← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) - သာမန်အစားအစာကို စားသုံး၍မရနိုင်ခြင်း

မိမိ၏ ယုန်ကလေးမှာ ဗီလာထဲတွင် ပျင်းရိနေလိမ့်မည်ကို စိုးရိမ်မိသဖြင့် ကျူးလင်က စိတ်ရှည်လက်ရှည်ပင် ပြန်လည်ဖြေကြားပေးလိုက်၏။

“ဟွမ်ရိဟန်ဆိုတဲ့လူက ငါ့ကိုလုပ်ကြံဖို့ လူတစ်စုကို စေလွှတ်လိုက်တယ်... သူက လဲ့ဟော်စခန်းရဲ့ ခေါင်းဆောင်လို့ ကြားရတယ်... ဒါကြောင့် သူ့ဆီကနေ အကြွေးသွားတောင်းမလို့ပဲ...”

မိမိ၏ သခင်မကို လုပ်ကြံရန် ဝံ့ရဲသူရှိနေသဖြင့် ထူထူမှာ အလွန်အံ့အားသင့်သွားရလေသည်။

ထူထူ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ရှို့ဝူက မေးလိုက်၏။

"လင်အာက ဘာပြောလိုက်လို့လဲ..."

ထူထူက သတိပြန်ဝင်လာပြီးနောက် နာခံမှုရှိစွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။

"သခင်မက ပြောတယ်... ဟွမ်ရိဟန်ဆိုတဲ့လူက သူမကိုလုပ်ကြံဖို့ လူတစ်စုကို စေလွှတ်လိုက်တာတဲ့...”

“အခုတော့ သူမက လဲ့ဟော်စခန်းကို သွားနေပြီ... ဘာလို့လဲဆိုတော့ အဲဒီလူက လဲ့ဟော်စခန်းရဲ့ လက်ရှိခေါင်းဆောင်ဖြစ်နေတာကို သိသွားလို့ပဲတဲ့...”

“သူမက လဲ့ဟော်စခန်းကိုသွားပြီး အဲဒီလူဆီကနေ အကြွေးသွားတောင်းမလို့လို့လည်း ပြောသေးတယ်...”

“ကျွန်‌တော်ထင်တာတော့ ဒီအကြွေးက အဲဒီလူ့အသက်နဲ့ ပေးဆပ်ရလိမ့်မယ် ထင်တယ်..."

ထူထူ၏ စကားကို ကြားလိုက်ရသောအခါ ရှို့ဝူက စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်၏။

"တကယ်လား... ဒါဆိုရင် လင်အာက အဲဒီလူဆီကနေ အကြွေးဘယ်လိုတောင်းမလဲဆိုတာ သွားကြည့်ကြတာပေါ့..."

ရှို့ဝူ၏ အမူအရာကို မြင်လိုက်ရသောအခါ ယုန်ငယ်လေးမှာ ဟွမ်ရိဟန်ဆိုသည့်လူအတွက် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းပေးလိုက်မိတော့၏။

မိမိ၏ သခင်မကို ရန်စမိခြင်းမှာ ရိုးရှင်းလှပြီး အရိုက်ခံရရုံမျှဖြင့် ပြီးဆုံးသွားနိုင်ပေသည်။ သို့သော် မိစ္ဆာနတ်ဘုရားကို ရန်စမိခြင်းမှာမူ အသက်ဆုံးရှုံးရရုံမျှဖြင့် မပြီးနိုင်ချေ။

အဆင့်မြင့်နတ်ဘုရား လီချိုးပင်လျှင် သခင်မ၏ တာအိုလက်တွဲဖော် ဖြစ်လာခဲ့မိသည့်အတွက် နှစ်ပေါင်းနှစ်သောင်းကျော်ကြာ ချိပ်ပိတ်ခြင်း ခံခဲ့ရဖူးပေသည်။

တစ်ခါမျှ မတွေ့ဖူးသည့် ဟွမ်ရိဟန်ကို ထူထူက သနားကရုဏာ သက်နေစဉ်မှာပင် အပန်းဖြေစခန်းရှိ ကျီယန်နှင့် ထန်ဝေ့တို့မှာ မအားမလပ်အောင် အလုပ်များနေကြသဖြင့် ခြေဖဝါးပင် မြေမထိနိုင်အောင် ဖြစ်နေကြရတော့၏။

တဖြည်းဖြည်းနှင့် ပုံပေါ်လာပြီဖြစ်သော တံတိုင်းကို ကြည့်ရင်း ထန်ဝေ့က ပြောလိုက်၏။

"လောင်ယန်... ဆောင်းတွင်းမရောက်ခင် ငါတို့ ဒီတံတိုင်းကို အပြီးသတ်နိုင်ပါ့မလား..."

ကျီယန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။

"နေ့တိုင်းတိုးလာတဲ့ အလုပ်သမားဦးရေကို ကြည့်ရင်တော့... ငါတို့ နောက်ထပ်အလုပ်သမားတွေ ထပ်ငှားနိုင်ရင် ဆောင်းတွင်းမတိုင်ခင် တံတိုင်းကို အပြီးသတ်ဖို့ ဖြစ်နိုင်လိမ့်မယ်...”

