← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) - မီးဓာတ်သစ်သီးနှင့် နတ်ဘုရားမြက်မြီး

ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်၏။

"ဒါကို စိတ်မပူပါနဲ့... ကျွန်မမှာ စားစရာတွေ လုံလုံလောက်လောက် ရှိပါသေးတယ်..."

လေ့ဟောက်ကျန့်၏ စိတ်ပျက်အားလျော့သွားသည့် အမူအရာကို မြင်သောအခါ ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရေခဲပန်းဆွဲသီးထဲမှ ကြီးမားပြီး နီရဲနေသော သစ်သီးတစ်လုံးကို ထုတ်ယူလိုက်၏။ သူမက ထိုသစ်သီးကို သူ၏ရှေ့တွင် ချပေးရင်း မေးလိုက်သည်။

"ဒါလေး မြည်းစမ်းကြည့်ချင်လား..."

သူမက ထိုနီရဲနေသော သစ်သီးကို သူ၏ရှေ့တွင် ချပေးလိုက်သောအခါ လေ့ဟောက်ကျန့်သည် မရှိသောတံတွေးကို ခခယယ မျိုချလိုက်မိပြီး မေးလိုက်၏။

"ဒါက ဘာသစ်သီးလဲ... အနံ့လေးက ချိုမြိန်ပြီး အရမ်းမွှေးတာပဲ..."

ကျူးလင်က စားပွဲပေါ်ရှိ လက်ဖဝါးခန့်ကြီးမားသော နီရဲနေသည့် သစ်သီးကို ကြည့်ရင်း ပြောလိုက်လေသည်။

"ဒီသစ်သီးကို မီးဓာတ်သစ်သီးလို့ ခေါ်တယ်... မီးသစ်ပင်က နှစ်ငါးရာမှ တစ်ကြိမ်သာ အသီးသီးတတ်ပြီး တစ်ကြိမ်သီးရင်လည်း အများဆုံး အလုံးနှစ်ရာပဲ သီးတာ..."

သူမ၏စကားကို ကြားသောအခါ လဲ့ဟောက်ကျန့်က သူမကို အံ့ဩတကြီး ကြည့်ရင်း မေးလိုက်၏။

"ဒီလောကမှာ ဒီလိုသစ်သီးမျိုး တကယ်ပဲ ရှိတာလား..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြန်လည်ဖြေကြားလိုက်သည်။

"သေချာတာပေါ့... ဒီကမ္ဘာငယ်လေးထဲမှာတော့ ဒီလိုသစ်သီးမျိုး မရှိနိုင်ဘူး..."

သူက ခေါင်းကို အသာအယာ စောင်းလိုက်ရင်း သံသယစိတ်ဖြင့် မေးလိုက်လေသည်။

"ဒါဆို ဒီမီးဓာတ်သစ်သီးကို ဘယ်ကနေ ရလာတာလဲ..."

သူ၏မေးခွန်းကို ကြားလိုက်ရသောအခါ ကျူးလင်သည် မိစ္ဆာနတ်ဘုရားက သူမအား မီးဓာတ်သစ်သီး ပေးခဲ့စဉ်က အချိန်ကို ပြန်လည်အမှတ်ရသွားမိသည်။

ထိုနေ့က သူသည် သူမ၏အိပ်ဆောင်ထဲသို့ ရုတ်တရက် အတင်းဝင်ရောက်လာပြီး မီးဓာတ်သစ်သီးအိတ်ကို သူမထံ ပစ်ပေးခဲ့ဖူး၏။

သူက သူမကို ထိုမီးဓာတ်သစ်သီးများကို အတင်းစားခိုင်းခဲ့ပြီး စားပြီးသွားလျှင် သူမကို လက်ထပ်ယူမည်ဖြစ်ကြောင်း ပြောခဲ့ပေသည်။

ထိုစဉ်က မိစ္ဆာနတ်ဘုရား၏ ပူပန်သောကရောက်နေသည့် အမူအရာကို ပြန်လည်တွေးမိရင်း ကျူးလင်က တိုးတိုးလေး ရယ်မောလိုက်မိပြီး စိတ်ထဲမှ တွေးလိုက်၏။

'အဲဒီတုန်းက ဘာတွေဖြစ်လို့ သူ့ကို ကြည့်ရတာ အရမ်းပြာပြာသလဲ ဖြစ်နေရတာပါလိမ့်...'

