← Chapters

အခန်း ၄၈၅

Vol. 25 Ch. 485

အခန်း ၄၈၅

Vol. 25 Ch. 485

အခန်း ၄၈၅ - ငါက ဘာလို့ နောက်ဆုတ်ပေးရမှာလဲ

​လင်းကျင်း တစ်ယောက် မျက်မမြင် မဟုတ်လျှင် ဖြစ်ပျက်နေသည့် အရာများကို မသိဘဲ နေမည်မဟုတ်ပေ။

​သူက ဝမ်ရှင်းဘက်သို့ လှည့်ကာ ထျန်းရွှမ်အကယ်ဒမီတွင် ယခင်က ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပွားဖူးခြင်း ရှိမရှိနှင့် ဖြစ်ပွားခဲ့ပါက မည်သို့ ဖြေရှင်းလေ့ရှိသည်ကို မေးမြန်းရန် ပြင်လိုက်၏။ ဝမ်ရှင်းက လင်းကျင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သဖြင့် တိုးတိုးလေး ပြောလိုက်သည်။

​“အကဲဖြတ်မှူးလင်း... ဒါမျိုးက ဖြစ်ခဲပါတယ်... ဒါပေမဲ့ ရှိတော့ ရှိခဲ့ဖူးတယ်... အခြေခံအားဖြင့်တော့ ဒီလို ပဋိပက္ခတွေက ပြိုင်ဘက် ဆရာတွေကြားမှာပဲ ရှိတတ်တာပါ... ဒါပေမဲ့ တစ်ဖက်က အလျှော့ပေးလိုက်ရင်တော့ ကြီးကြီးမားမား ပြဿနာ မဖြစ်တော့ပါဘူး”

​ထိုသို့ဆိုလျှင် ယခင်ကလည်း ဤသို့ ဖြစ်ပွားခဲ့ဖူးသည်ပေါ့။

​တစ်ဖက်လူက သူ့ကို သိသိသာသာပင် ရန်စနေခြင်း ဖြစ်၏။ ဖြစ်နိုင်သည်က ထိုသူသည် လင်းကျင်း အလျှော့ပေးမပေးကို စမ်းသပ်ချင်နေခြင်း ဖြစ်နိုင်သည်။

​ထိုအချက်က အခြေအနေကို ပို၍ လွယ်ကူသွားစေသည်။

​ဆင်ခြင်တုံတရားအရ ပြောရလျှင် လင်းကျင်းက အသစ်ဖြစ်ရုံတင်မကဘဲ မနေ့ကတင် အဆင့် ၄ အရည်အချင်းစစ်ကို အောင်မြင်ထားသူ ဖြစ်သဖြင့် တစ်စုံတစ်ယောက်က သူ့ကို လာရောက် ရန်စလျှင်ပင် သူကသာ အလျှော့ပေးရမည့်သူ ဖြစ်ပေသည်။

​သို့သော်လည်း အခြားသော မူဝါဒတစ်ခု ရှိနေသေး၏။

​တကယ်လို့ သူက တစ်ကြိမ် အလျှော့ပေးလိုက်လျှင် နောက်နောင်တွင်လည်း အမြဲတမ်း အလျှော့ပေးနေရလိမ့်မည်။ တကယ်လို့ သူက အကဲဖြတ်မှူး ရန်မင်လောက် မတော်ဘူးဆိုရင်တော့ နောက်ဆုတ်ပေးဖို့ ဝန်လေးနေမည် မဟုတ်ပေ။ သို့သော် လင်းကျင်းက သူသည် အကဲဖြတ်မှူး ရန်မင်အောက် နိမ့်ကျသည်ဟု မထင်ပေ။ ဤဖြစ်ရပ်က ထိုသူသည် သူ့ကို တမင်တကာ သက်သက်ညှာညှာ မရှိဘဲ ဒုက္ခပေးရန် ကြံစည်နေခြင်း ဖြစ်ကြောင်း လင်းကျင်း၏ သံသယကို အတည်ပြုပေးလိုက်ခြင်းသာ ဖြစ်သည်။

​လင်းကျင်းအနေဖြင့် ထိုအကဲဖြတ်မှူး ရန်မင်ကို မည်သို့ ပြစ်မှားမိမှန်း မသိသော်လည်း သူသည် မည်သူမဆို လာရောက် နင်းခြေနိုင်သည့် ပျော့ညံ့သူတစ်ဦး မဟုတ်ပေ။

