန်ကွမ်းအား အဖက်မလုပ်တော့ဘဲ ယာ ယာကလေးကိုသာ စနောက်ချော့မြှူနေ၏။
ညနေ ခြောက်နာရီ အချိန်သို့ ရောက်သောအခါ စား ပွဲထိုးများက နောက်ဆုံးတွင် ဟင်းပွဲများကို စတင်ပြ င်ဆင်ပေးလိုက်ကြသည်။
နေ့လယ်စာကဲ့သို့ပင် ကြက်သား၊ဘဲသားနှင့် ငါးဟင် းလျာများ ဖြစ်သော်ငြား ဤနေရာရှိ ဟင်းပွဲများမှာ သေသေချာချာ ပြင်ဆင်ထားကြောင်း သိသာလှ၏။
အရောင်အသွေး ဖြစ်စေ၊ပြင်ဆင်ပုံခင်းကျင်းပုံ ဖြစ် စေ မြင်ရသူအပေါင်းအား အဆင့်အတန်းမြင့်မားက ာ ခမ်းနားထည်ဝါလှသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနိုင်ပေသည်။
ယန်ကွမ်းမှာမူ တောသားမြို့တက်တစ်ယောက်ကဲ့သို့ ဟင်းပွဲများကို ကြည့်ကာ သွားရည်တမြားမြား ကျ လုနီးနီးပင် ဖြစ်နေ၏။၎င်းကို မြင်သောအခါ ဝူရှော င်လျန်းက မအောင့်နိုင်ဘဲ မျက်စောင်းထိုးကာ သ တိပေးလိုက်သည်။
"ယန်ကွမ်း...နင့်. မျက်လုံးကြီးက ကျွတ်ထွက်တော့ မယ်"
မုရှောင်ဝမ်ကလည်း ယန်ကွမ်းအား အခွင့်အရေး ကို လက်လွတ်မခံဘဲ ထပ်မံ ပြောဆိုလိုက်၏။
"ဟုတ်ပ.. ဒါက မိန်းမလှလေးလည်း မဟုတ်ဘဲနဲ့ ဘ ာတွေကို အဲ့လောက်တောင် အငမ်းမရ ဖြစ်နေတာ လဲ မသိဘူး"
ယန်ကွမ်းက ခေါင်းမော့ကာ သူမအား စိုက်ကြည့်လျ က် ပြန်ပြောလိုက်သည်။
"ဒါပေါ့ဗျာ... မိန်းမလှလေးတွေနဲ့ မြိန်စရာဟင်းလျာ တွေက ကျွန်တော့်ရဲ့ အကြိုက်ဆုံးအရာတွေပဲဟာ”
မုရှောင်ဝမ်က ထပ်မေးလိုက်၏။
"ဒါဆိုရင် အရက်ကောင်းတွေကော မကြိုက်ဘူးလာ း.."
"ဟေး... ကျွန်တော်က အဲ့ဒါကို စိတ်မဝင်စားပါဘူး အစ်မအတွက်ပဲ ချန်ထားပေးလိုက်မယ်ဟီး.."
မုရှောင်ဝမ်က မျက်မှောင်ကြုတ်လျက် ယန်ကွမ်းအ ား ကြည့်ကာ စိန်ခေါ်လိုက်သည်။
"ဟုတ်လို့လား..နင် ကြောက်သွားတာလား..ငါက နင့် ကို ထပ်ပြီး စိန်ခေါ်မလို့ဟာကို.."
"လာမနောက်ပါနဲ့ဗျာ..ခဗျားနောက်ထပ် အရက်မူးပြီ း သတိလစ်သွားတာမျိုးကို ကျွန်တော် ထပ်မမြင် ချင်တော့ဘူး..အဲ့တုန်းက ခဗျား အန်တောင်အန်တ ယ်ဟီးဟီး..”