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ဆက်လက်တွေးတောနေမိသည်။

'ဒါမှမဟုတ် အဲဒီနေ့က ငါ့အစ်ကိုတော်က ငါ့ကို အဆင့်မြင့်နတ်ဘုရား လီချိုးနဲ့ လက်ထပ်ပေးချင်နေတာကို သူ သိသွားတဲ့နေ့မို့လို့များလား...'

ထိုနေ့နောက်ပိုင်းတွင် မိစ္ဆာနတ်ဘုရား၏ စိုးမိုးလိုစိတ်နှင့် ရူးသွပ်သော အပြုအမူများကို ပြန်လည်တွေးတောကြည့်ရင်း ကျူးလင်သည် သူမ၏ခန့်မှန်းချက် မှန်ကန်ပုံရသည်ကို ရုတ်တရက် သဘောပေါက်သွားလေသည်။

သူမက ကျောက်စိမ်းဖြူ စားပွဲကို သွယ်လျသော လက်ညှိုးလေးဖြင့် အသာအယာ ခေါက်လိုက်ရင်း စိတ်ထဲမှ တွေးလိုက်မိပြန်သည်။

'သူ ငါ့ကို ဒီမီးဓာတ်သစ်သီးတွေ ပေးပြီးတဲ့နောက် အဆင့်မြင့်နတ်ဘုရား လီချိုး ပျောက်ကွယ်သွားတဲ့ ကောလာဟလတွေ ထွက်လာတာ မဆန်းတော့ဘူးပဲ...”

“တကယ်တော့ သူက အဲဒီနေ့ပြီးကတည်းက အဆင့်မြင့်နတ်ဘုရား လီချိုးကို ဒီလောကထဲမှာ ပိတ်လှောင်ထားခဲ့တာကိုး...'

လေ့ဟောက်ကျန့်သည် ကျူးလင် တိတ်ဆိတ်သွားသည်ကို မြင်သောကြောင့် သူမ၏ အတွေးများ ပြီးဆုံးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့၏။

အချိန်အတော်ကြာပြီးနောက် ကျူးလင်သည် သတိပြန်ဝင်လာကာ လေ့ဟောက်ကျန့်၏ မေးခွန်းကို သူမ လျစ်လျူရှုမိသွားသကဲ့သို့ ဖြစ်သွားကြောင်း သဘောပေါက်သွားလေသည်။

ကျူးလင်က သူ့ကို အားနာသလို ပြုံးပြလိုက်ရင်း ပြောလိုက်၏။

"တောင်းပန်ပါတယ်... စောစောက ဘာမေးလိုက်တာလဲ..."

လဲ့ဟောက်ကျန့်က ပြုံးလျက် ပြန်မေးလိုက်သည်။

"ဒီသစ်သီးကို ဘယ်သူပေးခဲ့တာလဲ..."

သူ၏မေးခွန်းကို ကြားသောအခါ သူမက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်၏။

"အရှက်မရှိတဲ့ လူတစ်ယောက် ပေးခဲ့တာ..."

ထိုမထင်မှတ်ထားသော အဖြေကို ကြားလိုက်ရသဖြင့် လေ့ဟောက်ကျန့်က သူမကို အံ့ဩတကြီး တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်လေသည်။

"ဒါကြောင့်ကိုး..."

ကျူးလင်က သူမ၏ ဆန်းဒဝစ်ချ်ကို ဆက်လက်စားသုံးရင်း သိချင်စိတ်ဖြင့် မေးလိုက်၏။

"မီးဓာတ်သစ်သီးကို မြည်းမစမ်းကြည့်ချင်ဘူးလား..."