​ယခုက သူ၏ ပထမဆုံး စာသင်ချိန် ဖြစ်သည်။ တစ်ဖက်လူက ပထမဆုံးနေ့မှာတင် ယခုကဲ့သို့ ပြတ်ပြတ်သားသား လာရောက် စိန်ခေါ်နေခြင်းက အလွန် လွန်လွန်းလှ၏။

​ထို့ကြောင့် လင်းကျင်းက နောက်မဆုတ်ရန် ဆုံးဖြတ်လိုက်သည်။

​သူက ဘာလို့ နောက်ဆုတ်ပေးရမှာလဲ။

​ဆုံးဖြတ်ချက် ချပြီးနောက် လင်းကျင်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

​ခန်းမရှေ့တွင် ငြင်းခုံနေကြသည့် ကျောင်းသားများက လင်းကျင်းနှင့် ဝမ်ရှင်းတို့ ရောက်ရှိလာသည်ကို သတိပြုမိသွားကြသည်။ သူတို့ထဲမှ အများစုက လင်းကျင်းကို မသိကြသော်လည်း ဝမ်ရှင်းက အကယ်ဒမီတွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ကျောင်းသားများက သူ့ကို ချက်ချင်းပင် မှတ်မိကြသည်။

​“ဆရာဝမ်”

​ကျောင်းသားများက နှုတ်ဆက်လိုက်ကြ၏။

​ဝမ်ရှင်းက ကျောင်းသားအသစ်များကို လင်းကျင်းနှင့် မိတ်ဆက်ပေးလိုက်သည်။

​“ဒါက ငါတို့ အကယ်ဒမီရဲ့ ဆရာအသစ် ဆရာလင်းကျင်းပဲ”

​လူအများအပြားမှာ အံ့အားသင့်သွားကြ၏။

​ဒီလူက လင်းကျင်းလား။

​ထန်လင်းနှင့် ကျန်ဖုန်းဖုန်းတို့က ယခုတင် ထိုအကြောင်းကို ငြင်းခုံနေခဲ့ကြခြင်း ဖြစ်သည်။ ဝမ်ရှင်းကဲ့သို့ပင် ကျောင်းသားအများစုကလည်း ယခုကဲ့သို့သော ဖြစ်ရပ်မျိုးက ဆရာများကြားမှ ပြိုင်ဆိုင်မှုကြောင့်သာ ဖြစ်ပွားလေ့ရှိကြောင်း သိကြသည်။

​အခြေအနေအများစုတွင် အားနည်းသည့်ဆရာက အားသာသည့်ဆရာကို လမ်းဖယ်ပေးလေ့ ရှိသည်။

​ထိုအချက်က သံသယဝင်စရာ မလိုပေ။ သူတို့၏ အမြင်တွင်တော့ ဆရာလင်းကျင်းက ယခုမှ ရောက်လာသည့် လူသစ်ဖြစ်သဖြင့် သေချာပေါက် အားနည်းသည့်ဘက်မှ ဖြစ်ပေလိမ့်မည်။ ဆင်ခြင်တုံတရားအရ ဆိုလျှင် သူကသာ ဆရာရန်မင်ကို လမ်းဖယ်ပေးရမည့်သူ ဖြစ်သည်။

​သို့သော်လည်း လင်းကျင်း၏ နောက်ထပ် ထွက်ပေါ်လာသော စကားလုံးများက သူတို့ကို ဆွံ့အသွားစေခဲ့၏။

​“ငါ ခဏနေရင် စာသင်တော့မယ်... စိတ်ဝင်စားတဲ့သူတွေ ဝင်လာလို့ရတယ်... ဒါပေမဲ့ ငါ စကားပြောနေချိန်မှာတော့ ငြိမ်ငြိမ်သက်သက် နေကြဖို့နဲ့ ဆူညံသံ မလုပ်ကြဖို့ လိုလိမ့်မယ်”

​ပြောပြီးသည်နှင့် လင်းကျင်းက ကြော်ငြာသင်ပုန်းအနီးသို့ လျှောက်သွားလိုက်၏။ ရန်မင်၏ သင်တန်းကြေညာချက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူက ထိုစာရွက်ကို သင်ပုန်းပေါ်မှ ဆုတ်ဖြဲပစ်လိုက်တော့သည်။

​လူအုပ်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်တလှပ်လှပ် ဖြစ်သွားကာ မှင်တက်သွားကြရ၏။

​ပြတ်သားလိုက်တာ။

​အလွန် ပြတ်သားလွန်းလှသည်။

​ဒီဆရာအသစ်က ဆရာရန်မင်၏ ကြေညာချက်ကို ဆုတ်ဖြဲလိုက်ခြင်းအားဖြင့် ထိုသူ့ကို ဘာမျက်နှာမှ မထောက်ထားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ လင်းကျင်း၏ စရိုက်က ကျောင်းသားအများစုအပေါ် ကြီးမားသော အထင်ကြီးမှုကို ချန်ရစ်ထားခဲ့၏။