ယန်ကွမ်းက တဟီးဟီး ရယ်မောလိုက်ရင်း ထိုညက ဆိုဖာပေါ်တွင် လှဲလျက် သူမ ကိုယ်လုံးတီးဖြင့် ရေ သောက်နေခဲ့သည့် မြင်ကွင်းကို ပြန်လည် သတိရမိ သွား ကာ မသိစိတ်ကပင် တံတွေးကို ဂလုခနဲ မျိုချ မိလိုက်၏။
၎င်းကို မြင်တော့ ရွှီလင်းတစ်ယောက် ကြောင်အမ်း အန်း ဖြစ်သွားရသည်။ထို့နောက်တွင်မှ သူမက အံ့ ဩတုန်လှုပ်စွာ မေးမြန်းလိုက်၏။
"နေပါဦး... ဝမ်အာ အရက်မူးပြီး အန်တဲ့အကြောင်း ပြောနေတာကို နင်က ဘာလို့ တံတွေးတွေ မျိုချနေရ တာလဲ.."
ယန်ကွမ်း "အဟွတ် အဟွတ်.."
ထိုစကားတစ်ခွန်းကြောင့်ပင် တံတွေးသီးကာ သူ သေလုနီးနီး ဖြစ်သွားရရှာသည်။
ယန်ကွမ်းတစ်ယောက် အကြံအိုက်ကာ မျက်နှာပျက် သွားသည်ကို မြင်သောအခါ မုရှောင်ဝမ်မှာမူ ရုတ် တရက် ဝမ်းမြောက်ဝမ်းသာ ဖြစ်လာပြီး မိန်းကလေ း ဆန်သော အမူအရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အားရပါးရ ရယ်မိလိုက်၏။
"အမ် ဘာတွေ ဒီလောက်တောင် ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေကြတာလဲ.."
ပြောပြောဆိုဆိုဖြင့်ပင် ချီချင်းရွှေက ပြုံးရွှင်စွာဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။
မုရှောင်ဝမ်က ထိုင်ရာမှထလျက် ဆီးကြိုကာ ပြော လိုက်၏။
"ယေး မွေးနေ့ရှင်ကြီး ရောက်လာပြီပဲ... အစ်မချင်း ရွှေ အမြန်ထိုင်ပါဦး ဒီစားပွဲဝိုင်းမှာ အသက်အငယ် ဆုံးလူကို အစ်မအတွက် မွေးနေ့သီချင်း ဆိုပြခိုင်းမ လို့.."
ထိုစကား ကြားလိုက်သောအခါ ယန်ကွမ်းက စိတ် ထဲမှ တွေးမိရင်း ပြောလိုက်၏။
“အမ် ငါ့ကို ဒီလိုလုပ်လို့ ဘယ်ရမလဲ..”
သူက ယာယာကလေးကို လက်ညှိုးထိုးပြကာ ပြော လိုက်သည်။
"ယာယာလေးကိုပဲ ဆိုခိုင်းလိုက်ပါဗျာ…”
မုရှောင်ဝမ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
“လာနောက်မနေနဲ့ ယာယာက အခုထိ စကားတောင် ကောင်းကောင်းမပြောတတ်သေးဘူး"
"အဲ့ဒါကြောင့်မို့လို့ ငါတို့က သူ့ကို ထည့်မတွက်ဘူး လေ... ဒါဆိုရင် အသက်အငယ်ဆုံးလူပဲ သီချင်းဆို ဖို့ ကျန်တော့တာပေါ့.."
မုရှောင်ဝမ်က ခေါင်းကလေးစောင်းကာ ဆက်ပြော လိုက်၏။
ယန်ကွမ်းတစ်ယောက် စိတ်ထဲမှ မကျေမချမ်း ရေရွ တ်မိလိုက်သည်။
“ကြည့်စမ်း... ဒါ ငါ့ကို တမင် ထောင်ချောက်ဆင်နေ တာပဲ…”