“ပြဿနာကတော့ လုပ်ခလစာပဲ... လောင်ရှို့က ငါ့ကို ရိက္ခာတွေအများကြီး ပေးထားခဲ့ပေမဲ့... အလုပ်သမားတွေ ထပ်တိုးလာမယ်ဆိုရင် အဲဒီရိက္ခာတွေက အများဆုံး သုံးရက်ပဲ ခံလိမ့်မယ်..."

ထို့နောက် သူက ထန်ဝေ့ကို ကြည့်ပြီး မေးလိုက်၏။

"ရှောင်ဝေ့... လောင်ရှို့ ဘယ်သွားလဲ မင်းသိလား... ငါတို့ ဒါကို သူနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်..."

သူ့မေးခွန်းကို ကြားသောအခါ ထန်ဝေ့က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။

"သူဘယ်မှာလဲဆိုတာ မင်းသိတယ်လို့ ငါထင်နေတာ..."

ကျီယန်က သူ၏ စကားကို ကြားပြီးနောက် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး မေးလိုက်၏။

"ဒီနေ့ ရှောင်လင်ကို မင်း မြင်မိသေးလား..."

ထန်ဝေ့က ထပ်မံခေါင်းခါပြပြီး ပြောလိုက်၏။

"မမြင်မိဘူး... သူမဆီကနေ တစ်ခုခု လိုလို့လား..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျီယန်က ထန်ဝေ့၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်လေ၏။

"လောင်ရှို့ ဘယ်မှာရှိနေမလဲဆိုတာ ငါသိပြီ ထင်တယ်..."

ထန်ဝေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ဘယ်မှာလဲ..."

ကျီယန်က ဖုန်ထူနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး စိတ်မကောင်းစွာဖြင့် ပြောလိုက်လေသည်။

"သူကတော့ ညီအစ်ကိုတွေကို ပစ်ထားပြီး ဇနီးသည်နောက်ကို လိုက်သွားပြီလေ..."

ကျီယန်၏ စကားကို ကြားလိုက်ရသဖြင့် ထန်ဝေ့က ဇဝေဇဝါဖြစ်စွာ ခေါင်းကုတ်ရင်း မေးလိုက်၏။

"ဇနီးသည်... လောင်ရှို့က ဘယ်တုန်းက လက်ထပ်လိုက်တာလဲ... ငါ ဘာလို့ မသိရတာလဲ..."

သူ့မေးခွန်းကို ကြားသောအခါ ကျီယန်က သက်ပြင်းချလိုက်ပြီး ထန်ဝေ့၏ ပုခုံးကို ပုတ်ကာ ပြောလိုက်၏။

"ရှောင်ဝေ့... မင်းရဲ့ ခန့်ညားတဲ့ မျက်နှာလေးကိုတော့ နှမြောဖို့ကောင်းအောင် ဖြုန်းတီးပစ်လိုက်တာပဲ..."

ထိုသို့ပြောပြီးနောက် သူက တံတိုင်း၏ အခြားတစ်ဖက်ကို စစ်ဆေးရန် ထွက်ခွာသွားတော့၏။

ကျန်ရစ်ခဲ့သော ထန်ဝေ့မှာမူ မိမိ၏ မျက်နှာကို ကိုင်ကြည့်ရင်း ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိလေသည်။

'သူက ငါ့ရဲ့ခန့်ညားတဲ့ ရုပ်ရည်ကို မနာလိုဖြစ်နေတာလား... ဒါပေမဲ့ လောင်ယန်ကလည်း တော်တော်ခန့်တာပဲ... ငါ့လောက် မခန့်တာပဲ ရှိတာ...'

အဖြေကို ရှာမရသဖြင့် ထန်ဝေ့က ကျီယန်နောက်သို့ အပြေးလိုက်သွားရင်း မေးလိုက်၏။

"ဟေး... လောင်ယန်... မင်းဘာကို ဆိုလိုတာလဲ..."

ခြောက်နာရီခန့် ကြာပြီးနောက် ကျူးလင်နှင့် လဲ့ဟော်ကျန့်တို့မှာ လမ်းဘေးတွင် ရပ်နေကြလေသည်။

ထိုင်စရာနေရာ မရှိသည်ကို မြင်သောအခါ ကျူးလင်က သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲမှ အဖြူရောင် ကျောက်စိမ်းထိုင်ခုံ နှစ်လုံးနှင့် ကျောက်စိမ်းဝိုင်းစားပွဲ တစ်လုံးကို ထုတ်ယူလိုက်၏။

လဲ့ဟော်ကျန့်ကို ထိုင်ရန် အမူအရာပြရင်း ကျူးလင်က သိုလှောင်အိတ်ထဲမှ ရှို့ဝူ ပြုလုပ်ပေးထားသည့် ဆန်းဒဝစ်များကို ထုတ်ယူလိုက်၏။

သူမက တစ်ကိုက်ခန့် ကိုက်ရန် ဟန်ပြင်လိုက်စဉ်တွင် လဲ့ဟော်ကျန့်က သူမလက်ထဲရှိ ဟင်းသီးဟင်းရွက် ဆန်းဒဝစ်ကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားလေသည်။

ကျူးလင်က သူ့ကို စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်ပြီးနောက် ဟင်းသီးဟင်းရွက် ဆန်းဒဝစ်ကို ပြန်ကြည့်လိုက်၏။

စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ဟင်းသီးဟင်းရွက် ဆန်းဒဝစ်ကို သူ့ထံ ကမ်းပေးရင်း ပြောလိုက်လေသည်။

"ဒါကို ရှင်စားလိုက်ပါ... ကျွန်မက တခြားတစ်ခု စားလိုက်မယ်..."