​အကယ်ဒမီမှ ကျောင်းသားအများစုက လူငယ်များ ဖြစ်ကြသည်။ သူတို့၏ ငယ်ရွယ်ပြီး တက်ကြွလှုပ်ရှားသော အရွယ်တွင် ယခုကဲ့သို့ စိတ်အားထက်သန်ပြီး ပြတ်သားသည့် စရိုက်ရှိသော ဆရာမျိုးကို သဘောကျတတ်ကြသည်။ အမှန်တော့ သူတို့က ငတုံးများ မဟုတ်ကြပေ။ ဆရာရန်မင်က သူ၏ ဝါရင့်အဆင့်အတန်းကို သုံးပြီး ဆရာအသစ်ကို နှိပ်စက်နေခြင်း ဖြစ်ကြောင်း လူတိုင်း ရိပ်မိကြသည်။

​သို့သော်လည်း လင်းကျင်းက ရန်မင် ဖြစ်ချင်သလို ဖြစ်ခွင့်ပေးမည် မဟုတ်သည်ကို မြင်လိုက်ရသဖြင့် သူတို့ အံ့ဩသွားကြ၏။

​ကြည့်လို့ကောင်းတော့မှာပဲဟု အချို့က စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် တွေးလိုက်ကြသည်။

​မည်သည့် တိုက်ကြီးတွင်မဆို လူသားတို့၏ ဒရာမာ သဘောကျသည့် အကျင့်က ဘယ်တော့မှ ပြောင်းလဲမည် မဟုတ်ပေ။ ယခုကဲ့သို့သော အကြီးစား ဒရာမာမျိုးကို သူတို့ နေ့တိုင်း မြင်တွေ့ချင်နေကြခြင်း ဖြစ်သည်။

​လင်းကျင်းက တန်လင်းနှင့် လီရှင်းချီတို့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် စီနီယာမော့ကို ခေါ်ဆောင်ကာ ပထမစာသင်ခန်းမထဲသို့ ဝင်သွားခဲ့၏။

​“ရိုင်းစိုင်းလိုက်တာ... သူက စည်းကမ်းတွေကို လုံးဝ ဂရုမစိုက်ဘူး... ဆရာရန်မင်က သူ့ရဲ့ စီနီယာလေ... သူ ဘာလို့ ဒီလို လုပ်နိုင်ရတာလဲ”

​ကျန်းဖုန်းဖုန်းက ပထမဆုံး ကန့်ကွက် စကားဆိုလိုက်သည်။

​သူမက တိုးတိုးလေးသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ လူများ ကြားနိုင်ရန် လုံလောက်ပေသည်။

​တန်လင်းက ကျန်းဖုန်းဖုန်းကို ဂရုမစိုက်တော့ဘဲ လီရှင်းချီကို ဆွဲကာ စာသင်ခန်းထဲသို့ ဝင်သွားခဲ့၏။

​ကျန်းဖုန်းဖုန်း၏ မျက်နှာမှာ ဒေါသကြောင့် ဖြူလျော်သွားခဲ့ရသည်။

​သူမက တန်လင်းနှင့် ထိုဆရာအသစ်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် အကြံတစ်ခုကို ရုတ်တရက် ရရှိသွားခဲ့၏။

​“အားလုံးပဲ... ကျွန်မအနေနဲ့ ဒီဆရာအသစ်ရဲ့ အတန်းကို မတက်ဖို့ အကြံပြုချင်ပါတယ်”

​ကျန်ဖုန်းဖုန်းက လူအုပ်ကြီးကို အော်ပြောလိုက်သည်။

​ဇဝေဇဝါ ဖြစ်နေသည့် ကျောင်းသားတစ်ဦးက လှမ်းမေးလိုက်၏။

​“ဘာလို့လဲ... ဒါက လူတိုင်း တက်လို့ရတဲ့ အများပြည်သူဆိုင်ရာ အတန်းပဲဥစ္စာ... ငါတို့က ဘာလို့ ဝင်လို့မရမှာလဲ”

​ကျန်းဖုန်းဖုန်း၏ ရုတ်တရက် အော်ဟစ်လိုက်မှုက အမှန်ပင် နားမလည်နိုင်စရာ ဖြစ်သော်လည်း အနည်းငယ် ပို၍ လိမ္မာပါးနပ်သည့် သူများကတော့ အကြောင်းရင်းကို ရိပ်မိသွားကြပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။

