← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) - မြီစား

အဆင့်မြင့်ဖုတ်ကောင်များကြားတွင် အသန်မာဆုံးဖြစ်သော ဖုတ်ကောင်က လေ့ဟောက်ကျန့်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"မင်း သူ့ကိုမပေးရင် မင်းကို အရင်သတ်ပြီးမှ သူ့ကို စားပစ်မယ်..."

လေ့ဟောက်ကျန့်က ထိုဖုတ်ကောင်ကို ကြည့်ကာ သရော်ပြုံး ပြုံးရင်း ပြောလိုက်သည်။

"သတ္တိရှိရင် စမ်းကြည့်လိုက်လေ..."

လေ့ဟောက်ကျန့်၏ဘေးတွင် ထိုင်နေသော ကျူးလင်က သူတို့၏ စကားဝိုင်းကို အလွန်စိတ်ဝင်တစားဖြင့် နားထောင်နေလေ၏။

လက်ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ဖြစ်ပျက်နေသည်များကို တစ်စုံတစ်ယောက်သာ မြင်တွေ့သွားပါက ကျူးလင်တစ်ယောက် ဖုတ်ကောင်များ၏ ဟိန်းဟောက်သံများကို အလွန်စိတ်ဝင်တစား နားထောင်နေသည်ကို မြင်ပြီး အံ့ဩသွားကြမည်မှာ သေချာပေသည်။

ကျူးလင်က မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်ရှုနေချိန်တွင် လေ့ဟောက်ကျန့်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေလေသည်။ သူက ခုံတန်းရှည်ပေါ်မှ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။

"မင်းတို့ဘာသာ ကိုယ်တိုင် လာတောင်းဆိုနေမှတော့ ငါကလည်း ငြင်းနေမှာ မဟုတ်ဘူး..."

ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် လေ့ဟောက်ကျန့်သည် နေရာမှ ပျောက်ကွယ်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် သူက စကားပြောနေသော ဖုတ်ကောင်၏ အနောက်ဘက်၌ ပေါ်လာပြီး သူ၏ ဖြူလျော့သွယ်လျသော လက်ညှိုးဖြင့် ဖုတ်ကောင်၏ ခေါင်းကို ထိုးလိုက်လေ၏။

“ဖောက်...”

သူ့လက်ချောင်းထိပ်က ဖုတ်ကောင်၏ နောက်စေ့ကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ဖုတ်ကောင်၏ ခေါင်းမှာ ပေါက်ကွဲထွက်သွားလေတော့သည်။

“ဝုန်း...”

အခြားဖုတ်ကောင်များကို တုံ့ပြန်ချိန် လုံးဝမပေးဘဲ လေ့ဟောက်ကျန့် သရော်လိုက်ပြီး သူ၏ စိတ်စွမ်းအင်ကို အသုံးပြုကာ ကျန်ဖုတ်ကောင်အားလုံးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားစေလိုက်သည်။

ဝုန်း... ဝုန်း... ဝုန်း...

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာလေ၏။

ကျူးလင်က သူမရှေ့ရှိ သွေးထွက်သံယို မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး တွေးလိုက်သည်။

'ဒီလေ့ဟောက်ကျန့်က ရှို့ဝူထက် ပိုသန်မာပုံရတယ်... သဘာဝလွန်စွမ်းအားရှင်တွေနဲ့ ယှဉ်ရင် ဒီဖုတ်ကောင်က ဘယ်လောက်တောင် သန်မာမလဲ မသိဘူး...'

ကျူးလင်က သူ၏ ခွန်အားကို အကဲဖြတ်နေချိန်တွင် လေ့ဟောက်ကျန့်က စိတ်စွမ်းအင်ကို အသုံးပြု၍ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပုံဆောင်ခဲအမြုတေများကို စုဆောင်းလိုက်လေသည်။

သူက အမည်းရောင် စေးကပ်ကပ် အရည်များနှင့် ဦးနှောက်အစအနများ ပေကျံနေသော လှပသည့် ပုံဆောင်ခဲအမြုတေများကို ရွံရှာစွာ ကြည့်လိုက်၏။

ကျူးလင်ကို တစ်စက္ကန့်ခန့် လှမ်းကြည့်ပြီးနောက် သူက ခေတ္တမျှ တွေးတောလိုက်ကာ အဝတ်အစားများကို အသုံးပြု၍ ပုံဆောင်ခဲအမြုတေများကို သန့်စင်လိုက်ပြီး ကျူးလင်ထံသို့ ပြန်လျှောက်လာခဲ့သည်။

"ဒါတွေက မင်းအတွက်ပဲ..."