သူ့ကို ဟင်းသီးဟင်းရွက် ဆန်းဒဝစ် ပေးပြီးနောက် သူမက သစ်သီးဆန်းဒဝစ်ကို တစ်ကိုက် ကိုက်လိုက်၏။

လဲ့ဟော်ကျန့်က သူ့လက်ထဲရှိ ဟင်းသီးဟင်းရွက် ဆန်းဒဝစ်ကို ကြည့်ရင်း မေးလိုက်လေသည်။

"မင်း ဒီဟင်းသီးဟင်းရွက်တွေကို ဘယ်ကရတာလဲ..."

ကျူးလင်က ဆန်းဒဝစ်ကို မျိုချလိုက်ပြီးနောက် ပြောလိုက်၏။

"ငါကိုယ်တိုင် စိုက်ထားတာ... မင်း ဟင်းသီးဟင်းရွက်တွေ ကြိုက်လို့လား..."

သူမ၏ မေးခွန်းကို ကြားလိုက်ရသဖြင့် လဲ့ဟော်ကျန့်က မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ကျုပ်မသိဘူး... ဖုတ်ကောင်မဖြစ်ခင်က ဘဝအကြောင်းကို သိပ်မမှတ်မိတော့ဘူး...”

“ဖုတ်ကောင်ဖြစ်ပြီးနောက်ပိုင်းမှာ လူသားတွေ ဒါမှမဟုတ် သန္ဓေပြောင်းသားရဲတွေကို မြင်ရင်ပဲ ဆာလောင်မှုကို ခံစားရတာ...”

“ဒါပေမဲ့ သာမန်အစားအစာကို မြင်ပြီး ဆာလောင်မှုကို ခံစားရတာ ဒါပထမဆုံးပဲ..."

သူ့စကားကို ကြားသောအခါ ကျူးလင်က လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ့ကို ကြည့်လိုက်မိလေသည်။

သူ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်များကို မြင်လိုက်ရသဖြင့် ကျူးလင်က လေးနက်စွာ စဉ်းစားခန်း ဝင်သွားလေသည်။

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်၏။

"ဘာလို့ စားမကြည့်တာလဲ... ရ‌ှင် ဒီဆန်းဒဝစ်ကို စားနိုင်မလား..."

လဲ့ဟော်ကျန့်က ခေါင်းခါပြပြီး ပြောလိုက်၏။

"ကျုပ်မသိဘူး..."

"ဒါဆိုရင် စမ်းကြည့်လိုက်လေ... သာမန်အစားအစာကို စားနိုင်၊ မစားနိုင် သိရတာပေါ့..."

ကျူးလင်က သူမ၏ မျက်လုံးများဖြင့် အားပေးရင်း ပြောလိုက်၏။

သူမ၏ ကြည်လင်တောက်ပပြီး လှပသော မျက်လုံးများကို ကြည့်ရင်း လဲ့ဟော်ကျန့်က ခေါင်းညိတ်ပြလိုက်ပြီး ပါးစပ်ကို ဟကာ ဟင်းသီးဟင်းရွက် ဆန်းဒဝစ်ကို တစ်ကိုက် ကိုက်လိုက်လေသည်။

ဆန်းဒဝစ်ကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် သူ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားတော့၏။

သူက တစ်ကိုက်သာ ကိုက်ပြီး ဝါးစားခြင်းမရှိသည်ကို မြင်သောအခါ ကျူးလင်က မေးလိုက်၏။

"ဘယ်လိုလဲ... ရှင် ဆန်းဒဝစ်ကို စားလို့ရရဲ့လား..."

စက္ကန့်အနည်းငယ် ကြာပြီးနောက် လဲ့ဟော်ကျန့်က တစ်ဖက်သို့ လှည့်ကာ ဆန်းဒဝစ်ကို ပြန်ထွေးထုတ်လိုက်တော့၏။

သူက အားနာဟန်ဖြင့် ကျူးလင်ကို ကြည့်ပြီး ပြောလိုက်လေ၏။

"မင်းရဲ့ အစားအစာကို ဖြုန်းတီးပစ်မိတဲ့အတွက် တောင်းပန်ပါတယ် မိန်းကလေးကျူး... ကျုပ်ကတော့ သာမန်အစားအစာတွေကို စားလို့မရသေးဘူး ထင်တယ်..."

All Chapters