​ကျန်းဖုန်းဖုန်းက လှောင်ပြုံး ပြုံးလိုက်၏။

​“နင်တို့က ဒါလေးတောင် မသိဘူးလား... နင်တို့အားလုံး မြင်တဲ့အတိုင်းပဲ... ဆရာရန်မင်က ဒီဆရာအသစ်ကို သူ့နေရာ သူသိအောင်လို့ အချိန်စာရင်းကို လွှဲပြောင်းယူချင်တာ... ဆရာလင်းကတော့ ရှင်းရှင်းပြောရရင် စိတ်လိုက်မာန်ပါ ဖြစ်ပြီး အဲဒါကို လက်မခံနိုင်ဘူး ဖြစ်နေတာပေါ့... သူက ဆရာရန်မင်နဲ့ သေသေချာချာ စကားပြောပြီး ညှိနှိုင်းလို့ရသလို သီးသန့် သွားတောင်းပန်လို့လည်း ရတာပဲ... ဒါပေမဲ့ သူက အဲလို မလုပ်ဘူး... သူက ဆရာရန်မင်ရဲ့ သင်တန်းစာရွက်ကို ဆုတ်ဖြဲပစ်လိုက်တယ်... ဒါက ပြတ်ပြတ်သားသား စစ်ကြေညာလိုက်တာပဲ... ကဲ... ပြောစမ်းပါဦး... နင်တို့သာ ဒီဆရာအသစ်ရဲ့ အတန်းကို တက်မယ်ဆိုရင် ဆရာရန်မင်ကို စော်ကားရာ မရောက်ဘူးလား”

​ထိုစကားကို ကြားလိုက်ရသောအခါ စာသင်ခန်းထဲသို့ ဝင်ရန် ပြင်နေသည့် ကျောင်းသားအများစုမှာ ခြေလှမ်းများ တန့်သွားကြ၏။

​ကျန်းဖုန်းဖုန်း ပြောသည်က အဓိပ္ပာယ် ရှိပေသည်။ တစ်ဖက်က လူသစ်၊ ဆရာငယ်လေး ဖြစ်ပြီး အခြားတစ်ဖက်ကတော့ ဝါရင့်ဆရာကြီး ဖြစ်နေသည်။ သူတို့ မည်သူ့ကို ထောက်ခံသည်ဖြစ်စေ ဆရာရန်မင်ကို မပြစ်မှားရဲကြသည်မှာတော့ အမှန်တရားပင် ဖြစ်၏။

​တကယ်လို့ သူတို့ အတန်းမတက်ရင်လည်း ဆရာလင်းကျင်းကို စော်ကားရာ မရောက်ပေ။ အတန်းတက်ရောက်ခြင်းက မဖြစ်မနေ မဟုတ်သလို အထူးသဖြင့် အများပြည်သူဆိုင်ရာ အတန်းများအတွက် ပို၍ပင် လွတ်လပ်မှု ရှိသည်။ သို့သော် တကယ်လို့ သူတို့သာ အတန်းထဲ ဝင်သွားခဲ့လျှင် အကဲဖြတ်မှူး ရန်မင်ကို သေချာပေါက် ပြစ်မှားမိသလို ဖြစ်သွားပေလိမ့်မည်။

​အကယ်ဒမီ ကျောင်းသားအများစုက သူတို့ဆရာများ၏ စရိုက်ကို အခြေခံအားဖြင့် သိရှိထားကြ၏။ ဥပမာအားဖြင့် ဆရာကြီးကျန့်က အသိပညာနှင့် အတွေ့အကြုံများတွင် ပြိုင်ဘက်ကင်းသည့် တန်ခိုးကြီးသော တည်ရှိမှုတစ်ခု ဖြစ်သည်။ မည်သူမှလည်း သူ့ကို မမေးခွန်းထုတ်ရဲကြပေ။ စရိုက်ပိုင်းအရ ဆရာကြီးကျန့်က တည်ငြိမ်ပြီး ဟာသဉာဏ်ရှိသော်လည်း တစ်ဖက်တွင်လည်း လိုအပ်သလို တည်ကြည်တတ်သူ ဖြစ်သည်။ ကျောင်းသားအများစုက သူ့ကို အကြည်ညိုဆုံး ဖြစ်ကြ၏။

​အခြားဆရာများတွင်လည်း ကိုယ်ပိုင်ထူးခြားချက်များ ရှိကြသော်လည်း ဆရာရန်မင်ကတော့ အခြားသူများနှင့်မတူဘဲ တစ်မျိုး ထူးခြားနေသည်။