သူက ကျူးလင်ကို ကြီးမားသော ပုံဆောင်ခဲအမြုတေ ဆယ်ခုထက်မက ပြသရင်း ပြောလိုက်လေသည်။

သူ၏ စကားကို ကြားသောအခါ ကျူးလင်မှာ အတွေးများထဲမှ သတိပြန်ဝင်လာပြီး သူ၏ ဖြန့်ထားသော လက်ဖဝါးကို ကြည့်လိုက်၏။

သူ၏ ဖြူလျော့သော လက်ဖဝါးပေါ်တွင် တည်ရှိနေသော ပုံဆောင်ခဲအမြုတေများ၏ အရွယ်အစားကို ကြည့်ကာ ထိုအဆင့်မြင့်ဖုတ်ကောင်များသည် အနည်းဆုံး အဆင့်လေးဖုတ်ကောင်များ ဖြစ်ကြပြီး ၎င်းတို့အထဲတွင် အသန်မာဆုံးမှာ အဆင့်ငါးတွင် ရှိကြောင်းကို သူမ ခန့်မှန်းနိုင်ပေသည်။

သူမက ပုံဆောင်ခဲအမြုတေများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ လေ့ဟောက်ကျန့်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။

"မင်း ဒီအမြုတေတွေကို မကြိုက်လို့လား..."

ကျူးလင်က မျက်လုံးပင့်ကြည့်လိုက်ပြီး သူ့ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးနီနီအစုံထဲမှ နားမလည်နိုင်မှုများကို မြင်သောအခါ ကျူးလင်က မေးလိုက်သည်။

"ရှင်က ဘာလို့ ဒီပုံဆောင်ခဲအမြုတေတွေကို ကျွန်မကို ပေးရတာလဲ... ရှင်ကရော မလိုချင်ဘူးလား..."

သူမ၏ စကားကို ကြားလိုက်ရသဖြင့် လေ့ဟောက်ကျန့်၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော ရွံရှာမှုများ ပေါ်လာပြီး ပြောလိုက်လေသည်။

“ကျုပ်က ဒီပစ္စည်းတွေကို လိုချင်မယ်လို့ ဘာလို့ ထင်ရတာလဲ... မိန်းမတွေဆိုတာ တောက်ပပြီး လှပတဲ့ အရာတွေကို ကြိုက်ကြတာ မဟုတ်ဘူးလား..."

သူ့စကားကို ကြားပြီးနောက် ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ကာ ပုံဆောင်ခဲအမြုတေများကို လက်ခံလိုက်ပြီး ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်..."

သူမက နောက်ဆုံးတွင် ပုံဆောင်ခဲအမြုတေများကို လက်ခံလိုက်သည်ကို မြင်သောအခါ လေ့ဟောက်ကျန့် က ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အင်း... မင်းက ငါ့ကို အမည်းရောင်သစ်ကိုင်း ပေးခဲ့လို့ ဒါက မင်းအတွက် ငါ့ရဲ့ လက်ဆောင်ပဲ..."

ခေတ္တမျှ အနားယူပြီးနောက် သူတို့သည် ဘတ်စ်ကားမှတ်တိုင်မှ ထွက်ခွာလာခဲ့ကြပြီး လဲ့ဟော်စခန်းသို့ သူတို့၏ ခရီးစဉ်ကို ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

ထိုအချိန်မှာပင် ထူထူနှင့် ရှို့ဝူတို့သည် အက်စ်မြို့တော်၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာသောအခါ အဆင့်နိမ့်ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသားရဲများမှလွဲ၍ ဘာမျှ ရှာမတွေ့ခဲ့ချေ။

ရှို့ဝူက နောက်ထပ် ဖုတ်ကောင်တစ်သိုက်ကို သတ်ဖြတ်လိုက်ပြီး မေးလိုက်၏။

"လင်အာက ဘယ်မှာလဲ..."

ထူထူက နားမလည်နိုင်စွာဖြင့် ၎င်း၏ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါက အရမ်းထူးဆန်းတယ်... သခင်မလေးရဲ့ ခြေရာတွေက တကယ်ပဲ ဒီမှာ ရပ်တန့်သွားတယ်..."

ထူထူ၏ စကားကို ကြားပြီးနောက် ရှို့ဝူမှာ သွေးအန်မတတ် ဖြစ်သွားရလေသည်။ သူက သူ၏ ဒေါသကို နောက်ထပ် ဖုတ်ကောင်တစ်သိုက်အပေါ်တွင် ပုံချလိုက်ကာ အံကြိတ်လိုက်ပြီး မေးလိုက်၏။

"မင်း သူ့ကို သွားမေးလိုက်လို့ မရဘူးလား... ယုန်ငတုံး..."

သူက သတိပေးလိုက်မှပင် ထူထူက ၎င်း၏ခေါင်းကို ပုတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

"အိုက်ယား... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ မိစ္ဆာနတ်ဘုရား... ကျွန်တော်က စိတ်လှုပ်ရှားလာရင် မေ့တတ်သွားလို့ပါ..."