သူမ၏မေးခွန်းကြောင့် လေ့ဟော်ကျန့်သည် မီးဓာတ်သစ်သီးကို ကောက်ယူကာ အနည်းငယ် ကိုက်လိုက်လေသည်။

ချိုမြိန်မွှေးပျံ့သော သစ်သီးအရသာသည် သူ၏ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် နွေးထွေးသော နတ်ဘုရားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များကို သန့်စင်ပေးလိုက်၏။

သူ ကျေနပ်အားရစွာဖြင့် မီးဓာတ်သစ်သီးကို ဖြည်းဖြည်းချင်း စားနေသည်ကို ကြည့်ရင်း ကျူးလင်က မေးလိုက်သည်။

"ဘယ်လိုလဲ... မီးဓာတ်သစ်သီးကို စားလို့အဆင်ပြေရဲ့လား..."

ကြီးမားသော မီးဓာတ်သစ်သီးကို စားပြီးနောက် လဲ့ဟော်ကျန့်သည် တစ်ကိုယ်လုံး နေရထိုင်ရ အလွန်သက်သာသွားသလို ခံစားလိုက်ရသည်။ သူက ကျူးလင်ကို ခေါင်းညိတ်ပြရင်း ပြောလိုက်၏။

"အင်း... ဒီသစ်သီးကို စားပြီးတဲ့တော့ ကျုပ်ကိုယ်ထဲက ပူလောင်တဲ့ခံစားချက်က အနည်းငယ် သက်သာသွားသလိုပဲ... နှလုံးသားလေးလည်း နွေးထွေးသွားတယ်..."

သူက ဝမ်းနည်းရိပ်သန်းနေသော အသံဖြင့် ထပ်လောင်းပြောလိုက်လေသည်။

"ကျုပ်မှာ နှလုံးသား ရှိနေသေးရင်ပေါ့လေ..."

သူ၏ ဝမ်းနည်းမှုကို အာရုံခံမိသောအခါ ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ရေခဲပန်းဆွဲသီးထဲမှ မြက်ပင်တစ်ပင်ကို ထုတ်ယူလိုက်၏။ သူမက ထိုမြက်ပင်ကို သူ၏ရှေ့တွင် ချပေးရင်း မေးလိုက်သည်။

"ဒါဆိုရင် ဒီနတ်ဘုရားမြက်မြီးကော..."

ကျူးလင်က ရိုးရိုးရှင်းရှင်း ပုံံစံရှိသော ထိုမြက်ပင်ကို ထုတ်ယူလိုက်သည့်အခိုက်အတန့်တွင် လေ့ဟောက်ကျန့်သည် ပြင်းထန်သော ဆာလောင်မှုကို ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားချေသည်။ သူက ခေတ္တမျှ မှင်တက်သွားပြီးမှ မေးလိုက်၏။

"ဒါက ဘာမြက်ပင်လဲ... မီးဓာတ်သစ်သီးထက်တောင် ပိုမွှေးနေသေးတယ်..."

သူ သွားရည်ကျလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ကျူးလင်က နတ်ဘုရားမြက်မြီးကို သူ၏ရှေ့သို့ တိုးပေးရင်း ပြောလိုက်၏။

"ဒါက နတ်ဘုရားမြက်မြီးလို့ ခေါ်တယ်... ဒါက ကျွန်မအိမ်က ခြံဝန်းထဲမှာ ပေါက်တတ်တဲ့ သာမန်မြက်ပင်တစ်မျိုးပါပဲ... ကျူးလင်က စာချုပ်ချုပ်ထားတဲ့ သားရဲတွေအတွက် အမြဲတမ်း ဆောင်ထားလေ့ရှိတယ်..."

လေ့ဟောက်ကျန့်က နတ်ဘုရားမြက်မြီးကို ဝါးစားရင်း မပြောဘဲမနေနိုင်အောင် ဖြစ်သွားရသည်။

"မိန်းကလေးရဲ့ သားရဲလေးတွေက အရမ်းကံကောင်းတာပဲ... ကျုပ်လည်း ဒီမြက်ကို နေ့တိုင်း စားချင်တယ်..."