​မောက်မာပြီး မာနကြီးကာ မည်သည့်ကျောင်းသားကိုမျှ သူ့ကို မေးခွန်းထုတ်ခွင့် မပေးပေ။

​ထိုအရာများက ဆရာရန်မင်၏ အကြီးမားဆုံးသော စရိုက်လက္ခဏာများ ဖြစ်ကြသည်။

​အမှန်တော့ ထိုကဲ့သို့ မာနကြီးနိုင်ရန်အတွက် သူ့တွင် အရည်အချင်းလည်း ရှိပေသည်။ ဝါရင့် အဆင့် ၄ အကဲဖြတ်မှူးတစ်ဦးအနေဖြင့် သူသည် သားရဲအကဲဖြတ်ခြင်းဆိုင်ရာ စာအုပ်အချို့ကို ရေးသားခဲ့ပြီး သူ၏ သီအိုရီများနှင့် အတွေးအခေါ်များစွာက မစ္စတာကျန့်၏ အသိအမှတ်ပြုမှုကိုပင် ရရှိခဲ့ဖူးသည်။ ထို့ကြောင့် ဆရာရန်မင်တွင် ထူးဆန်းသော စိတ်နေသဘောထား ရှိနေလျှင်ပင် လူအများအပြားက သူ့ကို လေးစားကြခြင်း ဖြစ်သည်။

​တကယ်လို့ သူတို့အနေဖြင့် ဆရာရန်မင်နှင့် ဆရာအသစ် လင်းကျင်းတို့ကြားတွင် ရွေးချယ်ရမည်ဆိုပါက ကျောင်းသားအများစုက ပထမတစ်ယောက်ကိုသာ ရွေးချယ်ကြပေလိမ့်မည်။ အဆုံးသတ်တွင်တော့ ထိုသူ၏ အတွေ့အကြုံနှင့် စရိုက်က သူတို့ကို ထိုသို့ ဆုံးဖြတ်ရန် တွန်းအားပေးနေခြင်း ဖြစ်သည်။

​ကျန်းဖုန်းဖုန်းကြောင့်ပင် လင်းကျင်း၏ အတန်းကို တက်ရောက်ချင်သည့် ကျောင်းသားများ နောက်ဆုတ်သွားခဲ့ကြရ၏။ ခဏအကြာတွင်တော့ ကျန်းဖုန်းဖုန်းနှင့် သူမ၏ အမြင်ကို သဘောတူသည့် အခြားကျောင်းသားအချို့က လင်းကျင်း၏ စာသင်ခန်း တံခါးဝကို ပိတ်ဆို့ရန်ပင် ကြံစည်လာကြသည်။

​အခြေအနေကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက်တွင်တော့ ကျောင်းသားအများစုက နောက်ဆုတ်သွားခဲ့ကြပြီး လင်းကျင်း၏ အတန်းကို မတက်ရဲကြတော့ပေ။

​အဆုံးတွင်တော့ အများပြည်သူဆိုင်ရာ အတန်းကို ဖွင့်လှစ်သင်ကြားနေသူက ဤဆရာအသစ် တစ်ယောက်တည်း မဟုတ်ပေ။ တကယ်လို့ သူတို့က သူ့အတန်းကို နားထောင်ချင်တယ်ဆိုရင်တောင် ဒီနေ့မှ တက်ရမည်ဟု မဆိုလိုပေ။ တကယ်လို့ ဒီနေ့အတန်းကို လွတ်သွားရင်လည်း နောက်ရက်တွေမှာ တက်ရောက်ရန် ရွေးချယ်နိုင်သည် မဟုတ်ပါလား။

​ဟုတ်ပါသည်... ကျောင်းသားအားလုံးတော့ ကြောက်လန့်ပြီး ထွက်ပြေးသွားကြခြင်း မဟုတ်ပေ။ ခေါင်းမာသည့် ကျောင်းသားအချို့တော့ ကျန်ရှိနေသေး၏။

​ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး အဆင့် ၁ ကျောင်းသားလေးတစ်ဦးက ခဏမျှ စဉ်းစားပြီးနောက် စာသင်ခန်းထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။

​“ဟေ့... နင် လုပ်မယ့်အလုပ်ရဲ့ အကျိုးဆက်ကို သေသေချာချာ စဉ်းစားတာ ပိုကောင်းလိမ့်မယ်”

​ကျန်းဖုန်းဖုန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ သူမသည် ယခုကဲ့သို့ အခြေအနေမသိတတ်သည့် ကျောင်းသားမျိုး ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့ရသည်။

All Chapters