ထူထူ၏ စကားကို ကြားသောအခါ ရှို့ဝူက သူ၏ ဒေါသကို ဖိနှိပ်ထားရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။

"ငါကသာ စိတ်လှုပ်ရှားရမယ့်သူလေ... ဘာလို့ မင်းက ငါ့ထက် ပိုစိတ်လှုပ်ရှားနေရတာလဲ..."

ထူထူက ရှို့ဝူကို လှမ်းကြည့်လိုက်သော်လည်း သူ၏ မေးခွန်းကို မဖြေရဲပေ။

၎င်းကို စိတ်လှုပ်ရှားစေသောသူမှာ ရှို့ဝူဖြစ်ကြောင်းသာ ပြောရဲပါက ယနေ့ညတွင် ယုန်ကင်အဖြစ် ပြောင်းလဲသွားပြီး ထမင်းစားပွဲပေါ်တွင် ပေါ်လာလိမ့်မည်ကို ယုန်လေးက သိနေလေသည်။

ထူထူထံမှ အဖြေမရသဖြင့် ရှို့ဝူက ယုန်လေးကို လှမ်းကြည့်လိုက်ရာ ထူထူမှာ ပို၍ပင် စိတ်လှုပ်ရှားသွားရ၏။

မိစ္ဆာနတ်ဘုရားကို ဘဝတစ်လျှောက်လုံး နီးပါး သိကျွမ်းခဲ့သော ထူထူသည် ယခုအချိန်တွင် ရှို့ဝူ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ကြောင်းကို သိလေသည်။

၎င်း၏ အသက်လေးကို ကယ်တင်ရန်အတွက် ထူထူက အလျင်စလို ပြောလိုက်သည်။

"ခဏလေး စောင့်ပေးပါဦး... သခင်မလေးကို ကျွန်တော် အခုချက်ချင်း မေးလိုက်ပါ့မယ်..."

ထိုသို့ ပြောပြီးနောက် ထူထူက ၎င်း၏ အသက်ကို ကယ်တင်ရန်အတွက် ကျူးလင်ထံသို့ စိတ်ချင်းဆက်သွယ်ခြင်းဖြင့် လျင်မြန်စွာ မေးလိုက်၏။

"သခင်မလေး... ဘယ်မှာရှိနေတာလဲ..."

ထူထူ၏ စိတ်ချင်းဆက်သွယ်မှုကို လက်ခံရရှိပြီးနောက် ယုန်လေး၏ အသံထဲမှ အလျင်စလိုဖြစ်နေမှုကို ကျူးလင် ခံစားလိုက်ရသည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။

"လဲ့ဟော်စခန်းဆီ သွားနေတယ်... ဘာဖြစ်လို့လဲ... အပန်းဖြေစခန်းမှာ တစ်ခုခု ဖြစ်လို့လား..."

သူမ၏ အဖြေကို ရရှိပြီးနောက် ထူထူက ရှို့ဝူ၏ ပခုံးပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး ပြောလိုက်လေသည်။

"မိစ္ဆာနတ်ဘုရား... သခင်မလေးက လဲ့ဟော်စခန်းဆီကို သွားနေပါတယ်တဲ့..."

ထူထူ၏ စကားကို ကြားပြီးနောက် ရှို့ဝူက လှည့်ကာ အက်စ်မြို့တော်၏ ဆင်ခြေဖုံးမှ ထွက်ခွာလာရင်း မေးလိုက်၏။

"သူက အဲဒီကို ဘာသွားလုပ်တာလဲ..."

ထူထူက တမန်တော်ယုန်လေးတစ်ကောင်အဖြစ် ဟန်ဆောင်ကာ ကျူးလင်ကို အလျင်စလို မေးလိုက်သည်။

"သခင်မလေး... လဲ့ဟော်စခန်းကို ဘာသွားလုပ်တာလဲ..."

"အကြွေးသွားတောင်းမလို့လေ..."

ကျူးလင်က တည်ငြိမ်စွာ ဖြေလိုက်လေ၏။

သူမ ထိုသို့ ပြောပြီးနောက် ထူထူက ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။

"သခင်မလေးက အကြွေးသွားတောင်းမလို့တဲ့..."

"အကြွေး... ဘာအကြွေးလဲ... မြီစားက ဘယ်သူလဲ..."

ရှို့ဝူက နောက်ထပ် အဆင့်နိမ့်ဖုတ်ကောင်တစ်သိုက်ကို သတ်ဖြတ်ရင်း မေးလိုက်လေ၏။

သူတို့အနောက်ဘက်ရှိ သွေးထွက်သံယို မြင်ကွင်းကို ကြည့်ကာ ထူထူမှာ အကြောက်လွန်၍ တံတွေးမျိုချလိုက်ပြီး မေးလိုက်သည်။

"သခင်မလေး... ဘာအကြွေး သွားတောင်းချင်တာလဲ... မြီစားက ဘယ်သူလဲ..."

All Chapters