သူက နွားတစ်ကောင်ကဲ့သို့ နတ်ဘုရားမြက်မြီးကို ဝါးစားနေသည်ကို ကြည့်ရင်း ကျူးလင်က ပြုံးလိုက်ပြီး ပြောလိုက်၏။

"ကျွန်မဆီမှာ အများကြီး ရှိပါသေးတယ်... စားချင်ရင် ပြောလိုက်ရုံပဲ..."

လေ့ဟောက်ကျန့်က သူမကို ခေါင်းညိတ်ပြရင်း ကပျာကယာ ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေးကျူး..."

လေ့ဟောက်ကျန့် စားသောက်နေစဉ်အတွင်း ကျူးလင်သည် သူ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များကို သူမ၏ နတ်ဘုရားအာရုံခံစွမ်းအားဖြင့် ဆက်တိုက် စောင့်ကြည့်နေခဲ့၏။

သေချာပေါက်ပင် လေ့ဟော်ကျန့်၏ ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားစွမ်းအင်များ ပိုမိုများပြားလာလေလေ မိစ္ဆာစွမ်းအင်များ ပိုမိုအားနည်းလာလေလေ ဖြစ်၏။

သူ နတ်ဘုရားမြက်မြီးကို စားပြီးနောက်တွင် ကျူးလင်သည် သူ၏ခန္ဓာကိုယ်ရှိ သိမ်မွေ့သော ပြောင်းလဲမှုများကို သတိပြုမိသွားပြီး သူမ၏ မျက်ဝန်းများ လှုပ်ခတ်သွားလေ၏။

နတ်ဘုရားစွမ်းအင်များက သူ၏ခန္ဓာကိုယ်အနှံ့ လည်ပတ်လှုပ်ရှားလာသည်နှင့်အမျှ မူလက သေဆုံးပြီး အေးစက်နေသော ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း အသက်ဝင်လာလေသည်။

နတ်ဘုရားစွမ်းအင်များ သူ၏အောက်ဒန်တျန်ထဲသို့ ပိုမိုစီးဝင်လာသည်နှင့်အမျှ လေ့ဟောက်ကျန့်၏ ခန္ဓာကိုယ်အပူချိန်သည် အနည်းငယ် မြင့်တက်လာခဲ့၏။

ကျူးလင်က သူ့ကို မိနစ်အနည်းငယ်ခန့် စောင့်ကြည့်ပြီးနောက် စိတ်ထဲမှ တွေးတောလိုက်သည်။

'သူ့ကို လူသားတစ်ယောက်အဖြစ် ပြန်ပြောင်းပေးဖို့ ဖြစ်နိုင်ပုံရတယ်... ဒါပေမဲ့ သူ တကယ်ပဲ သာမန်လူသားတစ်ယောက်အဖြစ် ပြန်ပြောင်းလဲနိုင်ပါ့မလား... အဲဒီနောက်ပိုင်းမှာ တခြားဘေးထွက်ဆိုးကျိုးတွေ ရှိလာမလားဆိုတာတော့ မသေချာဘူး...'

အတန်ကြာ စဉ်းစားပြီးနောက် ကျူးလင်က မတ်တတ်ရပ်လိုက်ရင်း ပြောလိုက်၏။

"သွားကြစို့..."

လေ့ဟော်က်ကျန့်က သူမကို ခေါင်းညိတ်ပြရင်း မတ်တတ်ရပ်လိုက်လေသည်။ ကျူးလင်က ကျောက်စိမ်းဖြူ ဝိုင်းစားပွဲနှင့် ထိုင်ခုံများကို ရေခဲပန်းဆွဲသီးထဲသို့ ပြန်လည်ထည့်သွင်းလိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးဖြင့် လဲ့ဟော်စခန်းသို့ ဆက်လက်ထွက်ခွာလာခဲ့ချေသည်။

All Chapters